Showing posts with label Biography. Show all posts
Showing posts with label Biography. Show all posts

 

 


Rating : 7.0/10
Country :United State
Genre :Documentary,Biography,
Released Date : 2022
Duration :  1h 29min
 
 
အညွှန်း
 
အနီရောင်ဘောင်းဘီတို၊ အဝါရောင်ဖိနပ်၊
အဖြူရောင်လက်အိတ်နဲ့ ကြွက်လေး ဆိုတာနဲ့
မစ်ကီမောက်စ်ကို ပြေးမြင်မိကြမှာပါ

တစ်ကမ္ဘာလုံးက ချီးကျူး အသိအမှတ်ပြုရတဲ့ Animation လောကရဲ့ ပြယုဂ်ဖြစ်လာမယ့်
မစ်ကီမောက်စ်ကို 1928 ခုနှစ်မှာ နာမည်ကျော် ဝေါ့တ်ဒစ်စနေ နဲ့ အာ့ဘ်အိုင်ဝါ့ခ်စ်တို့က ဖန်တီးခဲ့ကြပါတယ်

ဝေါ့တ်ဒစ်စနေဟာ အရာအားလုံးဆုံးရှုံးသွားတဲ့အချိန်မှာ မစ်ကီမောက်စ်ကို ရှာတွေ့ခဲ့တာပါ
အဲဒီနောက်မှာတော့ တစ်ဟုန်ထိုး နာမည်ကြီးလာတဲ့ မစ်ကီ၊
အမေရိကန်နိုင်ငံ စီးပွါးရေးပျက်ကပ်ကာလထဲက မစ်ကီ၊
ဒုတိယကမ္ဘာစစ်အတွင်းက မစ်ကီ၊
ဒုတိယ ကမ္ဘာစစ်အလွန် စစ်အေးကာလက မစ်ကီ၊
လူမျိုးရေးခွဲခြားမှုတွေ ကြားထဲက မစ်ကီ၊
ဗီယက်နမ်စစ်ပွဲကြားက မစ်ကီ၊
မူပိုင်ခွင့်တွေကြားထဲက မစ်ကီ…

အစရှိသဖြင့် မစ်ကီဟာ ကာလမျိုးစုံကို ပုံစံမျိုးစုံနဲ့ ဖြတ်သန်းခဲ့ရပါတယ်

ကမ္ဘာပေါ်က အတွေ့အကြုံ အရင့်ကျက်ဆုံး ကာတွန်းဇာတ်ကောင်လို့ ဆိုလိုက်ရင် မစ်ကီကိုပဲ ပြရမှာပါ

2022 နိုဝင်ဘာမှာ 94 နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့
မစ်ကီကို ကာတွန်းဇာတ်ကောင်ထက်ပိုတဲ့ သက်ရှိပြယုဂ်အဖြစ်
ယနေ့ထက်တိုင် တစ်ကမ္ဘာလုံးက လက်ခံထားကြဆဲ ဖြစ်သလို
မစ်ကီရဲ့ ရုပ်ပုံတွေကလည်း နေရာအနှံ့မှာ နေရာယူထားဆဲပါ

ရာစုနှစ် တစ်စုနီးပါး အနိမ့်အမြင့် အတက်အကျတွေကြားထဲမှာ
မဆုတ်မနစ် ခရီးနှင်ခဲ့တဲ့ ကြွက်တစ်ကောင်ရဲ့ခရီးစဉ်ကို
မစ်ကီမောက်စ် မှတ်တမ်းရုပ်ရှင်ထဲမှာ လိုက်ပါ ခံစားကြည့်ရအောင်ပါ
Read More 0 comments

 


 

Rating : 7.2/10
Country :United State
Genre :Documentary,Biography,Sport,
Released Date : 2022
Duration :  1h 30min
 
 
အညွှန်း
Conor McGregor ဆိုတဲ့ ဖိုက်တာကြီးကို သူထိုးတဲ့ပွဲတိုင်းကို

မကြည့်ဖူးရင်သာနေမယ် အမိုက်စား တော်ကီတွေနဲ့

တစ်ဘက်ပြိုင်ဘက်ကို ရှယ်လှော်တတ်ဘဲကြီးဆိုပြီး

သတိတော့ထားမိကြတယ်မလား..ပြီးရင်ထီမထင်တဲ့

သွားဟန်လာဟန်နဲ့ သူဟာ လူငယ်တွေကြားထဲတော့အတော်ရေပန်းစားပါတယ်..

Conor McGregor ဆိုရင်
အိုင်ယာလန်နိုင်ငံသား ဝိတ်တန်းနှစ်ခုမှာချန်ပီယံဖြစ်ခဲ့တဲ့ပထမဆုံးဖိုက်တာ
ဝိတ်တန်းသုံးခုက ပြိုင်ဖက်တွေကို အလဲထိုးပြနိုင်တဲ့ပထမဆုံးဖိုက်တာ
UFC ရဲ့ဝင်ငွေအများဆုံးဖိုက်တာတစ်ယောက်ကို ပြေးမြင်မိမှာပါပဲ။

ရေပိုက်ပြင်သမားဘဝကနေ UFC ရဲ့ ဝင်ငွေအများဆုံးဖြစ်လာတဲ့
ကော်နာဟာ ဒီလိုဘဝကိုရောက်ရှိဖို့အတွက် သွေးတွေချွေးတွေအများကြီးရင်းနှီးခဲ့ရပြီး
ဇွဲကြီးကြီးနဲ့ ပြိုင်ဖက်တွေကိုရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။

ဘယ်သူပဲလာလာ ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်ဝိတ်တန်းမှာဖြစ်ဖြစ်
နိုင်အောင်ထိုးမယ်ဆိုတဲ့ McGregor ရဲ့ UFC မရောက်ခင်ကအကြောင်းတွေ
ချန်ပီယံဖြစ်လာဖို့ လမ်းကြောင်းတစ်လျှောက်က အခက်အခဲတွေ ပြင်ဆင်မှုတွေအကြောင်း
ရိုက်ကူးထားတဲ့ဒီ Conor McGregor:Notorious ဆိုတဲ့ Document ကတော့ ပရိတ်သတ်တွေ
အကြိုက်တွေ့မယ့် ရုပ်ရှင်တစ်ခုဖြစ်မှာ အသေအချာပဲဖြစ်ပါတယ်။
Read More 0 comments


Rating : 9.2/10
Country :India
Genre :Action,Biography,Drama,India Movie,
Released Date : 2022
Duration :  2h 37min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Rocketry: The Nambi Effect ဟာအိန္ဒိယရဲ့ဂုဏ်ထူးဆောင် သိပ္ပံပညာရှင်၊ လေကြောင်း၊

အာကာသယာဉ်တည်ဆောက်မှုအင်ဂျင်နီယာကြီး
Nambi Narayanan ရဲ့ဘ၀ဇာတ်ကြောင်းကို အခြေခံထားတဲ့ biographical drama

ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားမှာတော့ Narayanan ရဲ့ပရင်စတန်တက္ကသိုလ်ဘွဲ့ရကျောင်းသားဘ၀၊

သိပ္ပံပညာရှင်တစ်ဦးမဖြစ်ခင်ဘ၀နဲ့
သူ့အပေါ်သူလျှိုမှုနဲ့လုပ်ကြံစွဲချက်တင်ခံခဲ့ရပုံတွေနဲ့ ဒီလောကဓံတွေကို

ရင်ဆိုင်ဖြတ်ကျော်ခဲ့ပုံတွေကိုရှုစားရမှာဖြစ်ပါတယ်။
Nambi Narayanan အဖြစ် 3 Idiots ဇာတ်ကားနဲ့မြန်မာပရိသတ်တွေရင်းနှီးကြတဲ့

R. Madhavan ကခေါင်းဆောင်ပါဝင်ထားတဲ့အပြင်
ဇာတ်လမ်းဇာတ်ညွှန်းဒါရိုက်တာအဖြစ်ပါတာဝန်ယူခဲ့တာပါ။

ဝေဖန်သူတွေရော ပရိသတ်တွေပါ အကြိုက်တွေ့အောင်မြင်ခဲ့ပြီး
ကိန်းရုပ်ရှင်ပွဲတော်မှာပြသဖို့ရွေးချယ်ခံခဲ့ရတဲ့ ရုပ်ရှင် ၆ ကားထဲမှာတစ်ကားအပါအဝင်ဖြစ်ခဲ့ပါတယ်။
ကမ္ဘာကျော်ဘောလိဝုဒ်မင်းသားကြီး Shah Rukh Khan နဲ့

ထိပ်သီးတမီလ်မင်းသားကြီး Suriya တို့ကလဲ Cameo ပါဝင်ပေးထားပါသေးတယ်။
အတ္တုပတ္တိဇာတ်ကားတစ်ကားဆိုပေမယ့် ပျင်းစရာမကောင်းပဲနစ်မျောသွားအောင်

သေသပ်တဲ့တင်ဆက်ပုံ၊ပီပြင်တဲ့ ဇာတ်ပို့ဇာတ်ရံတွေရဲ့
အင်အားနဲ့အဆုံးအထိဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

 

 

Read More 0 comments


 

Rating : 6.7/10
Country : United State
Genre :Biography,Drama,
Released Date : 2022
Duration :  2h 4min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Mark Wahlberg နဲ့ Mel Gibson တို့ရဲ့ Father Stu လာပါပြီဗျာ။

Father Stu ဆိုတာကတော့ ထိုးဖို့ ကြိတ်ဖို့ သတ်ဖို့ ပုတ်ဖို့ပဲ
စိတ်ဝင်စားတဲ့ လက်ဝှေ့သမား အဖြစ်ကနေ
လူတွေကို ပျက်စီးရာပျက်စီးကြောင်းကနေ အဖတ်ဆယ် ကယ်တင်ပေးသူ
ခရစ်ယာန်ဘုန်းတော်ကြီး ဖြစ်လာတဲ့ Stuart Long အကြောင်း
ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါ

Stuart Long ဟာ ဆိုးသွမ်းတဲ့ ဖခင်ဒဏ်ကို ခံရပြီး
ကြမ်းကြမ်းတမ်းတမ်း ကြီးပြင်းလာရတဲ့ လက်ဝှေ့သမားတစ်ယောက်ပါ

လက်ဝှေ့ထိုးနေရင်း ဆိုးဝါးတဲ့ မေးရိုးရောဂါကြောင့်
လက်ဝှေ့သမားအဖြစ်ကနေ နှုတ်ထွက်ခဲ့ရပြီး သရုပ်ဆောင် လုပ်မယ်ဆိုပြီး LA ကို ထွက်လာခဲ့ပါတယ်

LA က စူပါးမားကတ်မှာ အလုပ်လုပ်ပြီး သရုပ်ဆောင်လုပ်ဖို့ ကြိုးစား ရုန်းကန်ရပုံတွေ
စူပါမားကတ်ကို စျေးဝယ်လာတဲ့ ကတ်သလစ်ဘာသာဝင် မိန်းကလေးတစ်ယောက်ကို သဘောကျမိရာက
ဘုရားကျောင်းရောက်သွားပြီး ဖာသာဘဝကို ရောက်ခဲ့ရပုံတွေ
စတာတွေကို သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားတာပါ

 

Read More 0 comments


 

 

Rating : 7.2/10
Country : India
Genre : Biography, Drama, Sport
Released Date : 2022
Duration :  2h 56min

Downdoad Link

============

Google Drive -

Telegram -

 

အညွှန်း

အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ မင်းသားကြီး အမီတာဘချမ်းရဲ့ကားသစ်လေး ထွက်ရှိလာခဲ့ပါပြီ။

၉၀ ခုနှစ်တွေကတည်းက အိန္ဒိယရုပ်ရှင်ပရိသတ်တွေရဲ့အသည်းနှလုံးကို သိမ်းပိုက်လာတဲ့

မင်းသားကြီး အမီတာဘချမ်းကတော့ အသက် ၇၉ နှစ်ရှိပြီဆိုပေမဲ့ ငယ်တုန်းကလို လန်းမြဲလန်းဆဲပါပဲ။

လက်ရှိအထိ အိန္ဒိယရုံတင်ကားတွေရဲ့သမိုင်းမှာ လွှမ်းမိုးမှုအရှိဆုံးသူတွေထဲကတစ်ယောက်လို့

သတ်မှတ်ခံထားရတာပါ။ ဒီကားထဲမှာတော့ သူ့ရဲ့ရင့်ကျက်တဲ့သရုပ်ဆောင်ချက်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီကားလေးကတော့ NGO slum soccer ကို တည်ထောင်ခဲ့သူဖြစ်တဲ့ Vijay Barse ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ဒေသတွေမှာ ငွေကြေးမတတ်နိုင်တဲ့အလျောက် ပညာရေးကလည်း နိမ့်ကျနေတတ်ပါတယ်။

အိမ်တစ်အိမ်မှာရှိတဲ့ ကလေးတွေကပါ အလုပ်ထွက်လုပ်ရတော့ ပညာမသင်ရ၊ အားကစားလိုက်စားခွင့်မရတဲ့အပြင်

ငွေကြေးကို အလွယ်ရဖို့ ခိုးဆိုးလုနှိုက်ပြီး ပြန်ရောင်းစားတာတွေအထိပါ လုပ်လာကြပါတယ်။

အဲဒီကထက် တစ်ဆင့်တက်ပြီး ဈေးပေါတဲ့အရက်ဆေးလိပ်တွေနဲ့ မူးယစ်ဆေးစွဲတဲ့အထိ ဖြစ်လာကြပြန်ပါတယ်။

 

ဒီလိုနဲ့ အငြိမ်းစား အားကစားဆရာတစ်ယောက်က အဲဒီလို ဆင်းရဲနွမ်းပါးတဲ့အရပ်ထဲမှာရှိတဲ့

စာမတတ်တဲ့ လူကြီးတွေကို စာသင်ပေးဖို့ ရောက်လာရင်းနဲ့ လူငယ်တွေ၊

ကလေးတွေ ဖြစ်ပျက်နေတဲ့အခြေအနေကို မျက်မြင်ကြုံတွေ့လိုက်ရပါတော့တယ်။

ကလေးတွေရဲ့အနာဂတ်ကို မပျက်စီးစေချင်တဲ့စေတနာ၊ မိမိကျွမ်းကျင်ပိုင်နိုင်တဲ့ပညာရပ်နဲ့

ဒီဆင်းရဲတွင်းထဲက ဒီကလေးတွေကို ဘယ်လိုဆွဲဆောင်ရမလဲဆို‌တဲ့

ဆင်ခြင်ဉာဏ်တို့ ပေါင်းစပ်ပြီး ဘောလုံးအားကစားကို လက်တွဲခေါ်သင်ကြားပေးရင်း

ဘယ်လောက်အထိ ထွန်းပေါက်အောင် ဖန်တီးပေးနိုင်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှုရမှာပါ။

 

ဒီကားလေးကိုတော့ 2018 ခုနှစ် ဒီဇင်ဘာမှာ ဒါရိုက်တာ Nagraj Manjule က

စတင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ IMDb 7.2/10 ရရှိထားပြီးတော့

ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်လို့ ဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေနော်။

Read More 0 comments


 

 

Rating : 6.8/10
Country :United State
Genre : Drama, Biography
Released Date : 2022
Duration :  2h 9min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

စစ်ပြန်ရဲ​ဘော်​တွေ စစ်မှုထမ်း​ဟောင်းတွေ ​နေရပ်ပြန်​ရောက်ရင်

စစ်အနိဌာရုံ​တွေ​ကို ပြန်မြင်​ယောင်ပြီး စိတ်ဒဏ်ရာ ရသွားတယ်

ဆိုတာမျိုး ကြားဖူးကြမှာ​​​​ပေါ့၊ တကယ်လို့များ ဒုတိယကမ္ဘာစစ်

နာဇီစစ်သုံ့ပုန်းစခန်းက​နေ ဂျူးလူမျိုးတစ်​ယောက် အသက်​ရှင်လျက်

လွတ်​မြောက်လာခဲ့တယ်ဆိုရင် အဲဒီဂျူးလူမျိုးရဲ့စိတ်မှာ

ဒဏ်ရာအနာတရ​တွေ အတိတ်ရဲ့အရိပ်တ​စ္ဆေ​တွေ ဘယ်​လောက်

များ​နေမယ်ထင်ပါသလဲ။

 

The Survivorဆိုတဲ့ ၂၀၂၁ထွက် ရုံတင် Biographicalရုပ်ရှင်က​တော့

အက်ရှ်ဝှစ်ဇ် သုံ့ပန်းစခန်းဆိုတဲ့ ဂျူးလူမျိုး​တို့အတွက်

ငရဲတမျှ ရက်စက် ကြမ်းကြုတ်လွန်းတဲ့ နာဇီသုံ့ပန်းစခန်းက​​နေ

လွတ်​မြောက်လာခဲ့ပြီး စစ်​ကြီးပြီးတဲ့​နောက် အ​မေရိကန်နိုင်ငံမှာ

လက်​ဝှေ့သမား ဖြစ်လာခဲ့တဲ့ ဟယ်ရီဟာ့ဖ် ​ခေါ် ဟက်ဇ်ကိုဟာ့ဖ်အ​ကြောင်း

ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ IMDb မှာ 7.5

Rotten Tomatoes 75%နဲ့ Metacritic 72% အထိ ရရှိထား

တာပဲဖြစ်ပါတယ်။

 

အက်ရှ်ဝှစ်ဇ်ငရဲခန်းကြီးမှာ အသက်ရှင်သန်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရလဲ၊

ထိုစခန်းမှ ဘယ်လိုလွတ်​မြောက်လာကာ USမှာ

လက်​ဝှေ့သမားအဖြစ် ဘယ်လိုအသက်​မွေးရပ်တည်မလဲ၊

သူ့ရဲ့စိတ်ဒဏ်ရာ​တွေက အတိတ်မှာ​ရော ပစ္စုပ္ပန်မှာပါ

ဘယ်​​လောက် ဒုက္ခ​ပေးမလဲ၊ အဲဒီ​ ခြောက်လှန့်မှု​တွေကို

ဘယ်လိုရင်ဆိုင်မလဲဆိုတာကို HBO တို့ထုံးစံအတိုင်း

ဇာတ်အိမ်​ လေး​လေးပင်ပင်၊Setting​ ကောင်း​ကောင်းနဲ့

ရိုက်ကူးထားတာဖြစ်လို့ အညွှန်းကိုတောင်

အ​ထွေအထူးကွန့်​​ဖို့မလိုတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်၊

ကြည့်ရှုပြီးသွားချိန်မှာ​ ရသတစ်မျိုး ခံစားရစ်ခဲ့မှာ ​သေချာတဲ့

Heavy Drama movieပဲဖြစ်ပါတယ်။

Read More 0 comments


Rating : 7.0/10
Country :India
Genre : Biography,Crime,Drama,India Movie,
Released Date : 2022
Duration :  2h 32min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဇာတ်လမ်းကလဲ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။
1960ခုနှစ်များဆီက မွန်ဘိုင်းရဲ့ မာဖီးယားဘုရင်မတစ်ယောက်ဖြစ်တဲ့ Ganga Harjivandas ရဲ့ ဘဝဇာတ်ကြောင်းဖြစ်ပါတယ်။
သူမဟာ ငယ်စဉ်ကဘောလီးဝုဒ်ရုပ်ရှင်စတားတစ်ယောက်​ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမဲ့ ချစ်သူရဲ့ လှည့်စားမှုကို ခံရပြီး
ပြည့်တန်ဆာအဖြစ် ရောင်းစားခံလိုက်ရပါတော့တယ်။
ထက်မြက်တဲ့မိန်းမတစ်ယောက်ဟာခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆိုင်ပြီး ပြည့်တန်ဆာခေါင်းအဖြစ်ရှင်သန်ရပ်တည်လာတဲ့နောက်မှာ ယဉ်ကျေးမှုအစဉ်အလာအားကြီးတဲ့အိန္ဒိယနိုင်ငံရဲ့ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းက နှစ်တစ်ရာလောက်ရပ်တည်လာတဲ့ သူမတို့ ပြည့်တန်ဆာအိမ်က အမျိုးသမီး ၄၀၀၀ရဲ့ ဘဝတွေကို တိုက်ခိုက်ရန်စလာတဲ့အခါ…
အနာဂတ်ကိုဆက်လျှောက်ရမယ့် ကလေးတွေနဲ့ ပြည့်တန်ဆာတစ်ယောက်မှာလည်း ရသင့်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပညာသင်ခွင့်နဲ့ အခွင့်အရေးအတွက် သူမဘယ်လိုရင်ဆိုင်သွားမလဲ။

“ယောကျာ်းတွေက လူသေကောင်နဲ့ဆိုရင်တောင် ယုံရတာမဟုတ်ဘူး”ဆိုတဲ့ နာကျင်နေတဲ့သူမစကားရဲ့နောက်မှာ ရှုံ့ချမှုတွေ၊ ဒဏ်ရာတွေကို သူမဘယ်လိုကြံ့ကြံ့ခံမလဲ။
တစ်ခုခုဆိုတာနဲ့ အပြစ်တင်ရှုံ့ချတတ်တဲ့ လူထုဆိုတဲ့အရာကရော သူမတို့ကို နောက်ဆုံးထိ တိုက်ခိုက်သွားနိုင်မှာလားဆိုတာ ဒီ Gangubai Kathiawadi ဆိုတဲ့ကားလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။

မိန်းမတစ်ယောက်ရဲ့ အတိတ်ရဲ့ဒဏ်ရာနဲ့ ဒဏ်ရာကို ရင်ဆိုင်တိုက်ခိုက်ရဲတဲ့ ​ သတ္တိတွေဆီကနေ ဘာသင်ခန်းစာတွေများ ရနိုင်မလဲဆိုတာ….။

 

 

 

Read More 0 comments


 

 

Rating : 6.3/10
Country : United State
Genre : Biography
Released Date : 2022
Duration :  44min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဝစ်‌တနေ ဟူစတန် (Whitney Houston)လို့ ပြောလိုက်တာနဲ့ မသိသူမရှိလောက်အောင်
ဩဇာတိက္ကမကြီးမားလွန်းလှတဲ့ ကမ္ဘာကျော်အမျိုးသမီး အဆိုတော်ဖြစ်ပါတယ်။
အနည်းဆုံးတော့ သင်ဟာ သူ့ရဲ့ vocal အားကောင်းကောင်းနဲ့ သီဆိုထားတဲ့
I will always love you ဆိုတဲ့ သီချင်းကိုတော့ ရင်းနှီးနေမှာပဲဖြစ်ပါတယ်။

သူမကို ၁၉၆၃ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ နူးဝါ့ခ် မြို့မှာ ဖွားမြင်ပါတယ်။
အာဖရိကန်အမေရိကန်လူမျိုး၊ အဆိုကျော်၊ ရုပ်ရှင်သရုပ်ဆောင်ဖြစ်သူ ဒီအမျိုးသမီးဟာ
၂၀၁၂ ခုနှစ် ရဲ့ဂရမ်မီမကျင်းပခင် တစ်ရက်အလိုဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။

သူမဘဝဇာတ်ကြောင်းကို ရိုက်ကူးထားပြီး ၂၀၁၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့
Whitney ဆိုတဲ့ရုပ်ရှင်ကားဟာဆိုရင် IMDb 7.3 ရရှိတဲ့အထိကို ကောင်းမွန်ခဲ့တာဖြစ်ပြီး
သူ့မဘဝအကြောင်းရိုက်ထားတဲ့ ဇာတ်ကားတွေ၊ တီဗီစီးရီးတွေများစွာထွက်ရှိခဲ့ရတဲ့အထိကို အောင်မြင်ကျော်ကြားခဲ့တဲ့ အမျိုးသမီးဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်မှာ သူမနဲ့ မင်းသားကယ်ဗင်ကော့စနာတို့ ရိုက်ကူးထားတဲ့
The Bodyguard ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာလည်း IMDb 6.3 ထိရရှိထားပြီး
ဘက်ဂျက် ၂၅ သန်းပဲသုံးခဲ့တာကို ရုံတင်ဝင်ငွေ သန်းပေါင်း ၄၁၁ သန်းပြန်လည်ရရှိတဲ့ထိကို အောင်မြင်ခဲ့တာဖြစ်ပါတယ်။
I will always love you ဆိုတဲ့သီချင်းဟာ ဒီရုပ်ရှင်ကားရဲ့ ဇာတ်ဝင်သီချင်းဖြစ်သလို
ဝစ်‌တနေကို ပိုပြီးအောင်မြင်ကျော်ကြားအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ သီချင်းလည်းဖြစ်ပါတယ်။

ဂရမ်မီဆု‌ ၆ ဆုတိတိတောင်ရရှိထားတဲ့ ဒီအမျိုးသမီးအဆိုတော်ရဲ့
၂၀၂၂ ခုမှာထွက်ရှိလာတဲ့ Whitney Houston: A Look Backဆိုတဲ့ documentary လေးထဲမှာတော့
သူ့ရဲ့အရင်အင်တာဗျူးတွေ ရုပ်ရှင်ကားတွေ တီဗီဇာတ်လမ်းတွဲတွေမှာတောင် မပါဝင်ခဲ့တဲ့
အတိုအထွာ အပိုင်းအစကောင်းကောင်းလေးတွေကို စုစည်းထားပြီး
Pele ရဲ့ရုပ်ရှင်ကားကြည့်ကောင်းသလို Pele ရဲ့ documentary ကြည့်ကောင်းတဲ့အတိုင်း ကြည့်လို့ကောင်းတဲ့ documentary လေးဖြစ်ပါတယ်။
ဒါကြောင့် ဝစ်တနေထံပြန်လည်အောက်မေ့တမ်းတခြင်းဆိုတဲ့ ဒီ documentary လေးကိုလည်း
ဝစ်တနေပရိသတ်တွေ အများသူငှာတွေကြည့်ရှုရန်အလို့မှာ တင်ဆက်ပေးလိုက်ရပါတယ်။

Read More 0 comments


 

 

Rating : 6.5/10
Country : United State
Genre : Biography , Drama, History
Released Date : 2006
Duration :  2h 3min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

၁၇ ရာစုမှာ ပြင်သစ်တော်လှန်ရေးဖြစ်ခဲ့ပြီး
တော်လှန်ရေးမဖြစ်ခင် နောက်ဆုံးစိုးစံခဲ့တဲ့
ဘုရင်မက မာရီအန်တွီနက်ပါပဲ

သူကတော့ တခြားသူမဟုတ်ပါဘူး
‘ပေါင်မုန့်မရှိရင် ကိတ်မုန့်စား’ ဆိုပြီး
ရာဇဝင်တွင်မယ့် စကားကိုဆိုခဲ့တဲ့သူပဲဖြစ်ပါတယ်

ဒီဇာတ်ကားဟာ သူ့ကိုဗဟိုပြုပြီး ရိုက်ကူးထားတာဖြစ်ပြီးspiderman မင်းသမီးဟောင်း
Christen Dunst ပါဝင်ထားပါတယ်

မာရီတစ်ယောက် အမျိုးသမီးပင် ဖြစ်လင့်ကစား

ပြင်သစ်နန်းတွင်းမှာ ဝင်ဆန့်အောင်ကြိုးစားရပုံတွေ

ထီးနန်းဆက်ခံမယ့်သားတော်မွေးစေချင်တဲ့ ဖိအားတွေကို

ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ…

Read More 0 comments


Rating : 3.9/10
Country : United State
Genre : Documentary,Biography,Sport
Released Date : 2022
Duration : 1h 59min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒေးဗစ်ဘက်ခမ်းဆိုတဲ့ နာမည်တစ်လုံးဟာ ​ဘောလုံးအားကစား
ကို ချစ်မြတ်နိုးတဲ့သူ​တွေ​ရော၊ဘောလုံးအ​ကြောင်း ဘာဆိုဘာမှ
မသိတဲ့လူ​တွေအတွက်ပါ လုံးဝမစိမ်းတဲ့နာမည်တစ်ခုပါ၊ လန်ဒန်
ဇာတိဖြစ်တဲ့ ဘက်ခမ်းဟာ ပရိုကစားသမားဘဝကို အင်္ဂလန်ရဲ့
အ​အောင်မြင်ဆုံးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်မှာ
အစပြုခဲ့ပြီးရီးရဲလ်မက်ဒရစ်၊အေစီမီလန်တို့လို ကမ္ဘာ့ထိပ်သီး
အသင်း​တွေမှာ လည်း ကစားခဲ့ဖူးသူပါ၊ ပရီးမီးယားလိဂ်ဖလား၆လုံ၊
အက်ဖ်​​အေဖလား၂လုံး လာလီဂါဖလား၁လုံး၊ ချန်ပီယံလိဂ်ဖလား
၁လုံးအပြင် ဆုဖလား​​ပေါင်းများစွာရရှိဖူးတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့
ကစားသမားဘဝ ​အောင်မြင်မှုဟာ ​မေးခွန်းထုတ်စရာမရှိပါဘူး။

ဒါအပြင် ​ဗြိတိန်နာမည်​ကျော် Spice Girlsအဆို​တော်အဖွဲ့ဝင်
ဗစ်တိုးရီးယားနဲ့ လက်ထပ်ပြီး​နောက် ​ဘက်ခမ်းဟာ ဘောလုံး
သမားတစ်​ယောက်ရဲ့​အောင်မြင်မှုအပြင် celebrityတစ်ဦးရဲ့
​အောင်မြင်မှု၊ သူ့ရဲ့ပုံရိပ်မြှင့်တင်မှု​တွေပါ လုပ်လာခဲ့ပြီး ကမ္ဘာ
​ပေါ်မှာ မသိသူမရှိတဲ့ Sportman, Merchandising icon
တစ်ဦးဖြစ်လာခဲ့သူပါ။

ဒီလို​အောင်မြင်မှု​တွေ ရရှိလာခြင်းနဲ့အတူ သူ​ပေးဆပ်လိုက်ရတဲ့
အရာ​တွေကို ဒီ documentaryထဲမှာ အတိအလင်း​ဖော်ပြထား
ပါတယ်၊ မန်ယူနိုက်တက်ရဲ့ သမိုင်းဝင်ဖလား၃လုံး​အောင်မြင်မှု
မှာ အ​ရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သလို ၂၀၀၂မှာ ကမ္ဘာ့
လုပ်ခလစာအများဆုံး ကစားသမားဖြစ်လာခဲ့တဲ့ ဘက်ခမ်းဟာ
သူ့ရဲ့imageကို ​​ဘောလုံးကစားတာထက် ပိုအ​လေး​ပေးတာ​လို့
နောက်ဆက်တွဲ​ဖြစ်လာတဲ့ ဆာအဲလက် ဖာဂူဆန်နဲ့ အကွဲအပြဲ​
ဇာတ်လမ်း​တွေ၊ ထိုမှတဆင့် ရီးရဲလ်အသင်းကို ထွက်သွားရပြီး
ထိပ်သီး​ဘောလုံးသမားဘဝမှ တဖြည်းဖြည်း​မှေးမှိန်သွားပုံကို
မြင်​တွေ့ရမှာပါ၊ဒါ့အပြင် အင်္ဂလန်အသင်းရဲ့ကျိန်စာလို့​ဆိုရမယ့်
ကမ္ဘာ့ဖလား​၄ကြိမ်အပါအဝင် နိုင်ငံတကာဖလား​ အောင်မြင်မှု
မရှိတဲ့ကိစ္စမှာ အသင်း​ခေါင်း​ဆောင်အ​နေနဲ့ အဓိကထိုးနှက်ခံရပုံ
​တွေကို Docu နာမည်နဲ့အညီ ပိုအသား​ပေး​ဖော်ပြထားပါတယ်၊

ဘယ်လိုပဲဖြစ်ဖြစ် ဒေးဗစ်ဘက်ခမ်းဆိုတဲ့ နာမည်တစ်လုံးဟာ
မန်ယူနိုက်တက်နဲ့အင်္ဂလန်ပရိတ်သတ်​​တွေကြားမှာ ဂန္တဝင်တစ်ဦး
အဖြစ် အမြဲရှိသွားမှာဖြစ်သလို ​မော်ဒန်​​​ဘောလုံးသမား​​​တစ်ဦးရဲ့
ကစားသမားဘဝနဲ့ ကိုယ့်ရဲ့ပုံရိပ် ​အောင်မြင်မှုအချိုးကျ​​အောင်
ဘယ်လိုလုပ်ပြရမလဲဆိုတာကို ​ရှေ့​ဆောင်လမ်းပြခဲ့သူလို့ ​ပြော
ရင်လည်း မှားမယ်မထင်ပါဘူး။

 

 

Read More 0 comments


 

Rating : 7.2/10
Country :United State
Genre : Biography,Drama,Family,
Released Date : 2022
Duration : 1h 30min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

K9 ဆိုတဲ့ အနံ့ခံခွေးတပ်ဖွဲ့ကို အရမ်းကိုဝင်ချင်နေတဲ့ ဒန်နီရယ်

ဘယ်အိမ်ကမှာမမွေးစားနိုင်အောင်ဆိုးလို့ ဂေဟာမှာ သောင်တင်နေတဲ့

ရူဘီဆိုတဲ့ ခွေးမလေးအကြောင်းဖြစ်ရပ်မှန်ရိုက်ထားတဲ့ကားလေးပါပဲ

ဟော့ဒေါဆိုရင် မနေနိုင်မထိုင်နိုင် အရမ်းကြိုက်တဲ့ ခွေးမလေးရူဘီဟာ

သူ့ရဲ့သခင်အမှန်ကိုမတွေ့ရသေးခင်အထိ မွေးစားတဲ့အိမ်တွေမှာ

စကားနားမထောင်ဘဲ လုပ်ချင်တာတွေလုပ်လို့ ဂေဟာမှာသောင်တင်နေတာပါ

ဒန်နီရယ်ကလည်း K9ကိုဝင်ချင်လွန်းလို့ စာမေးပွဲ ၈ကြိမ်ဖြေပြီးတဲ့အထိ

မအောင်သေးတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ပါ တစ်နေ့တော့ ဘယ်သူမှ

မမွေးစားတဲ့ ရူဘီကို ဂေဟာက လက်စသတ်ဖို့လုပ်နေတုန်း

အကြောင်းအရာတိုက်ဆိုင်ပြီး ဒန်နီရယ်တဲ့တွေ့သွားကြတဲ့အခါ

ဘာတွေဖြစ်လာမလဲ ရူဘီ့ကို ဒန်နီရယ်က သူများတွေနဲ့မတူဘဲ

လေ့ကျင့်ပေးနိုင်မလား ရူဘီကရောဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာ

ကြည်နူးမှုလေးနဲ့ ကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါ

တချို့ကားတွေလို့ ခွေးလိမ္မာလေးက အစစအရာရာလိမ္မာတာမဟုတ်ဘဲ

ခက်ခက်ခဲခဲသင်ကြားပေးရတဲ့ကားဆိုတော့ ကြည့်ရတာတန်မှန်လို့

မျှော်လင့်ပါတယ်

 

 

Read More 0 comments


 

 

Rating : 5.0/10
Country :Philippines
Genre : Drama,Biography,Philippines Movie,
Released Date : 2021
Duration : 1h 40min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ဝန်ရဲ့ ဘဝကို ရိုက်ကူးပုံဖော်ထားတာပဲ
ဖြစ်ပါတယ်။

အဓိကဇာတ်ဆောင်ကတော့ မြန်မာပရိသတ်တွေနဲ့လည်း မစိမ်းလှသူပါ။

၂၀၁၈ ခုနှစ်က မြန်မာမှာကျင်းပခဲ့တဲ့ Miss Grand International Miss ပြိုင်ပွဲမှာပါ လာရောက်ပြီး host လုပ်ပေးခဲ့တဲ့
နာမည်ကြီးမင်းသားချော Xian Lim ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး အခြား အနုပညာရှင်တွေလည်း ပါဝင်အားဖြည့်ထားပါတယ်။

ဇာတ်လမ်းအကျဥ်းလေးကတော့

ဆင်းရဲသားရပ်ကွက်မှာ ကြီးပြင်းခဲ့တဲ့ ကလေးတစ်ယောက်ဟာ
အမှိုက်ကောက်၊ အမှိုက်ရှာရင်း အမှိုက်ပုံကြားမှာပဲ နေခဲ့ရပါတယ်။

ဒါပေမဲ့ ပညာလိုလားတဲ့ ၊ သင်ယူချင်စိတ်ပြင်းပြတဲ့
အများအကျိုးကို သယ်ပိုးလိုတဲ့ ဒီကလေးလေးဟာ
တောက်မယ့်မီးခဲ တရဲရဲဆိုသလို
နွံထဲက ကြာပန်းလိုပဲ နေရာစုံမှာ အောင်မြင်ခဲ့ပါတယ်။

ဒါပေမဲ့ လွယ်လွယ်နဲ့တော့ ရခဲ့တာမဟုတ်ပါဘူး။
ဘဝဇာတ်ခုံအဖုံဖုံမှာ ကပြအသုံးတော်ခံရင်း
လှိုင်းတံပိုးထန် ကြမ်းတမ်းတဲ့သူ့ဘဝမှာ
ဘယ်လိုဖြစ်ပြီး နိုင်ငံ့အကြီးအကဲတစ်ယောက် ဖြစ်လာသလဲဆိုတာ
စိတ်ဝင်စားဖွယ်ကောင်းရုံတင်မက…..

Read More 0 comments


 

 

 

Rating : 6.5/10
Country :United State
Genre : Biography,Comedy,Drama,
Released Date : 2020
Duration : 2h 8min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

My Heart Will Go On ” ဆိုတဲ့ တိုက်တန်းနစ်သီချင်းလို့ လူသိများတဲ့
ကမ္ဘာကျော်သီချင်းရဲ့ သီချင်းရှင် Celine Dion ကို မိတ်ဆက်ပေးစရာ မလိုလောက်အောင် လူတိုင်းနီးပါး သိကြပြီးသား ဖြစ်မှာပါ။

နှုတ်ခမ်းဖျားလေးနဲ့တင် High Note တွေကို သီဆိုနိုင်တဲ့ ဒီအမျိုးသမီးကို
ကျွန်တော်တို့တွေ ချီးကျူးကြတယ်၊ သဘောကျကြတယ်၊ အားကျကြတယ်။
သူ့ရဲ့ သီချင်းတွေကိုလည်း မြတ်နိုးကြတယ်။

အခုတော့ ဒီအမျိုးသမီးဟာ သူ့ရဲ့ ဘ၀ဇာတ်ကြောင်းကို
ရုပ်ရှင်တစ်ခုနဲ့ မှတ်တမ်းအတင်ခံရလောက်တဲ့အထိ
အောင်မြင်တဲ့ အကျော်ဇေယျတစ်ယောက် ဖြစ်လာခဲ့ပါပြီ။

ဇရာအိုပြီဖြစ်တဲ့ မိခင်ကြီးရဲ့ မွေးဖွားဖို့ ချီတုံချတုံ ဖြစ်ခဲ့ရာကနေ
ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ မွေးချင်း ၁၄ ယောက်မှာ
အထွေးဆုံးလေး အယ်လင်းအဖြစ် မွေးဖွားအမည်တွင်လာခဲ့တယ်။
တစ်ခါကြားရုံနဲ့ စွဲမက်စေနိုင်လောက်တဲ့ အသံပါရမီကလည်း ပါလာခဲ့ပြန်တယ်။

” ကလေးမလေး သီချင်းမဆိုရင် ငါတို့ မလာဘူး ” လို့ ပြောယူရလောက်တဲ့အထိ
ငယ်စဉ်ကတိုင် လူအများရဲ့ အသိအမှတ်ပြုမှု ချီးကျူးမှုတွေကို ခံယူခဲ့ရသူဖြစ်တဲ့ အယ်လင်းဟာ
” အဆိုတော်ကောင်း တစ်ယောက် ဖြစ်ချင်တယ် ” လို့ မိခင်ဖြစ်သူကို တစ်နေ့တော့ ပြောလာတယ်။

မိခင်ကိုယ်တိုင် အနီရောင် ဖဲကြိုးလေး ချည်ပေးလိုက်တဲ့
မန်နေဂျာ ဂီကလော့ဒ်ကမာဆီ ပို့လိုက်တဲ့ ကတ်ဆက်ခွေလေးဟာ
တစ်ချိန်မှာ ကျော်ကြားလာမယ့် ၁၂ နှစ် အရွယ် အယ်လင်းဆိုတဲ့ ကောင်မလေးရဲ့ ပဏာမခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။

မန်နေဂျာကြီးရဲ့ လမ်းပြကောင်းမှု၊ ကာယကံရှင်ရဲ့ ပါရမီနဲ့ ကြိုးစားမှုတို့ကြောင့်
နိုင်ငံကျော်အဆိုတော်ဘ၀ကနေ နိုင်ငံတကာထိ ထိုးဖောက်ဖို့ အခြေအနေတွေ ဖြစ်လာပါတော့တယ်

ကနေဒါ အဆိုရှင် အယ်လင်းကနေ ကမ္ဘာကျော်အဆိုတော် စီလင်း ဖြစ်လာပုံ အဆင့်ဆင့်ကို တွေ့မြင်ရမှာဖြစ်ပြီး
သူ့ရဲ့ ငယ်ဘ၀နဲ့ အနုပညာလမ်းကြောင်းတစ်လျှောက် ကြိုးစားခဲ့ပုံတွေ အခက်အခဲတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်လို့
ဒီဇာတ်လမ်းဟာ ” Get to know Célin Dion ” ဆိုလည်း မမှားပါဘူး။
ဒါ့အပြင် ဝါသနာကြီးသူတို့အတွက်လည်း ခွန်အားပေးမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်

Read More 0 comments


 

 

Rating : 7.1/10
Country :United State
Genre : Biography, Drama, Family
Released Date : 2022
Duration : 1h 30min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

စစ်ပြန်ခွေးလေးရဲ့အကြောင်းပြီးမှာတော့ ရှာဖွေရေးခွေးလေးရဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။ချစ်စရာခွေးလေးနဲ့ သူ့ရဲ့သခင်တို့ကြားက သံယောဇဉ်ကို ရိုက်ပြထားလို့ ကြည့်ရတာ ချစ်ဖို့ကောင်းမဲ့ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအကျဉ်းလေးကတော့ ရူဘီကတော့ ဆိုးပေမဲ့ အရမ်းအနံ့ခံတော်တဲ့ ခွေးမလေးပါ။သူ့ရဲ့သခင် ဒန်နီရယ်က ကယ်ဆယ်ရေးတပ်ဖွဲ့ကိုဝင်ဖို့ ရူဘီကို လေ့ကျင့်ပေးပြီးတော့ အတူတူကြိုးစားကြပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲမှားတာလေးတွေရှိလာတဲ့အခါ ကတောက်ကဆတွေဖြစ်လာပြီးတော့ အဆင်မပြေတာမျိုးတွေကြုံရလာပါတော့တယ်။ ဒီဇာတ်ကားထဲက ကယ်ဆယ်ရေးတပ်ဖွဲ့ရဲ့လုပ်ကိုင်ပုံတွေနဲ့ ကယ်ဆယ်ရေးခွေးလေးတွေရဲ့ဘ၀ကို ပြသထားလို့ တစ်မျိုးလေး စိတ်ဝင်စားဖို့ကောင်းမှာဖြစ်ပါတယ်။ ခွေးချစ်တတ်တဲ့သူလေးတွေအတွက် ကြည့်လို့ကောင်းမဲ့ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှု့ခံစားပေးကြပါအုံးခင်ဗျာ။

Read More 0 comments


 

 

Rating : 6.3/10
Country :United State
Genre : Comedy, Drama, Biography
Released Date : 2021
Duration : 1h 35min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဆိုဖီယက်ပြည်ထောင်စု (USSR) ပြိုကွဲပြီး ပြန်လည်ထူထောင်ရေး
လုပ်နေစဥ်ကာလမှာ Vladivostok မြို့လေးမှာနေတဲ့ လီနာနဲ့ Potato ဆိုတဲ့
သားအမိနှစ်ယောက်ရှိပါတယ်…..

အဲဒီချိန်တုန်းက ရုရှားနိုင်ငံမှာ ရေပြတ်၊ မီးပြတ်၊ conservative တွေများပြီး
မိန်းမလျှာတွေဆိုလည်း သတ်ပစ်တဲ့အထိ လူ့အဖွဲ့အစည်းက ပျက်စီးယိုယွင်း
နေခဲ့ပါတယ်။ သားဖြစ်သူ Potato က အမေရိကန်ရုပ်ရှင်တွေကို ကြိုက်နှစ်သက်ပြီး
အမေရိကန်နိုင်ငံမှာပဲ နေချင်တဲ့သူပါ။ အမေဖြစ်သူ လီနာက ရုရှားနိုင်ငံမှာဆို
သူ့သား potato အနာဂတ်ပျောက်မှာ စိုးရိမ်တဲ့အတွက် အမေရိကန်နိုင်ငံကို ထွက်သွားဖို့
ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကားထဲမှာ လီနာတို့ သားအမိ အမေရိကန်နိုင်ငံကို ဘယ်လို
ရောက်အောင်သွားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပေးပါဦး……..

ဒီကားက အရင်တုန်းက ရုရှားနိုင်ငံရဲ့ လူအဖွဲ့အစည်းအကြောင်း၊ အမေရိကန်နိုင်ငံရဲ့
လူအဖွဲ့အစည်းအကြောင်း၊ LGBTQ+ တွေအကြောင်းကို ကောင်းကောင်းသိမြင်နိုင်မယ့်
ကားတစ်ကားဆိုလည်း မမှားပါဘူး။ Autobiography, Comedy, Drama ကားတစ်ကား
ဖြစ်ပြီး လူတိုင်းကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်…..

Read More 0 comments


 

 

Rating : 7.7/10
Country :United State
Genre :Biography,Crime,Drama,
Released Date : 1997
Duration : 2h 7min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ကပ္ပတိန်ဂျက်စပဲရိုးဇာတ်ရုပ်နဲ့အထူးတလည်မိတ်ဆက်ပေးစရာမလိုအောင် နာမည်ကြီးလှတဲ့ Johnny Depp နဲ့
အော်စကာလျာထားစာရင်းကိုးကြိမ်ဝင်ခဲ့ပြီး တစ်ကြိမ်ရရှိ၊ ရွှေကမ္ဘာလုံးဆု ၁၈ ကြိမ်လျာထားခံခဲ့ရပြီး (လေးဆုရရှိ)ခဲ့၊
BAFTA , Emmy Eward စတဲ့ဆုပေါင်းမြောက်များစွာပိုင်ရှင် မင်းသားကြီး Al Pacino (Godfather Trilogy) တို့က
အဓိကဇာတ်ဆောင်နှစ်ဦးအဖြစ်ပါဝင်ထားပါတယ်။

ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီးတော့ အကောင်းဆုံး Gangster ရုပ်ရှင်တွေ၊ Organized Crime Thrillers တွေအကြောင်းပြောမယ်ဆိုရင်ချန်လှပ်ထားလို့မရတဲ့
အထင်ကရဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။

Donnie Brasco ဟာ ၁၉၇၀ ဝန်းကျင်၊ နယူးယောက်ခ်က Bonanno ဒုစရိုက်မိသားစုထဲစိမ့်ဝင်ထောက်လှမ်းခဲ့တဲ့
အက်ဖ်ဘီအိုင် သူလျှိုအေးဂျင့် Pistone (Johnny Depp) ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအလွတ်သဘောအခြေခံထားတာဖြစ်ပါတယ်။

ဘရက်စကိုဟာ အရွယ်ရနေပြီဖြစ်တဲ့ မာဖီးယားလက်မရွံ့တစ်ယောက်ဖြစ်တဲ့ Lefty Ruggiero (Al Pacino) ကြီးကိုချဉ်းကပ်ပြီး
သူ့ရဲ့ယုံကြည်မှုအားပေးထောက်ခံမှုတွေကိုရအောင်ကြိုးစားရင်းနဲ့ မာဖီးယားဂိုဏ်းထဲကို အတွင်းကျကျနေရာယူနိုင်ခဲ့ပါတယ်။
တစ်ဖြည်းဖြည်းနဲ့ ဒုစရိုက်သမားဖြစ်ပေမယ့် သူ့အပေါ်တကယ်နှစ်နှစ်ကာကာသံယောဇဉ်ကြီးရှာတဲ့ Lefty နဲ့ညီရင်းအစ်ကိုလို
ဆက်ဆံရေးခိုင်မာနက်ရှိုင်းလာခဲ့တဲ့ အလုပ်တာဝန်နဲ့ ကျင့်ဝတ်တွေစောင့်ထိန်းရမယ့် စည်းတွေကြားဗျာများလာတဲ့အခါ…။

Action,Crime ပုံစံ သတ်တာဖြတ်တာတွေရှယ်ကြမ်းသလို မင်းသားကြီး ၂ ယောက်ရဲ့ Drama ခင်းမှုတွေကလဲ ဒီဇာတ်ကားကို အစအဆုံး အချိန်ဘယ်လိုကုန်သွားမှန်းမသိအောင် ဆွဲဆောင်သွားမှာပါ။

ဒီရုပ်ရှင်ဟာ အနုပညာပိုင်းအရအောင်မြင်ခဲ့သလို Budget $35 million သာရှိခဲ့ပေမယ့် Box office မှာ $124.9 million ရရှိတဲ့အထိ စီးပွားရေးအရလဲ အောင်မြင်ခဲ့ပါတယ်။

 

Read More 0 comments


 

 

Rating : 8.0/10
Country :United State
Genre : Documentary,Biography,Comedy,
Released Date : 2022
Duration : 1h 34min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အဖြူအမည်းခေတ်မှာ ပရိသတ်တွေ အရမ်းချစ်ကြတဲ့ မင်းသမီးတစ်ယောက်ရှိပါတယ်။ သူကတော့ လူစီပဲဖြစ်ပါတယ်။ ပရိသတ်တွေချစ်ကြတယ်ဆိုတာလည်း အကြောင်းရှိပါတယ်။ လူစီဟာဆိုရင် သာမန်သရုပ်ဆောင်မဟုတ်ဘဲ စွယ်စုံရသရုပ်ဆောင်ဖြစ်နေလို့ပါပဲ။ အများမလုပ်ချင်တဲ့ ဇာတ်ကောင်တွေကို အသားပေးရိုက်ခဲ့ပြီးတော့ အမြဲလည်းနှိမ့်ချတတ်တဲ့မင်းသမီးဖြစ်ပါတယ်။

လူစီရဲ့ ဘဝအဖော်မွန်ကတော့ ဒက်စီပဲဖြစ်ပါတယ်။ ဒက်စီဟာဆိုရင် ကျူးဘားနိုင်ငံသားဖြစ်ပြီးတော့ အမေရိကန်ကိုပြောင်းလာပြီး အနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်။ တီးဝိုင်းထောင်ရာကနေ ရုပ်ရှင်လောကထဲကိုရောက်လာပြီး အနာဂတ်ဇနီးလောင်းလေး လူစီနဲ့ ဆုံတွေ့ခဲ့တာပါ။

ဒီဇာတ်လမ်းလေးမှာတော့ မင်းသမီးချောလူစီနဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဒက်စီတို့ရဲ့ အခက်အခဲကြားကအချစ်ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ လူစီတို့ရဲ့ စလုံးရေးစတဲ့ဘဝကနေ နာမည်ဘယ်လိုကျော်လာတယ်ဆိုတာကို မိတ်ဆွေတွေ၊ သားသမီးဖြစ်သူတွေက ပြန်ပြောပြထားပြီး၊ နောက်ခံအသံတွေနဲ့ သေချာလေးတင်ဆက်ပေးထားတဲ့ Documentary ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။

 

Read More 0 comments


 

 

Rating : 5.8/10
Country :China
Genre : Biography,Chinese Movie,
Released Date : 2021
Duration : 2h 5min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ကျွန်းတစ်ကျွန်းပေါ်မှာ လူမရှိ သူမရှိ ကိုယ့်မိသားစုနဲ့ ကိုယ်ပဲ နေဖို့ စိတ်ကူးရဲပါသလား?
တချို့တွေက ပြစ်မှုကြီးတွေ ကျူးလွန်လို့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရပါတယ်။
ဒါကြောင့် အပြစ်သားတွေကို မီးပြတိုက်ရှိတဲ့ကျွန်းတွေမှာ အစောင့်တာဝန်နဲ့ ချထားတာမျိုးပါ။

တချို့တချို့တွေရဲ့ဘဝကတော့ စားဝတ်နေရေး အခက်အခဲကြောင့်
ကျွန်းပေါ်မှာ သွားနေရတဲ့လူတွေ ရှိပါတယ်။
ဒီအထဲမှာ ဝမ်ကျိခိုင် နဲ့ သူ့ဇနီးသည်တို့လည်း ပါခဲ့ပါတယ်။

ဒီဇာတ်လမ်းကတော့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ ၃၂ နှစ်ကျော် နေထိုင်လာခဲ့ပြီး
ဒီကျွန်းလေးကို ကိုယ့်အိမ်လို သဘောထားပြီး ခုခံကာကွယ်ခဲ့တဲ့ ဝမ်ကျိခိုင်တို့ မိသားစုအကြောင်းကို
ရိုက်ကူးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

ဖြစ်ရပ်မှန်ကို အခြေခံထားသလို ဆုပေါင်း ၆ ဆု နဲ့ တစ်ကြိုစာရင်း ၄ ကြိမ် ဝင်ထားတာမို့
မလွဲမသွေ ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ခုဆိုတာတော့မလွဲတာသေချာပါတယ်။


Read More 0 comments


 

 

Rating : 6.6/10
Country :United State
Genre : Drama,Biography,Adventure,
Released Date : 2021
Duration : 1h 35min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Bisbee’s Black & Blue ပြိုင်ပွဲဆိုတာ Super Bowl ပွဲလောက်ကြီးမားတဲ့
ကမ္ဘာ့ငါးဖမ်းပြိုင်ပွဲကြီးပါ ။ Blue Merlin လို့ခေါ်တဲ့ မာလင်ငါးပြာကြီးတွေကို
ပင်လယ်ထွက်ပြီး တံငါတွေ အဖွဲ့လိုက် ဒေါ်လာ ၁ သန်းဆုကြေးအဖြစ်ဖမ်းယူ
ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲပေါ့။ ဒီပြိုင်ပွဲကို ထပ်မံယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်သူဟာ
ချန်ပီယံ ၂ ကြိမ်ဆုရဖူးတဲ့ ချန်ပီယံဟောင်း ကပ္ပတိန် ဝိတ်မာလိုပါ ။ ဒါပေမယ့်
သူဟာ နာမည်ကြီးထမင်းငတ်ဖြစ်ပြီး ချန်ပီယံ ၂ ကြိမ်ရခဲ့ပေမယ့် အရှုံးတွေနဲ့ဆက်
တိုက်ရင်ဆိုင်ပြီး မိသားစုကစွန့်ပစ်သွားတာကြောင့် လှေပေါ်မှာပဲ လေလွင့်နေတဲ့
ဂွစာအဘိုးကြီးပေါ့။ ဒါကြောင့် လာမယ့်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ပြန်သိမ်းပိုက်ပြီး
သူ့မိသားစုဆီ ပြန်သွားဖို့ တေးထားပါတယ်။

တစ်ဖက်မှာလည်း ကာဆိုဟိုဂါလို့ခေါ်တဲ့ မိဘမဲ့ဂေဟာက အိုမာတို့ဇနီးမောင်နှံဟာ
ဘဏ်ကြွေး ဒေါ်လာ ၁ သိန်းကျော်တင်ပြီး ဂေဟာကိုပိတ်သိမ်းပြီး မိဘမဲ့ကလေးတွေ
အကုန်လုံး လမ်းပေါ်ရောက်မယ့်အခြေအနေဖြစ်နေပါပြီ။

ပြိုင်ပွဲသတင်းကို ကြားမိတဲ့ အိုမာနဲ့ကပ္ပတိန် ဝိတ်တို့ဟာ တိုက်တိုက်ဆိုင်ဆိုင်
သွားဆုံပြီး အသင်းတစ်ခုထဲဖွဲ့ကာ သူတို့ရဲ့ ရည်မှန်းချက် ကိုယ်စီအတွက် ချန်ပီယံဆုကို
စိန်ခေါ်ယှဉ်ပြိုင်တာကို ကြည့်ရမှာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး ၂၀၁၄
Bisee ငါးဖမ်းပြိုင်ပွဲမှာ ကမ္ဘာ့အကြီးဆုံးမာလင်ငါးပြာကြီးကို ဖမ်းမိခဲ့တဲ့ မက္ကဆီကို
ကာဆိုဟိုဂါမိဘမဲ့အသင်းကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

 

Read More 0 comments


 

 

Rating : 6.0/10
Country : United State
Genre : Biography,Drama,History,
Released Date : 2022
Duration : 1h 45min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

“The Pilot:A Battle for Survival” ဆိုတဲ့ကားလေးဟာဆိုရင်ဒုတိယကမ္ဘာစစ်အတွင်းကရုရှားလေယာဉ်မှူးတစ်ယောက်ရဲ့
ဖြစ်ရပ်မှန်အကြောင်းအရာကိုရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလမှာ
ဂျာမန်တွေရဲ့အနောက်မြောက်တပ်ဦးစစ်ကြောင်းကမော်စကိုကိုဦးတည်ပြီးစစ်ကြောင်းချီလာပါတယ်
နီကိုလိုင်ကိုမလက်ဟာရန်သူ့စစ်ကြောင်းကိုတားဆီးတဲ့မစ်ရှင်အတွင်းမှာပဲသူ့ရဲ့ II-2 လေယာဉ်ဟာပစ်ချခံလိုက်ရပါတယ်

နီကိုလိုင်ကိုမလက်ရဲ့လေယာဉ်ဟာဆိုရင်ဝေးလံတဲ့သစ်တောတစ်ခုအတွင်းကိုပျက်ကျသွားခဲ့တာဖြစ်ပြီး
ကံဆိုးချင်တော့ရန်သူတွေရဲ့နယ်မြေနဲ့နီးနီးကိုရောက်သွားခဲ့တာပါ နီကိုလိုင်ကိုမလက်တစ်ယောက်ငတ်မွတ်မှု
အအေးဒဏ်ကိုအံတုရင်းရန်သူတွေလက်ကလွတ်အောင်အသက်ရှင်ဖို့အတွက်ရုန်းကန်ရပါတော့တယ်

နီကိုလိုင်ကိုမလက်တစ်ယောက်ရန်သူတွေလက်ကလွတ်အောင်ဘယ်လိုမျိုးအခက်အခဲတွေကြားက ကြိုးစားသွားမလဲ
ဘေးလွတ်ရာကိုပြန်ရောက်နိုင်ပါ့မလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်ကြည့ရှုအားပေးကြပါဦးနော်

 

Read More 0 comments