High-End Crush (2015)

20 Episdoes

Rating : 7.9/10
Country : South Korean
Genre : Comedy,Romance,Drama
Cast :  Jung II Woo,Jin Se Yeon

အချစ်ဖာတ်လမ်းကောင်းကောင်းလေးတစ်ပုဒ်ကိုရှာဖွေနေသူတွေအတွက် အကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ယူရီယန်းဆိုတဲ့အမျိုးသမီးလေးဟာ ကောင်လေးတစ်ယောက်ုိချစ်မိသွားပြီးနောက်မှာမှ အချစ်နဲ့ဘဝကြားထဲမှာ ငွေကြေးဥစ္စာဓနဆိုတာလည်း အရေးပါကြောင်းကိုသိလာခဲ့ပါတယ်။
သူချစ်နေတဲ့ချစ်သူဟာ အလွန်ချမ်းသာသူတစ်ဦးဖြစ်ပြီး သူကတော့ ဆင်းရဲနေတဲ့အတွက် သူ့ဘဝမှာ အချစ်ကိုရွေးချယ်ရမလား၊ စွန့်လွှတ်ပေးလိုက်ရမလားဆိုတာကို ဆုံးဖြတ်ရတဲ့အခါ ဘယ်လိုအခက်အခဲတွေထပ်မံကြုံတွေ့ရမလဲဆိုတာကို ခံစားကြရမှာဖြစ်ပါတယ်။ တစ်ပိုင်းကို ၁၅ မိနစ်လောက်နဲ့ အပိုင်း ၂၀ ခွဲထားတာဖြစ်ပြီး
ဖန်စီဆန်ဆန် အချစ်ဇာတ်လမ်းသွားကိုပဲ အလေးပေးတင်ဆက်ပြထားတာမို့ ဇာတ်လမ်းတွဲကြည့်နေရတာနဲ့မတူပဲ ရုပ်ရှင်တစ်ကားကိုကြည့်နေရသလိုပဲခံစားရမှာပါ။ တရုတ်ပြည်မှာတော့ စထုတ်လွှင့်ပြီး ကြည့်ရှုသူပရိသတ်သန်းနှစ်ရာကျော်နဲ့ မှတ်တမ်းဝင်ထားတဲ့ အောင်မြင်တဲ့ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်တာမို့ ပရိသတ်တွေခံစားရအောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

0 comments:

Post a Comment