Episodes : 9 (Season 1)
Country : United State
Released Date : 2021
အညွှန်း
နာမည်ကျော် PC ဂိမ်းကြီးတစ်ခုဖြစ်တဲ့ League of Legends ဂိမ်းကြီးကို
ပရိသတ်တော်တော်များများ သိကြမှာပါ… ဒီဂိမ်းဟာ MOBA ဂိမ်းတစ်ခုဖြစ်ပြီးတော့
ကမ္ဘာတစ်ဝှမ်းဆော့ကစားသူပေါင်းသန်းချီရှိနေတဲ့ Playerbase အများဆုံးဂိမ်းလည်း ဖြစ်ပါတယ်…
ထူးခြားတာကတော့ ဒီဂိမ်းကိုပိုင်တဲ့ Riot ကုမ္ပဏီက Fan service ပေးရမှာ အင်မတန်ကို နာမည်ကြီးတာပါ…
ဂိမ်းထုတ်လုပ်ရုံတင်မကပဲ ဂိမ်းနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲတွေ ရှိုးတွေ အလှူပွဲတွေအပြင် Kpop band လို အဆိုတော်အဖွဲ့တွေပါ ဖွဲ့ထားတာပဲဖြစ်ပါတယ်…
အခုတော့ နောက်တစ်ဆင့်အနေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေဘက်ပါ ခြေဦးလှည့်လာပြန်ပါတယ်…
ဒါကတော့ အခုတင်ဆက်ပေးမယ့် ‘Arcane’ ဆိုတဲ့ စီးရီးပါ… LOL အခြေတည်ရာကမ္ဘာကတော့
Runeterra ဆိုတဲ့ ကမ္ဘာကြီးဖြစ်ပြီး နောက်ခံသမိုင်းဇာတ်ကြောင်းတွေ ဇာတ်လမ်းတွေနဲ့ အင်မတန်ကျယ်ပြန့်တဲ့
universe ကြီးတစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်… ဂိမ်းထဲမှာပါဝင်တဲ့ ချန်ပီယံတွေရဲ့ ဘဝဇာတ်ကြောင်း..
နေရာဒေသတွေရဲ့ သမိုင်း..စတာတွေဟာ LOL ဆော့ကစားရာ Players တွေအတွက် သီးသန့်ကမ္ဘာတစ်ခုဖြစ်နေပြီး စိတ်ဝင်စားစရာလည်း အပြည့်နဲ့ပါ…
ဒီ universe ကြီးကို ဟိုးအရင်တည်းက ချန်ပီယံ မိတ်ဆက် cinematic trailer… short video တွေ စသဖြင့် နည်းမျိုးစုံနဲ့
မိတ်ဆက်ခဲ့ပြီး အခုမှသာ ရုပ်ရှင်ဇာတ်လမ်းအနေနဲ့ ပေါ်ထွက်လာတာပဲဖြစ်ပါတယ်… ဒီတော့ ပရိသတ်ကြီးအနေနဲ့
ဒီဇာတ်လမ်းဇာတ်ကြောင်းတွေကို အဆင်ပြေပြေနဲ့ ကြည့်ရှုနိုင်တော့မှာပါ… အခု စတင်ထွက်ရှိလာတဲ့
Arcane ဇာတ်လမ်းတွဲကတော့ LOL ရဲ့ ချန်ပီယံ နှစ်ယောက်ဖြစ်တဲ့ Vi နဲ့ Jinx တို့ရဲ့ ဇာတ်လမ်းကို အခြေခံထားတာပဲဖြစ်ပါတယ်…
မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီး Vi နဲ့ ဒုတိယဟာလေကွင်းလို့တောင် တင်စားရမယ့် ရူးကြောင်ကြောင်
Jinx တို့ရဲ့ဇာတ်လမ်းဟာ ဘာကြောင့် ဘယ်လိုတွေ ဖြစ်လာသလဲဆိုတာကို ဒီ Arcane ဆိုတဲ့ဇာတ်လမ်းကြီးထဲမှာ ကြည့်ရှူခံစားကြပါဦး…
သူတို့နှစ်ယောက်ကို ဇာတ်အိမ်တည်ပြီး တခြားချန်ပီယံတွေရဲ့အကြောင်းကိုလည်း သိရမှာဦးမှာမို့ သေချာလေးကြည့်ဖို့တော့ လိုမယ်နော်…
Download Link
--------------------
Read More