Country : United State
Genre : Animation, Comedy, Family
Cast : Jim Cummings, Brenda Blethyn, Kyle Stanger
Released Date : 2005
Duration : 1h 8min
BMDb Entertainment Channel မှကြိုဆိုပါတယ်
သားသမီး နဲ့ မိဘကြား နားလည်မှု မရှိတဲ့အခါ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာမလဲ ပီပြင်အောင် ဖော်ပြသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ…
Apaharan (2005) သည် IMDb 7.4/10 Google users 84% ဒါရိုက်တာ Prakash Jha ကိုယ်တိုင်ရေးသားရိုက်ကူးထား၍ Ajay Devgn, Nana Patekar, Bipasha Basu တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Crime, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….
ဘီဟာရဲ့ ဟိန္ဒူတွေရဲ့ ချစ်တဲ့မြေမှာ ပြန်ပေးဆွဲမှုတွေဖြစ်ပွားနေတဲ့အကြောင်းကို နောက်ခံထားပြီး အဖေ နဲ့ သား ကြားက ရှုပ်ထွေးပွေလီမှု တင်းမာမှုတွေကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…
Drama မင်းသားကြီး အမီတာဘဂျမ်း ပါဝင်သရုပ်ဆောင်ထားတဲ့BLACK ကားဟာဆိုရင် ညီမတို့တွေ ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့Hellen Keller ရဲ့ ဇာတ်လမ်းကို ပြန်လည်စိတ်ကူးယဉ်ပြီး ရိုက်ကူးထားခြင်းဖြစ်ပါတယ်
ဒီဇာတ်လမ်းဟာ 2005 အိန္ဒိယနိုင်ငံ ရုပ်ရှင်လောကမှာ ဒုတိယဝင်ငွေအကောင်းဆုံးကားတစ်ကားအဖြစ် ရပ်တည်ခဲ့ပြီး2006 ရုပ်ရှင်ပွဲတော်မှာလည်း အကောင်းဆုံး အမျိုးသား အမျိုးသမီး ဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆုနဲ့ အကောင်းဆုံးရုပ်ရှင်ဆုတွေကိုလည်း ရရှိခဲ့တယ်
နိုင်ငံတကာထိပါ ဆုတွေရပြီး အောင်မြင်မှုတွေရခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ
ထူးခြားချက်ကတော့ ပုံမှန် Bollywood ကားတွေလို သီချင်းဆိုပြီး ကတဲ့အခန်းတွေ မပါတာပါ
မက်ဂ်နယ်လီ မိသားစုရဲ့ သမီးအကြီးဆုံးလေး မီရှဲလ်လေး (Rani Mukerj) လူမမယ်အရွယ်လေးမှာအပြင်းအထန်ဖျားနာပြီး အကြားအာရုံဆုံးရှုံးပြီးမျက်စိကွယ်သွားခဲ့ပါတယ်
မီရှဲလ်ရဲ့ ဘဝဟာ ဘယ်အရာကိုမှ မမြင်ဖူးမကြားဖူးပဲဘာသံမှမကြားရတဲ့အမှောင်ထုကြီးထဲမှာ အဓိပ္ပါယ်မဲ့ အသက်ရှုင်နေရတဲ့ဘဝ
မိဘတွေကလည်း ဒီလို Deaf-Blind ကလေးတစ်ယောက်ကို ဘယ်လိုပြုစုရမယ်ဆိုတာ မသိပဲ မီရှဲလ်ကို ရူးနေတယ်ထင်ပြီးစိတ်ကျန်းမာရေးဆေးရုံကို ပို့ဖို့တောင် ကြံနေကြပါတယ်
အဲ့ဒီအချိန်မှာ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ မီရှဲလ်လေးကိုသင်ပေးဖို့ ဆွံ့အနားမကြားကျောင်းကဆရာတစ်ယောက်ဖြစ်တဲ့ မစ္စတာဆာဟန် ကိုငှါးရမ်းလိုက်ပါတော့တယ်
ဘာသံမှမကြားဖူးတော့ စကားဘယ်လိုပြောရမယ်ဆိုတာတောင်မသိပဲအပြုအမူတွေကအရမ်းရိုင်းစိုင်းကြမ်းတမ်းနေတဲ့ မီရှဲလ်ကို အမီတာဘဂျမ်းတစ်ယောက် ဘယ်လိုကြိုးစားပြီး ပြုပြင်မလည်း
သာမာန်လူတွေတက်တဲ့ တက္ကသိုလ်ကို တက်ခွင့်ရအောင် မီရှဲလ်ဘယ်လိုကြိုးစားမလည်း
အဲ့ဒီ့အချိန်မှာပဲ ဆရာဆာဟန်က အယ်လ်ဇိုင်းမားရောဂါဝင်ပြီး အရာအားလုံးကိုမေ့သွားတဲ့အချိန်မှာ မီရှဲလ်တစ်ယောက် သူ့ဆရာကို ဘယ်လိုကယ်မလည်းဆိုတာ
ဆရာတပည့်နှစ်ယောက်ရဲ့ အောင်မြင်မှုတွေကိုရသပေါင်းစုံနဲ့ကြည့်ရှုရမှာဖြစ်လို့ BLACK ကားလေးကို ညွှန်းပေးလိုက်ပါတယ်နော်
Garam Masala (2005) သည် IMDb 6.8 Google User 85% ရထားသော ဒါရိုက်တာ Priyadarshan က ရိုက်ကူးထား၍ Priyadarshan , Neeraj Vora (စကားလုံး) တို့က ဇာတ်လမ်း ဇာတ်ညွှန်းရေးသားကာသရုပ်ဆောင် Akshay Kumar, John Abraham, Paresh Rawal တို့ ပါဝင်သရုပ်ဆောင်ထားသော Comedy, Romance ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ..
မိန်းကလေးကိစ္စရှုပ်သော သူငယ်ချင်းနှစ်ယောက်ထဲမှာ တစ်ယောက်သည် စေ့စပ်ထားသော်လည်း မိန်းကလေးများနှင့်ဆက်ရှုပ်နေလေသည် ဇနီးလောင်းသည် သူမ၏ သတို့သားလောင်းမှာ သူမကို အမျိုးမျိုး လှည့်စာနေသည်ကို တွေ့သွားလေသောအခါ ဘယ်လို ဟာသကွက်တွေ ထွက်လာမလဲ တစ်ဝါးဝါးတစ်ဟားဟားနဲ့ ရယ်မောရမယ့်ဇာတ်ကားလေးမို့ ခံစားကြည့်လိုက်ကြပါဦးခင်ဗျာ…
အညွှန်း
Elektra 2005 ဟာ ကနေဒါအမေရိကန်စူပါဟီးရိုးရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်….Elektra ရဲ့အစွမ်းကတစ္ဆေတစ်ကောင်လို လျင်မြန်စွာသွားလာနိုင်တာပဲဖြစ်ပါတယ်…Elektra ရုပ်ရှင်ကိုဇန်နဝါရီလ ၁၄ ရက် ၂၀၀၅ ခုနှစ်ကထွက်ရှိခဲ့ပြီး ထုတ်လုပ်မှု့ငွေကြေး ဒေါ်လာ ၄၃ သန်း နဲ့ ဝင်ငွေ ဒေါ်လာ ၅၆ သန်းရရှိခဲ့တဲ့စူပါဟီးရိုးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်…Elektra သည်သူမရဲ့မိခင်ကိုသတ်ခဲ့သောလူသတ်သမားကိုမြင်လျှင် သူမရဲ့ဒေါသနဲ့အကြောက်တရားကိုမထိန်းချုပ်နိုင်ပဲ စိတ်အလိုတိုင်းလုပ်တတ်လို့ သူမရဲ့မျက်မမြင်ဆရာထံမှ တပည့်အဖြစ်ထုတ်ပယ်ခြင်းခံခဲ့ရသည််….ကြေးစားလူသတ်မှု့များကိုတစ်ခုပြီးတစ်ခုလုပ်ကိုင်ရင်း….အမည်မသိဌားရမ်းတဲ့လူတစ်ယောက်ဆီကနေ ကြီးမားသောကမ်းလှမ်းမှု့တစ်ရပ်ကိုလက်ခံရရှိခဲ့ပါတယ်….ထို့ကြောင့် သူမရဲ့သားကောင်ဖြစ်တဲ့ လူရဲ့အနီးကပ်ဆုံးနေရာကျွန်းပေါ်တွင် အိမ်ဌားကာ သူမအတွက်အမိန့်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်….ထိုသို့စောင့်ဆိုင်းနေစဉ်အတွင်း ကျွန်းပေါ်ရှိသားအဖနှစ်ယောက်နဲ့တွေ့ဆုံမိပြီး သံယောဇဉ်ဖြစ်လာရာကနေ ထိုသားဖနှစ်ယောက်မှာသူသတ်ရမယ့် လူနှစ်ယောက်ဖြစ်လာသောအခါ ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်….
အညွှန်း
အမျိုးအမည်မသိရတဲ့ကပ်ဘေးတစ်ခုကြောင့် တစ်ကမ္ဘာလုံးက လူအများစု ဖုတ်ကောင်တွေ ဖြစ်သွားတဲ့နောက် လူကုံထံတွေက လုံခြုံရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီးနေထိုင်ကြပါတယ်၊
ကပ်ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲတွေကိုတော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုးတွေနဲ့ အနီးဆုံးမှာပဲ ပေးနေပါတယ်၊
ရိက္ခာကိုတော့ ကြေးစားလူစွန့်စားတွေကို ငှားရမ်းပြီး ဖုတ်ကောင်တွေပြည့်နေတဲ့ မြို့ပျက်ငယ်တွေမှာ ရှာဖွေခိုင်းပြီး အသက်ဆက်နေကြတာပါ။
ရိုင်လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ ကြေးစားအဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်၊
အစပိုင်းမှာတော့ ဖုတ်ကောင်တွေက လမ်းလျှောက်တတ်တဲ့ လူသေကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့်
တစ်နေ့မှာတော့ ဆင့်ကဲပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသားတွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ နားလည်လာပြီး မြို့ပျက်တွေကနေ လူကုံထံ မြို့သစ်တွေဆီကို အစာရှာဖို့ တက်လာကြပါတော့တယ်၊
ဒီလိုနဲ့ပဲ ရိက္ခာရှာပေးရတဲ့ ရိုင်လေတို့အဖွဲ့ဟာ ဖုတ်ကောင်တွေရဲ့ ရန်ကိုပါ ကာကွယ်ရမယ့် တာဝန်ရှိလာပါတော့တယ်။
သွေးသံရဲရဲနဲ့ 2005ထွက် ဇာတ်ကားနဲ့ မတူအောင် ပြကွက်တွေက အတော်လေးကြမ်းလို့ သွေးလန့်တတ် သူတွေ၊ ရွံစရာတွေကို sensitiveဖြစ်သူတွေ သတိထားပြီး ကြည့်ဖို့ ပြောချင်ပါတယ်။
Balu (2005) သည် IMDb 6.1/10 Google users 73% ဒါရိုက်တာ A. Karunakaran က ရိုက်ကူးထား၍ A. Karunakaran, Kona Venkat တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ Pawan Kalyan, Shriya Saran, Jayasudha တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Crime, Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
ဘာလူးဆိုတာ ကောင်းဖို့အတွက် အရာအားလုံးကို စွန့်လွှတ်ဖို့အသင့်ဆိုတဲ့ လူငယ်လေးတစ်ယောက်အကြောင်းပါ ဘယ်လိုအက်ရှင်ခန်းတွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ကြည့်ကြပါခင်ဗျာ…
အညွှန်း
အာရှရုပ်ရှင်ဖန်တွေ အကောင်းဆုံးဟောင်ကောင်ဂန်းကားကို ရွေးကြတဲ့အခါ Election တွေကို ကြည့်ဖူးတဲ့လူအများစုကတော့ Johnnie To ရဲ့ Election နဲ့ Triad Election ကို ရွေးကြတာများပါတယ်။ Election နှစ်ကားက ဂန်းကားပေမဲ့ အားနေပစ်လိုက် ထိုးလိုက်လုပ်နေတဲ့ ဂန်းကားမဟုတ်သလို စကားပဲများနေတဲ့ ဂန်းကားလည်းမဟုတ်ပြန်ဘူး။ အဲဒီနှစ်ခုကြားက မဇ္စျိမပဋိပဋာကျတဲ့ ဂန်းကားလို့ဆိုရမယ်။ ဒီနှစ်ကားလုံးက ဂန်းကားပေမဲ့ အနုပညာရည်အရလည်း မနုံနဲ့ဘူး။ ၂၀၀၅ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမကားကိုပြခဲ့ပြီး ၂၀၀၆ ကိန်းရုပ်ရှင်ပွဲတော်မှာ ဒုတိယကားကိုပြခဲ့တဲ့အပြင် ဟောင်ကောင်အကယ်ဒမီဆုပေးပွဲတွေမှာရော ဝေဖန်ရေးသမားတွေပေးတဲ့ ဆုပေးပွဲတွေမှာ Best Picture ဆုတွေ Best Director ဆုတွေ Best Screenplay ဆုတွေ ရထားတဲ့ရုပ်ရှင်တွေဆိုလည်း မမှားဘူး။
ရုပ်ရှင်နာမည်က Election ဆိုပေမဲ့ တခြားရွေးကောက်ပွဲတော့မဟုတ်ဘူး။ ဟောင်ကောင်ရဲ့ အကြီးဆုံးဂိုဏ်းကြီးရဲ့ ဂိုဏ်းခေါင်းဆောင်ရွေးကောက်ပွဲအကြောင်း။ ဒီရုပ်ရှင်မှာ နှစ်ကားလုံးခြုံကြည့်ရင် ဇာတ်လိုက်လို့မည်မည်ရရပြောစရာ ဇာတ်ကောင်မရှိဘူး။ သို့ပေမဲ့ ရွေးကောက်ပွဲ၀င်အရွေးခံတဲ့ ဇာတ်ကောင်တွေအားလုံးရဲ့ ကာရိုက်တာတွေက အတော်လေးခိုင်မာသလို စိတ်၀င်စားစရာလည်းကောင်းတယ်။ ဂိုဏ်းစတားတွေဆိုတော့ လူကောင်းနဲ့တူတဲ့ကောင်လည်းမပါဘူး။ နည်းနည်းပြောစရာရှိတာဆိုလို့ Louis Koo ရဲ့ ဇာတ်ကောင် ဂျင်မီက စည်းစောင့်တဲ့ကာရိုက်တာဖြစ်နေလို့ တခြားဇာတ်ကောင်တွေထက် ကောင်းမယောင်ဖြစ်နေတဲ့ သဘောလေးပဲရှိတယ်။ တိုနီလျောင်ခဖိုင်တို့ Simon Yamတို့ရဲ့ ဝါရင့်တဲ့ သရုပ်ဆောင်စွမ်းရည်ကလည်း ဒီလိုကာရိုက်တာတွေကို ပိုအသက်၀င်စေခဲ့တယ်။ ပြောရရင် လူကောင်းမပါတဲ့ အမှန်အကန်လူဆိုးတွေရဲ့အကြောင်း ဇာတ်လမ်းပဲ။
တကယ်တမ်း Johnnie To ကားဆိုလို့ အရင်က ကျွန်တော်ကြည့်ဖူးတာ Drug War ဆိုတဲ့ကားပဲရှိတယ်။ အဲဒီကားလည်းမဆိုးဘူး။ ကြည့်ကောင်းတဲ့ထဲ ပါတယ်။ Johnnie To ကို မာစတာပိစ်ချည်း ဆယ်ကားကျော်ရှိတဲ့ ဒါရိုက်တာလို့ပြောကြပေမဲ့ ကြည့်ကောင်းတဲ့ Drug War ကိုတောင် အဲဒီမာစတာပိစ်စာရင်းထဲ မထည့်ထားဘူး။ Drug War လိုကားကတောင် Johnnie To ရဲ့ ခပ်ညံ့ညံ့ရုပ်ရှင်တစ်ကားလို့ အာရှရုပ်ရှင်ဖန်တွေက မှတ်ချက်ပြုကြတယ်။ အစကတော့ Overrated ဖြစ်နေတာလား ထင်ခဲ့သေးပေမဲ့ Election ကို ကြည့်ပြီးတဲ့အခါ အမြင်ပြောင်းသွားတယ်။ သူ့စကေးနဲ့ဆို Johnnie To ဟာ ကျွန်တော်တို့ဒီက ဟောင်ကောင်ရုပ်ရှင်ဖန်တွေ ကြားမှာတော့ အတော် Underated ဖြစ်တဲ့ ဒါရိုက်တာလို့တောင် မြင်လာတယ်။ John Woo တို့ ဘာတို့ရဲ့ ဂန်းရုပ်ရှင်တွေ ကြည့်ကောင်းပေမဲ့ တကယ်တမ်း အနုပညာဖြစ်မှုနဲ့တိုင်းရင် Johnnie To က အပုံကြီးသာတယ်ဆိုတာတော့ Election ကို ကြည့်ဖူးတဲ့သူတွေ ငြင်းကြမယ်မထင်ဘူး။ ဟောင်ကောင်ရုပ်ရှင်ဖန်တစ်ယောက်ဖြစ်တဲ့ Quentin Tarantino ကလည်း 2005 ရဲ့ အကောင်းဆုံး ရုပ်ရှင်ဟာ Johnnie To ရဲ့ Election လို့ ထောပနာပြုထားတယ်။
အာရှဂန်းကားတွေထဲတော့ သူနဲ့အလားတူ ဥပမာပြုစရာမရှိဘူးလို့ ဆိုရမယ်။ ဒီ၂ကားကို ကြည့်ပြီးတဲ့အချိန် ကျွန်တော့်စိတ်ထဲ Godfather ကို ပြေးမြင်မိသလို ဒီလိုမြင်တာလည်း ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။ သူများစကား ငှားသုံးရရင် “ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်လဲပြောရရင် အာရှရဲ့ Godfather လို့ပဲ ခေါင်းထဲပေါ်လာပေမဲ့ တူတယ်လို့လည်းပြောမရပြန်ဘူး။ သို့ပေမဲ့ ဒီရုပ်ရှင်ကို ကျွန်တော် အနီးစပ်ဆုံး ဥပမာပေးစရာ စကားလုံးက ဒါပဲရှိပါတယ်” ဆိုသလိုပဲပေါ့။ တူတယ်လည်းပြောလို့ရတယ် မတူဘူးလည်းပြောလို့ရတယ်။ ထူးတာက ၁နဲ့၂မှာ အများစုမှာ ၂ကိုပိုကြိုက်ကြပြီး Godfather 1ဟာ 2အတွက် အားယူစရာရုပ်ရှင်ဖြစ်ခဲ့တဲ့ ပုံစံမျိုးပဲလို့ ဥပမာပေးကြတယ်။ ကျွန်တော်တော့ တစ်ရောနှစ်ရောဟာ နှစ်ကားလုံး တစ်ကားမရှိဘဲ တစ်ကားရဲ့အရသာက မပေါ်နိုင်ဘူးလို့ပဲ မြင်ပါတယ်။ စီနီမာအရဆိုရင်တော့ ၂ကိုတော့ ပိုသဘောကျမိတာပါပဲ။ သေချာတာကတော့ ဟောင်ကောင် ဂန်းရုပ်ရှင်ကားတွေရဲ့ စီနီမာတိုဂရပ်ဖီထဲ Election ရဲ့ စီနီမာတိုဂရပ်ဖီဟာ သိသိသာသာကို အနုပညာဆန်ပါတယ်။ ဒါကြောင့်လည်း Johnnie To ကို မာစတာပိစ်အများကြီးရှိတဲ့ ဒါရိုက်တာလို့ ဆိုကြတာပါပဲ။
Cast တွေကလည်း Tony Leung Ka-fai, Louis Koo, Simon Yam, Gordon Lam, Nick Cheung စတဲ့ Johnnie To နဲ့ရိုက်နေကျ ဟောင်ကောင်ရဲ့ နာမည်ကြီးမင်းသားတွေ ပါ၀င်ထားပါတယ်။ Election နှစ်ကားဟာ ဟောင်ကောင်ရဲ့ Action ဂန်းကားမဟုတ်ဘဲ Thriller ဂန်းရုပ်ရှင် မာစတာပိစ်ကောင်းကောင်းကို ဟောင်ကောင်ရဲ့ နာမည်ကျော်မင်းသားတွေ တသီတသန်းကြီးနဲ့ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ Johnnie To ဟာ Election 2 ကားအပြင် Throw Down, Running Out of Time, Exiled, The Mission, PTU, Mad Detective, Breaking News, Blind Detective,The Longest Nite, A Hero Never Dies လို စုံထောက်ရုပ်ရှင် ဂန်းရုပ်ရှင် မာစတာပိစ်ကားတွေ တသီကြီးကိုလည်း ရိုက်ခဲ့ပါတယ်။
တတိယပိုင်းဖြစ်လာမယ့် Election 3 ဟာလည်း သတင်းထွက်နေတာ အတော်ကြာပြီဖြစ်သလို Johnnie To လက်ထဲ ဇာတ်ညွှန်းဟာ အတော်ရှည်နေလို့ ပထမခြမ်းနဲ့ ဒုတိယခြမ်း ဘာသုံးရမလဲမသိဖြစ်နေတယ်ဆိုပါတယ်။ ဒုတိယခြမ်းကိုသုံးရင် Election 2မှာ မီးမောင်းထိုးပြခဲ့တဲ့ Louis Koo ရဲ့ကာရိုက်တာ ဂျင်မီ ပါတော့မယ်မဟုတ်ဘူးလို့ဆိုပါတယ်။ ၁၇နှစ်ကြာပြီး ၂၀၂၃ ကျထွက်မယ်လို့ ယူဆရတဲ့ Election 3 ဟာ ဟောင်ကောင်ဖန်တွေ အမျှော်လင့်ဆုံး ရုပ်ရှင်တစ်ကားလည်းဟုတ်ပါတယ်။ လက်ရှိဟောင်ကောင်ရုပ်ရှင်တွေရဲ့ ကျလာတဲ့အရည်အသွေးကြောင့် Election 3 ကိုတော့ သိပ်မမျှော်လင့်ထားပေမဲ့ Johnnie To ရဲ့ Election နဲ့ Triad Election ကတော့ ကြည့်ဖူးသမျှ ဟောင်ကောင်ဂန်းကားတွေ မှုခင်းကားတွေထဲ အကြိုက်ဆုံးဖြစ်သွားခဲ့တဲ့ ရုပ်ရှင်ပါပဲ။
တရားဥပဒေအတွင်းက မတရားမှုကို အပြင်ဖက်က တရားစီရင်နေသူ စာကာ
တရားဥပဒေအတွင်းက အနိုင်ကျင့်ခံရသူတို့ ကိုးကွယ်ရာ စာကာ
ဝိသမလောဘသားတို့ အာဏာမက်သူတို့ရဲ့ ရန်သူ စာကာ…
မသိတဲ့သူတွေအတွက် လူမိုက်တွေရဲ့ ဆရာ ဂန်းစတား စာကာ….
ခိုကိုးရာမဲ့သူတွေနဲ့ လူမိုက်တွေအတွက်ကတော့ လေစားမြတ်နိုးချစ်ခင်စရာ စာကာ…
အနှီစာကာ ရဲ့ စိတ်ဓါတ် ဒဿန ခံယူချက်တွေကို ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…
Sarkar (2005) သည် IMDb 7.7/10 Google users 84% ဒါရိုက်တာ Ram Gopal Varma
က ရိုက်ကူးထား၍ Manish Gupta က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ Amitabh Bachchan, Abhishek Bachchan, Kay Kay Menon တို့ ပါဝင်သရုပ်ဆောင်ထားသော Crime, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
အညွှန်း
ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေရဲ့ ရေတပ်ဟာ အတော်ကို အင်အားကြီးမားခဲ့ပါတယ်။ ပိုပြီးအထင်ကြီးဖို့ကောင်းတာက ဂျပန်တွေရဲ့ ရေငုပ်သင်္ဘောနည်းပညာနဲ့ အတွေးအခေါ်တွေပါပဲ။ ဘယ်သူက စဉ်းစားမိမှာလဲ ? ရေငုပ်သင်္ဘောတွေထဲမှာ လေယာဉ်တွေထည့်ပြီး လေကြောင်းကနေ တိုက်ခိုက်လာနိုင်မယ်လို့ပေါ့။ ဒီနေ့ခေတ်မှာတောင် ပြန်ပြီး မဖန်တီးနိုင်သေးတဲ့ I-400 အမျိုးအစား ရေငုပ်သင်္ဘောတွေကို ဂျပန်တွေဟာ အမှန်တကယ် ဖန်တီးနိုင်ခဲ့သလို အမေရိကန်ကမ်းခြေတွေအထိပါ ဗုံးကြဲတိုက်ခိုက်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုပြောပြနေတာတွေက ဇာတ်ကားနဲ့တော့ မသက်ဆိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်ကားထဲမှာပါတဲ့ ရေငုပ်သင်္ဘောက ဒီထက်ပိုပြီး နည်းပညာမြင့်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေငုပ်သင်္ဘောမျိုးပါ။ဒီရေငုပ်သင်္ဘောကို ဂျပန်တွေက I-500 အမျိုးအစားလို့ နာမည်ပေးထားတယ်။ ဇာတ်လမ်းထဲမှာ ပါလာမယ့် ရေငုပ်သင်္ဘောက ကိုယ်ထည်အမှတ် I-507 ပါ။ I-400 တွေဟာ ဂျပန်တွေ စစ်ရှုံးချိန်ကျမှ တပ်တော်ဝင်နိုင်ခဲ့ပြီး I-500 တွေကတော့ စာရွက်ပေါ်မှာပဲ ရှိခဲ့ပါတယ်။ စာရွက်ပေါ်မှာပဲ ရှိခဲ့တဲ့ I-500 တွေအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ထားတယ်ဆိုပေမယ့် ဒီကနေ့ ရေငုပ်သင်္ဘောတည်ဆောက်ရေးနဲ့ ပတ်သက်ရင် အမြဲတမ်း ဒီစိတ်ကူးတွေက ရှိနေဆဲပါပဲ။I-507 ရေငုပ်သင်္ဘော၊ သာမန်ရေငုပ်သင်္ဘောတွေနဲ့ မတူတဲ့ နည်းပညာအမြင့်ဆုံး ရေငုပ်သင်္ဘော၊ ဒီရေငုပ်သင်္ဘောထဲမှာ Kaiten လို့ခေါ်တဲ့ လူလိုက်ပါထိန်းချုပ်ရတဲ့ အသေခံတိုပီဒိုကြီးတွေ တင်ထားတယ်။ လူသားတိုပီဒို (Human Torpedo) လို့ နာမည်ပြောင်ပေးထားကြတယ်။ တပ်တဲ့လက်နက်တွေကို ကြည့်မယ်ဆိုရင်လဲ တိုပီဒိုပစ္စင် ၄ ပေါက်၊ ၂ လက်တွဲ ၂၀၃ မမ အမြောက်ပစ္စင် ၁ လက်၊ ၃၄ မမ စက်အမြောက် ၂ လက်၊ Kaiten တိုပီဒို ၄ စင်း၊ အကဲကြည့် ကင်းထောက်ဖို့အတွက် ရေငုပ်သင်္ဘောငယ်တစ်စီး၊ ကင်းထောက်လေယာဉ်တွေ ပါဝင်တယ်။ဇာတ်လမ်းအစက ဒုတိယကမ္ဘာစစ်အတွင်းမှာ ဖက်ဆစ် ဂျပန်နဲ့ နာဇီ ဂျာမဏီတို့ လျှို့ဝှက်စီမံကိန်းတွေကို လုပ်ကြတယ်။ နာဇီတပ်တွေ ကျရှုံးချိန်မှာ ဟစ်တလာဟာ ဂျပန်အင်ပါယာကို နောက်ဆုံးလက်ဆောင်အနေနဲ့ I-507 နည်းပညာနဲ့ ရေငုပ်သင်္ဘောတစ်စီးလုံးကို လက်လွှဲပေးလိုက်တယ်။ ဂျပန်တွေကလည်း အာရှဘက်မှာ အခြေအနေမကောင်းဘူး။ ဟီရိုရှီးမားနဲ့ နာဂါဆာဂီ မြို့ကြီး ၂ မြို့ Atomic ဗုံးတွေ ကြဲချခံရအပြီး အမေရိကန်တွေဟာ တတိယ Atomic Bomb ကို တိုကျိုမြို့ပေါ် ကြဲချဖို့ B-29 ဗုံးကြဲလေယာဉ်အုပ်စုကို လေယာဉ်တင်သင်္ဘောနဲ့ သယ်ဆောင်လာတယ်။ အဲ့ဒီအကြောင်းကို သိတဲ့အခါ စစ်ဦးစီးချုပ် အာဆာကူရာက ဒီရေတပ်တော်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ဖို့ ရေတပ်တော်မှူး ဗိုလ်မှူးကြီး မာဆာမီကို I-507 ရေငုပ်သင်္ဘောရဲ့ ဦးစီးမှူးအနေနဲ့ စေလွှတ်ခဲ့တယ်။
တပ်တော်မှူး မာဆာမီဟာ ဂျပန်ရေတပ်တော်မှာ ရန်သူ့သင်္ဘောဖျက်ဘီလူး ဆိုပြီး နာမည်ပြောင်ရထားတဲ့လူဖြစ်တယ်။ တပ်တော်မှူး မာဆာမီ စဉ်းစားမိတာက ပုံမှန်ဆို ဒီလိုကြားဖြတ်တိုက်ခိုက်ဖို့အတွက်ဆို ရေငုပ်သင်္ဘောအုပ်စုကို အထောက်အကူတွေနဲ့ စေလွှတ်ပေမယ့် ဒီတစ်ခါကျ တစ်စီးတည်းသာ စေလွှတ်ခဲ့တယ်။ ရေငုပ်သင်္ဘောရဲ့ ပုံစံက အရမ်းခေတ်မှီပြီး ထူးဆန်းတဲ့ လျှို့ဝှက်နည်းပညာတွေနဲ့ ပြည့်နှက်နေလို့ သူတို့ကိုယ်တိုင်လည်း အကျွမ်းတဝင်မရှိသေးဘူး။ တစ်ဖက်မှာလည်း အမေရိကန်တွေက ဒီနည်းပညာမြင့် ရေငုပ်သင်္ဘော I-507 ကို ခြေရာခံလိုက်နေတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ရေငုပ်သင်္ဘော Bonefish ကို အပြုတ်နှံသွားရုံတင်မကဘဲ I-400 တွေထက် အဆပေါင်းများစွာ အန္တရာယ်ရှိတယ်လို့ သတင်းရထားလို့ ဒီရေငုပ်သင်္ဘောကိုသာ ရလိုက်ရင် သူတို့ရဲ့ ပြိုင်ဘက်တွေကို နည်းပညာ ခြေရာဖြတ်နိုင်တော့မှာမို့ အမေရိကန်အတွက်လည်း အရေးကြီးတယ်။ဒီလောက်ဆို ဇာတ်ကားက ကြည့်မကောင်းမှာ မပူရတော့မှန်း သိလောက်ပါပြီ။ Death Note ထဲမှာ Light ရဲ့ချစ်သူ ရှီအိုရီ နေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး Yuu Kashii လဲ ပြန်ပါလာတယ်။ နောက်ပြီး ဒီဇာတ်ကားက စာရေးဆရာ ဟရူတိုရှီ ဖုကူအီရဲ့ Best-Selling စာအုပ်ဖြစ်တဲ့ “Lorelei” ကို ဇာတ်ညွှန်းရေးရိုက်ကူးထားခြင်း ဖြစ်ပါတယ်။P.S: I-500 ရေငုပ်သင်္ဘောစီမံကိန်းဟာလည်း တကယ်ရှိခဲ့ဖူးပါတယ်…
အိန္ဒိယ သူလေး တီလိုဟာ အနာဂတ်ကို ကြိုမြင်နိုင်စွမ်းရှိပါတယ်။
သူမ မိဘတွေကို လူဆိုးတွေက သတ်သွားတဲ့အခါ သူုမပြန်ပေးဆွဲ
ခံခဲ့ရပါတယ်။ သူမ လွတ်မြောက်သွားခဲ့ပြီး ဟင်းခတ်အမွှေးအကြိုင်
ကျွမ်းကျင်သူဖြစ်လာပြီး သူမကို ဆန်ဖရန်စ္စကိုက စျေးတစ်ခုကို လွှတ်တာခံခဲ့ရပါတယ်။ သူမဟာ လိုက်နာရမဲ့ စည်းမျဉ်းအချို့ကို အမေရိကန်လူမျိူးတစ်ယောက်နဲ့ ချစ်ကြိုက်မိရာက ဖောက်ဖျက်မိတဲ့အခါ ဟင်းခတ်အမွှေးအကြိုင်တွေကူမကို ဘယ်လို ဒဏ်ပေးမလဲဆိုတာကိုတော့…..
ဒီကားလေးမှာခံစားကြည့်ကြပါ။ ဇာတ်လမ်းသွားကလည်းထူးခြားပြီး မြင်နေကြ ဇာတ်လမ်းမဟုတ်တဲ့ အတွက် ဘောလိဝုဒ်ဖန်တွေ အကြိုက်တွေ့စေမဲ့ ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။
အညွှန်း
The Man From Earth2007,The Machinist2004,Mr. Brooks2007 , Inception 2010
တို့လို ကားတွေကိုကြိုက်တယ်ဆိုရင်တော့ ဒီဇာတ်ကားကိုကြည့်ကြပါ…
ဆိုတော့ ဒီဇတ်လမ်းရဲ့ taste ဟာဘယ်လိုဖြစ်နိုင်လဲဆိုတာ အနည်းငယ်တော့ ရိပ်မိနိုင်ပါတယ်…
…ခေါင်းစားချင်တယ်…ဒါမှမဟုတ် ကွကိုယ် ဒုက္ခရောက်နေပြီလို့
ယူဆနေတဲ့သူတွေ တိုင်လည်တာတွေမှကြိုက်တဲ့သူတွေ ကလွဲလို့ ကျန်တဲ့သူတွေလက်ရှောင်သင့်ပါတယ်..
ဂျက်ဆိုတဲ့ လူဟာ စစ်သားတစ်ယောက်..ရှေ့တန်းမှာ ကံဆိုးစွာပဲ
ပစ္စတိုနဲ့ အနီးကပ်တေ့ဖြုတ်ခံလိုက်ရတယ်…ဒီဒဏ်ရာကြောင့် မသေခဲ့ပေမဲ့
နောက်ဆက်တွဲသတိမေ့တတ်တဲ့ရောဂါနဲ့ အာရုံကြောရောဂါကြောင့်
ပင်စင်ပေးလိုက်တယ်….
သူဟာ ပေါ့ပါးစွာ ကျောပိုးအိတ်လေးတစ်လုံးလွယ်ပြီး လမ်းမကြီးကနေ လမ်းလျှောက်ပြန်လာခဲ့တယ်..
အဲ့ဒီနောက် သူသတိရတဲ့အချိန်မှာတော့ တရားရုံးမှာ
ရဲအရာရှိတစ်ယောက်ကိုသတ်မှုနဲ့
တရားရင်ဆိုင်နေရတယ်…
တရားသူကြီးရဲ့ စစ်မေးမှုအောက်မှာ သူ့အဖြေက ဘာမမှတ်မိတဲ့အတွက်
မသိပါဘူးဆိုတာပါပဲ…
အဲ့ဒီနောက်မှာတော့…
Pianist မင်းသား Adrian Brody ရယ်
မင်းသမီးချော Keira Knightly ရယ်
ဂျိမ်းစ်ဘွန်းမင်းသား Daniel Craig ရယ်
ပါဝင်သရုပ်ဆောင်ထားပါတယ်….