Showing posts with label Musical. Show all posts
Showing posts with label Musical. Show all posts


 

Rating : 4./10
Country : United State
Genre : Comedy,Drama,Musical,
Released Date : 2022
Duration :  1h 52min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒစ်စနေးရဲ့ ဂီတ ရုပ်ရှင်အသစ်လေး ကြည့်လိုက်ရအောင်။
သီချင်းတွေနဲ့ စကားပြောလှလှလေးတွေရယ် ဇာတ်လမ်းကောင်းလေးရယ်နဲ့
တန်ဆာဆင်ထားတာပါပဲ။ သရုပ်ဆောင်အကုန်လုံးလည်း ချစ်ဖို့ကောင်းပါတယ်။
ကြည့်ရင်းတစ်ချိန်လုံးပြုံးနေရမယ့် ရုပ်ရှင်မျိုးပါပဲ။

ဇာတ်လမ်းနာမည် စနိကရဲလားဆိုတာ စင်ဒရဲလားရဲ့ ခေတ်သစ်ပုံပြင်အနေနဲ့
ရိုက်ထားတာပါ။ ဖန်ဖိနပ်လေးအစား စနိကာလေးတစ်ရံ ဖြစ်လာပြီး မင်းသမီးလေးက
ဆင်းရဲသားလေးကို လိုက်ရှာရတဲ့ ဇာတ်လမ်းလေးပေါ့။ အဲလ်ဆိုတဲ့ ကောင်လေးဟာ
စနိကာဖိနပ်တွေကိုအရမ်းချစ်တတ်လာအောင်သင်ပေးခဲ့တဲ့ အမေဆုံးပါးသွားပြီးနောက်မှာ
ပထွေးဖြစ်သူရယ်၊ ပထွေးရဲ့သားနှစ်ယောက်ရယ်နဲ့ ဖိနပ်ဆိုင်လေးမှာ အနှိမ်ခံဘဝနဲ့
ဆက်အလုပ်လုပ်နေရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာအောင်မြင်တဲ့ဖိနပ်ဒီဇိုင်နာဖြစ်ရမယ့်
အိပ်မက်တွေရယ် ဖိနပ်ဒီဇိုင်းတွေနဲ့ ပြည့်နေတဲ့ စာအုပ်လေးတစ်အုပ်ရယ် ရှိနေတာပေါ့။
တစ်နေ့မှာတော့ သူ့အိပ်မက်တွေကို တကယ်ဖြစ်လာစေမယ့် ကောင်မလေးတစ်ယောက်နဲ့
တွေ့မိလာတဲ့အခါမှာ… ငြိမ့်ငြိမ့်မြူးမြူးလေးနဲ့ကြည့်ရမယ့် Disney movie ကောင်းလေးပါပဲ။

 

 

 

Read More 0 comments


 

Rating : 7.6/10
Country :United State
Genre :Drama,Musical,Romance,
Released Date : 2001
Duration :  2h 7min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

သဝန်တိုမှုကင်းသော အချစ်စစ်ဟူသည်မရှိ” ဆိုတဲ့စကားလေးရှိတယ်.

..လူတွေဟာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာ

သဝန်တိုစိတ်ဟာ အလိုလိုကပ်ပါလာတတ်ပါတယ်….
နည်းနည်းလေးသဝန်တိုတတ်တဲ့လူရှိသလို ဖြစ်သမျှအကြောင်း သဝန်တိုကောင်းလို့ခံယူထားတဲ့

ဆန်းဆန်းတင့်ချစ်သူများလည်းရှိတတ်ပါတယ်…
အဲ့လိုဆန်းဆန်းတင့်တွေဟာ ဒီမင်းသားနေရာမှာသာဆိုရင်တော့ သေပန်းတွေပွင့်ရပြီပေါ့
ဘာလို့လဲဆိုတော့ မင်းသမီးဟာ ပြည့်တန်ဆာပါ….
အရင်ခေတ်တွေတုန်းက ပြည့်တန်ဆာဆိုတာ နှိမ်ချတဲ့အသုံးမဟုတ်ဘဲ

တိုင်းပြည်ရဲ့ အဆင်တန်ဆာလို့ခေါ်စမှတ်ပြုရလောက်တဲ့အထိ အမြတ်တနိုးထားကြတာမို့ ပြည်၏

တန်ဆာ “ပြည့်တန်ဆာ” လို့ခေါ်တယ်ဆိုပြီးလည်း ပြောကြပါတယ်….
အခုမင်းသမီးဟာလည်း အထက်တန်းစားပြည့်တန်ဆာတစ်ယောက်ပါ
ငွေရရင် အချစ်နဲ့ရမ္မက်ကို ရောရောင်းတဲ့လူမျိုးပေါ့….
ဒါပေမဲ့ သူဟာ သူ့ချစ်သူလိုပဲ အနုပညာကိုချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ….
အကောင်းဆုံးဆိုတဲ့အနုပညာကိုပုံဖော်ဖို့အတွက် အရာရာကိုပေးဆပ်နိုင်သူတစ်ယောက်ပေါ့…..

သူတို့ (၂)ဘယ်လိုတွေဆုံစည်းပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့
ဇာတ်လမ်းက Romance နဲ့ Musical အမျိုးအစားဖြစ်တော့ သီချင်းလေးတွေ

အကလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ခံစားကြည့်ရှုနိုင်မယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်

 

Read More 0 comments


Rating : 6.6/10
Country :Thai
Genre :Adult,Action,Drama,Musical,Thai Movie,
Released Date : 2022
Duration :  3h 10min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဇာတ်လမ်းအကျဥ်း

သခင်ကြီးဟန့်ရဲ့ တူတစ်ယောက်ဖြစ်တဲ့ ဆန်မောင်ဟာ လူ့ကျင့်ဝတ်ကို သိတတ် လိမ္မာပြီး ဦးလေးကို အဖေအရင်းလို ရိုသေချစ်မြတ်နိုးတဲ့သူတစ်ယောက်ပေါ့

မြန်မာနိုင်ငံ သစ်တောတက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ ဆန်မောင်က နတ်သားလေးလို ချောမောသလို ချစ်ရတဲ့မိန်းကလေးဖြစ်သူလည်းမရှိနေခဲ့ဖူးပါဘူး

တခြားယောက်ျားလေးတွေလို မိန်းကလေးတွေနဲ့ပွေရှုပ်ခြင်းမရှိသလို လူပျိုဘဝကိုလည်း လက်ထပ်ပြီးမှကုန်ဆုံးချင်တဲ့ ဆန်မောင်အတွက် သခင်ကြီးဟန့်က ဘန်ကောက်ခရီးကအပြန်ဇနီးမယားရှာပေးမယ်လို့ ပြောခဲ့တယ်

ဒါပေမဲ့ ခရီးအပြန်မှာတော့ သခင်ကြီးဟန့်က ယူဖဒီဆိုတဲ့ မိန်းမပျိုတစ်ယောက်ကို ဇနီးအဖြစ်တော်ကောက်လာခဲ့ပါတယ်

အသက်သိပ်မကွာခြားတဲ့ ယူဖဒီနဲ့ ဆန်မောင်တို့ အနေနီးစပ်ရာ မဖြစ်သင့်တဲ့ချစ်ခြင်းတစ်ခု ဖြစ်ပေါ်လာပါတော့တယ်

ဦးလေးကို ချစ်ကြောက်ရိုသေရပေမယ့် ပထမဆုံးချစ်မိတဲ့မိန်းကလေးက အဒေါ်ဖြစ်ခဲ့တဲ့ ဆန်မောင်နဲ့ ခက်ခဲလွန်းတဲ့ဘဝကိုကျော်ဖြတ်ဖို့
သခင်ကြီးဟန့်ကိုလက်ထပ်ခဲ့ပေမယ့် ဆန်မောင့်ကိုမှချစ်မိသွားတဲ့ ယူဖဒီကြား ဘာတွေဖြစ်လာမလဲဆိုတာ “Eternity” ဇာတ်ကားမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။

 

 

Read More 0 comments


 

 

Rating : 8.6/10
Country : India
Genre : Drama,Musical,Romance,
Released Date : 2022
Duration : 2h 52min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ကိုယ်အရွယ်ရောက်လာတဲ့ အချိန်မှာ ပထမဆုံးချစ်ဖူးတဲ့ လူဟာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်ရဲ့လား။

အချစ်ဦးတိုင်းမှာ ပျော်ရွှင်စရာ ဇာတ်သိမ်းမျိုး ရှိနိုင်ပါ့မလား။ ကျုပ်အနေနဲ့ဖြေရရင်တော့ ရှိနိုင်ပေမယ့် မလွယ်ကူဘူးလို့ပဲ ထင်တယ်ဗျ။

ဒီဇာတ်လမ်းထဲက အာရွမ်နဲ့ ဒါချ်နာလိုပေါ့။ ကောလိပ်ကို စရောက်တဲ့အချိန်ကနေ မြင်မြင်ချင်းရင်ခုန်မိတဲ့

နှစ်ယောက် အတူတူလက်တွဲခဲ့ကြပေမယ့် ၂၀ ပတ်လည် ကောလိပ်ကျောင်းသား ဘဝမှာ ကြုံကြရမယ့်

အချစ်ရေးပြဿနာတွေ၊ အချင်းချင်းကို တသက်တာ မမေ့နိုင်မယ့် ဒဏ်ရာတွေ ပေးကြရင်း ဘယ်လိုအဆုံးသတ်ကို ဦးတည်ခဲ့ကြမလဲ။

ဒီဇာတ်လမ်းက အာရွမ်ဆိုတဲ့ အမျိုးသားဇာတ်ကောင်ရဲ့ ကောလိပ်ကျောင်းသားဘဝကနေ ၃၀ ပတ်လည် လူလတ်ပိုင်းအရွယ်ထိ

သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပုံတွေကို အသားပေးရိုက်ပြထားတာပါ။ လူငယ်ဘဝမှာ ကျောင်းကိစ္စ၊ အချစ်ရေး ၊ သူငယ်ချင်း

လူလတ်အရွယ်မှာ စီးပွားရေးနဲ့ အိမ်ထောင်ရေး ဒါတွေကို ပျော်စရာရွင်စရာဆိုတာထက် လက်တွေ့ကျကျ ဖော်ကြူးထားတာပေါ့။

ဒီနှစ်ထဲပဲ လောလောလတ်လတ်ထွက်ထားပြီး IMDb မှာ 8.9/10 ထိရထားတဲ့အပြင် ရုံတင်ငွေရူပီး 50 crores ထိစံချိန်တင်ထားတာပါ။

ဇာတ်လမ်းရဲ့ကြာချိန် ၃ နာရီနီးပါးမှာ ဒါရိုက်တာ Vineeth နဲ့ သူ့ဇနီး Divya တို့ရဲ့ ကောလိပ်ကအကြောင်းတွေကို

ဒါရိုက်တာကိုယ်တိုင်ရေးသားပြီး ပုံဖော်ရိုက်ကူးထားတာပေါ့။

Read More 0 comments


 

 

Rating : 9.2/10
Country :Thai
Genre :Comedy, Musical, Romance
Released Date : 2021
Duration : 1h 47min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

နာမည်ကြီး BL ဇာတ်လမ်းတွဲဖြစ်တဲ့ 2gether The series နဲ့

Still 2gether ကို  အဓိက ကျောရိုးယူတဲ့ 2gether Movie လေးကို

ကြည့်ရှုသူတွေအနေနဲ့ တချို့အခန်းတွေမှာ series ၂ ခုကို


ပေါင်းဖို့ ထပ်ပြီးရိုက်ထည့်ပေးထားတဲ့အခန်းအသစ်တွေကိုပါကြည့်ရှုရမှာဖြစ်ပါတယ်

သူတို့ ပထမဆုံးတွေ့ဆုံမှုရဲ့ နောက်ကွယ်ကအကြောင်းတွေ
ဖုံးကွယ်ထားတဲ့ အကြောင်းလေးတွေကို

ဆာလဝါ့တ်ရဲ့ ခံစားချက်ကိုဖော်ပြတဲ့ ပုံစံကနေ ပိုပြီးခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်

ဇာတ်လမ်းလေးရဲ့ အဆုံးသတ်ကလည်း Series နဲ့

ကွဲထွက်နေမှာဖြစ်တဲ့ အပြင် ခံစားအသစ် ရှုထောင့်အသစ်တွေလည်း မြင်ရမှာမို့

ပရိတ်သတ်တွေအနေနဲ့ Movie လေးကိုပါ ထပ်ပြီးကြည့်ရှုခံစားကြပါဦး…

Read More 0 comments