Country : United State
Genre : Biography, Drama, History
Cast : John Palladino, Anthony Edwards, Jim Gaffigan
Released Date : 2015
Duration : 1h 38min
BMDb Entertainment Channel မှကြိုဆိုပါတယ်
အညွှန်း
လျှို့ဝှက်ဆန်းကျယ်မှုခင်း ရုပ်ရှင်သဘောကျတတ်တဲ့ ပရိတ်သတ်တွေအတွက် နာမည်ကြီး Gone Girl (2014) ရဲ့စာရေးဆရာ Gillian Flynn ရဲ့ ရောင်းအားကောင်းတဲ့ ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ Dark Places (2015) ဆိုတဲ့
ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကတော့ လစ်ဘီဆိုတဲ့ ၈ နှစ်အရွယ်ကောင်မလေးဟာ သူ့မိသားစုသတ်ဖြတ်ခံရရာမှာ မသေဘဲလွတ်မြောက်ခဲ့ပါတယ်။ ကလေးမလေးရဲ့ ပြန်လည်ပြောပြချက်အရ လူသတ်မှုကို ကျူးလွန်သူမှာ သူမရဲ့အစ်ကို ဘန် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။အဲလိုနဲ့ဘန်ဟာ ထောင်ကျသွားပြီး လစ်ဘီကတော့ နာမည်ကြီးလူသတ်မှုမှာ အသက်ရှင်ကျန်ခဲ့တဲ့ ကောင်မလေးအဖြစ် နာမည်ကြီးသွားပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက မပြီးသေးပါဘူး။ နောက်နှစ် ၃၀ ကြာတဲ့အခါ လစ်ဘီဟာ အဲဒီအမှုကို ပြန်စုံစမ်းဖော်ထုတ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ဒီတစ်ခါရော သူကလေးဘဝက ထင်ခဲ့သလိုပဲ သူ့အစ်ကို ဘန် က အပြစ်ရှိတဲ့လူဖြစ်တယ်လို့ ရှာတွေ့မှာလား? ဒါမှမဟုတ် နှစ် ၃၀လောက် အပြစ်မရှိတဲ့လူတစ်ယောက်ကို ထောင်ကျအောင် သူလုပ်ခဲ့တာလား?ဒီကားထဲက cast တွေကတော့ တကယ်ကို နာမည်ကြီးတွေချည်းပဲ ဖြစ်တဲ့အပြင် ဇာတ်ညွှန်းလည်းကောင်းတာကြောင့် မှုခင်းရုပ်ရှင်ပရိတ်သတ်တွေ ကြည့်သင့်တဲ့ ကားကောင်းတစ်ကားလို့ ပြောပါရစေ။
Ishqedarriyaan (2015) သည် IMDb 5.1/10 Google users 89% ရထားသော ဒါရိုက်တာ V.K. Prakash က ရိုက်ကူးထား၍ Dheeraj Rattan တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Mimoh Chakraborty, Kavin Dave, Mohit Dutta တို့ ပါဝင်သရုပ်ဆောင်ထားသော Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….
Ishqedarriyaan ဆိုတဲ့ ချစ်ခြင်းမေတ္တာ စွန့်လွှတ်မှု မိသားစု တန်ဖိုး နဲ့ ဆယ်နွှယ်မှုရဲ့ တန်ဖိုးကို ပေါ်လွင်အောင် ရိုက်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ Rishteydarriyaan ဆိုတာ ဆက်နွှယ်မှုပါ Ishqedarriyaan ဆိုတာက ချစ်ခြင်းမေတ္တာကြောင့်ဖြစ်လာတဲ့ ဆက်နွှယ်မှုခေါ်ပါတယ် သရုပ်ဆောင် Mahaakshay Chakraborty, Evelyn Sharma နဲ့ Mohit Dutta တို့က အားပြိုင်သရုပ်ဆောင်ထားပါတယ် Evelyn Sharma က အဓိကသရုပ်ဆောင်နေရာကနေ Luvleen ဆိုတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ထားပါတယ် သူ့အဘိုးရဲ့ ကျောင်းအတွက် အလှူငွေ လိုက်ရှာချင်နေတဲ့ ဆရာမတစ်ယောက်ပေါ့ Mahaakshay Chakraborty က Aagam Diwan လို့ ခေါ်တဲ့ အရာအားလုံးထက် သူ့ရဲ့အလုပ်ကို မီလျှံနာအဖြစ်သရုပ်ဆောင်ပါတယ် Mohit Dutta က အဆိုတော် Arjun အဖြစ်သရုပ်ဆောင်ထားကြပါကြောင်း…
အညွှန်း
A Man Called Ove ဆိုတာ ဆွီဒင် ကွန်မြူနစ် စာရေးဆရာ နဲ့ ဘလော့ဂါ တစ်ဦးဖြစ်တဲ့ Fredrick Backman ရဲ့ 2012 ထွက် စာအုပ်တစ်အုပ်ပါ ဒီစာအုပ်ကို 2015 မှာ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့ပါတယ်။
စာအုပ်ရော ရုပ်ရှင်ပါ Rating တွေက ရှေ့ပြေးခဲ့တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ခေါင်းစဉ်လေးအတိုင်း အူဗာ ဆိုတဲ့ လူကြီးတစ်ယောက် အကြောင်းပေါ့…
ဒီလူကြီးဟာ သူ့ရဲ့ ဇနီးမယား ဆွန်ညာ သေဆုံးသွားပြီးတဲ့နောက် ဘ၀ကြီးကို လက်လျှော့ အရှုံးပေးလိုက်တဲ့လူ၊ ဆွန်ညာမရှိတော့တဲ့နောက် သူဟာ အလွန်စိတ်တိုတတ်တဲ့ အဘိုးကြီး ဖြစ်လာတယ်။ ရပ်ကွက်ထဲမှာလည်း လူတိုင်းက သူ့ကို လူထူးလူဆန်း လူ့ဂွစာကြီးလို့ သတ်မှတ်ထားကြတယ်။
ဒီလိုနဲ့ လက်လျှော့ အရှုံးပေးတော့မယ့် သူ့ဘ၀ကြီးထဲကို အိမ်နီးနားချင်းအသစ်တွေ ရောက်လာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့တယ်။ပျော်ရွှင်နေကျလူတစ်ယောက် ဘ၀ကို လက်လျှော့အရှုံးပေးပြီး လောကကြီးကို ထွက်ခွာနှုတ်ဆက်မယ့်အကြောင်းကို ခင်ဗျားတို့ ကြည့်ဖူးရင် ကြည့်ဖူးလိမ့်မယ်။
ဒါပေမယ့် သတ်သေမယ့်လူတစ်ယောက်ရဲ့ စိတ်တွေ ပြန်ပြီး အသက်၀င်လာမယ့်အကြောင်းကိုကြည့်ရမယ်ဆိုရင်ရော?
ဒီဇာတ်လမ်းလေးထဲက အူဗာနေရာမှာ ခံစားကြည့်ရှုလိုက်ကြပါစို့ရဲ့…
Main Aur Charles (2015) သည် IMDb 6.3/10 Times of India 3/5 Google users 78% ရထားသော ဒါရိုက်တာ Prawaal Raman ကိုယ်တိုင်ရေးသားရိုက်ကူးထား၍ သရုပ်ဆောင် Adil Hussain, Alexx O’Nell, Anastasia Fullfina တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Biography, Crime ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….
ထောင်ကနေ လွတ်မြောက်လာပြီးနောက် အရမ်းဆိုးသွမ်းပြီး လူသတ်မှု ဆက်တိုက်ကျူးလွန်နေ လူသတ်သမားထောင်ထွက်ဟာ နိုင်ငံအနှံ့ လူမုဆိုးတစ်ယောက်လို ပစ်မှတ်ထားလာတဲ့အခါ သူ့ကို ဖမ်းဆီးရန် ရိုးသားတဲ့ရဲအရာရှိတစ်ယောက်က ဆုံးဖြတ်လိုက်လေရာ ဘယ်လို အက်ရှင်ဇာတ်လမ်းကောင်းဖြစ်လာမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…
စုံထောက်ကားတွေထဲမှာတော့ ဒီကားကို ကျွန်တော် တော်တော်သဘောကျမိပါတယ် အားလုံးလည်းကြိုက်ကြမယ်ထင်လို့ တင်ပေးလိုက်ပါတယ်…
Rahasya (2015) သည် IMDb 7.7/10 Google users 89% ရထားသော ဒါရိုက်တာ Manish Gupta
ကိုယ်တိုင်ရေးသားရိုက်ကူးထား၍ သရုပ်ဆောင် Kay Kay Menon, Ashish Vidyarthi, Tisca Chopra တို့ ပါဝင်သရုပ်ဆောင်ထားသော Mystery, Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….
ဆရာဝန် လင်မယားတို့၏ သမီးလေးဟာ သူအိပ်ပျော်နေစဉ်အတွင်း အသတ်ခံပါတယ် အဲ့ဒီ အသတ်ခံရမှုအတွက် ရဲက အမှုကို အလျင်စလိုလုပ်လိုက်ရမှာ သတ်တဲ့ တရားခံက အဖေဆိုပြီး ဖမ်းချုပ်ခံရတဲ့အခါ အမေဖြစ်သူက အသနားခံစာတင် ပြန်လည်စုံစမ်းတဲ့အခါ တကယ်သတ်သူသည် ဘယ်သူဖြစ်မလဲ တကယ်သတ်သူကို စုံစမ်းလို့ကော ရပါ့မလားဆိုတာသိချင်ရင် ဇာတ်ကားမှာ ဆက်လက်ခံစားကြည့်ရှုကြည့်ကြပါခင်ဗျာ…
Ranna (2015) သည် IMDb 6.4/10 Googluse User 81% ရထားသော ဒါရိုက်တာ Nandakishore ရိုက်ကူးထား၍ Nandakishore, Trivikram Srinivas တို့က ဇာတ်လမ်း ဇာတ်ညွှန်း ရေးသားကာ သရုပ်ဆောင် Sudeep, Prakash Raj, Avinash တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Comedy, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….
အဘိုးဖြစ်သူကအန်တီရဲ့အိမ်ထောင်ရေးကိုသဘောမတူတာကြောင့်အိမ်ပေါ်ကနေမောင်းချလိုက်သောအန်တီကိုလိုက်ခေါ်ရ သောမြေးတစ်ယောက်ကြုံတွေ့ရမယ့်အခက်အခဲတွေကိုရိုက်ကူးဖော်ပြထားတဲ့၅၂၈ မေတ္တာဖော်ကျူးထားတဲ့ဇာတ်ကားတစ်ကားပါ