Rating : 7.5/10
Country : China
Genre : Drama, History
Cast : Daoming Chen, Chen Li, Yi Lu
Released Date : 2010
Duration : 2h 15min
Country : China
Genre : Drama, History
Cast : Daoming Chen, Chen Li, Yi Lu
Released Date : 2010
Duration : 2h 15min
အညွှန်း
ဒီဇာတ်ကားလေးဟာ 2010 ခုနှစ်ကထွက်ရှိထားပြီး Vote ပေါင်း 8603 နဲ့imdb မှာ 7.5 အထိ Rating ကောင်းထားတဲ့ ဇာတ်ကားလေးပါပဲRotten Tomatoes လည်း 91 % ရထားပါတယ်သဘာဝဘေးအန္တရာယ်ဆိုတာ ကြုံလာရင် လူတိုင်းရှောင်လွှဲလို့မရတဲ့ကပ်ဆိုးကြီးတစ်ခုပါ ဒီလိုကပ်ဆိုးတွေကြောင့် ပျော်ရွှင်နေရတဲ့ မိသားစုတွေ
သေကွဲတွေသာမက ရှင်ကွဲပါကွဲကြရပါတယ် ယခုတင်ဆက်ပေးမဲ့ ရုပ်ရှင်ရဲ့အကြောင်းအရာဟာဆိုရင်ဖြင့် ၁၉၇၆ခုနှစ် တရုတ်နိုင်ငံ ထန်ရှန်မြို့မှာ ဖြစ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့သူ နှစ်သိန်းလေးသောင်းရဲ့ ဘဝတွေကိုအမှတ်ရအောက်မေ့ဖွယ်ရာ တင်ဆက်ထားခြင်းဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ငလျင်ဘေးကြီးကြောင့် ပြိုကွဲသွားရတဲ့ မိသားစုလေးအကြောင်းကိုရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် ဇာတ်ကြောင်းလေးကတော့….ထန်ရှန်မြို့လေးမှာ ယွမ်နီဆိုတဲ့ အမျိုးသမီးလေးဟာ အမွှာ သား သမီးနှစ်ယောက်ယောကျာ်းနဲ့အတူ မိသားစုဘဝလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူ တစ်ယောက်ပါဒါပေမဲ့ ကံအကြောင်းမလှတဲ့အခါမှာတော့ ထန်ရှန်မြို့မှာ ငလျင်အကြီးစားတစ်ခုလှုပ်ခတ်ပြီး ယောကျာ်းဖြစ်သူက ယွမ်နီကို ကာကွယ်ရင်း ငလျင်ဘေးမှာ ဆုံးပါးသွားခဲ့ပါတယ်ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလို ယောကျာ်းသာသေရုံမကပဲကလေးနှစ်ယောက်ဟာလည်း ကွန်ကရစ်တုံးကြီး အောက်မှာပိမိပြီး တစ်ယောက်ပဲကယ်လို့ရမဲ့ အနေအထားဖြစ်ခဲ့ပါတယ် ပထမကတော့ ယွမ်နီအနေနဲ့ မိဘမေတ္တာအရဘယ်သားသမီးကိုမှ မစွန့်လွှတ်ချင်ခဲ့ပေမဲ့ တစ်ယောက်ကိုပဲ ကယ်လို့ရမဲ့အခြေအနေမှာမသက်သာဘဲ သမီးလေးကို စွန့်လွှတ်လိုက်ပြီး သားကိုကယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ အရိပ်မည်းကြီးလိုလိုက်ပါလာပြီးသူတို့အနေနဲ့ ဘယ်လိုတွေ ဆက်လက် ရှင်သန်ရုန်းကန်ကြရမလဲဆိုတာကိုဇာတ်လမ်းပုံစံ အေးအေးလေးနဲ့ ကြည့်ရှုခံစားကြရမှာပါ
0 comments:
Post a Comment