လူငယ်တွေအကြိုက်တွေ့မယ်
Comedy Drama ရိုရတဲ့ Romanceကားလေးပါ IMDb 6.4 ရထားပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ အီရန်ဆိုတဲ့ ကောင်လေးက ကြေးစားအောင်သွယ်တော်တယောက်ဖြစ်ပြီး
ကောင်မလေးတွေရဲ့ရည်းစားအတုလုပ်ပီး သူတို့တကယ်ကြိုက်တဲ့ကောင်လေးနဲ့အဆင်ပြေသွားအောင်ကူညီပေးရတာပါ
ပီးရင်ကောင်မလေးတွေရဲ့စိတ်ဝင်စားမှုကိုရထားတဲ့ ပျော်ပျော်နေတတ်တဲ့ကောင်လေးတယောက်
သူအောင်သွယ်ပေးခဲ့တဲ့ အတွဲတော်တော်များများကလည်းအဆင်ပြေသွားကြပါတယ်
တနေ့ကျ သူရဲ့သူငယ်ချင်းတွေထဲကို ဘလိတ်ခ် ဆိုတဲ့ ကောင်မလေး ရောက်လာတယ်
သူကအီရန်ကိုလုံးဝစိတ်မဝင်စားဘူး သူငယ်ငယ်လေးကတည်းကကြိုက်ခဲ့တဲ့ ဒေးဗစ်ကိုပဲစိတ်ဝင်စားတယ်
အဲ့သည်ကနေ ဘလိတ်ခ်က အောင်သွယ်တော်ငှားတော့
ဘလိတ်ခ် က သူရဲ့ ရည်းစားဟန်ဆောင်ပီး ဒေးဗစ်နဲ့ ဘလိတ်ခ် အဆင်ပြေအောင် ကူညီပေးရပါတယ်
ရည်းစားအဖြစ်ဟန်ဆောင်ရင်း တဖြည့်ဖြည်းချင်း ဘလိတ်ခ်နဲ့ အီရန်က ချစ်မိလာကြပါတယ်
ဒါပေမယ့် အောင်သွယ်တော်တွေရဲ့ စည်းမျဉ်းအရ သူတို့ကူညီပေးရတဲ့ ကောင်မလေးနဲ့ ချစ်မိသွားလို့မရပါဘူး
သည်လောက်ဆိုရင်ရပီထင်ပါတယ်နော်
ဘလိတ်ခ်ရယ် အီရန်ရယ် ဒေးဗစ်ရယ် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲ ဒေါင်းကြည့်လိုက်ပါတော့နော်

0 comments:
Post a Comment