Country : India
Genre : Drama, Musical, Romance
Cast : Sanjay Dutt, Madhuri Dixit, Salman Khan
Released Date : 1991
Duration : 3h 1min
BMDb Entertainment Channel မှကြိုဆိုပါတယ်
အညွှန်း
Only Yesterday (1991) ကတော့ Studio Ghibli က ထုတ်လုပ်တဲ့ ဂျပန် Animated, Drama လေးပဲဖြစ်ပါတယ်။
ပုံမှန် Animation ရုပ်ရှင်တွေက ကွဲလွဲနေတဲ့အချက်ကတော့ အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေအတွက် ရည်ရွယ်ထားတဲ့ သရုပ်မှန် Drama လေးတစ်ပုဒ်ဖြစ်နေတာပါပဲ။
Box Office မှာလည်း အံ့သြစရာကောင်းလောက်အောင် အောင်မြင်ခဲ့ပြီးတော့ အရွယ်ရောက်ပြီးသူအမျိုးသား အမျိုးသမီးတွေက တခဲနက် အားပေးခဲ့ကြတဲ့အတွက် ဂျပန်နိုင်ငံမှာ ဝင်ငွေအများဆုံး ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
IMDB Rating က 7.7 ရရှိထားပြီး Rotten Tomato 100% ထိရရှိထားပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၂ ခုနှစ်မှာ အသက် ၂၇ နှစ် အရွယ် အိမ်ထောင်မရှိသေးတဲ့ Taeko Okajima က တိုကျိုမြို့မှာ တစ်သက်လုံး အခြေချနေထိုင်ခဲ့ပြီးတော့ အားလပ်ရက်မှာ ကျေးလက်ဒေသကို သွားပြီး လယ်အလုပ်သွားလုပ်ပါတယ်။
သွားတဲ့လမ်းတလျှောက်မှာ သူ့ရဲ့ ၁၀ နှစ်အရွယ်က အကြောင်းတွေ ကိုပြန်တွေးမိရင်း အတိတ်နဲ့ ပစ္စုပ္ပန်ကို တွဲပြီးတော့ ဂျပန်အမျိုးသမီးတွေရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဖော်ပြထားပါတယ်
အညွှန်း
ကျွန်တော်တို့ငယ်ဘဝရဲ့ အိမ်မက်မင်းသမီး မမမိုနီကာဆိုတဲ့ Monica Bellucci ရဲ့ နုပျိုလှပမှုနဲ့ အထာကျတဲ့သရုပ်ဆောင်မှုတွေ အကုန်လုံးထင်ပေါ်အောင် တင်ဆက်ထားတဲ့အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ Comedy,Romance,Drama အမျိုးအစားလေးပါ။
ကွက်ကွက်ကွင်းကွင်း ကြည်တောက်ရှင်းလူကြီးခန်း ၂ ခန်း ၃ ခန်းပါတာကြောင့်မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်ပါဘူး။
မိန်းမမာယာ သဲကိုးဖြာအကြောင်းရိုက်တဲ့ကားတွေ ၊ မင်းသမီးရဲ့အလှနဲ့ဇာတ်ကားတစ်ကားလုံးကိုထိန်းတဲ့ကားတွေများတဲ့ခေတ်ပေမို့
ဒီကားလေးဟာလည်း မိန်းမတွေရဲ့မာယာလေးဆယ်၊ ပရိယာယ်တစ်ထောင်အကြောင်းရိုက်ထားတဲ့ကားပဲဆိုပါတော့ဗျာ။
ဒီဇာတ်ကားထဲမှာတော့အီတလီမင်းသမီးချောလေး Monica Bellucci ဟာ ကြေးရတက်သူဋ္ဌေးလေးတစ်ယောက်ရဲ့ဇနီးချောလေးဖြစ်ပြီး
သူ့ယောက်ျားဖြစ်သူ ယာဉ်တိုက်မှုနဲ့သေဆုံးသွားတဲ့အချိန်မှာ သူ့ကို အကြွေးသန်းရာချီနဲ့ချန်ထားခဲ့ပါတယ်။
အဲဒီအကြွေးတွေကိုပြန်ဆပ်ရဖို့၊ အိမ်ငှားခဆောင်ရဖို့၊ သမီးလေးကျောင်းစရိတ်ရှာဖို့စတာတွေအတွက် ငွေတွေလိုအပ်လာခဲ့တဲ့အခါ
တစ်ခြားဘာအလုပ်မှမလုပ်တတ်တဲ့သူဋ္ဌေးမလေးတစ်ယောက် ဘယ်လိုရုန်းကန်းလှုပ်ရှားမာယာများတော့မယ်ဆိုတာ
မင်းသမီးချောလေးရဲ့အလှနဲ့ကောင်းကောင်းခံစားကြည့်ရှုရမယ့်ကားကောင်းလေးဖြစ်တဲ့
The Raffle of a riffa (1991) လေးကို ခံစားကြည့်ရှုပေးကြပါဦး။
အညွှန်း
၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delicatessen ဆိုတဲ့ ရုပ်ရှင်ကားမှာ Clapet ဆိုတဲ့ သားသတ်သမားဟာ တိုက်တစ်လုံးပိုင်ဆိုင်ပြီး ငှားစားပါတယ်။ ခေတ်က post-apocalyptic လို့ပြောရမဲ့ ကမ္ဘာပျက်ကပ်အပြီးမှာ ပြင်သစ်နိုင်ငံကို အခြေတည်ထားပါတယ်။
Claptet ဟာ တစ်ချိန်လုံး တောက်တိုမည်ရခိုင်းလို့ရမဲ့သူ လိုနေပါတယ်။ အချိန်တိုင်းလိုနေရတာက စုတ်ပြတ်နေတဲ့ တိုက်ဟောင်းကြီးကို ပြင်ဖို့ရယ် လာလုပ်ခဲ့တဲ့ အလုပ်သမားတွေကို အပိုင်းပိုင်းခုတ်ထစ်ပြီး ရောင်းစားလိုက်လို့ပါပဲ။
ဒီအချိန်မှာ အလုပ်အရမ်းလိုချင်တဲ့ ဆပ်ကပ်ဟောင်းသမား Louison ဟာ အလုပ်ခေါ်စာတွေ့ပြီး ရောက်ချလာပါတယ်။ နှစ်လိုဖွယ်ကောင်းတဲ့ Louison ကို သားသတ်သမားရဲ့ သမီးဖြစ်သူက သဘောတော်ခွေ့သွားချိန်မှာတော့ ချစ်ရသူလေး ဟင်းတစ်ခွက်မဖြစ်ခင် အစွမ်းကုန် ကယ်တင်မယ့် Dark Comedy ဂန္တဝင်ကားကောင်းတစ်ခုပါပဲ
ဇာတ်လမ်းဟာ Horror ဖြစ်ပေမဲ့ Dark Comedy ဖြစ်တဲ့အတွက် ဇာတ်ဝင်ခန်းတွေဟာ စိတ်ညစ်ညူးစရာတွေကို ဟာသနှောထားတာကိုတွေ့ရပါမယ်။ ရိုက်ကူးရေးပိုင်းကို ကြည့်မယ်ဆိုရင်လည်း စံနှုန်းတစ်ခုမှာရှိနေတာကို တွေ့ရပေမယ့် Delicatessen ဟာ လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ သာမန် Horror ကား၊ လူသတ်ကားလို ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ပြီးသွားမှာမဟုတ်ပါဘူး။
ဒီကားက မသေခင် ကြည့်သွားသင့်တဲ့ ရုပ်ရှင်ပေါင်း ၁၀၀၁ စာရင်းမှာ ပါဝင်တာကြောင့် ရုပ်ရှင်သရဲတွေကြည့်ရှုသင့်တဲ့အကြောင်း လက်တို့လိုက်ပါရစေ။
အညွှန်း
Cannibal ဆိုတဲ့အင်္ဂလိပ်စကားလုံးရဲ့အဓိပ္ပာယ်က လူသားစားတဲ့သူပေါ့။ ဒီလူသားစားတဲ့အရာကဘယ်လောက်ထိခရီးပေါက်နေလဲဆိုရင် cannibal တို့ cannibalism တို့ဆိုတဲ့စကားလုံးတွေကိုပါသုံးနေရတဲ့အထိပေါ့။ ဒီထဲကလူသတ်သမားက လူသားလည်းစားတဲ့ဇာတ်ကောင်မျိုး။ လူသတ်သမားဖြစ်တဲ့အတွက် သွေးအေးအေးနဲ့သတ်ပြီးတော့ကို ပယ်ပယ်နှယ်နှယ်စားတာမျိုးပေါ့။၊ ဇာတ်ကားတစ်လျှောက်လုံး စားပြမနေ၊သတ်ပြမနေပေမဲ့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်ကောင်ကောင်းကောင်းတွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ကြည့်ရှူသူပရိသတ်ကို မျောနေအောင်ဆွဲခေါ်သွားတာမျိုး။Triller/Crime လို့ genre သတ်မှတ်ထားပေမဲ့ Horror/Action ဆိုလည်းမမှားဘူးဗျ။ Triller/Crime ဆိုတဲ့အတိုင်း ရဲမှုခင်းဇာတ်ကားမျိုးပေါ့၊ လူသတ်သမားနဲ့စုံထောက်ကြားဇာတ်အိမ်ကောင်းကောင်းကိုဘယ်လိုတည်ဆောက်ထားလဲ တစိမ့်စိမ့် အရသာခံရင်းကြည့်ရမယ့်ကားမျိုး။ 1991 ကထွက်ခဲ့တဲ့ The Silence of the Lambs ဆိုတဲ့ IMDb 8.6/10 ရသွားပြီး 1991 ခုနှစ်အတွင်း တစ်ကမ္ဘာလုံးရဲ့ငါးကားမြောက်စာရင်းဝင်သွားတဲ့ Triller/Horror ကားတစ်ကားကိုတော့မှတ်မိကြမယ်ထင်ပါတယ်။ Triller/Horror ကြည့်သူတိုင်း ကြည့်ကိုကြည့်ထားသင့်တဲ့ကားကောင်းတစ်ကားပေါ့။ ဒီကားက အဲကားရဲ့ Sequel လို့ပြောလည်းရမယ့် ကားတစ်ကားပါပဲ။သုံးထားတဲ့ဘက်ဂျက်နဲ့ရုံတင်ဝင်ငွေပြန်ရခဲ့တဲ့ကားကောင်းတစ်ကားဖြစ်တာနဲ့အညီ အတော်လေး ကြည့်လို့ကောင်းတာမျိုးကိုသွားတွေ့ရပါတယ်။ ဒီ Hannibal ကို inspiration ယူပြီးရိုက်ထားတဲ့ 2013 ခုနှစ်ကထွက်ခဲ့တဲ့ Hannibal စီရီးဟာဆိုရင်လည်း IMDb 8.5 ရတဲ့ထိကိုအောင်မြင်ခဲ့တယ်ပေါ့လေ။ ဆိုတော့ ဒီကားရဲ့ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် Hannibal Lector ဆိုတဲ့ လူသားစားလူသတ်သမားရဲ့လက်ကနေအသက်မသေဘဲလွတ်မြောက်လာခဲ့တဲ့ တစ်ဦးတည်းသောသားကောင်ဖြစ်တဲ့ Mason Verger ရယ်၊ အဲဒီလူသတ်သမားကို သရဲမရဲလိုက်ဖမ်းနေတဲ့အက်ဘီအိုင်အေးဂျင့် Clarice Starling ရယ်ဆိုပြီး အဓိကဇာတ်ကောင်သုံးယောက်ရဲ့အပြိုင်အဆိုင်အားပြိုင်မှုကိုတွေ့ရမယ်ပေါ့။ ဒါပေမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဆိုတာ ဒီအဓိကဇာတ်ကောင်တွေတင်မကဘဲ အရံဇာတ်ကောင်ပေါင်းများစွာရဲ့ပံ့ပိုးမှုပါ ပါနေမယ်ဆိုတာသိပ်ပြောဖို့လိုမယ်မထင်ပါဘူး။ဒီတော့ 1999 ခုနှစ်ကထွက်ရှိခဲ့တဲ့ Thomas Harris ရဲ့ ဝတ္ထုရှည်ကိုရိုက်ကူးထားတဲ့ The Silence of the lambs ရဲ့ sequel ကားကောင်းတစ်ကားဖြစ်တဲ့ 21 ရာစုအစ 2001 ခုနှစ်ရဲ့ Hannibal ကားဟာ ဘယ်လောက်ကြည့်ကောင်းမယ်မကောင်းဘူးဆိုတော့ ရှု့စားဆုံးဖြတ်ပေးကြပါဦးခင်ဗျာ…
အညွှန်း
တစ် နှစ်…
ဖရက်ဒီ မင်းဆီလာတဲ့အဖြစ်
သုံး လေး…
မဝင်နိုင်အောင် တံခါးပိတ်ပေး
ငါး ခြောက်…
လက်ဝါးကပ်တိုင် ပြေးပြီးကောက်
ခုနှစ် ရှစ်…
ညနက်တဲ့ထိ မအိပ်ဖြစ်
ကိုး တစ်ဆယ်…
မအိပ်ဖြစ်အောင် ကြိုးစားကွယ်ဒီကဗျာလေးကို ကောင်မလေးတစ်သိုက် ကြိုးခုန်ရင်း ဆိုနေကြပြီဆိုရင် မိတ်ဆွေရဲ့ အိပ်မက်ဆိုးကနေ နိုးထဖို့ အစွမ်းကုန် ကြိုးစားပါ။ Freddy ရဲ့ Razor Gloves (လက်အိတ်ဓား) ကတော့ သွေးဆာနေပါပြီ။ မကြာခင်မှာ မိတ်ဆွေရဲ့ အိပ်မက်ဆိုးကနေ ထာဝရ နိုးထလာခွင့်မရှိတော့တဲ့ အဖြစ်ဆိုးကြီး ရောက်လာတော့မှာ မလို့ပါ။အခု Part 5 Freddy’s Dead: The Final Nightmare ဇာတ်ကားမှာတော့ Freddy ကို Supernatural Spiritual Murderer (သဘာဝလွန် ဝိညာဉ်လူသတ်သမားကြီး) အဖြစ် ဘယ်အရာတွေက ပုံသွင်းခဲ့တယ် ဆိုတာကို သိရှိရပါတော့မယ်။ ဇာတ်ကားရဲ့ နာမည်အတိုင်း Freddy တစ်ယောက် ဘယ်လို မရှုမလှ သေဆုံးဇာတ်သိမ်းကမယ်ဆိုတာလည်း ကြည့်ရှုရမှာပါနော်။ ထူးခြားတာကတော့ သူ့ကို အနိုင်ယူခဲ့တာက သူ့ရဲ့ သွေးရင်းသားရင်း ဖြစ်နေတာပါပဲ။
အညွှန်း
ယနေ့ခေတ်စနိုက်ပါ သေနတ်များဟာ တုန်ခါမှုအနည်းဆုံးနဲ့ တိကျမှုအရှိဆုံးအဖြစ်တီထွင်ထုတ်လုပ်လာထားကြပါတယ်…သို့သော် ၁၉၆၁ ခုနှစ်ထုတ် ရိုင်ဖက်လက်နက်များမှာတော့ ချို့ယွင်းချက်အားနည်းချက်များစွာရှိပါတယ်…
သို့သော်လည်း ၃၆ ယောက်မြောက် အမေရိကန်သမ္မတ ကနေဒီကိုတော့ Bolt-Action သုံး ရိုင်ဖယ်နဲ့ ၆စက္ကန့်အတွင် ကမ္ဘာ့စံချိန်တင် တိကျတဲ့ပစ်ချက်(၃)ချက်နဲ့ သေကွင်း သေကွက်တွေချည်း ပစ်ခတ်ခဲ့တဲ့ လုပ်ကြံရေးသမားကတော့စံတင်လောက်စရာပါပဲ….. FBI က အတော်ဆုံး သေနတ်သမားတွေ စမ်းကြည့်တာတောင် ဒီလိုပစ်ချက်မျိုးမရကြဘူးလို့ဆိုပါတယ်…ဒီဇာတ်ကားကတော့ သမ္မတကနေဒီ လုပ်ကြံခံရပြီး စုံစမ်းစစ်ဆေးရေးတွေအကြောင်းကို အဓိကထားရိုက်ပြထားတာပါ….History အမျိုးအစားဖြစ်ပေမဲ့ လုံးဝပျင်းစရာမကောင်းဘဲ ၃နာရီနီးပါး စိတ်ဝင်စားစွာကြည့်လို့ကောင်းတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်…နိုင်ငံရေးလှည့်ကွက်တွေမျိုးစုံမြင်ရသလို ဒီစစ်ဆေးမှုအရှုတ်ထုတ်ကြီးရဲ့ ဟာကွက်တွေ ယိုပေါက်တွေကိုလည်းများစွာတွေ့ရမှာဖြစ်ပါတယ်….သမ္မတကနေဒီအကြောင်းမသိလည်း ကြည့်လို့ရသလို Thriller ပုံစံမျိုးမှသဘောကျတဲ့သူတွေအတွက်လည်းအဆင်ပြေတာမို့ ခံစားကြည့်ကြပါ….ဒါရိုက်တာကလည်း Oliver Stone ဖြစ်တဲ့အပြင် အဓိက သရုပ်ဆောင်ကလည်း Kevin Costner ဖြစ်လို့ကြည့်သင့်ပါကြောင်း…