Rating : 6.3/10
Country : United State
Genre : Drama, Thriller
Cast : Maestro Harrell, GeffriMaya, Gil Darnell
Released Date : 2020
Duration : 1h 48min
Country : United State
Genre : Drama, Thriller
Cast : Maestro Harrell, GeffriMaya, Gil Darnell
Released Date : 2020
Duration : 1h 48min
အညွှန်း
ဇာတ်လမ်းတည်ဆောက်ပုံက Breaking Bad Series နဲ့ နည်းနည်းဆင်တယ်….
BrBa မှာ Meth ချက်ပေမယ့် ဒီကားမှာတော့ လိုကို(Loco) ချက်တာပေါ့။ လိုကိုဆိုတာမူးယစ်ဆေးတစ်မျိုးရဲ့နာမည်ပါ။ မက္ကဆီကို နယ်မြို့လေးတစ်ခုမှာ အကောင်းဆုံး Drugတစ်မျိုးလို့လည်းပြောလို့ရတယ်။ ဒီ မူးယစ်ဆေးလောကထဲကို အဲလက်စ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကို လက်စတာဆိုတဲ့ လိုကိုချက်တဲ့ မူးယစ်ရာဇာတစ်ယောက်ကခေါ်သွင်းခဲ့တယ်( မသိရင် ဝေါ်တာ ဝှိုက်နဲ့ ဂျက်ဆီပင့်မန်းအတိုင်းပဲ)။ အဲလက်စ်တို့အဖွဲ့ဟာ တစ်ဖက်မှာလည်းမူးယစ်လောကမှာ ဘုရင်လို့ပြောလို့ရတဲ့ တလာမိုကိုရှောင်ရပါတယ်။ တလာမိုဆိုတာ နာမည်သာကြားဖူးပြီး ဘယ်သူမှမမြင်ဖူးတဲ့ ဆရာကြီးပေါ့။ အဲလက်စ်ဟာ တလာမိုနဲ့သွားရှုပ်မိပြီးလက်စတာ, တလာမို မူးယစ်ရာဇာ ၂ ယောက်ရဲ့ အားပြိုင်မှုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။တလာမိုဆိုတာ ဘယ်သူဖြစ်မလဲ …..အဲလက်စ်တို့အဖွဲ့ရော တလာမိုလက်အောက်က လွတ်နိုင်မှာလား …..ဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ ဇာတ်လမ်း Climax လို့ပြောလို့ရတဲ့ Ending ပိုင်းမှာwtf လို့ထယောင်မိအောင် plot ပိုင်းကမိုက်ပါတယ်။ ဇာတ်ကားကောင်းတွေရှားတဲ့ Covidကာလမှာ ချွေးသိပ်စရာဇာတ်ကားတစ်ခုဖြစ်စေမှာပါ။
0 comments:
Post a Comment