Love Sarah (2020)


 

Rating : 6.0/10
Country : United State
Genre : Comedy, Drama, Romance
Cast : Shelley Conn, Shannon Tarbet, Celia Imrie
Released Date : 2020
Duration : 1h 37min

အညွှန်း
ယခုတစ်တင်ဆက်ပေးမယ့်ဇာတ်ကားကတော့ Love sarah ဆိုတဲ့ drama ကားလေးပါ။ 2020 ကမှထွက်ထားပြီးတော့ imdb 6 အထိရရှိထားပါတယ်။ဇာတ်လမ်းလေးကတော့ ဆုံးသွားတဲ့အမေဆန္ဒကိုဖြည့်စည်းပေးပြီးတော့ အဖွားနဲ့အတူတူကြိုးစားဖို့အတွက်လုပ်နေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းရိုက်ထားတာပါ။

ကောင်မလေးနာမည်ကတော့ ကက်စီရာပါ။ သူက ဘဲလေးအကသင်တန်းမှာ တက်ရောက်နေသူဖြစ်ပြီးတော့ မိဘတွေမရှိတော့ ခိုကိုးရာမဲ့နေပါတယ်။ ဒီတော့သူက နေထိုင်အဖို့သူ့ကောင်လေးအိမ်မာကပ်နေတာပါ။ ဒါပေမယ့် သူ့ကောင်လေးနဲ့အဆင်မပြေတာတွေဖြစ်လာတော့သူမက သူမရဲ့အမေ ဆာရာဖွင့်ဖို့အတွက်ပြင်ဆင်ထားခဲ့တဲ့ ဆိုင်ခန်းအဟောင်းလေးမှာအိပ်ခဲ့ပါတယ်။ ဒါပေမယ့်ရဲတွေကရှာဖွေတွေ့ရှိခဲ့တော့ ဆာရာရဲ့သူငယ်ချင်း အစ်စဘယ်လာဆီကိုဆက်သွယ်ခဲ့ပါတယ်။ ဒီလိုနဲ့ အစ်စဘယ်လာက ကက်စီရာကိုနိုးပြီးတော့ အကျိုးအကြောင်းမေးမြန်းခဲ့တော့ သူ့ရဲ့အိမ်မှာလိုက်နေဖို့ ကက်စီရာက ပူဆာခဲ့ပါတယ်။ ဒါပေမယိ့ အိမ်ကကျဥ်းတော့ သူ့အတွက်အဆင်မပြေခဲ့ပါဘူး။ ဒီလိုနဲ့ ကက်စီရာရဲ့ အဖွားအိမ်ကိုခေါ်သွားပါတော့တယ်။ ဒီလိုနဲ့ပဲကက်စီရာက သူ့အမေအကြောင်းကိုအဖွားဆီ​စကားစမြည်ပြောလိုက်တဲ့အခါကောင်မလေးစိတ်ထဲမှာ သူ့အမေဆန္ဒတွေကိုဖြည့်ဆည်းချင်စိတ်တွေပေါ်ပေါက်လာခဲ့ပါတယ်။

ဒီလိုနဲ့ပဲနောက်နေ့မှာ အစ်စဘယ်လာဆီကိုသွားပြီးတော့ ကိတ်မုန့်ဆိုင်အကြောင်းတိုင်ပင်ခဲ့ပါတယ်။ ဒါပေမယ့်သူတို့တွေအတွက်ငွေလိုအပ်လာပါတော့ ကိတ်မုန့်ဖုတ်တက်တဲ့သူတစ်ယောက်လည်းလိုအပ်လာပါတယ်။ ဒီလိုနဲ့သူတို့တွေ လိုအပ်တာတွေကိုရသွားပြီချိန်မှာ ကိတ်မုန့်ဖုတ်တဲ့သူက ဆာရာရဲ့ရည်းစားဟောင်းဖြစ်နေတာပါ။ ဆာရာရဲ့ရည်းစားဟောင်းက ကောင်မလေးကို သူ့သမီးလို့ထင်မှတ်နေခဲ့ပါတယ်။ အမေ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးချင်တဲ့သမီးလေး၊ သမီးကိုဆုံးရှုံးပြီးမှအလိုလိုက်ဖို့အတွက်နောင်တရတဲ့အဖွား၊ ဆာရာရဲ့ အချစ်ဆုံးသူငယ်ချင်း.. အစ်စဘယ်လာ၊ ကက်စီရာကိုသမီးလို့ထင်နေတဲ့ မက်သရူး၊ သူတို့တွေဘယ်လိုဆုံစည်းပြီးတော့ ဘယ်လို ဇာတ်လမ်းတွေဖြစ်ကြမလည်းဆိုတာတော့ ဇာတ်လမ်းလေးကိုပဲကြည့်ရှုခံစားလိုက်ပါ။

0 comments:

Post a Comment