The Silenced (2015)



Rating : 5.7/10
Country : Korea
Genre :  Horror, Mystery, Thriller
Cast : Won-Hee Go, Ryun Jo, Bo-Bi Joo 
Released Date : 2015
Duration : 1h 39min

အညွှန်း
2015 က ထွက်ခဲ့တဲ့ The Silenced ဆိုတဲ့ movie လေးကို တင်ဆက်ပေးလိုက်ပါတယ် …ဒီဇာတ်လမ်းမှာတော့ Abyss/ Strong Woman Do Bong-Soon တို့က မင်းသမီး Park Bo Young ကအဓိက ပါ၀င်သရုပ်ဆောင်ထားပါတယ်….  1930 ခုနှစ် ဂျပန်စစ်တပ် အုပ်ချုပ်တဲ့အချိန်က မိန်းကလေးအဆောင်တစ်ခုကိုလည်း
ဂျပန် ကျောင်းအုပ်က အုပ်ချုပ်ခဲ့ပါတယ်…ဂျူရမ်ဆိုတဲ့ ကောင်မလေးဟာ အဆုတ်ရောဂါကြောင့် ဖခင်နဲ့ မိထွေးဖြစ်သူက သူမကို အဲ့ကျောင်းကို ပို့ခဲ့ပါတယ် …ကျောင်းဆရာမတွေက သူမရဲ့ ရောဂါနဲ့ ပက်သက်လို့ ဆေးညွှန်းတွေပေး ဆေးတွေနေ့စဥ်သောက်ခိုင်းပါတယ် …ကံကောင်းစွာနဲ့ သူမလည်း ရောဂါသက်သာလာပါတယ် …ဒါပေမယ့် ထူးဆန်းတာက ကျောင်းက ကျောင်းသူလေးတွေ တစ်ယောက်ပြီးတစ်ယောက် ခြေရာလက်ရာ မကျန်ပဲ ပျောက်ဆုံးနေတာပါ ..အိမ်ပြန်သွားတယ် ကျောင်းပြောင်းသွားတယ်ဆိုတဲ့ ဆရာမတွေရဲ့ပြောစကားကို ဂျူရမ်နဲ့ သူမရဲ့သူငယ်ချင်း ယွန်းဒေါ့တို့က မယုံကြပါဘူး..ဒါကြောင့် သူတို့သူငယ်ချင်းနှစ်ယောက်က မိန်းကလေးတွေ ပျောက်ဆုံးမှုကို စတင်ပြီး စုံစမ်းဖို့ လုပ်ပါတော့တယ်…မိန်းကလေးတွေဘာလို့ပျောက်သွားတာလဲ ပြန်ရှာလို့ကောတွေ့နိုင်ပါ့မလား ကျောင်းဆရာမတွေမှာဘာလျို့၀ှက်ချက်တွေ ရှိနေမလဲဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်…

0 comments:

Post a Comment