Showing posts sorted by relevance for query 2016. Sort by date Show all posts
Showing posts sorted by relevance for query 2016. Sort by date Show all posts
Rating : 4.9/10
Country : United State
Genre :  Horror 
Cast :  Michael Ironside, Jack Plotnick, Drew Fonteiro 
Released Date : 2016
Duration :  1h 56min 

Patient Seven (2016) မြန်မာစာတန်းထိုး
========================
မင်္ဂလာပါခင်ဗျ၊ Horror ကားကောင်းကောင်းလေးတွေ စောင့်မျှော်နေတဲ့ ပရိသတ်ကြီး အတွက် Weekend မှာ.. စိတ်လွတ်ကိုယ်လွတ်ခံစားနိုင်အောင်
2016 Octorber မှာ ထွက်ရှိလာတဲ့ Patient Seven ဆိုတဲ့ Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Imdb Raing 5.1/10 နဲ့... ရှေးယခင်က အထိုက်အသင့် နာမည်ရခဲ့တဲ့ short horror story တွေကို အသွင်တစ်မျိုးနဲ့ ဇာတ်လမ်းဆင်ပြီး ပြန်လန်ဆန်းသစ်ထားခြင်းဖြစ်ပါတယ်ခင်ဗျာ။

ဇာတ်လမ်းရဲ့ ပင်မဇါတ်ကောင် Dr.Marcus ဟာ.. စာအုပ်ရေးသားဖို့အတွက်
စိတ်ရောဂါကု ဆေးရုံပေါ်က အန္တရာယ်အရှိဆုံး.. အဆိုးသွမ်းဆုံး လူနာ ၇ ယောက်ကို interview ရာက.. ဇါတ်လမ်းကို အစချီထားပါတယ်။ ဒီလို စစ်ရင်း ဆေးရင်းနဲ့ Dr.Marcus တစ်ယောက် ရိပ်စားမိလာတာ.. လူနာ ခြောက်ယောက်ဟာ နောက်ကွယ်က တစ်စုံတစ်ဦးရဲ့ ထိန်းချုပ်ကိုင်တွယ် ခံနေရသယောင်ယောင် ဖြစ်နေတာပါပဲ။ ကျန်ရှိတဲ့ လူနာ အမှတ် ၇ (Patient Seven) ဟာ ဘယ်လိုလူစားမျိုးလဲ ဘာကြောင့် ကျန်တဲ့ ခြောက်ယောက်အပေါ်မှာ သူက စိုးမိုးနိုင်စွမ်းရှိသလဲဆိုတာ..... အဖြေရှာကြည့်ကြပါစို့လားခင်ဗျာ။
Horror Movie တွေကို အစဉ်တစိုက် ကြည့်ရှုလေ့လာခဲ့ကြမယ်ဆိုရင်.. Horror Anthology ဖြစ်တဲ့ Patient Seven ဟာ အညွှန့်စား Story တွေကို သီးသန့်ပြန်လည်စုစည်းထားတယ်ဆိုတာ ရိပ်စားမိကြမှာပါခင်ဗျ။
Read More 0 comments


 

Rating : 5.1/10
Country : China
Genre : Romance
Released Date : 2016
Duration : 1h 33min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အခု မိတ်ဆက်ပေးမှာကတော့ မင်းသား Zhang Hanက ရဲ့စေးယိ အနေနဲ့ မင်းသမီး Zhao Li Ying ကဟယ်ရှိုးဝူအနေနဲ့ အဓိကသရုပ်ဆောင်ထားတဲ့ The Rise Of A Tomboy(2016) Movieလေးကိုမိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မိဘနှစ်ပါးကွာရှင်းပြီးဖခင်နဲ့ ကြီးပြင်းလာတဲ့ ဟယ်ရှိုးဝူက ငယ်ငယ်ကတည်းက တစ်ခြားသူတွေနဲ့ မတူပဲသင်္ချာဘာသာမှ အရမ်းထူချွန်ခဲ့ပြီး ဆစ်ဒနီတက္ကသိုလ်မှာ သင်္ချာအထူးပြုမေဂျာဘွဲ့လွန်ကျောင်းသူတစ်ယောက်ဖြစ်တယ်…

မိဘနှစ်ပါးကွဲသွားတဲ့ အတိတ်ဆိုးဟာ သူ့ကိုလွှမ်းမိုးနေတယ် …ဒါကြောင့်သူကဘွဲ့ယူဖို့ စာတမ်းရေးတဲ့အခါမှာ အချစ်စစ်ကိုတွက်ချက်ပြီးရှာတွေ့နိုင်ဖို့ဆိုတဲ့ True Loveပုံသေနည်းခေါင်းစဉ်နဲ့စာတမ်းထပ်ခဲ့ရာမှာ ပယ်ချခံခဲ့ရပါတယ်… သင်္ချာကိုရူးသွပ်လွန်းတဲ့သူဟာသူ့ပုံသေနည်းမှန်ကန်ကြောင်းသက်သေပြဖို့ သူ့အချစ်စစ်ကိုရှာဖွေရာမှာတော့………တစ်ဖက်မှာလည်း တေးရေးဆရာလေးရဲ့စေးယိဟာလည်း ဆစ်ဒနီလာပြီး ကမ်းခြေမှာ ဟယ်ရှိုးဝူရဲ့သူငယ်ချင်း လိလိ ရေနစ်တာကိုကယ်တဲ့အခါ ဘယ်လိုရယ်စရာလေးတွေဆက်ဖြစ်မလဲ ….အမိမြေပြန်ရောက်တော့ သူ့ရဲ့နတ်သမီးကိုချစ်ခွင့်ပန်တဲ့ အခါဘယ်လိုလွဲချော်တာတွေဖြစ်ဦးမလဲ……ယောကျ်ားဆန်တဲ့ သင်္ချာပညာရှင်မလေး ဟယ်ရှိုးဝူနဲ့ နူးညံ့သိမ်မွေ့တဲ့ ရဲ့စေးယိတို့တွေ့တဲ့အခါဘယ်လိုတွေဆက်ဖြစ်ကြမလဲ…… သူတို့ နှစ်ယောက် တစ်မိုးအောက်တူတူနေဖြစ်သွားတဲ့ နောက်မှာတော့……..စရိုက်လုံးဝကွဲပြားတဲ့ သူတို့နှစ်ယောက်ကြားမှာ အချစ်စစ်လေးတွေများ ဖြစ်ပေါ်လာနိုင်မလား…..သင်္ချာနဲ့ဂီတကြားမှာရော ချစ်မေတ္တာနှောင်ကြိုးတွေရှိနေမလား

Read More 0 comments

 

Rating : 6.8/10
Country : India
Genre :  Action, Drama, Thriller 
Cast :  John Abraham, Nishikant Kamat, Sharad Kelkar
Released Date : 2016
Duration : 1h 59min

အညွှန်း
2016ခုနှစ်ကထွက်ခဲ့တဲ့ သည်းထိပ်ရင်ဖိုအက်ရှင် ဇာတ်ကြမ်းကားကြီးတစ်ကားနဲ့မိတ်ဆက်ပေးခြင်ပါတယ် ဇာတ်လမ်းလေးကIMDb မှာ 6.7 ထိရရှိထားပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့အပေါင်ဆိုင်ပိုင်ရှင် handsome သည် ဘေးအိမ်ခန်းရှိကလေးမလေး
နှင့် ရင်းနှီးသည်ထက်ရင်းနှီးလာသည်။ ကလေးမလေး၏အမေသည်မူးယစ်ဆေးများသုံးစွဲရာမှ မူးယစ်ဂိုဏ်းများနှင့် အရှုပ်အရှင်းလုပ်မိကာကလေးမလေးအပေါ်သို့ အန္တရာယ်ကျရောက်လာပါတော့တယ်။ထိုအန္တရာယ်တွေကိုကာကွယ်ဖို့ အပေါင်ဆိုင်ပိုင်ရှင်အဖြစ်ဇာတ်မြှုပ်နေနေသော အထူးစစ်သား Rocky တစ်ဖြစ်လဲHandsomeထံကျရောက်လို့လာပါတော့တယ်။ပရိသတ်ကြီးအကြိုက်တွေ့စေမယ့် ကြမ်းကြမ်းရမ်းရမ်းaction ဇာတ်ကားတစ်ကားမို့ကြိုက်နှစ်သက်ကြမှာပါ 


Read More 0 comments


Rating : 6.5/10
Country : India 
Genre :  Drama 
Cast :   Richa Chadha, Shabana Azmi, Arya Babbar 
Released Date : 2016
Duration :  2h 10min


အညွှန်း
ရှင်ကြားဖူးလား ဆရာမတွေနာမည်ကြီးတာ အခမ်းအနားတွေမှာ ဖိတ်ကြားခံရတာမျိုး။ မြင်ဖူးလား BMW , AUDI ကားကြီးတွေနဲ့ရောက်လာတာမျိုးလေ..။ ရိုးရာအဝတ်အစားလေးဝတ်၊ ခြေထောက်မှာညှပ်ဖိနပ်နဲ့ လက်ထဲမှာ ထီးကိုကိုင်ထားတာ … အဲဒါဆရာမတွေပုံစံပဲ …။ 
Call-Centre မှာလုပ်ရင်တောင် အခြေခံလစာက Vidya ရဲ့ လုပ်သက် ၂၈ နှစ်စာရတယ် …။ ကုမ္ပဏီတွေက ကားနဲ့အိမ်အထိလို်က်ပို့ပေးကြတယ် …။ ကျွန်မတို့ဆရာမတွေကတော့ ကားတွေ ရထားတွေမှာတောင် ရပိုင်ခွင့်မရှိဘူး …။ လေးစားခံရတယ်ဆိုပေမယ့် ကျွန်မတို့နိုင်ငံမှာ လစာမြင့်တွေ ၊ နိုင်ငံရေးသမားတွေ၊ သရုပ်ဆောင်တွေ ၊ သူတို့ကတော့ အဓိကဧည့်သည်အဖြစ်နဲ့ ဖဲကြိုးလေးဖြတ်ဖို့ ဖိတ်ကြားခံရတယ် …။ 
သူတို့လစာကိုလည်းယှဉ်ကြည့်အုံး စားဝတ်နေရေးအတွက် လည်ပတ်ဖို့ အနိုင်နိုင် ...ထောက်ပံ့မှုတွေတောရပါတယ် … SSC စာမေးပွဲတွေမှာ ကြီးကြပ်ရမယ့်နေရာမှာ ၃ နာရီလောက် ရပ်နေရတာမျိုးပေါ့ …။ အဲဒီအတွက် ဘယ်လောက်ရသလဲသိလား …..။ ဒီစကားတွေကို …  အကဆရာမလေး Jyoti က မီဒီယာနဲ့ အင်တာဗျူးမှာ ပြောပြခဲ့တာဖြစ်ပါတယ်။
2016 က ထွက်ခဲ့တဲ့ Chalk N Duster ဇာတ်ကို ပြန်ကြည့်မိရင်း ဖောက်သည်ချပေးတာပါ ..။
KantaBan ဆိုတဲ့ ကျောင်းတစ်ကျောင်းမှာ အုပ်ချုပ်ရေးမှူး က လုပ်ငန်းရှင်နဲ့ ပေါင်းပြီး စီးပွားဖြစ်ကျောင်းအဖြစ် ပြောင်းလဲဖို့ ဆရာမတွေကို အလိုလိုထွက်သွားစေဖို့အတွက် ပြဿနာမျိုးစုံး ဖန်တီးရာက စဖြစ်လာခဲ့တယ်…။ 
တစ်နေ့တစ်ခြား ပြဿနာမျိုးစုံးဖန်တီးရာကနေ သင်ကြားမှုသက်တမ် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဆရာမ Vidya ကို သူရဲ့  သင်ကြားနည်းတွေက ရှေးရိုးဆန်ပြီး အင်တာနေရှင်နယ် မဖြစ်တဲ့အတွက်လို့ ပြောဆိုပြီး အုပ်ချုပ်ရေးမှူးနဲ့ အချေအတင်တွေ ဖြစ်ကြပါတယ်။ အဲဒီနောက်မှာ ဆရာမအရည်အသွေး မပြည့်မီတဲ့ အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အုပ်ချုပ်ရေးမှူးသစ်ဆီက Termination Letter ရောက်လာပါတယ်။ ယခင်ကတည်းက နှလုံးရောဂါ အခံရှိသူမို့ Shock ရပြီး ဆေးရုံတင်လိုက်ရပါတယ်။
အကဆရာမလေး Jyoti က မီဒီယာတွေနဲ့ တွေကဆုံဖြေရှင်းရာက ဟိုးလေးတကျော် ဖြစ်သွားတယ်။ 28 နှစ်ကျော်လုပ်သက်ရှိတဲ့ ဆရာမကြီး Vidya ရဲ့ တပည့်တွေက မီဒီယကတစ်ဆင့် ဆရာမကို ကျေးဇူးတင်ကြောင်းနဲ့ ကျန်းမာရေးကောင်ဖို့ အသီးသီးဆုတောင်ပေးကြပါတယ်။ 
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် လူသိရှင်ကြားဖြစ်တဲ့ကိစ္စဖြစ်လို့ အားလုံးအရှေ့မှာ ဖြေရှင်းရမယ်လို့ ဝန်ကြီးက ပြောပါတယ်။ ဆရာမတွေဟာ တကယ်ပဲ ခေတ်အမြင်မရှိ စံနှုန်းမမီခြင်း ဟုတ်/မဟုတ် သိစေဖို့ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်နဲ့ ကျောင်းအုပ်ချုပ်ရေးမှူးနဲ့ ပိုင်ရှင်တွေဘက်က မေးခွန်း ဆယ်ခုမေးတာကို ဖြေရမျာ ဖြစ်ပါတယ်။
ဆရာမတွေဟာ အဲဒီမေးခွန်းဆယ်ခုကို ဖြေနိုင်ရင် ရူပီသန်း ၅၀ ကို ရရှိမှာဖြစ်ပြီး အုပ်ချုပ်ရေးမှူး မှ အားလုံးရှေ့မှာ တောင်းပန်ရမှာဖြစ်ပါတယ်။ မဖြေနိုင်ပါက ဆရာမနှစ်ယောက်ဟာ ပညာရေးကနေ အပြီးအပိုင်နှုတ်ထွက်ရမှာဖြစ်ပါတယ်…။ 
ဆရာမတစ်ယောက်ရဲ့ ပြင်ပ ဗဟုသုတ ပြည့်ဝမှု / အရည်အချင်း ပြည့်စုံနေမှု ကို လည်း
သက်သေပြဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီမှာ နှစ်ပေါင်း ၂၈ နှစ်ကြာကြာ သင်ကြားလာတဲ့ ဆရာမကြီး Vidy နဲ့ အကဆရာမလေး Jyoti တို့က ဒီမေးခွန်းဆယ်ခုကို သူတို့ဘဝတစ်သက်တာ လေ့လာထားခဲ့တဲ့ အရာတွေ ထဲက ပြင်ပဗဟုသုတနဲ့ ခေတ်အမြင်ဘယ်လောက်ရှိကြောင်း လက်တွေ့ပြသလိုက်ကြပါတယ် …။
၁။ နိုင်ငံတော်သီချင်းကို “Jana Gana Mana” ကို ဘယ်အချိန်မှာ စဆိုဖြစ်တာလဲ။ 
ဆရာမကြီးက ၁၉၁၁ မှာ စဆိုတာဖြစ်ပြီး အိန္ဒိယနိုင်ငံတော် ကာကတ္တားကွန်ဂရက်အချိန်ဖြစ်တယ်။ မူရင်းက ဘင်ဂါလီ ဘာသာဖြစ်တယ်လို့ဖြေတယ်။
ဆရာမ Jyoti ကတော့ ထပ်ဆောင်းပြီး လွှတ်တော်မှာတရာဝင်မွေးစားတာဖြစ်ပြီး ၁၉၅၀ ဇန် ၂၄ မှာ နိုင်ငံတော်သီးချင်းအဖြစ် သတ်မှတ်ကြောင်း သေချာဖြေလိုက်ပါတယ် …။
၂။ ဆင်းခ်ဘာသာမှာ ယောက်ျားလေးဆိုရင် ဆင်းခ်လို့ခေါ်ပြီး မိန်းကလေးမှာ ကော်ဆိုပြီး တပ်ပါတယ်။ စာပေမှာ ဆင်းခ်ဟာ ခြင်္သေ့ ဖြစ်ပြီး ကော် ကဘာလဲ လို့မေးတယ်။
ဒီမေးခွန်းကို ပြင်ပက နီးစပ်ရာလူတွေ အခေါ်အဝေါ်ပေါ်မူတည်တွေးတောပြီး သူတို့ဖြေနိုင်ခဲ့ပါတယ်။ အဓိပ္ပာယ်က မင်းသမီး ပါတဲ့ ..။
၃။ အိန္ဒိယလေတပ်က တစ်ဦးတည်းသောစစ်မှုထမ်း ပါရန်ဗီရာချက်ကရာ နဲ့အတူ ဂုဏ်ပြုခံရသူရဲ့ နာမည်ဖြစ်ပါတယ်။
ချက်ချင်းပဲ ဆရာမလေး Jyoti က ၁၉၇၁ စစ်ပွဲမှာ နီမန်ဂျစ်ဆင်ခ်စီခ်ဟိုဟာ လေယာဉ်သုံးစီးကို ပစ်ချခဲ့ပြီး သူရဲကောင်းမှတ်တမ်းဝင်ခဲ့တယ်။ လို့ဖြေတဲ့အခါ အဖြေမှန်ကြောင်းနဲ့ သူကိုဂုဏ်ပြုတဲ့အနေနဲ့ တံဆိပ်ခေါင်းပါ ထုတ်ဝေခဲ့ကြောင်း ထပ်ပြောပါတယ်။
၄။ စက်ဘီးတစ်စီးပေါ်မှာ ဒုံကျည်ထပ်ဖူးကို တင်ပြီးသယ်သွားတဲ့ ပုံကိုပြပြီး အဲဒီပုံအကြောင်းပြောခိုင်းတာပါ။
ဆရာမနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်ကြည့်ရယ်ရင်း အိန္ဒိယရဲ့ ပထမဆုံး ဒုံးကျည်ဖြစ်တဲ့ နိုက်ကီအပါချီ ၁၉၆၃ မှာ ကဲရာလာမှာ ISRO ကနေ တန်ဘာအပူပိုင်းဇုန်ကနေထုတ်ခဲ့တာဖြစ်ကြောင်း ဆရာမ Jyoti ကပြောပါတယ်။ 
ဆရာမကြီးကတော့ ဘာလို့စက်ဘီးနဲ့သယ်လဲဆိုရင် ဒုံးကျည်ပစ်စင်ဟာ တစ်ခုတည်းရှိပြီး လမ်းမှာအုန်းပင်တွေ တောက်လျှောက်ပေါက်နေလို့ပါ တဲ့။ အဖြေမှန်ပါတယ်လို့ ကြေညာတဲ့အခါ ဆရာမကြီးက ကျွန်မတို့ရဲ့ အရင်သမ္မတ ဒေါက်တာ APJ အက်ပဒူကာလန် လည်းပါတယ်လို့ ထပ်ဆောင်းပြောတဲ့အခါ Presenter က မေးခွန်းထက်တောင် ပိုကောင်းနေတယ်လို့ ချီးကျူးပါတယ်။
၅။ ” ဒလိုင်းလားမား ရဲ့ နာမည်အဓိပါ္ပယ်”
ဒလိုင်း ဟာ မွန်ဂိုလီယားစကားဖြစ်ပြီး သမုဒ္ဒရာလို ကျယ်ပြောပါတယ်လို့ အဓိပ္ပာယ်ရတယ်။ လားမား ဟု တိဘက်ဘာမှာ ဘုန်းကြီး ဖြစ်ပါတယ်။ လူတွေက သူရဲ့ မေတ္တာတရားဟာ သမုဒ္ဒရာလောက်ကျယ်ပြောတယ် လို့ ယုံကြည်ကြတာပါ။ 
အဖြေမှန်သွားခဲ့ပါတယ်။
၆။ ရှေးဟောင်းအဖြူအမဲ ဗွီဒီယိုဖိုင်တစ်ခု ဖွင့်ပြပါတယ်.. လူအုပ်တွေထဲမှာ ကောင်မလေးတစ်ယောက်နဲ့ အတူကနေတဲ့ မျက်မှန်တပ်ထားတဲ့ တစ်ယောက်ဟာ ဘယ်သူလဲလို့ မေးပါတယ်။
ဆရာမလေးက Jyoti က ဘရုစလီ ဖြစ်ပါတယ်လို့ ပြုံးပြုံးလေးပြောပါတယ်။ 
Presenter ကတော့ ဘရုစလီဟာ သိုင်းအကျော်အမော်ဖြစ်တာကြောင့် သူတော့မယုံဘူးလို့ တန်းဖြေတော့ ဘရုစလီဟာ အရင်က အကသမားဖြစ်ခဲ့ပြီး မင်းသားမဖြစ်ခင် Cha Cha Cha ကို သင်ဖို့သုံးခဲ့တယ်လို့ ဖြေတယ်။
၇။ “Yahoo ရဲ့ အရှည်ကောက် “ဘာလဲ…။
ဆရာမကြီးက စာရွက်ပေါ်မှာ ချရေးပြီး အဓိပ္ပာယ်နီးစပ်မှုကို ဆက်စပ်ကောက်ယူပြီး တန်းပြောလိုက်တယ် … Yet Another Hierarchical Officious Oracle. 
ဆရာမလေးက တဖန် Google ရဲ့ အရှည်ကောက်ကို ထပ်ပြောပြပါတယ်။ Global Organization Of Oriented Group Language of Earth. 
၈။ ပထမဆုံး ဓာတ်ဆီသုံးကားကို ဘယ်သူစတီထွင်ခဲ့သလဲ။ ဘယ်အချိန်တုန်းကလည်း။
သိသိသာသာကို ခက်သွားပါတယ်။ အဲဒီအတွက် မေးခွန်းထုတ်တဲ့ အုပ်ချုပ်ရေးမှူးအသစ်လည်း မျက်နှာလေး နည်းနည်းပြုံးယောင်သန်းလာပါတယ်။ ဒါပေမယ့် ဆရာမ Jyoti က သေသေချာချာ စဉ်းစားရင်း Car Show Room ကို သွားတုန်းက Flyer တစ်ခုမှာ ရေးထားတာကို ဖတ်မိရာက မှတ်ထားပြီး Karl Benz, 1886 
ပြိုင်ဘက်တွေ အားလုံး အံအားသင့်ကုန်တဲ့အထိပါပဲ။ အဲဒီအချိန်မှာ သူတို့ဟာ ရူပီ ၁၀ သန်းရနေပြီဖြစ်ပါတယ်။ 
၉။ ရူပီ သန်း ၂၀ တန် မေးခွန်းဖြစ်တဲ့ ခရစ်တိုဖာ ကိုလံဘတ်နဲ့ ဘာစကိုဒဂါးမားတို့ဟာ ကမ္ဘာကိုပတ်ဖို့ ယူသွားတဲ့ မြေပုံဟာ ဘယ်သူဆွဲထားတာလဲ။
မေးခွန်းကို စဉ်းစားလို့ လုံးဝမရပါဘူး။ မေးခွန်းကို မဖြေဘဲ ၁၀ သန်းယူသွားမလား။ အမှားခံပြီးထွက်မှာလား ။ ဆိုတာ တချို့လူတွေက သူတို့ကို ၁၀ သန်းယူပြီး သွားမယ် တွေးကြတယ်။ အခွင့်ရေးတစ်ခုက သူတို့နှစ်ယောက်အပြင် အခြားဆရာမတစ်ယောက်ကို အကူညီတောင်းခွင့်ရှိတယ်ဆိုတော့ သူတို့ရဲ့ အရင် အုပ်ချုပ်ရေးမှူးဟောင်း ဆရာမ အင်ဒူရှာစ်တရီ ကိုရွေးလိုက်ပါတယ်။ 
ဆရာမကြီးက အေးဆေးပဲဖြေပေးပါတယ်။ မြေပုံကို အာရပ်ပညာရှင် မိုဟာမက်အလီအိုင်ဒရီစီ ဆွဲတာဖြစ်ပြီး အဲဒီမြေပုံဟာ အပေါ်ပိုင်းဟာ တောင်ဖြစ်ပြီး အောက်ပိုင်းဟာ မြောက်ဖြစ်ပါတယ်တဲ့။ 
၁၀။ သန်း ၅၀ တန်မေးခွန်းက -- ဆရီဟန်နုမန်ချာလီဆာ မှာ တူဆီးဒတ်ဟာ  စကြာဝဠာရဲ့ လျှို့ဝှက်ချက်ကို ဖော်ခဲ့တယ်။ အဲဒါဘာလဲ …။
ဆရာမကြီး Vidya က ဘာသာတစ်ခုခုကို ရွတ်ပြီး စာရွက်မှာ ချရေးပါတယ်။ Yug -နှစ်ပေါင်း ၁၂၀၀ ၊ Shehestra နှစ်ပေါင်း ၁၀၀၀ ၊ တစ် Yojan ဆိုတာ ၈ မိုင် ၊ သုံးခုကို မြှောက်ရင် -၁၂၀၀၀ x ၁၀၀၀ x ၈ = ၉၆,၀၀၀,၀၀၀ မိုင် ၊ ၁မိုင် က ၁.၆ ကီလိုမီတာ ။ ထပ်မြှောက်ရင် ၁၅၃,၆၀၀,၀၀၀ …/
Bhanu ဆိုတာက နေ .. နေနဲ့ ကမ္ဘာကြားကို သိပ္ပံပညာရှင်တွေက ၁၈ ရာစုမှာ တွက်ချက်နိုင်ပေမယ့် တူဆီးဒတ်က အဲဒါကို ၁၆ ရာစုမှာ သတ်မှတ်ပေးခဲ့ပြီးပြီတဲ့ ..။ 
သူတို့နိုင်သွားပါတယ် … သန်း ၅၀ ရပြီး သူတို့က ဒီပိုက်ဆံနဲ့ ကျောင်းတစ်ကျောင်းထောင်ပြီး အရင်ဆရာမကြီးကို ကျောင်းအုပ်ပြန်လုပ်စေပြီး သူတို့နှစ်ယောက်ကတော့ မြေဖြူ နဲ့ ဘောဖျက် ပဲ ဆက်လုပ်တော့မယ်တဲ့ …။
ဒီဇာတ်ကားကို ကြည့်ပြီး ကိုယ့်ရွာရဲ့ ကျောင်းက ဆရာ/ဆရာမတချို့ စာကြည့်တိုက်မှာ စာအုပ်လာငှားရင် ဂန္ဘီရတွေချည်းဆိုတော့ ဒီဇာတ်ကားကို ကြည့်စေချင်တယ် … စာတွေအများကြီးဖတ်စေချင်မိတယ် … ။

 

Read More 0 comments


 

Rating : 4.6/10
Country : India 
Genre :   Comedy, Romance 
Cast :    Ali, Sai Srinivas Bellamkonda, Sonarika Bhadoria
Released Date : 2016
Duration :  2h 


အညွှန်း

ဒါလည်း ဇာတ်ကြမ်းကား ကြိုက်သူများ ကြိုက်နှစ်သက်မယ့် ကားလေးတစ်ကားပဲ ခင်ဗျ….


Speedunnodu (2016) သည် IMDb 4.9/10 Google users 88% ဒါရိုက်တာ Srinivasa Rao Bhimaneni


ရိုက်ကူးထား၍ Srinivasa Rao Bhimaneni, S. Prabhakaran က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Ali, Sai Srinivas Bellamkonda, Sonarika Bhadoria တို့ ပါဝင်သရုပ်ဆောင်ထားသော Comedy, Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…


Speedunnodu ဆိုတာ တမီးလ် နာမည်ကြီးရုပ်ရှင်- Sundarapandian ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားပါ လူငယ်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို သူ့သူငယ်ချင်းကိုယ်စား လူပျိုလှည့်ပေးတဲ့ အချစ်ဟာသ ကားလေးတစ်ကားပါခင်ဗျာ..

Read More 0 comments
Rating : 4.8/10
Country : United State
Genre :  Horror, Sci-Fi, Thriller
Cast :  Lance Henriksen, Marilyn Ghigliotti, Betsy Baker 
Released Date : 2016
Duration :  1h 44min

horror ကားကို တစ်ယောက်ထဲကြည့်ရဲပါတယ်ဆိုတဲ့သူတွေအတွက် 2016 သည်းထိတ်ရင်ဖို

ကားလေး တင်ဆက်ပေးချင်ပါတယ်
Lake Erie ဆိုတာကတော့ North America မှာရှိတဲ့ အကြီးဆုံးရေကန် ငါးခုထဲက လေးခုမြောက်ကန်ဖြစ်ပါတယ် အမျိုးသားရုတ်တရက် ဆုံးရှုံး

လိုက်ရပြီး စိတ်ကောလူကော ပြန်ကျန်းမာလာဖို့ကြိုးစားနေတဲ့ မုဆိုးမတစ်ဦးဟာ Lake eerie မှာ ရှိတဲ့ အိမ်ဟောင်းတစ်ခုကိုပြောင်းရွှေ့လာပြီး

နောက် အမှောင်ထုရဲ့ လျှို့ဝှက်ချက်တွေကို တွေ့ရှိလာပြီး Lake eerie မှာ သူတစ်ယောက်တည်းရှိနေတာမဟုတ်ဘူးဆိုတာ သိရှိသွားတဲ့အခါ

သွေးပျက်ကြောက်လန့်စရာတွေကို ကြည့်ရှုရမယ့် horror/ thriller ကားလေးကိုတင်ဆက်လိုက်ရပါတယ်
တစ်ယောက်ထဲမကြည့်ရဲရင်လည်း လူစုပြီးကြည့်ကြပါလို့ ... ;) ။
Read More 0 comments
Season (1) - 8 Episodes
Season (2) - 9 Episodes
Season (3) - 8 Episodes

Rating : 8.8/10
Country : United State
Genre :  Action, Adventure, Drama
Cast : Winona Ryder, David Harbour, Finn Wolfhard, Millie Bobby Brown, Gaten Matarazzo, Caleb McLaughlin, Noah Schnapp, Natalia Dyer, Charlie Heaton, Joe Keery and Cara Buono.
Released Date : 2016-Ongoing

လက်ရှိ Netflix ကနေ ထုတ်လွှင့်နေပြီး လူကြိုက်များ ရေပန်းစားနေတဲ့ စီးရီးအသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါကတော့ Stranger Things Series လေးပါ။ သဘာဝလွန်ဖြစ်ရပ်တွေ ခြောက်ခြားစရာဇာတ်လမ်းတွဲတွေကို ခုံမင်သူ ပရိသတ်တွေအတွက်ကတော့ အကြိုက်ဖြစ်မှာပါ။လက်ရှိ Season 2အထိ ထွက်ရှိထားတဲ့ ဒီစီးရီးလေးက ၁၉၈၀ခုနှစ်များမှာ ဇာတ်အိမ်တည်ထားပါတယ်။ဆယ်ကျော်သက်ကလေးတွေရဲ့ပီပြင်လွတ်လပ်တဲ့သရုပ်ဆောင်ချက်တွေရယ်ခိုင်မာတဲ့ဇာတ်အိမ်ရယ်ကမပျင်းမရိ ကြည့်လို့ကောင်းအောင်ပံ့ပိုးပေးထားနိုင်တယ်လို့ပြောရမှာပါ။
လတ်တလော ရေပန်းအစားဆုံးဖြစ်နေတဲ့အပြင် ပီပြင်တဲ့သရုပ်ဆောင်ချက်တွေအတွက် The Screen Actors Guild Award ဆု နဲ့ the 69th Primetime Emmy Awardsအတွက် လျာထားခံရတဲ့ ဆုက၁၈ဆု ဒါ့အပြင် Outstanding Drama Series ဆုတွေပါရရှိထားတာပါ။ Imdb Rating 8.9/10 , Rotten Tomatoes Rating 96% ရရှိထားတဲ့ ဒီSeries လေးက အပြိုင်အဆိုင်များတဲ့ သဘာဝလွန်ဇာတ်လမ်းတွဲတွေရဲ့ အစဉ်အလာကနေ
ဘယ်လိုဖောက်ထွက်မလဲဆိုတာစိတ်ဝင်စားစရာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့………..
2016 ခုနှစ်ထွက်ရှိထားပြီး  Sci-Fi, Thriller, Horror အမျိုးအစား miniseries လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီလောကနဲ့ အပြိုင်တခြားလောကတွေ မြေအောက်ကမ္ဘာတွေ ထူးဆန်းအံ့သြဖွယ် သတ္တဝါတွေရှိတယ်လို့ ယုံကြည်ကြပါသလား။ အကယ်၍ ရှိခဲ့မယ်ဆိုရင်ရော ဘယ်လိုမျိုးများဖြစ်မလဲ ဘယ်လိုပုံစံနဲ့တည်ရှိနေမှာလဲ ဒီကမ္ဘာနဲ့ဘယ်လိုများဆက်စပ်နေမှာလဲလို့ တွေးကြည့်ခဲ့ဖူးပါသလား။ ဒီလိုစိတ်ကူးတွေကို ဒီစီးရီးလေးက ပုံဖော်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…….. ဟော့ကင်းမြို့ကလေးမှာ တိတ်ဆိတ်အေးချမ်းပြီး ရာဇဝတ်မှုတွေကင်းလို့ အေးချမ်းတဲ့နယ်မြို့လေးတစ်မြို့ပါ။ ဒီမြို့လေးမှာ ဉာဏ်ကောင်းပြီးသွက်သွက်လက်လက်ရှိတဲ့ “မိုက်ကယ်” ၊ ချစ်စရာကောင်းပြီး အစားပုတ်တဲ့ “ဒက်စတင်” ၊ သိပ္ပံပညာကို ဝါသနာအရမ်းပါပြီး စကားတတ်တဲ့ ကပ္ပလီလေး “လူးကပ်စ်”၊ လူကြောက်တတ်ပြီး ရိုးရိုးအေးအေးနေတတ်တဲ့ “ ဝေလ်” ဆိုတဲ့ ၁၂ နှစ်အရွယ် အရမ်းချစ်ကြတဲ့သူငယ်ချင်းလေးလေးယာက်ရှိပါတယ်။ ဟော့ကင်းမြို့လေး နဲ့ မနီးမဝေးမှာ အမေရိကန်အစိုးရရဲ့ သုတေသနဌာနကြီးတစ်ခုရှိပါတယ်။ အဲဒီဌာနကတော့ အဓိကစိတ်နယ်လွန်ဖြစ်ရပ်တွေနဲ့ စိတ်စွမ်းအားတွေကို အထူးပြု လျှို့ဝှက်လေ့လာနေတဲ့ သုတေသနဌာနကြီးပါပဲ။ တစ်နေ့တော့ သူငယ်ချင်းလေးယောက်ထဲက “ဝေလ်” တစ်ယောက် ပျောက်ချင်းမလှပျောက်ဆုံးသွားပါတော့တယ်။ တစ်ပြိုင်နက်တည်းမှာပဲ စမ်းသပ်ခန်းတစ်ခုနေ ထွက်ပြေးလာတဲ့  ဘာဆိုဘာမှသိပ်မသိပေမယ့် စိတ်စွမ်းအားတွေ ပိုင်ဆိုင်တဲ့ “အဲလ်လဗင်း” ဆိုတဲ့ကလေးမလေးလည်း ဒီမြို့ထဲကို ထွက်ပြေးလွတ်မြောက်လာပါတယ်။
-ဘာကြောင့် ဝေလ်က ပျောက်ဆုံးသွားရတာလဲ
– ဝေလ် ပျောက်ဆုံးမှုကရော အဲလ်လဗင်းနဲ့ ဘယ်လိုများဆက်စပ်ပတ်သတ်နေလဲ
– သူတို့ အချစ်ဆုံးသူငယ်ချင်းလေး ဝေလ်ကိုရော သူ့ဘော်ဒါသူငယ်ချင်းတွေ
ဘယ်လိုလိုက်ရှာမလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ပါ။
(ဒီစီးရီးလေးနဲ့ပတ်သတ်ပြီး ထူးခြားချက်လေးက ကလေးသရုပ်ဆောင်တွေကို အဓိကနေရာကနေထားပြီး သုံးသွားတာပါ။ ဒါပေမယ့် ဒီစီးရီးက ကလေးပရိသတ်အတွက် သီးသန့်စီးရီးလိုမျိုး မဟုတ်ပါဘူး။ ဒီကားကို Netflix က မထုတ်လွင့်ခင်က တခြားရုပ်သံလိုင်းပေါင်း ၁၅ ခုက  ကလေးတွေနဲ့ပဲ အဓိက သရုပ်ဆောင်ထားလို့ ငြင်းပယ်ခဲ့ဖူးပါတယ်တဲ့။ ဒီကားကို စိတ်ကြိုက်ပုံဖော်နိုင်ဖို့ ဒါရိုက်တာက ကလေးသရုပ်ဆောင်ပေါင်း ၁၀၀၀ ကျော်လောက်နဲ့ စမ်းရိုက်ကြည့်ပြီးမှ ဒီအဓိကဇာတ်ဆောင် ကလေးတွေကို ရွေးချယ်ထားတာပါ။
Read More 0 comments
Rating : 4.5/10
Country : United State
Genre :  Horror, Thriller 
Cast :  Samuel Larsen, Kirby Bliss Blanton, Rachel DiPillo
Released Date : 2016
Duration : 1h 22min 

မင်္ဂလာပါ၊ 2016 October 28 ကမှ ထွက်ရှိထားတဲ့ Thriller / Horror Movie တစ်ခုကို ထပ်မံတင်ဆက်ပေးလိုက်ပါပြီ။ ခြောက်ခြားဖွယ်ရာ scene တွေ အနည်းငယ်ခက်ထန်ကြမ်းတမ်းတဲ့ ရိုက်ချက်တွေကြောင့် R အဆင့်သတ်မှတ်ခံထားရတဲ့အတွက်ကြောင့်... ခပ်ကြမ်းကြမ်းတွေ ကြိုက်တဲ့ Thriller ပရိသတ်ကြီးအတွက်တော့ စိတ်ကျေနပ်မှု အတိုင်းအတာတစ်ခုအထိ ပေးစွမ်းနိုင်ပါလိမ့်မယ်ခင်ဗျ။

Recovery ရဲ့ ဇာတ်လမ်းသွားဟာ.. Thriller Movie တွေရဲ့ ဇါတ်လမ်းကျောရိုးအတော်များများလို... လူငယ်တစ်စုရဲ့ မစူးစမ်း မဆင်ခြင်ပဲ အန္တရာယ်ထဲ တိုးဝင်မိခဲ့ကြတဲ့ ဇါတ်လမ်းသွားမျိုးဖြစ်ပါတယ်။ Jessie နဲ့ သူငယ်ချင်းတစ်စု ဟာ. ကျောင်းဆုပေးပွဲမတိုင်ခင် ရှေ့ညမှာ.. ဖုန်းပျောက်လိုက်ရှာဖို့ ထွက်လာခဲ့ကြပါတယ်။ Find My iphone ရဲ့ လမ်းပြမှု နဲ့ လူငယ်ပီပီ အရဲစွန့်လိုတဲ့စိတ်တွေကြောင့် အန္တရာယ်အငွေ့အသက်တွေအပြည့်နဲ့ အိမ်ကြီးတစ်လုံး ထဲကို ချဉ်းနင်းဝင်ရောက်မိခဲ့ကြပါတယ်။ အဲဒီအိမ်ကြီးထဲမှာ.. သူမတို့ အားလုံးကို အပြီးအပိုင်ခေါ်ငင်ထားဖို့ .. ယုတ်စွအဆုံး အားလုံးကို အဆုံးစီရင်ပစ်ဖို့ လက်မနှေးတဲ့.. ကြမ္မာဆိုးတစ်ခု စောင့်ကြိုနေမယ်ဆိုတာသာ သူမတို့ သိရှိခဲ့မယ်ဆိုရင်...... ဇါတ်လမ်းရဲ့ ကျန်နေသေးတဲ့ ဇါတ်ဝင်ခန်းတွေကနေ... အဆုံးသတ်ချိန်အထိ Jessie နဲ့ သူမရဲ့ သူငယ်ချင်းတွေအားလုံး တစ်ယောက်မကျန် ပြန်လည်လွတ်မြောက်နိုင်မှာလား၊ အဲ့ဒီ ကံကြမ္မာဆိုးလို့ ကျွန်တော်တို့ ညွှန်းခဲ့တဲ့ အရာက ဘယ်လောက်တောင် ဆိုးရွားနေနိုင်မလဲ..
Read More 0 comments
Rating : 7.0/10
Country : United State
Genre : Biography, Crime, Drama 
Cast :  Bryan Cranston, John Leguizamo, Diane Kruger 
Released Date : 2016
Duration : 2h 7min 

2016 ထွက် IMDB 7.2 ရ ဒရာမာစုံထောက်ကားကောင်းတစ်ကားပါ။ ၁၉၈၀ မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါတယ်။ အမေရိကန် Undercover အေးဂျင့်တစ်ယောက်ရဲ့ ကမ္ဘာအကြီးဆုံး စပိန်ဒုစရိုက်ဂိုဏ်းကြီးထဲကို အသွင်ယူစိမ့်ဝင်ပြီး ဒုစရိုက်ခေါင်းဆောင်တွေနဲ့အတူ ငွေကြေးခဝါချပေးနေတဲ့ ကမ္ဘာ့ နံပါတ် ၇ အကြီးဆုံး ဘဏ်ကြီးကိုပါ သက်သေနဲ့အတူ ဖမ်းမိစေခဲ့တဲ့ဇာတ်ကြောင်းပါပဲ။ လူဆိုးတွေကြားမှာ သရုပ်တူအောင်နေရင်း စကားတစ်ခွန်းမှားတာနဲ့ အသက်ပျောက်သွားနိုင်တဲ့ အသွင်ယူစုံထောက်တွေရဲ့ ဘဝ၊ နောက်ဆုံးဖမ်းဆီးရတော့မယ် အချိန်မှာ တကယ်အကြာကြီးပေါင်းသင်းလာတဲ့ ဒုစရိုက်ခေါင်းဆောင်မိသားစုနဲ့ မိတ်ဆွေသံယောဇဉ်၊ အသွင်ယူနေစဉ် မိမိမိသားစုအစစ်နဲ့ ဆက်ဆံရေး အခက်အခဲတွေကို လှလှပပ ပုံဖော်ပြတားတဲ့ ဇာတ်ကားပါပဲ။ ရင်တဖိုဖိုနဲ့ စုံထောက်ဖြစ်ရပ်မှန်ကြိုက်သူတွေအတွက်တော့ အရသာရှိမယ့် ဟင်းကောင်းတစ်ခွက်
Read More 0 comments
Rating : 6.2/10
Country : United State
Genre :   Comedy
Cast :  Mila Kunis, Kathryn Hahn, Kristen Bell 
Released Date : 2016
Duration : 1h 40min

Bad Moms ရုပ်ရှင်ကားသည် Comedy အမျိုးအစားဖြစ်ပြီး 18+ စကားလုံးများစွာ အမူအရာများစွာ ပါဝင်၍ မိသားစုနှင့်အတူ မကြည့်သင့်ကြောင်း ကြိုတင် သတိပေးအပ်ပါသည်။Directors: Jon Lucas, Scott Moore ရိုက်ကူးထားပြီး July 29, 2016 (USA) တွင် ရုံတင်ပြသခဲ့ကာBox office: 179.4 million USD ရရှိခဲ့တဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်..
ဇတ်လမ်း ပုံစံလေးကတော့ သမီးတစ်ယောက် သားတစ်ယောက် ရဲ့ ဝေယျာဝစ္စ တွေကို လုပ်ရင်းအလုပ်တစ်ဖက် နဲ့ အိမ်ထောင်ရေးမှာလဲ မကူညီတက်တဲ့ ယောကျင်္ား ကို ရရှိထားပြီး အသက်ငယ်ရွယ်တဲ့ အိမ်ထောင်သည်အေမီမစ်ချယ် ၏ ကသောင်းကနင်း ဖြစ်နေသော အမေ တစ်ယောက်ရဲ့ စိတ်ပျက်စရာ ဘဝ အကြောင်းပါ…အိမ်ထောင်ရေးမှာလဲ ပြိုပျက်လုမတက် ဖြစ်နေပြီး ကလေး နှစ်ယောက်ကို ထိမ်းကျောင်းရင်း အလုပ်မှာလဲမိမိ ကို ခိုင်းစားပြီး အသုံးမကျတဲ့ သူတွေ နဲ့ အလုပ်တွဲလုပ်နေရတဲ့ အပြင် မိဘ ဆရာအစည်းအဝေးတွေမှာလဲသိုးမည်း ဖြစ်နေရသူပါ….တစ်ရက်မှာတော့ စိတ်ညစ်ညစ်နဲ့ ဘားတစ်ခုမှာ အရက်သောက်ရင်း သူမ နှင့် ဘဝ တူများဖြစ်သောကာလာဒက်ကာ နှင့် ကီကီ တို့ကို စတင်သိကျွမ်းခဲ့ပါတယ်…သူမ တို့ ဘဝတွေက သေဆုံးနစ်မြုတ်နေပြီဟု စတင် သိရှိခဲ့ပြီး ဘဝ ကို အကောင်းဆုံး ပျော်ရွှင်နိုင်ဖို့ လုပ်နေကြ ပုံစံတွေကို ချိုးဖောက်ပြီးအမေဆိုးများ ( Bad Moms ) များ အဖွဲ့အဖြစ် စတင်ကာ လုပ်နေကျ အရာတွေကို ပြောင်းပြန်လှန်ခဲ့ပါတယ်…ပေါ့ပေါ့ပါးပါး နေသင့်တဲ့ ဘဝ ကို ပြန်လည်ကူးပြောင်းကြပြီး ပြသနာပေါင်းစုံ နဲ့ စတင်ရင်ဆိုင်ကြရပါတော့တယ်….
Read More 0 comments


 

Rating : 6.3/10
Country : United State
Genre : Sci-Fi, Thriller 
Cast : Christopher Soren Kelly, Cassandra Clark, Cajardo Lindsey 
Released Date : 2016
Duration : 1h 43min

အညွှန်း
Infinity Chamber (2016) သည် IMDb 6.2/10 Filmweb 6/10 ရထားသော ဒါရိုက်တာ Travis Milloy ကိုယ်တိုင်ရေးသား ရိုက်ကူးထား၍ သရုပ်ဆောင် Christopher Soren Kelly, Cassandra Clark, Cajardo Lindsey တို့ ပါဝင်သရုပ်ဆောင်ထားသော Sci-Fi, Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ
အလိုအလျောက်အကျဉ်းထောင်တစ်ခုအတွင်း ပိတ်မိနေတဲ့ လူတစ်ဦးဟာ ကွန်ပျူတာကို အသုံးပြု၍ လွတ်မြောက်အောင် ကြိုးစားရမည်ဖြစ်ရာ လွတ်မြောက်မိလား မလွတ်မြောက်မိလား ဘယ်လို သည်းထိတ်ရင်ဖို သိပ္ပံစွန့်စားခန်းတွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြည့်ကြပါခင်ဗျာ…
Read More 0 comments


 

 

Rating : 7.2/10
Country : United State
Genre : Drama,
Released Date : 2016
Duration : 2h 19min

အညွှန်း

2016 ခုနှစ်ထဲမှာ ထွက်ရှိခဲ့ပြီး Oscar တဆု ရခဲ့တဲ့

ဇာတ်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားကြီးက

IMDb မှာ 7.2 ရထားတဲ့ PG 13 ပါပေးထားပါသေးတယ်

Tonry Maxson ဟာရေဆိုးသန့်စင်သမားအဖြစ်

Pittsburghမြို့မှာ ၁၉၅၀ ပတ်ဝန်းကျင်က အသက်မွေးခဲ့ပါတယ်

သူ့ရဲ့အိမ်မက်ကတော့ တနေ့မှာ ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောကစား

သမားတစ်ယောက်ဖြစ်ဖို့ပါ  ဒါပေမဲ့ ခါးသီးစွာကြုံတွေ့လိုက်ရတာက

အမေရိကန် မေဂျာလိဒ်မှာ လူမည်းတွေကို ပါဝင်ခွင့်မပေးတော့ သူဟာ

သူ့အခွင့်အရေးကိုလက်လွတ်လိုက်ရပါတော့တယ် ဒါပေမဲ့ သူဟာ

သူမဖြစ်ခဲ့ရတာကို သူ့မိသားစုအပေါ်ဖိအားပေးပြီး သူ့သားကို ကောလိပ်

ဘေ့စ်ဘောပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ကြိုးစားပါတော့တယ်

ကဲ ပရိတ်သတ်ကြီး ရေ ဘာတွေဆက် ဖြစ်ကြမလဲဆိုတာတော့

ကြည့်လိုက်ကြတော့နော် အော်စကာမယ် စံကာတင်စာရင်း ဝင်တယ်

ဆိုကတည်း ကကောင်းလို့ပဲနေမှာပါ မွန်းလိုက်ထက်တော့ ကောင်းမှာ

သေချာပါတယ်

 

 

Read More 0 comments
Rating : 5.0/10
Country : United State
Genre :    Drama, Thriller 
Cast :  Bill Moseley, Gabriella Wright, John Robinson 
Released Date : 2016
Duration :  1h 45min

မင်္ဂလာပါ၊ 2016 ရဲ့ Movies တွေထဲမှာ... Thriller နဲ့ Drama ရောမွှေထားတဲ့ ဇါတ်လမ်းအသွားမျိုးလေးတွေ အတော်များများထွက်ရှိလာတဲ့အထဲက.. Alcoholist ဟာ တစ်မျိုးတစ်ဖုံ ကွဲပြားနေတဲ့အတွက်... ရွေးချယ်ပေးလိုက်ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလို.. လူတွေဟာ ကိုယ်သန်ရာသန်ရာ မကောင်းမှုလေးတွေ တစ်ခုစီ စွဲငြိတတ်ကြတာမျိုး ရှိပါတယ်။ အစလွယ်သလောက် အဆုံးသတ်ရခက်တဲ့ အကျင့်ဆိုးတွေထဲမှာ.. မူးယစ်သောက်စားခြင်းဟာ top-ten list ထဲမှာပါတယ်ဆိုတာ ကျွန်တော်တို့ ပါတ်ဝန်းကျင်က ယမကာလုလင် အမြောက်အမြားကိုကြည့်ရှုရုံနဲ သိရှိနိုင်ပါတယ်။ Alchoholist ကို ကြည့်ရှုရခြင်းအားဖြင့်...ကျွန်တော်တို့ မမြင်နိုင်တဲ့ တစ်နေရာကနေ ကိုယ့်ကို အမြဲအကဲခတ် ကြည့်ရှုနေမယ့် မျက်လုံးတစ်စုံ ရှိနေတယ်ဆိုရင် ဘယ်လောက်တောင် စိတ်မသက်မသာ ဖြစ်ရမယ့် အနေအထားမျိုးလဲ ဆိုတာ တွေးကြည့်နိုင်ပါတယ်။ ကိုယ့်ကို မကောင်းကြံ နိုင်တဲ့.. အသက်အန္တရာယ် ပေးနိုင်မယ့်... alchoholist တစ်ယောက် ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိနေပြီဆိုရင် ကျွန်တော်တို့ လို သာမန်လူတွေအနေနဲ့ ဘယ်လိုတုံ့ပြန်ကြမလဲ၊ အရက်ကို စွဲလန်းနှစ်ခြိုက်နေတတ်တဲ့သူတွေဟာ.. ဘယ်လို စိတ်သဘောထားမျိုးနဲ့ လောကကြီးအပေါ် နေထိုင်ပြုမူတတ်သလဲ ဆိုတာ.... Thriller ဆန်ဆန်လေး ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ရှိသမျှ အချိန်တွေအားလုံးကို.... လူတစ်ယောက်တည်းအပေါ်မှာစုပုံပြီး လုပ်ကြံ သတ်ဖြတ်ဖို့ အချိန်ကောင်းစောင့်ဆိုင်းနေတဲ့ Alchoholist တစ်ယောက်ရဲ့... စိတ္တဇဆန်ဆန်.... အိပ်မက်ဆိုးတွေကို. ပရိသတ်ကြီး ခံစားကြည့်ရှုနိုင်ဖို့... စီစဉ်တင်ဆက်လိုက်ရကြောင်းပါခင်ဗျာ။
Read More 0 comments


 

Rating : 6.3/10
Country : Japan
Genre : Romance
Cast : Nana Komatsu, Yûdai Chiba, Rimo Hasegawa
Released Date : 2016
Duration : 1h 33min

အညွှန်း
2016မှာထွက်ခဲ့ပြီး နာမည်လည်းကြီးခဲ့တဲ့ Live action movieလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Nana Gometsu, Kento Nakajima နဲ့ Chiba Yudaiတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Shoujo Mangaတစ်ပုဒ် ဖြစ်တဲ့ “Defying Kurosaki-kun”ရဲ့ Live actionပါ။ဇာတ်လမ်းအကျဉ်းကတော့ –
အာကဘနဲ-ယုဆိုတဲ့ကောင်မလေးက မပြင်တတ်မဆင်တတ်နဲ့ သာမန်ရုပ်ရည်ပဲရှိတာကြောင့် အမြဲအားငယ်နေပြီး အတန်းဖော်တွေရဲ့နှိမ့်ချမှုကိုလည်း ခံခဲ့ရသူပါ။
သူ့ဖခင်ရဲ့အလုပ်အပြောင်းအရွှေ့ကြောင့် အဆောင်ပေးတဲ့ကျောင်းတစ်ကျောင်းမှာပြောင်းတက်ရဖို့ဖြစ်လာပါတယ်။ ကျောင်းသစ်မှာသူ့ဘဝအသစ်ကိုစမယ်ဆိုပြီး တက်ကြွတဲ့ခြေလှမ်းအပြည့်နဲ့ သူ့ကိုယ်သူပြောင်းလဲရင်း
အဆောင်ကိုပြောင်းလာခဲ့ပါတယ်။
ကျောင်းအဆောင်သစ်မှာ “white prince”လို့တင်စားခံရတဲ့
ရှိရကဝ-တကုမိနဲ့ တစ်ဆောင်တည်းနေရမှာဖြစ်လို့ပျော်နေတဲ့အချိန်မှာပဲ“Black devil” ဟရုတိုရဲ့ဆံပင်ကို မတော်တဆ ညှပ်မိတဲ့အခါမှာတော့
သူ့ဆံပင်အစားအလျော်ပေးဖို့အတွက် ရူးကြောင်ကြောင်အလုပ်တွေကို ဆက်တိုက်အခိုင်းခံရပါတော့တယ်။ သူ့အမိန့်တွေကိုနာခံရင်း ခိုင်းတာမှန်သမျှကိုလိုက်လုပ်ပေးရင်း ယုတစ်ယောက် နတ်ဆိုးလေးအပေါ်အမြင်ပြောင်းပြီး ရင်ခုန်တာတွေဖြစ်လာပါတယ်။“white prince”လေးကလည်း အာကဘနဲ-ယုအပေါ် တကယ်ကြိုက်မိသွားတဲ့အခါမှာတော့ယု-ချန်တစ်ယောက် သူအရင်တည်းက သဘောကျခဲ့ရတဲ့ ပြီးပြည့်စုံတဲ့နတ်သားလေးကိုရွေးမှာလား။ ကူရိုဆကီရဲ့ဆိုးသွမ်းမှုတွေကြားက ချစ်စရာကောင်းတဲ့အပြုအမူတွေကိုသဘောကျသွားမှာလား။သူတို့၃ဦးကြားက ၃ပွင့်ဆိုင်အချစ်အကြောင်းကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ Live actionလေးဖြစ်ပါတယ်။
Read More 0 comments
Rating : 6.7/10
Country : United State
Genre :  Drama 
Cast : Stephen Lang, Jane Levy, Dylan Minnette
Released Date : 2016
Duration : 1h 37min 

2016 Movie ပေါင်းမြောက်မြားစွာတွေထဲက Imdb rating 7.1 ရရှိခဲ့တဲ့.. The Mine ဆိုတဲ့ ဥရောပ မြောက်ပိုင်းဒေသထွက် Film လေး တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။

The Mine ဟာ.. အကောင်းဆုံး ဥရောပမြောက်ပိုင်း ဇါတ်ကားအဖြစ် နှစ်ကြိမ်တိုင်တိုင် လျာထားခံခဲ့ရတဲ့ Movie တစ်ခုဖြစ်တာကြောင့်.. ကျွန်တော်တို့နဲ့
အလှမ်းဝေးတဲ့ Nordic film တွေ အရသာ ကို တပြန်တလဲ ခံစားကြည့်ကြပါဦးခင်ဗျ။ The Mine ဆိုတဲ့အတိုင်း သတ္တုတွင်း တွေရှိတဲ့အရပ်ဒေသတစ်ခုဆီက
လူငယ်လေးတစ်ယောက်ရဲ့ အတ္တ နဲ့ တည်ဆောက်ခဲ့တဲ့ Finland နိုင်ငံက
Talvivaara သတ္တုတွင်းကြီးတစ်ခုရဲ့ ကံကြမ္မာဆိုးကို ထင်ဟပ်ပြထားပါတယ်။
ရိုက်ကူးရေးအပိုင်း စိတ်ဝင်စားတဲ့ ညီအစ်ကိုများအနေနဲ့ တော့ အသွင်ထူးတဲ့
Landscape အရသာတွေ တပုံတပင်ကြီးခံစားရမှာဖြစ်ပါတယ်ခင်ဗျ။
Read More 0 comments
Rating : 6.1/10
Country : United State
Genre :   Drama, Horror, Mystery 
Cast :  Elizabeth Reaser, Lulu Wilson, Annalise Basso 
Released Date : 2016
Duration :  1h 39min 

ကျွန်တော်တို့နိုင်ငံတိုင်း ဒေသတိုင်းမှာ သရဲခေါ်နည်းအမျိုးမျိုးရှိကြသလိုပဲ ဒါကတော့ အင်းဂိတ်သရဲခေါ်နည်းပေါ့ဗျာ.. A ကနေ Z, Yes , No , Good Bye ဆိုတာတွေ ရေးထားတဲ့ ဘုတ်ပြားလေးတစ်ခုမှာ အဝိုင်းပေါက်လေးပါတဲ့ ရွှေ့စရာသစ်သားပြားလေးတစ်ခုတင်ပြီး သရဲခေါ်ပြီး မေးချင်တာမေးရတဲ့ကစားနည်းမျိုးပေါ့.. ဒီကစားနည်းမှာ စည်းကမ်းချက်လေးတွေရှိတယ်..
၁. ဘယ်တော့မှ တစ်ယောက်တည်း မကစားရဘူး
၂. သချိုင်းမြေပေါ်မှာ မကစားရ
၃. ကစားပြီးသွားရင် အမြဲတမ်း နှုတ်ဆက်စကား ( Good Bye ) ပြောရမယ်ဗျ..
2016 မှာ ထွက်ရှိထားတဲ့ ဒီ Ouija ကားသစ်ကတော့ ပထမဇာတ်ကားထက် နှစ်ငါးဆယ်လောက်စောတဲ့အချိန်ကို နောက်ကြောင်းပြန်ရိုက်ကူးထားတာဖြစ်ပြီး ပထမကားရဲ့ အဓိကလှည့်ကွက်ပိုင်ရှင် Doris ရဲ့ဘဝအကြောင်းပဲဖြစ်ပါတယ်… အဲဒီကားမှာ ဖခင်မရှိတော့တဲ့ Doris ဟာ သူ့အမေနဲ့အစ်မဖြစ်သူနဲ့အတူ နေထိုင်ပြီး အမေ့ရဲ့ ဝိဉာဉ်ခေါ်ပွဲတွေမှာ ကူညီရသူလေးဖြစ်ပါတယ်… တကယ်တော့ ဝိဉာဉ်ခေါ်ပွဲတွေဟာ အလကားဖြစ်ပြီး ဟန်ဆောင်လိမ်ညာနေကြတာပဲဖြစ်ပါတယ်..တစ်ရက်မှာတော့ ဒီကစားနည်းဟာ စိတ်ဝင်စားဖို့ကောင်းတာကြောင့် ဧည့်သည်တွေကို လှည့်စားဖို့ အသုံးပြုသင့်တယ်ဆိုတဲ့ သမီးကြီးရဲ့အဆိုအရ Ouija Board တစ်ခုဟာ အိမ်ပေါ်ရောက်လာပါတော့တယ်… သမီးငယ် Doris ဟာ အဖေနဲ့တွေ့ချင်စိတ်ကြောင့် ကစားနည်းကို တစ်ယောက်တည်းကစားကြည့်ခဲ့ရာက မကောင်းဆိုးဝါးဝိဉာဉ်တွေ နိုးထလာပါတော့တယ်… သူ့အမေကတော့ Doris ကို အပမှီနေတာကိုမသိဘဲ သူ့အဘွားဆီကပါရမီကို ဆက်ခံနိုင်တာပဲလို့ယုံကြည်ပြီး မကြာခဏအသုံးပြုခဲ့တာကြောင့် သမီးငယ်ရဲ့စိတ်ကို မကောင်းဆိုးဝါးတွေက လုံးဝအပိုင်ရသွားပါတော့တယ်… ဝိဉာဉ်တွေနဲ့ လိမ်ညာစားသောက်နေရာကနေ အမှန်တကယ် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်လာရတဲ့အခါမှတော့ သူတို့တွေ ဘယ်လိုအန္တရာယ်ဆိုးမျိုးကြုံလာမလဲ.. တစ်အိမ်သားလုံး လွတ်မြောက်နိုင်ပါ့မလား… ရောက်ရှိနေတဲ့ဝိဉာဉ်တွေက ဘယ်သူတွေလဲဆိုတာကိုတော့ ………………………….လှည့်ကွက်သိပ်မပါပေမယ့် နောက်ပိုင်းမှာ တော်တော်ကျောချမ်းစရာကောင်းတဲ့ဇာတ်ကားပါ… သရဲကားကြိုက်နှစ်သက်သူတွေအတွက်တော့ Ouija 1 ကြည့်ပြီးဖြစ်တာကြောင့် အထူးညွှန်းစရာမလိုဘူးလို့ထင်ပါတယ်.. ကစားနည်းကို စိတ်ဝင်စားသူများ Ouija Board Application တွေ Play Store တွေကနေ ဒေါင်းလုပ်ဆွဲကစားနိုင်ပြီး ကစားပြီးနောက်မှာ အမှန်တကယ်သေဆုံးသူတွေလဲ ရှိခဲ့တယ်လို့လဲ သတင်းကြီးတာမို့ စိတ်မခိုင်သူများ လုံးဝဆော့ကစားခြင်းမပြုပါရန် အကြံပေးချင်ပါတယ်
Read More 0 comments
Rating : 4.6/10
Country : United State
Genre :    Action, Adventure, Family 
Cast :  Ben Winchell, Josh Brener, Maria Bello 
Released Date : 2016
Duration :  1h 32min 

 2016 ထွက် သိပ္ပံအက်ရှင်ကားလေးပါ။ မူလက နာမည်ရှိပြီးသား Animation ကို film အဖြစ် အသက်ပြန်သွင်းတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ မက်စ် ဆိုတဲ့ လူငယ်လေးဟာ သူ့ဖခင် သိပ္ပံပညာရှင် ထူးဆန်းစွာ သေဆုံးသွားခဲ့ပြီးနောက်မှ အမေနဲ့အတူ မြိုကတွေနေရာတွေပြောင်းပြီး နေထိုင်နေခဲ့ရပေမယ့် အကြောင်းရင်းကို မသိခဲ့ပါဘူး။ တစ်နေ့မှာတော့ သူ့ကိုယ်ထဲက ထူးဆန်းတဲ့စွမ်းအင်တွေ ထိန်းမရအောင်ထွက်ပေါ်လာပြီး ပေါက်ကွဲသွားတော့မလိုဖြစ်နေတဲ့အချိန်မှာ စတီးဆိုတဲ့ ဂြိုလ်သားလေးတစ်ယောက်က စွမ်းအင်တွေကို စားသုံးပြီး ကယ်တင်ပေးခဲ့ပါတယ်။ မက်စ် နဲ့ စတီးတို့ အပြန်အလှန်မှီခိုရင်း သူတို့ ၂ ယောက်ပေါင်းရင် ဖြစ်လာနိုင်မယ့် အင်အားတွေကို ရှာဖွေရင်း သူ့အဖေရဲ့ အတိတ်ကိုပါ ဖော်ထုတ်မိလာတဲ့အခါ…..
Read More 0 comments

Rating : 4.3/10
Country : India
Genre :   Thriller
Cast :   Patralekhaa Paul, Tara-Alisha Berry, Gaurav Arora
Released Date : 2016
Duration:  1h 54min 

အညွှန်း
Love Game ဆိုတဲ့ရုပ်ရှင်ဟာ Director Vikram Bhatt ရိုက်ကူးထားပြီးတော့ 8.4.2016 မှာရုံတင်ခဲ့တဲ့ Hindiရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ လူငယ်သဘာဝကိုပီပြင်ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ IMDB Rating ကတော့ 4.3သာရရှိခဲ့ပေမယ့် လူကြိုက်များပြီးတော့ လက်တွေ့ဘဝအတွက် အသုံးဝင်မယ့် သာဓကတွေ ဥပမာတွေ ဒဿနတွေ ပါဝင်နေတဲ့ကားလေးဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာတရားသာလျှင် လောကမှာအရေးပါဆုံးဖြစ်ကြောင်းကို ဇာတ်လမ်းဇာတ်ကွက်အချိတ်အဆက်မိမိ ရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ်။ “ဘဝဆိုတာကရှင်သန်နေရုံနဲ့မပြီးသေးဘူး မသေခင်အချိန်အတွင်းမှာတစ်စုံတစ်ယောက်ကို ရှာတွေ့သွားဖို့လဲလိုအပ်တယ်” ဒါကတော့ ဒီဇာတ်ကားမှာပါဝင်တဲ့ ဒိုင်ယာလော့ခ်လေးတစ်ခုပါ။ ဒီဇာတ်ကားထဲမှာတော့-ဆမ်ဟာရည်ရွယ်ချက်ပျောက်နေတဲ့ လူချမ်းသာကောင်လေးတစ်ယောက်ပါ။ ဆမ်ဟာဘဝမှာလိုချင်တာတွေအားလုံး မတောင့်မတပဲရနေပေမယ့် ဘာလိုအပ်လို့လိုအပ်နေမှန်းမသိဖြစ်နေပါတယ်။ ဒီတော့လမ်းမှားကိုရောက်ရှိသွားပြီးတော့ ဘိန်းရှု၊ ဆေးချတာတွေနဲ့ သူ့ရင်ထဲကလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ပါ့မလားဆိုပြီးမျှော်လင့်နေပါတယ်။ အဲ့ဒီအချိ်န်မှာ ဆမ်ရဲ့sexual partnershipဖြစ်တဲ့ ရမွန်နာဆိုတဲ့ကောင်မလေးဟာ “Love Game” ဆိုတဲ့ စာအုပ်ထဲမှာပါတဲ့ အချစ်ကစားပွဲတွေကိုဆမ်နဲ့အတူ ကစားရင်းနဲ့ ဆမ်ရဲ့ရင်ထဲကလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ရာကြိုးပမ်းပါတော့တယ်။ ဒီလိုအချစ်ကစားပွဲတွေကိုကစားတာဟာ ဆမ်ရဲ့ရင်ထဲက လစ်ဟာနေတဲ့နေရာတွေကို ဖြည့်ဆည်းနိုင်ပ့ါမလား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ ဒီဇာတ်ကားမှာတော့ ဆမ်အဖြစ် Gaurav Arora, ရမွန်နာအဖြစ် Patralekha တို့က သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားကြာမြင့်ချိန်ကတော့ ၁၁၄မိနစ်ပဲဖြစ်ပါတယ်။ အထူးသတိပေးချင်တာကတော့ ဒီဇာတ်ကားလေးဟာ ပညာပေးဇာတ်ကားဖြစ်တဲ့အတွက်ကြောင့် 18+ဆန်သောဇာတ်ကွက်များ အနည်းငယ်ပါဝင်နေတာဖြစ်တဲ့အတွက်ကြောင့် လူအများနဲ့ကြည့်ရှုရာမှာ အနည်းငယ်သတိထားပေးဖို့ လိုပါလိမ့်မယ်

 

Read More 0 comments


 

Rating : 5.1/10
Country : United State
Genre : Biography, Comedy
Cast : Nicolas Cage, Russell Brand, Wendi McLendon-Covey 
Released Date : 2016
Duration : 1h 32min

အညွှန်း
အယ်ကိုင်ဒါ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အိုစမာ ဘင်လာဒင် ကို ဖမ်းဆီးရန် ကြိုးစားခဲ့သူတစ်ယောက် ဂယ်ရီ ဘရွတ်ခ် ဖော်ခ့်နာဆိုတဲ့သူတစ်ယောက်ပါ။

သည်ဇာတ်လမ်းလေးကတော့ 2016 November 4 ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အမေရိကန် Comedy အမျိုးအစားပဲ။ Rating အနေနဲ့ IMDb 5.1/10 ရရှိထားပါတယ်။ ဇာတ်လမ်းလေးကတော့ လက်သမားဆရာတစ်ဖြစ်လဲ အလုပ်လက်မဲ့ ကျောက်ကပ်သွေးသန်စင်နေရသော ဂယ်ရီတစ်ယောက်ကို လူအများက လူအရူးလို့ သတ်မှတ် ထားသည့်တိုင် တကယ်တမ်းကျ သူကအရူးတစ်ယောက်မဟုတ်ခဲ့ပါဘူး။ တစ်နေ့တွင် ဆေးကုခန်း၌ ဘုရားသခင်၏ တာဝန်အပ်နှင်းခြင်းကို ဂယ်ရီလက်ခံခဲ့ရသည်။ သူ့တာဝန်က အယ်ကိုင်ဒါခေါင်းဆောင် အိုစမာ ဘင်လာဒင် ကိုဖမ်းဆီးလာရန်ဖြစ်သည်။ ငွေမရှိ ကျန်းမာရေးထိခိုက်နေသည့် ဂယ်ရီတစ်ယောက် ဘင်လာဒင်ကိုဖမ်းရန် ပါကစ္စတန်ကိုမည်သို့ခရီးဆက်မည်နည်း။ မည်သည့်အစီအစဥ်များနဲ့ သူခရီးဆက်မည်နည်း။ အမှန်တရားလား အမှန်တရားတစ်စိတ်တစ်ဒေသ ပါဝင်နေခြင်းလား။ ဂယ်ရီ၏ တန်ဖိုးထားရသူ မာစီလေးနဲ့ရော ဘာဆက်ဖြစ်ကြမလဲ။ လူသားတို့၏နေ့စဥ်ဘဝကို ဖြတ်သန်းရှင်သန်နိုင်ရန်သည် မိမိ၏ စိတ်နှလုံး ခေါင်းဆောင်ရာနောက်သို့သာ လိုက်ကြောင်း ပြောပြပေးချင်သည့်။ ဟာသ ဆန်ဆန် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်သည်မို့ GC ပရိသတ်ကြီးအား လက်လွှတ်မခံဘဲ ကြည့်ရှူပေးကြပါဦးလို့တိုက်တွန်းလိုက်ပါရစေ။
Read More 0 comments
Rating : 5.7/10
Country :  United State
Genre :   Action, Crime, Thriller 
Cast :  Nicholas Hoult, Felicity Jones, Anthony Hopkins 
Released Date : 2016
Duration : 1h 39min

Casey နဲ့ Juliette တို့နှစ်ယောက်ဟာ ဂျာမနီနိုင်ငံက ဘားတစ်ခုမှာ တွေ့ဆုံခဲ့ပြီးနောက် ချစ်ကြိုက်ခဲ့ကြတယ်။ Casey က Juliette လို ချစ်ရတဲ့ ချစ်သူတစ်ယောက်ရှိနေပြီ ဖြစ်တဲ့အတွက် သူရဲ့ အလုပ်တစ်ခုဖြစ်တဲ့ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့အလုပ်ကို မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။

Juliette နဲ့အတူ နှစ်ယောက်သား အေးချမ်းတဲ့ ဘဝတစ်ခုကို ဖြတ်သန်းနေစဉ်မှာ Juliette ရဲ့ ကျန်းမာရေးအခြေအနေက ရုတ်တရက် ဆိုးရွားလာတာကြောင့် ကျောက်ကပ်အစားထိုးခွဲစိတ်ဖို့ဖြစ်လာတယ်။ ဒါပေမဲ့ Casey မှာ ငွေမရှိဘူး။ Juliette ရဲ့ ရောဂါကို ကုသနိုင်ဖို့အတွက် လိုနေတဲ့ ပမာဏကလည်း တော်တော်များများပဲ။

ဒါနဲ့ Casey ဟာ ဒုစရိုက်လောကက သူ့ရဲ့ ဘောစိဟောင်း Geran ဆီမှာ ပြန်အလုပ်လုပ်ဖို့ ဖန်လာတယ်။ ဂျာမနီက နာမည်ကြီး မူးယစ်ဆေးဝါးမှောင်ခိုကုန်သည်ကြီး Hagen Khal ဆီကနေ ကိုကင်းတွေအပြည့်ပါတဲ့ ကုန်တင်ကားတစ်စီးကို ခိုးပေးမယ်ဆိုပြီး Casey က Geran နဲ့ အပေးယူလုပ်ခဲ့တယ်။

ဒါပေမဲ့ Hagen Kal က သူ့ရဲ့ကုန်တင်ကား ခိုးသွားသူဟာ Casey မှန်း သိသွားတဲ့အခါ ကြေးစားလူသတ်သမားတွေကို ရအောင်ဖမ်းဖို့ စေခိုင်းခဲ့တယ်။ ချစ်ရသူ Juliette ရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် လူသတ်သမားတွေရဲ့လက်ကနေ Casey တစ်ယောက် လွတ်အောင် ပြေးနိုင်ပါ့မလား။ ဒါမှမဟုတ် မူးယစ်ဆေးဝါး ဒုစရိုက်သမားတွေကို လက်ရဖမ်းဖို့ ထပ်ကြပ်မကွာ လိုက်နေတဲ့ ဂျာမန်ရဲတွေဆီမှာပဲ အဖမ်းခံရလေမလား။

IMDb 5.6 ရရှိထားတဲ့ Collide (2016) ဟာ Nicholas Hoult , Felicity Jones, Anthony Hopkins တို့လို နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားတာကြောင့် စိတ်လှုပ်ရှားစရာ အက်ရှင်ခန်းတွေနဲ့ ကြည့်ရတာ အဆင်ပြေတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
Read More 0 comments