Showing posts sorted by relevance for query 1970. Sort by date Show all posts
Showing posts sorted by relevance for query 1970. Sort by date Show all posts
Rating : 4.8/10
Country : United State
Genre : Horror
Cast : Nicole Tompkins, Rowan Smyth, Dan Istrate 
Released Date : 2018
Duration : 1h 35min

 ကျိန်စာသင့်ရုပ်ရှင်အကြောင်းကို ကြားဖူးပါသလား။
သင်ကိုယ်တိုင်ရော ရုပ်ရှင်ကြောင့် သေသွားနိုင်တယ်ဆိုတာကို ယုံကြည်ပါသလား။

လူကို သေစေနိုင်တဲ့ ရုပ်ရှင်ဆိုတာ တကယ်ရှိပါတယ်။
Nakata ရဲ့ Ringu ၊ Verbinski ရဲ့ "The Ring" ၊
Carpenter ရဲ့"Cigarette Burns" စတဲ့ ရုပ်ရှင်တွေဟာ ကြည့်ပြီးရင် လူတွေကို သေစေနိုင်တဲ့ ရုပ်ရှင်တွေပါပဲ။

အလားတူပဲ ဒီ ငရဲပြည်တံခါးပေါက်လို့ခေါ်တဲ့ "Antrum" ရုပ်ရှင်ကလည်း လူကို သေစေနိုင်တဲ့ ရုပ်ရှင်ထဲက တစ်ခုပါပဲ။

"Antrum" ရုပ်ရှင်ရဲ့ မူရင်းကတော့ "Found Footage 1970" ဖြစ်ပြီးတော့ ရုပ်ရှင်ကို ကြည့်မိသူ လူဦးရေ စုစုပေါင်း 60 နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မူရင်း ရုပ်ရှင်ကို ကြည့်ဖူးတဲ့သူက အရမ်း မများပါဘူး။အခုရုပ်ရှင်က‌ေတာ့ ထိုရုပ်ရှင်ကို ပြန်ပြီးရိုက်ထားတာပါ။

ဇာတ်လမ်းကတော့ ‌သေသွားတဲ့ ခွေးမလေး မက်ဇိန်းတစ်ကောင် ငရဲကို ရောက်သွားတယ်လို့ အိမ်မက်ဆိုးတွေ ခဏခဏမက်နေတဲ့ နယ်သန်ဆိုတဲ့ ကောင်လေးတစ်ယောက်။

သူ့အစ်မ အော်ရာလီက သူ့မောင်လေး စိတ်ချမ်းသာဖို့ဆိုပြီး တောထဲကို သွားတယ်။ ငရဲကျနေတဲ့ ခွေးမလေးရဲ့ ဝိဉာဏ်ကို ကယ်တင်ဖို့ မြေကြီးတူးပြီး ငရဲပြည်ကို သွားဖို့ သူ့မောင်လေးနဲ့အတူ လုပ်ကြတယ်။

တကယ်တမ်းကျတော့ သူလုပ်နေတာတွေက သူ့မောင်လေးစိတ်ချမ်းသာဖို့ အလိမ်အညာ ဟန်ဆောင်ပြီးလုပ်ပြနေတာ။

ဒါပေမယ့် တကယ်တမ်းကျတော့ မထင်မှတ်ထားတဲ့ အမှောင်လောကသားတွေနဲ့ ကြုံလာတဲ့အခါမှာတော့ သူတို့ ဘယ်လိုဖြစ်သွားမလဲ။

ကြောက်တတ်ရင်တော့ မကြည့်ဖို့ ပြောပါရစေ။
ဒီရုပ်ရှင်ဟာ လူကိုစိတ်ခြောက်ချားစေပါတယ်။
Read More 0 comments
Cast : Rating : 5.9/10
Country : United State
Genre : Drama, History
Cast : Keira Knightley, Gugu Mbatha-Raw, Jessie Buckley  
Released Date : 2020
Duration : 1h 46min   

အလှမယ် အကြောင်းစိတ်၀င်စားတဲ့သူတွေအတွက် သတင်းကောင်းပါ။
ဒီကားဟာဆိုရင် 1969,1970 ခုနှစ်တုန်းက Miss World ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။
ထူးခြားတာကတော့ အဲ့ဒီခေတ်ရဲ့ Miss World ကိုကြည့်ရှုကြတဲ့နှုန်းဟာဆိုရင် World Cup ကို ကြည့်တဲ့နှုန်းထက်များပါတယ်တဲ့။
ဒါဟာ Miss World ရဲ့ အောင်မြင်မှုတစ်ခုလို့ ပြောလို့ရပါတယ်။

အလှမယ်လောက အကြောင်းကို documentary အနေနဲ့ ရိုက်ပြတာမျိုးမဟုတ်ပဲ ဇာတ်လမ်းအနေနဲ့ မြင်တွေ့ရမှာပါ
။ ပြီးတော့ အလှမယ်အကြောင်းအပြင် အဲ့ခေတ်က လူဖြူလူမည်း ခွဲခြားဆက်ဆံခ့ရတဲ့ လူမည်း အလှမယ်တွေကိုလည်း သနားစဖွယ်မြင်တွေ့ရမှာပါ။

ဒါ့အပြင် အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားနေကြတဲ့ အမျိုးတစ်စုကလည်း သူတို့ရဲ့ ဆန္ဒကို ဖော်ထုတ်နေကြတဲ့အချိန်ကာလလည်း ဖြစ်ပါတယ်။
လူဖြူလူမည်း ခွဲခြားရေးဝါဒအောက်မှာ လူမည်းအလှမယ်တွေအနေနဲ့ နေရာကောရပါ့မလား၊ အမျိုးသမီးအခွင့်အရေးလိုချင်တဲ့သူတွေကကော အပြည့်အ၀ ရသွားကြမလားဆိုတာကိုတော့ စိတ်၀င်စားစရာပါပဲ

အလှမယ်လောကနဲ့ ရင်းနှီးကျွမ်း၀င်တဲ့သူဆိုရင်တော့ အဖြေကို အနည်းငယ် ရိပ်မိမယ်ထင်ပါတယ်။
Read More 0 comments


 

Rating : 6.2/10
Country : United State
Genre : Biography, Drama
Released Date : 2013
Duration : 1h 33min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒရာမာ ကား ကောင်းကောင်းလေး တစ်ခု တင်ပေးလိုက်ပြီဗျို့။ ဇာတ်လမ်းလေးက ညစ်ညမ်း ဗွီဒီယို ထုတ်လုပ်ရေး တစ်ခုရဲ့ အလွဲသုံးစား မှုကို ခံခဲ့ရတဲ့ ကောင်မလေး တစ်ယောက်အကြောင်းပါ။ ဒီကားလေး ကြည့်ပြီးရင် မိတ်ဆွေတို့လည်း အပြာမယ် တွေရဲ့ ဘဝကို ကိုယ်ချင်းစာ သနား စိတ်တွေ အနည်းနဲ့အများ ဖြစ်လာမှာ သေချာပါတယ်။1970 လောက်ကပေါ့ဗျာ…..Linda Boreman ဆိုတဲ့ ကောင်မလေး တစ်ယောက်ဟာ သူ့သူငယ်ချင်း တစ်ယောက်နဲ့အတူ သံစုံတီးဝိုင်း တွေမှာ အပျေ်ာတမ်းအကမယ် လုပ်ခဲ့ပါတယ်။အဲ့ချိန်မှာ Chuck Traynorဆိုတဲ့ လူတစ်ယောက်ဟာ Lindaကို စိတ်ဝင်စားပြီး ချဉ်းကပ်လာပါတော့တယ်။ချစ်သူတွေ ဖြစ်သွားကြတယ် ဆိုပါတော့။ တစ်နေ့တော့ အိမ်နဲ့ပြဿ နာဖြစ်တဲ့ Lindaဟာ မိဘရင်ကို ခြေစုံကန်ပြီး Traynorနောက် ကောက်ကောက်ပါအောင် လိုက်သွားပါလေရော။အဲ့မှာတင် Linda ဟာ Traynorရဲ့ homemade ညစ်ညမ်း ကားတွေကို စတင် ကြည့်ရှုဖြစ်လာပါတော့တယ်။၆လလောက်အကြာ မှာTrayorတစ်ယောက် ထောင်ကျမလိုဖြစ်ပါလေရော။မကောင်းတဲ့မိန်းမတွေနဲ့ ပတ်သက်ရင်းကပေါ့။Linda ပဲ အာမခံ ပေးလိုက်ရပါတယ်။ဒါနဲ့ မရပ်သေးတဲ့ ကိုယ်တော်ချောက Linda ကို ညစ်ညမ်းကားတွေ အပျော် ရိုက်ကြည့်ဖို့ ဆွဲဆောင်လာပါတယ်။နောက်ပိုင်းမှာ သက်မွေးဝမ်းကြောင်း မှု အဖြစ် ရပ်တည်လိုက်ပါတော့တယ်။ဒီလိုနဲ့ ညစ်ညမ်း ရုပ်ရှင်လောကမှာ Linda Lovelace ဆိုတဲ့နာမည်တစ်လုံး ထွက်ပေါ်လာပါတော့တယ်။ Linda Lovelave စတင် ရိုက်ကူးတဲ့Deep throatအမည်ရ ညစ်ညမ်းကားဟာ တဟုန်ထိုးနာမည်ရပြီး ထုတ်လုပ်သူတွေလည်း အမြတ်အစွန်းတော်တော်ရလိုက်ပါတယ်။လူတွေကလည်း Lindaကို မျက်စိကျလာပြီး ညစ်ညမ်းမင်းသမီး လောကမှာ ဘုရင်မဖြစ်လာနိုင်တယ် ဆိုပြီး သတ်မှတ်လာကြပါတယ်။နောက်တစ်ကားက gang bang ပါ။ gang bangဆို သိကြရော့ပေါ့နော့။ အိမ်ထောင်လဲကွဲ ညစ်ညမ်းရုပ်ရှင်လောကကို စိတ်ကုန် လာတဲ့ Lindaတစ်ယောက် ဘယ်လိုရုန်းထွက်နိုင်ပါ့မလဲ? ငွေကလည်း ထုတ်လုပ်သူတွေသာ ရပြီး Lindaအတွက် မဆိုစလောက်လေးသာ ရပါတယ်။ လိင်အကြမ်းဖက်မှုတွေ ခံရလည်း သရုပ်ဆောင်နေတာဖြစ်လို့ ဘယ်သူ့ကိုမှ တရားစွဲလို့မရ။ ကဲ Linda ဘဝ ဘာဆက်ဖြစ်မလဲဆိုတာ……………. ဒီကားလေးဟာ အပျော်မယ်တွေရဲ့ဘဝကို မီးမောင်းထိုးပြထားတဲ့ကားလေးဖြစ်ပြီး 18+ပေမယ့် အရမ်းကြမ်းတဲ့ဇာတ်ဝင်ခန်းတွေ မပါဝင်တာတွေ့ရပါတယ်။အချစ်နဲ့ ရမ္မက် ကိုလည်း ကွဲကွဲပြားပြား ဖြစ်အောင် ရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပါ။

Read More 0 comments



Rating : 7.9/10
Country : India 
Genre : Action,Crime,Drama
Cast : Sushant Singh Rajput, Bhumi Pednekar, Manoj Bajpayee
Released Date : 2019
Duration : 2h 23min

 

အညွှန်း



1970 အိန္ဒိယနိုင်ငံ ဘရန်ပူရီရွာမှာ ချန်ဘလ်တောတွင်းလက်နက်ကိုင်အဖွဲ့ ဆပ်ကြေးလာတောင်းခံစဉ်ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ရာမှအစပြုကာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ရာမှ ချန်ဘလ်သူပုန်ခေါင်းဆောင် သေဆုံးသွားပြီး ကျန်တဲ့အဖွဲ့ငယ်သားတွေလည်း တောထဲကိုထွက်ပြေးစဉ်လမ်းမှာ ဒဏ်ရာတွေရနေတဲ့ ညီအမနှစ်ယောက်ကိုကယ်တင်သွားရာမှာ အဖွဲ့တွေကြားသဘောထားတွေကွဲလွဲသွားပြီး လက်နက်ချအလင်းဝင်ချင်တဲ့အဖွဲ့နဲ့ ပြန်လည်ခုခံတိုက်ခိုက်မဲ့အဖွဲ့ကြား ဘာတွေဘယ်လိုဆက်ဖြစ်မလည်းဆိုတာတော့….


အပစ်ခတ်ဇတ်လမ်းဇာတ်အိမ်ကောင်းကောင်းကြည့်ချင်သူများအတွက်ဇာတ်ကားကောင်းပါလို့ညွန်းပါရစေ….


ဒီဇာတ်ကားမှာအိန္ဒိယတောရွာသုံးဗန်းစကားကိုထည့်သုံးထားတာဖြစ်တဲ့အတွက်တောရွာဓလေ့စရိုက်တွေကိုလည်းသဘာဝကျကျရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားကောင်းလို့ညွန်းဆိုရင်း….

Read More 0 comments

 

30 Episodes

Rating : 8.1/10
Country : South Korean
Genre : Food,Romance,Drama,Family,Melodrama
Cast : Yoon Shi Yoon,Oh Jae Moo,Joo Won,Shin Dong Woo,Eugene,Jo Eun Jung
 
1970 - 1990 ဝန်းကျင်လောက်က လူငယ်လေးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းကောင်းလေး ... ဇာတ်လမ်းအကျဉ်း - Kim Takgu (မင်းသား) က Geosung စားသောက်ကုန်လုပ်ငန်းရဲ့ ဥက္ကဋ္ဌကြီး Gu II Jong နဲ့ တရားမဝင်ဇနီး Kim Misun တို့ကနေ မွေးဖွားလာတဲ့ အကြီးဆုံးသားတစ်ယောက် ... (ဖြစ်ပုံက ဒီလို မင်းသားအဖေနဲ့ အေမက အရင်ကြိုက်ကြတာဆိုပေမယ့် အဖေ့ဘက်ကမိသားစုက သေဘာမတူတော့ မင်းသားအဖေကို လက်ရှိ ဥက္ကဋ္ဌကတော်နဲ့ ပေးစားလိုက်တယ် ... အဲ့မွာ သူတို့ကနေ သမီးနှစ်ယောက် မွေးလာတယ် ... နောက်နှစ်အနည်းငယ်ကြာတော့ မင်းသားအမေနဲ့ ပြန်တွေ့ပြီး အချစ်ဇာတ်လမ်းပြန်စရာက မင်းသားကို ရလာတယ်ပေါ့ ... အဲ့နောက်မှာမှ တရားဝင်ဇနီးနဲ့လည်း နောက်ထပ် သားတစ်ယောက် ထပ်ရလာတာ) ဒီလိုနဲ့ လက်ရှိဥက္ကဋ္ဌကတော်က မင်းသားတို့သားအမိကိုအငြိုးအတေးထားပြီး ပြန်ပေးဆွဲခိုင်းလိုက်တယ် ... အဲ့မွာ မင်းသားအမေပြန်ပေးဆွဲခံရတော့ မင်းသားက သူ့အမေကိုလိုက်ရှာရင်း မုန့်ဖုတ်သင်တန်းကျောင်းတစ်ခုမှာဝင်လုပ်ဖြစ်ခဲ့တယ် ... ဒီလိုနဲ့ ၁၂ နှစ်ကြာအောင် သူ့ရဲ့လက်ဦးဆရာ Pal Bong လက်အောက်မှာ မုန့်ဖုတ်ပညာ သင်ကြားဖြစ်ခဲ့တယ်ပေါ့ ... ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့မုန့်ဖုတ်သင်တန်းကျောင်းမှာ မင်းသားရဲ့အဖေတူ အေမကြဲညီ ၊ ဥက္ကဋ္ဌကြီးရဲ့ တရားဝင်သား Majun လည်းရှိနေတယ် ... သူကက် အဖေ့ရဲ့အသိအမှတ်ပြုတာခံချင်လို့ ၊ နောက်ပြီး မိသားစုလုပ်ငန်းကိုဆက်ခံဖို့အတွက် ဒီမွာ မုန့်ဖုတ်ပညာလာသင်နေတာ .. ဒါပေမယ့် သူ့သရုပ်မှန်ကိုတော့ ဖုံးကွယ်ထားတယ် ... ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝသရုပ်မှန်တွေရယ် ၊ မုန့်ဖုတ်ပညာ အဖြာဖြာရယ်ကြားမှာ မင်းသားရဲ့ငယ်ကျွမ်းဆွေ Shin Yukyeong နဲ့ မုန့်ဖုတ်သင်တန်းကျောင်းက မတည့်အတူနေ သူငယ်ချင်းမလေး Yang Misun တို့တွေ့ဆုံဖြစ်ကြတဲ့အခါ ... သူတို့တွေကြားက လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးက ဘယ္လိုလာမလဲ ဆိုတာ သိပ်ကိုစိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားပါ ... အချစ်ဇာတ်လမ်းသက်သက်မဟုတ်ဘဲ ၊ အရည်အချင်းတွေ ၊ ယှဉ်ပြိုင်မှုတွေနဲ့အတူ ၂၀ ကျော်လူငယ်လေးတစ်ယောက်ရဲ့ ကိုးရီးယားတစ်နိုင်ငံလုံးမှာ အတော်ဆုံး မုန့်ဖုတ်ပညာရှင်တစ်ယောက် ဘယ်လိုဖြစ်လာမလဲဆိုတာ လုံးဝစိတ်နှစ်ပြီး ကြည့်လိုက်ကြစို့လားဗျာ ...
Read More 0 comments


Rating : 6.9/10
Country : United State
Genre : Horror,Thriller,
Released Date : 2022
Duration : 1h 45min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

သူ့စာအုပ် The Shining ကို ရုပ်ရှင်အနုပညာရဲ့ နတ်ဘုရားတစ်ပါးဖြစ်တဲ့ စတန်လေကူးဘရစ်ရိုက်တာကိုပါ ဖောင်းထုခဲ့တဲ့ စတီဖင်ကင်းတောင် X ကို မာစတာပိစ်ရုပ်ရှင်ဆိုပြီး ထောပနာပြုထားပါတယ်။ Horror Thriller မာစတာပိစ်တွေ မွေးထုတ်နေကျ ကင်းကြီးတောင် မာစတာပိစ်လို့ ချီးကျူးခံထားရတဲ့ကားဆိုတော့ Horror ကားတွေထဲက ရှားရှားပါးပါး ရွှေကားတစ်ကားပါပဲ။

စီနီမာတိုကလည်း Texas Chainsaw Massacre 1974 အငွေ့အသက်အပြည့်နဲ့ဆိုတော့ ရှေးကမာစတာပိစ်တွေကို Nostalgia ဖြစ်စေမယ့် ကားကောင်းဆိုလည်းမမှားပါဘူး။ Female Characterတွေကို Ti West ရိုက်ပြထားတဲ့ ပုံစံကလည်း ဆွဲဆောင်မှုအပြည့်နဲ့ လက်ဖျားခါလောက်စရာပါပဲ။ လက်ရှိအောင်မြင်မှုအပြည့်ရ ရေပန်းစားနေတဲ့ X ဟာ Pearl ဆိုပြီး Prequel တစ်ကားလည်း ထွက်ဦးမှာပါ။

ဒီနှစ်ထဲထွက်သမျှကားတွေထဲမှာ Rating လည်းကောင်းပြီး တကယ်လည်းမိုက်တဲ့ကားအနည်းစုထဲကတစ်ကားပါပဲ။ အထူးသဖြင့် ထိတ်လန့်သည်းဖို Thriller ကားကောင်းတွေငတ်နေတဲ့ပရိသတ်အတွက်တော့ အိုအေစစ်လို့ပဲဆိုရမှာပါ။ ဇာတ်အိမ်ကိုတော့ 1970 ခုနှစ် အမေရိကန်နိုင်ငံရဲ့ ရှေးရိုးစွဲနဲ့ခေတ်သစ်အတွေးအခေါ်တော်လှန်ရေးတွေစတင်နေတဲ့ကာလတစ်ခုကိုအခြေတည်ထားပါတယ်။

ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့ သရုပ်ဆောင်ကောင်းတွေ ကင်မရာသမားကောင်းတွေရှိပေမယ့် နာမည်သိပ်မရသေးတဲ့ အပြာကားထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့ဟာ ဒီတစ်ခါတော့ပေါက်ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ဇာတ်လမ်းအသစ်တစ်ပုဒ်ဖန်တီးပြီး ရိုက်ကူးရေးစဖို့ ကျေးလက်ဒေသတစ်ခုကအိမ်တစ်အိမ်ကိုငှားရမ်းလိုက်ပါတယ်။ အစပိုင်းမှာတော့အစစအရာရာ အဆင်ပြေချောမွေ့နေပေမယ့် ဒီလိုရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူသူကင်းမဲ့နေတဲ့ကျေးလက်ကအိမ်ကြီးတစ်လုံးကိုရောက်နေတဲ့လူတစ်စုက အေးအေးချမ်းချမ်းနဲ့လုပ်စရာရှိတာလုပ်ပြီး ပြန်သွားတယ်ဆိုတာမျိုးမဟုတ်မှာတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။

အဓိကဇာတ်ကောင်တွေကိုက အပြာကားရိုက်ကူးရေးအဖွဲ့ဆိုတော့ အရှင်းကြီးဖော်ချွတ်တာမျိုးတွေနဲ့ 18+ ဇာတ်ဝင်ခန်းတွေဖောဖောသီသီပါဝင်တဲ့အပြင် သွေးထွက်သံယိုအခန်းတွေကလည်းသာမန်ထက်ကြမ်းတဲ့အတွက် အသည်းငယ်တဲ့သူတွေ၊ မိသားစုနဲ့ကြည့်ရှုမယ့်သူတွေအတွက်မသင့်တော်ပါဘူး။

ခင်ဗျားဟာ Horror ကားတွေကို ကြိုက်တဲ့သူပဲဖြစ်ဖြစ်၊ A24 ကားတွေကို ကြိုက်တဲ့သူပဲဖြစ်ဖြစ် X ဟာ မကြည့်လို့ မဖြစ်တဲ့ကားပါပဲ။ လူတိုင်းက မာစတာပိစ်ပါလို့ ချီးကျူးကြတဲ့ ဟော်ရာကားဆိုတာ ရှားပါတယ်။ စတီဖင်ကင်းပါ ချီးကျူးခံရတဲ့ ဟော်ရာကားဆို ပိုရှားသပေါ့။ သေချာတာတော့ X ကိုမကြည့်ရင် ခင်ဗျား သေချာတာတော့ Horror ဖန်ရော A24 ဖန်ရော ဖြစ်ရကျိုးမနပ်သေးပါဘူး။

 

 

 

Read More 0 comments


 

Rating : 8.9/10
Country :India
Genre :Action,Adventure,Drama,India Movie,
Released Date : 2022
Duration :  2h 28min
 
 
အညွှန်း
ဘုရင်ခေတ်က ဘုရင်တစ်ပါးဟာ အရာရာပြီးပြည့်စုံနေပေမယ့် သူ့စိတ်နှလုံးဟာအေးချမ်းမှုမရခဲ့ဘူး ‌
စိတ်ငြိမ်းချမ်းမှုကို လိုက်ရှာရင်းရှာရင်း တမန်တော်ပန်ဂျူရီနဲ့ တွေ့ခဲ့တယ်

သို့ပေမယ့် တမန်တော်ပန်ဂျူရီဟာ ရွာတစ်ရွာကိုစောင့်ရှောက်ပြီးသားသူဖြစ်တာမို့
ဘုရင်ဟာသူ့ကို လိုချင်ရင် သူ့ရဲ့ အသံတစ်ဆုံးထိ ရွာအတွက် ‌
သတ်မှတ်ချီးမြှင့်ပေးရမယ်ဆိုပြီး အပေးအယူညှိခဲ့ကြတယ်

ဒီလိုနဲ့ ဘုရင်ကြီးဟာလည်း စိတ်အေးချမ်းမှုရရှိသွားသလို ရွာလေးဟာလည်း
ကျယ်ပြောတဲ့ သစ်တောတစ်ဆုံး တမန်တော်ရဲ့စောင့်ရှောက်မှုနဲ့ အေးချမ်းခဲ့တာပေါ့

1970 ခုနှစ်မှာ လူတစ်ယောက်က ဒီရွာလေးကို သူ့ဘိုးဘွားပိုင်မြေမို့
ပြန်ပေးပါဆိုပြီးတမန်တော်ကို ရင့်ရင့်သီးသီးပြောဆိုပြီး ပြန်တောင်းခဲ့တယ်
အဲ့ဒီနောက်တစ်ရက်မှာပဲ ထိုလူဟာ တရားရုံးလှေကားမှာ သွေးအန်ပြီးသေနေတာတွေ့ခဲ့ကြရတယ်

1990 ဇာတ်လမ်းဖြစ်တည်ရာကာလမှာလည်း နိုင်ငံတောအစိုးရပိုင်
သစ်တောကြိုးဝိုင်းဆိုပြီး ဒီတောထဲက အရာတွေအတွက်
အစိုးရဆီခွင့်ပြုချက်တောင်းရမယ်ဆိုတဲ့ အမိန့်တွေထုတ်ပြန်ခဲ့တယ်

ဇာတ်ဆောင်မင်းသားကြီးရီရှက်ဘ်ရှက်တီကတော့ တော၀က်အမဲလိုက်တတ်တဲ့ အဲဒီရွာကရှီဗာရွာသားတစ်ယောက်
သူ့အမေက တော၀က်တွေကို အမဲလိုက်တာမကြိုက်တာကြောင့် တားပေမယ့် ရှီဗာကတော့ လက်မခံပဲလိုက်မြဲလိုက်ဆဲပါပဲ
တစ်နေ့သူ တော၀က်အမဲလိုက်ပြီးတစ်ညမှာ အိမ်မက်ထဲမှာ တော၀က်တစ်ကောင်ကသူ့ကိုလိုက်နေတယ်ဆိုတဲ့ အိမ်မက်ဆိုးမက်ခဲ့ရတယ်…

တမန်တော်ပန်ဂျူရီရဲ့ စောင့်ရှောက်မှုအောက်မှာအေးချမ်းနေတဲ့သစ်တောနဲ့ ကျေးရွာလေး‌ဆီရောက်လာတဲ့ အစိုးရရဲ့အမိန့်တွေ….
ရှီဗာအလန့်တကြားနိုးထလာရတဲ့ အိမ်မက်ဆိုး…

ဒါတွေက ဘယ်လိုဆက်စပ်နေလဲ ရှုစားကြည့်ပါဦး

 

Read More 0 comments


 

Rating : 6.3/10
Country : Korea
Genre : Drama, Action, Crime
Released Date : 2015
Duration : 2h 15min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

လှုပ်လှုပ်ရှားရှား မှုခင်းရုပ်ရှင်ဖြစ်တဲ့ Gangnam Blues (Gangnam 1970) ကို ဒါရိုက်တာ ယိုဟ က ရိုက်ကူးပြီး မြန်မာပရိသတ် တော်တော်များများ သဘောကျကြတဲ့ မင်းသား လီမင်ဟိုနဲ့ Love Story in Harvard (တစ်ခါတုန်းက တက္က သိုလ်)မှာ ပါဝင် ခဲ့တဲ့ ဇာတ်ဆောင်မင်းသား ကင်ရေးဝန်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Gangnam Blues ဟာ ၁၉၇၀ ခုနှစ်အလွန် ဝရုန်းသုန်းကားဖြစ်နေတဲ့ လူမှုရေး၊ နိုင်ငံရေး အခြေအနေတွေကြားထဲကနေ ဆိုးလ်မြို့ရဲ့ ဂန်းနမ်စီရင်စုက အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်လာပုံကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ် ပါ။ ဒီထဲမှာနိုင်ငံရေး သြဇာအာဏာနဲ့ ရာဇဝတ်မှု ကျူးလွန်ကြတဲ့ အဖွဲ့အစည်းတွေကြားထဲက လွန်ဆွဲပွဲတွေရယ်၊ လိမ်လည်မှုတွေရယ်ကြောင့် ငယ်စဉ်တောင်ကျေး ကလေးဘဝတည်းက ပေါင်းသင်းခင်မင်လာတဲ့  သူငယ်ချင်းနှစ်ယောက်ရဲ့ ရင်းနှီးချစ်ခင်မှုကို စမ်းသပ်ခံရတဲ့အကြောင်း ရိုက်ကူးပုံဖော်ထားပါတယ်။

၁၉၇၀ ခုနှစ်ဝန်းကျင် နိုင်ငံရေးပိုင်းမှာခြစားမှုတွေ အထွတ်အထိပ် ရောက်နေတဲ့ ကာလအတွင်းမှာ ဆိုးလ်တောင်ပိုင်းက ဂန်းနမ်ဟာ ဖွံ့ဖြိုးတိုးတက်တဲ့ ဧရိယာအဖြစ် စပြီး ပြောင်းလဲနေခဲ့ပြီ။ ငယ်သူငယ်ချင်းတွေဖြစ် ကြတဲ့ ဂျောင်ဒေး နဲ့ ရောင်းကီတို့ဟာ မြို့စွန်ရပ်ကွက်မှာရှိတဲ့ သူတို့ အိမ်လေးကို လူမိုက်တွေ ဖြိုချလိုက်တဲ့အတွက် ပြန်ပြီးနေရာရဖို့ အသည်းအသန် လုံးပမ်းနေရတယ်။ သူတို့နှစ်ယောက်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှာ အတူကြီးပျင်းလာခဲ့ကြတဲ့ သူတွေ။ ဂေဟာက ထွက်လာပြီးတော့လည်း စက္ကူတွေ၊ ပုလင်းခွံတွေကို ကောက်ပြီး အသက်မွေးကြရင်းနဲ့ ဘဝကို အတူရုန်းကန်ခဲ့ကြတယ်။

ငွေအတွက်ဆိုရင် ဘာမဆို လုပ်တတ်ကြတဲ့ သူတို့ဟာ ထိတ်လန့်ဖွယ်ရာ နိုင်ငံရေး ပဋိပက္ခတွေ မှာ ပါဝင်ခဲ့ကြပြီး အဖွဲ့တစ်ခုနဲ့တစ်ခု ထိပ်တိုက် တွေ့ကာ ပစ်ခတ်ကြတဲ့အချိန်မှာ ကွဲကွာသွားခဲ့ကြတယ်။ သုံးနှစ်ကြာပြီးတဲ့နောက် ဂျောင်ဒေး ဟာ အရင်က ဂိုဏ်းစတားတစ်ဦးဖြစ်ခဲ့တဲ့ ကီလ်ဆုနဲ့ အတူ နေထိုင်နေတယ်။ ရောင်းဂီကတော့ ဆိုးလ်ရဲ့ သြဇာအကြီးဆုံး ရာဇဝတ်ဂိုဏ်းတစ်ခြုဖစ်တဲ့ Myepngdong-pa ထဲကို ရောက်သွားတယ်။ ဂိုဏ်းစတားတစ်ယောက်အနေနဲ့ သူဟာ လျှို့ဝှက် သမ္မတရွေးကောက်ပွဲ ရန်ပုံငွေဆိုတဲ့ ခေါင်းစဉ်အောက်က နေပြီး မြို့ရဲ့ မြေယာတန်ကြေး မြင့်တက်လာစေဖို့အတွက် သေမြေကြီး ရှင်ရွှေထီး စွန့်စားရတဲ့ ဂန်းနမ်က မြေယာအရှုပ်အရှင်း ကိစ္စတွေမှာ ပါဝင် ပတ်သက်နေရတယ်။ လူဆိုးဂိုဏ်းတွေက မြေယာပေါင်းများစွာကိုရရှိဖို့ တိုက်ခိုက်ကြတဲ့အခါ ရောင်းကီအဖမ်းခံရပြီး ပြိုင်ဖက်ဂိုဏ်းတစ်ခုရဲ့ စစ်ဆေး မေးမြန်းမှုကို ခံရတယ်။ ရောင်းကီအဖမ်းခံရပြီးတဲ့ နောက်ဘာတွေဆက်ဖြစ်မယ်၊ ဂျောင်ဒေးနဲ့ ဘယ်လိုပြန် ပြီး ဆက်စပ်သွားမယ်၊ သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ရင်းနှီးချစ်ခင်မှုကို ဘယ်လိုပုံမျိုးနဲ့ အစမ်းသပ်ခံရမယ် ဆိုတာတွေက စိတ်ဝင်စားစရာပါပဲ။

Gangnam Blues ဟာ ထုတ်လုပ်ခဲ့သမျှ ကိုရီးယားရုပ်ရှင်တွေထဲမှာ ဖန်တီးထားပုံ အလှဆုံး နဲ့ အလတ်ဆတ်ဆုံးဖြစ်တယ်ဆိုပြီး ဝေဖန်ထား ကြသလို ဇာတ်ကောင်တွေရဲ့ သရုပ်ဆောင်မှုက ဘာမှသိပ်မထူးခြားတဲ့အပြင် တည်းဖြတ်မှု အပိုင်း မှာလည်း ရှုပ်ယှက်ခတ်နေတယ်ဆိုပြီး ပြောထား တာကိုလည်း တွေ့ရပါတယ်။ လီမင်ဟိုရဲ့ သွေးအေး တဲ့ ဂိုဏ်းစတားတစ်ယောက်ရဲ့ ဟန်ပန်က အဆင် ပြေပေမယ့် ကင်ရေးဝမ်ရဲ့ သရုပ်ဆောင်မှုကအနည်းငယ် ပေါ့ပျက်ပျက်ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့ ကင်ရေးဝမ်ဟာ ဒီရုပ်ရှင်ထဲမှာ ဂိုဏ်းစတားတစ်ယောက်အဖြစ် ပါဝင်ဖို့အတွက် တစ်လအတွင်းမှာ ကိုယ်အလေးချိန် ၁၅ ကီလိုကျအောင် ကြိုးစားထားခဲ့တယ်ဆိုတော့ သူရဲ့ အားထုတ်မှုကို အသိအမှတ်တော့ ပြုရမှာဖြစ်ပါ တယ်။ ဘာပဲဖြစ်ဖြစ် ၁၉၇၀ ရဲ့ နောက်ခံအခင်းအကျင်း တွေကို သိခွင့်ရမယ့် Gangnam Blues ဟာ ၁၃၅ မိနစ်သာ ကြာမြင့်လို့ စောင့်ကြည့်သင့်တဲ့ ဇာတ်ကားအဖြစ် ဖော်ပြလိုက်ရပါတယ်။

Read More 0 comments


Rating : 6.8/10
Country : United State
Genre :Drama,History,
Released Date : 2022
Duration :  2h 28min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

1970 မှာ ရိုက်ခဲ့တဲ့ နာမည်တူ ဆွီဒင်ဇာတ်ကားကိုပဲ remake ပြန်ရိုက်ထားတာပါ။

သမိုင်းနောက်ခံ အချက်အလက်မှန်မှန်နဲ့ ရင်ထဲထိအောင်

ရိုက်ပြနိုင်တဲ့ ဥရောပ ဒရာမာကား ကောင်းကောင်းကို ကြည့်ချင်ရင်တော့

ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။
ပထမကမ္ဘာစစ်မဖြစ်ခင် 1840 ဝန်းကျင်တဝိုက် ဆွီဒင်မှာ သီးပင်စားပင်စိုက်ရခက်ပြီး

စားနပ်ရိက္ခာရှားပါး ငတ်ပြတ်နေချိန် အော်စကာနဲ့ ခရစ္စတီးနားတို့ လင်မယား ကလေးတွေရှေ့ရေးအတွက်

အမေရိကကို လှေနဲ့သွားပြီး ပြောင်းရွှေ့အချေချဖို့ လုပ်ကြတယ်။ အဲ့အချိန်က

အမေရိကန်ဟာ နိုင်ငံစတည်ကာစ ဖြစ်ပြီး လူ့အခွင့်အရေးအပြည့်အဝရတဲ့

လွတ်လပ်သောနိုင်ငံ တစ်ခုဖြစ်နေတဲ့အချိန်ပေါ့။ ခင်ပွန်းဖြစ်သူက မိသားစုရှေ့ရေးအတွက်

အမေရိကမှာ အခြေချဖို့ မကြောက်ပေမယ့် ခရစ္စတီးနားကတော့ သမားရိုးကျဆန်တဲ့

ဘာသာရေး ကိုးကွယ်သူ ပီပီယဥ်ကျေးမှု မတူတဲ့ အရပ်ဟာ သူ့အတွက်နေပျော်မယ့် အရပ်ဖြစ်ပါ့မလားတွေးရင်း

ခင်ပွန်းဖြစ်သူနဲ့အတူ အမေရိကားကို ပြောင်းရွှေ့အခြေချဖိို့ လိုက်ခဲ့တာပေါ။ ဒီကားထဲမှာ

ဘာသာရေးအယူဝါဒကွဲပြားမှုကြေင့် ချစ်ခင်ကြသူတွေ သွေးကွဲကြတယ်ဆိုတဲ့

သဘောကို တွေ့ရပါတယ်။ ရှေးရိုးဆန်တဲ့ အယူဝါဒတွေနဲ့ လူကိုလူလိုမြင်တတ်မှု

လူသားဆန်မှုတွေကြား ခရစ္စတီးနားတစ်ယောက် လမ်းမှန်ကို ရွေးလျှောက်နိုင်ပါ့မလားဆိုတာကို

ရင်ထဲ တနင့်နင့် ခံစားကြည့်ရှုရမှာပါ။ ကိုယ်ချစ်တဲ့ မွေးရပ်​မြေနဲ့ ဝေးပြီး ရေခြားမြေခြားမှာ

လာအ​ခြေချရတဲ့ အမေတစ်ယောက် ဇနီးမယားတစ်ယောက်ရဲ့ အတွေးလွန်ဆွဲမှု ၊

ခံစားချက်ပုံပြင်လေးကို တေးသီချင်းတစ်ပုဒ်လို အနုပညာမြောက် လှပစွာ

သရုပ်ဖော်ထားတဲ့ ဇာတ်ကားတစ်ကောင်းတစ်ခုပါ။ ဥရောပ က တစ်ကားဆိုတစ်ကား

အဆင့်ရှိ အနှစ်မိတဲ့ ဇာတ်ကားတွေ ထွက်ထွက်လာတတ်တာမို့

မကြည့်မဖြစ် ကြည့်သင့်တဲ့ ဥရောပ ဒရာမာကားကောင်းပါ

 

 

 

Read More 0 comments