Country : Japan
Genre : Anime, Adventure, Comedy
Cast : Shûichirô Moriyama, Tokiko Katô, Bunshi Katsura Vi
Released Date : 1992
Duration : 1h 34min
BMDb Entertainment Channel မှကြိုဆိုပါတယ်
အညွှန်း
John Woo ရဲ့ ပစ္စတိုအော်ပရာတစ်ပုဒ်ကို ကြည့်ချင်တယ်ဆိုပါစို့။ Hard Boiled ဟာ ခင်ဗျားချန်ထားခဲ့လို့မရတဲ့ကားပဲ။ ဂျွန်ဝူးရဲ့ အကောင်းဆုံးတွေအကြောင်းပြောရင် Hard Boiled ကို ကျုပ်တို့တွေ ဖယ်ထားလို့မရဘူး။ ဒီရုပ်ရှင်အပြီးမှာ သူဟာ ခင်ဗျားတို့ ကြိုက်လှပါရဲ့ပြောကြတဲ့။ Windtalkers တို့ Face / Off တို့ကို ဟောလိဝုဒ်ထွက်ရိုက်နိုင်တဲ့အထိ ခြေဆန့်နိုင်ခဲ့တယ်။ Mission: Impossible 2 ကိုလည်း သူပဲရိုက်ခဲ့တာပဲ။
ဂျွန်ဝူးရဲ့ လက်စွဲတော်ချောင်ယွန်ဖတ်နဲ့အတူ ရှမ်းကြီးအဖေ တိုနီလျောင်ချူဝေကိုလည်း ဒီကားထဲမှာ ခင်ဗျားတို့တွေ့ရလိမ့်မယ်။ ဝါတော့နည်းနည်းနုသေးတာပေါ့။ ချောင်ယွန်ဖတ်ကြီးကတော့ သူ့စတိုင်အတိုင်း သွားကြားထိုးတံကြီးတခဲခဲနဲ့ သေနတ်တွေပစ်ပြနေတာပါပဲ။ ရှားရှားပါးပါးချောင်ယွန်ဖတ် ရဲနေရာက သရုပ်ဆောင်တဲ့ကားဆိုလည်း မမှားဘူး။
Hard Boiled ကိုတော့ ကျွန်တော့်အနေနဲ့ပြော
ရရင် မာတင်စကောဆေးစိကြီး ကူးချလိုက်ရတဲ့ Internal Affairsကားတွေကို အစပျိုးပေးတဲ့နေရာလို့ထင်မိတယ်။
ဂျွန်ဝူးရဲ့ Heroic Bloodshed ပုံစံအတိုင်း ပစ်ခန်းတွေ အရင်ကားတွေထက်ပိုများပေမဲ့ သူ့ဟန်ဖြစ်တဲ့ ဒရာမာချိုးပြီး ပရိတ်သတ်ရဲ့ ခံစားချက်ကို ခလုတ်တိုက်စေတဲ့ ဇာတ်၀င်ခန်းတွေကို မြင်ရဦးမှာပဲ။ ဒါလည်း သူ့အရသာပဲမလား။ သာမန်အက်ရှင်ကား ကြည့်ချင်မှတော့ ဂျွန်ဝူးကား ဘယ်ကြည့်မလဲ။ အက်ရှင်ကားမှာကို လူကိုဆွေးတမြေ့မြေ့ဖြစ်စေတဲ့ အရသာမျိုး ဂျွန်ဝူးလိုပေးနိုင်တဲ့သူ ရှားတယ်မို့လား။ သူ့နောက်က ဒါရိုက်တာတွေ လုပ်ကြည့်ကြတာ မြင်ဖူးပေမဲ့ သူ့လိုဖြစ်လာတာတော့ မမြင်ဖူးဘူး။ ဒါလည်း သူ့ Themeပဲကိုး ။
1992မှာရိုက်ခဲ့တဲ့ ဒီဂျွန်ဝူးကားက သူ့ Heroic Bloodshed Theme ရဲ့ အပိတ်လို့ဆိုလို့ရတယ်။ဒီကားနောက်ပိုင်း သူဒီပုံစံတွေမရိုက်တော့သလို ချောင်ယွန်ဖတ်နဲ့လည်း တွဲမရိုက်တော့ဘူး။ အမေရိကလစ်ပြီး အဲဒီမှာပဲရိုက်တော့တယ်။ နောက်ကျမှ ပြန်ရိုက်ဖြစ်တာက Red Cliffတို့ The Crossingတို့ပေါ့။ သို့ပေမဲ့ Theme ပြောင်းသွားခဲ့ပြီ။ အလှပဆုံး အပိတ်နဲ့ ပိတ်လိုက်တာပါပဲ။
ပုံမှန်ဂျွန်ဝူးကားတွေကို ဂျွန်ဝူးကိုယ်တိုင် ဇာတ်လမ်းရေးတာများပေမဲ့ ဒီကားမှာတော့ အဲဒီနှစ်မှာပဲ နှလုံးရောဂါနဲ့သေသွားတဲ့ ဘယ်ရီဝေါင်ရဲ့ ဇာတ်လမ်းနဲ့ ရိုက်ထားခဲ့တယ်။ ဇာတ်လမ်းရှင်ကလည်း ချောင်ရဲ့ Fight Back To School တို့၊ Mr. Vampire တို့ကို ဇာတ်ညွှန်းရေးခဲ့တဲ့သူပေါ့။
Hard Boiled ဟာ ချောင်ယွန်ဖတ်နဲ့ ဂျွန်ဝူးရဲ့ နောက်ဆုံးတွဲရိုက်တဲ့ကားဖြစ်သလို ချောင်ယွန်ဖတ်နဲ့ ဝေါင်ကာဝေးဖန်တွေရဲ့ အချစ်တော်ကြီး တိုနီလျောင်ချူဝေ ဆုံစည်းခဲ့တဲ့ တစ်ကားတည်းသော ကားလည်းဟုတ်တယ်။ Heroic Bloodshed Theme ရဲ့ နောက်ဆုံးကားလည်းဟုတ်တယ်။ ဂျွန်ဝူးရဲ့ အကောင်းဆုံးတွေထဲက တစ်ကားလည်း ဟုတ်ပါတယ်။ တစ်ချို့ဆို ဂျွန်ဝူးကို ဂျွန်ဝှစ်လို အနောက်တိုင်း အက်ရှင်တွေကပါ ဘာလို့အတုခိုးကြလဲ နားမလည်နိုင်လို့ ဒီကားကိုကြည့်ပြီးမှ ဩချသွားကြရတဲ့ ကားလည်းဟုတ်တယ်။ ဂျွန်ဝူးဖန်တွေ ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားပါပဲ...။
အညွှန်း
ဒီဇာတ်ကားဟာ 1993ခုနှစ်တုန်းက best visual effects အော်စကာဆုရခဲ့တဲ့ ဇာတ်ကားပါ။ ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲသုံးယောက်ဖြစ်တဲ့ Meryl Streep ၊Goldie Hawn နဲ့ Bruce Willis တို့ အဓိကပါဝင်ထားကြတဲ့ dark comedy ,horror, fantasy အမျိုးအစား ရုပ်ရှင်ပါ။ ဇာတ်ကားဟောင်းဖြစ်ပေမယ့် တကယ်ကို ကြည့်ဖို့ ညွှန်းပါတယ်။ဒီဇာတ်ကားရဲ့ visual effectsတွေ မိတ်ကပ်ပညာတွေဟာ တကယ်ကို သေသပ်ပါတယ်၊ ဒါတောင်
1992ခုနှစ်က ကားပါ။ ဇာတ်လမ်းကလဲ တော်တော်လေးသွက်ပြီး ဟာသတွေကလဲ ပြောင်မြောက်ပါတယ်။ပြီးတော့ လူတိုင်းအတွက် လေးလေးနက်နက် တွေးကြည့်စရာ အတွေးစလေးတွေလဲ ချန်ခဲ့ဦးမှာပါ။ဇာတ်လမ်းအကျဉ်းအောင်မြင်မှုသိပ် မရှိတဲ့ မင်းသမီး မက်ဒ်လင်း နဲ့ စာရေးဆရာမ ဖြစ်ချင်တဲ့ ဟယ်လင်န် တို့ဟာဟန်ဆောင်ပေါင်းသင်းနေကြပေမယ့် တစ်ယောက် နောက်ကျော တစ်ယောက်ဓားနဲ့ထိုးဖို့ အမြဲ ချောင်းနေကြသူတွေပါ။တစ်နေ့မှာ ဟယ်လင်န် ဟာ သူမ လက်ထပ်ယူမယ့် ခွဲစိတ်ဆရာဝန် ဒေါက်တာအန်းနက်စ်ကို မက်ဒ်လင်းနဲ့မိတ်ဆက်ပေးမိရာကနေ၊ ငွေကြေးချမ်းသာတဲ့ ခွဲစိတ်ဆရာဝန်ကြီးကို မက်ဒ်လင်းက ဖြတ်ခုတ်သွားပါတော့တယ်။ဒီလိုနဲ့ တစ်ယောက်အပေါ် တစ်ယောက် အမုန်းတရားတွေ ပိုများလာပြီး ဘာတွေဆက်ဖြစ်ကြလဲဆိုတာကိုပုံမှန် အိမ်ထောင်ရေး အရှုပ်ရှင်းကားတွေနဲ့ ကွဲပြားစွာ တက်ဆက်ပြထားပါတယ်။နောက်ထပ် ဇာတ်ကားအကြောင်းဆက်ပြောရင် spoilမိတော့မှာမို့ ကိုယ့်ဘာသာဆက်ကြည့်လိုက်ကြဖို့ပဲ ညွှန်းပါတယ်။ ဒါရိုက်တာကလဲ Back to the Future တို့လိုlegendary classic movie မျိုးတွေကို ရိုက်ကူးခဲ့တဲ့ Robert Zemeckisမို့ ဘာမှမကောင်းမှာ စိတ်ပူစရာမလိုပဲ စိတ်ချလက်ချကြည့်ဖို့ ညွှန်းလိုက်ပါတယ်ဗျ။
အညွှန်း
ဒီကားထဲက Drew Barrymore ရဲ့ စတိုင်နဲ့ ရဲတင်းတဲ့အလှအပတွေဟာ လူပြောများခဲ့ပါတယ်…
နွယ်ပင်ဆိုတာ ရစ်ပတ်နွယ်တတ်တဲ့အမျိုးပဲ…
ဒါပေမယ့်အဆိပ်နွယ်ပင်ဆိုရင်တော့ တင်းကြပ်စွာရစ်ပတ်နှောင်ဖွဲ့မှုတွေကြားမှာ ရုန်းထွက်မရဘဲအဆိပ်သင့်သွားနိုင်ပါတယ်…
ဒီလိုအဆိပ်နွယ်ပင်အကြောင်းဆိုရင်တော့ Poison Ivy (1992) ဇာတ်ကားလေးက သံဝေဂရစရာပါ…
ဇာတ်လမ်းလေးကတော့…
Ivy ဆိုတဲ့မိဘမဲ့မိန်းကလေးတစ်ယောက်က ချမ်းသာတဲ့သူငယ်ချင်းရဲ့အဖေကိုချဉ်းကပ်တဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။
ချဉ်းကပ်တဲ့နေရာမှာ နာမည်နဲ့လိုက်အောင် အဆိပ်ပြင်းတဲ့ “Ivy” နွယ်ပင်ဆိုတဲ့အတိုင်း သေသေချာချာအကွက်ချစီစဉ်ပြီး
သူငယ်ချင်းမိသားစုကို ပြိုကွဲအောင်ကြံစည်တာမျိုးပါ။
Ivy ရဲ့ ညှို့ဓာတ်အပြည့်နဲ့ ဘယ်လိုရစ်ပတ် အဆိပ်သင့်သွားသလဲဆိုတာ……။
Unrated Version နဲ့တင်ဆက်ထားပြီး အဖော်အချွတ်ခန်းတချို့ကြောင့် မိသားစုနဲ့ကြည့်ဖို့အဆင်မပြေပါ။
အညွှန်း
ဒီတစ်ခေါက်မှာတော့ Clive Barkers ရေးတဲ့
Books of Blood ထဲက The Forbidden ဆိုတဲ့ ဝတ္ထုကို
အခြေခံပြီးရိုက်ခဲ့တဲ့ ဇာတ်ကားတွေထဲကမှ
လေးကားမြောက် Candyman Horror/Thriller ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါ
ပထမဆုံး Original Candyman ကိုတော့ 1992 ခုနှစ်မှာရိုက်ခဲ့ပြီး
Candyman :Farewell to the Flash (1995)
Candyman : Day of the dead (1999) နှစ်ကားကတော့
Sequel အနေနဲ့ ထွက်ရှိခဲ့ပါတယ်
အခု Candyman 2021 ကတော့ Original Candyman ရဲ့ Direct Sequel ပါ
၁၉ရာစုနှောင်းပိုင်းမှာ မတရားအသတ်ခံလိုက်ရပြီး
သရဲဖြစ်လာတဲ့ ပန်းချီဆရာ သကြားလုံးသည်လေး ရှားမန်းတဖြစ်လဲ
ကန်ဒီမန်းလေးရဲ့အကြောင်းကို ကြည့်ကြရမှာပါ
ကဘရီနီဂရင်းတိုက်ခန်းကို သူငယ်ချင်းနဲ့အတူတူပြောင်းလာတဲ့
ပန်းချီဆရာလေးအန်တိုနီတစ်ယောက် အဲ့နားမှာ လက်ဆင့်ကမ်းပြောဆိုနေကြတဲ့
ကန်ဒီမန်းဆိုတဲ့ ပန်းချီဆရာ ဝိဉာဉ်အကြောင်း
ကန်ဒီမန်းသတ်လို့သေသွားတဲ့ ဟယ်လင်ရဲ့အကြောင်းသိထားပြီးချိန်
သူ့ရဲ့ ပန်းချီကားတွေထဲကို ဒီအဖြစ်အပျက်တွေကို ထည့်ရေးဖို့အာရုံရလာပါတယ်
ဒီလိုကနေ ရုတ်တရတ် အတိတ်ကရှုပ်ထွေးတဲ့အဖြစ်အပျက်တွေဆီ
ရောက်သွားမယ့် တံခါးတစ်ချပ်ကို အန်တိုနီကိုယ်တိုင်တောင် မသိလိုက်ဘဲ ဖွင့်မိသွားတဲ့အခါ…..
Candyman 2021 က Original Candyman 1992 ထက် ပိုကြောက်ဖို့ကောင်းတယ်လို့ ဆိုပါတယ်
တချို့စကားလုံးလေးတွေနဲ့ ပြကွက်လေးတချို့ကြောင့်တော့ R rated သတ်မှတ်ထားပါတယ်
အညွှန်း
1နာရီခွဲလောက် အချိန်ပေးပြီး တကယ်ကောင်းတဲ့ horror movie တစ်ခုကို ကြည့်ချင်တယ် ဆိုရင် အခုပဲ ဒီဇာတ်ကားကို down ပြီးတော့သာ ကြည့်လိုက်ပါ
ကြည့်ရတာ တကယ်တန်တဲ့ ဇာတ်ကားမျိူးပါ
နောက်ပြီး ဒီဇာတ်ကားက Candy Man saga မှာ ပထမဆုံးထွက်ခဲ့ပေမယ့် အကောင်းဆုံးလို့ သတ်မှတ်ခြင်း ခံထားရတာပါ
ဘာလို့လဲဆိုတာ သိချင်ရင်တော့ အပေါ်ကပြောထားတဲ့အတိုင်းပဲ သွားသာကြည့်လိုက်ပေတော့ ကိုယ့်လူ
အကြောင်းအရာကတော့ သူ့နာမည်ကို မှန်ထဲကြည့်ပြီး ငါးခါခေါ်ရင် ခင်ဗျားဆီကို သူရောက်လာမယ် သတ်ချင်ရင်သတ်တယ် ဖြတ်ချင်ရင်ဖြတ်တဲ့ သံချိတ်ကြီးနဲ့ သကြားလုံးလူသား အကြောင်းပါပဲ
ဒါပေမယ့် အဲ့သကြားလုံးလူသားကို တကယ်ရှိတယ်လို့ ခင်ဗျား ထင်လား?
မရှိဘူးလို့ ထင်တယ် ဆိုရင်တော့ ဒီဇာတ်ကားထဲက မင်းသမီးနဲ့ အတွေးချင်းတူသွားပါပြီ
သူကလည်း သကြားလုံးလူသားဆိုတာ ပုံပြင်သက်သက်ပဲ အပြင်မှာ တကယ် မရှိဘူး လို့ယုံကြည်ပြီးတော့ အပြင်မှာ လူသတ်ချင်တဲ့ သူတစ်ယောက်က သကြားလုံးလူသား နာမည်ကို သုံးပြီး လူတွေ တစ်ယောက်ပြီး တစ်ယောက် လိုက်သတ်နေတာ လို့ သံသယဝင်နေပါတယ်
အဲ့ဒါနဲ့ပဲ သူ့သူငယ်ချင်းနဲ့အတူတူ လုပ်နေတဲ့ စာတမ်းအကြောင်းလေ့လာရင်းနဲ့ လူသတ်မှုတွေကိုပါ လိုက်လံ စုံစမ်းပါတော့တယ်
အဲ့လိုစုံစမ်းရင်းနဲ့ပဲ
သူထင်ထားသလိုပဲ ဒီတိုင်း သာမန်လူက လိုက်သတ်နေတာလား ဒါမှမဟုတ် တကယ့်
သကြားလုံး လူသား လား ဆိုတာကိုတော့ ဇာတ်ကားထဲမှာ အဖြေရှာကြည့်ပေါ့ဗျာ
ဇာတ်ကားက ကောင်းမကောင်းဆိုတာကတော့ ကျွန်တော်တောင် ဘာသာပြန်နေရင်း ကြည့်တာ တချက် တချက်ဆို နှလုံးတွေပါ ပြုတ်ထွက်တော့မလိုပါပဲ
(ဟဲဟဲ R rated ဆိုတော့ ၁၈နှစ်အောက် မကြည့်သင့်တာတော့ အထူးပြောစရာမလိုဘူး ထင်ပါတယ် ပြောလည်း ကြည့်ကြမှာပါ ကလေးတွေကလိမ္မာကြတယ်လေ)
အညွှန်း
ခေါင်းစဉ်အတိုင်းပါပဲ…
ရုပ်ရှင်ဟာ…..
ထိုင်ပေမြို့က လူငယ်တွေအကြောင်းပဲ။
နီယွန်မီးတွေ စုန်းမီးတောက်သလိုထနေတဲ့ တိုင်ပေရဲ့ညဟာ နီယွန်နတ်ဘုရားပေါ့။
ဟိုမောင်ဖီလာကဗျာထဲက စာသားလို “လူငယ်ဆိုတာ သူပုန်စိတ်ကလေး နည်းနည်းတော့ရှိတာပဲ”မဟုတ်လား။
ထိုင်ပေညရဲ့ သူပုန်တွေဟာ စီးကရက်ကို လက်ကမချပါဘဲ တယ်လီဖုန်းရုံထဲက ငါးပြားစေ့လေးတွေ ခိုးကြတယ်။
ထိုင်ပေညရဲ့ သူပုန်တွေဟာ ခေါင်းမရှိတောင်
ခုနှစ်ရက်အသက်ဆက်ရှင်နိုင်တယ်ဆိုတဲ့ ပိုးဟပ်ကို သံချွန်နဲ့စိုက်
မသေမရှင်ဘ၀ကို ကြည့်ရက်ကြတဲ့ ကောင်တွေပဲ။
အာသာတစ်ခါဖြေမယ်။
ဟော်တယ်တစ်ခါသွားမယ်။
ဒါ နေ့အိပ်ညသွားတဲ့ ထိုင်ပေသူပုန်များပဲ။
မစားရက်တာတွေကို ကျွေးခြင်းမျိုးနဲ့တောင် အဖေက ကျွန်တော့်ကို ကောင်းစေချင်ခဲ့တယ်။
သူပုန်စိတ်ပျောက်အောင်လို့တဲ့ မန္တန်စာရွက်ကိုပြာချ ၀မ်းထဲ၀င်အောင် အမေက ကျွန်တော့်ကို တိုက်တယ်။
ကျွန်တော့်ရဲ့ လူမမယ်စရိတ်တွေဟာ အဖေ့ရဲ့ ရုပ်ရှင်ရုံမရောက်တဲ့နှစ်လတွေကို
ရှည်ကြာစေခဲ့ပေမဲ့လည်း အဖေ့ရဲ့ အိမ်အပြန်နောက်ကျတဲ့ညတွေဟာ ကျွန်တော့်အတွက်
စိတ်ပူစရာ ဘယ် တုန်း က မှ မဟုတ်ခဲ့ဘူး။
စကတ်တိုကြပ်ကြပ်နဲ့ ညထွက်ဖို့ ၀န်မလေးတဲ့ သူပုန်မကလေးပေါ့။
ဒီအခန်းထဲက အနမ်းတွေ ဘယ်ရွေ့ဘယ်တိုင် အာသာပြင်းလဲ……
ကဲ ကြမ်းစမ်းပါ။
သုံးယောက်တွဲ စက်တော်ခေါ်ရမှာကိုလည်း သူ တွေးမကြောက်ခဲ့ဘူး။
နဖူးကွဲဒူးပြဲလည်း သူတို့ရဲ့ဆေးဟာ စီးကရက်တစ်လိပ်ပဲတဲ့။
သူပုန်မကလေးရဲ့ တစ်ရေးနိုးတဲ့ညရဲ့ တုံးလုံးခန္ဓာဘေးမှာလည်း သူပုန်ကလေးကို ဘယ်တုန်းကမှ မတွေ့ခဲ့ရဘူး။
ထိုင်ပေညရဲ့ သူပုန်စိတ်တွေဟ ငါတို့ရဲ့ ငယ်ငယ်က သူပုန်စိတ်တွေပဲ ဒီကမ္ဘာကြီးနဲ့ မကင်းသမျှ ရှင်သန်နေဦးမယ့် ပုန်ကန်နွယ်တွေ ……………………………။
(ဘ၀ဟာ ဇာတ်သိမ်းရွေးလို့မရဘူးမဟုတ်လား။
ဒါဇာတ်သိမ်းမဟုတ်ဘူးလို့ မင်း ငြင်းလို့မရဘူး။
ဒီလိုပဲ ဒီစာဟာ တစ်စုံတရာလိုနေတယ်။
ဒီမှာ မသိမ်းသင့်ဘူးလို့ ငါလည်း ခံစားရတယ်။
ဒါပေမဲ့ ငါ့မှာရွေးစရာ ဘာမှမရှိဘူး။
ဒီမှာပဲ ငါရပ်လိုက်ရတယ်။
နီယွန်ညရဲ့သူပုန်တွေဟာ ဒီလိုပဲ ရွေးချယ်စရာမရှိတော့တဲ့ တစ်နေရာမှာ ရပ်လိုက်ကြရတယ်။
ဒါ သူ့အနုပညာရဲ့ ရိုးသားမှုပဲ ကိုယ့်လူ။
ကျေနပ်ခွင့်လည်းရှိတယ် ကျေနပ်ခွင့်လည်းရှိတယ်။
ကျန်နေခဲ့မယ့် ခံစားမှုကတော့ မင်းအတွက်ပဲ။
ငါနဲ့ရော ဒီနီယွန်ညနဲ့ရော မဆိုင်လေတော့ဘူး။)
အညွှန်း
မန်ချက်စတာယူနိုက်တက်ပရိတ်သတ်ဆိုရင် 92 ခုနှစ်အတန်း.. Class of 92 ကစားသမားတွေကို မသိသူရှိမယ်မထင်ပါဘူး
ယူနိုက်တက်တို့ရဲ့ရာဇဝင်မှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့ အခိုက်အတန့်ဖြစ်တဲ့ 99 ခုနှစ်ရာသီ ဖလားသုံးလုံးချန်ပီယံဖြစ်ခဲ့မှုမှာလဲ
Class of 92က အသင်းသားတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့ကြပါတယ်
ဒီဇာတ်လမ်းကတော့ Class of 92ကစားသမားတွေဖြစ်တဲ့အပြင်
မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဘက်ခ်ဟမ်း၊ နစ်ကီဘတ်၊ ပေါလ်စခိုး၊ ရိုင်ယန်ဂစ်၊ ဖီးလ်နဗီးနဲ့ ဂယ်ရီနဗီးတို့
ဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေအကြောင်းကို အသားပေး ဖော်ပြထားတာဖြစ်ပါတယ်
1992 ကနေ 99ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်အထိအကြောင်းတွေပါဝင်ပါတယ်။
ဗြိတိန်ရဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေကြား အင်္ဂလိပ်ဘောလုံးလောကရဲ့ အနိမ့်အမြင့်အတက်အကျတွေနဲ့အတူ
အင်္ဂလိပ်ဘောလုံးပရိတ်သတ်တွေရဲ့ ဘောလုံးအားကစားအပေါ်ရူးသွပ်မှုတွေကိုလဲ သိမြင်နိုင်မှာပဲဖြစ်ပါတယ်။
ဒီဇာတ်ကားက Documentary အမျိုးအစားဖြစ်ပြီး သရဲနီတစ်ယောက်အတွက်လုံးဝမေ့ထားလို့မရတဲ့
ယူနိုက်တက်ရဲ့ရွှေရောင်နေ့ရက်တွေကို ပြန်လည်ခံစားရင်း Class of 92 ကစားသမားအကြောင်းတွေ
ယူနိုက်တက်အကြောင်းတွေကိုပါ အတွင်းကျကျ တစ်ဝကြီးခံစားနိုင်မှာပဲဖြစ်ပါကြောင်း…
အညွှန်း
James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့်ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။
ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ကစ်တာဘယ်လောက်အထိလဲဆိုရင် Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီးကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်း Dr.Evilကလိုက်ဝတ်တာမျိုး၊ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်း Random Taskဆိုတဲ့လူဆိုးဟာဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာ ရုပ်ဖြောင့်လို့အပြင်ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံးမျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့်ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာ အရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီးလူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကို ထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီးပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်း ပိုDarkတဲ့ ဂျိန်းဘွန်းဇာတ်ကားတွေအဖြစ် ပုံစံပြောင်းခဲ့ရကြောင်း ဖြေခဲ့ပါတယ်။ပြီးတော့ ဂျိန်းဘွန်းဇာတ်ကောင်ကိုင်တဲ့ Walther PPK/s .380ပစ္စတိုသေနတ်အတိုင်းလည်း Austin Powersဇာတ်ကောင်ဟာWalther PPK/s .380ကို ကိုင်ဆောင်ပါတယ်။Austin Powersကားတွေဟာ ဂျိန်းဘွန်းကားတွေကိုပဲ ပြောင်ထားတာမဟုတ်ပဲ Star Warsဇာတ်ကားတွေ၊ အဲ့ဒီခေတ်ကဗြိတိန်မှာနာမည်ကြီးခဲ့တဲ့ကြော်ညာတွေ၊ showတွေကိုပါ ပြောင်ထားတာအပြင် တရုတ်ရှင်ရှင်(ဟောင်ကောင်ကားဟောင်း)တွေမှာမှုန်ဝါးဝါးစာတန်းထိုးတာတွေကိုရော၊ ဗြိတိန်နိုင်ငံရဲ့အိမ်ရှေ ့စံဟောင်းကြီး ချားလ်စ်မင်းသားကိုပါ ပြောင်ထားတဲ့အတွက်ဇာတ်ကားတွေထွက်လာတဲ့အချိန်မှာ ဗြိတိန်နဲ့အမေရိကဘက်မှာဝက်ဝက်ကွဲပေါက်ခဲ့ပြီး American Film Institueရဲ့ဟာသကား၂၀၀၀ကနေ အရယ်ရဆုံးကားငါးရာရွေးတဲ့အထဲမှာ ထိပ်ဆုံးကား၁၀၀ထဲမှာပါတဲ့အရမ်းရီရတဲ့ကားတွေအဖြစ်ကိုသတ်မှတ်ခံခဲ့ရပါတယ်။(ဒါ့အပြင် ဒီကားဟာ ဘာသာပြန်ရခက်တဲ့ကားတွေထဲပါ ပါတယ်။ တချို ့ဟာသတွေက ဗြိတိန်နိုင်ငံထဲမှာပဲနေတဲ့လူတွေပဲနားလည်တဲ့ဟာသတွေဖြစ်နေတာတို့၊ စကားပြောတွေကလည်း အဓိပ္ပါယ်နှစ်ခွထွက်တဲ့စကားတွေဖြစ်နေတာတို့ကြောင့်ပြန်ရတော်တော်ကိုခက်ပါတယ်။ တချို ့စာသားတွေဆိုရင် ဘိုလိုကြည့်မှရယ်ရပြီး ဘာသာပြန်လိုက်ရင်မရယ်ရတာမျိုးတွေပါတဲ့အတွက် ပြန်ရတော်တော်ကိုလက်ပေါက်ကပ်ပါတယ်။ အတတ်နိုင်ဆုံးတော့ ဟာသအာဘော်ကိုထိမိအောင်ကြိုးစားထားပါတယ်)။ဒါပေမယ့် ဒီကားထွက်လာခါနီးမှာ အိမ်ရှေ ့စံဟောင်းကြီးရဲ့ကြင်ယာတော်ဟောင်း မင်းသမီးဒိုင်ယာနာကွယ်လွန်သွားခဲ့လို့သူတို့အိမ်ထောင်ရေးကိုဟာသလုပ်ထားတာပါတဲ့ ဒီကားကိုဗြိတိန်နိုင်ငံမှာ ရုံတင်ပြသတာကိုမလုပ်ခဲ့ရပါဘူး။နောက်ပိုင်းအခွေထွက်လာမှပဲ ဗြိတိန်နိုင်ငံက လူတွေကြည့်ခွင့်ရကြတာပါ။ဟာသကားဆိုပြီး ငပေါကားပါကွာဆိုပြီး ပေါ့သေးသေး မထင်ကြနဲ့ဦးဒီTrilogyမှာ ဟောလီးဝုဒ်အနုပညာလောကရဲ့တကယ့်ဂရိတ်၊ ဂရိတ်ကြီးဖြစ်တဲ့ ဒါရိုက်တာကြီး Steven Spielberg၊မင်းသားကြီး Michael Caine၊ Tom Cruise၊ Larry Thomas၊ Brian George၊ Tom Arnoldတို့အပြင်Former Bond Girl Lois Chiles၊ Britney Spearsတို့ဟာ အဓိကဇာတ်ဆောင်နေရာမှာရော၊ဧည့်သည်သရုပ်ဆောင်နေရာမှာပါ အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဒါ့အပြင် အလန်းဆုံးဆုံးကတော့ အဆိုတော် Beyonceဟာ တတိယကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ထားတာပါ။ပြီးတော့ ပထမကားရဲ့ဇာတ်လမ်းဟာလည်း Marvel hero Captain Americaကိုပြောင်ထားတာဖြစ်ပါတယ်။ပထမကားမှာ မင်းသားဟာ အေးခဲခံလိုက်တဲ့အတွက် ပြန်နိုးလာချိန်မှာ Captain Americaလိုပဲပြောင်းလဲသွားတဲ့ခေတ်နဲ့အံဝင်ခွင်ကျဖြစ်မနေတာ ပါ ပါတယ်။ဒါ့အပြင် ဟာသမင်းသားကြီး Jim Carreyကို မူလက Dr.Evilနေရာမှာသရုပ်ဆောင်ဖို့လုပ်ထားပေမယ့် မင်းသားကြီးဟာ Liar Liarဇာတ်ကားနဲ့ရိုက်ရက်တိုက်နေတဲ့အတွက် မပါဖြစ်ခဲ့တာပါ။Austin Powersနေရာကသရုပ်ဆောင်ထားတဲ့မင်းသားကြီး Mike Meyersဟာ ဒီကားရဲ့ဇာတ်ကောင်ကိုဖန်တီးရာမှာပိုအာရုံစိုက်ချင်တဲ့အတွက် A third Wayne’s World (1992)ရုပ်ရှင်ကိုမရိုက်တော့ပဲ Austin Powersဇာတ်ကောင်ကိုပဲဇောက်ချပြီးဖန်တီးခဲ့တဲ့အတွက် ဒဏ္ဍာရီဆန်တဲ့ Austin Powersဇာတ်ကောင်ဟာ အသက်ဝင်လာခဲ့တာပါ။ပြီးတော့ ဒီကားထဲကဇာတ်ကောင်တွေဟာ Deadpoolလိုပဲ 4th wallခနခနဖောက်တတ်ပါသေးတယ်ကဲ…ပြောတာလေအရမ်းရှည်နေပြီဆိုတော့ ပထမကားရဲ့ဇာတ်လမ်းအကျဉ်းကိုပြောပြကြတာပေါ့ပထမကားရဲ့ဇာတ်လမ်းအကျဉ်းကတော့…..Austin Powersကိုအနိုင်မယူနိုင်ပဲဖြစ်နေတဲ့ DrEvilဟာကိုယ့်ကိုယ်အေးခဲခဲ့ပြီး အနာဂတ်မှပြန်လာဖို့လုပ်ဆောင်ခဲ့ပါတယ်။DrEvilကိုတားဆီးဖို့အတွက် Austin Powersဟာလည်း အေးခဲခံခဲ့ပြီးDrEvilကြီး ပြန်ရောက်လာတဲ့အချိန်မှာ နိုးထလာခဲ့ပါတယ်။Drကြီးကို Austinတားဆီးနိုင်ပါ့မလားDrကြီးကလည်း Austinကိုအနိုင်ယူနိုင်တော့မှာလားဆိုတာကိုကိုယ်တိုင်ပဲဆက်ပြီးကြည့်ရှုကြပါYeah! Baby! Yeahဒီကားဟာ ဟာသကားပေမယ့် အောက်လုံးဟာသတွေအများကြီးပါလို့အသက်၁၅နှစ်အောက်မကြည့်ရတဲ့ထဲမှာပါကြောင်းလည်း အသိပေးပါရစေ