Candyman (2021)


 

 

Rating : 6.3/10
Country : United State
Genre :Horror, Thriller
Released Date : 2021
Duration : 1h 39min

အညွှန်း

ဒီတစ်ခေါက်မှာတော့ Clive Barkers ရေးတဲ့
Books of Blood ထဲက The Forbidden ဆိုတဲ့ ဝတ္ထုကို
အခြေခံပြီးရိုက်ခဲ့တဲ့ ဇာတ်ကားတွေထဲကမှ
လေးကားမြောက် Candyman Horror/Thriller ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါ

ပထမဆုံး Original Candyman ကိုတော့ 1992 ခုနှစ်မှာရိုက်ခဲ့ပြီး
Candyman :Farewell to the Flash (1995)
Candyman : Day of the dead (1999) နှစ်ကားကတော့
Sequel အနေနဲ့ ထွက်ရှိခဲ့ပါတယ်

အခု Candyman 2021 ကတော့ Original Candyman ရဲ့ Direct Sequel ပါ

၁၉ရာစုနှောင်းပိုင်းမှာ မတရားအသတ်ခံလိုက်ရပြီး
သရဲဖြစ်လာတဲ့ ပန်းချီဆရာ သကြားလုံးသည်လေး ရှားမန်းတဖြစ်လဲ
ကန်ဒီမန်းလေးရဲ့အကြောင်းကို ကြည့်ကြရမှာပါ

ကဘရီနီဂရင်းတိုက်ခန်းကို သူငယ်ချင်းနဲ့အတူတူပြောင်းလာတဲ့
ပန်းချီဆရာလေးအန်တိုနီတစ်ယောက် အဲ့နားမှာ လက်ဆင့်ကမ်းပြောဆိုနေကြတဲ့
ကန်ဒီမန်းဆိုတဲ့ ပန်းချီဆရာ ဝိဉာဉ်အကြောင်း
ကန်ဒီမန်းသတ်လို့သေသွားတဲ့ ဟယ်လင်ရဲ့အကြောင်းသိထားပြီးချိန်
သူ့ရဲ့ ပန်းချီကားတွေထဲကို ဒီအဖြစ်အပျက်တွေကို ထည့်ရေးဖို့အာရုံရလာပါတယ်

ဒီလိုကနေ ရုတ်တရတ် အတိတ်ကရှုပ်ထွေးတဲ့အဖြစ်အပျက်တွေဆီ
ရောက်သွားမယ့် တံခါးတစ်ချပ်ကို အန်တိုနီကိုယ်တိုင်တောင် မသိလိုက်ဘဲ ဖွင့်မိသွားတဲ့အခါ…..

Candyman 2021 က Original Candyman 1992 ထက် ပိုကြောက်ဖို့ကောင်းတယ်လို့ ဆိုပါတယ်

တချို့စကားလုံးလေးတွေနဲ့ ပြကွက်လေးတချို့ကြောင့်တော့ R rated သတ်မှတ်ထားပါတယ်

 

 

0 comments:

Post a Comment