Country :United State
Duration : 1h 55min
မထွက်ခင်ကတည်းက ပရိသတ်တွေကြား တော်တော်ကိုhypeခဲ့ကြသလို
ထွက်လာတော့လည်း Jujutsu no Kaisen movieကို ရုံဝင်ငွေမှာ
အမေရိကန်ဒေါ်လာ၁၈၀သန်းနဲ့တောက်ချပစ်ခဲ့ပါတယ်။
ဒီရုပ်ရှင်ဟာ one piece anine seriesရဲ့အပိုင်း၁၀၀၀ပြည့်မြောက်တဲ့
အထိမ်းအမှတ်နဲ့ထုတ်ခဲ့တာပါ။
ဒါပေမဲ့ one piece film red စီးရီးဇာတ်လမ်းနဲ့တော့ဆက်မနေပဲ
alternate timelineအနေနဲ့(non canon)ပဲရှိပါတယ်။
ဆိုတော့ကာ စီးရီးကြည့်ပြီး Shanksရဲ့သမီးက ဘယ်ကပေါ်လာတာလဲစဥ်းစားမနေနဲ့ဗျ။
ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့
ဖျက်ဆီးခံလိုက်ရပြီလို့လူသိများတဲ့ Elegiaကျွန်းပေါ်မှာ
နာမည်ကျော်အဆိုတော်မလေး Utaဟာ
သမိုင်းတွင်လောက်မယ့်ရှိုးပွဲတစ်ခုကိုလုပ်ဖို့
စီစဥ်ထားတာကြောင့် ငဖီတို့အဖွဲ့လည်း
ရှိုးပွဲကြည့်ဖို့ရောက်လာပါတယ်။
ရှိုးပွဲကိုရောက်တော့ ငဖီနဲ့ Utaတွေ့ဆုံချိန်မှာ Utaဟာ
ငဖီရဲ့ငယ်သူငယ်ချင်းဖြစ်နေတာကိုသိလိုက်ရပါတယ်။
Utaဟာ သူ့ရဲ့ရှိုးပွဲဟာ ရာသက်ပန်ပျော်ရွှင်စေမယ့်ပွဲဖြစ်စေရမယ်လို့
ကြေညာခဲ့ပြီး ရွှေပွဲလာပရိသတ်တွေကိုလည်းဆန်းကြယ်တဲ့
ဖျော်ဖြေမှုတွေနဲ့တင်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့
သူ့ရဲ့ရှိုးပွဲနောက်ကွယ်မှာတော့ မှောင်မိုက်တဲ့လျှို့ဝှက်ချက်တစ်ခုဟာ
စောင့်ကြိုနေပါတယ်။ အဲ့ဒီလျှို့ဝှက်ချက်ကတော့…..














