Blackbird (2019)


 

Rating : 6.3/10
Country : United State
Genre : Drama
Cast : Sam Neill, Susan Sarandon, Anson Boon
Released Date : 2019
Duration : 1h 37min

အညွှန်း
ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ “Blackbird” ဆိုတဲ့ Drama ကားလေးပါ။
လီလီလို့ခေါ်တဲ့ သမီး၂ယောက်ရဲ့အမေဖြစ်သူက ဆိုးရွားတဲ့အာရုံကြောရောဂါကို ခံစားနေရပါတယ်။
ရောဂါအရမ်းဆိုးလာတဲ့အချိန်ကျရင် ခန္ဓာကိုယ်တစ်ခုလုံးလှုပ်မရဘဲ မစားနိုင်မသောက်နိုင် အိပ်ရာထဲလဲနေရတော့မှာကို ကြိုတင်သိထားတဲ့သူမဟာ ဒီအခြေအနေတွေမရောက်လာခင် ကြိုတင်ပြီးစောစောသေဆုံးဖို့ကို ရွေးချယ်ခဲ့ပါတယ်။ သူမသေခင် တစ်ရက်အလိုမှာ ချစ်ရတဲ့သမီး၂ယောက်ရယ် မြေးတွေရယ်သမီးဖြစ်သူတွေရဲ့မိသားစုဝင်တွေနဲ့အတူ နောက်ဆုံးအကြိမ်အနေနဲ့ တွေ့ဆုံဖို့စီစဉ်တဲ့အခါမိသားစုတွေ့ဆုံပွဲမှာ ရုတ်တရက်ပေါ်လာတဲ့ မိသားစုဝင်တွေရဲ့ ဝမ်းနည်းဖွယ်အတိတ်ဟောင်းတွေကမနက်ဖြန်သေရတော့မှာကို ကြိုသိနေတဲ့သူမအတွက် ဘယ်လိုခံစားချက်တွေဖြစ်စေမလဲ….မနက်ဖြန်ကျရင် သေဆုံးရတော့မယ့် အမေဖြစ်သူကို သမီးဖြစ်သူတွေကရော ဘယ်လိုခံစားချက်တွေနဲ့နှုတ်ဆက်ကြမှာလဲဆိုတာကို တမြေ့မြေ့နဲ့ ကြည့်မြင်ရမှာပါ။ ဒီဇာတ်ကားမှာ Titanic မင်းသမီး ကိတ်ဝင်းစလတ်ကအဓိက သရုပ်ဆောင်ထားပြီး IMDb Rating 6.3 ရရှိထားပါတယ်။

0 comments:

Post a Comment