Showing posts with label Action. Show all posts
Showing posts with label Action. Show all posts


 

Rating : 6.9/10
Country :Korea
Genre :Action,Drama,Horror,Korea Movie,
Released Date : 2022
Duration :  1h 50min
 
 
အညွှန်း
 
Kim Rae Won ဆိုတာတော့ အထူးအထွေ ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ သူ့အပြင်ကို Big Mouth မင်းသားကြီး Lee Jong Suk လည်း အဓိက ပါဝင်ထားတဲ့ အက်ရှင် ဇာတ်လမ်းလေးဖြစ်ပြီး ရုံတင်ပြသစဉ်မှာ ပရိသတ်အတော် အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းလေးပါ။

ဇာတ်လမ်းအညွှန်း …

ပစိဖိတ်သမုဒ္ဒရာထဲမှာ တောင်ကိုရီးယား ရေတပ်က ရေငုတ်သင်္ဘောတစ်စီးဟာ စစ်ရေးလေ့ကျင့်နေခဲ့တယ်။ ပစ်ခတ်စဉ်တွေပါတဲ့ ဒီလေ့ကျင့်မှုဟာအချိန်အတော်ကြာပြီးတဲ့နောက်မှာ တောင်ကိုရီးယားကိုပြန်လာခဲ့တယ်။

ကိုရီးယားကျွန်းဆွယ်ကို ပြန်လာစဉ်မှာပဲ မုန်တိုင်းကလည်းတိုက်ဆိုင်စွာ ကြမ်းနေတဲ့အချိန်ဖြစ်နေတယ်။ ဒါအပြင် ရေငုတ်သင်္ဘာဟာ အမည်မသိ ချေမှုန်းရေးသင်္ဘောမှ အကြမ်းစားတော်ပီဒိုကြီးတစ်လုံး ပစ်ခတ်ခြင်းခံလိုက်ရတယ်။

လုံးဝမမျှော်လင့်ထားတဲ့ တိုက်ခိုက်ခံရမှုဖြစ်တဲ့အပြင် တန်ပြန်တိုက်ခိုက်ရေး လက်နက်တွေကလည်း စစ်ဆင်ရေးမှာသုံးခဲ့လေတော့ ရေငုတ်သင်္ဘောဟာ တော်ပီဒိုကြီးထိမှန်ဖို့ အရေးကနေ အသည်းအသန်ထွက်ပြေးရပါတော့တယ်။

အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲ...

 

Read More 0 comments


Rating : 8.1/10
Country :United state
Genre :Action,Adventure,Fantasy,
Released Date : 2022
Duration :  3h 12min
 
 
အညွှန်း
2009 ခုနှစ်က ဆုပေါင်းများစွာနဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ Avatar
ရုပ်ရှင်ရဲ့အဆက် Avatar 2 : The Way of Water ကို တင်ပေး
ထားပါတယ်။ HDTC ကွာလတီပဲဖြစ်တာမို့ HD အစစ်တွေလိုတော့
မကြည်သေးပါဘူး။ ခိုးရိုက်အဆင့်တွေထက်တော့ ကြည်ပါတယ်။
ဖြစ်နိုင်ရင်တော့ ကြည်တောက်ရှင်းကို စောင့်မှပဲ ဇာတ်ကားထဲက
အလှအပတွေကို သေချာခံစားလို့ရမှာပါ။ ဒါပေမဲ့ အရမ်းကိုကြည့်
ချင်လို့တောင်းနေတဲ့သူတွေလည်း ရှိနေတော့ တင်ပေးထားလိုက်
ပါတယ်။

ဇာတ်လမ်းအကျဉ်း
……………………….
ဇာတ်လမ်းကတော့ ဂျိတ်ဆော်လီနဲ့ နတီးရီတို့ လက်ထပ်ပြီး ပန်ဒိုရာ
တောထဲမှာ အတူနေကြတာကနေ ပြန်ဆက်ထားပါတယ်။ ကောင်းကင်
လူမျိုးလို့ခေါ်တဲ့ ကမ္ဘာသားတွေကို ကမ္ဘာပေါ်ကို ပြန်ပို့ပြီး နာဗီတွေ
သာယာအေးချမ်းနေကြပါပြီ။ ဂျိတ်ဆော်လီနဲ့နတီးရီတို့လည်း သားသမီး
လေးယောက်နဲ့ မိသားစုကြီးဖြစ်နေပါပြီ။ ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ
တမဟုတ်ချင်းပျောက်ကွယ်တတ်တဲ့အရာမို့ ကမ္ဘာသားတွေ နောက်တစ်ခါ
အင်အားအပြည့်နဲ့ ကျူးကျော်လာတဲ့အခါမှာတော့ နာဗီမျိုးနွယ်တွေ ပုန်း
ရှောင်နေကြရပြီး ပြောက်ကြားစစ်နဲ့ ပြန်တိုက်ခိုက်ကြရပါတော့တယ်။

အဲဒီတိုက်ပွဲတွေကိုလည်း ဂျိတ်ကပဲ ဦးဆောင်ပြီး သူ့ရဲ့ သားနှစ်ယောက်လည်း
ပါဝင်တိုက်ခိုက်နေရပါတယ်။ ဒါပေမဲ့ ကမ္ဘာဘက်ကလည်း အက်ဗာတာ
အထူးတပ်တွေထုတ်သုံးပြီး ဂျိတ်တို့ကို သတ်ဖို့လိုက်လာတဲ့အခါမှာတော့
ဂျိတ်တို့မိသားစု ရှင်သန်ဖို့ အသက်လုတိုက်ပွဲတွေ ဆင်နွှဲလာရပါတော့တယ်။

 

 

Read More 0 comments


 

 

Rating : 5.9/10
Country :United state
Genre :Action,Adventure,Drama,
Released Date : 2022
Duration :  1h 41min
 
 
အညွှန်း
 
နော်ဝေး စိတ်ကူးယဉ် ရုပ်ရှင်ကောင်းတစ်ခုလာပါပြီ။ အမေရိကန်မှာကင်းကောင် ဂျပန်မှာ ဂေါ်ဇီလာဆိုသလို နော်ဝေးပုံပြင်တွေမှာလည်း ဘီလူးကြီးတွေဟာ မပါမဖြစ်ပါ။
နော်ဝေးမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားစဉ်က ဘီလူးတွေနဲ့ လူတွေတိုက်ပွဲဖြစ်ခဲ့ပြီး ဘီလူးတွေမျိုးတုံးသွားတဲ့ ပုံပြင်တွေရှိခဲ့ပါတယ်။ အဲဒီဘီလူးတွေဟာ ခရစ်ယာန်တွေကိုမုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ထုတယ်၊ နေရောင်နဲ့တွေ့ရင် ကျောက်ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပါတယ်။

ဒါတွေအားလုံးဟာ နော်ဝေးဒဏ္ဍာရီတွေကနေ စတင်ခဲ့တာပါ။ နော်ဝေးတွေဟာ ဒဏ္ဍာရီအပိုင်းမှာတော့ အတော်ခိုင်လုံတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်အိမ်တွေရှိခဲ့တာအမှန်ပါပဲ။ စိတ်ကူးယဉ် စာပေလောကမှာ နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ The Lord of the Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာတိုကင်းန်တောင် ဘီလူးတွေကို နော်ဝေးကနေ အခြေခံခဲ့တာပါ။

အခုဒီရုပ်ရှင်မှာတော့ လက်ရှိခေတ်မှာ တောင်တွေထဲမှာ ရထားလမ်းဖောက်ဖို့ ဥမင်တူးရင်းနဲ့ ဘီလူးကြီးတစ်ကောင် နိုးထလာတဲ့ ဇာတ်လမ်းကို ပြသထားပါတယ်။ အဲဒီဘီလူးကြီးကို တိုက်ခိုက်ဖို့နည်းတွေ နောက်ကြောင်းတွေကို လေ့လာပြီး ရင်ဆိုင်ရတဲ့ ဇာတ်လမ်းမို့ Godzilla Origin ကားတွေရဲ့ ဖီလင်မျိုးရမှာပါပဲ။

 

Read More 0 comments


Rating : 4.7/10
Country :India
Genre :Action,Adventure,Crime,India Movie,
Released Date : 2022
Duration :  2h 15min
 
 
အညွှန်း
 
အိန္ဒိယ Malayalam ဘက်မှာ မသိသူမရှိတဲ့
မင်းသားကြီး Mohanlal ရဲ့ လှည့်ကွက်များစွာနဲ့
စိတ်ဝင်စားဖွယ် မှုခင်းဇာတ်ကားကောင်းတစ်ပုဒ်
ထွက်ရှိလို့ လာခဲ့ပါပြီ

ဇာတ်ကားထဲမှာ သူဟာ လပ်ကီးဆင်းဆိုတဲ့ အမည်ရှိပြီး
နိုင်ငံခြားကနေ အိန္ဒိယကို တိုက်ခန်းအရောင်းအဝယ်ကိစ္စနဲ့
ပြန်လာရာကနေ ဇာတ်လမ်းကို စထားပါတယ်
ဇာတ်လိုက်မင်းသမီးဖြစ်သူ ဘာမီနီက
တက္ကစီဝန်ဆောင်မှုလုပ်ငန်းတစ်ခုက ဒရိုင်ဘာတစ်ယောက်ဖြစ်ပြီး
သူ့ကို လေဆိပ်မှာ သွားကြိုရမယ့်သူပဲဖြစ်ပါတယ်

ခရီးတစ်လျှောက်လုံး သူဟာ ပျော်ပျော်နေတတ်တဲ့သူလို ပြုမူပြီး
စကားတွေလည်း အများကြီးပြောပါတယ်
ဘာမီနီကိုလည်း ချစ်ခင်နှစ်သက်ပုံပြပြီး
စကားရွှင်တဲ့ ကိုလူပျော်တစ်ယောက်လို့ပဲ ထင်ရပါတယ်

အဲဒီလိုနဲ့ ဘာမီနီတို့လင်မယားရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကို
မရမက အတင်းလာမယ်လုပ်ပြီး
ရောက်လာတဲ့အချိန်မှာတော့..

သူဟာ ဘယ်လိုမှ မထင်မှတ်ထားစရာလုပ်ရပ်တစ်ခုကို
လုပ်ခဲ့ပါတော့တယ်

သူလုပ်တဲ့လုပ်ရပ်က ဘာဖြစ်မလဲ
ဘာကြောင့် ဒီလိုလုပ်ရတာလဲ ဘာအကြံအစည်တွေနဲ့
ဘာမီနီကို သူချဉ်းကပ်ခဲ့တာလဲဆိုတာကို ဟောဒီ့ Monster ဆိုတဲ့ကားထဲမှာ
စိတ်ဝင်စားဖွယ်ကောင်းစွာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်

 

 

 

Read More 0 comments


 
Rating : 4.8/10
Country :United State
Genre :Animation,Adventure,Comedy,
Released Date : 2022
Duration :  1h 41min
 
 
အညွှန်း
 
သူ့နာမည်က ဒမ်မီယမ်…
သူဟာ အသွင်ယူရဲဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးပြီး မူးယစ်ဆေးလောကမှာ အသွင်ယူဖူးလို့ ဒီလောကကို ထုံးလိုကျေ ရေလိုနောက်တယ်။ တစ်နေ့ကျ အထက်တန်းကျောင်းတစ်ကျောင်းမှာ ဆရာဖြစ်တဲ့သူ့ သူငယ်ချင်းဟာ သူ့အခက်အခဲတစ်ခုအတွက် အကူအညီလာတောင်းတယ်။ ဒါပေမဲ့ သူမကူညီခဲ့ဘူး။
သိပ်မကြာခင်မှာပဲ…
သူ့ သူငယ်ချင်းဟာ ချောက်ချခံရပြီး မတရားသဖြင့် နာမည်ဆိုးနဲ့သေခဲ့ရတယ်။ ဒီတော့ သူက ရှင်နေတုန်း ကူညီဖို့ ငြင်းဆန်မိခဲ့တဲ့ နောင်တနဲ့ အဲဒီအထက်ကျောင်းမှာ အစားထိုးဆရာအဖြစ် ဝင်လုပ်ပြီး သူ့ သူငယ်ချင်းအတွက် လက်စားချေဖို့ ကြိုးစားခဲ့တယ်။ ဒီလိုနဲ့ အဲဒီကျောင်းမှာ ဘာတွေဖြစ်ခဲ့လဲ။ သူငယ်ချင်းရဲ့ သေဆုံးမှုအပေါ် တာဝန်ရှိသူတွေကို ဘယ်လိုရှာဖွေမလဲ… ဆရာတစ်ယောက်အဖြစ် အသွင်ယူထားတဲ့ ဒမ်မီယမ်ရဲ့ ကျောင်းပေါ်က နေ့စွဲတွေကော ဘယ်လိုဖြစ်မလဲ…

 

Read More 0 comments


 

Rating : 8.9/10
Country :India
Genre :Action,Adventure,Drama,India Movie,
Released Date : 2022
Duration :  2h 28min
 
 
အညွှန်း
ဘုရင်ခေတ်က ဘုရင်တစ်ပါးဟာ အရာရာပြီးပြည့်စုံနေပေမယ့် သူ့စိတ်နှလုံးဟာအေးချမ်းမှုမရခဲ့ဘူး ‌
စိတ်ငြိမ်းချမ်းမှုကို လိုက်ရှာရင်းရှာရင်း တမန်တော်ပန်ဂျူရီနဲ့ တွေ့ခဲ့တယ်

သို့ပေမယ့် တမန်တော်ပန်ဂျူရီဟာ ရွာတစ်ရွာကိုစောင့်ရှောက်ပြီးသားသူဖြစ်တာမို့
ဘုရင်ဟာသူ့ကို လိုချင်ရင် သူ့ရဲ့ အသံတစ်ဆုံးထိ ရွာအတွက် ‌
သတ်မှတ်ချီးမြှင့်ပေးရမယ်ဆိုပြီး အပေးအယူညှိခဲ့ကြတယ်

ဒီလိုနဲ့ ဘုရင်ကြီးဟာလည်း စိတ်အေးချမ်းမှုရရှိသွားသလို ရွာလေးဟာလည်း
ကျယ်ပြောတဲ့ သစ်တောတစ်ဆုံး တမန်တော်ရဲ့စောင့်ရှောက်မှုနဲ့ အေးချမ်းခဲ့တာပေါ့

1970 ခုနှစ်မှာ လူတစ်ယောက်က ဒီရွာလေးကို သူ့ဘိုးဘွားပိုင်မြေမို့
ပြန်ပေးပါဆိုပြီးတမန်တော်ကို ရင့်ရင့်သီးသီးပြောဆိုပြီး ပြန်တောင်းခဲ့တယ်
အဲ့ဒီနောက်တစ်ရက်မှာပဲ ထိုလူဟာ တရားရုံးလှေကားမှာ သွေးအန်ပြီးသေနေတာတွေ့ခဲ့ကြရတယ်

1990 ဇာတ်လမ်းဖြစ်တည်ရာကာလမှာလည်း နိုင်ငံတောအစိုးရပိုင်
သစ်တောကြိုးဝိုင်းဆိုပြီး ဒီတောထဲက အရာတွေအတွက်
အစိုးရဆီခွင့်ပြုချက်တောင်းရမယ်ဆိုတဲ့ အမိန့်တွေထုတ်ပြန်ခဲ့တယ်

ဇာတ်ဆောင်မင်းသားကြီးရီရှက်ဘ်ရှက်တီကတော့ တော၀က်အမဲလိုက်တတ်တဲ့ အဲဒီရွာကရှီဗာရွာသားတစ်ယောက်
သူ့အမေက တော၀က်တွေကို အမဲလိုက်တာမကြိုက်တာကြောင့် တားပေမယ့် ရှီဗာကတော့ လက်မခံပဲလိုက်မြဲလိုက်ဆဲပါပဲ
တစ်နေ့သူ တော၀က်အမဲလိုက်ပြီးတစ်ညမှာ အိမ်မက်ထဲမှာ တော၀က်တစ်ကောင်ကသူ့ကိုလိုက်နေတယ်ဆိုတဲ့ အိမ်မက်ဆိုးမက်ခဲ့ရတယ်…

တမန်တော်ပန်ဂျူရီရဲ့ စောင့်ရှောက်မှုအောက်မှာအေးချမ်းနေတဲ့သစ်တောနဲ့ ကျေးရွာလေး‌ဆီရောက်လာတဲ့ အစိုးရရဲ့အမိန့်တွေ….
ရှီဗာအလန့်တကြားနိုးထလာရတဲ့ အိမ်မက်ဆိုး…

ဒါတွေက ဘယ်လိုဆက်စပ်နေလဲ ရှုစားကြည့်ပါဦး

 

Read More 0 comments


Rating : 6.9/10
Country :United State
Genre :Animation,Adventure,Comedy,
Released Date : 2022
Duration :  1h 16min
 
 
အညွှန်း
 
ကလေးဘဝရဲ့ မမေ့နိုင်တဲ့အမှတ်တရ‌တွေအကြောင်း အစချီပြီးပြောတော့မယ်ဆိုရင်
စကားမပြောတဲ့ တွမ်နဲ့ဂျယ်ရီကို ချန်ခဲ့လို့မရပါဘူး။
ဘယ်ကာတွန်းတွေကို ဘယ်လိုပဲရိုးသွားပါစေ ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါပဲ ပြန်ကြည့်ကြည့်
Tom and Jerry ကတော့ ကျွန်တော်တို့ကို အမြဲပြုံးမိစေတယ်လို့ပြောရင်တော့ မမှားပါဘူး။
ဒီနေ့ကတော့ Tom and Jerryကာတွန်းရဲ့ အသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးသွားမှာပါ။

ဂွတ်ဘယ်ရီမြို့ငယ်လေးမှာ ဒဏ္ဍာရီတွေ ပုံပြင်တွေနဲ့ပြည့်နှက်နေတဲ့ ဖလစ်စစ်တီတောင်ဆိုတာ ရှိပါတယ်။
ဒဏ္ဍာရီအရတော့ ဖလစ်စစ်တီတောင်ထိပ်မှာရှိတဲ့ နှင်းတွေဟာ မှော်အစွမ်းရှိပြီး နှင်းလူကမ္ဘာဆိုတဲ့ မှော်ဝင်ရွာလေးလည်းရှိပါသတဲ့။

တစ်ဖက်မှာတော့ ဒဘယ်ဗေးရဲ့အရုပ်ဆိုင်ကတွမ်နဲ့ မစ္စလာပေ့ခ်ျရဲ့အရုပ်ဆိုင်ကဂျယ်ရီကတော့ ကြောင်နဲ့ကြွက်ပီပီ နေ့တိုင်းသတ်ပုတ်ရင်းပေါ့။
ခေတ်မှီအရုပ်တွေရောင်းနေတဲ့ ဒဘယ်ဗေးရဲ့ဆိုင်ကြီးကို သာမန်အရုပ်လေးတွေနဲ့ မစ္စလာပေ့ခ်ျက မယှဉ်နိုင်တော့ အရှုံးပေါ်မယ့်အဖြစ်ကိုဆိုက်နေတာပေါ့။
တွမ်နဲ့ဂျယ်ရီဆိုရင်တော့ အမွှေစိန်လေးတက်ဖီကတော့ အမြဲမပါမဖြစ်ပါဘဲ။
ဒီကားလေးထဲမှာတော့ တက်ဖီက မှော်ဆရာရူး မျက်လှည့်ရူးလေးပေမဲ့ လုပ်သမျှမအောင်မြင်တဲ့ငမွှေလေးပေါ့။

ဒီလိုသူတို့တွေရဲ့ဘဝထဲကို လာရီဆိုတဲ့ မှော်နှင်းကြွက်ကလေး ရောက်လာချိန်မှာတော့ ဘာတွေဘယ်လို ပြောင်းလဲသွားမလဲ။
မှော်နှင်းကြွက်ကလေး ရောက်လာချိန်ကျမှ ကံဆိုးပြီး နှင်းမကျတဲ့ခရစ်စမတ်နဲ့ တည့်တည့်တိုးလေတော့
နှင်းကြွက်လေးအရည်ပျော်မကျရေးအတွက် ဖလစ်စစ်တီတောင်ထိပ်က နှင်းလူကမ္ဘာကို သူတို့သွားဖို့လုပ်တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ

 

 

Read More 0 comments


 

Rating : 3.1/10
Country :United State
Genre :Action,Comedy,Fantasy,
Released Date : 2022
Duration :  1h 13min
 
 
အညွှန်း
 
အရင် PSG အသင်းရဲ့ ဘောလုံးသမား မိုဗစ်ချ်ကိုတော့ လူတိုင်းသိကြမှာပါ။
ဇာတ်ကောင်ကိုတော့ မိုဗစ်ချ်လို ဆွဲထားပေမဲ့ အပြင်ကမိုဗစ်ချ် လိုတော့ လူကြမ်းကြီးမဟုတ်ပါဘူး
ဇာတ်လမ်းက ကလေးကားဆိုတော့ မိုဗစ်ချအစစ်လိုတော့ မဟုတ်ဘူးပေါ့။
ဇလာတန်ဆိုတဲ့ ဘောသမားတစ်ယောက်ဟာ အောစတားဆိုတဲ့ ဖလားကို ပြိုင်ဆိုင်ဖို့အတွက်
နောက်ဆုံးပွဲစဉ်ရောက်ခါနီးမှာ ကလေးတစ်သိုက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။
နောက်ပြီး သူ့ရဲ့ ဘောစကေးတွေကို လိုချင်နေတဲ့ သိပံ္ပပညာရှင်အရူးတစ်ယောက်က
ဇလာတန်ရဲ့ ဘောစကေးတွေကို ခိုးသွားတဲ့အချိန်မှာ စကေးတွေ မရှိတော့တဲ့ ဇလာတန်နဲ့ ကလေးတစ်သိုက်ဟာ
ပြိုင်ဘက် အသင်းကို ဘယ်လိုအနိုင်ယူပြီး အောစတားဖလားကို အရယူနိုင်မလဲ ....

 

Read More 0 comments


Rating : 6.5/10
Country :China
Genre :Action,Adventure,Fantasy,
Released Date : 2022
Duration :  2h 7min
 
 
အညွှန်း
“ရှန်မင်းဆက်နဲ့ ကျိုးမင်းဆက်တို့ရဲ့ တိုက်ပွဲအပြီး
နှစ်ပေါင်း ၁၅၀၀ ကြာပြီးတဲ့နောက် ကောင်းကင်ဘုံ
စည်းမျဥ်း စည်းကမ်းတွေ ပျက်ပြားနေချိန် ဆင်းရဲမွဲတေနေတဲ့
ရန်ကျန်ဆိုတဲ့ လူငယ်လေးက ငွေအသပြာလက်ခံရယူပြီ
းလူတွေကိုဖမ်းဆီးပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီးတော့
အသက်မွေးဝမ်းကြောင်းပြုနေခဲ့ပါတယ်
တစ်နေ့မှာတော့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဖြစ်တဲ့
ချန်ရှန်း ကိုလိုက်လံ ဖမ်းဆီးဖို့ ဖောက်သည်တစ်ယောက်ထံကနေပြီး
ငွေအသပြာတွေလက်ခံရရှိခဲ့ပါတယ် တစ်ဆက်ထဲမှာပဲ
အဲဒီလူငယ် ချန်ရှန်းက ရန်ကျန်ရဲ့ တူဖြစ်တဲ့အကြောင်း
မတော်တဆသိရှိသွားခဲ့ပါတော့တယ် ချန်ရှန်းဆိုတဲ့
လူငယ်လေးဟာ ကြာပန်းမီးအိမ်ကို ရှာဖွေပြီး
မိခင်ဖြစ်သူကိုကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားသူလေးပါ
ဒါပေမဲ့လဲ အဲဒီအစား ဘေးအန္တရာယ်နဲ့ပဲ ရင်ဆိုင်ခဲ့ရရှာပါတယ်
အဲဒီအချိန်မှာပဲ ရန်ကျန် တစ်ယောက် တူဖြစ်သူရဲ့
ရှုပ်ထွေးလှတဲ့ အတိတ်ကိုဖော်ထုတ်ဖို့ ခရီးလမ်းကြောင်းစတင်ခဲ့ချိန်မှာတော့ -”

❐ ဘာတွေဆက်ဖြစ်ကြမှာလဲ
❐ တူရီးနှစ်ယောက်အတူတူ ဘယ်လို ဘေးအန္တရာယ်မျိုးတွေကို ရင်ဆိုင်ကြရမလဲ
❐ အခက်အခဲတွေကို အတူတူကျော်လွှားနိုင်ပါ့မလား
 
 

 

 

 

Read More 0 comments


Rating : 4.9/10
Country :United State
Genre :Animation,Adventure,Comedy,
Released Date : 2022
Duration :  1h 30min
 
 
အညွှန်း
 
Special Delivery ဆိုတဲ့ နာမည်နဲ့အတူ
ဝက်ဝံကြီး မစ်မစ်နဲ့ ဉာဏ်ကြီးရှင် ယုန်လေး အော်စကာတို့ ပြန်လာပါပြီ
Big Trip 1 မှာတုန်းက ဝက်ဝံကြီး မစ်မစ်တို့ဆီ မှားရောက်လာတဲ့
ပန်ဒါလေးကို သူ့အိမ်အရောက် ပို့ပေးခဲ့ပါတယ်

Big Trip 2 မှာတော့ ဝက်ဝံကြီး မစ်မစ်တို့ဆီကို
အမေရိက သစ်တောပြည်ထောင်စုရဲ့ရွေးကောက်ခံသမ္မတလောင်း
ဝက်ဝံကြီး ဂရစ်ဇလီရဲ့ကလေး မှားယွင်းပြီး ရောက်လာပြန်ပါတယ်

သားသမီးရှိသူပဲ သမ္မတလုပ်ခွင့်ရှိတဲ့ အမေရိက သစ်တောပြည်ထောင်စုရဲ့ ဥပဒေကြောင့်
ရွေးကောက်ပွဲအမီ ဝက်ဝံပေါက်လေး ရောက်လာဖို့က
ဝက်ဝံကြီး ဂရစ်ဇလီတို့အတွက် အရေးကြီးနေပါတယ်

အဲဒီလိုနဲ့ မှားယွင်းပြီးရောက်လာတဲ့ ဝက်ဝံပေါက်လေးကို
သူ့နေရပ်ဆီ အချိန်မီ ပို့ပေးဖို့ မစ်မစ်တို့ Big Trip 2 ခရီးစဉ်ကြီးကို စတင်ရပါတော့တယ်

ဒီခရီးစဉ်မှာ ဝက်ဝံကြီး မစ်မစ်၊ ယုန်လေး အော်စကာတို့အပြင်
Big Trip 1 က ပန်ဒါလေးနဲ့ ပို့ဆောင်ရေးငှက် ကားလ်တို့ပါ ပါဝင်တာကြောင့်
ခရီးစဉ်တစ်လျှောက်လုံးကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပျော်ပျော်ပါးပါး ရှုစားရမှာပါ

 

 

Read More 0 comments


Rating : 7.8/10
Country :India
Genre :Action,Drama,India Movie,
Released Date : 2022
Duration :  2h 46min
 
 
အညွှန်း
ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဗီဂျေးဟာ တမီလ်နာဒုပြည်နယ်
တဝိုက်မှာ ရေပန်းစားနေတဲ့ ရဲအရာရှိလေးပေါ့ သူ့ကြောင့်နဲ့
တမီလ်နာဒုရဲဌာနကို ဂုဏ်တက်အောင် ဆောင်ကြဉ်းပေးခဲ့သူပါ…

ဒါပေမဲ့ အတိတ်က အမည်းစက်က ဖျောက်ဖျက်ရခက်တယ်မလား
သူ့ဖခင် ဆာဒါဟာ နိုင်ငံတော်အတွက်စပိုင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်
နိုင်ငံတော်သစ္စာဖောက်ပုန်ကန်သူဆိုပြီး ကင်ပွန်းတပ်လိုက်ကြတော့
ဒီဂယက်ဟာ သူဘယ်လောက်ပဲ ကောင်းကျိုးထမ်းရွက်နေပါစေ သူ့ဆီတော့
လာရိုက်ခတ်နေပါတယ်…

ဆာဒါဟာ အဲ့ဒီဖြစ်စဉ်ပြီးကတည်းက သေလားရှင်လားမသိရတော့တဲ့သူပါ…။

တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ နိုင်ငံ့အကျိုးအတွက်လို့
အမည်တပ်ပြီး ပရောဂျက်တစ်ခုကနေ ပြည်သူတွေဆီက အမြတ်ထုတ်ဖို့ ကြံနေပါတယ်…

ဒါကို သိတဲ့ တခြားစပိုင်တွေဟာလည်း ဒီပရောဂျက်ကြီးကို
ရှင်းထုတ်ဖို့အရေးကြံရပါတော့မယ်…

အဲ့ဒီလို ကြံနေတဲ့သူတွေဟာလည်း ဒီကိစ္စကို
ဆာဒါတစ်ယောက်ကပဲ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လာကြတဲ့အခါ…

ကဲ ရှေ့ဆက်ရမယ့် ကောင်းခန်းတွေကို ကိုယ်တိုင်သာ
ရှုစားလိုက်ပါတော့နော်…။

ဒီဇာတ်ကားလေးမှာ မင်းသားကာသီက နှစ်ကိုယ်ခွဲနေရာက
ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် သူ့ရဲ့သရုပ်ဆောင်ချက်တွေကြားမှာလည်း
စီးမျောခံစားနိုင်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်…။

 

 

Read More 0 comments


 
Rating : 7.3/10
Country :United State
Genre :Action,Adventure,Drama,
Released Date : 2022
Duration :  2h 41min
 
အညွှန်း
မာဗယ် Phase 4 ရုပ်ရှင်အသစ်တစ်ခုဖြစ်တဲ့ ဘလက်ပန်သာ-၂ ကို တင်ပေးထားပါပြီ။ အခုတင်ပေးတဲ့ဗားရှင်းကတော့ HDTS ဖြစ်လို့ HDCam ထက်တော့ ပိုကြည်ပါတယ်။ HDrip အဆင့်မဟုတ်သေးလို့ အကြည်စောင့်ချင်ရင်လည်း ထပ်စောင့်ပါ။ အင်္ဂလိပ်စာတန်းထိုးအမှန်မထွက်သေးတာမို့ နားထောင်ပြီး ရသလောက်ဘာသာပြန်ပေးထားပါတယ်။ ရုပ်ထွက်၊အသံ၊ဘာသာပြန် လက်ရှိအထိတော့ အဆင်ပြေဆုံးမို့ ကြည့်မယ်ဆို ကြည့်လို့ရပါတယ်။

ဇာတ်လမ်းအညွှန်း

အားလုံးပဲ ဘလက်ပန်သာရဲ့ မင်းသားကြီး ချက်ဒ်ဝစ်ခ် ဘို့စ်မန် ကွယ်လွန်သွားခဲ့တာကိုသိမှာပါ။ အဲဒီအတွက်လည်း မာဗယ်စတူဒီယိုက ဒီရုပ်ရှင်ထဲမှာ အမှတ်တရတွေ သေချာထည့်ပေးထားပါတယ်။ အခု ဆက်ကြည့်ရမှာကတော့ ဝါကန်ဒါမှာ အားအနည်းဆုံးအချိန်၊ ဘလက်ပန်သာ မရှိတော့သလို နောက်ထပ် ပေါ်လာဖို့လည်း နှလုံးသားပုံဆေးရွက်တွေ မီးရှို့ခံထားရတဲ့အချိန်မှာ ဘုရင်ကြီးတီချာလာရဲ့ မယ်တော် အာမွန်ဒါဟာ ဗိုင်ဘရေနီယံကို မက်မောနေကြတဲ့ ကမ္ဘာတစ်ခုလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်နေချိန်ပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘာပေါ်က နိုင်ငံတိုင်းထက် အင်အားကြီးပြီး တိုးတက်နေတဲ့ နိုင်ငံအသစ်တစ်ခုနဲ့ ရင်ဆိုင်ဖို့ကြုံလာပါတော့တယ်။ ဝါကန်ဒါလိုပဲ ဗိုင်ဘရေနီယံတွေ ပိုင်ဆိုင်ပြီး သန္ဓေပြောင်းလူသားတွေနေထိုင်တဲ့ ရေအောက်မြို့တော် တာလိုကန်နဲ့ သူတို့ရဲ့ ခေါင်းဆောင် နေမော် (ခေါ်) ကုကုကန် ပါပဲ။ ပြီးတော့ နောက်ပိုင်းမှာ MCU villain အဖြစ်လာမယ့် ဗဲလ်၊ အိုင်ရွန်မန်းကိုဆက်ခံမယ့်သူ၊ ဘလက်ပန်သာကို ဆက်ခံမယ့်သူတွေအားလုံးကိုလည်းအစပျိုးသွားတာမို့ MCU ရဲ့ ခရီးရှည်ကြီးကို ဆက်ပြီးခံစားရဦးမှာပါပဲ။ ကြည့်လိုက်ကြပါဦး။

 

Read More 0 comments


Rating : 7.2/10
Country :United State
Genre :Action,Fantasy,Sci-Fi,
Released Date : 2022
Duration :  2h 4min
 
DC စကြဝဠာရဲ့ စူပါအသစ်တစ်ယောက်လာပါပြီ။
မင်းသား The Rock သရုပ်ဆောင်ထားတဲ့ Black Adam အကြောင်းပါပဲ။
ဒီစူပါဟီးရိုးဟာ မှော်အစွမ်းကို အခြေခံထားတာဖြစ်ပြီး
မှော်ဆရာတွေဆီကနေ ရှေးနတ်ဘုရားတွေရဲ့ စွမ်းအားတွေကို ရရှိထားတာဖြစ်ပါတယ်။
“ရှဇမ်း” လို့ အော်ပြီး စွမ်းအားရတာချင်းတူပေမဲ့
ပထမရုပ်ရှင်ထဲက Shazam နဲ့ နတ်ဘုရားနာမည်ချင်းမတူပါဘူး။
ရှဇမ်းက ဂရိနတ်ဘုရားတွေဆီကနေ စွမ်းအားရပြီး၊
ဘလက်အဒမ်ကတော့ အီဂျစ်နတ်ဘုရားတွေဆီက စွမ်းအားရတာပါ။
ဒီဟီးရိုးဟာ ဒီစီရဲ့ စွမ်းအားအကြီးဆုံးတွေထဲက တစ်ယောက်မို့
ဘယ်လောက်ကြမ်းလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်ရပါတော့မယ်။

ဇာတ်လမ်းအကျဉ်းကတော့

ရောမထက် ရှေးကျတဲ့ ခန်းဒက်ဆိုတဲ့နိုင်ငံလေးဟာ
ဘုရင်ဆိုး အက်ခ်တွန် အုပ်ချုပ်တဲ့အောက်မှာ ဒုက္ခရောက်နေရပါတယ်။
အဲဒီဘုရင်ကလည်း နတ်ဆိုး ၆ ပါးရဲ့အစွမ်းကိုအသုံးချဖို့ သရဖူတစ်ခုကို ဖန်တီးဖို့ကြိုးစားနေပါတယ်။
ဒါကိုတားဆီးဖို့ မှော်ဆရာတွေဟာ ခန်းဒက်ရဲ့ ကျွန်တွေထဲက တစ်ယောက်ကို
သူရဲကောင်းအဖြစ် ရွေးချယ်ပြီး နတ်ဘုရားအစွမ်းတွေ ပေးအပ်လိုက်ပါတော့တယ်။
အဲဒီသူရဲကောင်းဟာ ဘုရင်ဆိုးကို နှိမ်နင်းပြီးနောက်မှာ
နှစ်ပေါင်း ၅၀၀၀ တိတိ ပျောက်ကွယ်သွားပါတော့တယ်။
ယနေ့ခေတ် ခန်းဒက်နိုင်ငံမှာပဲ အကြောင်းတစ်ခုကြောင့်
အဲဒီသူရဲကောင်းပြန်ပေါ်လာတဲ့အခါ ဘာတွေဖြစ်လာမလဲ ဆက်ကြည့်လိုက်ရအောင်…

 

 

 

Read More 0 comments


 
Rating : 5.5/10
Country :United State
Genre :Action,Crime,Thriller,
Released Date : 2022
Duration :  1h 59min
 
 
အညွှန်း
 
တိုလု့စ် ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါး မှုခင်း အဖွဲ့ခေါင်းဆောင် ဆယ်ရာဟာ ပြင်သစ်နဲ့ စပိန် ၂ နိုင်ငံကြားမှာ ကူးသန်းရောင်းဝယ်နေတဲ့ မှောင်ခို မူးယစ်ရာဇာတွေကို အကွက်ဆင်ပြီး တစ်ပြုံတည်း ဖမ်းဖို့ ပြင်ဆင်နေတဲ့အချိန် …
တစ်ဖက်မှာလည်း ပြင်သစ်က ဆေးရုံတစ်ရုံမှာ ကလေးငယ် ၂ ယောက် အသတ်ခံလိုက်ရပြီး ရစ်ချက်ဆိုတဲ့ အမှုစစ်က လိုက်လံ စုံစမ်းနေချိန် …
လူသတ်မှုဟာ မူးယစ်ရာဇာတွေနဲ့ ဆက်နွယ်နေကြောင်း သံသယရှိခဲ့ပြီး ဆယ်ရာနဲ့ ရစ်ချက်တို့ ၂ ယောက် ပူးပေါင်းပြီး ဒုစရိုက်သမားတွေကို ဖမ်းဆီးဖို့ ကြိုးစားတဲ့ အခါမှာတော့ …
ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်။
ဇာတ်ကားတစ်လျှောက်လုံး ရဲတွေက အကွက်ပြလိုက် ဒုစရိုက်သမားတွေက အကွက်ပြလိုက်နဲ့ မပျင်းမရိ စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ Action, Crime, Thriller အမျိုးအစားကို နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတို့အတွက် အသင့်တော်ဆုံး ဇာတ်ကား အသစ်လေးပဲဖြစ်ပါတယ်။ Plot twist လည်း ပါသေးတာမလို့ ဒီဇာတ်ကားကောင်းလေးကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

 

Read More 0 comments


 

 

Rating : 7.6/10
Country :India
Genre :Action,Mystery,Thriller,India Movie,
Released Date : 2022
Duration :  2h 30min
 
 
အညွှန်း
 
လူတစ်ယောက် ရဲစခန်းကိုရောက်လာတယ်….သူ့မိန်းမပျောက်နေလို့လာတိုင်တာပါတဲ့
သူတို့လင်မယားနှစ်ယောက်ဟာ ကားနဲ့ခရီးထွက်လာနေတုန်း တောလမ်းတစ်နေရာမှာ
မတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရပါတယ် နောက်တော့ သူလည်းသတိလစ်မေ့မျောသွားပြီး
သူ့မိန်းမဟာလည်း သူသတိပြန်ရလာတော့ ကားပေါ်မှာမတွေ့တော့ဘူးတဲ့….။

မိန်းမ​ဖြစ်သူဟာ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ရဲတွေနဲ့ရွာသားတွေ ပေါင်းပြီး
လိုက်ရှာပေးခဲ့ပေမယ့် လ တွေ သာ ကြာညောင်းသွားတယ်
မ တွေ့လာခဲ့ပါဘူး ပျောက်သွားတဲ့နေရာကလည်း သားရဲတိရိစ္စာန်တွေ
ပေါတဲ့နေရာဆိုတော့ ရဲတွေဟာ သေပြီလို့ကောက်ချက် ချခဲ့ပါတယ်….။

သို့ပေမယ့် သူဟာ ဇွဲမ လျှော့ခဲ့ဘဲ ဆက်လက်ရှာ​ဖွေနေခဲ့ပါတယ်။|
နောက်ပိုင်းအဲ့ဒီရွာထဲမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပြီး
ညညဆိုလည်း အသံတွေ ကြားကြားနေရတတ်ပါတယ်…။

ကဲ သူရဲ့မိန်းမဟာ တကယ်ပဲ ပျောက်ဆုံးသွားတာလား…။
ရွာထဲမှာ လူတွေက ဘာလို့ သေဆုံးနေရတာလဲ…။
ညညဆိုကြားကြားနေရတဲ့အသံတွေက ဘာတွေလဲ…။
သူကရော ဒီရွာကို အကြောင်းတစ်ခုခုရှိနေလို့
လာခဲ့တာလားဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဇာတ်ကားလေးကို
စိတ်ဝင်တစား ကြည့်ရှုလို့ရပါပြီနော်…။

မာလယာလန် နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ မမ်မွတ်တီးအဓိကပါဝင်ထားတဲ့
mystery ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်…
Read More 0 comments

 


Rating : 6.6/10
Country :United State
Genre :Action,Crime,Drama,
Released Date : 2022
Duration :  1h 41min
 
 
အညွှန်း
 
ဘလေ့ဇ်ဟာ တစ်နေ့ကျောင်းကနေအပြန် လမ်းကြားတစ်ခုမှာ ဟန်နာ
ဆိုတဲ့အမျိုးသမီး တစ်ယောက်မုဒိမ်းကျင့် အသတ်ခံလိုက်ရတာကို
မျက်မြင်တွေ့လိုက်ရပါတယ်။ အိမ်ရောက်တော့ အဖေဖြစ်သူ လုခ်ကို
ပြန်ပြောပြီး…ရဲကိုဖုန်းဆက်လိုက်ပါတယ်။ ရဲတွေလည်း ဘလေ့ဇ်ပြောတဲ့
နေရာကိုရောက်သွားတဲ့အခါမှာတော့…ဟန်နာရဲ့ ရုပ်အလောင်းကို
တွေ့လိုက်ရပါတယ်။

ဒါပေမယ့် မုဒိမ်းသမားဖြစ်သူ ဂျိတ်ကတော့ ချမ်းသာတဲ့အသိုင်းအဝိုင်းက
လူဖြစ်တာကြောင့် ရှေ့နေကောင်းကောင်းတွေ ငှားပြီး တရားရင်ဆိုင် ခုခံဖို့
ပြင်ဆင်လိုက်ပါတယ်။ ၁၂ အရွယ်ကလေးမလေးဟာ စိတ်မတည်ငြိမ်တဲ့
ရောဂါအခြေအနေရှိတယ်ဆိုပြီး တရားခံရှေ့နေရဲ့ အလျှောက်ကောင်းမှုနဲ့
အတူ ဂျိတ်လည်း အပြစ်ကနေလွတ်မြောက်နေပါတယ်။ ဒါပေမယ့် ဘလေ့ဇ်ဟာ
အရင်ကလို့ ကြောက်ရွံ့နေတဲ့ ကလေးမလေးတစ်ယောက်မဟုတ်တော့ဘဲ
စိတ်ကုထုံးတွေခံယူရင်း ခွန်အားတွေနဲ့တူ ဂျိတ်ကိုဘယ်လိုဖမ်းဆီးသွားမလဲ....

 

Read More 0 comments


 

Rating : 5.6/10
Country :India
Genre :Action,Adventure,Fantasy,India Movie,
Released Date : 2022
Duration :  2h 47min
 
 
အညွှန်း
 
ဒီဇာတ်ကားမှာ Lead Role တွေအနေနဲ့ ရန်ဗီးကပူး..အာလီယားဘတ်..အမီတာဘဂျမ်းနဲ့
မြွေမင်းသမီးလေး မွန်နီးရွိုင်းတို့က သရုပ်ဆောင်ထားပြီး Cameo အနေနဲ့ ရှာရွတ်ခန်း ဒီပီကားပါဒူကွန်
တေလဂူမင်းသားကြီး နာဂဂျွန်နာအခီနယ်နီ စတဲ့မင်းသား မင်းသမီးကြီးတွေအပြင်
တခြားသရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ပေးထားပါတယ်…

ကဲ…အခု ဇာတ်လမ်းဘက်ကိုလှည့်မယ်

တစ်ရက် ဟိမဝန္တာတောင်ပေါ်မှာ တရားကျင့်ကြံအားထုတ်နေတဲ့ ရသေ့ရဟန်းတွေဆီကို
အလင်းတန်းတစ်ခုကျရောက်လာခဲ့ပြီး ဘုရားသခင်က သူတို့ကို အက်စသရ(စွမ်းအင်လက်နက်)တွေ
ချီးမြှင့်ခဲ့တယ်

အဲ့ဒီအက်စသရတွေနဲ့အတူ Lord Shiva ရဲ့ Almighty Weapon ကြီးဖြစ်တဲ့
ဗရမာစသရပါ ပေါ်ပေါက်လာခဲ့တယ် အဲ့ဒီအက်စသရကို ပိုင်ဆိုင်တဲ့သူဟာ
လောကခပ်သိမ်းကို အသစ်တစ်ဖန် ဖန်ဆင်းနိုင်သလို အရာခပ်သိမ်းကိုလည်း
ဖျက်ဆီးနိုင်စွမ်းရှိတယ်…

ဒါကြောင့် ဗရမန့်ချ်ဆိုတဲ့စောင့်ရှောက်ရေးအဖွဲ့အစည်းတစ်ခုက ဒီ ဗရမာစသရကို
အပိုင်းသုံးပိုင်းပိုင်းပြီး ခေတ်အဆက်ဆက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြတယ်

ဒီဗရမာစသရကို လိုချင်နေတဲ့ အဖျက်မုဆိုးအဖွဲ့အစည်းတစ်ခုကလည်း ရှိနေတယ်

ရှီဗား..
သူကတော့ သူ့ကံကြမ္မာကြီးဟာ ဒီအက်စသရတွေနဲ့
ဆက်နွယ်ထားတယ်ဆိုတာကို သူကိုယ်တိုင်တောင် မသိတဲ့သူတစ်ယောက်ပေါ့…
ငယ်ငယ်လေးကတည်းက မိမရှိ ဖမရှိနဲ့ ကြီးပြင်းလာခဲ့ရပေမယ့် ဘဝကို
ရိုးရိုးရှင်းရှင်းနဲ့ ပျော်ပျော်ဖြတ်သန်းနေသူတစ်ယောက်ပါ…

သူက ထူးဆန်းတဲ့ အမြင်တွေရရနေတတ်တယ်…

တစ်ရက် လူတစ်ယောက်ကို အဖွဲ့တစ်ဖွဲ့က သတ်ဖြတ်နေတာကို
သူ့အမြင်ထဲမှာ ပေါ်လာခဲ့တယ်…

နောက်တော့ သူ့အမြင်ထဲက အသတ်ခံရတဲ့သူဟာ
အပြင်မှာ တကယ်သေဆုံးသွားကြောင်း သိလိုက်ရတဲ့အခါမှာတော့…။
သူဟာ ဒီလျှို့ဝှက်ချက်ကြီးကို စတင်ရှာဖွေလာပါတော့တယ်…

ကဲ ဆက်လက်ပြီး ရှီဗားနဲ့အတူ ဇာတ်လမ်းထဲမှာ စီးမျောသွားလိုက်ကြပါဦးနော်

ဒီဇာတ်ကားလေးက ကျွန်တော့်အထင် Indian Superhero Verse ကို
ဆွဲခေါ်သွားမယ်လို့ ယူဆရတယ်..ဒီလိုလုပ်ဖို့လည်း ဒါရိုက်တာက
စဉ်းစားနေပါတယ်…

ဒီတော့ First Indian Superhero Universe Film လို့ ပြောလို့ရမယ်ထင်တယ်

ဒါပေမဲ့ တကယ်တမ်း Superhero လို့သွားသုံးနှုန်းပြန်ရင်လည်း ဟင်ဒူဘာသာဝင်များအတွက်
စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါတယ်..ဘာလို့ဆို ခုကားက Indian Almighty God တွေအကြောင်းနဲ့
သူတို့ရဲ့ အစွမ်းထက်အက်စသရ(စွမ်းအင်လက်နက်)တွေအကြောင်းကို ရိုက်ပြထားလို့လေ

ဘာပဲဖြစ်ဖြစ်ပါ Part Two လည်းထွက်မှာဆိုတော့…

Part Two မှာ ရန်ဗီးဆင်းနဲ့ ဒီပီကားပါဒူကွန်တို့က Lead Role အနေနဲ့
ပါဝင်လာနိုင်ဖွယ်ရှိပါတယ်

ဆိုတော့ ရင်ခုန်ခုန်နဲ့ စောင့်ရဦးမှာပေါ့နော်…။

 

Read More 0 comments


 

Rating : 7.6/10
Country :United State
Genre :Action,Horror,Sci-Fi,
Released Date : 2022
Duration :  1h 38min
 
 
အညွှန်း
 
နာမည်ကျော်ကြားမှုနဲ့ ပိုက်ဆံအတွက် သူတပါးဘ၀ကိုချနင်းရက်တဲ့သူတွေ
ဘယ်လောက်များရှိနိုင်မလဲ…။ ဒီဇာတ်လမ်းထဲက လူ ၈ ယောက်ကတော့
အဲဒီလိုချနင်းရမယ်မှန်းမသိဘဲ ဂိမ်းတစ်ခုထဲ ဘုမသိဘမသိပါလာကြပါတယ်။
သူတို့ပါ၀င်ခဲ့ရတဲ့ဂိမ်းက OctoGames…။
ရေဘဝဲဂိမ်းလို့ပဲအလွယ်ခေါ်ကြပါစို့။ ရေဘဝဲရဲ့ခြေတံလက်တံ ၈ ခုကို ကိုယ်စား
ပြုပြီး ဂိမ်း ၈ မျိုး၊ လူ ၈ ယောက် ကစားတာကြောင့်ပါ။ ဂိမ်းအားလုံးက ကလေး
ကစားတဲ့ဂိမ်းတွေဖြစ်ပေမဲ့ ရှုံးနိမ့်သူတွေအတွက် ပေးဆပ်လိုက်ရတာက တကယ့်
အသက်နဲ့ဘ၀ပါ…။ အဲဒီလူသတ်ကစားပွဲကြီးကိုဖန်တီးသူကတော့ follower သန်း
ပေါင်းရာချီတဲ့ နာမည်ကျော် YouTuber “ဂျက်စ်ပရို” ဆိုသူ ဖြစ်ပါတယ်။

ကယ်ရီ၊ မက်ဆင်း၊ အေဂျေ၊ စကွစ်ရှ်၊ ရုသ်၊ ဝေါလ်တာတို့က မျက်စိလည်လမ်းမှားပြီး
လူသတ်ဂိမ်းကြီးထဲ ပါ၀င်မိကြသူတွေပေါ့။ ဂိမ်းရဲ့သရုပ်မှန်ကိုသိသွားချိန်မှာတော့
နောက်ပြန်ဆုတ်လို့မရတော့ဘဲ ကိုယ့်အသက်ရှင်သန်ရေးအတွက် ရုန်းကန်ကြရပါ
တော့တယ်။ အဲဒီလိုနဲ့ ဘယ်သူကရှင်သန်ပြီး ဘယ်သူတွေရှုံးနိမ့်သွားကြမလဲဆိုတာကို
ကြည့်ရှုခံစားရင်း အခက်အခဲကြုံချိန်မှာ တွေ့ရတဲ့သံယောဇဉ်၊ ကိုယ်ချင်းစာတရား၊
ကောက်ကျစ်စဉ်းလဲမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ လူတွေရဲ့ရူးသွပ်မိုက်မဲမှုတွေကို
အထင်းသားတွေ့ကြရမှာပါ။
ပရိသတ်ကြီးစိတ်၀င်တစားကြည့်ရလောက်အောင် လှုပ်လှုပ်ရှားရှားဖြစ်တဲ့ Horror
ဆန်ဆန် ပဟေဠိဆန်ဆန် ဇာတ်လမ်းမျိုးမို့ ကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်။

 

Read More 0 comments


Rating : 7.6/10
Country :India
Genre :Action,Drama,History,India Movie,
Released Date : 2022
Duration :  2h 38min
 
 
အညွှန်း
 
ဒီဇာတ်ကားလေးကတော့ 19ရာစုနှစ်ကအဖြစ်အပျက်တွေကို
အခြေတည်ထားတဲ့ ဇာတ်ကားလေးပါ
အာရတုပူဂါဗေလာယုဒပါနီကာဟာ စစ်သည်တော်တစ်ယောက်ဖြစ်ပြီး
ထကာဗန်ကိုးနိုင်ငံရဲ့ ဇာတ်နိမ့်ကိုယ်ခံပညာရှင်တစ်ယောက်အဖြစ်နဲ့ မွေးဖွားလာခဲ့ရတာပါ…

တစ်ချိန်တည်းမှာပဲ နန်ဂီလီဆိုတဲ့ဆင်းရဲတဲ့ဇာတ်နိမ့်မိသားစုက
မိန်းကလေးတစ်ယောက်ဟာ လူကုံထံတွေရဲ့အနိုင်ကျင့်မှု လူမျိုးခွဲခြားမှုတွေကို ရင်ဆိုင်ဆန့်ကျင်နေတဲ့သူပေါ့…
ဇာတ်မြင့်ဇာတ်နိမ်တွေခွဲခြားခံရပေမယ့် မဟုတ်ရင်မခံတဲ့စိတ်ကြောင့်
ချီကာဗာဟာ လူကုံထံတွေရဲ့ချောက်ချမှုကြောင့်အကျဥ်းထောင်သွင်းခံခဲ့ရပါတယ်..

ဒါပေမယ့် ဘုရင်မကြီးရဲ့အကူအညီနဲ့လွတ်မြောက်ခဲ့ရပြီး သူ့ကိုဘုရင်မကြီးက ဘယ်လိုတာဝန်တွေပေးခဲ့လဲ….
နန်ဂီလီကရော…ဇာတ်နိမ့်မိသားစုတွေအတွက် ဘယ်လိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပေးဆပ်သလဲဆိုတာ…

 

 

Read More 0 comments


Rating : 7.3/10
Country :United State
Genre :Action,
Released Date : 2022
Duration :  1h 30min
 
 
အညွှန်း
 
ဒါကတော့ မွေ့ထိုင်းအတိုက်အခိုက်တွေကို အခြေခံပြီး
သမ္မာကျမ်းစာလာ မြင်းစီးသမားလေးယောက်ရဲ့ ကမ္ဘာပျက်ကိန်းကို
ရာမရဲ့ စစ်သူကြီး ဟာနုမန်က သေမင်းနတ်ဘုရားအနေနဲ့
အင်္ဂလိပ်လိုတွေပြောပြီးဝင်တားတဲ့ကားမျိုးဖြစ်လို့
နည်းနည်းတော့ကြောင်ပါတယ်။

ဒါပေမဲ့ Ong-bak ဆန်ဆန် အက်ရှင်တွေနဲ့ ပဟေဠိဆန်ဆန်
ရိုက်ချက်တွေကြောင့် အပျော်ကြည့်အနေနဲ့တော့
အဆင်ပြေမယ့်ကားမို့ တင်ပေးလိုက်ပါတော့တယ်။
မင်းသားကတော့ စားစရာနေစရာမရှိလို့ ဆေးရုံပျက်တစ်ခုမှာ
ညစောင့်ကင်းသမားလာလုပ်ရတဲ့သူပေါ့။ သူ့အတိတ်ကို
ဆေးရုံမှာမှီခိုနေရတဲ့လူတွေကလည်းမသိကြဘူး။ ကြည့်တဲ့သူတွေပဲသိမှာပါ သူက
ဂန်းစတားဟောင်းကြီး မွေ့ထိုင်းကျွမ်းတယ်ဘာညာပေါ့။ ဒါပေမဲ့
ဟာနုမန်နတ်ဘုရားက မြင်းသည်တော်လေးယောက်နဲ့ချဖို့
အသုံးချတာကိုခံလိုက်ရတဲ့အခါ ပိုပြီးကြမ်းလာပြီး
နတ်ဆိုးတွေနဲ့ပါ ချနိုင်သွားတာပေါ့။ အဲတော့ ချကြတယ်ပေါ့။ ကြည့်ကြည့်လိုက်ပါ။

 

 

 

Read More 0 comments