Rating : 8.4/10
Country : China
Genre : Crime, Drama, Romance
Cast : Chen Chang, Lisa Yang, Kuo-Chu Chang
Released Date : 1991
Duration : 3h 57min
Country : China
Genre : Crime, Drama, Romance
Cast : Chen Chang, Lisa Yang, Kuo-Chu Chang
Released Date : 1991
Duration : 3h 57min
အညွှန်း
A Brighter Summer Dayဟာ တရုတ်ဂန္တဝင်စာပေတွေဖြစ်တဲ့ ခန်းဆောင်နီအိပ်မက်တို့ လက်ဖက်ရည်ဆိုင်တို့လို
ဇာတ်ကောင်အခြေပြု ခေတ်အရိပ်ထင်ဟပ်တဲ့ ရုပ်ရှင်ပါပဲ။
အက်ဒ်ဝတ်ယန်းဟာ ဒီရုပ်ရှင်အတွက် မျက်နှာသစ်သရုပ်ဆောင်၁၀၀ကိုသုံးခဲ့ပြီး
ဒီရုပ်ရှင်ဟာ လေးနာရီအတိနီးပါရှိပါတယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်စိုက်ရာခေတ်ကာလကတော့ ၁၉၅၉ပါ။
၁၉၄၉မှာ မော်စီတုန်းခေါင်းဆောင်တဲ့ ကွန်မြူနစ်တွေဟာ ပြည်မကြီးအပါအဝင် တရုတ်ပြည်ရဲ့သုံးပုံတစ်ပုံ ကိုသိမ်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုစထောင်လိုက်ပါတယ်။
အမျိုးသားအစိုးရနဲ့အတူ လူအများဟာ ထိုင်ဝမ်ကို ပြောင်းရွှေ့လာခဲ့ပြီး ဘဝအသစ်စတင်ကြရပါပြီ။
ဒီလိုပြောင်းရွေ့ရာ အခြေမကျသေးတဲ့ပတ်ဝန်းကျင်မှာကြီးပျင်းလာရတဲ့ လူငယ်တွေရဲ့ဘဝဟာလည်း လွယ်ကူမနေခဲ့ပါဘူး။
လူငယ်တွေရဲ့ အခြေအနေကို ဗဟိုပြုပြီး ၁၉၅၉ခုနှစ် ထိုင်ဝမ်ရဲ့ရွှေအိုရောင်မသန်းခဲ့တဲ့ အတိတ်တွေအကြောင်းပါးပါးလေး ပုတ်ပြထားပါတယ်။
ဒီရုပ်ရှင်ဟာ လက်တွေ့ထက်ကို အတော်လက်တွေ့ဆန်တယ်လို့ ဆိုရပါမယ်။
မသိစိတ်ရဲ့ လိင်အာသီသတွေ၊ မိန်းမတွေကိုကြည့်တဲ့ ပတ်ဝန်းကျင်ရဲ့ မျက်လုံးတွေ။
လူရဲ့စရိုက်တွေဟာ သူများအိမ်ကို နံရံကလိုင်ပေါက်ကနေ ချောင်းကြည့်နေရသလိုပါပဲ။
တစ်ကိုယ်ကောင်းဆန်မှုတွေ၊ လူကောင်းတွေရဲ့ ဇာတ်သိမ်းမလှမှုတွေနဲ့
အဆင်မပြေတဲ့ခေတ်ကြီးထဲက ခါးသက်သက်အဖြစ်အပျက်တွေကြားမှာ
သားဘက်က အမြဲရှိပေးတဲ့အဖေတွေ၊ သူငယ်ချင်းကောင်းတွေ၊
အနစ်နာခံတတ်တဲ့အကိုတွေကို ပေါင်းထည့်ပြီး
ရက်စက်ကြမ်းကြုတ်ပြီး လူသားဆန်တဲ့ကမ္ဘာကြီးကို
ယင်နဲ့ယန်လို တွဲလျက်သားရိုက်ပြသွားတယ်။
ဒုက္ခတွေကြားက လူသားဆန်မှုလေးတွေကိုပြထားပုံကလည်း
” ဘဝမှာ လေပြည်ကိုချည်း မျှော်လင့်စရာမလိုပါဘူး
မုန်တိုင်းမှာလည်း အောက်ဆီဂျင်ပါတယ်”
ဆိုလိုသလိုပါပဲ။A brighter Summmer Dayဆိုတဲ့ Titleကတော့
အဲဗစ် ပရက်စလေရဲ့ နာမည်ကျော်သီချင်းတစ်ပုဒ်ဖြစ်တဲ့
Are you lonesome tonight?ထဲက
Does your memory stray to a brighter sunny day
ဆိုတဲ့ စာသားကလေးက လာပါတယ်။
A Brighter Summer dayဆိုတဲ့ နေ့ကလေးကို
ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်ထဲမှာတော့ ခင်ဗျား တွေ့ရမှာမဟုတ်တာသေချာပါတယ်။
ဒီရုပ်ရှင်ထဲက ဇာတ်ကောင်တွေရဲ့ ရင်ထဲကို မျှော်လင့်ချက်တွေထဲကို မြင်အောင်ကြည့်ရင်တော့
ဟိုမှာ နေသာနေတဲ့ နွေရာသီနေ့ကလေးတစ်ရက်ဟာ ထင်ရှားရှိနေမှာပါ။
အတိတ်တို့ရဲ့ တန်ဖိုးဟာ အမြဲတမ်းတော့ လွမ်းမောစရာဖြစ်နေခြင်း မဟုတ်တတ်ပါဘူး။
ဒီရုပ်ရှင်မှာတော့ ဒီမလှပခဲ့တဲ့ အတိတ်နေ့တွေဟာ
မျှော်လင့်စရာကျန်သေးကြောင်း ခံစားသိစေတာပါပဲ။Edward Yangဟာ ဒီကျောရိုးရဲ့ အနောက်မှာ အချစ်ဇာတ်လမ်းကလေးတစ်ခုကို မျှဉ်းမျှဉ်းကလေး သွင်းထားပါသေးတယ်။
အဲ့ဒီဇာတ်လမ်းကလေးမှာ ဒီကောင်းကင်ကြီး ဘယ်လောက်ကျယ်ပြောသလဲ သိချင်တဲ့ ပျံသန်းတတ်စ ငှက်ကလေးနှစ်ကောင် ရှိပါတယ်။
နွေဦးဟာ ကွယ်ပျောက်သွားခဲ့ပါပြီ။
လေစီးကြောင်းမတူညီလေတော့
ကောင်းကင်ကျယ်ပြာကြီးရဲ့အောက်မှာ
သူတို့ ဘယ်တော့မှပြန်မဆုံနိုင်တာလည်း
ဖြစ်ကောင်းရဲ့။
တစ်နည်းနည်းနဲ့တော့
ဟိုးဆီမှာ နေသာဦးမယ့် နွေနေ့ရက်တို့ရှိနေတာလည်း
ဖြစ်ကောင်းရဲ့။

0 comments:
Post a Comment