Showing posts sorted by relevance for query 2020. Sort by date Show all posts
Showing posts sorted by relevance for query 2020. Sort by date Show all posts


 

Rating : 5.6/10
Country : United State
Genre : Comedy
Cast : Yolanda Kettle, Micheál Richardson, Souad Faress 
Released Date : 2020
Duration : 1h 34min

အညွှန်း
မင်းသားကြီး Liam Neesonရဲ့အသစ်စက်စက်ထွက်ရှိလာတဲ့ကားကောင်းလေးဆိုရင်လည်းမမှားပါဘူး။ဇာတ်လမ်းလေးနာမည်ကတော့ Made in Italy(2020)ပါ။
ပန်းချီဆရာတစ်ဦးဖြစ်သူ ရောဘတ်ဖောစတားနဲ့ သားဖြစ်သူဂျက်တို့ အရေးပေါ်ငွေလိုရာကနေ အီတလီမှာရှိတဲ့သူတို့အိမ်ဟောင်းကိုရောင်းဖို့ ပြင်ဆင်ရာကနေ ဇာတ်လမ်းကစပါတယ်။မရောက်ဖြစ်တာ နှစ်၂၀ ကျော်နေပြီဖြစ်တဲ့ ဒီအိမ်ကြီးကို ရောင်းထွက်နိုင်ဖို့သားအဖနှစ်ယောက်ပြင်ဆင်ရင်း ဘာတွေဆက်ဖြစ်လာခဲ့တယ်ဆိုတာစိတ်၀င်တစားကြည့်ရှုရမှာပါ။လွမ်းမောဖွယ်ရာရှုခင်းတွေနဲ့ ကဗျာဆန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုဟာသလေးနှောကာ တင်ဆက်ထားတာကြောင့်အဆုံးအထိ မငြီးမငွေ့ကိုကြည့်ရှုရမှာအသေအချာပါပဲ။ဇာတ်လမ်းလေးနာမည်ကတော့ Made in Italy(2020)ပါ။
Read More 0 comments


 

Rating : 6.2/10
Country : United State
Genre : Comedy, Drama
Cast : Steve Carell, Rose Byrne, Chris Cooper
Released Date : 2020
Duration : 1h 41min

အညွှန်း
Irresistible (2020) မှာ ဝင်စတန်လို့ခေါ်တဲ့ မြို့ငယ်ကလေးကို နိုင်ငံရေးပါတီကြီးတွေရဲ့ အာရုံစိုက်မှု ခံရတဲ့ခါ ဖြစ်လာတဲ့အရာတွေကို ဟာသဆန်ဆန်ရိုက်ကူးပြထားပါတယ်။ ဒီမိုကရက်တစ် ပါတီတင် ဂယ်ရီက အငြိမ်းစားယူသွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးတ်၏ယောက်က အလုပ်သမားတွေဘက်ကနေ ရပ်တည်ပြီး ပြောဆိုတဲ့ ဗီဒီယိုကို အင်တာနက်မှာ တွေ့သွားပြီး သူတို့ပါတီ ပြန်လည်အနိုင်ရဖို့ သော့ချက်ကို တွေ့ပြီလို့ ယုံကြည်သွားပါတယ်။ ဒါပေမယ့် ရီပါ့ပလစ်ကန် ပါတီဘက်က သူနဲ့ယှဉ်ပြိုင်ဖို့ အတော်ဆုံးဖြစ်တဲ့ ရို့စ်ဆိုတဲ့ အမျိုးသမီးကို လွှတ်ပေးလိုက်တဲ့အခါ သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုတွေ ပြင်းထန်လာပြီး နောက်ဆုံးမှာ ဘယ်ပါတီက အနိုင်ရသွားမလဲ… Irresistible (2020) ဟာ အမေရိကန်ရဲ့ နိုင်ငံရေးကို သရော်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ
Read More 0 comments


 

Rating : 8.4/10
Country : Japan
Genre : Anime, Drama, Fantasy
Cast : Yui Ishikawa, Daisuke Namikawa, Takehito Koyasu
Released Date : 2020
Duration : 2h 20min

အညွှန်း
ဒီကားကိုတော့ အားလုံးသိကြမှာပါ။
Release Dateပြန်ပြန်ရွှေ့ခဲ့ရပေါင်းလည်း မနည်းပါဘူး။
2019ကတည်းက ထွက်လာခဲ့သင့်ပေမယ့် Kyoto Animationစတူဒီယိုမီးရှို့ခံခဲ့ရတာကြောင့်2020 ကိုမှ ထွက်လာနိုင်ခဲ့ပါတယ်။April 2020မှာ ရုံတင်ဖို့ စီစဉ်ထားပေမယ် ကိုဗစ်-၁၉ကြောင့် September အထိ ထပ်ရွှေ့သွားပါတယ်။အကြည်(CamRip)ကတော့ ဒီလမှ ထွက်လာတာပေါ့။ဒီကားက 2018က ထွက်ခဲ့တဲ့ Violet Evergarden စီးရီးနဲ့ 2019တုန်းက ထွက်ခဲ့တဲ့Violet Evergarden: Eternity and the Auto Memory Dollဇာတ်ကားရဲ့အဆက်ပါအဆက်ဆိုပေမယ့်လည်း ရှေ့ကားတွေမကြည့်ဘဲ ဒီတိုင်းတန်းကြည့်လို့ရတဲ့ကားပါဇာတ်လမ်းအကျဉ်းကတော့…Violet Evergardenက စစ်ဖြစ်နေချိန်အတွင်းမှာ လက်နက်အနေနဲ့ အသုံးချခံခဲ့ရတဲ့ ကလေးစစ်သားတစ်ယောက်ပါ။အဲ့စစ်ပွဲကြောင့်ပဲ သူလက်နှစ်ဖက်လုံးကို ဆုံးရှုံးခဲ့ရတဲ့သူပါ။ စစ်ပြီးသွားတဲ့နောက်မှာတော့ ဆုံးရှုံးလက်နှစ်ဖက်လုံးနေရာမှာ လက်အတု(စက်)ကိုအစားထိုးခဲ့တယ်။ နောက်တော့ စစ်တုန်းက သိခဲ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးအကူအညီနဲ့ စာပို့တဲ့ကုမ္ပဏီမှာ သူများအစားစာရေးပေးရတဲ့လူအနေနဲ့ အလုပ်လုပ်ခဲ့တာပါတယ်။ ဒီလိုနဲ့ Violet Evergardenဆိုတဲ့ နာမည်တစ်လုံးနဲ့ ကျော်ကြားလာတာပေါ့။Violet က သူများတွေရဲ့ခံစားချက်တွေကို စကားလုံးတွေအနေနဲ့ ရေးသားပေးပြီး ရင်မှာ ခံစားနေတာတွေကို အရှိအတိုင်း ထုတ်ပြနိုင်ဖို့ကူညီပေးနေမယ့် တစ်ဖက်မှာတော့ သူ့ခံစားချက်ကို သူကိုယ်တိုင် လျစ်လျူရှုနေမိခဲ့ပါတယ်။Violet ကို”ချစ်တယ်” လို့ ပြောခဲ့တဲ့ ဗိုလ်မှူးGilbertဆိုတဲ့ လူတစ်ယောက်ရှိခဲ့တယ်။ သူက Violetအပေါ် မေတ္တာ စပြခဲ့တဲ့လူပဲလေ။သူက စစ်ထဲမှာ Violet နဲ့တိုက်ပွဲဝင်ခဲ့ပေမယ့် ဒဏ်ရာတွေနဲ့ ကျန်ခဲ့တာပေါ့။ စစ်ပွဲပြီးတဲ့ နောက်တော့ ဗိုလ်မှူးနဲ့ပတ်သက်တဲ့ဘာအစအနမှ မတွေ့တော့ဘူး။ သေလား ရှင်လားတောင် မသိကြတော့ပေမယ့် နှစ်တွေကြာလာတော့ သူ့မိသားစုဝင်တွေက အစ သေပြီလို့ပဲသတ်မှတ်လိုက်တယ်။ Violet အတွက်တော့ ကြာလာရင် မေ့သွားမှာပါဆိုတဲ့စကားက ဟာသကြီးဖြစ်နေတယ်။သူက ဗိုလ်မှူးတစ်နေရာရာမှာ အသက်ရှင်ကိုရှင်နေသေးတယ်လို့ ယုံတယ်။ ပြီးတော့ သူက ဒီကာလတစ်လျှောက်လုံးမှဋ ဗိုလ်မှူးပြောခဲ့တဲ့ “ချစ်တယ်”ဆိုတဲ့စကားကို နားလည်ဖို့ကြိုးစားနေခဲ့တာ။ ဗိုလ်မှူးအကြောင်းတွေးမိတိုင်းလည်း သူ့ဆီရောက်စေချင်တဲ့ စာတွေကိုပုံမှန်ရေးတယ်။ ဒီလိုနဲ့တစ်ရက်တော့ စာပို့တိုက်ကို ဗိုလ်မှူးလက်ရေးနဲ့ စာတစ်စောင်ရောက်လာတယ်။ ဗိုလ်မှူးကို Violet တစ်ယောက် ပြန်ဆုံနိုင်ပါ့မလား…..ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှူလိုက်ပါRatingလည်း ကောင်းတာထက်ကို ပိုနေပြီးသားမလို့ ဇာတ်လမ်းမကောင်းမှာ စိတ်ပူစရာမလိုပါဘူးကြည့်ရတန်တဲ့ Runtime 140minကြာ ဇာတ်ကားလေးပါ
Read More 0 comments
Rating : 6.3/10
Country : United State
Genre : Animation, Action, Sci-Fi 
Cast : Jason Isaacs, Amy Acker, Diedrich Bader 
Released Date : 2020
Duration : 1h 24min

2020ရဲ့စူပါမန်းရောက်ရှိလို့လာပါပြီဆိုဗီယက်ပြည်နယ်မှာမွေးဖွားတဲ့စူပါမန်းတစ်ယောက်ဟာလူတွေကိုဖိနှိပ်ချုပ်ချယ်မှုတွေကင်းလွတ်တဲ့ဘဝမှာနေစေချင်တဲ့ ဆန္ဒတွေပြင်းထန်လို့နေပါတယ်သို့ပေမယ်လဲထုံးစံအတိုင်း အာဏာကိုမက်မောတဲ့လူတွေကြောင့်စူပါမန်းတစ်ယောက် တိုက်ပွဲဝင်ရပါတော့တယ်
တစ်ချိန်တည်းမှာပဲ သူတို့ရဲ့မြို့လေးတစ်မြို့ကို ဂြိုလ်သားတွေရဲ့ယာဉ်ရောက်ရှိလာပြီးဖန်ပုလင်းထဲထည့်သိမ်းလိုက်တဲ့အခါအဲဒီမြို့ကိုလည်းကယ်တင်ဖို့ကြိုးစားရတစ်ဖက်မှာလည်းအမေရိကန်ရဲ့ဖိနှိပ်မှုတွေကိုခံရနဲ့ဒီကြားထဲသူ့ကိုမုန်းတဲ့လင်းနို့လူသားပါ ပါလာတဲ့အချိန်မှာတော့စူပါမန်းတစ်ယောက်ဘယ်လိုတွေရင်ဆိုင်တိုက်ခိုက်မလဲဘယ်လိုတွေစွန့်စားမလဲဆိုတာကိုတော့ ကြည့်ရှူလိုက်ကြပါနော်
Read More 0 comments


 

Rating : 3.1/10
Country : United State
Genre : Action
Cast : London Aaron, Marcia Adams, Kareem Alexander
Released Date : 2020
Duration : 1h 32min

အညွှန်း
Code of thieves ဇာတ်ကားက မေလမှာထွက်ရှိထားတဲ့ 2020 ထွက်ကားသစ်ဖြစ်ပါတယ်

သိက္ခာကျဆင်းခဲ့ရတဲ့ MI မှရဲချုပ်ဟောင်း Daniel Hartwell, သူ့ရဲ့သစ္စာဖောက်တပည့် Poppy Hartwell, Distinyနဲ့ Chasity ဆိုတဲ့သူ့သမီးနှစ်ယောက်, သူ့တို့အားလုံးရဲ့ အကျပ်အတည်းဖြစ်နေချိန်ကို ဖော်ပြထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ

အင်အားတောင့်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတစ်‌ယောက်ကို မှားယွင်းစွာလုယက်ခြင်းတွေ အမှားပြင်ဆင်ရန်အတွက် သူငယ်ချင်းအုပ်စုတစ်စုအား ဘဏ်ကိုလုယုရန်အတင်းအဓမ္မခိုင်းစေမှုတွေ စတဲ့ဇာတ်ကြောင်းအမျိုးမျိုးတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်

Action ဇာတ်လမ်းကြိုက်တဲ့ ပရိတ်သတ်တွေအတွက် အကြိုက်တွေ့‌စေမဲ့ ဇာတ်ကားသစ်တစ်ကားလည် းဖြစ်ပါတယ်
Read More 0 comments
Rating : 3.2/10
Country : United State
Genre : Sci-Fi 
Cast : Melissa Joy Boerger, Matt Daciw, Eamon Hanson                           
Released Date : 2020
Duration : 1h 28min

2020 ထွက် Sci-Fi ကားသစ်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးပြောရရင်တော့ဖခင်ဖြစ်သူမှာ ယာဉ်မတော်တဆမှုနဲ့သေဆုံးခဲ့တာကြောင့် . မောင်နှမ နှစ်ယောက်ထဲ ကျန်ခဲ့တဲ့
နောက်မှာတော့ ဂျော့ရှူဝါတစ်ယောက် ညီမဖြစ်သူအမ်မာကို စောင့်ရှောက်ရဖို့အကြောင်းဖန်လာပါတယ်။ အမ်မာလေးက ပုံမှန်လူတွေထက်ထူးခြားနေတဲ့အတွက်ကြောင့် ဂျော့ရှူဝါမှာ ညီမဖြစ်သူကို လူတွေနဲ့ဝေးရာမှာဖွက်ထားရင်း သူငယ်ချင်းဖြစ်သူနဲ့အတူ ညီမဖြစ်သူကိုပုံမှန်အတိုင်းဖြစ်စေဖို့နည်းလမ်းစုံ ကြိုးစားနေခဲ့ပါတယ်။ ဘယ်လိုပင်လုပ်လုပ် ညီမဖြစ်သူမှာပုံမှန်အတိုင်းဖြစ်မလာပဲပိုမိုဆိုးဝါးလာနေခဲ့ပါတယ်။ ဒါကြောင့် ဂျော့ရှူဝါတစ်ယောက် ညီမဖြစ်သူအမ်မာကိုကူညီပေးဖို့ကမ်းလှမ်းထားတဲ့လူတစ်ယောက်ဆီမှာ ကုသပေးဖို့အပ်ခဲ့ပါ တယ် ။ တစ်ချိန်တည်းမှာပဲ  ဖြစ်ပျက်လာတဲ့ နောက်ထပ်ဇာတ်ကြောင်းတစ်ခုကိုတော့ မူဗီထဲမှာပါကြည့်စေချင်ပါတယ်။ အမ်မာလေးရဲ့ ထူးခြားမှုတွေကတော့ပရိတ်သတ်တို့ကိုယ်တိုင် ခံစားကြည့်မြင်ပေးကြပါ။
Read More 0 comments
Rating : 5.3/10
Country : United state
Genre : Comedy, Fantasy, Horror  
Cast : DeMarr Wright, Taylor Kilgore, Mark Justice          
Released Date : 2020
Duration : 1h 47min

ဒီဇာတ်ကားလေးဟာဆိုရင်တော့ဖြင့်2020ကထွက်ရှိခဲ့တဲ့ Horror အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ် ။

ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ဖြင့် Ever Green campsiteကိုပျော်ပွဲစားထွက်လာကြတဲ့သူငယ်ချင်းတစ်စုက

ညဘက်မီးဖိုရင်းနဲ့ကြောက်စရာဇာတ်လမ်းတွေကိုတစ်ယောက်တစ်လှည့်ဆီပြောကြတာဖြစ်ပါတယ် ။

အဲ့ဒီမှာ Park rangerတစ်ယောက်နဲ့စကားလက်ဆုံကျမိပီးနောက်ပိုင်းဘယ်လိုမထင်မှတ်ထားတဲ့ကြောက်စရာအဖြစ်အပျက်တွေကြုံရမလဲ..

ဘယ်သူတွေကလွတ်မြောက်ပီး ဘယ်သူတွေကမလွတ်မြောက်နိုင်ဘူးဆိုတာ သည်းထိတ်ရင်ဖိုစွာနဲ့ကြည့်ရူရမှာ ဖြစ်ပါတယ်။

Read More 0 comments


 

Rating : 4.1/10
Country : United State
Genre : Drama, Thriller 
Cast : Mavis Simpson-Ernst, Vincent Piazza, Genesis Rodriguez
Released Date : 2020
Duration : 1h 38min

အညွှန်း
2020 ထွက်ပါ Drama/ Thriller အမျိုးအစားဖြစ်ပြီး ထူးခြားတာက
တစ်ကားလုံး cast ၂ ယောက်ပဲပါပါတယ်…

ဇာတ်လမ်းအကျဉ်းကတော့ စာရေးဆရာမ နာအိုမီနဲ့ သူ့ယောက်ျားဟာစာအုပ်လက်မှတ်ထိုးပွဲအတွက် နော်ဝေးနိုင်ငံသို့သွားရင်း နှင်းမုန်တိုင်းတစ်ခုကြောင့် ကားထဲမှာ ပိတ်မိသွားပါတော့တယ်…ပိုဆိုးတာက နာအိုမီမှာ ကိုယ်လေးလက်ဝန်ကြီးနဲ့ပါတစ်ရက်ပြီးတစ်ရက် ကုန်လွန်ပြီး ပါလာတဲ့စားစရာတွေ ကုန်ခါနီးလာတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားပေးကြပါဦး။ ဒီဇာတ်ကားဟာ အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပြီး အတော်ကြည့်လို့ကောင်းပါတယ် . Silent Movies အမျိုးအစားလို့လည်း ပြောလို့ရမယ်ထင်ပါတယ်။
Read More 0 comments

 

Rating : 4.4/10
Country : United State
Genre : Thriller
Cast : Claes Bang, Olga Kurylenko, Brian Cox 
Released Date : 2020
Duration : 1h 33min

အညွှန်း
ဇာတ်လမ်းအရအဓိကဇာတ်ကောင်ဖြစ်တဲ့မင်းသ မီးရို့စ်လင်း သူကမင်းသားနဲ့လက်မထပ်ခင်ကတည်းကအမွှာသမီးလေးနှစ်ယောက်ရှိနေပြီးသား မုဆိုးမပါ။

မင်းသားနဲ့လက်ထပ်ပြီးတော့ ကိုယ်၀န်ရလာတော့လည်းအမွှာလေးပါပဲ။ ဒါပေမဲ့မမွေးခင်မှာမတော် တဆဖြစ်ပြီး ခွဲခန်း၀င်ခဲ့ရတာကြောင့်ရင်သွေးလေး တစ်ယောက်သာရှင်သန်ပြီး တစ်ယောက်သေဆုံးခဲ့ရပါတယ်။

အဲ့အချိန်မှာပဲ ရို့စ်လင်းရှော့ခ်ရခဲ့ပါတယ်။ ဒီလိုနဲ့စိတ်ဒဏ်ရာဟောင်းပြန်ပေါ်လာပြီးပြဿနာတွေစပါတော့တယ်။ ရို့စ်လင်းမှာစိတ်ဝေဒနာရှိတာကိုမသိတဲ့မင်းသားက တစ်နေ့အလုပ်ကိစ္စနဲ့ခရီးထွက်သွားပါတော့တယ်။

ပြန်ရောက်လာချိန်မှာတော့ သားလေးရောသမီးနှစ်ယောက်ကိုရောရို့စ်လင်းကိုရောမတွေ့တော့ပါဘူး။ ဒီလိုနဲ့ရှာဖွေရင်း ပင်လယ်နားကအိမ်ကြီးတစ်အိမ်မှာရှာတွေ့ခဲ့ပါတယ်။

ဒါပေမဲ့ မွေးခါစသားလေးကတော့သေနေခဲ့ပါပြီ။ ရို့စ်လင်းကလည်းစိတ်အခြေအနေအရမ်းဆိုးရွားနေပါပြီး ဘာတစ်ခုမှမမှတ်မိတော့ပါဘူး။

ဒီလိုအခြေအနေတွေကိုမင်းသားဘယ်လိုရင်ဆိုင်မလဲ ဒါတွေဘာကြောင့်ဖြစ်တာလဲ သူ့သားလေးဘယ်လိုသေသွားခဲ့တာလဲ ရို့စ်လင်းရဲ့စိတ်ဒဏ် ရာကဘယ်ကနေအစပြုခဲ့တာလဲ

စသည်တို့အပြင်လုံး၀မထင်မှတ်ထားတဲ့မြှပ်ကွက်တစ်ခုလည်းပါတာမို့2020ထွက်ကားတွေထဲမှာကြည့်သင့်ဇာတ်ကားတစ်ကားပါပဲ။
Read More 0 comments


 

Rating : 7.2/10
Country : China
Genre : Action, Drama, War 
Cast : Zhi-zhong Huang, Zhang Junyi, Hao Ou 
Released Date : 2020
Duration : 2h 29min

အညွှန်း
IMDB 7.2 ရရှိထားပြီးစစ်ကားကောင်းကြိုက်သူတွေအကြိုက်တွေ့စေမယ့်august 21 2020မှာထွက်လာပြီး Budget $80millionသုံးထားတဲ့တရုတ်ဖြစ်ရပ်မှန် ဇာတ်ကားလေးပါBox office ဝင်ငွေ $451.5million စံချိန်တင်လည်းချိုးထားပါတယ်တရုတ်ပြည်ရဲ့ရှန်ဟိုင်းမြို့ကိုဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန်
ပင်မတပ်ကြီးပြန်ဆုတ်သွားပေမယ့် ကျန်ရှိနေတဲ့တပ်သား၈၀၀ ရဲ့လက်နက်အင်အားမမျှတဲ့ကြားက အရှုံးမပေးပဲအသက်စွန့်ပြီး ၄ရက်ကြာတိုက်ခိုက်ခဲ့တာကိုဂုဏ်ပြုရိုက်ကူးထားတာပါရှန်ဟိုင်းကိုဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန်ဂက်စ်ပိုက်လိုင်းတွေရှိနေတဲ့ဂိုထောင်မှာ အမှတ်၈၈ခေါင်းဆောင်ဦးဆောင်တဲ့တပ်သား၈၀၀အဖွဲ့ဟာတပ်မဆုတ်ပဲ စောင့်ကြပ်ကာကွယ်နေခဲ့ပါတယ်..တိုင်းပြည်ဂျပန်တွေလက်ထဲမရောက်ရဖို့အရေး လက်နက်အင်အားမမျှပေမယ့်အသက်စွန့်တိုက်ခိုက်မှုကြောင့် ဂျပန်တွေက အင်အားသုံးတိုက်ခိုက်ပေမယ့်၄ရက်ကြာ မသိမ်းပိုက်နိုင်ဖြစ်ရပါတယ်…..ဂိုထောင်ရဲ့မြစ်တစ်ဖက်ကမ်းမှာ အဂ်လိပ်တွေကာကွယ်ပေးထားတဲနယ်မြေသစ်မှာပြည်သူတွေ ၄သိန်းကျော်ရှိနေတာပါ…..တရုတ်တပ်သားတွေအသေခံတိုက်ခိုက်နေတာကိုမြစ်တစ်ထက်ကမ်းကပြည်သူတွေရင်နင့်စွာမြင်နေရရင်းဂျပန်ကိုတော်လှန်လိုစိတ်တွေတက်ကြွလာခဲ့ပါတယ်…ဒါပေမယ်လဲ နယ်မြေသစ်ရဲတံတားကိုဖြတ်တာနဲ့ ဂျပန်တွေပစ်သတ်တာခံရမှာပါ….လိုနေတဲ့ရိက္ခာတွေကို အသက်စွန့်ပြီး ပို့ပေးမယ့်သူတွေပေါလာတဲ့အခါ….တပ်သားတွေရဲ့အသက်စွန့်ပြီးရဲဝံ့စွာတိုက်ခိုက်မှုတွေကြောင့်သတင်းစာမှာဖော်ပြခံရပြီးနိုင်ငံတစ်ကာက ချီးမွမ်းခဲ့ကြပေမယ့်လက်နက်အင်အားကြီးနေတဲ့ဂျပန်နိုင်ငံနဲ့ရန်ငြိုးမဖွဲ့လိုလို့ တရုတ်နိုင်ငံကို ဘယ်သူမှတပ်ကူမပေးလိုတဲ့အခါ…..တပ်သား၈၀၀ ကျော်ရဲ့အရှုံးမ ပေးပဲ အသက်စွန့်တိုက်ခိုက်မှုဟာတရုတ်ပြည်သူတစ်ရပ်လုံးကိုနိုးထစေခဲ့ပြီးနောင်တစ်ချိန်ကွန်မြူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာဂျပန်ကိုတစ်ကြိမ်ထဲနဲ့ အပြတ်တိုက်ထုတ်နိုင်ခဲ့ပါတယ်….
Read More 0 comments


 

Rating : 4.9/10
Country : China
Genre : Thriller, Mystery, Drama
Released Date : 2020
Duration : 1h 12min

အညွှန်း
ဒီဇာတ်ကားကတော့ 2020မှာထွက်ထားတဲ့ Drama.,Mystery,Thrillerအမျိုးအစားဖြစ်ပါတယ်Online cele ဟန်ကျိန်းအယ်ဆိုတဲ့မိန်းကလေးဟာ အခန်းတစ်ခုမှာအဖမ်းခံထားရပြီးLiveလွင့်ရင်းကစားပွဲတစ်ခုကစားရပါမယ်…၄နာရီအတွင်းLiveအတွင်းကြည့်ရှုသူ၅သောင်းပြည့်ရင်အခန်းထဲရေဖြည့်တာရပ်သွားမယ်…စည်းကမ်းချိုးဖောက်ရင်တော့မိနစ်၂၀အတွင်းတစ်ခန်းလုံးရေပြည့်ပြီး ရေမြှုပ်သေရမှာပါ…..ဘယ်သူကသူ့ကိုဖမ်းချုပ်ထားတာလဲ…
ဘာအကြောင်းရင်းရှိနေတာလဲ…လွန်ခဲ့တဲ့၂နှစ်က ကိုယ်ဝန်သည်မိန်းကလေးသတ်ခံရတဲ့
အမှုနဲ့ပတ်သက်နေတာလား…ဟန်ကျိန်းအယ်က နောက်ဆုံးမှာလွတ်မြောက်နိုင်ပါ့မလား…..ဇာတ်လမ်းတစ်ခုလုံးကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ
Read More 0 comments


 

Rating : 5.6/10
Country : China
Genre : Adventure, Drama, Fantasy
Cast : Eleanor Lee, Xingxu Chen, Wah Yuen 
Released Date : 2020
Duration : 1h 36min

အညွှန်း
90 Born တော်တော်များများ 1987 ခုနှစ်လောက်ကထွက်တဲ့A Chinese Ghost Story ဇာတ်ကား‌လေးကိုသိကြမှာပါခုဒီဇာတ်ကားလေးကတော့ A Chinese Ghost Story ကို 2020 ခုနှစ်မှာ ပြန်လည်ဆန်းသစ်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်
စာပေသမားလေးနဲ့ချိုင်ချွမ်ဟာ မင်းနေပြည်တော်သို့ ပြည်နယ်စာမေးပွဲဖြေဖို့ သွားရာလမ်းမှာဘုံကျောင်းပျက်မှာတည်းခိုရင်း သောင်းကျန်းလှတဲ့ ကဝေများနဲ့တွေ့ဆုံခြင်းဖြစ်ပါတယ်သူ့ကိုဖမ်းစားဖို့လာတဲ့ကဝေမလေး နျဲ့ရှောင်ချန့်ဟာ သူ့ရဲ့ရိုးသားပြီးကူညီတတ်တဲ့စိတ်ရင်းလေးကြောင့် မသတ်ရက်ပဲ တစ်ယောက်နဲ့တစ်ယောက်စုံမက်မိသွားကြပါတယ်ဒါပေမယ့် ရှောင်ချန့်ရဲ့ဘွားဘွားကဝေအိုမကြီးက သူမကိုတောင်မဲကဝေနတ်ဆိုးနဲ့လက်ထပ်ထိမ်းမြားဖို့ စီစဉ်ထားသည့်အပြင်သန့်စင်တဲ့အဖိုဓာတ်ရှိတဲ့ စာပေသမားလေးကိုလိုချင်လို့ ကဝေမုဆိုးတွေနဲ့ယှဉ်ပြိုင်မှုတွေဖြစ်လာပါတယ်ဇာတ်လမ်းသဘောသဘာဝတူသော်ငြားလည်း ဇာတ်ကားဟောင်းနဲ့မတူဘဲ ေြပာင်းလဲသွားတဲ့တစ်ချို့ဇာတ်ဝင်ခန်းတွေကြောင့် သဘောမတွေ့ဖြစ်နိုင်ပေမယ့်ကြည့်မိလို့စိတ်ပျက်စေမယ့်ကားမျိုးတော့မဟုတ်ပါဘူးနော်ပြီးတော့ ချစ်စရာကောင်းတဲ့ မင်းသမီး Eleanor Lee နဲ့ မင်းသား Chen Xingxu တို့အပြင်ဘွားဘွားကဝေအိုမကြီးနေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားကြီး Yuein Wah (ပိုးမင်းသားကြီး) ကြောင့်ဇာတ်လမ်းကပိုပြီးအသက်ဝင်နေပါတယ်
Read More 0 comments


 

Rating : 6.4/10
Country : United State
Genre : Comedy, 
Cast : Kat Foster, Georgia King, Alana O'Brien
Released Date : 2020
Duration : 1h 48min

အညွှန်း
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင်လို့ reality show တစ်ခုမှာ ဝင်ပြိုင်ရင်းကနေ အလုပ်ပြုတ်သွားရတဲ့ မတ်ဒီ ဟာ တင်းနစ်အရမ်းကြိုက်တဲ့ အိမ်ခြံမြေအကျိုးဆောင် ဘော်ဘီ မေဆန်ဆီမှာ အလုပ်ရဖို့အတွက် တင်းနစ်ပြိုင်ပွဲတစ်ခု ဝင်ပြိုင်ရပါတယ်။ First One In (2020) ဟာ အခုလို အိမ်တွင်းအောင်နေရချိန်မျိုးမှာ ပေါ့ပေါ့ပါးပါး ဟာသကားလေးတွေ ကြည့်ချင်သူတွေအတွက် ဇာတ်ကားကောင်း‌လေးတစ်ကားဖြစ်ပါတယ်။
Read More 0 comments
Rating : 6.3/10
Country : United State 
Genre :  Drama, Music, Romance 
Cast : Britt Robertson, Melissa Roxburgh, K.J. Apa  
Released Date : 2020
Duration : 1h 56min

March 13 2020 ကမှ ထွက်ရှိထားတဲ့ Musical Romance ရုပ်ရှင်တစ်ကားကို Mmsubtitles ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဝမ်းနည်းတတ်တဲ့သူများပါရင်တော့ တစ်ရှူးဘူးလေး ဘေးမှာယူထားပြီးမှကြည့်ကြပါ။ အက်ဒမင် ကျွန်တော်လင်းထိုက်အောင်ကတော့
ဒီဇာတ်ကားကြည့်ရင်း မျက်ရည်မထိန်းနိုင်လို့ ငိုမိပါသေးတယ်။

ကျွန်တော်တို့ Website က ads တွေများလွန်းလို့မဒေါင်းတတ်ဘူးဆိုတဲ့သူတွေအတွက် ဘာပိုက်ဆံမှမရတဲ့ Direct Link နဲ့ချိတ်ပေးထားပါတယ်။
ဒေါင်းပုံဒေါင်းနည်းတွေကိုလဲ Page ထဲမှာတင်ပေးထားပါတယ်။ အားလုံးပဲ April Fool Day မှာပျော်ရွှင်ကြပါစေ။

ဒီဇာတ်လမ်းလေးကတော့ အဆိုတော် ဂျယ်ရမီကမ့်ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်လမ်းကို ရိုက်ကူးထားတာပါ။ သူက ဒီ I Still Believe ကိုစာအုပ်အနေနဲ့အရင်ရေးသားခဲ့ပြီး အခုမှ ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်ခဲ့တာပါ။ ဇာတ်ကားရဲ့ ခေါင်းစဉ်ဖြစ်တဲ့ I still believe က ဂျယ်ရမီကမ့်ရဲ့ နာမည်ကြီးခဲ့တဲ့ သီချင်းတွေထဲမှာအပါအဝင်ဖြစ်ခဲ့ပါတယ်။
ဂျယ်ရမီကမ့်က ဖျော်ဖြေပွဲတစ်ခုမှာဖျော်ဖြေရင်း သူ့ပရိသတ်ထဲမှာ မလစ်ဆာဆိုတဲ့ မိန်းကလေးကိုသတိထားမိပါတယ်။ မလစ်ဆာက ဂျယ်ရမီ့ကိုစိတ်ဝင်စားဟန်သာပြသရုံပေမဲ့ ဂျယ်ရမီ့အတွက်တော့ မြင်မြင်ချင်းအချစ်ဆိုတာ သေချာခဲ့ပါတယ်။
သူတို့အချစ်ဇာတ်လမ်းမှာ ပထမဆုံးစမ်းသပ်မှုကတော့ သူတို့သူငယ်ချင်းတစ်ဦးပါ။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ခုပေါ့။ အကြောင်းအရာတစ်ခုကြောင့် သူတို့နှစ်ဦးဟာ အဲ့သုံးပွင့်ဆိုင်အချစ်ကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့အကြောင်းအရာကပဲ သူတို့ကို ဝေးကွာစေတဲ့ အရာတစ်ခုဖြစ်လာတဲ့အခါမှာတော့ သူတို့အချစ်တွေက ဘယ်လောက်ထိရှေ့ဆက်နိုင်ဦးမလဲ။ သူတို့ရဲ့ အချစ်ကိုဒုတိယစမ်းသပ်ချက်မှာတော့ ဘုရားသခင်ကိုယ်တိုင်ပါဝင်လာတဲ့အခါ သူတို့ယုံကြည်ချက်တွေ ဘယ်လိုဖြစ်သွားမလဲ။ ဆက်ပြီး ယုံကြည်နိုင်ပါ့ဦးမလားဆိုတာ ဒီဖြစ်ရပ်မှန်ဇာတ်လမ်းလေးမှာ ရင်ခုန်လိုက်ပါဦးနော်။
Read More 0 comments


 

Rating : 7.3/10
Country : China
Genre : Drama, History 
Cast : Haijun Chang, Wei Fan, Yan Li 
Released Date : 2020
Duration : 1h 44min

အညွှန်း
ဒီကားလေးကတော့ Box office worldwideမှာ $10600000အထိဝင်ငွေစံချိန်တင်ရရှိထားတဲ့Nov27 2020မှာထွက်လာတဲ့ Drama History အမျိုးအစားဖြစ်ပါတယ်1975ခုနစ် တီဗီတွေမရှိသေးချိန်ဖလင်နဲ့ ပိတ်ကားပေါဇာတ်ကားပြလေ့ရှိပါတယ်..ွဒီအချိန်မှာ ဇာတ်ကားမပြသခင်လာတဲ့ သတင်းအတိုအထွာမှာ၂၂ရက်နေ့ ပါလာတဲ့သမီးလေးပါတဲ့ one secondစာမြင်ကွင်းကိုကြည့်ရဖို့
အလုပ် ကြမ်းထောင်ကနေထွက်ပြေးလာတဲ့ကျန်းကျုံစိမ်း..
ဖလင်လိပ်တွေကိုမီးပုံးလုပ်ပေးဖို့လိုက်ခိုးယူနေတဲ့လျိုကွေးနွီ…ဖလင်လိပ်တွေလမ်းမှာပျက်ဆီးသွားလို့ အလုပ်မပြုတ်ဖို့ အရေး ကြိုးစားရတဲ့ဖန့်တျန့်ရင်တို့သုံးယောက်သားဆုံကြတဲ့အခါ….ဖလင်လိပ်တစ်လိပ်ပဲရှိချိန် ဖလင်ဆေးရည်လဲမရှိတဲ့အချိန်မှာ ဘယ်လိုတွေကြိုးစားပြီးပြန်ရယူမလဲ…ကျန်းကျုံစိမ်းက ၂၂ရက်နေ့သတင်းအတိုအထွာမှာပါတဲ့သူ့သမီးလေးကို မြင်တွေ့ခွင့်ရနိုင်ပါ့မလား..ဇာတ်ကား ကြည့်ဖို့အရေးခက်ခဲမှုများစွာနဲရင်ဆိုင်ရတဲ့ ခေတ်ကာလကိုဖော်ပြသွားပြီးဖခင်တစ်ယောက်ရဲ့သမီးအပေါထားတဲ့သံယောဇဉ်ကိုမြင်ရမှာပါ
Read More 0 comments


Rating : 3.7/10
Country : United State
Genre :  Action
Cast : Stu Bennett, Vinnie Jones, Jacob Anderton 
Released Date : 2020
Duration : 1h 30min

အညွှန်း
ဂျွန်ဂိုးလ်ဒ်ဟာ အထူးတပ်ဖွဲ့ဝင်ဟောင်းစစ်သားတစ်ယောက်ပါ။

အထူးတပ်ဖွဲ့ကနေထွက်ပြီးတော့ ကြေးစားသဘောမျိုးနဲ့အပြင်မှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။

I Am Vengeance: Retaliation (2020)

အဲ့အချိန်မှာ သူ့ကိုနိုင်ငံတော်ကနေပြန်ခေါ်ပြီး မစ်ရှင်တစ်ခုကိုဦးဆောင်ခိုင်းခဲ့ပါတယ်။

သူလိုမျိုးအထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ ရှောင်တင်းဂ်ကို ဖမ်းဆီးဖို့အတွက်မစ်ရှင်ပေးခံရပါတယ်။

ရှောင်တင်းဂ်ဟာ လွန်ခဲ့သောနှစ်ပေါင်းများစွာက အရှေ့ဥရောပမှာဆောင်ရွက်ရတဲ့နောက်ဆုံးမစ်ရှင်မှာ အဖွဲ့ဝင်တွေအပေါ်မှာ သစ္စာဖောက်ခဲ့ပါတယ်။

တင်းဂ်သစ္စာဖောက်ပြီးသတ်ခဲ့တဲ့ သူတွေထဲကတစ်ဦးရဲ့သမီးဖြစ်သူ ဂျန်ကွိဒ်ဟာလည်း တင်းဂ်ကိုသတ်ပစ်ချင်နေသူတစ်ဦးဖြစ်ပါတယ်။

ဂျွန်ဂိုးလ်ဒ်က တင်းဂ်ကိုဖမ်းဆီးခေါ်လာပြီးတဲ့အချိန်မှာ တင်းဂ်ကိုသတ်ချင်နေတဲ့ဂျန်ကွိဒ်က ဝင်တိုက်ပါတယ်။ အဲ့နောက်ပိုင်းမှာ ဂျွန်ဂိုးလ်ဒ်နဲ့ဂျန်ကွိဒ်တို့ တင်းဂ်ကိုလုကြမှာလား? နှစ်ယောက်ပေါင်းပြီးတော့တင်းဂ်ကိုဖမ်းခေါ်မှာလားဆိုတာကို ဒီ I Am Vengeance ဆိုတဲ့ရုပ်ရှင်မှာဆက်ပြီးကြည့်ရှုပေးကြပါလို့။

Action ခန်းတွေနဲ့ ကြမ်းတာလေးကိုမှ ကြိုက်တဲ့သူတွေလုံးဝကြည့်သင့်တဲ့ဇာတ်ကားလေးပါနော်။
Read More 0 comments
Rating : 5.2/10
Country : United State
Genre :  Action, Drama, Mystery 
Cast : Blake Lively, Richard Brake, Elly Curtis 
Released Date : 2020
Duration : 1h 49min

ဒီကားက​တော့ 2020 မှာ ထွက်ထားတဲ့ မင်းသမီး Blake lively ရဲ့ အသစ်စက်စက် ဇာတ်ကား​ကောင်း​လေးပါ။

Blake lively ရဲ့ Gossip Girl series ၊ The age of adaline တို့နဲ့မတူတဲ့ သူမရဲ့ အခြားပုံစံ တစ်မျိုးကို​တွေ့မြင်ရမှာပါ။

ဒီကားထဲမှာ​တော့ စတီဖန်နီဆိုတဲ့​ကောင်မ​လေးက သူ့မိသားစုတစ်ခုလုံးကို ​လေယာဥ်​ပေါက်ကွဲမှုတစ်ခု​ကြောင့် ဆုံးရှုံးလိုက်ရသူပါ။

အဲ့အချိန်က​နေစပြီး ၃ နှစ်တာကာလကို သူမကိုယ်သူမ လူ​သေတစ်​ယောက်လို ဖြတ်သန်းလာခဲ့ရတာပါ။

အဲ့​နောက်မှာ​တော့ ​လေယာဥ်ပျက်ကျမှုဟာ မ​တော်တဆမှုမဟုတ်ပဲ ဗုံး​ပေါက်ကွဲမှု​ကြောင့်မှန်း သူမသိလိုက်ရတဲ့အခါ လက်စားပြန်​ချေဖို့ကြိုးစားလာပါတယ်။

တိုက်ခိုက်​ရေးပိုင်း​တွေကိုပါ ကြိုးစားသင်ယူရင်း အထီးကျန်​ကြောက်ရွံ့​နေသူက​နေ ရဲရင့်သူတစ်​ယောက် ဖြစ်လာခဲ့ပါတယ်။

သူမဟာ CIA မှလူတစ်​ယောက်နဲ့ အဆက်အသွယ်ရခဲ့ပြီး အပြစ်ရှိသူ​တွေ ​လေယာဥ်​ပေါက်ကွဲမှုအတွက်ကြံစည်သူ​တွေကို ဘယ်လိုလက်စားပြန်​ချေပြီး ဘာ​တွေဆက်ဖြစ်မလဲဆိုတာသိရဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကား​ကောင်းတစ်ခုပါ။
Read More 0 comments
Rating : 5.6/10
Country : United State
Genre : Drama, Thriller, War
Cast : Jean Reno, Thomas Kretschmann, Anjelica Huston 
Released Date : 2020
Duration : 1h 49min 

1942 World War ll ဖြစ်နေတဲ့အချိန်ကို အခြေခံထားပြီး Novelကို ပြန်ရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။

Lescunဆိုတဲ့ ချိုင့်ဝှမ်းဒေသလေးမှာ သိုးထိန်းမိသားစုမှ Jo Lalandeဆိုတဲ့ကောင်လေးနဲ့ သီးသန့်နေတတ်တဲ့ လူမျိုးမုဆိုးမ Horcadaနဲ့ Anyaဆိုတဲ့သမီးလေးနဲ့ကွဲသွားပြီး

Anyaရဲ့အဘွားHorcadaရဲ့အိမ်မှာ သမီးဖြစ်သူကို စောင့်နေတဲ့ Benjaminတို့ ဂျူးလူမျိုးကလေးလေးတွေကို ဂျာမန်တွေရန်မှကာကွယ်ပြီး ပြင်သစ်နယ်စပ်မှ စပိန်သို့ ခိုးပြီး သုံးယောက်အတူပူးပေါင်းပြီး ပို့ဆောင်ပေးတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။

February 7, 2020ကမှ ထွက်ထားတာဖြစ်ပြီး ဂျာမန်နဲ့ဂျူးဆက်ဆံရေးတွေကို ပြန်လည်ခံစားချင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။
Read More 0 comments


 

Rating : 6.0/10
Country : United State
Genre : Comedy, Drama, Romance
Cast : Shelley Conn, Shannon Tarbet, Celia Imrie
Released Date : 2020
Duration : 1h 37min

အညွှန်း
ယခုတစ်တင်ဆက်ပေးမယ့်ဇာတ်ကားကတော့ Love sarah ဆိုတဲ့ drama ကားလေးပါ။ 2020 ကမှထွက်ထားပြီးတော့ imdb 6 အထိရရှိထားပါတယ်။ဇာတ်လမ်းလေးကတော့ ဆုံးသွားတဲ့အမေဆန္ဒကိုဖြည့်စည်းပေးပြီးတော့ အဖွားနဲ့အတူတူကြိုးစားဖို့အတွက်လုပ်နေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းရိုက်ထားတာပါ။

ကောင်မလေးနာမည်ကတော့ ကက်စီရာပါ။ သူက ဘဲလေးအကသင်တန်းမှာ တက်ရောက်နေသူဖြစ်ပြီးတော့ မိဘတွေမရှိတော့ ခိုကိုးရာမဲ့နေပါတယ်။ ဒီတော့သူက နေထိုင်အဖို့သူ့ကောင်လေးအိမ်မာကပ်နေတာပါ။ ဒါပေမယ့် သူ့ကောင်လေးနဲ့အဆင်မပြေတာတွေဖြစ်လာတော့သူမက သူမရဲ့အမေ ဆာရာဖွင့်ဖို့အတွက်ပြင်ဆင်ထားခဲ့တဲ့ ဆိုင်ခန်းအဟောင်းလေးမှာအိပ်ခဲ့ပါတယ်။ ဒါပေမယ့်ရဲတွေကရှာဖွေတွေ့ရှိခဲ့တော့ ဆာရာရဲ့သူငယ်ချင်း အစ်စဘယ်လာဆီကိုဆက်သွယ်ခဲ့ပါတယ်။ ဒီလိုနဲ့ အစ်စဘယ်လာက ကက်စီရာကိုနိုးပြီးတော့ အကျိုးအကြောင်းမေးမြန်းခဲ့တော့ သူ့ရဲ့အိမ်မှာလိုက်နေဖို့ ကက်စီရာက ပူဆာခဲ့ပါတယ်။ ဒါပေမယိ့ အိမ်ကကျဥ်းတော့ သူ့အတွက်အဆင်မပြေခဲ့ပါဘူး။ ဒီလိုနဲ့ ကက်စီရာရဲ့ အဖွားအိမ်ကိုခေါ်သွားပါတော့တယ်။ ဒီလိုနဲ့ပဲကက်စီရာက သူ့အမေအကြောင်းကိုအဖွားဆီ​စကားစမြည်ပြောလိုက်တဲ့အခါကောင်မလေးစိတ်ထဲမှာ သူ့အမေဆန္ဒတွေကိုဖြည့်ဆည်းချင်စိတ်တွေပေါ်ပေါက်လာခဲ့ပါတယ်။

ဒီလိုနဲ့ပဲနောက်နေ့မှာ အစ်စဘယ်လာဆီကိုသွားပြီးတော့ ကိတ်မုန့်ဆိုင်အကြောင်းတိုင်ပင်ခဲ့ပါတယ်။ ဒါပေမယ့်သူတို့တွေအတွက်ငွေလိုအပ်လာပါတော့ ကိတ်မုန့်ဖုတ်တက်တဲ့သူတစ်ယောက်လည်းလိုအပ်လာပါတယ်။ ဒီလိုနဲ့သူတို့တွေ လိုအပ်တာတွေကိုရသွားပြီချိန်မှာ ကိတ်မုန့်ဖုတ်တဲ့သူက ဆာရာရဲ့ရည်းစားဟောင်းဖြစ်နေတာပါ။ ဆာရာရဲ့ရည်းစားဟောင်းက ကောင်မလေးကို သူ့သမီးလို့ထင်မှတ်နေခဲ့ပါတယ်။ အမေ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးချင်တဲ့သမီးလေး၊ သမီးကိုဆုံးရှုံးပြီးမှအလိုလိုက်ဖို့အတွက်နောင်တရတဲ့အဖွား၊ ဆာရာရဲ့ အချစ်ဆုံးသူငယ်ချင်း.. အစ်စဘယ်လာ၊ ကက်စီရာကိုသမီးလို့ထင်နေတဲ့ မက်သရူး၊ သူတို့တွေဘယ်လိုဆုံစည်းပြီးတော့ ဘယ်လို ဇာတ်လမ်းတွေဖြစ်ကြမလည်းဆိုတာတော့ ဇာတ်လမ်းလေးကိုပဲကြည့်ရှုခံစားလိုက်ပါ။
Read More 0 comments


 

Rating : 5.4/10
Country : United State
Genre : Comedy, Drama, Family 
Cast : John Jack, Vanessa Hudgens, Sam Palladio 
Released Date : 2020
Duration : 1h 36min

အညွှန်း
ဒီကားက The Princess Switch (2018) ရဲ့အဆက်ပါ…လူကြိုက်များပြီး ပေါက်လို့ 2020မှာSwitched Againဆိုပြီး ဆက်ရိုက်ကူးထားတာပါ…2018ကို ကြည့်ပြီးသားသူက ပြဿနာမရှိပေမဲ့မကြည့်ရသေးဘဲနဲ့တော့ ဒီကားကိုသွားကြည့်ရင် ခေါင်းမူးသွားမှာမို့ ၂၀၁၈ ကိုအရင်ကြည့်လိုက်ပါ…ဘုရင်စနစ်အုပ်ချုပ်တဲ့ ဘယ်ဂရေးဗီးယားနိုင်ငံ နဲ့ မွန်တဲနားရိုး နိုင်ငံ(၂)ခုရှိတယ်…
မာဂရက်ဆိုတဲ့ကောင်မလေးက မွန်တဲနားရိုး နိုင်ငံရဲ့မင်းသမီးလေးပေါ့…

၂၀၁၈ က ကားထဲမှာ ရုပ်ချင်းလုံးဝတူတဲ့သာမန်အရပ်သူလေးစတေးစီ နဲ့  မွန်တဲနားရိုးနိုင်ငံက မင်းသမီး မာဂရက်တို့ဟာလူချင်းခဏချိန်းရင်း နောက်ဆက်တွဲအနေနဲ့ သာမန်အရပ်သူလေး စတေးစီဟာ Belgravia နိုင်ငံက မင်းသားနဲ့အိမ်ထောင်ကျသွားရင်တော်ဝင်မိသားစုဖြစ်သွားတယ်….မင်းသမီးမာဂရက်ကတော့ အရပ်သားနဲ့ချစ်ကြိုက်ရင်း သာမန်ဘဝနဲ့နေထိုင်ဖို့ကြိုးစားပေမဲ့သူ့မရဲ့ Montenaro နိုင်ငံက ဘုရင်မ အရာကိုဆက်ခံဖို့အကြောင်းဖန်လာတဲ့အခါ သာမန်အရပ်သားချစ်သူနဲ့ပြတ်သွားတယ်..ဒါကို သိလို့မနေနိုင်တဲ့ စတေးစီက ကူညီဖို့ ကြိုးစားရင်း ၂၀၂၀ဇာတ်လမ်းကိုစထားပါတယ်…၂၀၁၈ ကားကိုမကြည့်ရသေးတဲ့သူတွေအဖို့ အညွှန်းဟာ အနည်းငယ်ရှုတ်ထွေးနိုင်လို့ ဇာတ်ကားကြည့်လိုက်ရင်တော့သဘောပေါက်သွားပါလိမ့်မယ်..ဒီကားက ဇာတ်လမ်းလေးလည်းကောင်းသလို စိတ်လှုပ်ရှားစရာ Twistလေးတွေလည်းပါလို့ကြည့်ရအတော်ကောင်းပါတယ်…ဆောင်းရာသီရဲ့လှပတဲ့ရှုခင်းတွေခံစားရင် ပျော်ရွှင်ဖွယ်ဒီဇာတ်လမ်းကိုကြည့်ရှုရင်းStay Home တဲ့ ကာလကို အထိုက်အလျှောက်လှပစွာကျော်ဖြတ်နိုင်စေလိမ့်မယ်လို့ မျှော်လင့်ရင်း….
Read More 0 comments