Rating : 8.1/10
Country : United State
Genre : Comedy, Crime, Drama
Cast : Frances McDormand, Caleb Landry Jones, Kerry Condon
Released Date : 2017
Duration : 1h 55min
Country : United State
Genre : Comedy, Crime, Drama
Cast : Frances McDormand, Caleb Landry Jones, Kerry Condon
Released Date : 2017
Duration : 1h 55min
သူမမေးခွန်းထုတ်တဲ့ ရဲအရာရှိဆိုသူက ဒီမြို့ငယ်ကလေးထဲက ရဲဌာနကို ဦးစီးရတဲ့ သူကို ဆိုလိုတာပါ။သူမရဲ့ခံစားနေရတဲ့ သောကတွေကို တကယ်ပဲ သက်ဆိုင်ရာ ဥပဒေဌာနတွေက ကူညီဖြေရှင်းမပေးနိုင်တော့တာ သေချာလို့လား။ယင်းသို့မဟုတ်ရင်လည်း ဒီရဲဌာနက လူတွေကပဲ ဖြေရှင်းလိုစိတ် မရှိကြတာလား။လူပျို ပေါက်သားတစ်ယောက်နဲ့ လက်လွတ်ဆုံးရှုံ းလိုက်ရပြီဖြစ်တဲ့ ဆယ်ကျော်သက်သမီးငယ်ကို ပိုင်ဆိုင်ထားတဲ့ မိခင်ကြီးမှာတော့ ခုလိုကာလမျို းမှာ ဘယ်သူကိုမှ အမြင်မကြည်မလင် ဖြစ်နေမှာ သေချာပါတယ်။အဓိကကတော့ ဘာမှအသုံးမကျဘူးလို့ သတ်မှတ်ထားတဲ့ ရဲစခန်းအစုတ်ပလုတ်ကိုပေါ့။ဒီလိုနဲ့ မြို့ငယ်လေးဟာ ကျန်ရစ်ခဲ့ရသူတွေရဲ့သောကတွေနဲ့ တစ်ဖြည်းဖြည်းပြည့်အင့်ခြောက်ကပ်လာတယ်။ဆိုင်းဘုတ်ကြီးသုံးခုကတော့ လမ်းမပေါ်ကနေ ဖြတ်သန်းသွားသမျှလူတွေကို ရေရွတ်ပြောဆိုနေတယ်။ကင်ဆာဝေဒနာခံစားနေရတဲ့ သူမမေးခွန်းထားတဲ့ အဓိက ရဲအရာရှိ Willoughby မှာလည်း အမှု အပေါ်ကို တတ်အားသမျှဆောင်ရွက်ခဲ့တာရှိပေမယ့် ရေပေါ်အရုပ်ခြစ်သလို အရာထင်ပုံ မပေါ်ပါဘူး။သူ့ရဲ့အရောင်မှိန်စပြု နေတဲ့ ဘဝပန်းချီကားဟာ ဖြေးညင်းစွာ လောင်မြို က်စပြု နေပြီဆိုတာလည်း သိပါတယ်။သူ့နောက်လိုက် ရဲသား Dixonကတော့ ထုံးစံအတိုင်း ဂမူးကရူးနဲ့ သူတို့ကို ခုလို လုပ်ရပါ့မလားဆိုပြီး ဒေါကန်နေတယ်။ဆိုရရင် ဒီအဖြစ်အပျက်ရဲ့ဝဲဂယက်မှာ သူတို့တွေလည်း ရုန်းမထွက်နိုင်ရှာဘူး။လူသတ်သမားကတော့ နှင်းခါးမိုး ကဗျာစာသားထဲကလို ဒီအချိန်ဆို ညစာ စားနေလောက်ပြီ။ဝိုင်ကလေးသောက်လိုက် စပျစ်သီးလေးမြုံ့လိုက်နဲ့လေ။မိခင်ကြီးရဲ့ မျက်ဝန်းတွေကတော့ သောကဖြစ်လာတဲ့ ဒေါသစေ့ဆော်မှု ကြောင့် ဝန်းပနေသလို နှုတ်ခမ်းတွေကလည်း ရေခဲနေတဲ့ ရုပ်ကြွင်းတစ်ခုလို အချိန်မရွေးတင်းမာနေလေတယ်။ပြောသမျှစကားတွေကလည်း ဘယ်တော့မှ ကောင်းကောင်းမွန်မွန် ထွက်မလာဘူး။ဒီလိုနဲ့ တစ်ရက်မှာတော့ ဆိုင်းဘုတ်ကြီးသုံးခုဟာ မီးရှို့ခံလိုက်ရတော့တယ်။______________________________ယခု ရုပ်ရှင်ဟာ အကြိမ်ကိုးဆယ်မြောက် အော်စကာဆုနှင်းဘင်မှာ ဆန်ကာတင်ခုနှစ်ဆုနဲ့ လျာထားခံရပါတယ်။ကျွန်တော့်အနေနဲ့တော့ ဒါရိုက်တာကြီး
Martin McDonagh ကို ဇာတ်ညွှန်းဆုအနေနဲ့ဖြစ်စေ ပြီးတော့ သမီးငယ်အတွက် သောကတွေနဲ့ အသက်ဆက်နေရတဲ့ မိခင်ကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ Frances McDormand ကိုဖြစ်စေ ဇာတ်ပို့သရုပ်ဆောင်ကြီး Sam Rockwell ကိုဖြစ်စေ ထူးချွန်ဆုတွေ ရစေချင်တာအမှန်ပါပဲ။(အခြားရုပ်ရှင်ဆုနှင်းသဘင်မှာတော့ အောင်ပွဲခံထားတာတွေ့ရ)ဒါရိုက်တာ Martin McDonagh ဆိုတာ ဟောလိဝုဒ်က သရုပ်ဆောင်အင်မတန်ကောင်းပြီး နာမည်မရကြတဲ့ သရုပ်ဆောင်တွေကို စုစည်းရိုက်တတ်တဲ့ ဒါရိုက်တာကောင်းတစ်ယောက်ဆိုတာ သူ့ရဲ့Seven Psychopaths Movie နဲ့ In Bruges တို့မှာ သိရှိပြီးသား ဖြစ်ခဲ့သလို ယခုရုပ်ရှင်မှာလည်း Seven Psychopaths က သရုပ်ဆောင်အများစုကိုပဲ ပြန်လည်သုံးစွဲထားတာတွေ့ရပေမယ့် ယခုရုပ်ရှင်ဟာ အရင်ရုပ်ရှင်တွေထက် ဖျော်ဖြေရေးလမ်းကြောင်းကနေ သိသိသာသာ ပို၍ ကွဲထွက်လာကာ သရုပ်ဆောင်တွေဆီကနေ စိတ်ခံစားမှု ရှု ပ်ထွေးပုံတွေအား လေးလေးနက်နက်ပင် ခံစားခဲ့ရတာမို့ ယခုနှစ်အော်စကာဆုအတွက်တော့ (အခြားကားတွေမကြည့်ရသေးသော်လည်း)သူဇာတ်ကားကိုပင် လက်မထောင်လိုက်မိပါကြောင်း။
0 comments:
Post a Comment