Showing posts with label Philippines Movie. Show all posts
Showing posts with label Philippines Movie. Show all posts


Rating : 6.9/10
Country :Philippines
Genre :Thriller,Philippines Movie,
Released Date : 2022
Duration :  1h 38min
 
 
အညွှန်း
ဇာတ်ကားနာမည်က Greed တဲ့ .. လောဘပေါ့။ လောဘ​တရားဟာ ဘယ်ဘာသာရေးမှာမဆိုရှိတယ်။ ခရစ်ယာန်မှာလည်း ခရစ်ယာန်၊ ဗုဒ္ဓဘာသာမှာလည်း ဗုဒ္ဓဘာသာအလျောက် ပြဌာန်းထားတာတွေရှိတယ်။ လောဘ​အကြောင်းကတော့ ပြောလို့ကုန်မှာတောင် မဟုတ်ဘူး။

ဇာတ်လမ်းအကျဉ်း …

တွမ်မီ၊ ကီချီ၊ သာဒုံ ဆိုတဲ့ သူငယ်ချင်း ၃ယောက်ရှိတယ်။ တစ်နေ့မှာ သူတို့၃ယောက်ဆီ ထီလက်မှတ်တစောင်ရောက်လာပြီး သူတို့ ၃ယောက်စလုံးကို ထီလက်မှတ်အသွင်နဲ့ ရောက်လာတဲ့ လောဘတရားက တဖြည်းဖြည်း ဘယ်လို ဝါးမြိုသွားမလဲ ..
 

 

 

Read More 0 comments


Rating : 4.7/10
Country :Philippines
Genre :Horror,Philippines Movie,
Released Date : 2022
Duration :  1h 41min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

==============================

 

 

 

Read More 0 comments


 

 

Rating : 5.1/10
Country : Philippines
Genre : Adult, Drama, Thriller
Released Date : 2022
Duration :  1h 20min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

18+ ဆိုပြီး အားရပါးရပြေးမငမ်းခင် တစ်ခုသတိပေးချင်တာက ဒီဇာတ်ကားက သတ်ခန်းဖြတ်ခန်း သွေးထွက်သံယိုတွေနဲ့ Thriller အမျိုးအစားလဲဖြစ်ပါတယ်။

ဇာတ်လမ်းကတော့…

ဘူဂီက သာမန်လူလတ်တန်းစားမိသားစုက မွေးဖွားလာပြီးကျောင်းတက်အလုပ်လုပ်နေဆဲလူငယ်တစ်ယောက်ဖြစ်ပြီး၊
သူ့မိဘတွေကတော့မုန့်တိုက်တစ်ခုဖွင့်ထားပါတယ်။ သူ့ကောင်မလေး မော်နီကာ ကတော့ အနှိပ်ခန်းတစ်ခုမှာ အလုပ်လုပ်ပြီး
မကြာခဏငွေတောင်းကြမ်းတဲ့ အဒေါ်လောင်းကစားသမားကြောင့် ဒီဘဝက ရုန်းထွက်လွတ်မြောက်ဖို့
ကြိုးစားရင်း သံသရာလည်နေရသူပါ။ တစ်နေ့တော့ မော်နီကာကိုတစ်ဖက်သတ်ကြိတ်ကြိုက်နေတဲ့ ရာဂျီဆိုတဲ့လူတစ်ယောက်က
အလုပ်ရှာပေး ငွေတွေနဲ့မက်လုံးပေးရင်း မော်နီကာရဲ့ကာမကိုရယူချိန်မှာ ဘူဂီတွေ့မြင်သွားခဲ့ပြီး ရုတ်တရက်
ဖြစ်ပေါ်လာတဲ့ သဝန်တိုပူလောင်မှုနဲ့ ရာဂျီခေါင်းကိုခဲနဲ့ထုသတ်ဖို့ကြိုးစားပါတယ်။
မော်နီကာအဆွဲမြန်လို့ သေတဲ့အထိဖြစ်မသွားပေမယ့် အဲ့ဒါကြောင့်ပဲ ပြဿနာပိုကြီးဖို့ဖြစ်လာပါတော့တယ်။

ရာဂျီရဲ့မိသားစုဟာ သြဇာကြီး၊ ငွေကိုရေလိုသုံးပြီးတော့ သူတို့သားအတွက် ကလဲ့စားကိုရအောင်ယူမှာဖြစ်သလို၊
ဘူဂီရဲ့မိခင်ကလဲ သူ့သားအန္တရာယ်မကျရောက်စေဖို့ ဘူဂီဦးလေးဖြစ်သူရဲအရာရှိကိုအကူအညီတောင်းမိသွားတဲ့အခါ..။
ဘူဂီနဲ့မော်နီကာတို့တင်မက သူတို့ရဲ့မိသားစုတွေပါ ဒီပြဿနာအရှုပ်ထုပ်ထဲ ဘယ်လိုနစ်ကျွံဝင်သွားမလဲ?
သူတို့အတွက်အဖြေ ဒါမှမဟုတ် ထွက်ပေါက်တစ်ခုကိုအချိန်မှီရှာတွေ့ကြမလားဆိုတာ ဆက်လက်ရှုစားကြပါ။

Vivamas Princess လို့ခေါ်ကြတဲ့ညှို့မင်းသမီးပေါက်စလေး AJ Raval နဲ့အတူ Vince Rillon “Siklo” (2022) တို့ဦးဆောင်ပါဝင်ထားပြီး
မင်းသမီးအသစ်လေးတစ်ချို့ကိုလဲ မိတ်ဆက်ပြထားပါသေးတယ်။
စိတ်ညစ်ညူးစရာကောင်းအောင် ကြမ်းတမ်းရက်စက်တဲ့ နှိပ်စက်သတ်ဖြတ်ခန်းတွေ၊သာမန်လိင်ဆက်ဆံခန်းတွေတင်မက၊
Incest တွေ သီရိစံတွေပါ ပါဝင်တဲ့အတွက်မိသားစုနဲ့လုံးဝကြည့်လို့မရတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Read More 0 comments


 

Rating : 6.0/10
Country : Indonesia
Genre : Horror,
Released Date : 2019
Duration :  1h 34min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ထိတ်လန့်သည်းဖိုသရဲကားတွေကြိုက်တဲ့ပရိသတ်ကြီးတွေအတွက် အင်ဒိုနီးရှား
သရဲကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းအကြောင်းအရာကလေးကတော့ဘာယူဟာစာရေးဆရာတစ်ယောက်အဖြစ်အသက်မွေးဝမ်းကြောင်းပြုနေပေမယ့်
မီးဖွားခါနီးဇနီးဖြစ်သူဒင်ဒါကိုစောင့်ရှောက်နိုင်ဖို့အတွက်တော့အသုံးစာရိတ်ကမလောက်ငှတဲ့အနေအထားဖြစ်နေပါတယ်
ဒီလိုနဲ့တစ်ရက်မှာတော့ဦးလေးဖြစ်သူရဲ့ကမ်းလှမ်းမှုကြောင့် စာလည်းကောင်းကောင်းရေးနိုင်မယ့်နေရာဇနီးဖြစ်သူ
ကိုယ်ဝန်သည်ဒင်ဒါလည်းအပန်းဖြေအနားယူနိုင်မယ့်နေရာတစ်ခုကိုပြောင်းရွှေ့ပြီးနေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်
ဒင်ဒါမီးဖွားတော့မယ့်ညမှာယောက်ျားဖြစ်သူဘာယူဟာအိမ်နားကအနီးအနားဆေးရုံတစ်ခုကိုတင်လိုက်ပါတယ်
ဒါပေမယ့်ဘာယူပြန်ရောက်လာတဲ့အခါမှာတော့ဒင်ဒါကိုတင်ခဲ့တဲ့ဆေးရုံကြီးဟာဆေးရုံအပျက်ကြီးဖြစ်နေပြီး
ဘယ်သူမှလည်းမတွေ့ရတော့ပါဘူး ဘာယူတစ်ယောက်သူ့မိန်းမဖြစ်သူကို
ရှာတွေ့အောင်ဘယ်လိုကြိုးစားသွားမလဲ

ဒီလိုခြောက်ခြားဖွယ်ကောင်းပြီးထူးဆန်းတဲ့ဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေ
ရှိနေဦးမလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော်

 

Read More 0 comments


 

 

Rating : 5.5/10
Country : Vietnam
Genre : Comedy, Romance
Released Date : 2018
Duration :  1h 45min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီဇာတ်ကားလေးမှာတော့ နာမည်ကြီးအစီအစဥ်တင်ဆက်သူ အပျိုကြီးမမ မင်းသမီးရဲ့
နောက်ကွယ်က ဘဝကို ရိုက်ကူးထားတဲ့ အချစ် ဟာသဇာတ်မြူးကားလေးပဲ ဖြစ်ပါတယ်။

ဒီအပျိုကြီးမမက အသက်ရလာပေမယ့် အိမ်ထောင်မပြုချင်ဘဲ ယောကျာ်းတွေကို အပျော်ပဲတွဲနေတတ်သူပါ။

တစ်ညတာ စံစားဖို့ တစ်ဘဝစာ ချုပ်နှောင်စရာမလို
မှော်တုတ်တစ်ချောင်း ကောင်းကောင်းဆောင်ထားရင် ဖြစ်ပြီလို့ ခံယူပြီး
သူငယ်ချင်းတွေနဲ့ Single life ကို ပျော်ပါးနေသူပါ။ဒါပေမဲ့ သူတင်ဆက်နေတဲ့ အစီအစဥ်က ရုတ်တရက် ဆိုင်းငံ့ခံလိုက်ရပါတယ်။

ဒီလိုဆိုင်းမပါ ဗုံမဆင့်ဘဲ ဖြစ်သွားတဲ့အခါ
ကြံရာမရဖြစ်ပြီး နည်းလမ်းစုံသုံးကာ ကြံဖန်ရပါတော့တယ်။

ဒီလိုနဲ့ ဖူးစာရှင်ကို ရွာလည်ပြီးတွေ့လေမလား
အခက်အခဲတွေပဲ ပိုဆိုးလာမလားဆိုတာ

ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြရအောင်

ဒီကားထဲမှာ တောင့်တောင့်ဖြောင့်ဖြောင့် ဖြူဖြူဖွေးဖွေး ဗီယက်နမ်သူအချောလေးတွေကို ရှုစားရမှာပဲ ဖြစ်ပါတယ်။

Read More 0 comments


 

Rating : 4.6/10
Country : Philippines
Genre : Drama,Philippines Movie,
Released Date : 2022
Duration :  1h 38min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဖိလစ်ပိုင်အချစ်ကားတွေမှာ ဟိုးတုန်းကတော့ တော်တော်ဖီးလ်ရအောင် လုပ်တတ်တဲ့ကားကောင်းတွေရှိခဲ့ပါတယ်။ ဒီတစ်ခါလည်း ဖိလစ်ပိုင်တွေဟာ ပရိသတ်ကို ဖီးလ်ရအောင်လုပ်နိုင်တဲ့ ရုပ်ရှင်တစ်ကားထပ်ထုတ်လိုက်ပါတယ်။ အာရှရိတ်တင်တွေလည်း ကောင်းတဲ့ရုပ်ရှင်ပါပဲ။ အချစ်ကား အဆွေးကား ကြိုက်တဲ့သူတွေနဲ့ သင့်တော်တဲ့ဇာတ်လမ်းပါ။

” ၃၆၅ ”
သံယောဇဉ်ဟာ တစ်ပင်ချင်းနွယ်တတ်သလို တစ်လွှာချင်းကြွေကျတတ်တဲ့အရာပေါ့။ လူတစ်ယောက်ကို သေသေချာချာချစ်မိဖို့ ၃၆၅ရက်လိုသလို လူတစ်ယောက်ကို သေသေချာချာမေ့ပစ်ဖို့လည်း ၃၆၅ရက်လိုတယ်တဲ့။ ဒီရုပ်ရှင်ဟာ လူ၂ယောက်ရဲ့ဘဝတွေ ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးနိုင်ကြတော့တဲ့အခါ မပိုင်ဆိုင်နိုင်တော့တဲ့ အချစ်တစ်ခုကို မေ့ပစ်ဖို့ ကြိုးစားကြတဲ့လူတွေရဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။

“ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးတော့ပါဘူး”

ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးတော့ပါဘူး

နှင်းဆီကိုချစ်တတ်အောင် သင်ကြားပေးဖို့ပေါ့
စောင်းတွေက ဆူးကို ကြိုးညှိပေးခဲ့ရတာပေါ့
တစ်ညနေခင်းလုံး ငါ့ဆီမှိုင်ငေးနေတဲ့တိမ်တွေ
အလွမ်းက ကျွတ်လွတ်ဖို့
မြူဆွယ်အားကောင်းကောင်း
ကံတရားလှပတာလိုချင်ရဲ့

ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးတော့ပါဘူး

ကိုယ့်အရိပ်ကိုတောင် မရိပ်မိနိုင်တော့တဲ့
နှင်းနဲ့ လောင်ကျွမ်းနေသူ
ဆောင်းလေ….
ငါ့ကိုရှာဖွေဆဲ….

မောင်သိန်းဇော်

” ၃၆၆ ”

အချစ်မှာ ယုံယုံကြည်ကြည်လည်း မျှော်လင့်ဖူးကြတယ်။ မျှော်လင့်ချက်မဲ့တဲ့နေ့တို့လည်းရှိဖူးကြတယ်။ ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးနိုင်တော့တဲ့အခါတော့ လက်လွတ်တတ်ဖို့ သင်ယူခဲ့ကြတယ်။ တစ်ခါတလေကျ ချစ်ခြင်းဟာ ရှင်သန်ခြင်းပဲဖြစ်နေပြန်တော့ သတ်မှတ်ချက် ၃၆၅ကို ကျော်လွန်မျှော်လင့်ခဲ့မိကြတာတွေလည်းရှိတာပါပဲ။ ၃၆၆ဟာ ဒါပါပဲ။ နီးစပ်ခြင်း မနီးစပ်ခြင်းဟာ လောကနဲ့တစ်ဖက်သားရဲ့အလုပ် ယုံကြည်စွာချစ်ကြဖို့ကတော့ ကျွန်တော်တို့အလုပ်ပါပဲ။ စိတ်ပါရင် ဒီလိုလူတွေထဲက လူ၂ယောက်က ဒီရုပ်ရှင်မှာ ဘာဖြစ်သွားမလဲ သက်ဝင်ကြည့်ဖို့ကတော့ ခင်ဗျားအလုပ်ပေါ့။

” တစ်နေ့တ၌
ကျွန်တော်တစ်ယောက်သည်’
သစ်ပင်လေးတစ်ပင်အောက်၌ထိုင်နေခဲ့ပါသည်။
ထိုစဉ် ကျွန်တော့်နံဘေးသို့ကပ်လျက်
သစ်ရွက်ကလေးတစ်ရွက် (ဖြုတ်ခနဲ့ကြွေကျလာသည်)
ထိုအခါသည် ကျွန်တော်သည် ပြာပြာသလဲ
ဤနေရာတွင် လူရှိသည်ဟု ပြောလိုက်မိပါသည် ”

 

 

Read More 0 comments


 

 

Rating : 6.2/10
Country : Philippines
Genre : Horror
Released Date : 2022
Duration :  1h 42min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Bahay na Pula သို့မဟုတ် အိမ်နီကြီး ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အင်ပါယာစစ်တပ် ဖိလစ်ပိုင်နိုင်ငံကို ကျူးကျော်စဥ်
အစုလိုက်အပြုံလိုက် လူသတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ ကျူးလွန်ခဲ့တဲ့နေရာပါ။
ဂျပန်စစ်တပ်ဟာ နီးစပ်ရာက ယောကျ်ားမှန်သမျှ ကောင်လေးတွေပါမချန် သတ်ဖြတ်ခဲ့ပြီး
မိန်းကလေးပေါင်း ၁၀၀ ကျော်ကို လိင်ကျွန်အဖြစ် အိမ်အနီထဲမှာ ချုပ်နှောင်ပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့ပါတယ်။

ဒါကတော့ အပြင်က သမိုင်းကြောင်းပါ။
ဒီဇာတ်လမ်းဟာလည်း အဲအိမ်နီကို အခြေခံပြီးတော့ ဇာတ်အိမ်တည်ထားတာပါ။
ရက်ဖီနဲ့ ဂျိမ်းဆိုတဲ့ လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ဘိုးဘွားပိုင် အိမ်ကိုရောင်းချပြီး ဖြိုချနိုင်ဖို့ ထိုအိမ်ဆီကို ရောက်လာကြပါတယ်။
အဆိုပါအိမ်ကို အစ်ဆင်းဆိုတဲ့ မိန်းမကြီးတစ်ယောက်က စောင့်ရှောက်ပေး နေတာပါ။
အိမ်ကို ရောက်လာပြီး လင်မယားနှစ်ယောက်ကြား မပြေလည်မှုတွေဖြစ်လာပါတော့တယ်။
ထိုအိမ်ကို ရောင်းချဖို့လုပ်ထားပေမယ့် အစိုးရကတော့ သမိုင်းဝင်နေရာဖြစ်တာကြောင့် ဖြိုချခွင့်မပြုနိုင်ဘူးဆိုပြီး
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ရောင်းချခွင့်ကို ပိတ်ပင်လိုက်ပါတယ်။
အဲဒါကြောင့် ဂျိမ်း တစ်ယောက် အိမ်ကိုရောင်းချနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။
တစ်ဖက်မှာလည်း ရက်ဖီ ဟာလည်း ငွေရေးကြေးရေး ပြဿနာကြောင့် အမှုအခင်း ရင်ဆိုင်နေရပါတော့တယ်။
အိမ်ကို ရောင်းချပြီး ဖြိုဖျက်နိုင်ဖို့ ကူညီပေးတဲ့ အင်ဂျင်နီယာ ဟာလည်း
လုပ်ငန်းခွင်မှာ မတော်တဆမှုနဲ့ သေဆုံးသွားပြီးနောက်
လင်မယားနှစ်ယောက်လုံး အထူးအဆန်းတွေ ကြုံတွေ့ရပါတော့တယ်။
Jump Scare များမပါဘဲ ကြည့်ရင်းတွေးရင်းနဲ့ တစိမ့်စိမ့်ကြောက်စေမယ့် Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

Read More 0 comments


 

 

Rating : 6.0/10
Country : Philippines
Genre : Drama, Adult
Released Date : 2022
Duration : 1h 50min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

2011 ကထွက်ရှိခဲ့တဲ့ နာမည်ကျော် X-Deal နောက်တစ်ကားဖြစ်ပြီး ဇာတ်လမ်းချင်းအဆက်အစပ်မရှိပေမယ့် မူလဒါရိုက်တာ
Lawrence Fajardo ရဲ့လက်ရာပဲဖြစ်ပါတယ်။

ဇာတ်လမ်းသွားအနေနဲ့ အပန်းဖြေကျွန်းတစ်ကျွန်းပေါ်ကိုဓာတ်ပုံရိုက်ဖို့ရောက်လာတဲ့ ဓာတ်ပုံဆရာနဲ့ မိုဒယ်စုံတွဲ ဖြစ်တဲ့ ဗိုင်အိုလက်နဲ့
ပီတာတို့ဟာ ကျွန်းပေါ်ကိုရောက်နေတဲ့တစ်ခြားဧည့်သည်တစ်ဦးဖြစ်တဲ့ တကိုယ်ရေခရီးသွားမိန်းမလှလေး အိုလီဗီယာနဲ့တွေ့ဆုံခဲ့ပါတယ်။
အိုလီဗီယာဟာ လိင်တူစိတ်ဝင်စားတဲ့အမျိုးသမီးတစ်ဦးဖြစ်နေပြီး ဗိုင်အိုလက်ကိုချဉ်းကပ်လာခဲ့တဲ့နောက် သူတို့သုံးယောက်ကြားမှာ
အချင်းချင်း လဲလှယ်ဆက်ဆံဖို့အပေးအယူတစ်ခုဖြစ်ပေါ်လာပါတော့တယ်။

ဘယ်သူက ဘယ်သူ့ကိုလိုချင်ပြီး ဘယ်သူက ဘယ်သူ့ကိုလဲမှာလဲ။
ဘယ်သူကနစ်နာပြီးဘယ်သူကအမြတ်ထွက်မလဲ၊ ဘယ်သူကစားသုံးသူဖြစ်ပြီး ဘယ်သူက..။
စတာတွေကိုဇာတ်ကားမှာဆက်လက်ရှုစားကြပါ။ ရှုခင်းရှုကွက်လှလှတွေ၊ မင်းသမီးတွေရဲ့ အလှအပတွေကိုအဓိကဦးစားပေးပုံဖော်ထားတာဖြစ်ပြီး၊
မင်းသမီးနှစ်ယောက်ကလဲ မျက်နှာစိမ်းမဟုတ်ပေမယ့် မျက်နှာသစ်တွေဆိုတော့ကြည့်ရတာတစ်မျိုးဆန်းသစ်နေပါလိမ့်မယ်။

အရင်ကားတွေထက်ပိုကြမ်းမနေပေမယ့်လဲ ဝတ်လစ်စလစ်ခန်းတွေကို စိမ်ပြေနပြေအကြာကြီးပြပြနေတာဖြစ်တဲ့အတွက် တစ်ယောက်တည်းအေးအေးဆေးဆေးကြည့်ရမယ့်ကားဖြစ်ပါတယ်။

Read More 0 comments


 

 

Rating : 6.3/10
Country : Philippines
Genre : Adult, Drama
Released Date : 2011
Duration : 1h 30min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အရင်တင်ဆက်ပေးခဲ့တဲ့ X-Deal 2 (2022) ကိုဖြစ်ပေါ်စေခဲ့တဲ့မူလ X-deal ဖြစ်ပါတယ်။

ဇာတ်လမ်းအနေနဲ့ကတော့ ဓာတ်ပုံဆရာ ဘီလီနဲ့ သူ့ချစ်သူတို့ဟာ တိုက်ခန်းတွဲကြီးတစ်ခုကိုပြောင်းရွှေ့လာကာစဖြစ်ပါတယ်။
သူတို့နှစ်ယောက်မှာ အချစ်တွေမကျန်တော့ပဲ လက်ရှိဆက်ဆံရေးကို လိင်မှုကိစ္စတစ်ခုတည်းအတွက်
ဆက်လက်တည်ဆောက်ထားကြတာပါ။

အဲ့ဒီလိုအချိန်မှာမှ ဘီလီဟာအိမ်နီးချင်းအသစ်လှလှလေး ဒါနာကို သွားစိတ်ဝင်စားမိပါတယ်။
ဒါနာကတော့ လိင်တူချစ်သူအမျိုးသမီးတစ်ဦးဖြစ်ပြီး သူစိတ်ဝင်စားတဲ့သူက ဘီလီ့ချစ်သူ ဆာရာဖြစ်ပါတယ်။ အဲ့ဒီလိုနဲ့ပဲ
သူတို့သုံးယောက်ကြားမှာအပေးအယူတစ်ခုဖြစ်ပေါ်လာပါတော့တယ်။

လက်ရှိအချိန်ထိအောင်မြင်ဆဲဖြစ်တဲ့ ပရိသတ်တွေနဲ့ မစိမ်းတဲ့ အခုချိန်မှာ MILF စာရင်းဝင်စပြုနေတဲ့ Jamilla Obispo (Mahjong Nights,Kinsenas, katapusan) က Danaအဖြစ်ပါဝင်ထားပါတယ်။

မင်းသမီးနှစ်ယောက်ရဲ့ပီပြင်ကြမ်းတမ်းတဲ့ချစ်တင်းနှောခန်းတွေ မူးယစ်ဆေးအသုံးတွေ
စကားပြောတွေကြောင့် ၁၈ အောက်မကြည့်ရဇာတ်ကားတစ်ကားပါပဲ။ မင်းသမီးနှစ်ယောက်က တော်တော်ကြီးကိုလှတော့
တော်တော်ကြီးကို ကြည့်လို့ကောင်းတဲ့ကားလို့ ဆိုရပါမယ်။

Read More 0 comments


 

 

Rating : 7.7/10
Country : Indonesia
Genre : Drama
Released Date : 2021
Duration : 1h 35min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

“လက်ထပ်ထိမ်းမြားဖို့ လာရောက်ကမ်းလှမ်းတာကို နှစ်ကြိမ်ထက်ပိုပြီးငြင်းပယ်ရင် ကံဆိုးတတ်တယ်။
ဆိုလိုတာက နောက်ပိုင်းမှာ လင်ယောက်ျားရဖို့ ခက်ခဲလိမ့်မယ်” တဲ့။
ဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးငယ်လေးတွေ ကြားရလေ့ရှိတဲ့စကားပါပဲ။
လူကြားထဲသွားရင် ဆံပင်၊ အရေပြား ပေါ်နေလို့မရဘူး။
မိတ်ကပ်၊ ရေမွှေး၊ လက်ဝတ်တန်ဆာတွေ မသုံးရဘူး။
ယောက်ျားတွေထက် အသံပိုမကျယ်ရဘူး။
အိမ်ထောင်သည်မိန်းမက ခြုံထည်မပါဘဲ အပြင်မထွက်ရဘူး… စသဖြင့် ကန့်သတ်ချက်တွေက များလှတယ်။
အထူးသဖြင့် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ လွတ်လပ်ခွင့်ကို အလွန်အကျွံကန့်သတ်ချုပ်ချယ်ထားတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ လူအများစုက အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတာမလို့
နိုင်ငံတွင်းမှာ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေလည်း များပြားတယ်။
အဲထဲကမှ Rohani Islam (ROHIS) ဆိုတာက တစ်ခုအပါအဝင်ပေါ့။
အဲအဖွဲ့အစည်းက အလယ်တန်း၊ အထက်တန်းကျောင်းတွေကိုသွားပြီး
အစ္စလာမ်သွန်သင်ချက်တွေနဲ့အညီဖြစ်ဖို့ အစ္စလာမ်သာ‌သာရေးနဲ့ပက်သက်တဲ့အသိပညာတွေ
လူငယ်တွေရရှိစေဖို့ ကျောင်းတွင်းသင်ရိုးနဲ့ လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်တတ်တယ်။

ဒီရုပ်ရှင်မှာတော့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်
မိရိုးဖလာကန့်သက်ချက်တွေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကြားမှာ ခက်ခက်ခဲခဲ အားပြိုင်ရပုံကို တွေ့မြင်ရမှာပါ။
သူ့နာမည်က ယူနီ၊ ရင်းနှီးတဲ့သူတွေက ယွန်လို့ခေါ်ကြတယ်။
အသက်က ၁၆ နှစ်၊ အထက်တန်းကျောင်းပြီးခါနီးပြီ။
မိသားစုက သာမန်။ မိဘတွေက အဝေးမှာမလို့ ရှေးရိုးဆန်တဲ့ အဘွားနဲ့နေရတယ်။
သူငယ်ချင်းတွေကို ချစ်တတ်တယ်။ ခရမ်းရောင်ရှိတဲ့ ဘယ်ပစ္စည်းမဆို ကြိုက်တယ်။
ကျောင်းတွင်းဘာသာရပ်တွေမှာ ထူးချွန်တယ်။
ကြိုးစားမယ်ဆိုရင် ဆက်ပြီးပညာသင်ဖို့ အခွင့်အလမ်းတွေပြည့်နေတဲ့ သာမန်ကျောင်းသူတစ်ယောက်ပဲ။
ဒီအတွက်လည်း သူ မနားမနေကြိုးစားတယ်။
ဒါပေမဲ့လည်း ဘဝဆိုတာ သမားရိုးကျပဲ ဖြစ်နေတာမဟုတ်တော့
အနှောင့်အယှက်တွေတစ်ခုပြီးတစ်ခု ဝင်ရောက်လာခဲ့တယ်။
ပထမအကြိမ်လက်ထပ်ခွင့်တောင်းတာကို ငြင်းပြီးလို့
မကြာခင်မှာ နောက်တစ်ကြိမ်လာတောင်းတာကို ခံရတဲ့အခါ၊
တစ်ဖက်မှာလည်း စကောလားရှစ်ရဖို့ အိမ်ထောင်မရှိရလို့ သတ်မှတ်ချက်ရှိနေတဲ့အခါ ယူနီရဲ့စိတ်ထဲမှာ လွန်ဆွဲလာရတယ်။

“ငါ ဘာမဆိုလုပ်နိုင်မှာပဲလို့ အရင်ကတော့တွေးခဲ့ဖူးတယ်။
ဒါပေမဲ့ အခုကျတော့လည်း ငါ တကယ်ဘာလိုချင်မှန်းမသိတော့ဘူး” လို့ပြောတဲ့ စကားတွေမှာ
သူ ဘယ်လောက်ထိ လမ်းပျောက်နေသလဲဆိုတာ မြင်တွေ့ရနိုင်တယ်။

ဘာသာရေးနဲ့ကန့်သတ်မှုတွေများလှတဲ့ သူ့ဘဝ၊ ရိုးရာထုံးတမ်းတွေကိုလိုက်နာဖို့ အဆင်သင့်မဖြစ်သေးတဲ့သူ့စိတ်၊
ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်ဖို့ ပညာသင်ချင်သေးတဲ့သူ့ဆန္ဒ …
ဒီအရာတွေကြားမှာ တစ်စုံတစ်ခုကိုတော့ သူ ရွေးချယ်မှဖြစ်တော့မယ်လို့ တဖြည်းဖြည်းသဘောပေါက်လာခဲ့တယ်။ဒီဇာတ်လမ်းလေးကတော့ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ရွေးချယ်ခွင့်၊ လွတ်လပ်စွာလုပ်ပိုင်ခွင့်၊
ဆယ်ကျော်သက်လူငယ်တွေရဲ့ လိင်စိတ်အပြောင်းအလဲ၊ ဆယ်ကျော်သက်ကိုယ်ဝန်၊
ပညာဆက်လက်သင်ယူခွင့်ဆုံးရှုံးရပုံတွေ အစရှိသဖြင့် မီးမောင်းထိုးပြထားတဲ့အချက်တွေများပါတယ်။
ဒါကြောင့်လည်း Toronto International Film festival မှာ ပြသခြင်းခံခဲ့ရပြီး
Platform Prize ဆိုတဲ့ဆုကို ရရှိခဲ့တာ အံ့ဩစရာတော့လည်း မဟုတ်ပါဘူး။
ရုပ်ရှင်တစ်ကားလုံးက အရောင်အသွေးစုံလင်လှပြီး
ဇာတ်ကောင်ရဲ့ favourite colour ဖြစ်တဲ့ ခရမ်းရောင်ကို များစွာအသုံးပြုထားတာဖြစ်လို့
ထူးဆန်းသလိုရှိနေပေမယ့် အရာအားလုံးက သူ့နေရာနဲ့သူ လိုက်ဖက်နေတော့တယ်။
ဒါရိုက်တာကတော့ 2020 ခုနှစ်က ဆုံးပါးခဲ့တဲ့ အင်ဒိုနီးရှားကဗျာဆရာကြီး Sapardi Djoko Damono ကို အောက်မေ့သတိရမှုနဲ့ ရိုက်ကူးထားတယ်လို့ ဆိုထားပြီး
ဒီဆရာကြီးရဲ့ ” Rain In June” ဆိုတဲ့ ကဗျာအပါအဝင် တခြားကဗျာများစွာကိုလည်း ထည့်သွင်းထားတယ်။

အညွှန်းကိုတော့ အဲဒီလွမ်းဆွတ်ဖွယ်ကဗျာလေးနဲ့ပဲ အဆုံးသတ်လိုက်ပါမယ်။

” ပန်းပင်တွေအပေါ်မှာ မိုးဖွဲတွေအဖြစ်
ကာလရှည်ကြာ ရွာသွန်းချင်နေတဲ့
ဂျွန်လရဲ့မိုးရေစက်တွေလောက်
ဘယ်အရာကများ စိတ်ပြတ်သားနိုင်မှာလဲ။

လမ်းမကြီးပေါ်က မသေချာမထင်ရှားတဲ့
ချီတုံချတုံခြေလှမ်းတွေကို ဖယ်ရှားပစ်နေတဲ့
ဂျွန်လရဲ့မိုးရေစက်တွေလောက်
ဘယ်အရာကများ ဉာဏ်ပညာကြီးမားနိုင်မှာလဲ။

ပန်းပင်တွေရဲ့အမြစ်တွေက စုပ်ယူစားသုံးခြင်းခံလိုက်ရတာကို
မပြောဘဲ ချန်ထားရစ်တဲ့
ဂျွန်လရဲ့မိုးရေစက်တွေလောက်
ဘယ်အရာကများ လိမ္မာပါးနပ်နိုင်မှာလဲ။ ”

Read More 0 comments


 

 

Rating : 7.2/10
Country : Philippines
Genre : Adult, Drama, Thriller
Released Date : 2022
Duration : 1h 32min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

မာသာဆိုတဲ့ အမျိုးသမီးငယ်လေးဟာ သူ့ကလေးအသေမွေးပြီးတဲ့နောက် စိတ်ဂယောင်ချောက်ချားဝေဒနာကြောင့်

ကုထုံးဆရာဝန်နဲ့ပြနေရပြီး တစ်ပူပေါ်နှစ်ပူဆင့်စရာသူ့ခင်ပွန်းရဲ့အိမ်ထောင်ရေးဖောက်ပြန်မှုကလဲ စိတ်ဖိစီးစရာဖြစ်နေပါသေးတယ်။

တစ်နေ့ဆရာဝန်ဆီကအပြန်ကားပေါ်မှာကတောက်ကဆဖြစ်ရာကနေမတော်တဆမှုကြုံပြီး

နှစ်ဦးလုံးသတိလစ်မေ့မျောသွားပါတော့တယ်။

သတိရလာတဲ့အချိန်မှာတော့ မာသာဟာ အစ်စလာဘာတိုဆိုတဲ့ ဝေးခေါင်တဲ့ဒေသကျွန်းလေးတစ်ကျွန်းမှာ

ခရိုင်ကျန်းမာရေးဌာနရဲ့သူနာပြုတစ်ယောက်အဖြစ်ရောက်ရှိနေပါတယ်။ ကျွန်းပေါ်ကဝမ်းဆွဲဆရာမ တက်စ်၊ လီလွိုင်းဆိုတဲ့ဆိုင်ကယ်ကယ်ရီသမားလူငယ်လေးတို့နဲ့ရင်းနှီးလာခဲ့ပြီး လီလွိုင်းနဲ့တော့ချစ်ကျွမ်းဝင်နေကြပါပြီ။

ကျွန်းပေါ်ရောက်ကတည်းက မာသာဟာထူးခြားတဲ့အိမ်မက်တွေကိုမြင်မက်ပါတယ်၊ အဲ့ဒီအိမ်မက်ကတော့

ကလေးမွေးလုဆဲမိခင်တွေကို သူကူညီပြုစုပေးနေရင်း အဲ့ဒီမိခင်တွေကနေ မြွေမွေးလာပြီးထကိုက်တာ ဆိတ်ကလေး

မွေးလာတာတွေပါ။ ဒီလိုပဲကျွန်းပေါ်က တစ်ချို့လူတွေက သူအရင်က သိဖူးကျွမ်းဖူးသလိုဖြစ်နေရုံတင်မက

ကာလရှည်ပျောက်ဆုံးနေတဲ့အစ်မအရင်းဖြစ်သူကိုပါ ကျွန်းပေါ်မှာတွေ့လာရပြီး အဲ့ဒီအစ်မက ကျွန်းပေါ်ကချက်ချင်း

ပြန်ဖို့ သူ့ကိုတွေ့တိုင်းတိုက်တွန်းလာတဲ့အခါ..။ သူဟာ မာသာဘဝမှာသက်ရှိထင်ရှားရှိနေသေးရဲ့လား?

အခု သူရောက်နေတာ နောက်ဘဝလား? ဒါမှမဟုတ် အတိတ်ကသူ့ဘဝပဲလား? အဲ့ဒီလိုမဟုတ်ခဲ့ရင်ဒါဟာ

အပယ်ဘုံတစ်မျိုးမျိုးလား? ပဟေဠိဆန်တဲ့ကျွန်းရဲ့လျှို့ဝှက်ချက်တွေကို သူဘယ်လိုအဖြေရှာမလဲ?

မကြာသေးမှီကထွက်ရှိထားတဲ့ Siklo နဲ့ Moonlight Butterfly တို့နဲ့ပရိသတ်စိတ်ဝင်စားမှုကိုရထားတဲ့

မင်းသမီးချောလေး Christine Bermas နဲ့ Nerisa, Taya, Mahjong Night တို့ရဲ့မင်းသားငယ် Sean de Guzman တို့

ဦးဆောင်ပါဝင်ထားပါတယ်။ကာမဂုဏ်တွေနဲ့လူသားတွေကိုမိန်းမောယစ်မူးစေပြီး အမှန်ကိုမမြင်နိုင်အောင်

ပိတ်ပင်ဖျားယောင်းတဲ့ဘုံတစ်မျိုးမျိုးကိုရည်ရွယ်ဟန်ရှိတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ကျွန်း၊ အစ်စလာဘတန်တိုခေါ်

ရမ္မက်ကျွန်းရဲ့အကြောင်းကို ဆက်လက်ရှုစားကြပါ။

Read More 0 comments


 

 

Rating : 5.6/10
Country :Philippines
Genre : Drama,Adult,Philippines Movie,
Released Date : 2022
Duration : 1h 44min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘားမှာ
ဖျော်ဖြေပေးနေရတဲ့ မိန်းမလှလေး….

ဘားမယ်ဆိုပေမယ့် အလှသွေးကြွယ်ချက်က
၉+ဆိုတော့ ဖောက်သည်တွေ တသောသောနဲ့
အမြဲ အလုပ်များနေတာပေါ့

သူဒီလိုလုပ်ရတာလဲ ဝါသနာကြောင့်မဟုတ်ပဲ
သူ့ရဲ့ဘဝပေးကံလေး နိမ့်နေလို့ပါ…
နိမ့်ပုံကတော့ အမေက ကျောက်ကပ်အမြဲဆေးနေရတဲ့
ရောဂါသည် လူမမာကြီး…
မောင်ဖြစ်သူကလဲ ကျောင်းတက်နေရတဲ့
လူငယ်လေးဆိုတော့ အမကြီးအမိရာဆိုတဲ့အတိုင်း
သူမရဲ့ လှပတဲ့ကောက်ကြောင်း ပေါ်လွင်တဲ့နှာတံ
ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေကို အသုံးချပြီး
ပိုက်ဆံရှာရတာပေါ့ဗျာ

သူ့ရဲ့ စပါယ်ရှယ်ဝန်ဆောင်မှုကိုတော့ လပြည့်နေ့တရက်သာ
ပေးပါတယ် လပြည့်နေ့တိုင်း သူမကသူမရဲ့အလှတရားကို
ပေါ်လွင်တောက်ပစေမယ့် အဝတ်အစားတွေနဲ့
တညတာအဖော်ရှာဖွေရင်း မထင်မှတ်ထားတဲ့
ယောကျာ်းနှစ်ယောက်နဲ့တွေ့ဆုံမိချိန်မှာတော့….

 

Read More 0 comments


 

 

Rating : 5.0/10
Country :Philippines
Genre : Drama,Biography,Philippines Movie,
Released Date : 2021
Duration : 1h 40min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ဝန်ရဲ့ ဘဝကို ရိုက်ကူးပုံဖော်ထားတာပဲ
ဖြစ်ပါတယ်။

အဓိကဇာတ်ဆောင်ကတော့ မြန်မာပရိသတ်တွေနဲ့လည်း မစိမ်းလှသူပါ။

၂၀၁၈ ခုနှစ်က မြန်မာမှာကျင်းပခဲ့တဲ့ Miss Grand International Miss ပြိုင်ပွဲမှာပါ လာရောက်ပြီး host လုပ်ပေးခဲ့တဲ့
နာမည်ကြီးမင်းသားချော Xian Lim ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး အခြား အနုပညာရှင်တွေလည်း ပါဝင်အားဖြည့်ထားပါတယ်။

ဇာတ်လမ်းအကျဥ်းလေးကတော့

ဆင်းရဲသားရပ်ကွက်မှာ ကြီးပြင်းခဲ့တဲ့ ကလေးတစ်ယောက်ဟာ
အမှိုက်ကောက်၊ အမှိုက်ရှာရင်း အမှိုက်ပုံကြားမှာပဲ နေခဲ့ရပါတယ်။

ဒါပေမဲ့ ပညာလိုလားတဲ့ ၊ သင်ယူချင်စိတ်ပြင်းပြတဲ့
အများအကျိုးကို သယ်ပိုးလိုတဲ့ ဒီကလေးလေးဟာ
တောက်မယ့်မီးခဲ တရဲရဲဆိုသလို
နွံထဲက ကြာပန်းလိုပဲ နေရာစုံမှာ အောင်မြင်ခဲ့ပါတယ်။

ဒါပေမဲ့ လွယ်လွယ်နဲ့တော့ ရခဲ့တာမဟုတ်ပါဘူး။
ဘဝဇာတ်ခုံအဖုံဖုံမှာ ကပြအသုံးတော်ခံရင်း
လှိုင်းတံပိုးထန် ကြမ်းတမ်းတဲ့သူ့ဘဝမှာ
ဘယ်လိုဖြစ်ပြီး နိုင်ငံ့အကြီးအကဲတစ်ယောက် ဖြစ်လာသလဲဆိုတာ
စိတ်ဝင်စားဖွယ်ကောင်းရုံတင်မက…..

Read More 0 comments


 

 

Rating : 5.2/10
Country :Philippines
Genre : Action,Philippines Movie,
Released Date : 2022
Duration : 1h 43min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီကားလေးကတော့ March11ကထွက်ရှိထားတဲ့ ဖိလစ်ပိုင်ကားသစ်လေးပါ။

မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်နေတဲ့ အင်အားကြီးဂိုဏ်းတစ်ခုမှာ
ဂိုဏ်းကိုစတင်တည်ထောင်ခဲ့ချိန်ကတည်းက
ညီအစ်ကိုလိုရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။

မူးယစ်ဆေးအရောင်းအဝယ်လုပ်နေစဉ်အထင်လွဲမှုတစ်ခုကြောင့်
ဇာတ်လိုက်မင်းသမီးဖြစ်သူAndrianaရဲ့ ဖခင်သေဆုံးခဲ့ရပြီးနောက်
ငြိမ်းချမ်းမှုကိုနှစ်သက်ပြီး ဓမ္မတေးတွေသီဆိုလေ့ရှိတဲ့ Andrianaဟာ
အဖေဖြစ်သူကို သတ်ခဲ့တဲ့လူကို လက်တုံ့ပြန်ဖို့ဖြစ်လာခဲ့ပြီး
ဖခင်ရဲ့သူငယ်ချင်းဖြစ်သူ Patriarch နဲ့သား၃ယောက်က သူ့ရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတော့တယ်။

အမုန်းရန်ငြှိုးတွေကြောင့် Andrianaနဲ့ Patriarchရဲ့ သားဖြစ်သူ Juanတို့ကြားထဲက
အခြေ‌အနေတွေက ပြောင်းလဲသွားဦးမလား
Andrianaရဲ့ အစီအစဉ်တွေကရောအောင်မြင်သွားမလားဆိုတာကို

အမုန်းတွေ အတ္တတွေအပြည့်နဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။
လက်တုံ့ပြန်တာတို့ Female lead Strong ဖြစ်တဲ့ ကားမျိုးတွေကို နှစ်သက်တယ်ဆိုရင်တော့
ဒီကားလေးကို ကြည့်သင့်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်။

Read More 0 comments


 

 

Rating : 6.5/10
Country :Philippines
Genre : Drama,Fantasy,Philippines Movie,
Released Date : 2020
Duration : 1h 50min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီတခါတော့ အရှေ့တောင်အာရှဇာတ်ကားလေးဖြစ်တဲ့ ဗီယက်နမ် အချစ်ကားလေး ကိုခံစားကြည့်ကြပါဦး …

ဇာတ်လမ်းအကျဉ်းလေးက…

လိုအန်ဆိုတဲ့ ဂျာနယ်လစ်မလေးက အလုပ်ကြိုးစားတဲ့ ထက်ထက်မြက်မြက်ကောင်မလေးပါ

တနေ့ သူ့အဖေက စိတ်ကျန်းမာရေးဆေးရုံမှာ တက်နေရင်း ရုတ်တရက် ဆုံးပါးသွားခဲ့ပြီး

ဆေးရုံမှာ မသင်္ကာစရာ ကိစ္စတွေရှိနေတာကို သတိထားမိသွားလို့ ပြသနာရင်းမြစ်ကို စုံစမ်းဖို့လုပ်ပါတော့တယ်။

ဒီမှာ လူမိုက်အဖွဲ့တစ်ခုရှိတယ်…ဘင် ဆိုတဲ့ ကောင်လေးက လူမိုက်အဖွဲ့က အောက်ဆုံးအဆင့် တောက်တိုမယ်ရကောင်လေး….

လိုအန်စုံစမ်းနေတဲ့ ပြသနာကို ဆက်မစုံစမ်းအောင် ဖြဲခြောက်ခိုင်းလိုက်တဲ့ဘင်နဲ့ ထက်မြက်တဲ့လိုအန်တို့

ဘယ်လိုတလွဲတွေနဲ့ ဆုံတွေ့ကြမယ်…

ဘယ်လို အချစ်ဇာတ်လမ်းတွေ ဖန်းတီးမိကြမလဲဆိုတာ…။

ဗီယက်နမ်ကားလေးဆိုတော့ ယဉ်ကျေးမှုလဲ သိပ်မကွာသလို ဇာတ်လမ်းလေးကလဲ ကြည့်လို့လဲကောင်းတဲ့အတွက်

အချစ်ကားလေးတွေ ကြည့်ချင်နေသူတွေအတွက်တော့ အိုကေ စိုပြေပါပဲဗျာ။

Read More 0 comments


 

 

Rating : 5.6/10
Country : Vietnam
Genre : Drama
Released Date : 2021
Duration : 1h 37min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Taste ဟာ ဇာတ်အိမ်က ဘာမှမရှိပါဘဲ နိမိတ်ပုံဆန်ဆန် သွယ်ဝိုက်ဖော်ပြတဲ့ အပြတွေများတဲ့ ရုပ်ရှင်ပါ။ နိမိတ်ပုံဟာ စကားလုံးထက်ပိုတဲ့ ခံစားမှုတစ်ခုကို ရစေဖို့ပါပဲ။ ဒီရုပ်ရှင်မှာ  စကားသိပ်မပြောပေမဲ့ ကြည့်ပျော်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ သူ့အပြတွေဟာ စကားလုံးထက်ပိုမွန်းကျပ်‌ စေပါတယ်။ Taste ဆိုတဲ့စကားလုံးကို ဒါရိုက်တာ ဘယ်အဓိပ္ပာယ်နဲ့ရွေးထားလဲတော့ တပ်အပ်ပြောရခက်တယ်။ ရသာရုံလို့ဆိုရင်မမှားသလို အမြည်းလို့ဆိုရင်လည်း မမှားလောက်ပါဘူး။  ဒါရိုက်တာဟာ ဗီယက်နမ်က အောက်ဆုံးဘ၀ငရဲတွေအကြောင်း အမြည်းဆန်ဆန်ပြထားတာကိုး။

“စာအုပ်တွေဟာ မှန်လိုပဲ။ စာအုပ်တွေမှာ မင်းရဲ့အတွင်းထဲမှာ ရှိနှင့်နေပြီးသား အရာကိုပဲ မြင်ရတာ”လို့ Jean Luc Godard က ပြောဖူးတယ်။ ရုပ်ရှင်တွေကတော့ ပိုဆိုးတာပေါ့။ ရုပ်ရှင်တွေဟာ ယူသလိုပဲရတဲ့ အနုပညာတွေပါပဲ။ Taste ဟာ ကိုယ့်အတွင်းထဲက အမှောင်မိုက်ဆုံးကမ္ဘာကို ပြန်မြင်ရစေမယ့် ရုပ်ရှင်လို့တော့ ဆိုလို့ရတယ်။ ပသို့ပဲဆိုဆို Taste ဟာ စိတ်ပျော်စေမယ့် ရုပ်ရှင်ကားမဟုတ်ပါဘူး။ ကျွန်တော်ဆို ထမင်းစားရင်း ကြည့်မိတာ ဆက်တောင်မစားနိုင်တဲ့ အထိပါပဲ။ သူ့အပြတွေမှာ ကိုယ်လုံးတီးမိန်းမကြီးတွေ ၊ လိင်တံတွေကို စိတ်ညစ်စရာကောင်းအောင် ပြထားတာမို့ မိသားစုနဲ့မကြည့်သင့်ပါဘူး။

Tasteကို ဗီယက်နမ်ရဲ့ တက်သစ်စ လူငယ်ဒါရိုက်တာ BAO Leeက ရိုက်ထားပြီး streaming serviceတစ်ခုဖြစ်တဲ့ MUBI မှာ ပြသခဲ့ပြီး Feb 16 2022 မှာ အမေရိကက ရုံတွေမှာစပြမှာပါ။ IMDb Rating နိမ့်ပေမဲ့ Art Film တွေပဲ တင်တာများတဲ့ MUBI ရဲ့ Rating ကတော့ 6.9 ပါ။ Rotten Tomatoes က 86% ပါ။ ဘာလင်မှာလည်း Special Jury Award, Encounters ဆုကို ရထားပါတယ်။  ကြည့်ကောင်းတဲ့ Art Film တစ်ကားလို့ ဆိုလို့ရပါတယ်။ ရုပ်ရှင်ဟာ ကိုယ့်အတွင်းထဲက အရာကိုပဲ မြင်ရနိုင်တဲ့အရာဆိုတော့ လူတိုင်းတော့ ကြိုက်မှာမဟုတ်ပါဘူး။ သေချာတာကတော့ စိတ်ညစ်မွန်းကျပ်တဲ့ အရသာကိုမရချင်ရင် မကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။

အရသာဆိုတာမျိုးက အာရုံနဲ့ဆိုင်ပြီး အခြေခံအချက်တွေကလွဲ အရသာကို တိတိကျကျ ဖော်ပြဖို့ခက်ပါတယ်။ ရေနွေးကြမ်းတစ်ခွက်ရဲ့ ခါးတာလားဖန်တာလား တခြားတစ်ခုခုပါနေသေးလား မသိတဲ့ အရသာကိုခံစားရသလိုပေါ့။ ကျွန်တော့်အတွက်တော့ Taste ဟာ အခန်းကျဉ်းလေးထဲမှာ ကုန်လွန်ခဲ့ရဖူးတဲ့ နေ့ရက်နေ့တို့ထဲ ပြန်ဆွဲသွင်းခံလိုက်ရတဲ့ ရုပ်ရှင်ပါပဲ။

တစ်ချို့အတွက်ကျ လောကကြီးက သိပ်ကိုကျဉ်းတယ်။ ဘ၀ဟာ ဝေဒနာတွေ ရစ်သိုင်းထားတဲ့ ခန္ဓာကျဉ်းကျဉ်းကလေးမှာ ရှင်သန်ရခြင်း တစ်မျိုးပေါ့။ ငါတို့ မီးပုံးပျံတွေ လုပ်ကြတယ်။ ဒါပေမဲ့ ငါတို့လုပ်ထားတဲ့ မီးပုံးပျံတွေ ကောင်းကင်ထဲ ပျံသန်သွားတာ ငါတို့တစ်ခါမှမြင်ခွင့်မရကြဘူး။ သူ့အရိပ်မှာ ဘယ်တော့မှ ထိုင်နိုင်ခွင့်မရှိမှန်းသိသိလျက် သစ်ပင်ကို စိုက်ပျိုးသူဟာ ဘ၀ရဲ့အဓိပ္ပာယ်ကို နားလည်စပြုလာသူလို့ တဂိုးကပြောဖူးတယ်။  ငါနားလည်တာလား ငါလက်ခံလိုက်ရတာလားတော့ ငါမရေရာ။  ကမ္ဘာကျဉ်းကျဉ်းလေးထဲနေပျော်ဖို့ ဒီလိုပဲ ကြံရင်းဖန်ရင်း ဆက်ပြီးရှင်ရင်းသန်ရင်း။ ဘယ်လိုပဲဖြစ်ဖြစ် လူဟာ သေခဲလှတယ်မလား။ မနေ့က ငါသီချင်းတစ်ပုဒ်နားထောင်ဖြစ်တယ်။ “အစိမ်းလိုက်ရင်ဆိုင်” တဲ့။ ဒီကမ္ဘာကြီးနဲ့ မကင်းသမျှ ဒီအောက်ဆုံးဘ၀ငရဲတွေမှာ လူဟာ အစိမ်းလိုက်ရင်ဆိုင်ရင်း ဆက်ရှင်သန်နေရမှာပဲလား။ တစ်နေ့နေ့တော့ မနက်ဖြန်ကိုရောက်မယ်လို့ ငါမျှော်လင့်မှားခဲ့မိပေါ့……

Read More 0 comments

 


Rating : 8.4/10
Country :Philippines
Genre :Comedy,Romance,Philippines Movie,
Released Date : 2021
Duration : 2h 7min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ချစ်ခြင်းမေတ္တာဟာ ဘာအရောင်ရှိပါသလဲ

ဒီတစ်ခါမှာတော့ ချစ်ခြင်းမေတ္တာအကြောင်းကို
အရောင်တွေနဲ့ ပုံဖော်ထားတဲ့
ဖိလစ်ပိုင် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းလေးကတော့ အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်ကြားထဲမှာ
တဝဲလည်လည်ဖြစ်နေတဲ့ သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့
အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ

အက်ဆီးဒင့် ဖြစ်ပြီးနောက်ပိုင်း အရောင်တွေကို မခံစားနိုင်တော့ဘဲ
အကုန်လုံးကို မီးခိုရောင်အနေနဲ့ပဲ မြင်ရတဲ့ ပန်းချီဆရာကောင်လေးတစ်ယောက်နဲ့
သူ့ရဲ့ သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်း ကောင်မလေးတို့ရဲ့
ရိုးရှင်းတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်

နူးညံ့တဲ့ ချစ်ခြင်းမေတ္တာကို လှလှပပလေး ပုံဖော်ရိုက်ကူးထားတဲ့
ဒီဇာတ်လမ်းလေးနဲ့အတူ
ချစ်ခြင်းမေတ္တာရဲ့ရပ်ဝန်းထဲမှာ ခဏလောက် နားခိုလိုက်ကြရအောင်ပါ

 

Read More 0 comments


 

Rating : 7.5/10
Country :Philippines
Genre : Drama,Philippines Movie,
Released Date : 2021
Duration : 1h 31min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

=====================

 

 

 

Read More 0 comments


 

Rating : 7.0/10
Country : Laos
Genre : Drama, Mystery, Sci Fi
Released Date : 2019
Duration : 1h 56min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

မျက်မှောက်ခေတ် ရုပ်ရှင်လောကမှာတော့ အနောက်နိုင်ငံရုပ်ရှင်ဇာတ်လမ်းတွေက ပိုပြီးလူသိများရေပန်းစားနေပေမယ့်လည်း

အရှေ့တောင်အာရှရုပ်ရှင်တွေကလည်း တစ်စတစ်စ ကြိုးစားထိုးဖောက်လာနေပါတယ်။

ဒီရုပ်ရှင်ကတော့ အမေရိကန်မှာမွေးပြီး အဖေဖြစ်သူအငြိမ်းစားယူပြီးနောက်မှာ

အမိမြေကိုပြန်လာတဲ့ Mattie Do ဆိုတဲ့ အမျိုးသမီးဒါရိုက်တာက ရိုက်ကူးထားတဲ့ရုပ်ရှင်ပါပဲ။

သူက လက်ရှိအချိန်ထိတော့ စုစုပေါင်း ရုပ်ရှင်သုံးကားရိုက်ခဲ့ဖူးတယ်။

– 2012 မှာ ထုတ်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံး horror film “Chanthaly” မှာပဲ ပေါက်သွားခဲ့ပြီး

– 2016 မှာ “Dearest Sister” ဆိုတဲ့ horror film နဲ့

– 2019 မှာ “The Long Walk” ဆိုတဲ့ sci-fi /horror film ကို ရိုက်ကူးခဲ့တယ်။ရုပ်ရှင် သုံးကားလုံးက ဝေဖန်ရေးသမားတွေကြားမှာ နာမည်ရခဲ့ပြီး

နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာလည်း အကြိမ်ကြိမ်ပြသခွင့်တွေ ရခဲ့တယ်။

ပထမဆုံးရုပ်ရှင်ထုတ်အပြီးမှာတော့

သူက လာအိုနိုင်ငံရဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော အမျိုးသမီးဒါရိုက်တာအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတယ်။ယခင်ရုပ်ရှင် နှစ်ကားမှာတော့ horror သီးသန့် ရိုက်ကူးခဲ့ပေမယ့်

ယခုတစ်ကြိမ်မှာတော့ ဆန်းသစ်တဲ့ပုံစံနဲ့ horror ရယ် sci-fi ရယ်ကို တွဲစပ်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းကိုတော့… လာအိုနိုင်ငံရဲ့ လူတွေသိပ်မသိတော့တဲ့

အမေ့လျော့ခံကျေးရွာလေးတစ်ရွာနားမှာ အခြေတည်ထားတယ်။

ဇာတ်လမ်းအကျဉ်းချုပ်ကတော့…

ရွာစွန်နားက လမ်းမပေါ်မှာ မတော်တဆမှုဖြစ်ရာကနေ

သေဆုံးသွားတဲ့မိန်းမငယ်လေးကို ကောင်လေးက တွေ့ခဲ့တယ်။

အဲ့ဒီမိန်းမငယ်လေးရဲ့ဝိညာဉ်က အချိန်ခရီးသွားနိုင်တာကို ကောင်လေးအရွယ်ရောက်လို့ သိလာတဲ့အခါမှာတော့

သူ ငယ်စဉ်က သူ့ရှေ့မှာတင် ချောင်းဆိုးသွေးပါဖြစ်ပြီး

ဆုံးပါးသွားတဲ့ မိခင်ဖြစ်သူရဲ့ဝေဒနာခံစားနေရမှုကိုသက်သာအောင် ကူညီပေးဖို့အတွက်

အဲ့ဒီဝိညာဉ်ရဲ့အကူအညီရဲ့ အတိတ်ကာလကိုပြန်သွားဖို့ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာပါပဲ။ရုပ်ရှင်ရဲ့ တစ်ဝက်လောက်က အနာဂတ်မှာ ဖြစ်တည်နေပြီး

တစ်ဝက်ကတော့ အတိတ်မှာဖြစ်ပျက်နေတယ်။

Horror ‌အနည်းငယ်ပါပေမယ့်လည်း သရဲအကောင်လိုက်ကြီးတွေ ပြူးပြဲပါလာမှာ မဟုတ်ပါဘူး။

ဇာတ်လမ်းတစ်ခုလုံးက ငြိမ့်ငြိမ့်‌လေးစီးဆင်းနေပြီး အားလုံးပြီးသွားတဲ့အခါမှာ

ဘာကြီးမှန်းမသိတဲ့ခံစားချက်မျိုးကျန်ရစ်ခဲ့မယ့် ရုပ်ရှင်တွေထဲကတစ်ခုပါပဲ။ဘာပဲဖြစ်ဖြစ်…. “အတိတ်ဆိုတာ ဘယ်တော့မှ ပြီးဆုံးမသွားပါဘူး…မင်းက အတိတ်ကို ဆက်ပြီးဆွဲကိုင်နေရင်ပေါ့” ဆိုတဲ့ စာရေးဆရာကြီးဝီလီယမ်ဖော့ခ်နားရဲ့စကားက ဒီရုပ်ရှင်ထဲကလူကြီးအတွက်တော့ မှန်ကန်နေတဲ့ပုံပါပဲ။

Read More 0 comments


 

Rating : 7.0/10
Country : Indonesia
Genre : Drama, Fantasy, Romance
Released Date : 2020
Duration : 1h 52min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီတစ်ခါမှာတော့ ကြည်နူးဆွတ်ပျံ့ဖွယ် အင်ဒိုနီးရှား ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်တဲ့ မိသားစုမှာ မွေးဖွားလာတဲ့

Mentari ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့

ခရစ်ယာန်ဘာသာကို အလေးအနက်ထား ကိုးကွယ်တဲ့ မိသားစုက

Timar ဆိုတဲ့ ကောင်လေးတစ်ယောက်တို့

ဘာကန့်သတ်ချက်မှ မရှိတဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချစ်ကျွမ်းဝင်မိခဲ့ကြပါတယ်ဘာသာတရားကို အလေးအနက်ထားကြတဲ့ နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ

သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို လှလှပပ ပုံဖော်နိုင်ကြပါ့မလားကိုယ့်ရဲ့ အိပ်မက် မိသားစု အရာအားလုံး နဲ့ ချစ်ခြင်းမေတ္တာ

ဒီနှစ်ခုထဲက တစ်ခုကိုရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါမှာ ဘယ်လိုတွေ ရှေ့ဆက်ကြမလဲ

ချစ်ခြင်းမေတ္တာကို ဘက်ပေါင်းစုံကနေ လှလှပပလေး ပုံဖော်ရိုက်ကူးထားတာဖြစ်လို့

ကြည်နူးဆွတ်ပျံ့ဖွယ်ရာ လွမ်းမောဖွယ်ရာ ကြည့်ရှူခံစားနိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်

Read More 0 comments