Showing posts with label War. Show all posts
Showing posts with label War. Show all posts


Rating : 4.3/10
Country :United State
Genre :Action,Thriller,War,
Released Date : 2022
Duration :  1h 43min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

လူတွေရဲ့အတွင်းစိတ်မှာတိုက်ခိုက်နေတဲ့ ဝံပုလွေဆိုးနဲ့ဝံပုလွေကောင်းတို့
ရှိနေပြီး ပိုအလေးပေးမိတဲ့အကောင်က အနိုင်ရပါသတဲ့…။အဆိုးအကောင်း
ဒွန်တွဲနေတဲ့ လူ့စိတ်ကိုထင်ဟပ်ပြထားတဲ့ စကားလေးပါ။ Wolves of War
ဟာ စစ်တွင်းနောက်ခံဇာတ်လမ်းပေမဲ့ စစ်ရေးမစ်ရှင်တင်မက အဲဒီလိုအတွေး
ရစေမယ့်စကားလေးတွေနဲ့အတူ ဒရမ်မာလေးတွေပါ ခပ်ပါးပါးထည့်ထားတဲ့
စစ်ကားမျိုးပါ။
ဒုတိယကမ္ဘာစစ်ပြီးကာစမှာ ဗြိတိသျှအရာရှိဦး‌ဆောင်တဲ့လက်ရွေးစင်အဖွဲဟာ
ရန်သူ့နယ်မြေထဲ၀င်ရမယ့် နောက်ဆုံးစစ်ဆင်ရေးကို လုပ်ဆောင်ရပါတယ်။
သူတိုတာ၀န်က နာဇီတိုထိန်းသိမ်းထားတဲ့ အမေရိကန်သိပ္ပံပညာရှင် ပရော်
ဖက်ဆာကြီးတစ်ယောက်ကို ခေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ ရန်သူ့နယ်မြေကို
အ၀င်မှာပဲ သူတိုအဖွဲ နာဇီယုံကြည်သူ ဒေသခံပြည်သူ့စစ်အဖွဲနဲ့တိုးပါတော့တယ်။

စစချင်းမှာပဲ အဖွဲ၀င် ၂ ယောက်လျော့ပြီး ၄ ယောက်သာကျန်တဲ့ သူတိုအဖွဲဟာ
လူနည်းနည်းလေးနဲ့ နာဇီတွေကြား ဘယ်လိုတိုး၀င်မလဲ၊ ပရော်ဖက်ဆာကြီးကို
ဘယ်လိုရှာဖွေကယ်ထုတ်မလဲ၊ suicide mission တစ်ခုလိုဖြစ်နေတဲ့ သူတိုစစ်
ဆင်ရေးကြီးကနေ ဘယ်သူတွေကအိမ်ပြန်ရောက်ပြီး ဘယ်သူတွေက အိမ်ပြန်
မရောက်နိုင်တော့ဘူးလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်လိုက်ကြရအောင်နော်။

 

 

Read More 0 comments


 

Rating : 4.8/10
Country :United State
Genre :Thriller,War,
Released Date : 2022
Duration :  1h 47min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ ဘာလင်တိုက်ပွဲပြီးလုပြီးခင်မှာ
ဘာလင်မြို့ကရုရှားထောက်လှမ်းရေးဖြစ်တဲ့ ဘရာနာ နဲ့ တပ်သားတစ်ချို့ကအထူးလျှို့ဝှက်တာဝန်ပေးခံရပါတယ်။
ရှည်မျောမျောသေတ္တာကြီးတစ်လုံးကို သူတို့ရုရှားခေါင်းဆောင်စတာလင်ဆီသယ်သွားပေးဖို့ပါ။
ဒါကလျှို့ဝှက်မစ်ရှင်ဖြစ်တာကြောင့် လေယာဥ်မသုံးရသလို ဘာလင်ကသူတို့ရဲဘော်ရဲဘက်တွေနဲ့လဲအဆက်အသွယ်မလုပ်ရပါဘူး။
သေတ္တာထဲမှာဘာပါတယ်ဆိုတာလဲ ဘရာနာရယ် နောက်ခေါင်းဆောင်နှစ်ယောက်ရယ်သာသိပြီး တပ်သားတွေကမသိကြပါဘူး။
သူတို့ကဒီသေတ္တာကြီးကို ညမှာသူတို့ကိုလာသတ်ပြီးယူသွားမှာဆိုးလို့
ညဆို ဒီသေတ္တာကြီးကိုမြေကျွင်းတူးပြီးမြှပ် မနက်ကျမှပြန်တူးပြီးခရီးဆက်ပါတယ်။
တပ်သားတွေကလဲဒီသေတ္တာထဲမှာဘာပါမှန်းတာမသိတာ
အမိန့်အရဒါကြီးကိုသူတို့အသက်နဲ့ရင်းပြီးကာကွယ်ဖို့အသင့်ဖြစ်နေတာပါပဲ။
အဲလိုသစ္စာရှိတပ်သားတစ်စုရယ် သေတ္တာကြီးတစ်လုံးရယ်
အဲဒီသေတ္တာကြီးကို လိုချင်နေတဲ့ တခြားအဖွဲ့ရယ်
စစ်ဘေးဒဏ်ကြောင့်စစ်သားတွေအပြင် လူမြင်မြင်သမျှကြောက်နေရတဲ့ ပြည်သူပြည်သားတွေရယ်ကြားမှာဘာတွေဆက်ဖြစ်မလဲ .....

 

Read More 0 comments


 

Rating : 5.2/10
Country :United State
Genre :Drama,War,
Released Date : 2022
Duration :  1h 51min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ယူကရိန်းလို့ပြောလိုက်တာနဲ့ ပူတင်နှင့်ရုရှားကိုပါတွဲမြင်ကြမှာပါ ရုရှားတွေက ယူကရိန်းကို ဒုက္ခပေးကျူးကျော်ဖို့ချောင်းနေတာ အခု 2022မှမဟုတ်ပါဘူး 1994မှာ ယူကရိန်းဟာဆိုဗီယက်အမွေအနှစ်လက်ကျန် Nuclear လက်နက်တွေကို အမေရိကန်၊ဗြိတိန် နှင့်ရုရှားတို့ရဲ့ လုံခြုံရေးအာမခံပေးမှုကြောင့် ဖျက်သိမ်းခဲ့ပါတယ် ဒါပေမဲ့ ရုရှားတွေက 2014မှာ ယူကရိန်းပိုင်ကရိုင်းမီးယားကျွန်းဆွယ်ကိုသိမ်းပိုက်ပြီးအရှေ့ဘက်Donbassဒေသကိုကျူးကျော်ခဲ့ပါတယ်

ဒီMovieကတော့ 2014ကရုရှားတို့ကျူးကျော်ချိန်မှာ Donbass region ကျေးလက်ဒေသ မှာအ‌ခြေချနေထိုင်သူမိုင်ကိုလာ ဗော်ရိုနမ်ကိုတို့လင်မယားရဲ့ကြေကွဲစရာအဖြစ်အ‌ပျက်ပေါ်အခြေခံထားပါတယ် မိုင်ကိုလာက ဒေသဆိုင်ရာကျောင်းမှာ ရူပဗေဒဆရာတစ်ယောက်ဖြစ်ပြီ ရူပ‌ဗေဒ၊ သင်္ချာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘွဲ့သုံးခုတောင်ရရှိထားတဲ့ ပညာတတ်တစ်ယောက်ပါ ထို့အပြင် မိုင်ကိုလာတို့လင်မယား က စစ်ပွဲကိုဆန့်ကျင်သူ (ဝါ)ငြိမ်းချမ်းရေးဝါဒီတစ်ဦးဖြစ်ပါတယ်

သို့ပေမဲ့ ရုရှားတပ်တွေကျူးကျော်တဲ့နေ့မှာပဲကိုယ်ဝန်လွယ်ထားရတဲ့ မိုင်ကိုလာဇနီးကို သူလျိုလို့စွပ်စွဲပြီး ရုရှားစစ်သားတွေကပစ်သတ်သွားပါတယ် မိုင်ကိုလာတို့အိမ်ကိုလည်းမီးရှို့သွားပါတယ် ရုရှားတွေရဲ့မိုက်မဲမှုက အိပ်နေတဲ့ ကျားကိုသွားလှုပ်နိုးသလိုဖြစ်ပြီး မိုင်ကိုလာက ယူကရိန်းလွတ်မြောက်ရေးစစ်တပ်ထဲဝင်ခဲ့ပါတယ် မိုင်ကိုလာတစ်ယောက်စနိုက်ပါဘဝကိုခံယူပြီး ကို့ယ်နိုင်ငံကိုကျူးကျော်လာတဲ့စစ်မိစ္ဆာတွေကို ဘယ်လိုတိုက်ထုတ်ပြီးဇနီးသေဆုံးမှုအတွက် ကလဲ့စားချေပုံကိုမြင်တွေ့ရမှာပါ ဒီMovieရဲ့အခြားWar action Movieတွေနဲ့ကွဲပြားတဲ့ အလွန်ထူးခြားတဲ့အချက်က လက်ဖြောင့်တပ်သားတစ်ယောက်ရဲ့ တွက်ချက်ပုံ စိတ်ရှည်မှု နည်းစနစ်တွေကို အတိအကျဖော်ပြထားတာတွေ့ရမှာပါ......

 

Read More 0 comments


Rating : 6.1/10
Country :China
Genre :Action,War,Chinese Movie,
Released Date : 2022
Duration :  1h 33min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

1945ကိုအခြေခံထားပြီးတော့ အဲ့ခေတ်အဲ့အခါက
ဂျပန်နဲ့တရုတ်ရဲ့နိုင်ငံရေးအရှုပ်အထွေးကို ရိုက်ကူးထားတာပါ။

1945ခုနှစ်ဧပြီလမှာ ဆိုဗီယက်စစ်‌ရေးကျွမ်းကျင်သူလော့ဖေးဟာ
အရေးကြီးတဲ့တာဝန်ကိုထမ်းဆောင်ပြီး
တရုတ်ပြည်ကိုပြန်လာတဲ့လမ်းမှာ ဂျပန်တပ်သားတွေရဲ့
ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ လော့ဖေးကိုကယ်ဖို့
မာလုံချွမ်ဦးဆောင်တဲ့ကယ်ဆယ်ရေးအသင်းကို
စေလွှတ်ခဲ့ပေးမယ့်လည်း ကျရှူံးခဲ့ကြပါတယ်။

အဲ့အချိန်မှာပဲ ဝမ်ဝိန်ယွမ်း၊ရှဖန်နဲ့မြေခွေးနက်ကွန်မန်ဒိုအဖွဲ့တို့ပူးပေါင်းပြီး
ကောက်ကျစ်ပြီးရက်စက်တဲ့ဂျပန်တပ်သားတွေလက်ထဲကနေ
လော့ဖေးကိုအသက်စွန့်ပြီး ဘယ်လိုကယ်ထုတ်ကြမလဲ
သတိကြီးပြီးအင်အားများတဲ့ဂျပန်တွေကို‌ရော
သူတို့ရင်ဆိုင်နိုင်ပါ့မလားဆိုတာကို
စိတ်လှုပ်ရှားစရာကောင်းစွာနဲ့ကြည့်ရှူရမှာပါ။

 

 

 

Read More 0 comments


Rating : 8.4/10
Country : United State
Genre :Comedy,Drama,War,
Released Date : 1940
Duration :  2h 57min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ချာလီချက်ပလင်ဆိုရင် အသံတိတ်ရုပ်ရှင်တွေကိုပဲ အများစုပြေးမြင်ကြမယ်ဆိုပေမယ့်

ဒါ အသံတိတ်ဇာတ်လမ်းမဟုတ် အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေနဲ့ ပြည့်နှက်နေတဲ့

ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းကို ချာလီချက်ပလင်ကိုယ်တိုင်

ရိုက်ကူးထုတ်လုပ် သရုပ်ဆောင်ထားပြီး သူထုတ်လုပ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေထဲမှာ


အကောင်းဆုံးလို့တောင် ချီးကျူးပြောဆိုခံခဲ့ရပါတယ်။ ဘာကြောင့်ဆို ဟစ်တလာ၊ နာဇီနဲ့

ဖက်ဆစ်စနစ်တို့ကို ပညာသားပါပါ သရော်ထားပြီး ဂျူးမုန်းတီးရေးဝါဒီတွေကို

ရှုတ်ချထားလို့ပါ။

ဒီဇာတ်လမ်းမှာ သာမန်အညတရ ဆံသဆရာ စစ်မှုထမ်းဟောင်းတစ်ယောက်အဖြစ်နဲ့

ဟင်ကယ်လို့ အမည်ရတဲ့ ကမ္ဘာကို လက်ဝါးကြီးအုပ်ချင်နေတဲ့ စစ်အာဏာရှင်အဖြစ်

ချာလီကိုယ်တိုင် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပါတယ်။ အားလုံးနဲ့ မစိမ်းတော့တဲ့

အာဏာရှင်လက်အောက် ကျရောက်နေတဲ့ နိုင်ငံသားတို့ရဲ့ ကျီးလန့်စာစား၊ ဘာဆိုဘာမှ

ပြောပိုင်ခွင့်မရှိ၊ လုပ်ပိုင်ခွင့်မရှိတဲ့ ဘ၀တွေကို မြင်ရလိမ့်မယ်။ စက်ရုပ်လို

ပုံစံရိုက်သွင်းခံထားရတဲ့ စစ်သားတွေရဲ့ ရပ်ကွက်တွေထဲ နိုင်ထက်စီးနင်းမှုတွေကို

မြင်ရလိမ့်မယ်။ အာဏာရှင်တို့ရဲ့ ” ဘယ်သူသေသေ ငတေမာရင် ပြီးရော ” ဆိုတဲ့

ကိုယ့်ဖို့ကိုယ်သာကြည့်တဲ့ စရိုက်ဆိုးတွေကို မြင်ရပါလိမ့်မယ်။

ဒီဇာတ်လမ်းရဲ့ အထူးခြားဆုံးနဲ့ နာမည်အကြီးခဲ့ဆုံးအပိုင်းကတော့ သူ့ရဲ့ ဇာတ်ကောင်

စရိုက်လက္ခဏာဖြစ်တဲ့ ရယ်ရွှင်စရာ ပုံစံကနေ ကွဲထွက်ပြီး ချာလီပြောခဲ့တဲ့ နောက်ဆုံး

ငါးမိနစ်စာ မိန့်ခွန်းပါပဲ။ ခေတ်စနစ်နဲ့ အာဏာရှင်တွေကို ပီပီပြင်ပြင် သရော်ထားတဲ့

ဒီဇာတ်လမ်းကို ကြည့်အပြီးမှာ တစ်ခုခုတော့ ဆင်ခြင်မိကြမယ်လို့ ယူဆမိပါတယ်

 

 

 

Read More 0 comments


 

 

Rating : 6.1/10
Country :United State
Genre : Drama, War
Released Date : 2008
Duration :  1h 46min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒုတိယကမ္ဘာစစ်အတွင်း နာဇီစစ်သုံ့ပန်းစခန်း​တွေနဲ့ နာဇီ​တွေရဲ့
စစ်သုံ့ပန်း​တွေအ​ပေါ်ကျူးလွန်ခဲ့တဲ့ လူမဆန်တဲ့စမ်းသပ်မှု​တွေ၊
ဖိနှိပ်ဆက်ဆံမှု​တွေဟာ အ​တော်​​လေး အရုပ်ဆိုးအကျည်းတန်
ခဲ့သလို နာမည်ဆိုးလည်း တွင်ခဲ့ပါတယ်၊ သူတို့ဒဏ်ကို များစွာ
ခံစားခဲ့ရတာက​တော့ ဂျူးလူမျိုး​တွေပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားက​တော့ နာဇီစစ်စခန်း​တွေက​နေ အသက်ရှင်လျက်
လွတ်​မြောက်လာသူ​တွေနဲ့ သူတို့ရဲ့ စိတ်ဒဏ်ရာ​တွေအ​ကြောင်း
အဒမ်စတိုင်းဆိုတဲ့ ဂျူးလူမျိုးတစ်​ယောက်နေရာက​နေ ရိုက်ကူး
ပြမှာဖြစ်ပါတယ်၊ Main Cast၂​ယောက်က​တော့ old school
မင်းသားကြီး​တွေဖြစ်တဲ့ Jeff Goldblum နဲ့ William Dafoe
တို့ပဲဖြစ်ပါတယ်။

အဒမ်စတိုင်းဟာ စစ်ကြီးမတိုင်ခင်က ဆပ်ကပ်တစ်ခုပိုင်သလို
ဂျာမနီရဲ့လူသိအများဆုံး လူပြက်clownတစ်​ယောက်ဆိုလည်း
မမှားပါဘူး၊ ဒါ​ပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ပြီး နာဇီ​အင်အားစုကြီး
တန်ခိုးထွားလာချိန်မှာ​တော့ ဂျူးလူမျိုးဖြစ်​နေတဲ့ အဒမ်လည်း
နာဇီ​တွေလက်က​နေ မလွတ်နိုင်ခဲ့ပါဘူး၊ သူ့ကို ဖမ်းဆီးသွားသူ
က​တော့ ကွန်မန်ဒါကလိုင်းဆိုတဲ့ ဂျာမန်ဗိုလ်ချုပ်တစ်ဦးပါ။ကွန်မန်ဒါကလိုင်းက သူ့ကို တခြားဂျူး​တွေလို နှိပ်စက်စမ်းသပ်
တာမျိုးမလုပ်ဘဲ တစ်မူထူးတဲ့အရာတစ်ခုကို လုပ်ခိုင်းခဲ့ပါတယ်၊
အဲဒါက​တော့ သူ့ရဲ့လက်စွဲ​တော်​ခွေးရက်ဇ်အတိုင်း ​ခွေးလို​နေပြီး
​ခွေးလို ကျင့်ကြံခိုင်းတာပါ၊နှစ်​ပေါင်းများစွာ ​ခွေးတစ်​ကောင်လို
ပုံစံသွင်းခံလာရတဲ့ အဒမ်ဟာ စစ်ပြီး​​ခေတ်မှာ​တော့ အပြင်ပိုင်း
လူစိတ်ဆို​ပေမယ့် မသိစိတ်ထဲမှာ ​ခွေးဗီဇစွဲကပ်​နေခဲ့ပါပြီ။

အဆိုပါဗီဇကို စစ်ပြီး​ခေတ် နာဇီသုံ့ပန်းစခန်းရှင်ကျန်သူ​တွေကို
​ကုသ​ပေး​နေတဲ့ ဆိုက်ဇလင်း​ဆေးရုံက သိသွားပြီး အဒမ်စတိုင်း
ကို ​​ခေါ်ယူထားလိုက်ပါတယ်၊ ဒါ​ပေမဲ့ အဆိုပါ​ ဆေးရုံကလည်း
​​သွေးရိုးသားရိုးဟုတ်ဟန်မတူဘဲ စစ်သုံ့ပန်း​တွေကို အသုံးချပြီး
သု​တေသန​နဲ့ စမ်းသပ်မှု​တွေကို လျှို့ဝှက်လုပ်ကိုင်​​နေတာ ဖြစ်
နိုင်​ကြောင်း အဒမ်စတိုင်းတစ်​ယောက် ရိပ်မိသွားတဲ့အခါ သူနဲ့
ဘဝတူ survivors​တွေကို အဆိုပါ​ဆေးရုံက​​နေ ကယ်ထုတ်နိုင်
ပါ့မလား၊ သူ့ရဲ့မသိစိတ်ထဲက ​ခွေးဗီဇကို​ရော သူဘယ်လိုပုံစံနဲ့
ပြန်တိုက်ထုတ်မလဲ၊ နာဇီ​တွေသာမကပဲ တစ်ဘို့တည်းကြည့်တဲ့
လူတန်းစားတိုင်းဟာ ဘယ်​​လောက်ထိ ရက်စက်ယုတ်မာနိုင်လဲ
ဆိုတာကို ကြည့်ရှူရမှာပါ။

Read More 0 comments


 

Rating : 5.4/10
Country : United State
Genre : Adventure,War,
Released Date : 2022
Duration :  1h 30min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီဇာတ်ကားကိုတော့ ၁၉၁၄ ပထမကမ္ဘာစစ်စတဲ့ အချိန်ကို အခြေခံပြီး
ရိုက်ကူးထားတာပါ…….

ဗြိတိသျှတပ်မှာ ဗိုလ်ကြီး လော့ဝုဒ်နဲ့ သူ့တူမ သူနာပြုမလေး အန်နာတို့က
ရှေ့တပ်ကင်းစခန်းမှာ တာဝန်ယူထားပါတယ်။ လော့ဝုဒ်က ဗိုလ်ကြီး
တစ်ယောက်ပီပီ အမိန့်အာဏာနဲ့ ပြဿနာတွေ ပြတ်ပြတ်သားသား
ဖြေရှင်းတတ်တဲ့သူတစ်ယောက်ပါ။ အန်နာကတော့ လူတိုင်းတွေအပေါ်
မေတ္တာဂရုဏာထားနိုင်တဲ့ သူနာပြုမလေးတစ်ယောက်ပါ။

နောက်တော့ ဗြိတိသျှတို့ရဲ့ ရှေ့တပ်ကင်းစခန်းကို အာဖရိကဒေသခံတွေနဲ့
ပေါင်းပြီး ဂျာမန်တွေက စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဗိုလ်ကြီး လော့ဝုဒ်နဲ့
သူ့တူမ အန်နာတို့က ကင်းစခန်းမီးရှို့ခံရပြီး ဗွီမြို့က ဗြိတိသျှရုံးချုပ်ကို
သွားဖို့အတွက် တောင်ကြားတွေကနေ ဖြတ်သန်းလာပုံကို ရိုက်ကူးထားတာပါ။
ဗိုလ်ကြီး လော့ဝုဒ်က တောင်ကိုဖြတ်ပြီး ရုံးချုပ်ကို ရောက်အောင်သွားနိုင်ပါ့မလား၊
သူ့တူမ အန်နာကရော ဂျာမန်တပ်ဖွဲ့ရန်ကနေ လွတ်အောင် တိုက်ခိုက်နိုင်ပါ့မလား
ဆိုတာ ဆက်လက်စောင့်ကြည့်ပေးပါဦး။

 

Read More 0 comments


 

Rating : 6.8/10
Country :United State
Genre :Drama,War,
Released Date : 2010
Duration : 1h 25min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ငါက ပထမကမ္ဘာစစ်ရဲ့ စစ်သားတစ်ယောက်။ အဲဒီစစ်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ အခုထိ ခြောက်လှန့်နေဆဲ။

ညဘက် အိပ်မက်ဆိုးတွေမက်ရင်း မျက်ရည်ကျမိတယ်။

စစ်ပွဲကြီးအပြီး တို့နိုင်လိုက်ပြီပဲ ထင်ခဲ့တာပေါ့။ ဒီလိုစစ်ပွဲမျိုး ထပ်မဖြစ်နိုင်တော့ဘူး ထင်ခဲ့မိ။

ငါလည်း သင်္ဘောကျင်းလုပ်သားတစ်ယောက်အဖြစ် ဇနီးသည်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ နေထိုင်လာခဲ့တယ်။

ငါနဲ့တိုက်ဖော်တိုက်ဖက်ရောင်းရင်းတွေလည်း ငါ့လိုပဲ စစ်ပွဲကြီးကို မမေ့နိုင်ကြသူတွေပါ။

ဒါပေမဲ့ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပြန်တယ်။ တစ်ကမ္ဘာလုံးချီတဲ့စစ်ဖြစ်လာသလို ငါ့ကမ္ဘာငယ်‌လေးတစ်ခုလုံးလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားတော့တာပါပဲ။

ငါ့သားကိုစစ်ထဲဝင်ဖို့ ဆင့်ခေါ်ကြတယ်။
ငါ့သမီးရဲ့ခင်ပွန်းသည်လည်းပါတာပေါ့။
လက်ထပ်ပြီးလို့မှမကြာခင် ခွဲကြရရှာတယ်။ ကမ္ဘာစစ်ဆိုတာကို ကောင်းကောင်းကြုံခဲ့ရတဲ့ငါ့အတွက် ပထမအကြိမ်ကထက် ပိုပြီးလက်နက်တွေထွန်းကားလာပြီဖြစ်တဲ့ ဒီတစ်ပွဲက ဘယ်လောက်ရက်စက်ကြမ်းကြုတ်လိမ့်မယ်ဆိုတာ မတွေးရဲဘူး။

ငါ့ဒုက္ခတွေက ဒီလောက်နဲ့မဆုံးခဲ့။
ငါ့ဇနီးသည်ကပါ ငါ့ကို စွန့်ပစ်ပြီး တခြားလူတစ်ယောက်နဲ့ အဝေးကိုထွက်သွားပြန်တယ်။
ဘာကြောင့်မှန်းလည်း ငါမသိရပါလား။
သူ အကတော်သလောက် ငါက လုံးဝမကတတ်လို့လား မသိပါဘူးလေ။ အဲဒီအချိန်မှာပဲ ဟစ်တလာရဲ့လေတပ်မတော်က ဗြိတိန်နိုင်ငံရဲ့ မြို့ကြီးတွေပေါ်ကို နေ့စဉ်ရက်ဆက် ဗုံးမိုးတွေရွာချပေးကြတော့တယ်။ ငါ့သူငယ်ချင်း လှုပ်ရှားတက်ကြွသူတွေကတော့ ဒေသခံကာကွယ်ရေးစေတနာ့ဝန်ထမ်းတပ်ဆိုတာမှာ ဝင်ရောက်ကူညီနေကြပြီ။ ငါကတော့ စိတ်ဆင်းရဲလွန်းလို့ ဗုံးကြဲလေယာဉ်တွေလာချိန်မှာတောင် ဗုံးခိုကျင်းထဲမဝင်မိတော့ဘူး။

2010 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Joe Maddison’s War ဇာတ်ကားဟာ စစ်ပွဲနဲ့သမိုင်းနောက်ခံ ဒရာမာဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ရုပ်မြင်သံကြားဇာတ်လမ်းတစ်ခုဖြစ်လို့ လူသိပ်မသိခဲ့ကြဘူးထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ပျိုရွယ်သူယောက်ျားမှန်သမျှစစ်ထဲဝင်သွားကြချိန်မှာ ကျန်ခဲ့တဲ့ အသက်အရွယ်ကြီးသူအမျိုးသားတွေ နဲ့ ပညာသည်ဝန်ထမ်းဖြစ်လို့စစ်မှုထမ်းခွင့်ကင်းလွတ်ခံရသူ အရပ်သားတွေက ဒေသခံ ကာကွယ်ရေးတပ်တွေဖွဲ့စည်းပြီး ဂျာမန်တွေရဲ့ရန်ကို ခုခံတွန်းလှန်ခဲ့ကြပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ရုရှားကွန်မြူနစ်တွေကလည်း အင်္ဂလန် အမေရိကန်နိုင်ငံတို့နဲ့ မဟာမိတ်အဖြစ်လက်တွဲပြီး နာဇီဖက်ဆစ်တွေကို တိုက်ခိုက်ခဲ့ကြတဲ့ကာလပါ။ class လို့ခေါ်တဲ့ လူတန်းစားအမျိုးမျိုး အဆင့်ဆင့်ရှိတဲ့ အင်္ဂလန်နိုင်ငံရဲ့ အောက်ခြေအလုပ်သမားလူတန်းစားတွေကြားမှာ အလုပ်သမားထုသွေးစည်းညီညွတ်ရေး ဆိုတဲ့ ကွန်မြူနစ်ဆန်တဲ့အတွေးအခေါ်မျိုးတွေ အားကောင်းနေခဲ့တာကိုလည်း ဖော်ကျူးထားတာ တွေ့ရမှာပါ။

ဇာတ်ကောင်တွေအနေနဲ့လည်း British တွေဖြစ်တော့ သူတို့စကားပြောတဲ့ လေယူလေသိမ်း အသုံးအနှုန်းတွေက ဟောလီးဝုဒ်ဇာတ်ကားတွေမှာ အမေရိကန်အင်္ဂလိပ်အသံထွက်နဲ့သာ ရင်းနှီးနေကြတဲ့ ရုပ်ရှင်ကြည့်ပရိသတ်အတွက် ထူးဆန်းနေဖွယ်ရာရှိပါတယ်။ ချစ်စရာလည်းကောင်းပါတယ်။ စာတန်းထိုးရာမှာ လွဲချော်မှု မဆီလျော်မှုများရှိခဲ့ရင်တော့ ဘာသာပြန်သူရဲ့လိုအပ်ချက်ပါပဲ။

ဂျိုးမက်ဒီဆန်တစ်ယောက် ရစရာမရှိလောက်အောင် ပျက်စီးသွားတဲ့သူ့ဘဝကို ပြန်အဖတ်ဆည်နိုင်ပါ့မလား။ သူ့ဇနီးသည်က‌ရော ဘာကြောင့်သူ့ကိုစွန့်ပစ်ခဲ့တာလဲ။ သူ့ဆီများပြန်လာဦးမလား။ သူတို့ရဲ့သင်္ဘောကျင်းတွေတည်ရှိရာမြို့ကလေးကရော နေ့စဉ်ရက်ဆက်ဗုံးကြဲခံရတဲ့ဒဏ်ကို ခံနိုင်ပါ့မလား။ ဗုံးလာကြဲတဲ့နာဇီလေယာဉ်တစ်စီးလောက်ကို ပစ်ချလိုက်နိုင်လို့ အောင်ပွဲခံပျော်ရွှင်နေကြစဉ်မှာ ဂျိုးရဲ့သားလေးကလည်း ဗြိတိသျှဗုံးကြဲလေယာဉ်တစ်စီးနဲ့ ဂျာမနီနိုင်ငံကို သွားပြီး ဗုံးကြဲတိုက်ခိုက်နေရတော့ အတုံ့အလှည့်နဲ့ ကိုယ်ချင်းစာတရားက အဘိုးကြီး မက်ဒီဆန် အတွက် ထိုးနှက်ချက်ဖြစ်လာတယ်။

စစ်ပွဲနဲ့သမိုင်းနောက်ခံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြသူများ အားပေးရကျိုးနပ်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မထင်မရှား သမိုင်းတကွေ့ရဲ့ မကြီးကျယ်တဲ့အဖြစ်ကလေးဆိုပေမဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတွေအဖို့တော့ တသက်စာ အမှတ်တရပေါ့။

 
 

 

 

Read More 0 comments


 
Rating : 6.8/10
Country :China
Genre : Action,Drama,War,Chinese Movie,
Released Date : 2022
Duration : 1h 36min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

စစ်ပွဲတစ်ပွဲဆင်နွဲတဲ့အခါ သမိုင်းတွင်တဲ့ စစ်ပွဲများစွာရဲ့ စစ်သူရဲကောင်းတွေလည်းရှိသလို ဒီလိုစစ်ပွဲကြီးတွေအတွက် အထောက်အကူဖြစ်ဖို့ လူမသိသူမသိဆင်နွှဲခဲ့ရတဲ့ စစ်ပွဲလေးတွေထဲမှာ အသက်စွန့်တိုက်ပွဲဝင်ခဲ့ရတဲ့ သူရဲကောင်းရဲဘော်ပေါင်းများစွာလဲရှိပါတယ်

အခု ဒီဇာတ်ကားလေးကတော့ စစ်ပွဲကြီးတစ်ခုက နိုင်ငံ့သူရဲကောင်းတွေကိုရိုက်ကူးပုံဖော်ထားတာမဟုတ်ဘဲ သမိုင်းမှာလည်းမပါ ဘယ်သူမှမသိတဲ့ချိုင့်ဝှမ်းလေးတစ်ခုမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲလေးတစ်ခုက ရဲရင့်တဲ့ ရဲဘော်တွေရဲ့စိတ်ဓာတ်အားမာန်ကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်

ဇာတ်လမ်းလေးကတော့ ၁၉၅၂ခု နှစ်ကို အခြေတည်ရိုက်ကူးထားတာပါ

လျှိုဝမ်ဝူဟာ တိုးတက်မှုနောက်ကျပြီး ပစ္စည်းကိရိယာအစုံအလင်မရှိတဲ့ တရုတ်လုပ်အားပေးစစ်တပ်မှာ အရမ်းတော်တဲ့ တပ်ကြပ်တစ်ယောက်ဖြစ်ပြီး အဖွဲ့ ၅တပ်ဖွဲ့ကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်

တစ်နေ့မှာ သူတို့တပ်ရဲ့ သတင်းပေးလျန်လျန်ဆိုတဲ့ရဲဘော် ချုံခိုတိုက်ခံရပြီး အထက်က လျန်လျန်ကို သေသေရှင်ရှင် ပြန်ခေါ်ခဲ့ဖို့ တပ်ကြပ်လျှိုခေါင်းဆောင်တဲ့ အဖွဲ့ ၅ကို တာဝန်ပေးလိုက်ပါတယ်
တစ်ဖက်မှာလည်း လျန်လျန်ကို ဓားစာခံထားပြီး လျှိုဝမ်ဝူကို ဖမ်းဖို့အမေရိကန်အထူးတပ်ဖွဲ့က အသင့်စောင့်နေချိန်မှာတော့…

လက်နက်ခဲယမ်း ကိရိယာအစုံအလင်ရှိပြီး ကျွမ်းကျင်သူတွေကြီးပဲ ဖွဲ့စည်းထားတဲ့ အမေရိကန်တပ်ဖွဲ့ကို လျှိုဝမ်ဝူတို့တပ်ဖွဲ့ ၅ဘယ်လိုရင်ဆိုင်ကြမလဲ

နိုင်ငံ့အကျိုးကိုပဲရှေ့တန်းတင် သူတို့အသက်တွေကိုရင်း သူမတူတဲ့မျိုးချစ်စိတ်တွေနဲ့ သူတို့ရဲ့တာဝန်ကို ဘယ်လိုပြီးမြောက်အောင်ထမ်းဆောင်မှာလဲဆိုတာ ရဲသွေးရဲမာန်အပြည့်နဲ့ ဒီကားလေးမှာ စိတ်ဝင်စားဖွယ်ဆက်ကြည့်ကြရမှာပါနော် ။

 

Read More 0 comments


 

Rating : 7.4/10
Country :United State
Genre : Drama,Romance,War,
Released Date : 2021
Duration : 2h 42min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒုတိယ ကမ္ဘာစစ်ကိုဇာတ်လမ်းတည်ပြီးရိုက်ထားတဲ့ အချစ်ဇာတ်လမ်းလေးပါ

အချစ်က လူတိုင်းကို ရူးသွပ်စေနိုင်တယ်ဆိုတာလေးပါ ဖော်ပြပေးထားတာပါ

ဂျော့ဖရီ နဲ့ ကတ်သရင်းတို့ လင်မယားနှစ်ယောက်က

လေ့လာရေးခရီးထွက်ပြီး မြေပုံဆွဲနေတဲ့အဖွဲ့ဆီ ရောက်လာတာကနေ

ဇာတ်လမ်းလေးက စတာပါ
အဖွဲ့ထဲမှာ ကတ်သရင်းကို သဘောကျနေတဲ့ အယ်မာဆီဆိုတဲ့တစ်ယောက်ကလည်း

ရှိနေပါသေးတယ် တစ်နေ့တော့ ဂျော့ဖရီက အစိုးရအတွက် အလုပ်လုပ်ပေးဖို့

သွားတော့ ကတ်သရင်းကို လေ့လာရေးအဖွဲ့နဲ့ ထားခဲ့ပါတော့တယ်

အဲဒီအချိန်မှာပဲ ရှုပ်ထွေးပွေလီလှတဲ့ အချစ်ရဲ့ နိယာမတွေကို

တစ်ခုချင်းစီ ကွက်ကွက်ကွင်းကွင်းမြင်ပြီး ငြိမ့်ငြိမ့်လေးနဲ့ ခံစားနေရာကနေ

မျက်ရည် ဘူးသီးလောက်ကျအောင် ဆွဲခေါ်သွားနိုင်တာမို့

ဆု အများကြီးရထားပြီး လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ

 

 

 

Read More 0 comments


 

 

Rating : 6.0/10
Country :China
Genre : Action,Horror,War,Chinese Movie,
Released Date : 2022
Duration : 1h 18min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီတစ်ခေါက်မှာတော့ စစ်ကားကောင်းကောင်းလေးတစ်ကားကိုရွေးချယ်ပေးထားပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ ၁၉၄၂ ခုနှစ်မှာဂျပန်စစ်တပ်တွေဟာတရုတ်နိုင်ငံရှန်ရှီးအနောက်မြောက်ပိုင်း
အခြေစိုက်စခန်းကိုသိမ်းပိုက်လိုက်ပါတယ် ဂျပန်စစ်တပ်ရဲ့ထောင်လွှားမှုကိုအမြစ်ဖြတ်ဖို့အတွက်တပ်မှူးလီယွင်လုံကလည်း
ပင်းအန်ခရိုင်ခံတပ်ကိုတိုက်ခိုက်ဖို့ချီတက်သွားပါတယ် အဲ့ဒီမှာဂျပန်စစ်တပ်ဟာပင်းအန်ခံတပ်ကိုတပ်ကူပို့ဖို့
အရေးတကြီးလိုအပ်လာပါတော့တယ် ပင်းအန်ကိုအထိအခိုက်နည်းနည်းနဲ့ အမြန်ဆုံးရောက်နိုင်မယ့်ဖြတ်လမ်းကတော့
ဝိဉာဉ်ငိုတောင်ကြားလမ်းပါပဲ ဒါကြောင့်တရုတ်စစ်တပ်တွေအနေနဲ့ ဝိဉာဉ်ငိုတောင်ကြားလမ်းမပါ
သွားအောင်အစွမ်းကုန်ခုခံရပါတော့တယ်

လက်နက်အင်အားအသာကြီးသာလွန်နေတဲ့ဂျပန်စစ်တပ်ကိုတားဆီးနိုင်ပါ့မလား
ပင်းအန်ခံတပ်ကိုရောသိမ်းပိုက်နိုင်ပါ့မလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်

Read More 0 comments


 

 

Rating : 8.3/10
Country :China
Genre :Drama,War,Chinese Movie,
Released Date : 1994
Duration : 2h 13min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အလယ်တန်းကျောင်းသားဘ၀လောက်က သော်တာဆွေ၀တ္တုတို တစ်အုပ်မှာလားမသိ ဗမာပြည်က ကွန်မြူနစ်စနစ်အောက်က လူတွေရဲ့ ဘ၀အကြောင်း နည်းနည်းပါးပါးရေးထားတာ ဖတ်ဖူးတယ်။ ဆယ်နှစ်လောက်ရှိပြီဆိုတော့ ဘာမှ သေသေချာချာတော့ မမှတ်မိတော့ပါဘူး။ အလုပ်ခွဲတမ်းအတိုင်းလုပ်ပြီး ပိုလုပ်လို့ရတဲ့‌ ငွေလေးနဲ့ သမဝါယမဆိုင်က ဓာတ်ဘူး၀ယ်တာလေးလားမသိ သိပ်တော့မရေရာပေမဲ့ မှတ်တော့မှတ်မိနေသေးတယ်။ ကွန်မြူနစ်စနစ်အောက်မှာ ရှင်သန်ရတဲ့ပုံစံကို ပုံဖော်ထားတဲ့ ၀တ္တုတိုလေးပေါ့။ ဇာတ်လမ်းကရိုးရိုးလေးပါပဲ။ ဖတ်တုန်းကတော့ ဒီတိုင်းပဲပြီးသွားတယ်။ သို့ပေမဲ့ ဇာတ်အိမ်တောင် မရေရာတော့တဲ့ ဆယ်နှစ်လောက်အကြာက အဲဒီ၀တ္တုကို ဒီရုပ်ရှင်အပြီးမှာပြေးသတိရမိတယ်ဆိုတော့ ၀တ္တုဟာ ကျွန်တော်မသိလိုက်‌အောင်ကို မသိမသာနဲ့ပဲ ခံစားချက်တစ်ခု ချန်နိုင်ခဲ့ပုံပါပဲ။ တကယ်တမ်း အဲဒီ၀တ္တုဟာ ဒီတိုင်းအခြေအနေတစ်ခုကို တင်ပြထားရုံပါပဲ။ To Live ကလည်း သူ့လိုပဲပါပဲ။တရုတ်ပြည်ကွန်မြူနစ်စနစ်ရဲ့ ဦးအစက မိသားစုတစ်စုရဲ့ ခေတ်ကို ဖြတ်သန်းတဲ့ အတွေ့အကြုံတွေအကြောင်းပါပဲ။ ရိုးရိုးလေးပါ ဒါပေမဲ့ တစ်ချိန်ချိန်မှာ ပြန်အမှတ်ရစရာ ခံစားချက်တစ်ခုကို ချန်ကောင်းချန်နိုင်ပါလိမ့်မယ်။

ဇာတ်အိမ်ကတော့ 1993မှာထွက်တဲ့ Yu Hua ရေးတဲ့ To Live ဆိုတဲ့ ၀တ္တုကို မှီငြမ်း ရိုက်ကူးထားတာပါ။ ဇာတ်အိမ်တည်တဲ့ကာလတွေကတော့ Farewell My Concubine နဲ့ ခေတ်ပြိုင်လို့ဆိုလို့ရတယ်။ FMC လိုပဲ ယဉ်ကျေးမှုတော်လှန်ရေးတို့ မဟာခုန်ပျံကျော်လွှားမှုကြီးတို့ မစခင်ကာလကနေ စပြပြီး အဲဒီကာလတွေထဲ ဖြတ်သန်းပြထားတယ်။ Farewell မှာတော့ သဘင်သည်ရဲ့ဘ၀ကို ပြထားပြီး ပိုဇာတ်နာပေမဲ့ To Live ကတော့ သာမန်မိသားစုတစ်ခုရဲ့ ဘ၀ကိုပဲပြထားပြီး ဇာတ်လေးနည်းနည်းနာလိုက် ဟိုသီချင်းထဲကလို ” မျှော်လင့်ချက်နဲ့ နှိုင်းရင် ကြုံဆုံနေသမျှအဖြစ်တွေဟာ ကောင်းလွန်းပြန်တယ်” ဆိုတဲ့သဘော တစ်လှည့်လာလိုက်နဲ့ သူတို့မိသားစုရဲ့ ဘ၀တစ်ကွေ့ကို ဇာတိ ဇရာ ဗျာဓိ မရဏတွေကို တွေ့ကြုံစေပြီး ဘ၀ဆန်ဆန်ပဲ ခင်းကျင်းသွားတယ်။

ကျွန်တော်တို့ရဲ့ဂေါင်လီကတော့ ထုံးစံအတိုင်းပါပဲ။ Eros မှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အမျိုးသမီးဇာတ်ရုပ်နဲ့ပီပြင်သလို Farewell မှာ ကျူရှန်းဇာတ်ကောင်နဲ့ လိုက်ဖက်နေသလို ဒီက မိသားစုကိုချစ်တဲ့ အိမ်ထောင်ရှင်မ ဇာတ်ရုပ်မှာလည်း အံ၀င်ခွင်ကျပါပဲ။ အဓိက‌ဇာတ်ကောင် ဂေါင်လီ့ယောက်ျားကလည်း Farewell မှာလည်း ပါခဲ့တဲ့ Ge You ပါ။ တရုတ်ဘိန်းစားရုပ်နဲ့ပဲ တရုတ်ရှေးခေတ်ဘ၀ကို သူလည်း ပြောင်ပြောင်မြောက်မြောက် ပုံဖော်သွားခဲ့သလို အကောင်းဆုံးသရုပ်ဆောင်ဆုကိုလည်း ရခဲ့တယ်။ စာရေးဆရာဆီက အကူအညီရခဲ့သလို ကျန်းရိမူကိုယ်တိုင်ကလည်း ယဉ်ကျေးမှုတော်လှန်ရေးကို ဖြတ်သန်းခဲ့ရတဲ့သူဆိုတော့ ဇာတ်ကိုကောင်းကောင်း ပုံဖော်သွားနိုင်ခဲ့တာကြောင့် To Live ကို တချို့က သူ့အကောင်းဆုံးကားအဖြစ်လည်း သတ်မှတ်ကြတယ်။

To Live ဟာ ကျန်းရိမူရဲ့ IMDB Rating အကောင်းဆုံး ရုပ်ရှင်ဖြစ်သလို ကျန်းရိမူ ဂေါင်လီ တွဲရိုက်ထားတဲ့ collaboration ကားတွေထဲလည်း Rating အကောင်းဆုံးပါပဲ။ ကျန်းရိမူနဲ့ဂေါင်လီရဲ့ ၇ကားမြောက် တွဲရိုက်တဲ့ကားလည်း ဟုတ်ပါတယ်။ အမေရိကမှာ တရုတ်သမိုင်းသင်ရင် ထည့်သုံးရတဲ့ကားလည်း ဟုတ်ပါတယ်။ ထုံးစံအတိုင်း သမိုင်းကိုအခြေခံထားတဲ့ တရုတ်ကားကောင်းဆိုရင် ဘန်းနေကျ တရုတ်က To Live ကိုလည်း ဘန်းထားတယ်။

To Live ဟာ ဘယ်နားမှာမှ စိတ်ခွန်အားတက်စရာမပေးထားတဲ့ မိသားစုတစ်ခုရဲ့ အနိမ့်အမြင့်တွေကို ပုံဖော်ထားတဲ့ရုပ်ရှင်ပေမဲ့လည်း အာရှရုပ်ရှင် ပရိတ်သတ်တစ်ချို့ကတော့ To Live ဟာ သူတို့ဘ၀ရဲ့ ခက်ခဲတဲ့အချိန်တွေမှာ မျှော်လင့်ချက်ဖြစ်စေတဲ့ကားလို့လည်း ဆိုပါတယ်။ မလွယ်တာတွေ့ရင်း ပိုခက်တဲ့ဘ၀တွေကိုငဲ့ကြည့်ရင်း မျှော်လင့်ချက်ဖြစ်သွားတာပဲ နေပါလိမ့်မယ်။

Read More 0 comments


 

 

Rating : 8.0/10
Country :United State
Genre : Drama,Romance,War,
Released Date : 1965
Duration : 3h 17min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဂန္တဝင်တို့ရဲ့ဂန္တဝင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားကို “ကြီး”ထည့်‌ ပြောရလောက်အောင် တကယ်ပဲ အနုပညာဆန်မှု၊အောင်မြင်မှု၊ကျော်ကြားမှုတွေ အကြီးကြီးတွေ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ပါ။
ဒေါက်တာဇီဗားဂိုး လို့ပြောလိုက်ရင် ရုပ်ရှင်ဝါသနာရှင်တွေရော စာပေသမားတွေပါ သိပြီးဖြစ်ကြပါလိမ့်မယ်။ အထူးသဖြင့်တော့ သက်ကြီးပိုင်းပရိသတ်တွေက ပိုသိကြမှာပါ။

ရုပ်ရှင်အကြောင်းမပြောခင် ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ ဝတ္ထုနဲ့စာရေးဆရာတို့‌အကြောင်းကို အရင်ပြောပါရ‌စေ။ နောက်ခံသမိုင်းကြောင်းလေး နည်းနည်းသိထားရင်လည်း ကြည့်ရတာ ပိုအရသာရှိမှာဖြစ်လို့ပါပဲ။
တချိန်က ကမ္ဘာပေါ်မှာ ကွန်မြူနစ်ဝါဒဆိုတာ အလွန်ပျံ့နှံ့ရေပန်းစားခဲ့တဲ့ အရာတစ်ခုပါ။ လူတန်းစားမညီမျှမှုတွေကို တိုက်ဖျက်ဖြိုချပြီး ပစ္စည်းမဲ့တွေရဲ့လောကနိဗ္ဗာန်ထူထောင်ရေး ဆိုတဲ့ သဘောတရားပါပဲ။ အလွတ်သဘော အကြမ်းဖျင်းပြောရရင်တော့ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ ၁၉၉၀ခုနှစ်လောက်အထိ ကွန်မြူနစ်ဝါဒ အလွန်အားကောင်းခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုလို့ခေါ်ကြတဲ့ USSR (United States of Soviet Russia) ဟာ အမေရိကန်ပြည်ထောင်စု(အရင်းရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံ)နဲ့ အားပြိုင်ရင်း စစ်အေးတိုက်ပွဲနွှဲနေခဲ့ကြတဲ့ကာလတွေပါ။ “တပ်နီတော်” တို့ ၊ “အလေးနီ”ပြုပါတယ် တို့ စသဖြင့် ကွန်မြူနစ်ဆိုရင် ရဲရဲနီပါပဲ။ အချင်းချင်းပြောဆိုဆက်ဆံတဲ့အခါမှာလည်း နာမည်/ရာထူးရှေ့မှာ Comrade(ရဲဘော်) လို့ ထည့်ခေါ်ကြတာလည်း ကွန်မြူနစ်တွေရဲ့ ဝိသေသပါပဲ။ ဇာတ်ကားထဲမှာ ဇာတ်ကြောင်းပြောနေတဲ့ ဗိုလ်ချုပ်ကြီးကိုတောင် “ရဲဘော်ဗိုလ်ချုပ်ကြီး”လို့ခေါ်တာ ကြည့်ပါတော့။ သူတို့အထာမသိရင် နားလည်ဖို့အခက်သားပါပဲ။

၁၉၅၇ ခုနှစ်မှာ ဆိုဗီယက်စာရေးဆရာ ကဗျာဆရာ ဘောရစ်စ် ပက်စတာညက်ဗ် (Boris Pasternak) ရေးသားတဲ့ Doctor Zhivago ဝတ္ထုကို အီတလီနိုင်ငံမှာ ထုတ်ဝေခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုမှာ မထုတ်ဘဲ ဘာလို့ အီတလီမှာထုတ်ဝေခဲ့ရလဲဆိုရင်တော့ ဆိုဗီယက်အာဏာပိုင်တွေက ဒီစာရေးဆရာကို မျက်မုန်းကျိုးနေလို့ပါပဲ။ ကွန်မြူနစ်နိုင်ငံတွေမှာ အနုပညာလွတ်လပ်ခွင့်ဆိုတာ ပါတီက ခွင့်ပြုသလောက်ပဲ လွတ်လပ်နိုင်တာပါ။

ဒီဝတ္ထုမှာက ပထမကမ္ဘာစစ်နဲ့ ရုရှပြည်တွင်းစစ်ကို နောက်ခံထားပြီး ဇာဘုရင်ကျဆုံးချိန်၊ ကွန်မြူနစ်နိုင်ငံစတင်တည်ဆောက်ချိန်တွေမှာ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ကြရပုံတွေကို လူသားဆန်တဲ့ ရှုထောင့်ကနေ ပုံဖော်ရေးသားထားတာကြောင့် အာဏာပိုင်တွေက မကြိုက်ကြတာ မဆန်းပါဘူး။ ဒီစာအုပ်ကို ပြည်တွင်းမှာ ဖတ်ရှုခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာတော့ ဒီစာအုပ်ဟာ အလွန်အောင်မြင်ခဲ့ပြီး တော်စတွိုင်းရဲ့ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုရှည်ကြီးနဲ့အတူ ဂန္တဝင်စာပေစာရင်း ဝင်သွားခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ၁၉၅၈ နိုဘယ်ဆုရသူတွေစာရင်းမှာ ဘောရစ်စ် ပက်စတာညက်ဗ်ကို စာပေဆိုင်ရာနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် စာရေးသူဟာ အဲဒီဆုကို ငြင်းပယ်ခဲ့ရပါသတဲ့။ (၁၉၈၉ ခုနှစ်ရောက်မှ သူ့သားတစ်ယောက်က သူ့ကိုယ်စား ဆုသွားယူခဲ့ရတယ် လို့ ဆိုပါတယ်) မြန်မာဘာသာပြန်ဝတ္ထု အနေနဲ့ကတော့ စာရေးဆရာ ဘုန်းမြင့်(မန္တလေး)က ဘာသာပြန်ဆိုထုတ်ဝေခဲ့ဖူးတယ် လို့ သိရပါတယ်။

ဒီဇာတ်လမ်းမှာ ကွန်မြူနစ်တပ်နီတော်ရဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်က သူ့ရဲ့ အဖေတူအမေကွဲ အစ်ကိုတော်စပ်သူ နာမည်ကျော်ကဗျာဆရာ ဒေါက်တာဇီဗားဂိုးရဲ့ သမီးကို လိုက်လံရှာဖွေရင်း ဇာတ်ကြောင်းပြောဟန်နဲ့ စဖွင့်ထားပါတယ်။

မိဘမဲ့ကောင်လေးဇီဗားဂိုး ကို သူ့မိဘတွေရဲ့မိတ်ဆွေလင်မယားက မွေးစားခဲ့ပါတယ်။ အဲဒီလင်မယားမှာ သမီးလေး တွန်ညာ ဆိုတာရှိပြီး သူမဟာ နောက်တော့ ဇီဗားဂိုးရဲ့ဇနီးဖြစ်လာမယ့်သူပါပဲ။
ဇီဗားဂိုးဟာ ဆေးပညာသင်ယူနေချိန်မှာပဲ ကဗျာဆရာတစ်ယောက်အဖြစ် ကျော်ကြားလာခဲ့ပါတယ်။ တစ်ညမှာတော့ ဆရာဝန်ဖြစ်ခါစ ဒေါက်တာဇီဗားဂိုးဟာ ခရစ္စမတ်အကြိုညပါတီပွဲတစ်ခုမှာ သေနတ်နဲ့အပစ်ခံလိုက်ရတဲ့ ရှေ့နေတစ်ယောက်ကို ပြုစုကုသပေးခဲ့ရတယ်။ ရှေ့နေကြီးရဲ့နာမည်က “ဗစ်တာ အစ်ပိုလီတိုဗစ်ခ်ျ ကိုမာရော့ဗ်စကီ” ပါတဲ့။ (ရုရှားရုပ်ရှင်၊ဝတ္ထုတွေမှာ အဲလို နာမည်ရှည် နာမည်ရှုပ်ကြီးတွေကိုတော့ သည်းခံပေးရလေ့ရှိပါတယ်။)
သေနတ်နဲ့ပစ်သူကတော့ လာရီဆာ အန်တီပိုဗာ (ခေါ်) လာရာ ဆိုတဲ့ မိန်းမချောငယ်လေးတစ်ယောက်ပါပဲ။ သူတို့နှစ်ယောက်ကြားက ဇာတ်လမ်းကတော့ ……………..

ဇာဘုရင်ရဲ့အုပ်စိုးမှုကို ဆန့်ကျင်လိုတဲ့ ခေတ်ကြီးကိုအတင်းပြောင်းချင်ကြတဲ့ အင်အားစုတွေရဲ့ လှုပ်ရှားမှု ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခံရတာကိုလည်း ဖော်ပြထားတာတွေ့ရမှာပါ။
ပထမကမ္ဘာစစ်ကြီးအတွင်းမှာ စစ်တပ်ဆရာဝန်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ဒေါက်တာဇီဗားဂိုးဟာ ကမ္ဘာစစ်ကြီးအပြီးမှာ ဆက်ဖြစ်လာတဲ့ ရုရှပြည်တွင်းစစ်ကြောင့် ဇနီးနဲ့သားရှိရာကို မပြန်နိုင်ဘဲ ဆက်လက်စစ်မှုထမ်းနေခဲ့ရတယ်။ အဲဒီအချိန်မှာ စစ်အတွင်းက ပျောက်ဆုံးသွားတဲ့ ခင်ပွန်းသည်ကိုရှာဖွေဖို့ စေတနာ့ဝန်ထမ်းသူနာပြုအနေနဲ့ စစ်မြေပြင်ကိုရောက်လာတဲ့ “လာရာ” နဲ့ ဆုံမိခဲ့ကြပါတယ်။ အတူအလုပ်လုပ်ရင်း သံယောဇဉ်တွယ်မိခဲ့ကြပေမယ့် မစွန်းထင်းမိအောင် နှစ်ယောက်လုံး ချုပ်တည်းနိုင်ခဲ့ကြတယ်။

တပ်ကထွက်ခွင့်ရလို့ မော်စကိုမြို့တော်ကို ဒေါက်တာဇီဗားဂိုး ပြန်လာတဲ့အခါ ခေတ်ကြီးကပြောင်းနေပါပြီ။ သူတို့မိသားစုနေတဲ့ အိမ်ကြီးဟာ စုပေါင်းအိမ်ယာတစ်ခုအဖြစ် ပုံဖော်ခံခဲ့ရပြီးနောက် တခြားမိသားစုတွေနဲ့အတူ ကျဉ်းကျပ်စွာနေထိုင်ရပြီး ကုန်ဝယ်စာအုပ် ၊ ရိက္ခာလက်မှတ် ၊ ပြည်သူတွေကို လုံလောက်အောင် မထောက်ပံ့နိုင်တဲ့ ရာရှင်စနစ် စသဖြင့် ကွန်မြူနစ်နိုင်ငံတော်ကြီး စတင်တည်ဆောက်တဲ့ကာလမှာ ဒုက္ခများစွာနဲ့ ရင်ဆိုင်ဖြတ်သန်းရပါတော့တယ်။ ပိုဆိုးတာက သူ့ရဲ့ကဗျာတွေက ခေတ်နောက်ပြန်ဆွဲနေတယ် စိတ်ကူးယဉ်ဆန်တယ် စသဖြင့် ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက သူ့ကိုမကြိုက်ကြတာပါပဲ။ သူက ပါတီကိုလည်းမဝင်ဘူး၊ ပါတီလုပ်သမျှ မျက်စိမှိတ်ထောက်ခံသူလည်း မဟုတ်ဘူးဆိုတော့ ပိုပြီး အညှိုးခံရတာပေါ့။
အဲဒါ‌ကိုသူက သဘောမပေါက်ပေမယ့် သူ့ညီ(ဇာတ်ကြောင်းပြောသူ) သဘောပေါက်တဲ့အတွက်ကြောင့် သူ့ကို မော်စကိုကနေ ဝေးလံတဲ့တနေရာမှာ ဇာတ်မြှုပ်နေထိုင်ဖို့တိုက်တွန်းပါတော့တယ်။
အခုပြောပြီးခဲ့သမျှက ဇာတ်လမ်းတဝက်စာပဲရှိပါသေးတယ်။ ကြည့်ကြတဲ့အခါ ရသမပျက်စေချင်လို့ ဇာတ်လမ်းကို ဒီအထိပဲ ညွှန်းပါရစေ။

ဇာတ်ကားကြာချိန်က (၃)နာရီ နဲ့ (၂၀)မိနစ်ရှိပါတယ်။ ဒါပေမဲ့ ကြည့်တဲ့အခါမှာ ပျင်းတဲ့စိတ်တစ်ကြိမ်မှမပေါ်ဘဲ စီးမျောပါဝင်သွားကြမှာပါ။ အနုပညာအရရော ငွေကြေးအရပါ အောင်မြင်ခဲ့တဲ့ဇာတ်ကားပါပဲ။ ဘတ်ဂျက် ဒေါ်လာ (၁၁)သန်းနဲ့ရိုက်ကူးခဲ့ပြီး တကမ္ဘာလုံးကဝင်ငွေ ဒေါ်လာ(၂၄၈.၂)သန်း ပြန်ရခဲ့တာကိုသာ ကြည့်ပါတော့။ အကယ်ဒမီဆုပေါင်းများစွာလည်းရရှိခဲ့ပါတယ်။ အော်စကာဆု ငါးဆုနဲ့ အခြားဆုပေါင်း (၁၆)ဆုအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ပွဲနဲ့သမိုင်းနောက်ခံအချစ်ဇာတ်လမ်းမျိုးကို နှစ်ခြိုက်ကြသူတွေရဲ့ အသည်းစွဲဖြစ်မယ့် ဇာတ်ကားပါပဲ။ ကွန်မြူနစ်လောကနိဗ္ဗာန် ဆိုတာကို တမ်းတခဲ့ကြသူတွေ ရှိနေသေးရင်လည်း ဒီကားထဲက ကွန်မြူနစ်အင်တာနေရှင်နယ် သီချင်းသံကြားရရင် အလွမ်းပြေကြမယ် ထင်ပါရဲ့။

အချစ်ဇာတ်လမ်းသက်သက်ကို ရွေးပြီးခံစားလိုသူတွေအတွက်လည်း ကာမဆန္ဒကိုတပ်မက်တဲ့အချစ်၊ လူသားဆန်တဲ့အချစ် ၊ တိုင်းသူပြည်သားတွေကို သနားစာနာတဲ့အချစ် ၊ ဝါဒတစ်ခုကို ကိုးကွယ်တဲ့အချစ် စသဖြင့် အချစ်မျိုးအထွေထွေကို တွေ့မြင်ခံစားရပါလိမ့်မယ်။ ဘယ်ခေတ်ရောက်ရောက် တို့ကတော့ ပန်းပန်လျက်ပါပဲ ဆိုတဲ့ လူစားမျိုးတွေအကြောင်းလည်း တွေ့ရမှာပါ။ ရှေးခေတ်ကဇာတ်လမ်းဖြစ်ပေမယ့် လူ့သဘာဝနဲ့လောကသဘာဝ ကို ပီပြင်အောင်ဖော်ကျူးထားတာဖြစ်လို့ ခေတ်အဆက်ဆက်မှာ ဘယ်တော့မှ မပျောက်ပျက်သွားမယ့် ဂန္တဝင်ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ် ခင်ဗျာ။

Read More 0 comments


 

Rating : 6.6/10
Country :United State
Genre :Adventure,Drama,War,
Released Date : 1962
Duration : 1h 38min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒုတိယကမ္ဘာစစ်အတွင်းက ဗမာပြည်စစ်မြေပြင် Burma Campaign ရဲ့ နာမည်ကြီးတိုက်ပွဲဖြစ်တဲ့ မြစ်ကြီးနားတိုက်ပွဲကိုဆင်နွှဲခဲ့တဲ့ ဗိုလ်ချုပ် Merrill နဲ့ သူ့ရဲ့တပ်ဖွဲ့ Merrill’s Marauders အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားပါ…ဂျပန်တွေလက်ထဲက မြစ်ကြီးနားကို သိမ်းဖို့ ပြောက်ကျားတပ်ဖွဲ့ ၂ ဖွဲ့ ဖွဲ့ခဲ့ပြီး တစ်ခုက မရောက်ဒါးတပ်ဖွဲ့နဲ့ နောက်တစ်ဖွဲ့က Levi Scout (Kachin Scout) လို့ခေါ်တဲ့ ကချင်လူမျိုးတွေအများဆုံးပါဝင်တဲ့တပ်ဖွဲ့ပါ။

“ယမ်းငွေ့ဟာ ပန်းမွေ့ယာဖြစ်မလာနိုင်ဘူး” တဲ့။ “စစ်တိုက်တယ်ဆိုမှတော့ ပန်းတွေနဲ့ပေါက်ကြတာမှ မဟုတ်ဘဲလေ”။ “စစ်” ဆိုတဲ့ ကဗျာခေါင်းစဉ်လေးအောက်မှာ “ဒုံးဒုံးဒက်ဒက်၊ တုံးလုံးပက်လက်” ဆိုပြီး နှစ်ကြောင်းထဲနဲ့ စစ်ရဲ့ အနိဌာရုံကို ထင်ဟပ်နိုင်သလိုပေါ့။ လူတွေဟာ စစ်တိုက်ဝါသနာ ပါသလားမသိ။ အခုထိ ကမ္ဘာ့စစ်ပွဲကြီး နှစ်ကြိမ်ဖြစ်ပြီးသွားပြီ။

ဒါပေမဲ့ စစ်တိုက်တယ်ဆိုတာနဲ့ လူအများပြေးမြင်တာက ကျည်ဆံတွေ ပလူပျံနေတုန်း ပြေးကြ လွှားကြ၊ သွေးသံရဲရဲ သေပွဲဝင်ကြ၊ ကိုယ့်ရဲဘော် ကျဆုံးသွားတဲ့အခါ မျက်ဝန်းနီကြီးတွေနဲ့ အံတင်းတင်းကြိတ်ပြီး မိုက်ရူးရဲ ရှေ့တက်ပစ်ခတ်ကြ။ ဒါပေမဲ့ ဒီကားမှာတော့ အဲဒီမြင်ကွင်းတွေကို သိပ်ပြီး မြင်ရဖို့မရှိပါဘူး။

စစ်တိုက်တယ်ဆိုတာ သေနတ်နဲ့ပစ်ရဲရမယ်။ ကိုယ့်ကိုကျည်ဆံမှန်ရင်လည်း သေရဲရမယ်။ သေရဲသတ်ရဲရမယ်ဆိုတာနဲ့တင် ပြီးတာမဟုတ်ဘူး။ ရိက္ခာမလုံလောက်၊ အဖျားရောဂါထူနေဆဲမှာ လမ်းခရီးကြမ်းကြီးကို တိုက်ပွဲဝင်လက်နက်၊ ကျည်ဆံ၊ လက်နက်ကြီးတွေကို အပါသယ်ပြီး ချီတက်နိုင်တာကလည်း သိပ်အရေးပါတဲ့ စစ်ရေးစွမ်းရည်တစ်ခုပါ။

ဒီဇာတ်ကားကတော့ ဖက်ဆစ်နာဇီဂျာမန်တပ်နဲ့ ဂျပန်တပ်တို့ကို ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တပ်ပေါင်းစုနဲ့ ပြန်လည်ထိုးစစ်ဆင် ဟန့်တားရတဲ့အကြောင်းပါပဲ။ ဂျာမန်တပ်တွေကလည်း ကမ္ဘာ့အရှေ့ခြမ်းကို လမ်းပွင့်အောင် အပြင်းအထန် တိုက်စစ်ဆင်လာပြီး ဂျပန်ကလည်း ဂျာမန်တပ်တွေနဲ့ ပူးပေါင်းနိုင်အောင် ကမ္ဘာ့အနောက်ခြမ်းကို ချီတက်နေချိန်ပေါ့။ ဗမာပြည် (မြန်မာနိုင်ငံ) ကနေ ဆုတ်ခွာခဲ့ရတဲ့ ဗြိတိလျှတပ်တွေဟာ မဟာမိတ်အဖွဲ့တွေနဲ့ စုပေါင်းပြီး အိန္ဒိယကနေ ဗမာပြည် မြစ်ကြီးနားကိုပြန်သိမ်းဖို့ ကြိုးစားရပါတယ်။

ဂျပန်ဟာ ဗမာပြည်ကိုသိမ်းပိုက်ပြီးတော့ လေကြောင်းအချက်အချာကျရာမြို့ဖြစ်တဲ့ မြစ်ကြီးနားကို အပိုင်တပ်ထိုင်ထားတယ်။ ဂျပန်ဘုရင့်တပ်မတော် အမှတ် (၁၈) လို တိုက်ခိုက်ရေး နာမည်ကြီးတပ်ကိုယ်တိုင် ထိမ်းထားခြင်းဖြစ်လို့ မြစ်ကြီးနားရဲ့ အရေးပါပုံကို ခန့်မှန်းနိုင်ပါတယ်။ အဲဒီမှာပဲ စေတနာ့ဝန်ထမ်းလုပ်လာတဲ့ လူမျိုးပေါင်းစုံကို အမှတ် (၅၃၀၇) တပ်ပေါင်းစု (ယာယီ) အဖြစ်ဖွဲ့စည်းခဲ့ပြီး အင်အားသုံးထောင်ရှိပါတယ်။ ဗမာပြည်ကို ပြန်သိမ်းဖို့ကြိုးစားတဲ့ တပ်တွေထဲက တစ်စိတ်တပိုင်းဖြစ်လာခဲ့တာပေါ့။

သူတို့တပ်ကြီးဟာ ဂျပန်နယ်မြေထဲကို မိုင် (၂၀၀) ကျော်အထိ အင်မတန်ကြမ်းတမ်းတဲ့ တောတောင်ခရီကြမ်းနှင်လို့ တိတ်တဆိတ်ချဉ်းကပ်ဝင်ရောက်လာပြီး ဂျပန်တွေရဲ့ ရိက္ခာထောက်စခန်းဖြစ်တဲ့ Walawbum ကို သိမ်းပိုက်ခဲ့ကြတယ်။ သူတို့ရဲ့ ချီတက်ရေးနဲ့ စစ်ဆင်ရေးဟာ ကြမ်းတမ်းလွန်းလို့ အကြီးအကျယ်စစ်ပန်းနေကြပေမယ့် သူတို့ဟာ Shaduzup က ရထားဘူတာကို စိမ့်နွံအိုင်မြေထဲကိုဖြတ်ပြီး ချီတက်ရပြန်ပါတယ်။ ဆရာဝန်တစ်ယောက်ရဲ့ သုံးသပ်ချက်ကတော့ စစ်တိုက်ရန် မဖြစ်နိုင်လောက်အောင် ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေး မရှိကြသော ဂျုံးဂျုံးကျ တပ်သားများပေါ့။

ကိုယ့်သူငယ်ချင်း ကိုယ့်မိတ်ဆွေတွေဟာ ကိုယ့်ရှေ့မှာပဲ သေကြကြေကြလွန်းတော့ လူတွေဟာ စိတ်ခံစားချက်တွေ ထုံသွားကြတယ်။ လူတစ်ယောက်လဲသေတယ်။ ငုံကြည့်လိုက်ကြတယ်။ ပြီးတော့ ကိုယ်နဲ့မဆိုင်သလို ဆက်လျှောက်သွားကြတယ်။ မျက်ရည်ခြူ စစ်ပေါကားတွေလို မေးရိုးကြီးတွေထောင်မနေဘူး။ လက်စားချေမယ်ကွလည်း မအော်ဘူး။ သတ်စရာရှိ သတ်လိုက်ကြတယ်။ သေစရာရှိ သေလိုက်ကြတယ်။

ကဲ ဂျုံးဂျုံးကျစစ်သားကြီးတွေနဲ့ သူတို့ရဲ့ နှလုံးရောဂါသည် ဗိုလ်ချုပ် (အမှန်ကတော့ ဗိုလ်မှူးချုပ် ပါ။ အဲဒီအခါက စစ်တပ်မှာ အခေါ်ရခက်တဲ့ ရှည်တဲ့ရာထူးဆိုရင် ခေါ်ရလွယ်တဲ့ တစ်ဆင့်မြင့်ရာထူးတပ်ခေါ်လိုက်ကြတာပါပဲ။) တို့ဟာ နောက်ထပ် မိုင် ၃၀၀ လောက်ကျန်သေးတဲ့ မြစ်ကြီးနားကို စစ်ပန်းလွန်းလို့ သေလုဆဲဆဲအခြေအနေမှာ ဝင်တိုက်ပေးဖို့ တောင်းဆိုခံရပါတယ်။ အစတည်းက ဖွဲ့ထားတဲ့တပ်က စစ်ပြန်တွေကို ပြန်စုစည်းထားတဲ့ စေတနာ့ဝန်ထမ်းတပ်။ စေတနာ့ဝန်ထမ်းတပ်ဆိုတာက လစာမရတဲ့ တပ်လို့ပြောတာ မဟုတ်ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့ စစ်ဆင်ရေးကို ဝါရင့်ပုဂ္ဂိုလ်ကြီးတွေက တိုက်ပေးပါ့မယ်ဆိုပြီး ကမ္ဘာပေါ်မှာ ဖက်ဆစ်စနစ်မစိုးမိုးဖို့ စေတနာ့ဝန်ထမ်း တိုက်ပေးတာကိုပြောတာပါ။

သူတို့ဟာ မဖြစ်နိုင်တာကို လုပ်ပြခဲ့ကြတယ်။ ကမ္ဘာ့အခက်ခဲ အကြမ်းတမ်းဆုံး ခရီးကြမ်းကြီးကို အပြင်းအထန်စစ်ပန်းနေတုန်းမှာ ချီတက်ခဲ့ကြပြီး ရောက်ရောက်ချင်း မြစ်ကြီးနားကိုသိမ်းတဲ့ တိုက်ပွဲကြီးကိုလည်း ဆင်နွှဲနိုင်ခဲ့တယ်။ ပြီးတော့ မြစ်ကြီးနားကို သိမ်းပိုက်နိုင်ခဲ့တယ်။ အမေရိကန်အစိုးရရဲ့ ဂုဏ်အယူရဆုံး တပ်ဖွဲ့ကြီးပေါ့။ သူတို့ကို သူတို့ဗိုလ်ချုပ်နာမည် မီရီလ် ကို အစွဲပြုပြီး “မီရီလ် ရဲ့ လှည့်လှည်ကျက်စား သားရဲများ” လို့ အမည်ပေးခဲ့ကြပါတယ်။ ဇာတ်ကားရဲ့ အမည်ဖြစ်သလို သူတို့တပ်ရဲ့ အမည်လည်းဖြစ်ပါတယ်။

မရောက်ဒါးတပ်ဖွဲ့ကြီးမှာ ချင်းလူမျိုးတွေနဲ့ ကချင်လူမျိုးတွေ ပါဝင်တိုက်ပွဲဝင်ခဲ့ပြီး သူရဲကောင်းဆုတံဆိပ်တွေလည်း ရခဲ့ကြပါတယ်။

‌ရုပ်ရှင်ပညာ မထွန်းကားသေးတဲ့အချိန်က ရိုက်ကူးခဲ့တာဖြစ်လို့ အားနည်းချက်တွေ ရှိနေပေမယ့် သမိုင်းကြောင်းအရရော၊ ရုပ်ရှင်ရသအရရော ကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပါကြောင်း။

 

Read More 0 comments


 

 

Rating : 7.5/10
Country : Japan
Genre : Adventure, Dram, War
Released Date : 2021
Duration : 2h 45min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

No man is an island ဒါပေမယ့် 29 နှစ်ကြာအောင် ပြီးတဲ့နောက် 1974 မှ လက်နက်ချခဲ့တဲ့ Hiroo Onoda ကတော့ ကမ္ဘာပေါ်ကလူတွေအားလုံးထပ် island လိုထီးထီးကြီးနေခဲ့တဲ့လူသားပါပဲ။ စစ်ပွဲပြီးမှန်းလည်းမသိ ဂျပန်တွေစစ်ပွဲဆုံးမှန်းလည်းမရှိခဲ့ရဘဲ အိုနိုဒါ ခေါင်းဆောင်တဲ့ တပ်ဖွဲ့ငယ်လေးက ဖိလစ်ပိုင်နိုင်ငံ လူဘန်ကျွန်းငယ်မှာနေထိုင်တဲ့သူတွေကို ဆယ်စုနှစ်သုံးစုနီးပါးကြာအောင် ပြောက်ကျားတိုက်ခိုက်မှု‌ေတွနဲ့ ဆက်လက်တိုက်ပွဲဝင်နေခဲ့ပါတယ်။

နှစ်သုံးဆယ်လောက် တောထဲကြံဖန်စားသောက် ရှင်သန်ရင်း တစ်ကိုယ်တည်းစစ်ပွဲထဲရောက်နေခဲ့သလို ဖြစ်နေခဲ့တဲ့ Lieutenant Onoda ရဲ့ တကယ့်ဖြစ်ရက်မှန်ဇာတ်လမ်းကိုပြန်လည်ရိုက်ကူးထားတဲ့ Onoda: 10,000 Nights in the Jungle ဇာတ်ကားကိုကြည့်ရင်း စစ်သားတစ်ယောက်ရဲ့ တာဝန်ပေါ် အမိန့်ပေါ်နာခံသစ္စာရှိမှုကို တွေ့မြင်ခွင့်ရမှာဖြစ်ပါတယ်။

Read More 0 comments


 

 

Rating : 8.1/10
Country : United State
Genre : Drama, War
Released Date : 1986
Duration : 2h

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

 Chris ရဲ့အဖိုးဟာ ပထမကမ္ဘာစစ်မှာ ဝင်ကြမ်းခဲ့တဲ့ သူရဲကောင်း။ အဖေက ဒုတိယကမ္ဘာစစ်မှာ အမေရိကန်တွေအတွက် ဂုဏ်ဆောင်ပေးခဲ့တဲ့သူ။ သူကိုယ်တိုင်ကရော ဒီ Vietnam စစ်ပွဲမှာ ဘာလုပ်ပေးနိုင်မလဲ?

Chris ဟာတစ်ယောက်ထဲ စာရေးနေတတ်တယ်။ စကားတွေလဲပြောတတ်တယ်။ ဘယ်ကမှန်းမသိ ရှိလဲမရှိတဲ့ သူ့အဖွားဆီကိုပေါ့။ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမဲ့ ဒီ ဇာတ်လမ်းတစ်ခုလုံးက သူ့ ဒဿနတွေချည်းပဲလေ။

တပ်သား Chris ဟာ ကောလိပ်တက်ခွင့်ရသူပါ။ ပညာတတ်တစ်ယောက်။ သူ့ရုပ်ရည်ရူပါဟာ စစ်ပွဲနဲ့ မအပ်စပ်ဘူး။ လုံးဝကို မအပ်စပ်တာ။ ရိုးသားပြီး စိတ်ကောင်းရှိတဲ့လူ။ Vietnam မြေပြင်ပေါ်ကို သူဘာလာလုပ်တာလဲ?

ကျောင်းထွက်ပြီး စစ်ထဲကို စေတနာ့ဝန်ထမ်းလုပ်ပြီးဝင်လာတာတဲ့။

“ချမ်းသာတဲ့သူတွေကျတော့ စစ်ပွဲနဲ့‌ရှောင်နေတယ်။ ဆင်းရဲတဲ့လူတွေကျတော့ တိုက်ပွဲထဲမှာ ရုန်းနေရတယ်”

သူက အဲ့လိုလူမျိုးထဲမှာမပါဘူး။ အဆင့်အတန်းဂုဏ်တွေ ချောင်ထိုးထားပြီး စစ်ပွဲမှာ တိုင်းပြည်တာဝန်လာထမ်းတာ။
“ကောလိပ်တက်နေလဲဘာထူးမှာလဲ။ လူ့လောကအကြောင်း ဘာမှ ရေရေရာရာသင်ပေးတာမှမဟုတ်တာ”
ခုတော့ “Vietnam စစ်မြေပြင်” ဆိုတဲ့ ကျောင်းတော်ကြီးမှာ ပညာတွေသင်နေလေရဲ့…Vietnam ရောက် အမေရိကန်တွေဟာ စိတ်ဓာတ်တွေ ရေစုန်မြောနေပြီ။ အကုန်လုံးက စုတ်ပဲ့နေတာ။ တပ်သားအသစ်တွေဆို ပစားမပေးဘူး နှိမ်ခိုင်းတယ်။ မြန်မြန်သေ အေးတယ်။ ဒါမှ ဒုက္ခမပေးနိုင်မှာ။ ဘာလို့လဲဆို တိုက်ပွဲ အတွေ့အကြုံ မရှိလို့တဲ့။ သေရေးရှင်ရေးဆိုရင်တော့ တပ်သားအသစ်တွေကို ရှေ့တန်းတင်တော့တာပဲ။

Sergeant Elias ကတော့ တခြားသူတွေနဲ့မတူဘူး။ သူဟာ အမြဲတန်း စစ်နိုင်သူပဲ။ စိတ်ထားကောင်းပြီး တပ်သား အသစ်တွေအပေါ် စိတ်ရှည်ရှာတယ်။ လိုအပ်တာတွေ သေချာသင်ပေးတယ်။ သူနဲ့ဆန့်ကျင်ဘက်က Sergeant Barnes ဆိုတဲ့ ဘဲကြီးပေါ့။ မျက်ခွက်ကိုက ဆွဲထိုးချင်စရာ ရုပ်ကြီးနဲ့။

Platoon ( တပ်စု ) ထဲမှာ အဖွဲ့နှစ်ဖွဲ့ကွဲတယ်။ Elias ရဲ့ ဘက်တော်သားနဲ့ Barnes ရဲ့အစေခံကျွန်သပေါက်တွေ။ Chris ကတော့ Elias ရဲ့ အကောင်းဆုံး တပည့်ပေါ့။ အဖွဲ့နှစ်ဖွဲ့ဟာ အယူအဆမတူသလို အချင်းချင်းလဲ အမြင်စောင်းနေကြတာပါ။တစ်ရက်မှာ ရန်သူ့ စခန်းတစ်ခုကို ဝင်မွှေပါတယ်။ ရန်သူတွေ ရှိမနေပေမဲ့ ရန်သူတွေရဲ့ စွန့်ခွာလက်ဆောင် မိုင်းလေးကြောင့် တပ်သားနှစ်ယောက် ကြွသွားတယ်။ အလောင်းကတော့ တူးနေပြီ။ တစ်ယောက်ကတော့ ဒယိမ်းဒယိုင် ထွက်လာတယ်။ လက်တော့မရှိတော့ဘူး။ အူတွေကလဲ အလိပ်လိုက်ထွက်လို့… Barnes အရမ်းတင်းသွားတယ်။ ရန်သူတွေ ဝင်သွားခဲ့တယ်ဆိုတဲ့ ရွာကို အမြန်လိုက်။ ပြီးတော့… ရွာသားတွေကို နှိပ်စက်ပြီးမေးတော့တာပဲ။

ဒီမှာ……

စိတ်ကောင်းရှိပါတယ်ဆိုတဲ့ Chris တစ်ယောက်ဟာ နောက်တစ်ယောက်ဖြစ်သွားတော့တာပဲ။ ခြေတစ်ဖက်မရှိတဲ့ ကောင်လေးကို အော်ဟောက်နေမိတယ်။ အမေအိုကြီးက တောင်းပန်ငိုယိုလို့နေတာ…။ Chris ကတော့ ရပ်မနေခဲ့ပါဘူး။ အဲ့ကောင်လေးကို တွန်းလှဲပြီး ခေါင်းကို သေနတ်ဒင် နဲ့ထုသတ်လိုက်တယ်။ ဦးနှောက်တွေတောင်ထွက်လာတယ်။ အမေအိုကြီး အငိုတိတ်သွားတယ်။

သူ့မျက်လုံးကတော့ သားဆီမှာ…
မယုံနိုင်တဲ့ အကြည့်တွေနဲ့ပေါ့…
ငိုဖို့တောင် မျက်ရည်မကျန်ရှာတော့ဘူး…

သူငယ်ချင်းတစ်ယောက်ကလဲ Chris ကိုကြည့်လို့။ မယုံနိုင်ဘူး။ Chris ကတော့ မျက်နှာ မှိုင်ပြီး ထွက်သွားတယ်။ Oliver Stone ဟာ လူတွေရဲ့ ပတ်ဝန်းကျင်ကြောင့်ပြောင်းလဲသွားတဲ့စရိုက်ကို အကောင်းဆုံးချပြလိုက်တာပါ။

Sergeant Barnes ဟာ အစစ်အမေးကြမ်းလွန်းတယ်။ ရွာသူကြီးကို အတင်းစစ်မေးတယ်။ ဝင်ရှုပ်နေတဲ့ သူ့မိန်းမကို Headshot နဲ့ Kill လိုက်တယ်။ မကျေနပ်နိုင်သေးတဲ့ သူ့စိတ်က အဖိုးကြီးရဲ့ သမီးလေးကို မဲတော့တာပဲ။ Elias ကပြေးဝင်ပြီးတားတယ်။ ထိုးကြကြိတ်ကြနဲ့။ ရန်ဖြစ်။ ဝင်ဆွဲ။ လုံးထွေးနေကြတယ်။ ပွဲပြီးတော့ Barnes ဟာ Elias ကို ကြည့်လိုက်တယ်။ ” တွေ့ကြသေးတာပေါ့ ” ဆိုတဲ့ အဓိပ္ပာယ်နဲ့။

Barnes ရဲ့ ကောင်တွေက ခြုံတစ်ခုမှာ ကောင်မလေးတစ်ယောက်ကို မုဒိန်း ကျင့်နေကြတာ။ အောက်တန်းကျတဲ့ ခွေးမျိုးတွေ။ Chris ဝင်ချလာတယ်။ ဒီမှာတော့ သူ့စိတ်ကောင်းက လွှမ်းမိုး‌နေတဲ့အချိန်။ ကောင်မလေးကို ဆွဲခေါ်တယ် ကျင့်နေတဲ့ကောင်တွေကို ခပ်ကြမ်းကြမ်း ဆဲဆိုနေတယ်။ ဟိုကောင်တွေက Chris ကိုပြောတယ်…..

“မင်းက သောက်ခြောက်လား? ဒီဟာမ က Vietnam ကွ”

နာကျည်းနေတဲ့ Chris က ပြန်‌အော် ပြောလိုက်တယ် ….

” She’s a f**king human being !!!
F**k you !!! “

လူလူချင်းတောင် တိရိစ္ဆာန်သဖွယ် သဘောထားနိုင်သွားတဲ့ စုတ်ချာ နေတဲ့ စိတ်ဓာတ်တွေကို ကွက်ကွက် ကွင်းကွင်းကြီးပြသွားတာပဲ။ ဒါတောင် အမေရိကန်တွေနော်။ ဖွံဖြိုးပြီး နိုင်ငံတစ်ခုရဲ့ စစ်သားတွေပါ။ ပထမကမ္ဘာစစ်တင်မက ဒုတိယကမ္ဘာစစ်မှာပါ လူတွေရဲ့ အားကျမှုကို ရခဲ့တဲ့ တပ်မတော်။ ဘာမဟုတ်တဲ့ Vietnam တောထဲမှာ ဖြစ်ပျက်သွားတာက မြင်မကောင်းရှုမကောင်းကိုဖြစ်လို့……

Chris ဟာ သူသိလိုက်ရတယ်…
သူလိုချင်နေတဲ့ လူ့ဘဝကြီးအကြောင်းကိုပေါ့…

” ကျနော်တို့ဟာ ရန်သူတွေနဲ့ စစ်တိုက်နေကြရတာမှမဟုတ်ပဲ။ အချင်းချင်း တိုက်နေကြရတာ။ အထူးသဖြင့် ကိုယ့်စိတ်ထဲက ဆိုးတာနဲ့ကောင်းတာရဲ့ မဟာစစ်ပွဲကြီးပေါ့ ” ( Chris Taylor )

ခင်ဗျားတို့ ကျနော်တို့လဲ နေ့စဉ်ရက်ဆက် တိုက်နေကြရတာပဲမဟုတ်လား?

ရလဒ်ကော ကောင်းကြရဲ့လား?

Barnes နိုင်သွားလား?

Elias နိုင်သွားလား?ဒီဇာတ်ကားတွေထဲက ဇာတ်ဝင်ခန်းတွေဟာ တကယ့်အဖြစ်အပျက်တွေပေါ်အခြေခံထားတာပါ။ Oliver Stone ဟာ Vietnam စစ်ပွဲအပေါ် အရမ်း အာရုံကျနေခဲ့တာပါ။ ဒီတစ်ခါတော့ သူ ကြမ်းပြလိုက်ပြီလေ။

Cinematography ကို Robert Richardson ကကိုင်ခဲ့တာပါ။ Shutter Island ( 2010 ) နဲ့ Hugo ( 2011 ) ကိုကောင်းကောင်းကိုင်ခဲ့သူ။ ဒါ့အပြင် The Aviator, Once Upon a Time In Hollywood, Kill Bill စတာတွေရဲ့ Cinematography ဖန်တီးရှင်ကြီးပါ ..

Rating: 8.1
Rotten Tomatoes: 87%
Metacritic: 92% ကိုလဲ ရထားပါတယ်။

ဇာတ်လမ်းလေးပြီးသွားရင်..
သေချာပါတယ် Chris Taylor ရဲ့ အတွေးတစ်ပိုင်းတစ်စ ဟာ ခေါင်းထဲ နစ်မြုပ်ကျန်နေရစ်တော့မှာပါ …

Read More 0 comments


 

Rating : 6.9/10
Country : United State
Genre : Drama, Romance, War
Released Date : 2019
Duration : 1h44min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

၁၉၈၁ခုနှစ်၊ တောင်အာဖရိကကာကွယ်ရေးတပ်ဖွဲ့(SADF)နဲ့ နမ်ဘီယာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLAN)တို့

ကြားဖြစ်ခဲ့တဲ့တောင်အာဖရိကနယ်စပ်စစ်ပွဲကိုအခြေတည်ရိုက်ထားတဲ့ကားပါ။ အဲ့အချိန်က ကွန်မြူနစ်စနစ်ကိုမုန်းတီးမှု၊

LGBTခွဲခြားမှုနဲ့ လူမျိုးရေးခွဲခြားမှုတွေကိုရိုက်ပြထားပါတယ်။ စစ်မှုထမ်းဖို့တာဝန်ကျလို့ထွက်လာတဲ့ နီကိုးလပ်ဗန်ဒါဆွတ်ဆိုတဲ့

Homoကောင်လေးတစ်ယောက်….လိင်တူချစ်သူတွေကိုလက်မခံပဲတွေ့တာနဲ့ အပြင်းအထန်အပြစ်ပေးတတ်ပြီး လူမျိုးရေး

ခွဲခြားတတ်တဲ့ တပ်ထဲကိုရောက်လာခဲ့ပါတယ်။ ဒီလိုတပ်ထဲမှာ သူတာဝန်ထမ်းရမယ့်ကာလက နှစ်နှစ်…ဓီနှစ်နှစ်ဆိုတဲ့ကာလမှာ

ရက်စက်ပြင်းထန်လှတဲ့တပ်ထဲသူ့အနေနဲ့အဆင်ပြေပြေကျော်ဖြတ်နိုင်မှာလား… ကြမ်းတမ်းရက်စက်လှတဲ့ဒီနယ်ပယ်မှာသူ

ဘယ်လိုဖြတ်ကျော်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ စစ်ကားတစ်ကားလေးဆိုတာထက် ဒရမ်မာဘက်ကိုပိုအသားပေးထားတဲ့

ကားလေးတစ်ကားပါ။

Read More 0 comments


 

Rating : 6.9/10
Country : United State
Genre : Drama, War
Released Date : 1986
Duration : 2h 10min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

“ဒီဟာကြောင့် ငါတို့တွေ မသေခဲ့ရင် ဒါက

ငါ့တို့နှလုံးသားတွေကို ကွဲကြေစေမှာ”– အရာခံဗိုလ် စတုန်နီ ဂျက်ဆင်

(Heartbreak Ridge တောင်ကုန်းပေါ်မှ ရှင်ကျန်ရစ်သူ စစ်သားကြီး)

မီးခိုးတလူလူ ယမ်းခိုးတ‌ဝေဝေနဲ့ ဆောင်းရာသီအစ တောင်တန်းကြီးတွေက အရုပ်ဆိုးအကျည်းတန်စွာ လှပနေလေရဲ့။ မကောက်ရသေးတဲ့အလောင်းတွေပေါ်က ကျီးငှက်တွေရဲ့ ဘုံဗိမ္မာန်တွေဟာ တရားသောစစ်လို့ နှစ်ဖက်လုံးက ကြွေးကြော်တဲ့ အသံကနေ ဖြစ်တည်လာခဲ့တာ။နိုင်ငံအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ကြတဲ့ အရွယ်ကောင်းအမျိုးသားလေးများဟာ သေမင်းကချီးမြှင့်ထားတဲ့ သွေးဆာသေနတ်တွေကိုထမ်းပိုးရင်း အဆုံးသတ်ချောက်ကမ်းပါးဆီကို တရွေ့ရွေ့လျှောက်လှမ်းသွားကြပြီ။ပြင်းထန်တဲ့ Heartbreak Ridge တိုက်ပွဲကြီးကနေ အသက်မသေ ရှင်ကျန်ရစ်ပြီး အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံး နိုင်ငံ့စစ်သည်ဂုဏ်ရည်တံဆိပ်ရခဲ့တဲ့ စစ်သားကြီးတစ်ယောက်၊ သွေးဆူလွယ်ပြီး စိတ်အလိုလိုက်တတ်တဲ့ စစ်သားကြီး။ ရန်ပွဲတခြိမ်းခြိမ်း၊ အထက်အရာရှိကို မထင်ရင် မထင်သလို ထိုးကြိတ်ရန်ရှာတတ်တဲ့ တပ်ကြပ်ကြီး Highway တစ်ယောက် မိခင်တပ်ရင်းကို ပြန်ရောက်လာပါတယ်။ရင်ဘတ်က ဆုတံဆိပ်တွေကို မနာလိုတာလည်းပါ၊ စည်းကမ်းမလိုက်နာ သွေးဆိုးတတ်တဲ့သူမို့ အထက်အရာရှိတွေက မကြည်ဖြူ။ မကောင်းကျောင်းပို့ဆိုတဲ့အတိုင်း လူသစ် လူညစ်ကျယ်လေးတွေကို လေ့ကျင့်ပေးဖို့ စစ်သားအိုကြီးရဲ့လက်ထဲကို ထိုးထည့်လိုက်ကြတယ်။ဇနီးဟောင်းနဲ့အဆင်မပြေ၊ လက်အောက်ငယ်သားတွေကလည်း တစ်ယောက်တစ်ပေါက်အခြေအနေမှာ တပ်ကြပ်ကြီး Highway တစ်ယောက် ဘာလုပ်မလဲ။ သူလေ့ကျင့်ပေးနေဆဲ Granada ကျွန်းစုကို ဝင်ရောက်တိုက်ခိုက်ရတော့မယ့် စစ်ပွဲကြီး ရောက်ရှိလာချိန်မှာ တပ်ကြပ်ကြီး Highway နဲ့ သူ့ရဲ့ကင်းထောက်တပ်စု ဘာတွေလုပ်ပြီး ဘယ်လိုရင်ဆိုင်ကြမယ်၊ စစ်ပွဲအတွင်း ဘယ်လိုရှင်သန်ခဲ့ကြတယ်ဆိုတာတွေ တွေ့မြင်ရပါမယ်။Heartbreak Ridge တိုက်ပွဲဟာ ကိုရီးယားစစ်ပွဲအတွင်းဖြစ်ပွားခဲ့တဲ့ 1951 Sep 13 မှ Oct 15 ထိ တစ်လကြာတိုက်ပွဲကြီးတစ်ခုဖြစ်ပါတယ်။ Chorwon နားက စစ်မဖြစ်ခင် တောင်နဲ့ မြောက်ကိုရီးယားနယ်နမိတ် မြောက်ဘက် အပြိုင် 38 ဒီဂရီ မိုင်အနည်းငယ်ရှိတဲ့ မြောက်ကိုရီးယားတောင်ကုန်းတွေရဲ့ အဓိကတိုက်ပွဲတွေထဲက တစ်ခုပါ။စစ်ဖြစ်ကြတဲ့ နိုင်ငံတွေက တစ်ဖက်မှာ ကုလသမဂ္ဂနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ပြင်သစ်၊ နယ်သာလန် နဲ့ တောင်ကိုရီးယား တစ်ဖက်မှာ ကွန်မြူနစ်နိုင်ငံများဖြစ်တဲ့ မြောက်ကိုရီးယား တရုတ်တို့ဖြစ်ပါတယ်။ ကုလသမဂ္ဂဘက်မှ 2,700 ခန့် ကျဆုံးခဲ့ပြီး ကွန်မြူနစ်များဘက်က 15,000 ခန့် ကျဆုံးခဲ့တဲ့ သွေးလွှမ်းတဲ့တိုက်ပွဲကြီးတစ်ခုပါ။ ကုလသမဂ္ဂတပ်တွေ Bloody Ridge ကနေ ဆုတ်ခွာလာခဲ့ပြီး Heartbreak Ridge အရောက်မှာ နောက်မဆုတ်တမ်းခုခံတိုက်ခိုက်ခဲ့တာပါ။ယခုတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ မင်းသားကြီး Clint Eastwood ရဲ့ ကိုယ်တိုင်ထုတ်လုပ်သူ ကိုယ်တိုင် ဒါရိုက်တာ ကိုယ်တိုင်မင်းသားကြီးအနေနဲ့ ရိုက်ကူးခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ ပြသခဲ့တဲ့ Heartbreak Ridge ဇာတ်ကားကြီးဖြစ်ပါတယ်။ IMDb 6.9 ရရှိထားပြီး မရိန်းတပ်ရဲ့ သဘောသဘာဝကို ခပ်ဟဟ ဖွင့်ပြခဲ့တဲ့ ဇာတ်ကားတစ်ခုပါပဲ။Clint Eastwood ကလည်း The Good, The Bad, The Ugly လို ကောင်းဘွိုင်ကားတွေမှာ Man with no name ဇာတ်ကောင်နဲ့ အထာကျတဲ့ ဘဲကြီးပေါ့။ Unforgiven မှာဆိုရင် ဒါရိုက်တာဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ သရုပ်ဆောင်မင်းသားဆုတွေ ရရှိခဲ့သူပါ။ Million Dollar Baby မှာလည်း တမူထူးခြားတဲ့ဟန်နဲ့ သရုပ်ဆောင်နိုင်သူ မင်းသားကြီးပါပဲ။ သူဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ယောက်လည်းဖြစ်ပြီး ရေကူးသင်တန်းနည်းပြအနေနဲ့ ကယ်လီဖိုးနီးယားမှာ တာဝန်ထမ်းခဲ့ပါတယ်။အဖော်အချွတ်အခန်းတွေ မပါပေမဲ့လည်း အပြောအဆိုများက ကြမ်းတမ်းရိုင်းစိုင်းတာကြောင့် မိသားစုနဲ့အတူကြည့်ရင် မျက်နှာပူစရာပါ။ အမျိုးသားကြိုက် စစ်ကားစစ်စစ်ဖြစ်လို့ အသုံးအနှုန်းတွေကို ဇာတ်ကားထဲကအတိုင်း တစ်တစ်ခွခွ ပြန်ဆိုရေးသားထားပါတယ်။ ဆိုတော့ ဒီဇာတ်ကားဟောင်းလေးကို ပြန်လည်ခံစားလိုက်ရအောင်လားဗျာ။

Read More 0 comments


 

Rating : 6.0/10
Country : United State
Genre : Action, War
Released Date : 2021
Duration : 1h 23min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ဂျပန်တပ်ကို တရုတ်တွေတော်လှန်ခဲ့တဲ့ ခေတ်နောက်ခံထားပြီးရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်low budget  ကားဆိုပေမယ့် သရုပ်ဆောင်တွေကသရုပ်ဆောင်ကောင်းမွန်မှုနဲ့ Plot ကောင်းတာကြောင့်

ကြည့်လို့ကောင်းတဲ့ဇာတ်ကားအမျိုးအစားထဲမှာပါပါတယ်တရုတ်ပြည်ကိုဂျပန်တွေသိမ်းထားတဲ့ကာလမှာ ဂျပန်လက်အောက်ခံသစ္စာဖောက်တွေ အများကြီးပေါ်လာပါတယ်ဒါကို ရှင်းဖို့ပြည်သူ့တပ်ဖွဲ့နဲ့အတူပြောက်ကျားတပ်ဖွဲ့လေးတွေပေါ်လာတော့တယ်သို့ပေမယ့် ခံယူချက်နဲ့ ပန်းတိုင်တူပေမယ့်သတင်းပေါက်ရောက်မှုခြင်းကွာသလို ရိက္ခာ ထောက်ပံ့မှု အစစမတူညီတာမျိုးရှိလို့ ကြားထဲ သဘောထားကွဲလွဲမှုတွေနဲ့ သိုးရေခြုံသောဝံပုလွေလိုပဲ ရန်သူတပ်က သူလျိုတွေလည်း ကိုယ့်တပ်ထဲရှိနေတဲ့အခါဘယ်လိုတွေဆက်ဖြစ်မလဲ ဘယ်လိုကြုံရမလဲဆိုတာဆက်လက်ကြည့်ရှုရမှာပါပဲဖြစ်ပါတယ်

Read More 0 comments


 

Rating : 7.0/10
Country : United State
Genre : War, Drama
Released Date : 2016
Duration : 1h 34min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

တစ်ခါတစ်လေကျ ကိုယ်ကိုယ်တိုင်ကဘာမှမဟုတ်ပေမယ့် ကိုယ့်ကိုအားကိုးနေတဲ့လူတွေကြောင့်

သူရဲကောင်းဖြစ်မှန်းမသိ ဖြစ်ခဲ့ရပါတယ်ဆိုတဲ့ စကားလေးလိုပဲ အရမ်းကောင်းတဲ့ ဖြစ်ရပ်မှန်ဇာတ်

ကားတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ဒီဇာတ်ကားထဲမှာပါ၀င်တဲ့ ဖန်နီဆိုတဲ့ဇာတ်ကောင်လေးဟာ အသက် ၁၃ နှစ်သာရှိသေးပေမယ့် အရမ်းကို

သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်ပိုင်ရှင်လေးဖြစ်ပြီး အပြင်မှာလည်း တကယ်ရှိခဲ့တာမို့ အရမ်းကိုလေးစားစရာ

ကောင်းပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျူးလူမျိုးမိဘတွေဟာ သူတို့ရဲ့ သားသမီး

တွေကို အသတ်မခံရစေဖို့ ဂေဟာတွေမှာအပ်ပြီးတော့ အသက်ဘေးမှ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။

အဲဒီ့ထဲမှာ ဇာတ်လိုက်ကျော်ဖန်နီနဲ့ ညီမနှစ်ယောက်ဟာလည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဂေဟာ

တွေကလည်း အမြဲတစေ ၀င်ရောက်ဖမ်းဆီးခြင်းကိုခံကြရတာမို့ နေရာမျိုးစုံရွှေ့ပြောင်းရင်း ဖန်နီတစ်ယောက်

ဂေဟာမှကလေးတစ်သိုက်နဲ့ လွတ်မြောက်ရာနယ်မြေကို အရောက်သွားနိုင်မှာလား၊ သူရဲ့မိဘတွေနဲ့ရော

ပြန်လည်ဆုံတွေ့နိုင်မှာလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။တစ်ခါတစ်ရံမှာ လက်တွေ့က စိတ်ကူးယဉ်ထက် ဆန်းကြယ်နေတဲ့သဘောကို သက်သေပြထားတဲ့ ရုပ်ရှင်


တစ်ခုဖြစ်ပြီး ၁၃ နှစ်အရွယ်ကလေးငယ်တစ်ယောက်နဲ့ ရက်စက်လှတဲ့စစ်ပွဲရဲ့ အားပြိုင်မှုတွေကို ကြည့်ရှုရမယ့်

အရမ်းကောင်းတဲ့ရုပ်ရှင်တစ်ကားဖြစ်တာကြောင့် အားပေးကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

Read More 0 comments