Showing posts sorted by relevance for query 1990. Sort by date Show all posts
Showing posts sorted by relevance for query 1990. Sort by date Show all posts
Rating : 5.8/10
Country : United State
Genre :  Horror, Thriller
Cast :Alex Vincent,Jenny Agutter,Gerrit Graham
Released Date : 1990
Duration : 1h 30min

1990 ကထွက်ရှိခဲ့တဲ့ child’s play 2 ဖြစ်ပါတယ်….ဒီကားမှာတော့ Chucky ဘယ်လိုတွေဆိုးသွမ်းလာမလဲဆိုတာဆက်လက်ပြီးကြည့်ရတော့မှာပါ…
Read More 0 comments

 

Rating : 7.0/10
Country : United State
Genre : Drama, Fantasy, Romance
Cast : Patrick Swayze, Demi Moore, Whoopi Goldberg 
Released Date : 1990
Duration : 2h 7min

အညွှန်း
ချစ်တတ်တဲ့သူတိုင်းခံစားတတ်မှာပါ1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်အော်စကာ ဆုလည်း ၂ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ဇာတ်ကားလေးပါပဲဒါရိုက်တာ Jerry Zucker က ရိုက်ကူးထားပြီး
မင်းသားကြီး Patrick Swayze နဲ့ မင်းသမီး Demi Mooreတို့တွဲဖက်ရိုက်ကူးထားတဲ့ အချစ် နဲ့ ရိုမန့်ဆန်ဆန်သရဲဇာတ်ကားတစ်ကားဖြစ်ပါတယ်…2009 ခုနှစ်မှာသေဆုံးသွားပြီဖြစ်တဲ့Patrick Swayze ရဲ့ အလွမ်းပြေကြည့်ရမယ့်ဇာတ်ကားပါဇာတ်လမ်းအကျဉ်းကတော့ …အရမ်းချစ်ကြတဲ့ ဆမ်နဲ့မော်လီ တို့
ဇနီးမောင်နှံနှစ်ယောက်မှာသူငယ်ချင်း ကားလ် ဆိုတဲ့သူတစ်ယောက်ရှိပါတယ်..နှစ်ယောက်လုံးကလည်းကားလ် အပေါ်မှာယုံကြည်ကြပါတယ်..တစ်နေ့မှာ ဆမ်က သူ့ရဲ့ စုထားတဲ့ဘဏ်ငွေစာရင်းမှာ အမေရိကန်ဒေါ်လာလေးသန်းရှိကြောင်းကို ကားလ်ကို ယုံယုံကြည်ကြည်နဲ့ပြလိုက်ပါတယ်..အဲ့နေ့ညမှာပဲ ဆမ်နဲ့မော်လီရုပ်ရှင်သွားကြည့်ရာမှ အပြန် အကြမ်းဖက်လုယက်သူတစ်ဦးနဲ့တွေ့ဆုံခဲ့ပြီး ဆမ်က ပြန်လည်ခုခံရင်းနဲ့အကြမ်းဖက်သမားရဲ့ သေနတ်ကျည်ထွက်ပြီး ဆမ် သေဆုံးခဲ့ရပါတယ်..အဲ့ဒီ့နောက်မှာတော့ဆမ် က သူ့ဇနီးမော်လီ အနားမှာနေချင်တဲ့စိတ်တွေကြောင့်ကောင်းကင်ဘုံကိုမတက်နိုင်ပဲ ရှိနေပါတယ်ဝိညာဉ်ဘဝမှာ သင်ယူစရာတွေ..တတ်မြောက်စရာတွေနဲ့အတူသူ့ဇနီးမော်လီကိုလည်းဆက်စောင့်ရှောက်နေရင်းကသူသေခဲ့ရတဲ့အကြောင်းအရင်းကိုသိရှိခဲ့တယ်.သူသေရတဲ့အကြောင်းအရင်းနောက်မှာသူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ကားလ် ပါဝင်နေတာကိုသိရှိလိုက်ရတဲ့အချိန်မှာ ဆမ်ဘယ်လိုခံစားရမလဲသူချစ်ရတဲ့မော်လီကိုရော..ဘယ်လိုကာကွယ်မလဲဆိုတာဆက်လက်စောင့်ကြည့်ပါ….
Read More 0 comments


 

Rating : 8.0/10
Country : United State
Genre : Adventure, Drama, Western 
Cast : Kevin Costner, Mary McDonnell, Graham Greene
Released Date : 1990
Duration : 3h 1min


အညွှန်း
Oscar 7ဆုနဲ့ ရုပ်ရှင် ဆုပေါင်း 44 ခု ရရှိခဲ့တဲ့
1990 ခုနှစ်က Adventure, Drama, Western ဇာတ်ကားတစ်ကားပါ။
ဂျွန် ဘန်ဒါအမည်ရတဲ့ အရာရှိတစ်ယောက်ဟာ
ပြည်တွင်းစစ်တွေ ဖြစ်ပွားနေတဲ့ နယ်စပ်ဒေသတစ်ခုကို
မိမိဆန္ဒအလျောက် တာ၀န်ထမ်းဆောင်ဖို့ သွားခဲ့ပါတယ်။
ဟိုကိုရောက်တော့ လူမပြောနဲ့ တိရစ္ဆာန်တစ်ကောင်တစ်မြီးမှတောင်
မရှိတဲ့အခြေအနေကို ကြုံတွေ့လိုက်ရပါတော့တယ်။
တာ၀န်အရလာတာဖြစ်တဲ့အတွက် ဂျွန်ဟာ နောက်ကြောင်းပြန်မလှည့်ပဲ
သူရယ် မြင်းတစ်ကောင်ရယ် ရိက္ခာတွေနဲ့အတူ နေရစ်ခဲ့ပါတော့တယ်။
ဂျွန် ဘန်ဒါတစ်ယောက် အဲ့ဒီဒေသမှာနေရင်း
လူတွေအတွက် အန္တရာယ်ရှိလှပါပြီဆိုတဲ့
သားရဲကောင်တွေ လူရိုင်းတွေနဲ့ တွေ့ဆုံပုံတွေ၊
ဘာသာစကားမတူတဲ့ လူရိုင်းတွေ
မိမိကို အန္တရာယ်မပေးအောင် သူတို့နဲ့ လိုက်လျောညီထွေနေရင်း
မိတ်ဆွေအပေါင်းအသင်း ဖြစ်သွားပုံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။
Kevin Costner ကိုယ်တိုင် ဇာတ်လိုက်မင်းသားရော
ဒါရိုက်တာအဖြစ်ပါ လက်စွမ်းပြထားတဲ့ Dances With Wolves: Director’s cut ဟာဆိုရင်တော့
duration 236 minutes တောင်ရှိလို့ အမုန်းကြည့်ရမှာပါနော်
Read More 0 comments



Rating : 7.0/10
Country : China 
Genre :    Action, Comedy, Crime 
Cast :   Donnie Yen, Rosamund Kwan, David Wu
Released Date : 1990
Duration :  1h 35min


အညွှန်း

Tiger Cage 2 (1990) သည် IMDb 7.1/10 Google users 86%  ဒါရိုက်တာ  Woo-Ping Yuen ရိုက်ကူးထား၍  : Chi-Ho Fong, Kwong Kim Yip က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Andy Lau, Qi Shu, Jingchu Zhang တို့ ပါဝင်သရုပ်ဆောင်ထားသော Donnie Yen, Rosamund Kwan, David Wu ဇာတ်ကားကောင်း တစ်ကား ဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….

ရဲဝန်ထမ်းဟောင်း ကွာရှင်းရေးရှေ့နေတစ်ယောက်ဟာ ဂန်းစတားတစ်ယောက်နဲ့ပူပေါင်းကာ သူတို့နာမည်ကောင်းပြန်လည်ရရှိရေးအတွက် ငွေမည်းတွေကို ငွေဖြူလုပ်ပြီး စီးပွားရှာနေတဲ့ ငွေချေးငှားသူတစ်ယောက် သူ့လမ်းမှာ ရှုပ်သူမှန်သမျှကို ရှင်းလင်းနေသူတစ်ယောက်ကို နှစ်ယောက်ပေါင်းပြီး ရှင်းလင်းသွားပုံကို  ဘယ်လိုအက်ရှင်တွေတွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုံခံစားကြည့်ကြပါခင်ဗျာ


 

Read More 0 comments


 

Rating : 8.1/10
Country : United State
Genre : Biography, Drama, History 
Cast : Don Cheadle, Sophie Okonedo, Joaquin Phoenix 
Released Date : 2004
Duration : 2h 1min

အညွှန်း
ဒီကားလေးက IMDB 8.1/10 ရရှိထားပြီး 1990 ကာလပိုင်းကရဝမ်ဒါနိုင်ငံမှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ အဆိုးရွားဆုံးလို့သတ်မှတ်ခံထားရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီးတစ်ခုကိုအခြေခံထားတဲ့ ဖြစ်ရပ်မှန် Historical Dramaဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။


 
စက်ဆုပ်ရွ့ံ့ရှာဖွယ်ကောင်းတဲ့ လူသားမဆန်မှုတွေကိုကြည့်ပြီးအသိတရား ရရှိစေမယ့် ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းမကြည့်ခင်Rwanda နိုင်ငံရဲ့ Hutu နဲ့ Tusti တွေအကြောင်းနည်းနည်းသိထားမှ ကြည့်ရတာ ပိုအသက်ဝင်ပါလိမ့်မယ်။

Rwanda နိုင်ငံကို ဘယ်လ်ဂျီယံတွေအုပ်ချုုပ်စဉ်က Rwanda နိုင်ငံသားတွေကိုလူမျိုးနှစ်စုခွဲခဲ့ပါတယ်။ နှာခေါင်းရှည်ရှည်နဲ့အသားဖြူဖြူ ရုပ်သန့်သန့်ကောင်တွေကို Tusti တွေအဖြစ် သတ်မှတ်ပြီးတော့အုပ်ချုပ်ရေးပိုင်းမှာ အလုပ်တွေခန့်ပြီး နေရာပေးခဲ့ပါတယ်။


 
အဲဒီကတည်းကအခွဲခြားခံ Hutu တွေဟာ ဘယ်လ်ဂျီယံအစိုးရနဲ့တစ်ပါတည်း Tusti တွေကိုပါမုန်းတီးစိတ်ဝင်သွားကြတာပါ။ ဘယ်လ်ဂျီယံတွေ အာဏာပြန်လွှဲချိန်ကျတော့Hutu တွေဆီ အာဏာလွှဲအပ်လိုက်ရတာနဲ့ ခေတ်အဆက်ဆက်အဖိနှိပ်ခံ Hutu တွေဟာ Tusti တွေကို အခဲမကျေဘဲရက်ရက်စက်စက် လက်စားချေဖို့ လုပ်ကြတာဖြစ်ပါတယ်…

1990 လို ဆက်သွယ်ရေးစနစ်တွေ လျင်မြန်နေပြီဖြစ်တဲ့ ခေတ်ကြီးထဲမှာတစ်ကမ္ဘာလုံးက သတိမထားမိအောင်ကို Hutu လက်နက်ကိုင်တွေနဲ့Hutu တပ်မတော်တို့ ပိပိရိရိယုတ်မာခဲ့ကြတာပါ။ ၃ လအတွင်းမှာလူပေါင်း ၁ သန်းနီးပါးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြပါတယ်။

ဇာတ်လမ်းထဲမှာတော့ ဒီကြောက်မက်ဖွယ်ရာ လူသတ်ပွဲကြီးမှာMille Collines ဟိုတယ်ရဲ့ မန်နေဂျာဖြစ်သူ ပေါလ်ရူဆာဘာဂီနာဟာHutu နဲ့ Tusti ဒုက္ခသည်ပေါင်း ၁၀၀၀ ကျော်ကို ဘယ်လိုကယ်ဆယ်မလဲ၊သူ့ရဲ့ မိသားစုဝင်တွေကိုရော အသက်ဘေးက လွတ်စေဖို့ဘယ်လိုတွေ လုပ်မလဲဆိုတာကို ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
Read More 0 comments


Rating : 5.9/10
Country : China
Genre :  Comedy, Crime, Action
Cast : Stephen Chow, Bill Tung, Stanley Sui-Fan Fung
Released Date : 1990
Duration : 1h 30min

အညွှန်း
ဟာသဘုရင်ကြီး Steven Chow ရဲ့ ၁၉၉၀ ကဇာတ်ကားတစ်ကားပါ။Steven Chow ဇာတ်ကားဆိုတော့ အထူးပြောစရာမလိုအောင် အရမ်းရယ်ရမှာဖြစ်တဲ့ အတွက် ရယ်ရင်မလှသူများ မကြည့်သင့်ပါဘူး ။ဇာတ်လမ်းအကျဉ်းကတော့ အထာကျကျ ဆရာကြီး ရဲအရာရှိ Biao တစ်ယောက် မူးယစ်ဆေးဂိုဏ်းတစ်ဂိုဏ်းကိုတစ်ကိုယ်တော်ဝင် ဖြိုခွင်းရင်း အသတ်ခံလိုက်ရပါတယ်။လောင်းကစားလုပ်တတ်တဲ့ ဝါသနာဆိုးကြောင့် သူ့ကိုလောင်းကစားကျွေးမပေးနိုင်လို့ကိုယ့်ကိုကိုယ်သတ်သေသွားတာလို့ပဲ
အားလုံးကထင်ကြတဲ့အတွက် သူ့ရဲ့ သေဆုံးမှုအကြောင်း အမှန်အတိုင်းဖြစ်စေဖို့ လူပြည်ကိုပြန်လာခဲ့ပါတယ်။အဲဒီမှာ သူ့ရဲ့ကယ်တင်ရှင်ဖြစ်မယ့် ရဲသားသစ် Sing(Steven Chow) ကိုတွေ့ပြီး သူ့အတွက်လက်စားချေပေးပြီးသူ့ရဲ့နာမည်ကို ပြန်လည်သန့်ရှင်းပေးရင် Sing အတွက် ရာထူးတိုးပြီး ကောင်မလေးနဲ့ အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီး အပေးအယူဖြစ်သွားကြပါတယ်။သူတို့နှစ်ယောက်ပေါင်းပြီး ဘာတွေတလွဲတွေဖြစ်မလဲ ဆိုတာ ပါးစပ်မပိတ်ရအောင် ရယ်နေရမှာဖြစ်ပါတယ်။
Read More 0 comments


 

Rating : 7.5/10
Country : United State
Genre : Action, Sci-Fi, Thriller
Cast : Arnold Schwarzenegger, Sharon Stone, Michael Ironside 
Released Date : 1990
Duration : 1h 53min

အညွှန်း
မင်းသားကြီးအာနိုးနဲ့ မင်းသမီး ရှရွန်စတုန်းတို့ရဲ့ နာမည်ကျော် သိပ္ပံအက်ရှင်ဇာတ်ကားဖြစ်ပါတယ်။Action, Sci-Fi, Thriller အမျိုးအစားဖြစ်ပြီး ၁၉၉၀ ခုနှစ်ဝန်းကျင်က ဆက်တင် အပြင်အဆင်တွေနဲ့ ရိုက်ကူးထားတယ်ဆိုပေမယ့်ဆန်းသစ်တဲ့ စိတ်ကူးအိုင်ဒီယာတွေကတော့ ယနေ့ခေတ်ထိ စွဲမက်ဖွယ်ရာ ပြောင်မြောက်နေဆဲပါ။

ရုပ်ရှင်ထူးချွန်ဆု(၃)ဆုရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပြီး Rating ပိုင်းမှာလဲ IMDb Rating(7.5) နဲ့ Rotten Tomatoes (82%) ထိ ရရှိထားခဲ့တဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။

မှတ်ဉာဏ် မှတ်ဉာဏ်တု အိမ်မက်တုတွေ…ဂြိုလ်သား ဂြိုလ်ခရီးသွား ဂြိုလ်ကိုလိုနီတွေ…အဆန်းဆန်းသော သက်ရှိ သက်မဲ့ အရာဝတ္ထုတွေ…လှည့်ကွက်မျိုးစုံတွေနဲ့ ဇာတ်လမ်းကြောင်းကို ကိုယ်တိုင်ပဲ ခံစားကြည့်ကြပါဦး။
Read More 0 comments
Rating : 5.7/10
Country : china
Genre : Action, Comedy, Crime
Cast : Stephen Chow, Wilson Lam, Fui-On Shing                
Released Date : 1990
Duration : 1h 33min

 ဂန်းစတားလောကမှာ ကျက်စားမယ့် စတီဖင်ချောင်ကိုမြင်ရမှာပါ။အခွီတွေချည်းမဟုတ်ဘဲ Action ရော Drama ရော ပေါင်းစပ်တင်ဆက်ထားပါတယ်။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.org/category/stephen-chow/   မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ချိတ်ဆက်ပြထားတဲ့ စတီဖင်ချောင်ရဲ့ ဇာတ်ကား‌တွေတစ်ဝကြီးထိုင်ကြည့်ရင်း ဘဝဆိုတာကြီးကို ကျွန်တော်တို့ ဟားတိုက်နေကြရအောင်ဗျာ။
Read More 0 comments


 

Rating : 7.4/10
Country : United State
Genre : Adventure, Comedy, Sci-Fi
Cast : Michael J. Fox, Christopher Lloyd, Mary Steenburgen 
Released Date : 1990
Duration : 1h 58min

အညွှန်း
ဒီတစ်ခေါက်part 3မှာတော့ part 1 နဲ့ part 2 မှာတုန်းကလို
 
အနာဂတ်ကိုပြန်သွားမှာမဟုတ်ဘဲ
 
အတိတ်ကိုပြန်သွားတာကိုရိုက်ပြထားတာဖြစ်ပါတယ်ခင်ဗျာ..
 
back to the future 1 ရဲ့ဇာတ်သိမ်းခန်းနဲ့ချိတ်ဆက်ပြီးရိုက်ပြထားပါတယ်။
 
မာတီနဲ့ဒေါက်တာတို့ရဲ့သံယောဇဉ်ကို ဒီအပိုင်း၃မှာ ပိုပြီးကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာပါ။

ကောင်းဘွိုင်ခေတ်မှာပိတ်မိနေခဲ့တဲ့ဒေါက်တာဟာ အသက်ရှည်ရှည်မနေရဘဲ
 
အသတ်ခံလိုက်ရတဲ့အတွက်
 
မာတီဟာ ဒေါက်တာ့ကိုကယ်ဖို့ အတိတ်ကိုခရီးလွှင့်လာပါတော့တယ်။
 
ကောင်းဘွိုင်ခေတ်စွန့်စားခန်းတွေနဲ့သိပ္ပံပေါင်းစက်ထားတဲ့
 
ဤဇာတ်ကားကိုပရိသတ်ကြီးအကြိုက်တွေ့စေမှာအမှန်ပါပဲခင်ဗျာ..
 
ဤpart 3 ကို part 1 နဲ့ part 2 ကိုကြည့်ပြီးကြည့်မှသာပိုသဘောပေါက်နိုင်မှာမို့
 
ပထမ၂ကားကိုအရင်ကြည့်ကြပါလို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ..
 
ပရိသတ်ကြီးပေးလိုက်ရတဲ့အချိန်နဲ့တန်အောင်ရသမျိုးစုံပေးမယ့်
 
ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
Read More 0 comments


 

 

Rating : 6.9/10
Country : China
Genre : Action,Comedy,Crime,
Released Date : 1990
Duration : 1h 25min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီဇာတ်ကားကတော့ တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ ဟောင်ကောင်ဂျက်မဇာတ်ကား In The Line of Duty ဇာတ်ကားတွေလိုပါပဲ…
လူဆိုးဂိုဏ်းတွေနဲ့ ဟောင်ကောင်စုံထောက်ရဲတွေကြားက စွန့်စားခန်းတွေကို ရိုက်ကူးထားတဲ့ Tiger Cage ရဲ့အဆက် Tiger Cage 2 ဖြစ်ပါတယ်…
မင်းသား Donnie Yen ကို ငယ်ငယ်က ဂျစ်ကန်ကန်ပုံနဲ့မြင်ရမှာပါ။
မင်းသမီး Rosamund Kwan ကတော့ ချစ်စရာကောင်းလွန်းလို့ မှတ်မိနေမှာပါ…အဲ့ဒီခေတ်အခါက ဂျက်လီ ဂျက်ကီချန်း စတီဖင်ချောင်တို့လို တကယ့်ဒိတ်ဒိတ်ကြဲတွေနဲ့ ဇာတ်ကားတွေရိုက်ခဲ့ဖူးပါတယ်။ဟောင်ကောင်ဂျက်မ Cynthia Khan တို့ David Wu တို့လဲပါဝင်ထားပါတယ်။

Read More 0 comments


Rating : 5.8/10
Country : United State
Genre :  Action, Crime, Sci-Fi 
Cast : Peter Weller, Nancy Allen, Belinda Bauer
Released Date : 1990
Duration : 1h 57min

အညွှန်း
Robocop ဆိုရင်လူတိုင်းလည်းသိကြမယ် ထင်ပါတယ်
စက်ရုပ်ရဲ ဆိုပြီး ငယ်ငယ်က အခွေဆိုင်တွေမှာ သွားပြီး ငှါးကြည့်ရခဲ့တာတောင်ပြန်ပြီးသတိရစေခဲ့မိပါတယ်
၁၉၈၇ ခုနှစ်ထွက်ရှိထားတဲ့ ဒီ Robocop မှာဆိုရင်
ရဲသား မာဖီဆိုသူ က ဒုစရိုက်မှုတွေ နှိမ်နင်းရင်း
မမျှော်လင့်ပဲ အင်အားမမျှကာ ရဲသား မာဖီ တစ်ယောက်
မရှုနိုင်မကယ်နိုင် ဘဝရောက်သွားခဲ့ချိန်မှာတော့
Omni Consumer Products (OCP) ဆိုတဲ့ နည်းပညာ နဲ့ စစ်လက်နက် အထောက်အပံ့ ကုမ္ပဏ္ဏီကနေပြီး
မာဖီကို စက်ရုပ်ရဲ အသွင်ပြောင်းပေးခဲ့ရာမှာတော့
ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ပြောဖို့မလိုအောင်ထိ သိပြီးတဲ့သူတွေလည်းရှိကြမှာပါ
Read More 0 comments


 

Rating : 7.6/10
Country :China
Genre :Action,Crime,Drama,
Released Date : 1990
Duration : 2h 16min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Bullet In The Head ကို တစ်ချို့က ဂျွန်ဝူးရဲ့ အကောင်းဆုံးကားလို့ ဆိုကြတယ်။ Bullet မှာလည်း ဂျွန်ဝူးဟာ သူရဲ့ Trademark ဖြစ်တဲ့ Heroic Bloodshed ပုံစံအတိုင်းပဲ ရိုက်ထားတာပါပဲ။ ဂျွန်ဝူးဟာ ဟောင်ကောင်စီနီမာက စလိုက်တဲ့ ဒီ Genreရဲ့ Pioneer တစ်ယောက်ဖြစ်သလို ဒီ Genre ကို အပိုင်ဆုံးကလည်း ဂျွန်ဝူးပါပဲ။ ဇာတ်လမ်းသာပြောင်းသွားမယ် ညီအစ်ကိုစိတ်ဓာတ်တွေ သွေးသံရဲရဲတွေ အကြမ်းပတမ်းတိုက်ခန်းခိုက်ခန်းတွေ လူမိုက်တွေ ဒါတွေပဲမြင်နေရမှာပေမဲ့ ဂျွန်ဝူးကတော့ ကြည့်လို့မရိုးအောင်ကို ဆွဲဆောင်မှုရှိအောင် ရိုက်ပြနိုင်ပါတယ်။ ဟောင်ကောင်ကစခဲ့တဲ့ ဒီ Heroic Bloodshed Genre ဟာ အနောက်မာစတာပိစ် အက်ရှင်တွေကို လွှမ်းမိုးနိုင်တဲ့အထိ ဂျွန်ဝူးတို့ခေတ်က ပေါက်မြောက်ခဲ့ပါတယ်။ အနောက်ကို လွှမ်းမိုးမှုများခဲ့ပါတယ်။ အထင်ရှားဆုံးပြောရရင် Quentin Tarantino ဟာ City on Fire (1987)ကို Inspire ယူပြီး Reservoir Dogs ကိုရိုက်ခဲ့တာဖြစ်သလို The Killer ကလည်း Léon: The Professional ကားအပေါ် လွှမ်းမိုးမှု အတော်ကြီးခဲ့ပါတယ်။

Bullet In The Head ဟာ ဒီကားနဲ့ရှေ့ဆင့်နောက်ဆင့်ထွက်ခဲ့တဲ့ သူဆက်မရိုက်ဖြစ်ခဲ့တဲ့ A Better Tomorrow 3 လိုပဲ ဆိုင်ဂုံမှာ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ ဒီလိုဖြစ်ရတာလည်း အစက Bullet in the head ကို Better Tomorrow 3 အဖြစ်ရည်ရွယ်ခဲ့ပေမဲ့ Tsui Hark နဲ့ ပြဿနာတက်ရာက ခွာပြဲသွားကြလို့ပါပဲ။ မဟုတ်ရင် A Better Tomorrow Trilogy ဟာ အကောင်းဆုံးအပိတ်ကားကို ရသွားမှာပါပဲ။ BiTH ဟာ လွယ်လွယ်နဲ့ ဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။ ဟောင်ကောင်ရုပ်ရှင်ရဲ့ ဩဇာအရှိဆုံးလူတွေထဲကတစ်ယောက်နဲ့ ပြဿနာတက်ခဲ့တဲ့အတွက် ဂျွန်ဝူးအတွက် အတော်အဆင်မပြေခဲ့ပါဘူး။ ဂျွန်ဝူးဟာ ဒီရုပ်ရှင်အတွက် သူခက်ခဲခဲ့ရပုံကို သမိုင်းမှာရိုက်ကူးရေးမှာ အခက်အခဲအများဆုံးကြုံခဲ့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်တဲ့ Apocalypse now နဲ့တောင် တင်စားပြောခဲ့ပါတယ်။ Apocalypse now ဟာ ဖရန်စစ်ဖို့ဒ်ကော်ပိုလာအတွက် ရိုက်ရအခက်ဆုံးကားဖြစ်သလို BiTH ဟာ ဂျွန်ဝူးရဲ့ ရိုက်ရအခက်ဆုံးကားပါပဲ။ ဒါပေမဲ့လည်း ငွေကြေးအရတော့ မအောင်မြင်ခဲ့ပြန်ပါဘူး။ ပါးစပ်ရာဇ၀င်တွေအရတော့ Tsui Hark ဟာ ဂျွန်ဝူးကို Box Office မှာ အလဲထိုးဖို့ သူ့ BT 3 ကို အဆောတလျင်ရိုက်ခဲ့တယ်ဆိုပါတယ်။ ဟုတ်ချင်လည်းဟုတ်မှာပါပဲ။ Bt 3ဟာ Bullet in the head ထက် ရုံ၀င်ငွေ ဟောင်ကောင်ဒေါ်လာ တစ်ကုဋေကျော်သာပါတယ်။

Bullet in The Head မှာ ဂျွန်ဝူးဟာ နဂိုကတည်းက ကြမ်းနေတဲ့ သူ့ပုံစံကို အကြမ်းဆုံးနေရာဖြစ်ခဲ့တဲ့ ဗီယက်နမ်, ဆိုင်ဂုံမှာ ဇာတ်အိမ်တည်ပြီး အမေရိကန်နဲ့ ဗီယက်နမ်တွေကြားက တိုက်ပွဲတွေ၊ ဟောင်ကောင်နဲ့ ဗီယက်နမ်က ဆန္ဒပြပွဲရဲ့ အနိဌာရုံတွေကိုပါထည့်ပြီး အကြမ်းဆုံးဖြစ်အောင် ရိုက်ပြသွားခဲ့တယ်။ ဒီကအခြေအနေတွေနဲ့ ချွတ်စွတ်တူနေတဲ့ အခန်းတွေလည်း မနည်းပါဘူး။ ဇာတ်အိမ်ကလည်း စစ်ကားမဟုတ်ပေမဲ့ ဗီယက်နမ်မှာပဲ တိုင်ပတ်နေပြီး စစ်ပါတိုက်နေရတာကြောင့် ဗီယက်နမ်ဇာတ်အိမ်တည် စစ်ကားအရသာမျိုးတောင် ထွက်ပါတယ်။

အဓိကဇာတ်ကောင်တွေကတော့ ခုထိလည်း နာမည်ကျော်တွေဖြစ်နေဆဲသူတွေဖြစ်တဲ့ တိုနီလျောင်ချူဝေ, ဂျက်ကီချောင်, ဆိုင်မွန်ယန်းတို့ ပါပဲ။ တစ်ချို့က တိုနီလျောင်ချူဝေရဲ့ အကောင်းဆုံး ပါဖောမန့်တွေထဲ Bullet in The Head ပါတယ်လို့ဆိုကြပါတယ်။ တိုနီလျောင်ကိုတော့ ချီးမွမ်းခန်းထပ်ဖွင့်စရာ မလိုလောက်ပါဘူး။ ဝေါင်ကာဝေးရဲ့ As Tears Go By နဲ့ တရုတ်ပြည်ရဲ့ သရုပ်ဆောင်ရအခက်ဆုံး ဇာတ်ကောင်ဆယ်ခုစာရင်းမှာ ဂျက်ကီချောင် ဝင်ခဲ့တဲ့အကြောင်း တလောကပဲ ဖတ်လိုက်ရပါသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဂျက်ကီချောင်ဟာ ဒီရုပ်ရှင်ထဲလည်း အလားတူဇာတ်ရုပ်ကိုပဲ ပြန်သရုပ်ဆောင်ထားခဲ့ပါတယ်။ တစ်ခန်းဆို As Tears Go By နဲ့ ဇာတ်ဝင်ခန်းပါ သွားဆင်နေပါတယ်။

Bullet in The Head ဟာ ဂျွန်ဝူးရဲ့ ဟောင်ကောင် Heroic Bloodshed ကားတွေထဲ ချောင်ယွန်ဖတ်မပါတဲ့ ကား၂ကားထဲက တစ်ကားဖြစ်ပြီး တစ်ကားတည်းသော ချောင်ယွန်ဖတ်မပါဘဲ သူ့အကောင်းဆုံးစာရင်းဝင်နေတဲ့ Heroic Bloodshed ကားလည်းဟုတ်ပါတယ်။ Bullet in The Head ဟာ ဝေဖန်ရေးသမားသီးသန့်သာပေးကြတဲ့ Rotten Tomatoes Rating မှာ ၁၀၀အပြည့်ရထားတဲ့ ဂျွန်ဝူးရဲ့ တစ်ကားတည်းသောရုပ်ရှင်လည်း ဟုတ်ပါတယ်။ Bullet in The Head ဟာ ရုံ၀င်ငွေအရ အောင်မြင်မှုမရခဲ့ပေမဲ့ တစ်ခါကြည့်တိုင်း ထူးခြားချက်တစ်မျိုးထပ်မြင်ရတတ်တဲ့ ဂျွန်ဝူးရဲ့ မာစတာပိစ် ဧကန်ဖြစ်တဲ့ရုပ်ရှင်လို့လည်း ဝေဖန်ရေးသမားအချို့က ဆိုပါတယ်။

 

Read More 0 comments
Rating : 7.3/10
Country : United State
Genre :  Action, Thriller
Cast : Bruce Willis,Bonnie Bedelia,William Atherton
Released Date : 1990
Duration : 2h 4min

ခရစ်စမတ်နဲ့ နယူးရီးယားနီးလာလို့ ဘာဇာတ်ကားကြည့်မလဲဆိုရင် ကျွန်တော်ကတော့ Die Hard ဇာတ်ကားတွေကိုပဲ ပြေးမြင်ပါတယ်။မင်းသားကြီး ဘရုစ်ဝီလီ ရဲ့အကောင်းဆုံးဇာတ်ကားတွေလို့ဆိုရင်လဲ Die Hard ဇာတ်ကားတွေကိုပဲ အရင်ဆုံးပြေးမြင်ကြမယ်ထင်ပါတယ်။ကျွန်တော် ကလေးဘဝကတည်းက ကာတွန်းဒီရဲဂျာရဲ့ ကာတွန်းတွေဖတ်ရင်း ဒီဇာတ်လမ်းတွေကိုရင်းနှီးနေပါတယ်….နည်းနည်းအရွယ်ရောက်လာတော့ ဇာတ်ကားတွေကိုမျက်မြင်ကြည့်ရတော့လဲ ထိုင်ရာမထကြည့်မိတာချည်းပါပဲ။အထူးသဖြင့် တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ထဲရှိသလိုပြောတတ်တဲ့….. အကြောက်အလန့်ကင်းတဲ့….. ဂျွန်မက္ကလိန်းဆိုတဲ့ ဇာတ်ကောင်ကို ပြသနာတွေ အန္တရာယ်တွေကြုံတိုင်း..သိမ်ငယ်စိတ်တွေဝင်လာတိုင်း အမှတ်ရမိတာ အမှန်ပါ။Die Hard ဇာတ်ကားတွေဟာ အခုချိန်ထိ စုစုပေါင်း ၅ ကားထွက်ထားပါတယ်။တစ်ကားနဲ့တစ်ကားဟာ အနည်းငယ်တော့အဆက်အစပ်ရှိနေပါတယ်။ဒါကြောင့် ၅ ကားလုံးကိုစုစည်းတင်ဆက်လိုက်ပါတယ်။တစ်ကားချင်းစီရဲ့အညွှန်းတော့မပေးတော့ပါဘူး။မိတ်ဆွေတို့ကြည့်ဖူးပြီးသားဖြစ်နိုင်ပေမယ့် ဂျွန်မက္ကလိန်းရဲ့ အရသာကိုနောက်တစ်ခေါက်ပြန်လည်ခံစားကြည့်ကြပါဦး။သေချာပေါက် အရသာရှိနေဦးမှာပါ။
Read More 0 comments


 

 

Rating : 5.7/10
Country : China
Genre : Fantasy,Horror,Chinese Movie,Adult,
Released Date : 1990
Duration : 1h 30min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဟိုအရင်ချိန်တွေကို ပြန်လည်သတိရလာပြီး ဒီရုပ်ရှင်ကားဟာလဲ

Qualityကောင်းကောင်းလဲ မရှိသေးတာကြောင့် ပြန်လည်တင်ဆက်ပေးဖို့

အကြံရလာခဲ့ပါတယ်….မင်းသမီးတွေကတော့ ကျွန်တော်တို့ အင်တာနက်မရှိခင်

အခွေခေတ်က အိမ်မက်ထဲထိ ကြီးစိုးခဲ့တဲ့ မင်းသမီးတွေပါပဲ….

ဇာတ်လမ်းအကျဉ်း

ပန်ဆုဆု ယွဲ့ယွဲ့ ဖိန်ဖိန်တို့ မြေခွေးညီအစ်မသုံးဖော်ဟာ

လူသားအဖြစ်ထာဝရပြောင်းလဲနေနိုင်ဖို့ တာအိုကျင့်စဉ်ကို

ကျင့်ကြံနေတဲ့ မှော်မြေခွေးသုံးဖော်ပဲ ဖြစ်ပါတယ်….

အကြီးမဖြစ်သူ ပန်ဆုဆုကတော့ အသက်ကြီးဆုံးလဲ ဖြစ်ပြီး

စိတ်ထဲကလဲရင့်ကျက် ဖြူစင်သူဆိုတော့ သွေးသားဆန္ဒကို

ချုပ်တည်းနိုင်နေပမယ့် ညီအစ်မငယ်နှစ်ယောက်ကတော့

သွေးသားဆူပွက်မှုကြောင့် နှစ်ယောက်သားအချင်းချင်းဖြေသိမ့်ပြီး

အဆင်ပြေနေခဲ့ရပါတယ်…တနေ့မှာတော့ သူတို့ညီအစ်မသုံးဖော်ရဲ့

ဘဝထဲကို ယောကျာ်းပျိုတဦး ဝင်ရောက်လာခဲ့ပြီး.

ဒီယောကျာ်းပျိုကိုပဲ ညီအစ်မသုံးဖော်တို့က ချစ်ခင်စုံမက်ခဲ့ပါတယ်…

မုန့်ကိုသာမျှစေစားမယ် အချစ်ကိုတော့ မမျှဝေဘူးဆိုတဲ့စကားက

သူတို့လို မြေခွေးညီအစ်မသုံးဖော်အတွက်တော့ မမှန်ကန်ခဲ့ပါဘူး…

ညီအစ်မချင်းသိပ်ကိုချစ်ကြတော့ လုလင်ပျိုကို မျှဝေချစ်ခင်ရင်း

မထင်မှတ်ထားတဲ့ တနေ့မှာတော့……

Read More 0 comments


 

Rating : 6.5/10
Country : United State
Genre : Comedy, Musical
Cast : Johnny Depp, Ricki Lake, Amy Locane 
Released Date : 1990
Duration : 1h 25min

အညွှန်း
အလီဆင်ဟာ ရှေးရိုးစွဲ (စကွဲ) လို့ခေါ်ကြတဲ့ မိသားစု ဝန်းကျင်ကနေဆင်းသက်လာတဲ့ မိန်းမလှလေးတစ်ယောက်၊ တစ်သက်လုံး
လိမ်မာခဲ့ရတာ စိတ်ကုန်လှပါပြီလို့ ဆုံးဖြတ်မိရာကနေ ခရိုင်းဘေဘီဝေါလ်ကာ ဆိုတဲ့ ဆန့်ကျင်ဘက် ဒရိတ်ပ် ခေါ် ဆိုးသွမ်းလူငယ်အဖွဲ့
တစ်ဖွဲ့ရဲ့ခေါင်းဆောင် ခပ်မိုက်မိုက်ဂေါ်ဘဲတစ်ပွေနဲ့ ချစ်ကျွမ်းဝင်မိပါတယ်။
မျိုးနွယ်ချင်း ခံယူချက်ချင်း ယဉ်ကျေးမှုချင်း တောင်နဲ့မြောက် အရှေ့နဲ့အနောက်လို ကွာခြားချက် အစစအရာရာတွေကိုဆန့်ကျင်ပြီး
သူတို့ဇာတ်လမ်းမှာ ကြုံရမယ့် အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲဆိုတာကို ဂီတတွေနဲ့ မြူးမြူးကြွကြွပုံဖော်ထားတဲ့
Comedy, Musical ကိုမှ ဂန္ဓဝင်ကားကောင်းတစ်ကားဖြစ်ပါတယ်။
အဲလ်ဗစ်ပရက်စလေရဲ့ ရုပ်ရှင်တွေ ၁၉၅၀ ဝန်းကျင်က ဆိုးသွမ်းလူငယ်တွေအကြောင်းနာမည်ကျော် ရုပ်ရှင်တွေကို
တစ်စိတ်တစ်ပိုင်းသရော်လှောင်ပြောင်ထားတာဖြစ်တဲ့အတွက် သူတို့ ရဲ့ ရုပ်တည်ကြီးနဲ့ ခံစားချက်အပြည့်နဲ့အမူအယာတွေဟာ
အတည်ပေါက်နဲ့ခွီရမယ့်အကွက်တွေပါပဲ။ ခရိုင်းဘေဘီရဲ့ ဇာတ်ကောင်နေရာနဲ့ကိုက်ညီတဲ့ လူငယ်မင်းသား ရှာဖို့ ဒါရိုက်တာဟာ ဆယ်ကျော်သက်
မဂ္ဂဇင်းတွေကို အဲ့ဒီခေတ်က ဒေါ်လာ သုံးဆယ်ဖိုးဝယ်ယူခဲ့ပြီး မျက်နှာဖုံးအားလုံးဟာ ၁၉၈၇ က 21 Jump Street ဇာတ်လမ်းတွဲရဲ့
ခေါင်းဆောင်မင်းသား အားလုံးရဲ့ အချစ်တော် Johnny Depp ပုံတွေချည်းဖြစ်နေတဲ့အတွက် သူ့ကိုရွေးဖြစ်ခဲ့တာပါတဲ့။ သူ့ကိုမရွေးဖြစ်ခင်အထိ ထည့်သွင်းစဉ်းစားခဲ့တဲ့သူတွေထဲမှာ
Tom Cruise, Robert Downey Jr နဲ့ Jim Carrey တို့အထိပါဝင်ခဲ့ပါသေးတယ်လို့ ဆိုပါတယ်။
Read More 0 comments


 

Rating : 7.6/10
Country : China
Genre : Crime, Drama, Romance 
Cast : Leslie Cheung, Maggie Cheung, Andy Lau
Released Date : 1990
Duration : 1h 34min

အညွှန်း
၁၉၆၀ ဧပြီလ၁၆ရက်နေ့ သုံးနာရီထိုးဖို့ တစ်မိနစ်အလို ဇာတ်ကောင်ဟာ မိန်းကလေးနဲ့အနီးဆုံးရပ်နေပြီး နာရီရဲ့စက္ကန့်လက်တံ သုံးနာရီအတိထိ တစ်ချက်ချင်းသွားတာကို သူတို့အတူကြည့်နေကြတယ်။
ဒီတစ်ခေါက် စက္ကန့်လက်တံ ရှေ့တွန်းလိုက်တာဟာ မိနစ်လက်တံတစ်ချောင်းတည်းတော့မဟုတ်ဘူး။
ကြားဖူးတယ်မလား တစ်ခါတလေကျ တစ်မိနစ်ဆိုတာ တစ်ဘဝလုံးလောက်လည်း ရှည်ကြာနိုင်တယ်။ဇာတ်ကောင်ဟာ မိန်းကလေးကိုပြောလိုက်တယ်။
” မင်းကြောင့်ငါ ဒီတစ်မိနစ်ကို
အမြဲအမှတ်ရနေတော့မှာ”တဲ့။
တစ်မိနစ်တာစတင်မှုဟာ အခုတော့ မိန်းကလေးအတွက် သူနဲ့တစ်နေ့တစ်နာရီ နှီးနှောမှုအသွင်ပြောင်းလဲသွားခဲ့ပြီ။
တစ်လွှာချင်းပြန်ဝတ်ရတဲ့ အဝတ်အစားတွေအတွက် မိန်းကလေးမှာ မေးစရာစကားလုံးနှစ်လုံးရှိတယ်။ လက်….ထပ်….။
ဇာတ်ကောင်ဟာ ရဲတင်းတယ်။ ထီမထင်ဘူး။
ဇာတ်ကောင်ဟာ လက်ထပ်ယူတတ်တဲ့စရိုက်မျိုးမရှိဘူး။
ဒီတော့ မိန်းကလေးဟာဒီကိုပြန်လာစရာအကြောင်းမရှိဘူး။
ဇာတ်ကောင်ဟာ အပူအပန်မရှိဘူး။
လွမ်းဆွေးမှုမရှိဘူး။ သွေးအေးတယ်။
“ရှင် ကျွန်မကို တကယ်ချစ်ခဲ့ဖူးလား”တဲ့
မိန်းကလေးက ဇာတ်ကောင်ကိုမေးတယ်။
ဇာတ်ကောင်ဟာအေးစက်တယ်။ခံစားချက်မဲ့တယ်။
” ငါ့ဘဝမှာ နောက်ထပ်မိန်းမ
ဘယ်နှယောက်ကို ချစ်မိဦးမလဲ ငါမသိနိုင်ဘူး
ငါ့ဘဝနောက်ဆုံးအချိန်မရောက်သေးခင်အထိ
ငါ့အချစ်ဆုံးက ဘယ်တစ်ယောက်လဲ
ငါသိဦးမှာမဟုတ်ဘူး”တဲ့ ဖြေတယ်။
ဒီလိုနဲ့ သူတို့ကျောခိုင်းသွားကြပြီ။
စစလာကတည်းကိုက ဘဝဟာဝေဒနာပဲမဟုတ်လား။
ဇာတ်ကောင်ဟာဒဏ်ရာများတယ်။
ဇာတ်ကောင်ဟာ ငှက်ကလေးတစ်ကောင်ဖြစ်တယ်။
ဇာတ်ကောင်မှာ အသိုက်မရှိဘူး။
ဒါဆို ဘယ်လိုငှက်မျိုးလဲ။
ဇာတ်ကောင်ပြောတာကတော့…..
“ခြေထောက်မရှိတဲ့ ငှက်တစ်မျိုးရှိတဲ့အကြောင်း
ကျုပ်ကြားဖူးတယ်။ သူလုပ်နိုင်တာဆိုလို့
ပျံပြီးရင်းပျံဖို့ပဲရှိတယ်။သူမောပန်းလာတဲ့အခါကျ
လေထဲမှာ အိပ်တယ်။အဲ့ဒီငှက်က သူ့တစ်ဘဝလုံးမှာ
မြေပေါ်တစ်ထောက်ပဲ ဆင်းသက်လို့ရတယ်
အဲ့ဒီတစ်ထောက်နားတဲ့အချိန်က သူသေတဲ့အချိန်ပဲ”တဲ့။
Days Of Being Wildဟာ ဝမ်ကာဝေးရဲ့ နာမည်ကျော် Informal Triologyရဲ့ ပထမဆုံးကားပါ။
သူ့ရဲ့ ဒုတိယမြောက်ကားလည်း ဟုတ်ပါတယ်။
Metacritic96%ရထားလို့ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ အကဲဖြတ်မှုအရ သူ့အကောင်းဆုံးကားလို့ပြောလို့ရပါတယ်။
ရုပ်ရှင်ရိုက်ကူးမှုအတတ်ပညာပိုင်းမှာလည်း ရိုက်ချက်ရှည်တွေ အနှေးကွက်တွေနုဲ့ ပြထားသမျှတစ်ကားလုံးပစ်ရက်စရာကိုမရှိပါဘူး။
ပြောရရင် ဘာစကားမှမပြောကြလည်း ဒီတိုင်း ထိုင်ကြည့်နေရင်တောင်တန်ပါတယ်။
ဝမ်နဲ့ တွဲရိုက်နေကြ ခရစ္စတိုဖာဒွိုင်းပဲရိုက်ထားပါ။
၁၉၉၀ထွက်ပေမယ့် ၂၀၀၄မှာre release လုပ်ထားလို့ လက်ရှိဟာက ၂၀၀၄ဗားရှင်းပါပဲ။
အကောင်းဆုံးဟောင်ကောင်ရုပ်ရှင်တစ်ရာမှာ နံပါတ်၃ချိတ်ထားပါတယ်။Spoiler Alert
==========တကယ်တမ်းကျ သိလိုက်ရတာက ငှက်ကလေး
မပျံသန်းလိုက်ရခင်ကတည်းက သေနှင့်နေခဲ့ပြီ။
သူရဲ့အရိုင်းဆန်ရခြင်းကို ကျွန်တော်တို့နားလည်စေခဲ့ပြီ။
နောက်ဆုံးထွက်သက်မတိုင်ခင် နောက်ဆုံးမြင်ကွင်းက
ဘာလဲလို့ သူအမြဲသိချင်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်း
သူ့ရဲ့ နောက်ဆုံးထွက်သက်မတိုင်ခင် နောက်ဆုံး
မြင်ကွင်းက သူ့မျက်စိရှေ့က မြင်ကွင်းမဟုတ်ခဲ့ဘူး။
အတိတ်က နာရီစက္ကန့်တံ တစ်ပတ်လည်ချိန်ဟာ..
သူ့အချစ်ဆုံးမိန်းကလေးဟာ……….
သူ့ရဲ့ နောက်ဆုံးမြင်ကွင်းဖြစ်ခဲ့တယ်။
ငှက်ကလေးဟာ အဖြေကိုရသွားတယ်။ရောင်နီလာပြီ….
အတော်လှတဲ့နေ့တစ်‌နေ့ဖြစ်မယ်နဲ့တူတယ်
နေဝင်ရင်ရော ဘယ်လို‌များဖြစ်နေမလဲ သိချင်မိသား
ဒါပေမဲ့ နေဝင်ချိန်ကို မြင်နိုင်ခွင့်မရှိတော့ဘူး။
Read More 0 comments
Rating : 8.7/10
Country : United State
Genre :    Biography, Crime, Drama
Cast : Robert De Niro, Ray Liotta, Joe Pesci
Released Date : 1990
Duration :  2h 26min

IMDbရဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၂၀)  စာရင်းထဲမှာပါတယ်….တကယ့်အဖြစ်မှန်ကို အခြေခံရိုက်ကူးထားပါတယ်..
ဒါရိုက်တာMartin Scorsese  ရဲ့ အကောင်းဆုံးလက်ရာထဲက တစ်ကားပါ…   အော်စစကာ တစ်ဆုရရှိခဲ့ပြီး  အခြားဆုပေါင်း (၄၄)ဆုလည်း ဆွတ်ခူးခဲ့ပါတယ်…ဒီကားကို အညွှန်းမရေးပါရစေနဲ့… ရေးဖို့လည်းမစွမ်းသာတဲ့ကားမို့ပါ… ခံစားကြည့်လိုက်ပါဦးဗျို့..
Read More 0 comments
Rating : 7.6/10
Country : United State
Genre :  Crime, Drama
Cast : Diane Keaton, Al Pacino
Released Date : 1990
Duration : 2h 42min

Part III လာပါပြီ …ထုံးစံအတိုင်းပေါ့ဗျာ… ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး…
Read More 0 comments
Rating : 6.3/10
Country : United State
Genre :   Action, Horror, Sci-Fi 
Cast :  Kevin Peter Hall, Danny Glover, Gary Busey
Released Date : 1990
Duration :   1h 48min 

ပထမဇာတ်ကား အပြီး ၃နှစ်အကြာမှထွက်ရှိခဲ့တဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။
IMDB 6.3 ရရှိထားတဲ့ Sci-Fi အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း
——————-
ရှေးဦးဂြိုလ်သားတွေနဲ့ ပထမဆုံး တိုက်ပွဲအပြီး ၁၀နှစ်အကြာမှာ ကမ္ဘာမြေပြင်ပေါ်ကို ကိုယ်ပျော်ဂြိုလ်သားတွေပြန်လည်
ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Los Angeles မှာ ဇာတ်အိမ်ကိုစီစဉ်ထားပြီးတော့။ ဂြိုလ်သားဇာတ်ကား
ကြိုက်နှစ်သက်တဲ့အသူတွေအတွက်ဒီဇာတ်ကားလေးက အနှစ်သာရအပြည့်အဝရရှိမယ်လို့ယုံကြည်ပါတယ်။
Read More 0 comments


 

Rating : 5.6/10
Country : United State
Genre : Action, Adventure, Thriller
Cast : Charlie Sheen, Michael Biehn, Joanne Whalley 
Released Date : 1990
Duration : 1h 53min

အညွှန်း
Old is Gold ပါနော်… ဟောင်းပေမဲ့ ကောင်းနေဆဲ စစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။

အရမ်းမျက်စိရှုပ်မယ့် စစ်ကားလည်းမဟုတ်သလို မစ်ရှင်တွေများ လူတွေများပြီး မျက်စိနောက်အောင် ပစ်ခတ်နေမယ့် ကားလေးလည်းမဟုတ်လို့ အားလုံးကြည့်လို့အဆင်ပြေမှာပါ။ ဘာလို့ဆို JoJoVa ကိုယ်တိုင်ကိုက မျက်စိအရမ်းရှုပ်ရင်မကြည့်ချင်တော့လို့ ဒါလေးကတော့ အဆင်ပြေတယ်လို့ Recommend ပေးပါတယ်နော်။

ဇာတ်လမ်းလေးမိတ်ဆက်ရင်တော့ နေဗီးလ်ဆီးလ် အဖွဲ့က သောင်းကျန်းသူအဖွဲ့ရဲ့ ဒုံးကျည်ကိုဖောက်ခွဲမယ့်မစ်ရှင်ကိုရိုက်ပြထားတာပါ။ ဒီဇာတ်လမ်းမှာ ဒုံးကျည်ဘာလို့ဖောက်ချင်ရတာလဲဆိုတဲ့အကြောင်းရင်းရယ် အမေရိကန်ဆီးလ်အဖွဲ့က ဒုံးကျည်နေရာကိုဘယ်လိုရှာလဲရယ် ပြီးတော့ ဘယ်လိုဖောက်ခွဲပြီး နိုင်ငံကိုပြန်ဖို့ဘယ်လိုကြိုးစားလည်းဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်။

စစ်သည်အချင်းချင်းရဲ့ သူငယ်ချင်းစိတ်ဓါတ်တွေ နိုင်ငံအပေါ်ချစ်စိတ်တွေအားလုံးကို ဒီကားလေးမှာကြည့်ရမှာမို့ ပရိသတ်ကြီးကြည့်လိုက်ပါဦးနော် ။ ။
Read More 0 comments