Showing posts sorted by relevance for query 2010. Sort by date Show all posts
Showing posts sorted by relevance for query 2010. Sort by date Show all posts
Rating : 7.1/10
Country : United State
Genre :  Crime, Drama, Thriller 
Cast : Samuel L. Jackson, Carrie-Anne Moss, Michael Sheen                          
Released Date : 2010
Duration : 1h 37min

ကျွန်တော် ခဏခဏမေးဖြစ်တဲ့ မေးခွန်းလေးတစ်ခုမေးကြည့်ချင်ပါတယ်။ ခင်ဗျားက စနိုက်ပါ တစ်လက်နဲ့ လူတစ်ယောက်ကို ချိန်ထားတယ်။အဲဒီလူက လူတွေအများကြီးရှိနေတဲ့ နေရာမှာ ဗုံးခွဲမလို့ လုပ်နေတဲ့သူ။ အဲဒီလူကို ပစ်သတ်ဖို့ ခင်ဗျား သေနတ်မောင်းကို ဆွဲမှာလား။ခင်ဗျားလက်မှာ သွေးအစွန်းခံပြီးတော့ ဗုံးကွဲလို့သေမယ့်သူတွေကို ကယ်မှာလား။ ဒါမှမဟုတ် လူသတ်သမားတစ်ယောက် အဖြစ်ခံပြီး ပစ်သတ်လိုက်မှာလား။ပစ်သတ်လိုက်မယ်ဆိုရင်တော့ ခင်ဗျားက သူရဲကောင်းကြီးတစ်ယောက် ဖြစ်သွားနိုင်တာပေါ့။ ဒါပေမဲ့ လူသတ်သမားတော့ ဖြစ်သွားလိမ့်မယ်။ခင်ဗျားက လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်လို့ သေနတ်မောင်းခလုတ်ကို မဆွဲဘဲ လှည့်ထွက်သွားမယ်ဆိုရင်လည်း ရပါတယ်။ အနေသာကြီးပါ။
ဒါပေမဲ့ လူပေါင်းများစွာ သေကြေပျက်စီးရမယ့် ကိစ္စကို တားနိုင်တဲ့ အစွမ်းရှိရဲ့သားနဲ့ မတားနိုင်ဘူးဆိုရင် အဲဒီအသက်တွေအတွက် ခင်ဗျားမှာ တာဝန်ရှိသွားလိမ့်မယ်။အဲဒါဆို လူအများနဲ့ တစ်ယောက် လဲမှာလား။ Witcher ထဲက ဇာတ်ဆောင်ရဲ့စကားကို ငှားပြီးပြောရမယ်ဆိုရင် မကောင်းမှုဆိုတာက မကောင်းမှုပါပဲ။သေးသေး၊ ကြီးကြီး။ အလတ်စားလောက်ပဲဖြစ်ဖြစ် မကောင်းမှုက မကောင်းမှုပါပဲ တဲ့။သေးတဲ့မကောင်းမှုကို ကျူးလွန်မှာလား ဒါမှမဟုတ် မကောင်းတာတစ်ခုကို အဖြစ်ခံမှာလား။ ရွေးကြည့်ပါ။နောက်ထပ် စဉ်းစားစရာထပ်ထည့်ပေးကြည့်ပါမယ်။ အဲဒီ ဗုံးခွဲမယ့်သူက ကလေးမလေးတစ်ယောက်ဖြစ်နေမယ်ဆိုရင်ရော။ကလေးတွေ အမျိုးသမီးတွေကို (လိင်ခွဲခြားဆက်ဆံခြင်းမဟုတ်တာကို သတိပြုစေချင်ပါတယ်) မထိခိုက်ရဘူးဆိုတဲ့ ခင်ဗျားရဲ့ ဖြောင့်မှန်နေမှုကြီးကို စတေးပြီးတော့ ပစ်သတ်လိုက်မှာလား။မပစ်ဘဲထားမယ်ဆိုရင်လည်း သူ့ကြောင့် ထိခိုက်နစ်နာရတဲ့သူတွေထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေ ပါနေနိုင်တာပဲလေ။ထိခိုက်နစ်နာသူက တစ်ယောက်တည်းတောင် မဟုတ်ဘူး အများကြီးရှိနေမှာ။ပစ်သတ်လိုက်မယ်ဆိုရင်တော့ ကလေးသတ်သမားတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။ ဘာကိုရွေးမှာလဲ။ဒီမေးခွန်းကိုပဲ နောက်ထပ် အခြေအနေလေးတစ်ခု ထပ်ထည့်ပေးကြည့်ပါမယ်။ ခင်ဗျားက စစ်သား တစ်ယောက်ဖြစ်တယ်ဆိုပါတော့။အမိန့်ကလည်း ပစ်သတ်ဖို့ အမိန့်ပေးထားမယ်။ သေနတ်မောင်းကို ဆွဲဖို့ မဆွဲဖို့ဆိုတာ ခင်ဗျားတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ဖြစ်သွားပြီ။ပစ်သတ်လိုက်မယ်ဆိုရင် စစ်သားတစ်ယောက်အနေနဲ့ တာဝန်ရှိတဲ့ အတိုင်း တာဝန်ကို ကျေကျေပွန်ပွန်ဆောင်ရွက်နိုင်တဲ့ စစ်သားတစ်ယောက်၊အသက်ပေါင်းများစွာကို ကယ်တင်နိုင်တဲ့ သူရဲကောင်း ဖြစ်မှာပါ။ ဒါပေမဲ့ စစ်သားဆိုတာလည်း လူတစ်ယောက်ပဲလေ။ ခံစားချက်ရှိတယ်။ နှလုံးသားရှိတယ်။ဒီလူ(သို့) ဒီကလေးမလေးရဲ့ သွေးတွေ ခင်ဗျားလက်မှာ စွန်းနေပြီ။ ခင်ဗျားရဲ့ ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ချိုးဖျက်ပစ်လိုက်ရမှာပါ။အများအသက်ကိုကယ်တင်နိုင်တဲ့ သူရဲကောင်းတစ်ယောက်၊ တာဝန်ကျေပွန်တဲ့ စစ်သားကောင်းတစ်ယောက်ဆိုတာကပဲ့ကြွေကျသွားတဲ့ ကိုယ့်ဝိညာဉ်ရဲ့ အစိတ်အပိုင်းကို ပြန်ဖြည့်ဖို့ဆိုတာ လုံလောက်နိုင်မှာလား။မပစ်ခဲ့ဘူးဆိုရင်ရော တာဝန်မကျေတဲ့ စစ်သားတစ်ယောက်၊ လူအများအသက်ကိုကယ်နိုင်ဖို့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို မစတေးရဲတဲ့ လူတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။ခင်ဗျားရဲ့ လူသားပီသမှု စံနှုန်းကဘယ်လိုပါလဲ။Unthinkable (2010) ဇာတ်ကားထဲမှာတော့ ဒီအခြေအနေအတိုင်း ဖြစ်နေတဲ့ ဇာတ်ကောင်တွေကို တွေ့ရပြီးအဲဒီဇာတ်ကောင်တွေထဲက တစ်ယောက်ချင်းစီက သူတို့ရဲ့ ရွေးချယ်မှုကို ဘယ်လိုတွေ လုပ်သွားတယ်ဆိုတာတွေ့ရမှာပါ။ဘယ်သူမှ မှားတယ်လို့ ပြောလို့မရသလို ဘယ်သူမှလည်း မှန်တယ်လို့ ပြောလို့မဖြစ်နိုင်ပါဘူး။အဆိုးဆုံးပြောရမယ်ဆိုရင် မှားပါတယ်ဆိုတဲ့ အကြမ်းဖက်ဗုံးခွဲတဲ့သူရဲ့ဘက်က ကြည့်မယ်ဆိုရင် သူလည်း မှန်နေတာတွေ အများကြီးပါပဲ။ဇာတ်လမ်းကရှင်းသလို ခပ်သွက်သွက်နဲ့ တင်ဆက်သွားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ပြီးတော့ ခင်ဗျားအတွက် တွေးစရာတွေ အများကြီးရသွားပါလိမ့်မယ်။
Read More 0 comments


Rating : 5.2/10
Country : India 
Genre : Comedy, Drama, Romance
Cast :   Deepika Padukone, Shahana Goswami, Imran Khan 
Released Date : 2010
Duration : 1h 58min


 

အညွှန်း



Break Ke Baad (2010) သည် IMDb 5.2/10 Google users 89% ဒါရိုက်တာ Danish Aslam


က ရိုက်ကူးထား၍ Danish Aslam, Vishal Dadlani တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ Deepika Padukone, Imran Khan, Sharmila Tagore တို့ ပါဝင်သရုပ်ဆောင်ထားသော Comedy, Drama, Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…


ငယ်သူငယ်ချင်းနှစ်ယောက် ဖြစ်တဲ့ အဘ်ဟေးနဲ့ အာလီယာတို့ဟာ သူတို့ ဘဝလမ်းကြောင်းမှာ အတားအဆီးတွေများစွာတွေ့ကြုံရင်း လောကကို ဖြတ်သန်းရင် သူတို့ တစ်ယောက်နဲ့ တစ်ယောက်ပြန်ဆုံကြတဲ့အခါ ဘယ်လို ရယ်စရာဟာသဒရာမာအချစ်ဇာတ်လမ်းတွေ ဖြစ်လာမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်လိုက်ကြပါခင်ဗျာ..


 

Read More 0 comments

Rating : 6.6/10
Country : India
Genre :   Comedy, Drama, Romance
Cast :  Ram Charan, Genelia D'Souza, Shazahn Padamsee
Released Date : 2010
Duration:  2h 25min 

အညွှန်း
အချစ်ဟာ တစ်ခါတစ်ခါ အရာရာ တစ်ခါတလေ ဘာမှမဟုတ်ပါဘူး..အချစ်ကို ဘယ်သူမှ ပြည့်စုံအောင်ဖွဲ့ဆိုနိုင်ခြင်းမရှိ ချစ်နေရင်းနဲ့အချစ်ဆိုတာဘာလဲ မသိ နက်နဲတဲ့အချစ်…

အချစ်ဆိုသည်မှာ ကြည်နူးတဲ့အခိုက် လမင်းတစ်ရာ အချစ်ဆိုသည်မှာ ဝမ်းနည်းတဲ့အခိုက် နေမင်းကုဋေ ကုဋာ လို့ ကျွန်တော်တို့ရဲ့ မှော်ဆရာကြီး ကိုငှက်(ထူးအိမ်သင်) က တေးသီသွားခဲ့ပါတယ်…

ကျွန်တော်တို့ရဲ့ ဗိုင်အာဗာ မင်းသား ရမ် ချရနး က ဘယ်လို ဖော်ပြမလဲဆိုတာ ဒီကားမှာ ကြည့်ကြည့်လိုက်ပါ…

ကြည့်ပြီးသူတွေ ရှိသလို မကြည့်ရသေးသူတွေလည်း ကြည့်နိုင်အောင်လို့ ပြန်တင်လိုက်တာပါ…

Orange (2010) သည် IMDb 6.5 Google User 92% ရထားသော ဒါရိုက်တာ Bhaskarရိုက်ကူးထား၍ Bhaskar က ကိုယ်တိုင် ဇာတ်လမ်း ဇာတ်ညွှန်းရေးသားကာ ) Prasad Thota ကို စကားပြောများကို ရေးဖွဲ့၍ သရုပ်ဆောင် Ram Charan, Genelia D’Souza, Shazahn Padamsee, Prabhu တို့ ပါဝင်သရုပ်ဆောင်ထားသော Comedy, Drama, Romance ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ..

ယောကျာ်းတစ်ယောက်ဟာ ဘယ်တော့မှ တစ်ဘဝစာ အချစ်နိုင်ဘူးလုံ ယုံကြည်ထားတဲ့ကောင်လေးတစ်ယောက် ရင်ခုန်လှိုက်မောစရာ အချစ်ကို တည်မြဲဖို့ အမြဲတမ်းလမ်းခွဲနေရမယ်လို့ သူက သတ်မှတ်ထားတဲ့ ဒဿနကို လက်တွေ့ကျင့်သုံးတဲ့အခါ ဘယ်လိုမျိုးတွေရင်ဆိုင်ရမလဲဆိုတာကိုတော့ ဇာတ်လမ်းမှာ ခံစားကြည့်လိုက်ကြပါလို့….


 

Read More 0 comments


 

Rating : 6.8/10
Country : United State
Genre : Action, Drama, Thriller
Cast : Matt Damon, Jason Isaacs, Greg Kinnear
Released Date : 2010
Duration : 1h 55min

အညွှန်း
2010ခုနှစ်ကထွက်ထားတဲ့ နာမည်ကြီးစစ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်နိုင်ငံရေးလှည့်ကွက်တွေနဲ့ ရှုပ်ထွေးနေတဲ့ စစ်ကားတစ်ကားဆိုတော့ ပရိသတ်ကြီးသဘောကျမှာ အမှန်ပါ
ရွိုင်မေလာဆိုတဲ့ အမေရိကန်စစ်သားက နျူးကလိယလက်နတ်ရှာဖွေရေး ဌာနမှာအရာခံဗိုလ်အဖြစ်တာဝန်ထမ်းဆောင်နေသူပါအီရတ်နဲ့အမေရိကန်စစ်ဖြစ်ပွားနေပြီး မေလာတို့ နျူးကလိယလက်နတ်‌တွေနဲ့ ပတ်သတ်တဲ့သတင်းရတာကြောင့်
လက်နတ်ရှာဖွေဖို့ အီရတ်ကိုထွက်ခဲ့ပါတယ် ဒါပေမယ့်သတင်းရတဲ့နေရာအတိအကျက အိမ်သာခွက်စက်ရုံဟောင်းဖြစ်နေခဲ့တယ်
တစ်ခြားသူတွေက ဒီအတိုင်းကျော်သွားပေမယ့် မေလာကတော့ သံသယဝင်ခဲ့တယ်မေလာဟာ လက်နတ်နောက်ကိုလိုက်ရင်း အမေရိကန်ဘက်က အီရတ်ရဲ့
ဘယ်လိုကိစ္စတွေကိုဖုံးကွယ်ထားလဲဆိုတာ တစ်စတစ်စသိလာရတော့တယ်
ဒီလိုစိတ်ဝင်စားစရာတွေနဲ့အပြည့်နဲ့ကားလေးကို ကြည့်ရှုခံစားလိုက်ပါဦးရှင်
Read More 0 comments
Season (1) - 6 Episodes
Season (2) - 13 Episodes
Season (3) - 16 Episodes
Season (4) - 16 Episodes
Season (5) - 16 Episodes
Season (6) - 16 Episodes
Season (7) - 16 Episodes
Season (8) - 16 Episodes
Season (9) - 16 Episodes
Season (10) - 15 Episodes

Rating : 8.2/10
Country : United State
Genre :  Horror Fiction, Serial
Cast : Bob Stookey. Lawrence Gilliard Jr. Gareth. Andrew J. West. Rick Grimes. Andrew Lincoln. Maggie Greene. Lauren Cohan. Tara Chambler. Alanna Masterson. Enid. Katelyn Nacon. Jesus. Tom Payne. Gregory. Xander Berkeley.
Released Date : 2010-Ongoing

Walking Dead ဖုတ်ကောင်ကားက ကမ္ဘာကျော်ဖုတ်ကောင်စီးရီးဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ကျောရိုးက ရဲအရာရှိတစ်ယောက် အတိတ်မေ့ရောဂါကနေ ပြန်လည်သတိရလာတဲ့အခါ ပတ်ဝန်းကျင်တစ်ခုလုံး ဖုတ်ကောင်တွေနဲ့ ပြည့်နေတာမြင်ရတယ်။ ရဲအရာရှိဟာ သူ့မိသားစုနဲ့ အသက်ရှင်နေသူတွေကို ပြန်လည်စုစည်းခဲ့တယ်။ ပြီးတော့ ဖုတ်ကောင်တွေကြီးစိုးနေတဲ့ ကမ္ဘာမှာ ခက်ခက်ခဲခဲ တွန်းလှန်ရပ်တည် နေထိုင်ခဲ့ပုံတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီလို လူတွေစုစည်းနေထိုင်ပေမယ့် လူတွေရဲ့ လောဘ၊ ဒေါသတွေကြောင့် အချင်းချင်းပြဿနာဖြစ်ပြီး ဖုတ်ကောင်တွေထက် လူတွေက ပိုဆိုးတယ်ဆိုတဲ့ သဘောတရားကိုချပြတာဖြစ်ပါတယ်။ စီးရီးအများစုကိုတော့ အတ္တလန္တာ၊ ဂျော်ဂျီယာနဲ့ အလက်ဇန္ဒား နဲ့ ဗာဂျီးနီးယားမြို့တွေမှာ ဖြစ်ပျက်သလိုရိုက်ကူးထားပါတယ်။
Walking Dead စီးရီးကို 2010 က စတင်ပြသခဲ့ပြီး တစ်နှစ်လျှင် season တစ်ခုစီနဲ့ ချီတက်ခဲ့တာ 2016-17 မှာတော့ Season 7 အထိရောက်နေပြီဖြစ်ပါတယ်။ Season 8 ရိုက်ကူးနေပြီး အခြားဆက်ရန်တွေလည်း ရှိသေးတယ်လို့သိရပါတယ်။ Walking Dead ကို ရိုက်ကူးခဲ့သူက ကမ္ဘာကျော် The Shawshank Redemption နဲ့ Green Mile ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဖရန့်ဒါရာဘွန့်ဖြစ်ပါတယ်။ ထုတ်လုပ်ရေးကလည်း Terminator, Aliens တို့ကိုထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်လို့ အဆင့်အတန်းမြင့်ပါတယ်။ ပထမဆုံး Season မှာ အပိုင်း ၆ ပိုင်းသာပါပေမယ့် နောက်ပိုင်း Season တွေမှာ အပိုင်း ၁၆ ပိုင်းပါပါတယ်။ နှစ်စဉ် အောက်တိုဘာလ ရောက်တိုင်း Walking Dead စီးရီးတွေကို ထုတ်လွှင့်ပြသလေ့ရှိပါတယ်။ Season 6,7 ကို စတင်ကြည့်ရှုမယ့် ဝါသနာရှင်တွေအတွက် အချိတ်အဆက်မိအောင် Season တစ်ခုချင်းစီကို မိတ်ဆက်ပြောပြပါမယ်။
Season 1
ရဲအရာရှိ ရစ်ချ်ဂရင်းတစ်ယောက် တာဝန်ထမ်းဆောင်နေရာကနေ ဒဏ်ရာရပြီး အတိတ်မေ့ရောဂါဖြစ်သွားပါတယ်။ သူနိုးလာတဲ့အခါ ပတ်ဝန်းကျင်တစ်ခုလုံး ဖုတ်ကောင်တွေဖြစ်နေတာ တွေ့ရပါတယ်။ လျှောက်သွားရင်းကနေ မော်ဂန်ဂျုံးနဲ့ မိတ်ဆွေဖြစ်သွားပြီး ဇနီးနဲ့သားဖြစ်သူအပြင် အသက်ရှင်သန်နေသူတွေကို ရှာဖွေဖို့ကြိုးစားပါတယ်။ အတ္တလန္တာနဲ့ဂျော်ဂျီယာကိုသွားပြီး ရောဂါအန္တာရာယ်တားဆီးရေးဋ္ဌာနကိုအသေးစိတ်စုံစမ်းပေမယ့် အသက်ရှင်သူတစ်ယောက်မှမရှိတာကြောင့် သဲလွန်စထပ်ရှာဖို့ ကြိုးစားခဲ့ပါတယ်။
Season 2
အတ္တလန္တာကို ခရီးထွက်ပြီး လူတစ်ယောက်ရဲ့လယ်ထဲမှာ စခန်းဆောက်ပြီး နေထိုင်ခဲ့တယ်။ ခရီးသွားဖော်တစ်ယောက်ရဲ့သမီးတွေကို ဝိုင်းရှာပေးခဲ့တယ်။ အဲဒီမှာ ရစ်ချ်နဲ့ ခရီးသွားဖော်ပယ်လီယာရင်းနှီးသွားတယ်။ လယ်ပိုင်ရှင်မိသားစုနဲ့ ရစ်ချ်တို့အဖွဲ့ပြဿနာဖြစ်တယ်။ ရစ်ချ်တို့နေရာကို ဖုတ်ကောင်တွေ သိသွားလို့ သူတို့တစ်ခြားနေရာထပ်ပြောင်းဖို့ကြိုးစားကြတယ်။
Season 3
လယ်တောက ထွက်လာပြီး ရှစ်လကြာတဲ့အခါ ထောင်တစ်ခုကိုတွေ့ခဲ့တယ်။ ထောင်ထဲက ဖုတ်ကောင်တွေကို ရှင်းလင်းပြီး အိမ်အသစ်လုပ်ခဲ့တယ်။ အဲဒီမှာ ရစ်ချ်တို့ အဖွဲ့တွေကွဲကုန်တယ်။ သေတဲ့သူလည်း သေတယ်။ အဲဒီမှာမြို့တော်ဝန်တစ်ယောက်ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲလည်း ပေါ်လာပြန်တယ်။ ခေါင်းဆောင်နေရာလုရင်း ရစ်ချ်နဲ့ပြဿနာဖြစ်ကြတယ်။ ရစ်ချ်တို့အဖွဲ့တွေ အနိုင်ကျင့်ခံံရပြီး ထောင်ထဲမှာအသက်ရှင်ဖို့ ပြန်လည် ကြိုးစားရပြန်တယ်။
Season 4
ထောင်ထဲမှာ ကြာလာတော့ ပါလာတဲ့သူတွေ အပြင်းဖျားလာကြတယ်။ မြို့တော်ဝန်က သူ့ညာလက်ရုံးနဲ့ ဖျားနေတဲ့သူတွေကို သတ်ပြစ်ဖို့လုပ်တယ်။ ဂရင်းနဲ့အဖွဲ့သားတွေ ထောင်ထဲက ထွက်ဖို့စီစဉ်တယ်။ ပြီးတော့ လူခွဲပြီး ပြေးတယ်။ ဒါပေမယ့် တစ်နေရာအရောက်မှာတော့ သူတို့အားလုံး အဖမ်းခံရတယ်။
Season 5
သူတို့ဒီတစ်ခါရောက်လာတဲ့ဒေသက လူသားစားတဲ့အလေ့အထရှိလို့ ရစ်ချ်နဲ့အဖွဲ့သားတွေ လူသားစားကောင်တွေနဲ့တိုက်ခိုက်ရပြန်တယ်။ အဲဒီကနေ လုံခြုံမယ်လို့ထင်တဲ့ ဝါရှင်တန်ဘက်ကို ချီတက်ခဲ့တယ်။ အဲဒီမှာ အလက်ဇန္ဒားနယ်သားတွေနဲ့ဆုံပြီး ရစ်ချ်တို့အဖွဲ့ကပဲ အကာအကွယ်ပေးခဲ့တယ်။ ဒီလိုအချိန်မှာ ရစ်ချ်က နယ်ခံသားတစ်ဦးကိုသတ်မိသွားတယ်။
Season 6၊ 7 မှာတော့
အလက်ဇန္ဒားနယ်မှာ ရစ်ချ်တို့အဖွဲ့သားတွေ ဘာဆက်ဖြစ်မလဲ၊ အလက်ဇန္ဒားကရော သူတို့ထင်သလို လုံခြုံပါ့မလား၊ ဘယ်လိုလူတွေက ဖုတ်ကောင်တွေကိုရှေ့တင်ပြီး သူတို့ကို တိုက်ခိုက်ဦးမှာလဲ၊ ရှင်သန်သူတွေကြားမှာရော နယ်မြေလုပွဲတွေ၊ စစ်ပွဲတွေထပ်ဖြစ်ဦးမှာလာဆိုတာကတော့ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
Read More 0 comments


 

Rating : 6.8/10
Country :United State
Genre :Drama,War,
Released Date : 2010
Duration : 1h 25min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ငါက ပထမကမ္ဘာစစ်ရဲ့ စစ်သားတစ်ယောက်။ အဲဒီစစ်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ အခုထိ ခြောက်လှန့်နေဆဲ။

ညဘက် အိပ်မက်ဆိုးတွေမက်ရင်း မျက်ရည်ကျမိတယ်။

စစ်ပွဲကြီးအပြီး တို့နိုင်လိုက်ပြီပဲ ထင်ခဲ့တာပေါ့။ ဒီလိုစစ်ပွဲမျိုး ထပ်မဖြစ်နိုင်တော့ဘူး ထင်ခဲ့မိ။

ငါလည်း သင်္ဘောကျင်းလုပ်သားတစ်ယောက်အဖြစ် ဇနီးသည်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ နေထိုင်လာခဲ့တယ်။

ငါနဲ့တိုက်ဖော်တိုက်ဖက်ရောင်းရင်းတွေလည်း ငါ့လိုပဲ စစ်ပွဲကြီးကို မမေ့နိုင်ကြသူတွေပါ။

ဒါပေမဲ့ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပြန်တယ်။ တစ်ကမ္ဘာလုံးချီတဲ့စစ်ဖြစ်လာသလို ငါ့ကမ္ဘာငယ်‌လေးတစ်ခုလုံးလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားတော့တာပါပဲ။

ငါ့သားကိုစစ်ထဲဝင်ဖို့ ဆင့်ခေါ်ကြတယ်။
ငါ့သမီးရဲ့ခင်ပွန်းသည်လည်းပါတာပေါ့။
လက်ထပ်ပြီးလို့မှမကြာခင် ခွဲကြရရှာတယ်။ ကမ္ဘာစစ်ဆိုတာကို ကောင်းကောင်းကြုံခဲ့ရတဲ့ငါ့အတွက် ပထမအကြိမ်ကထက် ပိုပြီးလက်နက်တွေထွန်းကားလာပြီဖြစ်တဲ့ ဒီတစ်ပွဲက ဘယ်လောက်ရက်စက်ကြမ်းကြုတ်လိမ့်မယ်ဆိုတာ မတွေးရဲဘူး။

ငါ့ဒုက္ခတွေက ဒီလောက်နဲ့မဆုံးခဲ့။
ငါ့ဇနီးသည်ကပါ ငါ့ကို စွန့်ပစ်ပြီး တခြားလူတစ်ယောက်နဲ့ အဝေးကိုထွက်သွားပြန်တယ်။
ဘာကြောင့်မှန်းလည်း ငါမသိရပါလား။
သူ အကတော်သလောက် ငါက လုံးဝမကတတ်လို့လား မသိပါဘူးလေ။ အဲဒီအချိန်မှာပဲ ဟစ်တလာရဲ့လေတပ်မတော်က ဗြိတိန်နိုင်ငံရဲ့ မြို့ကြီးတွေပေါ်ကို နေ့စဉ်ရက်ဆက် ဗုံးမိုးတွေရွာချပေးကြတော့တယ်။ ငါ့သူငယ်ချင်း လှုပ်ရှားတက်ကြွသူတွေကတော့ ဒေသခံကာကွယ်ရေးစေတနာ့ဝန်ထမ်းတပ်ဆိုတာမှာ ဝင်ရောက်ကူညီနေကြပြီ။ ငါကတော့ စိတ်ဆင်းရဲလွန်းလို့ ဗုံးကြဲလေယာဉ်တွေလာချိန်မှာတောင် ဗုံးခိုကျင်းထဲမဝင်မိတော့ဘူး။

2010 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Joe Maddison’s War ဇာတ်ကားဟာ စစ်ပွဲနဲ့သမိုင်းနောက်ခံ ဒရာမာဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ရုပ်မြင်သံကြားဇာတ်လမ်းတစ်ခုဖြစ်လို့ လူသိပ်မသိခဲ့ကြဘူးထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ပျိုရွယ်သူယောက်ျားမှန်သမျှစစ်ထဲဝင်သွားကြချိန်မှာ ကျန်ခဲ့တဲ့ အသက်အရွယ်ကြီးသူအမျိုးသားတွေ နဲ့ ပညာသည်ဝန်ထမ်းဖြစ်လို့စစ်မှုထမ်းခွင့်ကင်းလွတ်ခံရသူ အရပ်သားတွေက ဒေသခံ ကာကွယ်ရေးတပ်တွေဖွဲ့စည်းပြီး ဂျာမန်တွေရဲ့ရန်ကို ခုခံတွန်းလှန်ခဲ့ကြပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ရုရှားကွန်မြူနစ်တွေကလည်း အင်္ဂလန် အမေရိကန်နိုင်ငံတို့နဲ့ မဟာမိတ်အဖြစ်လက်တွဲပြီး နာဇီဖက်ဆစ်တွေကို တိုက်ခိုက်ခဲ့ကြတဲ့ကာလပါ။ class လို့ခေါ်တဲ့ လူတန်းစားအမျိုးမျိုး အဆင့်ဆင့်ရှိတဲ့ အင်္ဂလန်နိုင်ငံရဲ့ အောက်ခြေအလုပ်သမားလူတန်းစားတွေကြားမှာ အလုပ်သမားထုသွေးစည်းညီညွတ်ရေး ဆိုတဲ့ ကွန်မြူနစ်ဆန်တဲ့အတွေးအခေါ်မျိုးတွေ အားကောင်းနေခဲ့တာကိုလည်း ဖော်ကျူးထားတာ တွေ့ရမှာပါ။

ဇာတ်ကောင်တွေအနေနဲ့လည်း British တွေဖြစ်တော့ သူတို့စကားပြောတဲ့ လေယူလေသိမ်း အသုံးအနှုန်းတွေက ဟောလီးဝုဒ်ဇာတ်ကားတွေမှာ အမေရိကန်အင်္ဂလိပ်အသံထွက်နဲ့သာ ရင်းနှီးနေကြတဲ့ ရုပ်ရှင်ကြည့်ပရိသတ်အတွက် ထူးဆန်းနေဖွယ်ရာရှိပါတယ်။ ချစ်စရာလည်းကောင်းပါတယ်။ စာတန်းထိုးရာမှာ လွဲချော်မှု မဆီလျော်မှုများရှိခဲ့ရင်တော့ ဘာသာပြန်သူရဲ့လိုအပ်ချက်ပါပဲ။

ဂျိုးမက်ဒီဆန်တစ်ယောက် ရစရာမရှိလောက်အောင် ပျက်စီးသွားတဲ့သူ့ဘဝကို ပြန်အဖတ်ဆည်နိုင်ပါ့မလား။ သူ့ဇနီးသည်က‌ရော ဘာကြောင့်သူ့ကိုစွန့်ပစ်ခဲ့တာလဲ။ သူ့ဆီများပြန်လာဦးမလား။ သူတို့ရဲ့သင်္ဘောကျင်းတွေတည်ရှိရာမြို့ကလေးကရော နေ့စဉ်ရက်ဆက်ဗုံးကြဲခံရတဲ့ဒဏ်ကို ခံနိုင်ပါ့မလား။ ဗုံးလာကြဲတဲ့နာဇီလေယာဉ်တစ်စီးလောက်ကို ပစ်ချလိုက်နိုင်လို့ အောင်ပွဲခံပျော်ရွှင်နေကြစဉ်မှာ ဂျိုးရဲ့သားလေးကလည်း ဗြိတိသျှဗုံးကြဲလေယာဉ်တစ်စီးနဲ့ ဂျာမနီနိုင်ငံကို သွားပြီး ဗုံးကြဲတိုက်ခိုက်နေရတော့ အတုံ့အလှည့်နဲ့ ကိုယ်ချင်းစာတရားက အဘိုးကြီး မက်ဒီဆန် အတွက် ထိုးနှက်ချက်ဖြစ်လာတယ်။

စစ်ပွဲနဲ့သမိုင်းနောက်ခံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြသူများ အားပေးရကျိုးနပ်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မထင်မရှား သမိုင်းတကွေ့ရဲ့ မကြီးကျယ်တဲ့အဖြစ်ကလေးဆိုပေမဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတွေအဖို့တော့ တသက်စာ အမှတ်တရပေါ့။

 
 

 

 

Read More 0 comments


Rating : 6.4/10
Country : United State
Genre : Action, Mystery, Thriller
Cast : Angelina Jolie, Liev Schreiber, Chiwetel Ejiofor 
Released Date : 2010
Duration : 1h 40min

အညွှန်း
2010 မှာ ထွက်ခဲ့တဲ့ Action, Mystery, Thriller ကားလေးပဲဖြစ်ပါတယ်။ မင်းသမီးကတော့ ပရိတ်သတ်
အချစ်တော် အချောစား အလန်းစား Angelina Jolie ဖြစ်ပြီး IMDB 6.4/10 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အယ်ဗလင်းဆော့တ်က အမေရိကန် စီအိုင်အေ အေးဂျင့်တစ်ယောက်ဖြစ်ပြီးသူမရဲ့ အရည်အချင်းကို အသိုင်းအဝိုင်းက အသိအမှတ်ပြုထားတဲ့သူတစ်ယောက်ပါ။ သူမ မြောက်ကိုရီးယားမှာ အဖမ်းခံရတုန်းက လာကယ်ဖို့ကြိုးစားခဲ့တဲ့ ဂျာမန်လူမျိုး ပင့်ကူမုဆိုး မိုက်ခ်နဲ့ချစ်ကျွမ်းဝင်ပြီး လက်ထပ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ဆီကို ရရှားတစ်ယောက်ရောက်လာပြီး ဆော့တ်ဟာ ရရှားသူလျှိုတစ်ယောက်
ဖြစ်ကြောင်း ပြောသွားတဲ့အခါမှာတော့ဆော့တ်တစ်ယောက် ထွက်ပြေးရတော့ပါတယ်။ မိုက်ခ်လည်း ပျောက်နေပါပြီ။သူ တကယ်ရရှားသူလျှိုဟုတ်မဟုတ် မိုက်ခ်နဲ့ပြန်ဆုံမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါဦး။၂၀၁၀ မှာထွက်ရှိထားပြီ။ မတင်ရသေးတဲ့ ဇာတ်လမ်းကောင်းလေးမို့ ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။
Read More 0 comments


 

Rating : 7.5/10
Country : China
Genre : Drama, History 
Cast : Daoming Chen, Chen Li, Yi Lu 
Released Date : 2010
Duration : 2h 15min

အညွှန်း
ဒီဇာတ်ကားလေးဟာ 2010 ခုနှစ်ကထွက်ရှိထားပြီး Vote ပေါင်း 8603 နဲ့imdb မှာ 7.5 အထိ Rating ကောင်းထားတဲ့ ဇာတ်ကားလေးပါပဲRotten Tomatoes လည်း 91 % ရထားပါတယ်သဘာဝဘေးအန္တရာယ်ဆိုတာ ကြုံလာရင် လူတိုင်းရှောင်လွှဲလို့မရတဲ့ကပ်ဆိုးကြီးတစ်ခုပါ ဒီလိုကပ်ဆိုးတွေကြောင့် ပျော်ရွှင်နေရတဲ့ မိသားစုတွေ
သေကွဲတွေသာမက ရှင်ကွဲပါကွဲကြရပါတယ် ယခုတင်ဆက်ပေးမဲ့ ရုပ်ရှင်ရဲ့အကြောင်းအရာဟာဆိုရင်ဖြင့် ၁၉၇၆ခုနှစ် တရုတ်နိုင်ငံ ထန်ရှန်မြို့မှာ ဖြစ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့သူ နှစ်သိန်းလေးသောင်းရဲ့ ဘဝတွေကိုအမှတ်ရအောက်မေ့ဖွယ်ရာ တင်ဆက်ထားခြင်းဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ငလျင်ဘေးကြီးကြောင့် ပြိုကွဲသွားရတဲ့ မိသားစုလေးအကြောင်းကိုရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် ဇာတ်ကြောင်းလေးကတော့….ထန်ရှန်မြို့လေးမှာ ယွမ်နီဆိုတဲ့ အမျိုးသမီးလေးဟာ အမွှာ သား သမီးနှစ်ယောက်ယောကျာ်းနဲ့အတူ မိသားစုဘဝလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူ တစ်ယောက်ပါဒါပေမဲ့ ကံအကြောင်းမလှတဲ့အခါမှာတော့ ထန်ရှန်မြို့မှာ ငလျင်အကြီးစားတစ်ခုလှုပ်ခတ်ပြီး ယောကျာ်းဖြစ်သူက ယွမ်နီကို ကာကွယ်ရင်း ငလျင်ဘေးမှာ ဆုံးပါးသွားခဲ့ပါတယ်ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလို ယောကျာ်းသာသေရုံမကပဲကလေးနှစ်ယောက်ဟာလည်း ကွန်ကရစ်တုံးကြီး အောက်မှာပိမိပြီး တစ်ယောက်ပဲကယ်လို့ရမဲ့ အနေအထားဖြစ်ခဲ့ပါတယ် ပထမကတော့ ယွမ်နီအနေနဲ့ မိဘမေတ္တာအရဘယ်သားသမီးကိုမှ မစွန့်လွှတ်ချင်ခဲ့ပေမဲ့ တစ်ယောက်ကိုပဲ ကယ်လို့ရမဲ့အခြေအနေမှာမသက်သာဘဲ သမီးလေးကို စွန့်လွှတ်လိုက်ပြီး သားကိုကယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ အရိပ်မည်းကြီးလိုလိုက်ပါလာပြီးသူတို့အနေနဲ့ ဘယ်လိုတွေ ဆက်လက် ရှင်သန်ရုန်းကန်ကြရမလဲဆိုတာကိုဇာတ်လမ်းပုံစံ အေးအေးလေးနဲ့ ကြည့်ရှုခံစားကြရမှာပါ
Read More 0 comments


Rating : 6.8/10
Country : Korea
Genre :  Comedy
Cast : Won-tae Choi, In-gi Jeong, Woo-hyeok Jeong
Released Date : 2010
Duration : 1h 45min

အညွှန်း
2010 (31st) Blue Dragon Film Awards မှာ ဒီဇာတ်ကားရဲ့ Best New Director ဆုကိုရရှိခဲ့ပြီး
မင်းသမီး Jung Yu-Mi လည်း
2011 (33rd) Golden Cinematography Awards ပွဲမှာ Best Actress ဆုကို ရရှိခဲ့ပါတယ် ။
ပုံမှန်ကြည့်နေကျ Comedy-Romane တွေလိုမဟုတ်ပဲ တစ်မျိုးကွဲထွက်နေတာမို့ ပရိတ်သတ်တွေ အကြိုက်တွေ့လောက်မယ်ထင်ပါတယ်ဇာတ်လမ်းအကျဉ်းဆယ်ဂျင်းဟာ နယ်မြို့လေးတစ်မြို့မှာနေထိုင်ပြီး အဲ့မြို့က တက္ကသိုလ်ကနေပဲ ဘွဲ့ရခဲ့ပါတယ်
ဆိုးလ်ကို သွားပြီး အလုပ်လုပ်ကိုင်လိုတာကြောင့် ဖခင် တားမြစ်တဲ့ ကြားကနေပဲ ဆိုးလ်မှာ အလုပ်လုပ်ဖို့ ရောက်လာခဲ့ပါတယ်Company တစ်ခုမှာ အလုပ်ဝင်ပြီး အလုပ်ကိုင်သစ် ချစ်သူအသစ်နဲ့ အရာအားလုံးအဆင်ပြေနေချိန်မှာပဲ…
သူမ အလုပ်လုပ်တဲ့ Company ဒေဝါလီခံရပြီး သူမလည်း အလုပ်လက်မဲ့ဖြစ်သွားခဲ့ပါတယ်
ချစ်သူနဲ့လည်း လမ်းခွဲခဲ့ရပြီးဈေးပေါတဲ့ တိုက်ခန်းတစ်ခုကို ပြောင်းငှားနေခဲ့ရပါတယ်
အဲ့မှာပဲ လူမိုက် အိုဒုံချောနဲ့ သူမတွေ့ဆုံခဲ့ပါတယ်အစပိုင်းမှာ လူမိုက်တစ်ယောက်နဲ့ အခန်းကပ်ရပ် မနေနိုင်လို့ အိမ်ပြောင်းဖို့ လုပ်ခဲ့ပေမယ့်
နောက်ပိုင်းမှာတော့ စိတ်ရင်းကောင်းတဲ့ အိုဒုံချောကို ခင်မင်သွားခဲ့ပါတယ်
သူမ အလုပ်သစ်ရှာဖို့လည်း အိုဒုံချောက အကူညီတွေပေးခဲ့ပါတယ်စိတ်ရင်းကောင်းတဲ့ လူမိုက်ကြီး အိုဒုံချောနဲ့ ဆယ်ဂျင်းတို့ ဘယ်လိုတွေဆက်ဖြစ်မှာလဲ
အခက်ခဲတွေ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်…။
Read More 0 comments
Rating : 7.7/10
Country : India
Genre : Romance
Cast : Naga Chaitanya Akkineni, Samantha Ruth Prabhu, Krishnudu
Released Date : 2010
Duration : 2h 38min

ဘယ်သူ့ကို ချစ်မယ်ဆိုတာ ဆုံးဖြတ်လို့ရသလား?

အချစ်ကို ရှာလို့ မရဘူး…ရှာလို့ရတဲ့ အချစ်က အကြာကြီးမခံဘူး

သူ့ဖာသာ ဖြစ်လာတာ…အချစ်က မလှုပ်နိုင်အောင် ချည်နှောင်မယ် ဘဝကို ပျော်ပျော်ကြီး ကျော်ဖြတ်စေတယ်!

အချစ်က အမြဲအတူရှိနေမယ် အဲ့ဒါ အချစ်စစ်ပဲ

အခု ကျနော့်ဆီ ရောက်လာပြီ

တကယ်တော့ ဂျက်ဆီကို ကျနော် ရွေးချယ်ခဲ့တာ မဟုတ်ဘူး…အချစ်က သူ့ကို ချစ်အောင် လုပ်လိုက်တာ

(ကာသစ္)

ငါ့ကိုယ်ငါတောင် နားမလည်တော့ဘူး ငါ ဘာလိုချင်လဲ ငါ မသိဘူး

နာက်င္မႈကုိ ငါ ၾကဳိက္တာ… ဒီနာက်င္မႈကုိ သေဘာက်တာ

ဒီကမ္ဘာမှာ မိန်းကလေးအားလုံးထဲက ဘာမှ ငါ့ကိုမှ ချစ်မိနေတာလဲ?

(ဂ်က္စီ)

Ye Maaya Chesave (2010) ဟာ IMDb 7.7/10 Google users 94% ရထားသော ဒါရိုက်တာ Gautham Vasudev Menon ရိုက်ကူးထား၍ Umarji Anuradha, Gautham Vasudev Menon က ဇာတ်ညွှန်းရေးသားထားကာ သရုပ်ဆောင် Naga Chaitanya Akkineni, Samantha Ruth Prabhu, Krishnudu တို့ပါဝင်သရုပ်ဆောင်ထားသော Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…

ကာသစ်ဟာ အင်ဂျင်နီယာနဲ့ ကျောင်းပြီးထားပြီးတော့ ရုပ်ရှင်ဖန်တီးသူတစ်ယောက် ဖြစ်ချင်ခဲ့တယ် သူ့သူငယ်ချင်း ခရစ်ရှ်နာက သူ့ကို ဒါရိုက်တာ ပူရီ ဂျာဂန်နာ့သ်ဆီကို ခေါ်သွားပြီ သူ့ကို လက်ထောက်ဒါရိုက်တာ လုပ်ခွင့်ပေးဖို့ တောင်းဆိုပေးတယ် အဲ့ဒီအချိန်မှာ ကာသစ်ဟာ သူ့အိမ်ပိုင်ရှင် သမီးကို မြင်မြင်ချင်း ချစ်မိသွားတယ် သူနဲ့ အသက် နှစ်နှစ်ကြီးပေမယ့် ကာသစ်က သူ့ကို ချစ်မိသွားတယ် သူ့အဖေ ဂျိုးဆက်ဟာ သူ့သမီးကို ဟိန္ဒူနဲ့ လက်ထပ်မပေးချင်ဘူး ဂျက်စီဟာ သူ့မိသားစုနဲ့ ကာသစ်ကြား ဗျာများရတယ် ကာသစ်က သူ့ကောင်မလေးရဲ့ အချစ်ကို ရမလား သူ့အိပ်မက် ရုပ်ရှင်ဖန်တီးသူတစ်ယောက် ဖြစ်မလား ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…
Read More 0 comments


Rating : 6.2/10
Country : India 
Genre :  Drama 
Cast :   Salman Khan, Sonakshi Sinha, Sonu Sood
Released Date : 2010
Duration : 2h 6min


 
အညွှန်း


Dabangg (2010) သည် IMDb 6.3/10 Google users 80% ဒါရိုက်တာ Abhinav Kashyap က ရိုက်ကူးထား၍ Dilip Shukla, Abhinav Kashyap က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Salman Khan, Sonakshi Sinha, Sonu Sood တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Crime, Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…


လာဘ်စားတတ်တဲ့ ရဲ အရာရှိတစ်ယောက်ဟာ သူ့မိသားစုရယ် လူမိုက်ခေါင်းဆောင်တွေရယ် နဲ့ နိုင်ငံရေးသမားတွေကြားမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်ရတဲ့အခါ ဘယ်လို အက်ရှင် ရင်သိမ့်တုန်တွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…


 

Read More 0 comments


Rating : 8.1/10
Country : Japan
Genre :  Anime, Drama, Family 
Cast : Aya Hirano, Tomokazu Sugita, Minori Chihara
Released Date : 2010
Duration : 2h 42min

အညွှန်း
ဒီanime လေးက 2009 ခုနစ်မှာ Series ထွက်ရှိခဲ့ပြီးတော့ 2010 မှာတော့ ဒီmovie လေးထွက်ရှိခဲ့တာပါ
Series မကြည့်ဖူးဘဲနဲ့ Movie ကိုအရင်ကြည့်ထားရင်လည်း အခန်းတွေကို နားမလည်မှာကိုတော့ အထူးစိုးရိမ်စရာမရှိပါဘူးRevies – Suzumiya Haruhi ရဲ့ အနိုင်ယူဗိုလ်ကျခြင်းကို မခံချင်တော့တဲ့ Kyon
က Haruhi ဆရာလုပ်တာကိုပဲ အမြဲခံနေရတဲ့အတွက် စိတ်ညစ်တာကို
ညဉ်းညူလိုက်မိပါတယ်၊၊
နောက်တစ်နေ့ နံနက်ရောက်တဲ့ အချိန်မှာတော့ လောကကြီးက
မနေ့ကနဲ့ မတူတော့အောင်ကို ကွဲပြားသွားပါတော့တယ်
Suzumoya Haruhi ကိုလည်း ကျောင်းရောကင်ချိန်မှာ မတွေ့တာကရော
သူမ လောက ကြီးကနေ ပျောက်ကွယ်သွားသလား
သူမ Timeline ကနေချွတ်ချော်ပြီး အချိန်ပြောင်းသွားလား
သူမကို မလိုချင်ခဲ့တဲ့ Kyon အမှန်တကယ်ပဲ စွန့်ပစ်မှာလား
သူမကို ပြန်ရှာမှာလား
သူမဘာလို့ ပျောက်သွားရလဲ
သူမ ပျောက်ကွယ်သွားရခြင်းရဲ့ နောက်ကွယ်မှာ Timeslip ကြောင့်လား
သူမ ကိုအရင်လို ပြန်ရချင်ရဲ့လား စတဲ့ သူမ သူမ နဲ့ပတ်သတ်တာတွေကို
Kyon တစ်ယောက် နောက်ဆုံးမှာ အဖြေထုတ်နိုင်မလားဆိုတာ
ကြာမြင့်ချိန် ၂နာရီ ၄၀ အတွင်း ရိုးရှင်းစွာ ဇာတ်သိမ်းခန်းဆီကို ခေါ်ဆောင် သွားမွာပါ
Read More 0 comments
Rating : 3.5/10
Country : United State
Genre :   Comedy, Horror 
Cast : Ashley Tisdale ,Simon Rex ,Gracie Whitton
Released Date : 2013
Duration : 1h 26min

Scary Movie franchise ရဲ့ ၅ကားမြောက်ပါ။၅ကားမြောက်ပေမယ့် ချာမသွားမဘဲ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးပါ။ဒီကားလေးကိုတော့ Paranormal Activity(2007), Black Swan(2010),Mama[2013] နဲ့ Rise of the Planet of the Apes.[2011], Sinister,[2012] Inception,[2010] Ted [2012] Evil Dead [2013], The Cabin in the Woods,[2012] Insidious[2010] ,The Day the Earth Stood Still [2008],The Help[2011]တို့ကို ရောသမမွှေပြီး comedy horror ဇာတ်ကားကောင်းတစ်ကားအနေနဲ့ပုံဖော်ထားပါတယ်။Rapper Snoop Dogg လည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။
Fifty Shades of Grey ထဲမှ Christian Grey ဇာတ်ကောင်ကိုသရော်ထားတဲ့ဇာတ်ဝင်ခန်းလည်းပါဝင်မှာဖြစ်ပါတယ်။
Read More 0 comments


 

Rating : 5.4/10
Country : Thai
Genre : Comedy
Cast : Kohtee Aramboy, Pakorn Chadborirak, Mario Maurer
Released Date : 2010
Duration : 1h 33min

အညွှန်း
ဘဝက လှည့်ကွက်တွေနဲ့ ပြည့်နေတတ်တယ်တဲ့
ဒီကားလေးကတော့
အဖေ့ရဲ့ ဂရုစိုက်မှုကို ခွေးလောက်တောင် မရတာကြောင့်ဆိုးသွမ်းနေတဲ့ သူဌေးသား Bank
နိုင်ငံတော်က ပြည်သူတွေထက် ခွေးကို အရေးပေးနေလို့ ဒေါသူပုန်ထ ဆန္ဒပြနေတဲ့ Den
အသက်အငယ်ဆုံး ကွန်ပြူတာပညာရှင်ဖြစ်တာကြောင့် သူ့ပညာတွေ ထုတ်သုံးပြချင်နေတဲ့ ‌ခွေးချစ်တဲ့ Art
သူတို့ သုံးယောက်ရဲ့ ရည်ရွယ်ချက် “ခွေးခိုးဖို့” က ထပ်တူညီနေတဲ့အခါ
သူတို့ထင်ထားသလို မရိုးရှင်းပဲ မထင်ထားတဲ့ လျှို့ဝှက်ချက်တွေ သူတို့ သိသွားတဲ့အခါ
2010 ကထွက်ရှိခဲ့တဲ့ ဒီကားလေးကတော့ ဇာတ်အိမ်က မရိုးမဆန်းလေးဖြစ်တာကြောင့် ထိုင်းကားကြိုက်သူတွေအတွက်ကြည့်ပျော်မှာဖြစ်ပါတယ်ရှင်။
Read More 0 comments


Rating : 3.5/10
Country : India 
Genre :   Action, Drama, Thriller 
Cast :    Suhasini, Sayaji Shinde, Singeetam Srinivasa Rao
Released Date : 2010
Duration :   2h 27min 

အညွှန်း
Varudu (2010) သည် Google User 74 % ရထားသော ဒါရိုက်တာ Gunasekhar က ရိုက်ကူးထား၍ Gunasekhar နဲ့ Prasad Thota (စကားပြော) တို့က ဇာတ်လမ်း ဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Allu Arjun, Suhasini, Sayaji Shinde, Sigitham Srinivasa Rao တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Drama, Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ..

အချစ်ကို တန်ဖိုးထားတဲ့ကောင်လေးနဲ့ ကောင်မလေး မမြင်ဘူးဘဲနဲ့ မိဘတွေပေးစားသူကို ယူဖို့ ဆုံးဖြတ်လိုက်ကြသောအခါ လက်ထပ်ပွဲတွင် မြင်မြင်ချင်း ချစ်သွားလေသည်…..မကြာခင်လက်ထပ်တော့မယ် သတို့သမီးကို သူမကို စွဲလန်းနေသော သူတစ်ယောက်က ခိုးယူသွားလေသော အခါ ဘယ်လို ဇာတ်ကြမ်းခန်းတွေ တွေ့ရမလဲ ဇာတ်လမ်းမှာ ကြည့်ရှုခံစားလိုက်ကြစို့လားဗျာ…

 

Read More 0 comments
Rating : 5.4/10
Country : United State
Genre : Comedy, Horror 
Cast : Elisabeth Shue, Jerry O'Connell, Richard Dreyfuss 
Released Date : 2010
Duration : 1h 28min

-မြေငလျင်ကြောင့် ဗစ်တိုးရီးယားကန်အောက်မှာ မြေသားရွေ့လျားမှုကနေ အက်ကြောင်းကြီး ဖြစ်ပေါ်လာခဲ့ပါတယ်၊
-တကယ်တော့ အဲ့ဒီအက်ကြောင်းဟာ ဗစ်တိုးရီးယားကန်အောက်ဖက်မှာရှိတဲ့ နောက်တစ်ကန်နဲ့ ခြားနားထားပေးတဲ့ နံရံလိုဖြစ်နေခဲ့တာပါ။ နံရံကြီးက ကွဲသွားတော့ ဗစ်တိုးရီးယားကန်အောက်မှာရှိတဲ့ ရေကန်ထဲကနေ အသားစားငါးတွေဟာ အပေါ်ကန်ကိုတက်လာပြီး လူတွေကို အမဲလိုက်ပါတော့တယ်။
-အဲ့ဒါအပြင် နွေရာသီအားလက်ရက်လည်းဖြစ်တာကြောင့် ဗစ်တိုးရီးယားရေကန်မှာ လာရောက်အပန်းဖြေကြသူ တွေနဲ့ စည်ကားလို့နေပါတယ်။
-အဆိုပါ အသားစားငါးအုပ်ကြီးနဲ့ လူအုပ်ကြီးတို့ ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့ရတဲ့ အခါမှာတော့.......(မတွေးရဲစရာပဲနော်)။
-IMDb 5.4 ရထားတဲ့ Piranha 2010 ဇာတ်ကားဟာ R rated ကားဖြစ်တာနဲ့အညီ သွေးထွက်သံယိုခန်းတွေနဲ့ Adult Scene ခန်းတွေပါတာမို့လို့ Viewer Suggestion က 17+ ဆိုတာတော့ သတိပြုစေချင်ပါတယ်။
Read More 0 comments

Rating : 5.1/10
Country : China
Genre :  Comedy, Drama, Romance 
Cast : Chrissie Chau, Him Law, Jacqueline Chong
Released Date : 2010
Duration : 1h 25min

အညွှန်း
“တနေ့မှာခင်များနဲ့လက်ထပ်မယ့်လူတယောက်ဟာခင်များအပေါ်ဖုံးကွယ်ထားတာတခုခုရှိတယ်လို့ခင်များသိခဲ့ရင်ဘယ်လိုလုပ်မလဲအထူးသဖြင့်အိမ်ထောင်ဘက်အပေါ်ဖောက်ပြန်တာမျိုးပေါ့ခင်များစိတ်ဆိုးတာပဲဖြစ်ဖြစ်စိတ်ကုန်တာပဲဖြစ်ဖြစ်စိတ်အခြေအနေပြောင်းသွားမယ်ထင်ပါတယ်ဒါပေမယ့်သူ့ဘက်ကအဲ့လိုဖြစ်ခဲ့တာကိုမပြောဘဲဖုံးကွယ်ပဲလက်ထပ်ခဲ့ရင်ရော”
….အဓိကကတော့လက်ထပ်တယ်ဆိုတာစိတ်ချမ်းသာဖို့ပဲမလား ဒီနေရာမှာသူငယ်ချင်းအပေါင်းအသင်းတွေရဲ့အခန်းကဏ္ဍဟာတော်တော်အရေးပါတယ်ဆိုတာသတိပြုမိပါတယ် နှစ်ဖက်အပေါင်းအသင်းတွ

ဆေးဝိုင်းထိုးလိုက်လို့ပြတ်သွားတဲ့အတွဲတွေရှိသလိုနှစ်ဖက်အပေါင်းအသင်းကောင်းမှုနဲ့ညားကြလေသတည်းတွေလည်းရှိတာကိုး တခါတလေဆေးထိုးတာမဟုတ်ပဲသာငယ်ချင်းအတွက်စိတ်ပူလို့ဆိုပြီးပြောတဲ့စကားတိုင်းကိုလည်းမယုံဖို့လိုပါတယ်ချစ်တယ်ဆိုရင်ယူသာယူကြပါလို့ :•)အညွှန်းတော့မဟုတ်ပါဘူးဒီဇာတ်ကားကိုဘာသာပြန်ရင်းတွေးမိတာလေးပါဇာတ်ကားထဲကမောင်နဲ့မယ်ကတော့လက်မထပ်ခင်သုံးရက်အလိုကိုပြဿနာတွေတက်ကြနောက်တယောက်စီနဲ့အိပ်ကြတာပါ(18တော့နည်းနည်းပေါင်းထားပါတယ်)သူတို့ပြန်အဆင်ပြေပြီးတကယ်လက်ထပ်ဖြစ်ပါ့မလားသိချင်ရင်တော့ကြည့်လိုက်ပါ
Read More 0 comments


 

Rating : 5.6/10
Country : India 
Genre :  Comedy, Drama, Romance
Cast :  Imran Khan, Sonam Kapoor, Sammir Dattani
Released Date : 2010
Duration : 2h 9min

အညွှန်း

အချစ်ကိုယုံကြည်မှုမရှိတဲ့ကောင်လေးတစ်ယောက်ရယ်

အချစ်ကိုဘာသာပြန်မှားနေတဲ့ကောင်မလေးတစ်ယောက်ရယ်

လုပ်ငန်းခွင်မှာထိပ်တိုက်တွေ့ရင်း

အချစ်ဆိုတာလှောင်ရယ်စရာလို့ထင်တဲ့ကောင်လေးရယ်

အချစ်ဆိုတာ လူနေမှုဘဝပြည့်စုံမှ အချစ်လို့ထင်တဲ့ကောင်မလေးရယ်

သူတို့ထင်ထားသလို အချစ်ဆိုတာ ဖြစ်မလာတဲ့ အချိန်မှာ ဘာဆက်ဖြစ်မလဲ

ဇာတ်ကားရဲ့tempoအတက်အကျ ပရိတ်သတ်ကိုဆွဲဆောင်နိုင်မှုတွေပြောစရာမရှိလောက်အောင်ကောင်းပါတယ်

ကုလားကားသီချင်းတွေပါနေကျဆိုပေမဲ့ ခုဇာတ်ကားထဲမှာ ထည့်သင့်တဲ့နေရာထည့်သင့်တဲ့အချိန်

အားလုံး timing ကိုက်လှပါတယ်

သီချင်းထဲက သရုပ်ဆောင်ချက်တွေကလည်း ဇာတ်လမ်းရဲ့သရုပ်ဖော်ပုံစံဖြစ်နေလို့မကျော်သင့်ပါဘူး

အကောင်းဆုံးကတော့မင်းသမီးရဲ့သရုပ်ဆောင်ချက်တွေကောင်းပါတယ်

သူမရဲ့မျက်လုံးတွေကပဲ ဇာတ်လမ်းကိုဆွဲဆောင်နိုင်တယ်လို့ပြောရင်မမှားပါဘူး

Drama comedyအမျိုးအစားဖြစ်ပါတယ် လက်မလွှတ်သင့်တဲ့ ကားကောင်းလေးပါ

IMDb rating 5,6/10 အထိရရှိထားပါတယ်

Read More 0 comments
Rating : 6.8/10
Country : United State
Genre :  Horror, Mystery, Thriller 
Cast :  Patrick Wilson, Rose Byrne, Ty Simpkins
Released Date : 2010
Duration :  1h 43min 

အေးချမ်းသာယာနေတဲ့ မိသားစုလေးဟာ အိမ်အသစ်တစ်ခုကို ပြောင်းလာခဲ့တယ်အရမ်းချစ်ကြတဲ့ ဂျော့ချ် တို့ လင်မယား ရယ် ကလေး ၃ ယောက်ရယ်ပေါ့တစ်နေ့မှာတော့ အကြီးဆုံးသားဖြစ်သူ ဒေါလ်တွန် တစ်ယောက်အိပ်နေစဉ် အချိန်တွေမှာ မကောင်းဆိုးဝါးတွေကို မြင်နိုင်ခဲ့ပြီးထို မကောင်းဆိုးဝါးတွေကလဲ လူ့လောက ကို ကူးလာဖို့အတွက်
ဒေါလ်တွန် ရဲ့ ခန္ဓာကိုယ် ကို လိုချင်တဲ့အတွက် မိသားစု ကို အမျိုးမျိုး ဒုက္ခပေးပါတော့တယ်တစ်နေ့မှာတော့ သူတို့ ရလုဆဲဆဲ အခြေအနေကို ရောက်ရှိလာပါတော့တယ်ပရလောက ကို မယုံတဲ့ ဂျော့ချ် ဟာ ပရလောက နှင့် အဆက်အသွယ်လုပ်နိုင်သောအဲလိစ် ကို ခေါ်ဆောင်ပြီး သားဖြစ်သူ ဒေါလ်တွန် ရဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စကို ကူညီခိုင်းခဲ့သော အခါ…
Read More 0 comments


Rating : 5.6/10
Country : United State
Genre : Action, Crime, Sci-Fi 
Cast : Luke Goss, Lauren Cohan, Sean Bean
Released Date : 2010
Duration : 1h 36min

အညွှန်း
ဘဏ်ဓားပြတိုက်ကြာင့် အဖမ်းခဲ့ရတဲ့ လူးကပ်စ်ဟာ Terminal Island မှာ ရှိတဲ့ ထောင်ကိုရွေ့ပြောင်းခံခဲ့ရြပြီး 
ထိုထောင်ကို wayland coporation က ပိုင်ဆိုင်ထိန်းချုပ်ထားတာ ဖြစ်ြပြီး ကုမ္ပဏီက သေမင်းတမန် ကားြပြိုင်ပွဲတစ်ခုကို Pay per view နဲ့ စီးပွားရေးဆန်ဆန် ရိုက်ကူးြပြီး လူးကပ် တို့ အကျဉ်းသားတသိုက်ကို အနိုင်ရရှိသူအား လွတ်မြောက်ခွင့်ပေးမည် ဟုတော့ မက်လုံးကိုပါ ပေးလိုက်တဲ့ အခါမှာတော့
Read More 0 comments