Showing posts with label Fantasy. Show all posts
Showing posts with label Fantasy. Show all posts


Rating : 8.1/10
Country :United state
Genre :Action,Adventure,Fantasy,
Released Date : 2022
Duration :  3h 12min
 
 
အညွှန်း
2009 ခုနှစ်က ဆုပေါင်းများစွာနဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ Avatar
ရုပ်ရှင်ရဲ့အဆက် Avatar 2 : The Way of Water ကို တင်ပေး
ထားပါတယ်။ HDTC ကွာလတီပဲဖြစ်တာမို့ HD အစစ်တွေလိုတော့
မကြည်သေးပါဘူး။ ခိုးရိုက်အဆင့်တွေထက်တော့ ကြည်ပါတယ်။
ဖြစ်နိုင်ရင်တော့ ကြည်တောက်ရှင်းကို စောင့်မှပဲ ဇာတ်ကားထဲက
အလှအပတွေကို သေချာခံစားလို့ရမှာပါ။ ဒါပေမဲ့ အရမ်းကိုကြည့်
ချင်လို့တောင်းနေတဲ့သူတွေလည်း ရှိနေတော့ တင်ပေးထားလိုက်
ပါတယ်။

ဇာတ်လမ်းအကျဉ်း
……………………….
ဇာတ်လမ်းကတော့ ဂျိတ်ဆော်လီနဲ့ နတီးရီတို့ လက်ထပ်ပြီး ပန်ဒိုရာ
တောထဲမှာ အတူနေကြတာကနေ ပြန်ဆက်ထားပါတယ်။ ကောင်းကင်
လူမျိုးလို့ခေါ်တဲ့ ကမ္ဘာသားတွေကို ကမ္ဘာပေါ်ကို ပြန်ပို့ပြီး နာဗီတွေ
သာယာအေးချမ်းနေကြပါပြီ။ ဂျိတ်ဆော်လီနဲ့နတီးရီတို့လည်း သားသမီး
လေးယောက်နဲ့ မိသားစုကြီးဖြစ်နေပါပြီ။ ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ
တမဟုတ်ချင်းပျောက်ကွယ်တတ်တဲ့အရာမို့ ကမ္ဘာသားတွေ နောက်တစ်ခါ
အင်အားအပြည့်နဲ့ ကျူးကျော်လာတဲ့အခါမှာတော့ နာဗီမျိုးနွယ်တွေ ပုန်း
ရှောင်နေကြရပြီး ပြောက်ကြားစစ်နဲ့ ပြန်တိုက်ခိုက်ကြရပါတော့တယ်။

အဲဒီတိုက်ပွဲတွေကိုလည်း ဂျိတ်ကပဲ ဦးဆောင်ပြီး သူ့ရဲ့ သားနှစ်ယောက်လည်း
ပါဝင်တိုက်ခိုက်နေရပါတယ်။ ဒါပေမဲ့ ကမ္ဘာဘက်ကလည်း အက်ဗာတာ
အထူးတပ်တွေထုတ်သုံးပြီး ဂျိတ်တို့ကို သတ်ဖို့လိုက်လာတဲ့အခါမှာတော့
ဂျိတ်တို့မိသားစု ရှင်သန်ဖို့ အသက်လုတိုက်ပွဲတွေ ဆင်နွှဲလာရပါတော့တယ်။

 

 

Read More 0 comments


 

Rating : 3.1/10
Country :United State
Genre :Action,Comedy,Fantasy,
Released Date : 2022
Duration :  1h 13min
 
 
အညွှန်း
 
အရင် PSG အသင်းရဲ့ ဘောလုံးသမား မိုဗစ်ချ်ကိုတော့ လူတိုင်းသိကြမှာပါ။
ဇာတ်ကောင်ကိုတော့ မိုဗစ်ချ်လို ဆွဲထားပေမဲ့ အပြင်ကမိုဗစ်ချ် လိုတော့ လူကြမ်းကြီးမဟုတ်ပါဘူး
ဇာတ်လမ်းက ကလေးကားဆိုတော့ မိုဗစ်ချအစစ်လိုတော့ မဟုတ်ဘူးပေါ့။
ဇလာတန်ဆိုတဲ့ ဘောသမားတစ်ယောက်ဟာ အောစတားဆိုတဲ့ ဖလားကို ပြိုင်ဆိုင်ဖို့အတွက်
နောက်ဆုံးပွဲစဉ်ရောက်ခါနီးမှာ ကလေးတစ်သိုက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။
နောက်ပြီး သူ့ရဲ့ ဘောစကေးတွေကို လိုချင်နေတဲ့ သိပံ္ပပညာရှင်အရူးတစ်ယောက်က
ဇလာတန်ရဲ့ ဘောစကေးတွေကို ခိုးသွားတဲ့အချိန်မှာ စကေးတွေ မရှိတော့တဲ့ ဇလာတန်နဲ့ ကလေးတစ်သိုက်ဟာ
ပြိုင်ဘက် အသင်းကို ဘယ်လိုအနိုင်ယူပြီး အောစတားဖလားကို အရယူနိုင်မလဲ ....

 

Read More 0 comments


Rating : 6.5/10
Country :China
Genre :Action,Adventure,Fantasy,
Released Date : 2022
Duration :  2h 7min
 
 
အညွှန်း
“ရှန်မင်းဆက်နဲ့ ကျိုးမင်းဆက်တို့ရဲ့ တိုက်ပွဲအပြီး
နှစ်ပေါင်း ၁၅၀၀ ကြာပြီးတဲ့နောက် ကောင်းကင်ဘုံ
စည်းမျဥ်း စည်းကမ်းတွေ ပျက်ပြားနေချိန် ဆင်းရဲမွဲတေနေတဲ့
ရန်ကျန်ဆိုတဲ့ လူငယ်လေးက ငွေအသပြာလက်ခံရယူပြီ
းလူတွေကိုဖမ်းဆီးပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီးတော့
အသက်မွေးဝမ်းကြောင်းပြုနေခဲ့ပါတယ်
တစ်နေ့မှာတော့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဖြစ်တဲ့
ချန်ရှန်း ကိုလိုက်လံ ဖမ်းဆီးဖို့ ဖောက်သည်တစ်ယောက်ထံကနေပြီး
ငွေအသပြာတွေလက်ခံရရှိခဲ့ပါတယ် တစ်ဆက်ထဲမှာပဲ
အဲဒီလူငယ် ချန်ရှန်းက ရန်ကျန်ရဲ့ တူဖြစ်တဲ့အကြောင်း
မတော်တဆသိရှိသွားခဲ့ပါတော့တယ် ချန်ရှန်းဆိုတဲ့
လူငယ်လေးဟာ ကြာပန်းမီးအိမ်ကို ရှာဖွေပြီး
မိခင်ဖြစ်သူကိုကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားသူလေးပါ
ဒါပေမဲ့လဲ အဲဒီအစား ဘေးအန္တရာယ်နဲ့ပဲ ရင်ဆိုင်ခဲ့ရရှာပါတယ်
အဲဒီအချိန်မှာပဲ ရန်ကျန် တစ်ယောက် တူဖြစ်သူရဲ့
ရှုပ်ထွေးလှတဲ့ အတိတ်ကိုဖော်ထုတ်ဖို့ ခရီးလမ်းကြောင်းစတင်ခဲ့ချိန်မှာတော့ -”

❐ ဘာတွေဆက်ဖြစ်ကြမှာလဲ
❐ တူရီးနှစ်ယောက်အတူတူ ဘယ်လို ဘေးအန္တရာယ်မျိုးတွေကို ရင်ဆိုင်ကြရမလဲ
❐ အခက်အခဲတွေကို အတူတူကျော်လွှားနိုင်ပါ့မလား
 
 

 

 

 

Read More 0 comments


Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

Yoon Hyun Woo (Song Joong Ki)က အင်အားကြီးလုပ်ငန်းစုကြီးဖြစ်တဲ့

Soonyang Group မှာ သူဌေးမိသားစုရဲ့ လူယုံအတွင်းရေးမှူးအဖြစ် ၁၀ နှစ်ကြာအလုပ်ကျွေးပြုခဲ့ပါတယ်

ဒီမိသားစုဆီမှာပဲ အစေခံတစ်ယောက်လို အလုပ်ကြိုးစားခဲ့ပေမဲ့ တစ်နေ့မှာတော့

အလွဲသုံးစားမှုနဲ့စွပ်စွဲခံရပြီး အသတ်ခံခဲ့ရတယ် ..
သေဆုံးသွားပေမဲ့ အံ့ဩဖို့ကောင်းစွာနဲ့ပဲ သူ့ဝိညာဥ်ဟာ

Soonyang Group CEO Jin Yang Cheol (Lee Sung Min) ရဲ့အငယ်ဆုံးသားလေး

Jin Do Joon ခန္ဓာကိုယ်ထဲကနေ နောက်တစ်ကြိမ်ပြန်နိုးလာတဲ့အခါမှာတော့ ..

အဖြစ်အပျက်တွေအားလုံးကို မှတ်မိနေတဲ့ Jin Do Joon တစ်ယောက် ..

သူ့ကိုသတ်ခဲ့တဲ့ ဂျင်မိသားစုကို ဘယ်လိုလက်စားပြန်ချေမလဲ ..

“Soonyang Group Grim Reaper”လို့ လူသိများတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က

အမှုစစ် Seo Min Young (Shin Hyun Bin) နဲ့ လက်တွဲပြီး

ငွေကလွဲရင် ဘာမှမမြင်နိုင်တဲ့ CEO ကို ဘယ်လိုအစီအစဥ်တွေနဲ့ အကွက်စေ့စေ့ဖြုတ်ချနိုင်မလဲ..

 

 

 

Read More 0 comments


Rating : 7.2/10
Country :United State
Genre :Action,Fantasy,Sci-Fi,
Released Date : 2022
Duration :  2h 4min
 
DC စကြဝဠာရဲ့ စူပါအသစ်တစ်ယောက်လာပါပြီ။
မင်းသား The Rock သရုပ်ဆောင်ထားတဲ့ Black Adam အကြောင်းပါပဲ။
ဒီစူပါဟီးရိုးဟာ မှော်အစွမ်းကို အခြေခံထားတာဖြစ်ပြီး
မှော်ဆရာတွေဆီကနေ ရှေးနတ်ဘုရားတွေရဲ့ စွမ်းအားတွေကို ရရှိထားတာဖြစ်ပါတယ်။
“ရှဇမ်း” လို့ အော်ပြီး စွမ်းအားရတာချင်းတူပေမဲ့
ပထမရုပ်ရှင်ထဲက Shazam နဲ့ နတ်ဘုရားနာမည်ချင်းမတူပါဘူး။
ရှဇမ်းက ဂရိနတ်ဘုရားတွေဆီကနေ စွမ်းအားရပြီး၊
ဘလက်အဒမ်ကတော့ အီဂျစ်နတ်ဘုရားတွေဆီက စွမ်းအားရတာပါ။
ဒီဟီးရိုးဟာ ဒီစီရဲ့ စွမ်းအားအကြီးဆုံးတွေထဲက တစ်ယောက်မို့
ဘယ်လောက်ကြမ်းလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်ရပါတော့မယ်။

ဇာတ်လမ်းအကျဉ်းကတော့

ရောမထက် ရှေးကျတဲ့ ခန်းဒက်ဆိုတဲ့နိုင်ငံလေးဟာ
ဘုရင်ဆိုး အက်ခ်တွန် အုပ်ချုပ်တဲ့အောက်မှာ ဒုက္ခရောက်နေရပါတယ်။
အဲဒီဘုရင်ကလည်း နတ်ဆိုး ၆ ပါးရဲ့အစွမ်းကိုအသုံးချဖို့ သရဖူတစ်ခုကို ဖန်တီးဖို့ကြိုးစားနေပါတယ်။
ဒါကိုတားဆီးဖို့ မှော်ဆရာတွေဟာ ခန်းဒက်ရဲ့ ကျွန်တွေထဲက တစ်ယောက်ကို
သူရဲကောင်းအဖြစ် ရွေးချယ်ပြီး နတ်ဘုရားအစွမ်းတွေ ပေးအပ်လိုက်ပါတော့တယ်။
အဲဒီသူရဲကောင်းဟာ ဘုရင်ဆိုးကို နှိမ်နင်းပြီးနောက်မှာ
နှစ်ပေါင်း ၅၀၀၀ တိတိ ပျောက်ကွယ်သွားပါတော့တယ်။
ယနေ့ခေတ် ခန်းဒက်နိုင်ငံမှာပဲ အကြောင်းတစ်ခုကြောင့်
အဲဒီသူရဲကောင်းပြန်ပေါ်လာတဲ့အခါ ဘာတွေဖြစ်လာမလဲ ဆက်ကြည့်လိုက်ရအောင်…

 

 

 

Read More 0 comments


 

Rating : 5.6/10
Country :India
Genre :Action,Adventure,Fantasy,India Movie,
Released Date : 2022
Duration :  2h 47min
 
 
အညွှန်း
 
ဒီဇာတ်ကားမှာ Lead Role တွေအနေနဲ့ ရန်ဗီးကပူး..အာလီယားဘတ်..အမီတာဘဂျမ်းနဲ့
မြွေမင်းသမီးလေး မွန်နီးရွိုင်းတို့က သရုပ်ဆောင်ထားပြီး Cameo အနေနဲ့ ရှာရွတ်ခန်း ဒီပီကားပါဒူကွန်
တေလဂူမင်းသားကြီး နာဂဂျွန်နာအခီနယ်နီ စတဲ့မင်းသား မင်းသမီးကြီးတွေအပြင်
တခြားသရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ပေးထားပါတယ်…

ကဲ…အခု ဇာတ်လမ်းဘက်ကိုလှည့်မယ်

တစ်ရက် ဟိမဝန္တာတောင်ပေါ်မှာ တရားကျင့်ကြံအားထုတ်နေတဲ့ ရသေ့ရဟန်းတွေဆီကို
အလင်းတန်းတစ်ခုကျရောက်လာခဲ့ပြီး ဘုရားသခင်က သူတို့ကို အက်စသရ(စွမ်းအင်လက်နက်)တွေ
ချီးမြှင့်ခဲ့တယ်

အဲ့ဒီအက်စသရတွေနဲ့အတူ Lord Shiva ရဲ့ Almighty Weapon ကြီးဖြစ်တဲ့
ဗရမာစသရပါ ပေါ်ပေါက်လာခဲ့တယ် အဲ့ဒီအက်စသရကို ပိုင်ဆိုင်တဲ့သူဟာ
လောကခပ်သိမ်းကို အသစ်တစ်ဖန် ဖန်ဆင်းနိုင်သလို အရာခပ်သိမ်းကိုလည်း
ဖျက်ဆီးနိုင်စွမ်းရှိတယ်…

ဒါကြောင့် ဗရမန့်ချ်ဆိုတဲ့စောင့်ရှောက်ရေးအဖွဲ့အစည်းတစ်ခုက ဒီ ဗရမာစသရကို
အပိုင်းသုံးပိုင်းပိုင်းပြီး ခေတ်အဆက်ဆက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြတယ်

ဒီဗရမာစသရကို လိုချင်နေတဲ့ အဖျက်မုဆိုးအဖွဲ့အစည်းတစ်ခုကလည်း ရှိနေတယ်

ရှီဗား..
သူကတော့ သူ့ကံကြမ္မာကြီးဟာ ဒီအက်စသရတွေနဲ့
ဆက်နွယ်ထားတယ်ဆိုတာကို သူကိုယ်တိုင်တောင် မသိတဲ့သူတစ်ယောက်ပေါ့…
ငယ်ငယ်လေးကတည်းက မိမရှိ ဖမရှိနဲ့ ကြီးပြင်းလာခဲ့ရပေမယ့် ဘဝကို
ရိုးရိုးရှင်းရှင်းနဲ့ ပျော်ပျော်ဖြတ်သန်းနေသူတစ်ယောက်ပါ…

သူက ထူးဆန်းတဲ့ အမြင်တွေရရနေတတ်တယ်…

တစ်ရက် လူတစ်ယောက်ကို အဖွဲ့တစ်ဖွဲ့က သတ်ဖြတ်နေတာကို
သူ့အမြင်ထဲမှာ ပေါ်လာခဲ့တယ်…

နောက်တော့ သူ့အမြင်ထဲက အသတ်ခံရတဲ့သူဟာ
အပြင်မှာ တကယ်သေဆုံးသွားကြောင်း သိလိုက်ရတဲ့အခါမှာတော့…။
သူဟာ ဒီလျှို့ဝှက်ချက်ကြီးကို စတင်ရှာဖွေလာပါတော့တယ်…

ကဲ ဆက်လက်ပြီး ရှီဗားနဲ့အတူ ဇာတ်လမ်းထဲမှာ စီးမျောသွားလိုက်ကြပါဦးနော်

ဒီဇာတ်ကားလေးက ကျွန်တော့်အထင် Indian Superhero Verse ကို
ဆွဲခေါ်သွားမယ်လို့ ယူဆရတယ်..ဒီလိုလုပ်ဖို့လည်း ဒါရိုက်တာက
စဉ်းစားနေပါတယ်…

ဒီတော့ First Indian Superhero Universe Film လို့ ပြောလို့ရမယ်ထင်တယ်

ဒါပေမဲ့ တကယ်တမ်း Superhero လို့သွားသုံးနှုန်းပြန်ရင်လည်း ဟင်ဒူဘာသာဝင်များအတွက်
စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါတယ်..ဘာလို့ဆို ခုကားက Indian Almighty God တွေအကြောင်းနဲ့
သူတို့ရဲ့ အစွမ်းထက်အက်စသရ(စွမ်းအင်လက်နက်)တွေအကြောင်းကို ရိုက်ပြထားလို့လေ

ဘာပဲဖြစ်ဖြစ်ပါ Part Two လည်းထွက်မှာဆိုတော့…

Part Two မှာ ရန်ဗီးဆင်းနဲ့ ဒီပီကားပါဒူကွန်တို့က Lead Role အနေနဲ့
ပါဝင်လာနိုင်ဖွယ်ရှိပါတယ်

ဆိုတော့ ရင်ခုန်ခုန်နဲ့ စောင့်ရဦးမှာပေါ့နော်…။

 

Read More 0 comments


 

Rating : 6.9/10
Country :India
Genre :Action,Drama,Fantasy,India Movie,
Released Date : 2022
Duration :  2h 26min
 
 
အညွှန်း
 
တေလဂူမင်းသားချောလေးနန္ဒမူရီကလ်ယန်းရာမ်ပါဝင်သရုပ်ဆောင်ထားပြီး
ဘတ်ဂျတ်ကုဋေ၄၀အကုန်ကျခံရိုက်ကူးထားတဲ့ရုံတင်ကားတကားပဲဖြစ်ပါတယ်
ရုံတင်ငွေ၆၅ကုဋေနီးပါးအမြတ်ပြန်လည်ရရှိထားတဲ့အပြင်
ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုကိုပါ
ထပ်ဆောင်းရရှိထားတာကြောင့် ကြည့်သင့်တဲ့ရုပ်ရှင်ကားတခုပါနော်

ဒီဇာတ်ကားလေးက စိတ်ဝင်စားဖို့တော့ကောင်းသား..။

သက္ကရာဇ် ၅ရာစုနှစ်လောက် မင်းလုပ်အုပ်စိုးခဲ့တဲ့ ဗိမ္ဗိသာရဆိုတဲ့
ဧကရာဇ်မင်းတစ်ပါးရှိတယ် ဩဇာကြီးသလောက် အလိုရမ္မက်ကြီးတယ်
ရက်စက်ကြမ်းကြုတ်တယ် စာနာထောက်ထားမှုမရှိဘူး

သူ့ခေတ်သူ့အခါတုန်းက အနီးပတ်ဝန်းကျင်က ရှင်ဘုရင်တွေလည်း
ကောင်းကောင်းမနေရ သူကျူးကျော်တိုက်ခိုက်လာမှာကို စိုးရွံ့ရ
လက်ဆောင်ဆက်သရနဲ့ အခန့်မသင့်ရင် သူက ရှင်ဘုရင်တွေကိုပါ မချန်သတ်ပစ်တာ…

ဒီရက်စက်တဲ့ မင်းတရားကြီးဟာ သူနေထိုင်တဲ့ ၅ရာစုနှစ်ကနေ
၂၁ရာစုနှစ်ကို တိုက်ရင်းခိုက်ရင်း မတော်တဆ ရောက်ရှိလာတဲ့အခါမှာတော့…။

ဒီဖက်ခေတ်မှာလည်း ဒီဘုရင်ရဲ့အတောမသတ်နိုင်တဲ့ ရတနာသိုက်ကြီးကို
ရှာဖွေနေတဲ့ လူတွေရှိနေတယ်…။

သူ့ရာစုနှစ်ကို ပြန်ဖို့ ကြိုးစားနေတဲ့ မင်းတရားကြီးနဲ့
ရတနာသိုက်ကို လိုချင်နေတဲ့ လူတွေ ဆုံမိကြတဲ့အခါ….။

 

Read More 0 comments


 

Rating : 7.2/10
Country :United State
Genre :Action,Fantasy,Sci-Fi,
Released Date : 2022
Duration :  2h 4min
 
 
အညွှန်း
 
(HDCam Version ကို အရင်တင်ပေးထားပါတယ်။
အတော်လေး ကြည်ပါတယ်။
ကွာလတီ ကောင်းကောင်း ကြည့်လိုသူများကတော့ Update ရတဲ့အထိ စောင့်ပေးပါဦး။)
DC စကြဝဠာရဲ့ စူပါအသစ်တစ်ယောက်လာပါပြီ။
မင်းသား The Rock သရုပ်ဆောင်ထားတဲ့ Black Adam အကြောင်းပါပဲ။
ဒီစူပါဟီးရိုးဟာ မှော်အစွမ်းကို အခြေခံထားတာဖြစ်ပြီး
မှော်ဆရာတွေဆီကနေ ရှေးနတ်ဘုရားတွေရဲ့ စွမ်းအားတွေကို ရရှိထားတာဖြစ်ပါတယ်။
“ရှဇမ်း” လို့ အော်ပြီး စွမ်းအားရတာချင်းတူပေမဲ့
ပထမရုပ်ရှင်ထဲက Shazam နဲ့ နတ်ဘုရားနာမည်ချင်းမတူပါဘူး။
ရှဇမ်းက ဂရိနတ်ဘုရားတွေဆီကနေ စွမ်းအားရပြီး၊
ဘလက်အဒမ်ကတော့ အီဂျစ်နတ်ဘုရားတွေဆီက စွမ်းအားရတာပါ။
ဒီဟီးရိုးဟာ ဒီစီရဲ့ စွမ်းအားအကြီးဆုံးတွေထဲက တစ်ယောက်မို့
ဘယ်လောက်ကြမ်းလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်ရပါတော့မယ်။

ဇာတ်လမ်းအကျဉ်းကတော့

ရောမထက် ရှေးကျတဲ့ ခန်းဒက်ဆိုတဲ့နိုင်ငံလေးဟာ
ဘုရင်ဆိုး အက်ခ်တွန် အုပ်ချုပ်တဲ့အောက်မှာ ဒုက္ခရောက်နေရပါတယ်။
အဲဒီဘုရင်ကလည်း နတ်ဆိုး ၆ ပါးရဲ့အစွမ်းကိုအသုံးချဖို့ သရဖူတစ်ခုကို ဖန်တီးဖို့ကြိုးစားနေပါတယ်။
ဒါကိုတားဆီးဖို့ မှော်ဆရာတွေဟာ ခန်းဒက်ရဲ့ ကျွန်တွေထဲက တစ်ယောက်ကို
သူရဲကောင်းအဖြစ် ရွေးချယ်ပြီး နတ်ဘုရားအစွမ်းတွေ ပေးအပ်လိုက်ပါတော့တယ်။
အဲဒီသူရဲကောင်းဟာ ဘုရင်ဆိုးကို နှိမ်နင်းပြီးနောက်မှာ
နှစ်ပေါင်း ၅၀၀၀ တိတိ ပျောက်ကွယ်သွားပါတော့တယ်။
ယနေ့ခေတ် ခန်းဒက်နိုင်ငံမှာပဲ အကြောင်းတစ်ခုကြောင့်
အဲဒီသူရဲကောင်းပြန်ပေါ်လာတဲ့အခါ ဘာတွေဖြစ်လာမလဲ ...

 

Read More 0 comments


Rating : 4.4/10
Country :United State
Genre :Adventure,Family,Fantasy,
Released Date : 2022
Duration :  1h 27min
 
 
အညွှန်း
 
အားလုံးကို ဟောလို၀င်းအမှီ ဟောလို၀င်း vibe အပြည့်ရစေမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Rating တွေက မစုတ်တစုတ်ဖြစ်‌နေသလို Effect တွေကလည်း မကောင်းတ‌ကောင်းပေမယ့် ၁နာရီခွဲစာလောက် အချိန်ဖြုန်းချင်သူတွေအတွက်တော့ အဆင်ပြေမယ့်ကားလေးပါ။

လူပျိုဖော်၀င်စ သူငယ်ချင်းသုံးယောက် ဟောလို၀င်းကို ခါတိုင်းနှစ်နဲ့မတူဘဲ ဖြတ်သန်းချင်လို့ ပေါက်ကရလေးဆယ်လုပ်ရင်းနဲ့ မြို့ရဲ့ဒဏ္ဍာရီထဲက ဝိညာဉ်ကိုနှောင့်ယှက်မိသွားတဲ့အခါမှာတော့ အဲဒီဝိညာဉ်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဟာသလေး‌တွေနဲ့ စခွီထရင်း ကြည့်ရှုရမှာပါ။ မိသားစုနဲ့အတူကြည့်ရင်း ဟာသလေးတွေနဲ့ fun ဖြစ်နိုင်တဲ့ကားမျိုးမလို့ တင်ဆက်ပေးလိုက်ရပါတယ်။ Deep plot တွေဘာတွေ မမျှော်လင့်ထားဘဲ ပေါ့ပေါ့ပါးပါးကြည့်ရင် အဆင်ပြေတဲ့ကားလေးပါ။ သရဲကားလည်းကြည့်ချင်တယ်၊ ကြောက်လည်း ကြောက်တတ်တယ်ဆိုတဲ့သူတွေလည်း လုံးဝလက်လွှတ်မခံသင့်တဲ့ကားဆိုတာကို သရဲကိုတွေ့တဲ့အချိန်မှာ သဘောပေါက်သွားပါလိမ့်မယ်…

 

 

Read More 0 comments


Rating : 8.0/10
Country :India
Genre :Action,Adventure,Fantasy,India Movie,
Released Date : 2022
Duration :  2h 30min
 
 
အညွှန်း
 
ခုတစ်ခါထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းတေလဂူကားလေးကတော့
တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ကားလေးပါပဲ…
မင်းသားချော နီခေလ်နဲ့ မင်းသမီးချောလေး အန်နူပမာတို့
ခေါင်းဆောင်မင်းသား မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်

ဒီဇာတ်ကားမှာ ကာသစ်က လက်တွေ့သိပ္ပံကလွဲရင် ကျန်တာတွေကို
အယုံအကြည်မရှိဘူးဆိုပေမယ့် လက်တွေ့ဆန်တာ ယုတ္တိရှိတာတွေကိုတော့
ယုံလေ့ရှိသလို တစ်မူထူးခြားတဲ့လူတစ်ယောက်လည်း ဖြစ်တယ်…

သူဟာ ဆရာဝန်တစ်ယောက်ဖြစ်သလို စူးစမ်းလေ့လာရေးသမားတစ်ယောက်လည်း
ဖြစ်သေးတယ်…

ဘုရားအဆင်တန်ဆာတွေကို လိုချင်တပ်မက်နေကြတဲ့ သိုက်တူးသမား
အဖွဲ့အစည်းတစ်ခုရှိတယ်…လောဘသားကောင်တွေဆိုပါတော့
ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းမယ့် လူစားမျိုးတွေ…

အဲ့ဒီအဖွဲ့အစည်းထဲက ပရော်ဖက်ဆာတစ်ယောက်ဟာတော့
ဒီအဖြစ်ကို မလိုလားခဲ့ဘူး..ဒါကြောင့် အဆင်တန်ဆာတွေရဲ့
တည်နေရာကို ခဲရာခဲဆစ်နဲ့ တစ်ယောက်တည်း သဲလွန်စတွေ
ရှာဖွေဖေါ်ထုတ်ခဲ့တယ်…

နောက်ဆုံး ဒီသဲလွန်စတွေနဲ့ အဆင်တန်ဆာတွေကို ကာကွယ်ရမယ့်တာဝန်က
ကာသစ်ဆီရောက်လာတော့..

ဗီဇအရ စူးစမ်းရှာဖွေလိုစိတ်အပြည့်ရှိတဲ့ ကာသစ်ဟာ ဒီသဲလွန်စတွေကို
ဘယ်လိုရှာဖွေဖေါ်ထုတ်မလဲ…။

ဆန်းကြယ်မှုတွေပြည့်နှက်နေတဲ့ သူ့ခရီးကို
ဘယ်လိုဖြတ်သန်းမလဲဆိုတာကတော့….။

 

 

Read More 0 comments


 

Rating : 6.9/10
Country :China
Genre :Action,Adventure,Fantasy,Chinese Movie,
Released Date : 2022
Duration :  1h 30min
 
 
အညွှန်း
 
ကယ်ဆာဘုရင်ရဲ့
ကောင်းကင်ဓားကို လေ့လာစူးစမ်းသူ ရှီးရှီးဟာဆိုရင်
ငယ်ငယ်တည်းက သူ့အဖေပရော်ဖက်ဆာရဲ့ စကားတွေကြောင့်
ကယ်ဆာဘုရင်နဲ့ ကောင်ကင်ဓားအပေါ်စွဲလန်းနေတဲ့အပြင်မှာမှ
ဖခင်ဖြစ်သူကလည်း ဒီလေ့လာမှုကြောင့် သေဆုံးခဲ့ရတာကြောင့်
မပြီးဆုံးတဲ့တာဝန်တစ်ခုလို သတ်မှတ်ပြီး အဆုံးထိ လေ့လာနေသူတစ်ဦးပေါ့..
.
ဒီလိုနဲ့ သူဟာ သဲလွန်စတွေအတိုင်း ရှီချွီကို သွားဖို့လုပ်ရာနေ
မာချန်ဆိုသူနဲ့ ကားငှားရင်ဆုံးခဲ့တာပါ… မာချန်နဲ့ အစပိုင်းမှာ
မသင့်မြတ်ပေမယ့် တဖြည်းဖြည်း အဆင်ပြေလာရာကနေ
ရှီးရှီး လေ့လာမှုမှာ တစ်နေရာက ပါဝင်ကူညီတဲ့အဆင့်ထိဖြစ်လာခဲ့တာပေါ့…
တစ်ဖက်မှာလည်း ရှီးရှီးနောက်ကို ရှေးဟောင်းသုတေသီတို့ရဲ့
အဖျက်သမားအဖွဲ့ကလိုက်နှောင့်ယှက်တဲ့ဒဏ်လည်းရှိနေသေးတာမို့…

ရှီးရှီးတို့ အဆုံးသတ်မှာ လေ့လာမှုအောင်မြင်ပါ့မလား…
တမ်းတနေတဲ့ ကောင်းကင်ဓားရော ရှာတွေ့ပါ့မလား…
နောက်ပြီး ရှီးရှီးအဖေကရော ဘာကြောင့်သေသွားရတယ်ဆိုတာ
 

 

 

Read More 0 comments

 

Rating :3.4/10
Country :India
Genre :Drama,Fantasy,Mystery,
Released Date : 2022
Duration :  2h 12min

အညွှန်း

အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့
အားလုံးရဲ့အချစ်တော် တာ့ပ်ဆီးပန်းနုရဲ့ ဇာတ်ကားသစ်လေးပဲ
ဖြစ်ပါတယ်

ဇာတ်ကားလေးက အပြိုင်ကမ္ဘာပုံစံမျိုး ဆန်းဆန်းပြားပြားလေး
ရိုက်ကူးထားတာပဲဖြစ်ပါတယ်

အန်တာရာ (တာ့ပ်ဆီး) က လက်ရှိအချိန်ကာလမှာနေပြီး
အတိတ်က အာနေးဆိုတဲ့ကောင်လေးနဲ့ တီဗွီထဲကနေတစ်ဆင့်
ဆက်သွယ်မိသွားပါတယ်

အတိတ်က အာနေးဆိုတဲ့ကောင်လေးဟာ
ဘေးအိမ်က လင်မယားနှစ်ယောက်ရန်ဖြစ်နေတဲ့နေရာဆီ သွားရင်း
ကားတိုက်ခံရပြီး သေဆုံးသွားတာဖြစ်ပါတယ်

အဲဒီကောင်လေး အာနေး နေခဲ့တဲ့အိမ်မှာပဲ
အန်တာရာတို့ မိသားစုက ပြောင်းလာတာဖြစ်ပြီး
အာနေးဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အားလုံးကို
အန်တာရာက သိထားတာမို့လို့
အာနေးမသေအောင် အနာဂတ်ကနေ ကူညီပါတော့တယ်

အဲဒီလိုနဲ့ သူ အာနေးကို ကူညီနိုင်ပါ့မလား
အနာဂတ်ကနေ အတိတ်ကို ဘယ်လိုအကူအညီပေးမှာလဲ
ကံကြမ္မာကိုပြောင်းလဲအောင်လုပ်လိုက်ရင်
သူတို့ကရော ဘယ်လိုဖြစ်သွားမှာလဲ......

Read More 0 comments


 

Rating : 6.5/10
Country :United State
Genre :Drama,Fantasy,Horror,
Released Date : 2022
Duration :  1h 30min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

သမာရိုးကျဇာတ်လမ်းမျိုးမဟုတ်ပဲ တစ်ကားလုံး ပြီးတဲ့အထိ ဇာတ်ကောင်ရဲ့နာမည်ကိုတောင် မသိလိုက်ရတဲ့ ထူးပေ့ဆန်းပေ့ ဇာတ်လမ်းမျိုးကိုမှ ကြည့်ချင်ပါတယ်ဆိုရင် ဒီကားကို recommend ချင်ပါတယ်။ ရွံတတ်တဲ့လူတွေ မကြည့်ကြဖို့တော့ ကြိုမှာပါရစေ။

ဇာတ်ကောင်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ အရေးပါအရာရောက်တဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ဇာတ်လမ်းကို သူ့မှာ ပြဿနာတစ်ခုရှိနေလို့ ခွင့်ယူထားတာနဲ့ စဖွင့်ထားပါတယ်။
ဘာပြဿနာလဲဆိုတော့ သူဟာ သူများတွေမကြားရတဲ့ အသံတွေကို ကြားနေရတာပါပဲ။ အဲဒါက ဘာသံတွေလဲဆိုတာကို သူကိုယ်တိုင် အဖြေရှာရင်းကနေမှ …

သူများ မကြားရဘဲ သူတစ်ယောက်တည်း ကြားနေရတဲ့ အသံတွေက ဘာအသံတွေဖြစ်မလဲ?
အဲ့ဒီဝန်ထမ်းဆိုသူကကော ဘာတွေဆက်ဖြစ်မလဲ? 

 

 

Read More 0 comments


 

Rating : 6.3/10
Country :United State
Genre :Comedy,Family,Fantasy,
Released Date : 2022
Duration :  1h 43min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

မီးတောက်နက် ဖယောင်းတိုင်ဟာ ပြန်လည် ထွန်းလင်းလာပြန်ပါပြီ ပရိသတ်ကြီးရေ

၀င်နီ၊ ဆာရာနဲ့ မယ်ရီ ညီအစ်မ 3 ယောက်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့သူတွေကတော့ ဒါ ဘာကို ဆိုလိုတာလဲ သိလောက်ကြမယ် ထင်ပါတယ်…..

ဒီစုန်းမ သုံးဖော်ဟာ မီးတောက်နက်ဖယောင်းတိုင် မီးလင်းနေမှ အသက်ရှင်နိုင်သူတွေဖြစ်ပါတယ်။ သူတို့ဟာ အသက်ရှင်ဖို့အတွက် ဆယ်ကျော်သက်လေးတွေရဲ့ အသက်ကိုလည်း စားသောက်ရပါသေးတယ်။

လွန်ခဲ့တဲ့ အနှစ် ၃၀၀ကျော်တုန်းက ဟောလိုး၀င်တစ်ညမှာ ကောင်လေးတစ်ယောက်ရဲ့ လက်ဆော့မှုကြောင့် သူတို့တွေ ပေါ်လာပြီး ဆေလင်မြို့ကို အမွှေကြီး မွှေသွားခဲ့ပါတယ်။

အခု ၂၁ ရာစုမှာလည်း admirer တစ်ယောက်ကြောင့် လိုချင်တာရဖို့ဆို ဉာဏ်နီဉာဏ်နက်များပြီး ရအောင်ယူတတ်တဲ့ စုန်းမသုံးဖော်ဟာ ဆေလင်ကို လက်စားချေဖို့ ပြန်ပေါ်လာခဲ့ပါပြီ။

သူတို့ ဘယ်လိုမွှေပြီး ဘာတွေ ဆက်ဖြစ်မလဲ......

 

 

Read More 0 comments


 

Rating : 7.6/10
Country :United State
Genre :Comedy,Family,Fantasy,
Released Date : 2022
Duration :  1h 49min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

စီးရီးရဲ့ ရှေ့ပိုင်းကာလကို ရိုက်ပြထားတာဖြစ်ပြီး
ဟာမန်းမွမ်းစတား ဖြစ်ပေါ်လာပုံ၊ ဟာမန်း နဲ့ သွေးစုပ်ဖုတ်ကောင် လီလီတို့ တွေ့ဆုံဖြစ်ကြပုံ
လီလီ့အဖေ မြို့စားမင်းကြီး သဘောမတူတဲ့ကြားက ဟာမန်း နဲ့ လီလီ တို့ လက်ထပ်ဖြစ်ကြပုံတွေကို ရိုက်ကူးထားတာပါ

ကြောင်ကြောင်ကျားကျားမိတ်ကပ်တွေနဲ့ လူသားတွေကို ပြန်ကြောက်နေတဲ့
ခပ်ကြောင်ကြောင် သွေးစုပ်ဖုတ်ကောင်တစ်သိုက်ကြောင့်
စ လယ် ဆုံး ခွီနေရမယ့် comedy ဇာတ်လမ်း စစ်စစ်ပါ

အရောင်အသွေးကို ခပ်ရင့်ရင့် ပုံဖော် ထားတာကြောင့်
ကာတွန်းဇာတ်ကောင်တွေ အသက်ဝင်လာသလို ခံစားရမှာ ဖြစ်ပြီး
Hotel Transylvania တို့၊ Addams Family တို့လို ပုံစံမျိုးကို
ကြိုက်နှစ်သက်တဲ့ သူတွေ အတွက် စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်မယ့် ဇာတ်ကားတစ်ကားပါ..

 

 

Read More 0 comments


 

Episodes : 30
Country :China
Released Date : 2022
 
 

အညွှန်း

ဇာတ်လမ်းအကျဥ်းလေးကတော့

1930ခုနှစ် Republican ခေတ်အချိန်ရဲ့

နာမည်ကြီးကြယ်ပွင့်သရုပ်ဆောင်

Xiang Qin Yu ကမမျှော်လင့်ဘဲ

ကံကြမ္မာအလှည့်မှာ21ရာစုခေတ်ကို

အချိန်ခရီးသွားပြီးရောက်လာခဲ့ပါတယ်။

1930နှစ်နဲ့မတူညီဘဲ ထူးခြားဆန်းသစ် နေတဲ့နေရာမှာ

တစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေတဲ့အချိန်

Xiang Qin Yu ရဲ့ ဖန်အကြီးစား,

screenwriter ဖြစ်သူ Jin A Yin နဲ့

ဆုံတွေ့ကြတဲ့အခါမှာတော့…

နာမည်ကျော်သရုပ်ဆောင်တစ်ယောက်နဲ့

သာမန်ဇာတ်ညွှန်းရေးဆရာမလေးရဲ့

ဇာတ်လမ်းက ဘယ်လိုဖြစ်မလဲ။

တစ်ယောက်ကိုတစ်ယောက်

အပြန်အလှန် ကူညီကြရင်း

ရင်ခုန်သံတွေ နီးကပ်လာမှာလား။

ဒါ့အပြင် 21 ရာစုကို ရောက်လာခဲ့ရတဲ့

အကြောင်းရင်းကို ရှာဖွေတဲ့အခါမှာတော့

အမှန်တရားကရော ဘာလဲ ဆိုတာတွေကို

ရိုရိုချိုချို, ဟာသရသမျိုးစုံ ,

ရင်ခုန်စိတ်လှုပ်ရှားစရာအပြည့်နဲ့

ခံစားကြည့်ရှုရမှာပါနော်။

 

Read More 0 comments


Episodes : 10
Country : Korea
Released Date : 2022
 
 

အညွှန်း

လူနေမှုအဆင့်အတန်း မြင့်တာလာနဲ့မျှ စားဝတ်နေရေးအတွက် အလုပ်ဆိုတာ မရှိမဖြစ်လို ဖြစ်နေပါပြီ… ဒါပေမဲ့ စီးပွားရေးတွေ ကျပ်တည်းနေချိန်မှာ ကုမ္ပဏီတွေကလည်း ပြန်လည်ဖွဲ့စည်းမှုအတွက် ဝန်ထမ်းတွေ လျော့ကြတာလည်း တွေ့မြင်နေကျဖြစ်ပါတယ်

မန်နေဂျာယွန်းကတော့ အလုပ်မှာတော်ပြီး ဂုဏ်ပုဒ်တွေအများကြီးနဲ့ နေခဲ့ရတာကြောင့် သူ့ကိုယ်သူ အထင်ကြီးလွန်းပြီး ရာထူးတက်ဖို့ပဲ ချောင်းနေသူပါ ဒါပေမဲ့ သူ့ဘဝက ထင်သလိုဖြစ်မလာဘဲ စိတ်ဓာတ်ကျစရာတွေနဲ့ပဲ ကြုံရပါတော့တယ် သူ့အတွက် ကံကောင်းတာတစ်ခုက ဘေးမှာ အားပေးနေတဲ့ ဇနီးဖြစ်သူရှိနေတာပါပဲ

ဒီဇာတ်လမ်းတွဲက Comedy ဖြစ်တဲ့အလျောက် မန်နေဂျာယွန်းက စိတ်ဓာတ်ကျနေတဲ့ကြားကိုက အလွဲတွေချည်းလုပ်ပြီး သူစိတ်ဓာတ်ကျနေတာကိုက ခွီစရာကြီးဖြစ်နေတာပဲ

မန်နေဂျာယွန်းဟာ တခြားသူတော့မဟုတ်ပါဘူး ကျွန်တော်တို့တွေ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ “ချစ်လှေကားထစ်များ” လို့လူသိများတဲ့ ဇာတ်လမ်းတွဲထဲက Kwon Sang Woo ပါ

မင်းသားကြီး တစ်ယောက်အနေနဲ့ ဒီလို ဟာသဇာတ်လမ်းတွဲထွက်လာဖို့ တကယ်မထင်ထားခဲ့တာအမှန်ပါ တကယ်ရယ်ရတဲ့ဇာတ်လမ်းမို့လို့ စိတ်အပန်းဖြေဖို့ ကြည့်ရှုလိုက်ကြပါဦးနော် ။

 

 

Read More 0 comments


 

Episodes : 12
Country : Korea
Released Date : 2022
 
 

အညွှန်း

အားလုံးအတွက်…Start-Up လုပ်ငန်းအကြောင်း၊ Management အကြောင်းတွေကို ဟာသလေးတွေနဲ့ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ~

ကိုရီးယားနိုင်ငံ Start-up ကုမ္ပဏီတွေနဲ့ပတ်သက်တဲ့ ရုန်းကန်မှုတွေကို သရုပ်ဖော်ထားတဲ့ကားလေးပါ။ Start-Up လုပ်ငန်းတွေကြုံတွေ့နေကျပြဿနာကို McCom လို့ခေါ်တဲ့ Fictional Company တစ်ခုမှဝန်ထမ်းတွေလည်း ကြုံတွေ့နေရပါတယ်။

Steve ကတော့ McComb နောက်ကွယ်က စီစဉ်ညွှန်ကြားသူဖြစ်ပြီး အလွန်စိတ်အားထက်သန်ပြီးတော့ တယူသန်သူတစ်ယောက်ပါ။
Ashley ကတော့ဆန်းသစ်တီထွင်မှုအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး Steve ရဲ့အတော်ဆုံးဝန်ထမ်းထဲကတစ်ယောက်ပါ။

အတွေးအခေါ်ပေါင်းစုံနဲ့ ခံယူချက်ချင်းမတူတဲ့ McComb အဖွဲ့ဝင်တွေကလုပ်ငန်းတစ်ခုကို ဘယ်လိုတည်ဆောက်ကြမလဲ?
Start-up လုပ်ငန်းတွေရဲ့ဖရိုဖရဲဂယက်ကိုရော ကျော်ဖြတ်နိုင်လိမ့်မလား? 

Read More 0 comments


 

 

Rating : 6.8/10
Country :Action,Fantasy,Sci-Fi,Korea Movie,
Genre :Action,Thriller,
Released Date : 2022
Duration :  2h 22min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

မင်းသား Woo Bin ရဲ့ Comeback ရုပ်ရှင်ကတော့ K Industry မှာ တစ်ခေတ်ဆန်းသစ်ပြန်ပါပြီ

ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့
ဂိုလျောခေတ်ကို ဂြိုဟ်သားတွေ ရောက်လာတဲ့ကိစ္စပါပဲ
တစ်ချိန်တည်းမှာပဲ လက်ရှိခေတ်မှာရော ဂြိုဟ်သားတွေ ကမ္ဘာမြေပေါ်ကိုရောက်လာပါလေရော
အချိန်နှစ်ခုကို ယှဉ်ရိုက်ထားပြီး အဲဒီအချိန်နှစ်ခုကြားမှာ ဘယ်လို ပတ်သက်ဆက်နွယ်မှုတွေ ရှိသလဲဆိုတာကတော့ မြှုပ်ကွက်တစ်ခုပါပဲ

အားလုံးပဲသိတဲ့အတိုင်း ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း သူ့ထက်ငါ တပြားမှမလျော့ကြတဲ့သူတွေပါပဲ

– Reply 1988 ထဲက Ryu JunYeol
– Our Blues ထဲက Kim Woo Bin
– 25-21 ထဲက သည်းသည်းတုန်လေး Kim Tae Ri နဲ့
– ဘတ်ချောအွန်းလို့ မြန်မာမှာ လူသိများတဲ့ မင်းသားကြီး So Ji Sub တို့ပါဝင်ထားလို့

အာရုံအစိုက်ခံရဆုံးဇာတ်လမ်းပါပဲ...

Read More 0 comments


 

 

Rating : 6.3/10
Country :United State
Genre :Action,Comedy,Fantasy,
Released Date : 2022
Duration :  1h 53min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဂျေမီဖောက်စ်၊ စနုဒေါ့နဲ့ ဒေ့ဖရန်ကိုတို့ရဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ သွေးစုပ်ကောင်မုဆိုးဇာတ်လမ်းပါပဲ။ အက်ရှင်နဲ့ ဟာသအသားပေးပါ။

ဂျေမီက သွေးစုပ်ကောင်မုဆိုးများသမဂ္ဂကနေ အထုတ်ခံထားရတဲ့ ဘက်ဒ်ဆိုတဲ့ တစ်ကိုယ်တော်မုဆိုးတစ်ယောက်ပါ။ သွေးစုပ်ကောင်မုဆိုးတွေဟာ သွေးစုပ်ကောင်တွေကိုသတ်ပြီး အစွယ်တွေကိုနှုတ်ရောင်းရင် ဈေးကောင်းရတဲ့အတွက် အဲဒီအလုပ်နဲ့အသက်မွေးကြတာများပါတယ်။ ဒါပေမဲ့ မှောင်ခိုဈေးဆိုရင် နည်းတာမို့ သမဂ္ဂအသင်းဝင်ဖြစ်မှ ဈေးကောင်းရကြတာတို့ အာမခံရတာတို့ ဖြစ်ပါတယ်။ ဘက်ဒ်ဟာ အဲဒီအလုပ်ကိုလျို့ဝှက်လုပ်နေတာကြောင့် မိန်းမနဲ့ကလေးနဲ့ ခွဲနေရပြီး ငွေကြေးလည်းအဆင်မပြေဖြစ်နေပါတယ်။ တစ်နေ့မှာ သူ့မိန်းမက ကလေးကျောင်းလခ ဒေါ်လာ ၅၀၀၀ နဲ့ သွားဆေးခန်းမှာသွားထိန်းအစွပ်လုပ်ဖို့ ဒေါ်လာ၅၀၀၀ လိုတယ်ပြောလာတဲ့အခါ သမဂ္ဂမှာပြန်ဝင်ခွင့်ရအောင်လုပ်ပြီး သွေးစုပ်ကောင်တွေအများကြီးလိုက်သတ်ပြီး ငွေတွေအများကြီးရှာဖို့ ကြိုးစားလာပါတော့တယ်။ ဒါပေမဲ့ သူသတ်လိုက်တဲ့ သွေးစုပ်ကောင်ရဲ့ ဆွေမျိုးတွေက အကောင်ကြီးမိသားစုဖြစ်နေပြီး သူ့ကိုလက်စားချေဖို့လိုက်လာတဲ့အခါမှာတော့…

Read More 0 comments