For a Few Bullets (2016)

Rating : 5.3/10
Country : United State
Genre : Action, Comedy
Cast : Jingchu Zhang, Kenny Lin, Xiaoqing Liu                      
Released Date : 2016
Duration : 1h 55min

 အခါတစ်ပါး၌ ဂျပန်သည် တရုတ်ပြည်ကို အုပ်စိုးရန် ကျူးကျော်ဝင်လာကြ၏။တရုတ်ပြည်လဲ ကပ်ဆိုက်လေသည်။ဂျပန်တို့သည် အရှေ့အာရှ သာတူညီမျှ ဘလာ ဘလာ ဘလာ ကြွေးကြော်ပြီးတရုတ်ပြည်သူများကိုကျုံးသွင်းရန်ကြံဆောင်နေလေသည်။
ထိုစဉ်တွင် ပျောက်ဆုံးနေပြီဖြစ်သော ရှေးတရုတ်အင်ပါယာတို့၏ အထိမ်းအမှတ် ယူချီဟူသော တံဆိပ်တုံးကိုဂူသချႋုင်းတစ်ခုမှ ပြန်လည်တူးဖော်ရရှိလာကြောင်း ဂျပန်တို့သတင်းရရှိလေသည်။ထိုတံဆိပ်တုံးသည် အင်ပါယာ၏အမှတ်အသားဖြစ်သလို ကျောက်စိမ်းတုံးပေါ်တွင်ထွင်းထုထားခြင်းဖြစ်လေရာတန်ဖိုးအရကြီးမားလှပြီး ရှေးဟောင်းအမွေအနှစ်အစစ်အမှန်လဲဖြစ်ပေသည်။ဂျပန်တို့သည် တရုတ်ပြည်သူများကို ထိုတံဆပ်တုံးဖြင့် ဂျင်းထည့်ရန် အာရုံရလေသည်။ထိုသတင်းကိုသိလေသော တရုတ်မျိုးချစ်တို့သည် ဂျပန်တို့လက်ထဲ တံဆိပ်တုံးမရောက်ရှိစေရန် လျှို့ဝှက်လုပ်ဆောင်လေသည်။ခိုးယူရမည်ဖြစ်သောကြောင့် တရုတ်ပြည်၏ အတော်ဆုံးသူခိုးနှစ်ယောက်ကို အသုံးချမိသောအခါ….။တရုတ်ပြည်၏ တစ်ချိန်က အတော်ဆုံးသူခိုး ချိဖော်။ချိဖော်ကဲ့သို့ နာမည်ကြီးချင်နေသော ကျန်ကျောင်း။သေနတ်ပစ်တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သော တရုတ်မျိုးချစ်သမလေး ယူရင်။ရက်စက်ကြမ်းကြတ်သော လူသတ်သမား အပိုင်း-၇၃၁ တစ္ဆေအရိပ်။စသည့် စသည့်ဇာတ်ကောင်များဖြင့် ဖန်တီးထားသော Action , Comedy ဇာတ်ကားကောင်းဖြစ်ပေသည်။ငြီးငွေ့ဖွယ်မရှိရအောင် သွက်သွက်လက်လက်တင်ဆက်ထားပြီးဆွဲဆောင်မှုရှိသော တရုတ်ဇာတ်ကားဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

0 comments:

Post a Comment