Showing posts sorted by relevance for query 2011. Sort by date Show all posts
Showing posts sorted by relevance for query 2011. Sort by date Show all posts


 

 

Rating : 6.5/10
Country : China
Genre : Romance
Released Date : 2011
Duration : 1h 55min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

2011 ခုနှစ်မှာထွက်ရှိခဲ့ပြီး 2011 Best Asian Award ရရှိထားပြီး Louis Koo၊
Gao Yuan Yuan နဲ့ Danial Wu စတဲ့နာမည်ကြီးတွေ အတွဲညီညီရိုက်ကူးထားတဲ့
အချစ်ဒရာမာကားလေး လာပါပြီ။

♥ ကိုယ်တို့သုံးယောက်ဆက်ဆံရေးမှာ အဆုံးသတ်တော့ရှိရမှာပဲ။ တစ်ခုခုတော့
ရွေးချယ်ရမှာပဲဆိုတဲ့ အချစ်ကိုယုံကြည်ပြီး စောင့်ဆိုင်းနေတဲ့အချစ်ကြီးသူ ဖန်းချီဟုန်း ။

♥ ယောက်ျားလေးဆယ်ယောက်မှာ ကိုးယောက်ကခြေရှုပ်ကြတယ်။ ကျန်တဲ့ တစ်ယောက်
ကတော့ ခြေရှုပ်ဖို့ကြိုးစားနေကြတယ်ဆိုပြီး ဆင်ခြေအမြဲပြတတ်တဲ့ စော်ကြည်ဘဲ
ကျန်းချန်ရန် ။

♥ ကျွန်မ သူ့ကိုအရမ်းချစ်တယ်။ ဒါပေမဲ့ အခုတော့ရှင့်ကိုချစ်မိသွားပြီဆိုပြီးတော့
ခံစားချက်ခြယ်လှယ်ရာကို မျက်စိစုံမှတ်ပြီး နှစ်မြောနေတတ်တဲ့ ချန်ကျီရှင်း ။

သူတို့သုံးယောက်ရဲ့ကံကြမ္မာကလည်း အချစ်ဆိုတဲ့ဝင်္ကပါထဲ တစ်ဝဲလည်လည်ပါပဲ။
ကြည့်နေရင်းနဲ့ကြည်နူးရမယ်။ တစ်ခါတစ်လေ အားမလိုအားမရဖြစ်လာမယ်။ ခံစားချက်နဲ့
တိုက်ဆိုင်ပြီး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရှိသူဆိုရင်တော့ ချက်ချင်းဒေါင်းပြီးကြည့်လိုက်ပါတော့။
လုံးဝလက်မလွတ်သင့်တဲ့ကားကောင်းလေးတစ်ကားလို့ ညွှန်းဆိုချင်ပါတယ်။
ပါဝင်တဲ့သရုပ်ဆောင်သုံးယောက် ဘယ်လောက်တောင်ဓါတုဗေဒမိလဲဆိုရင် အတွဲ(၂)
ဆက်ရိုက်ဖို့ တောင်းဆိုကြတဲ့အထိပဲဆိုတော့ မြန်မြန်လေးခံစားကြည့်လိုက်ပါဦးဗျာ…

Read More 0 comments
Season (1) - 10 Episodes
Season (2) - 10 Episodes
Season (3) - 10 Episodes
Season (4) - 10 Episodes
Season (5) - 10 Episodes
Season (6) - 10 Episodes
Season (7) - 8 Episodes
Season (8) - 6 Episdoes
Rating : 9.3/10
Country : United State
Genre :  Action, Adventure, Drama
Cast : Emilia Clarke, Kit Harington, Sophie Turner, Maisie Williams
Released Date : 2011 - 2019
Duration : 57 mins

ဒီ TV Series ကို April 17, 2011 ခုနှစ်မှာ HBO ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။George R.R. Martin ရဲ့ရောင်းအကောင်းဆုံးစာအုပ်ဖြစ်တဲ့ “A Song of Ice and Fire” စာအုပ်ကိုအခြေခံပြီး ရိုက်ကူးထုတ်လွှင့်နေတာဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ခုနှစ်ပြည်ထောင်တိုင်းရဲ့ ပလ္လင်ကို လုကြမယ့် မျိုးနွယ်စုတွေ…မိသားစုတွေ….နဂါးတွေ…လူရိုင်းတွေ…လူသန်ကြီးတွေ…မကောင်းဆိုးဝါးတွေ…စတဲ့ မျိုးနွယ်မတူကြသူတွေ
တိုက်ခိုက်ကြမှာ ဖြစ်ပြီး ကြမ်းကြုတ်ရက်စက်မှုတွေ…..မေတ္တာတရားတွေ…လိမ်လည်လှည့်ဖျားမှုတွေ…ရိုးသားဖြောင့်မတ်သစ္စာစောင့်သိမှုတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
ဇာတ်လမ်းက တကယ့်ကို မထင်မှတ်တာတွေပဲရိုက်ပြထားပြီးသတ်တာဖြတ်တာတွေပီပြင်လွန်းတာကြောင့် စိတ်မခိုင်သူများမကြည့်သင့်ပါဘူး။အမှန်တရားမရှိတဲ့ အရိုင်းဆန်ဆန်ခေတ်တစ်ခုကိုမြင်ရမှာဖြစ်ပြီး ပွင့်လင်းလွန်းစွာတင်ဆက်ထားပါတယ်။ဇာတ်ကားက အစပိုင်းလောက်မှာ(ဇာတ်ကောင်တွေကိုမသိသေးတာကြောင့်)နည်းနည်းအေးနေပေမယ့်နောက်ပိုင်းတွေမှာတော့ ထိုင်ရာမထ (အိပ်ရေးပျက်ခံ)ကြည့်ရှုမိမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။Adventure | Drama | Fantasy | 18+ အမျိုးအစားဖြစ်ပြီး IMDb Rating ကအံ့သြစရာကောင်းအောင်(9.5/10) ရရှိထားတာဖြစ်ပါတယ်။Rating မြင့်သလို ဇာတ်ညွှန်းကလဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ TV Series တစ်ခုဖြစ်ပါတယ်။

မိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ…..မသေခင်ကြည့်သင့်သော ကားများ….ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။
ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘဝ၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ဆိုတဲ့အကြောင်းလေးပါပဲ။ရုပ်ရှင်လေးက ရိုးရှင်းပေမယ့်….ဒါရိုက်တာတိုင်း အိပ်မက်မိမယ့် အောင်မြင်မှုတွေ ရရှိသွားခဲ့ပါတယ်။ အော်စကာ လျာထားမှု (၇) နေရာ တခြား ဆုပေါင်းများစွာ နဲ့ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုပေါင်းများစွာနဲ့ အောင်မြင်ခဲ့ပါတယ်။ ခင်ဗျားတို့ဆီက မျက်ရည်တွေ ချူနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့ ဘဝတွေကို ဘယ်လိုရှင်သန်ခဲ့မိပြီလဲလို့ ပြန်တွေးမိစေပါလိမ့်မယ်။ ဘဝရဲ့ အချိန်ကောင်းတွေကို ဖြုန်းတီးမိသွားပြီလားလို့ သံသယဖြစ်လာပါလိမ့်မယ်။ တခါမှ မတွေးမိသေးတာ ဖြစ်နိုင်မယ့် လက်ရှိဘဝရဲ့ လွတ်လပ်မှုတန်ဖိုးကို တွေးမိကောင်း တွေးမိကြပါလိမ့်မယ်။ နောက်ဆုံးမှတော့ ပျော်ရွင်မှုလေး တစ်ခု ခံစားရင်း အဆုံးသတ်သွားပါလိမ့်မယ်လို့…..
Read More 0 comments


 

Rating : 6.6/10
Country : United State
Genre : Horror, Mystery, Thriller 
Cast : Sharni Vinson, Joe Swanberg, AJ Bowen
Released Date : 2011
Duration : 1h 35min

အညွှန်း
2011ခုနှစ်မှာထွက်ရှိထားတဲ့ “You’re Next” ကတော့ Horror, Mystery, Thrillerအမျိုးအစားဖြစ်ပြီး IMDb rating 6.6 ရရှိထားပါတယ်။ဇာတ်အိမ်ကောင်းကောင်းနဲ့ လူသတ်ကားကြည့်ချင်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့်ကားလေးလဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်း

ချမ်းသာကြွယ်ဝတဲ့ ဒါဗင်ဆန်လင်မယားနှစ်ယောက်က အငြိမ်းစားယူပြီးအေးအေးဆေးဆေးနေထိုင်ဖို့အတွက် ကျေးလက်အိမ်တစ်အိမ်ဆီကိုပြောင်းရွှေ့လာပါတယ်။ အဲဒီ့အိမ်နားမှာ အိမ်နီးနားချင်းဆိုလို့ အဲရစ်ဟာဆန်လို့ခေါ်တဲ့ လူကြီးတစ်ယောက်ရဲ့အိမ်ပဲရှိပါတယ်။

မနက်ဖြန်က သူတို့နှစ်ယောက်ရဲ့ ၃၅ နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်လို့ သားသမီးတွေဖြစ်ကြတဲ့ ဒရိတ်ခ်၊ခရစ်စပင်၊အေမီနဲ့ ဖီးလစ်တို့ဟာ သူတို့ရဲ့ချစ်သူတွေနဲ့အတူ ကိုယ်စီရောက်ရှိလို့လာပါတယ်။

မိသားစုစုံစုံညီညီနဲ့ ညစာစားကြနေတုန်း ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ဒရိတ်ခ်နဲ့ခရစ်စပင်တို့က စကားများရန်ထဖြစ်ကြပါတယ်။အားလုံးရန်ပွဲကို အာရုံစိုက်နေကြတုန်းမှာ အပြင်ဘက်ကနေ ရုတ်တရက် ဒူးလေးနဲ့ပစ်ခတ်လိုက်တာကြောင့် အေမီရဲ့ကောင်လေးကိုထိမှန်ပြီး သေဆုံးသွားပါတယ်။

တိရစ္ဆာန်မျက်နှာဖုံးတပ်ထားတဲ့ လူသတ်သမားသုံးယောက်ကအိမ်အပြင်ဘက်မှာလဲ ထောင်ချောက်တွေဆင်ထားပြီး ဒါဗင်််််််််ဆန်မိသားစုဝင်တွေကို တစ််််ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် လိုက်လံသတ်ဖြတ်ပါတော့တယ်။

အိမ်သားတွေအများကြီးရှိနေတာတောင်မှ လူသတ်သမားတွေက အိမ်ထဲကိုဘယ်လိုလုပ် အလွယ်တကူရောက်နေရတာလဲ….

အားလုံးကြောက်ရွံ့နေတဲ့အချိန်မှာသတ္တိရှိရှိနဲ့လူသတ်သမားတွေကို ရင်ဆိုင်ရဲတဲ့သူတစ်ယောက်လဲထွက်ပေါ်လာပါတယ်။သူကရော တစ်ယောက်ထဲဲနဲ့ လူသတ်သမားတွေကိုဘယ်လိုတိုက်ခိုက်နိုင်မလဲ….

ဒါဗင်ဆန်မိသားစုပစ်မှတ်ထားတိုက်ခတ်ခံနေရတဲ့ လျှို့ဝှက်ချက်ကရောဘာများဖြစ်မလဲ….ဆိုတာ အဖြေရှာရင်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားလိုက်ကြပါဦး….
Read More 0 comments


 

 

Rating : 5.8/10
Country : Japan
Genre : Action, Adventure, Comedy
Released Date : 2011
Duration : 1h 39min

အညွှန်း

ဒီနေ့အတွက် 2011 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ကားလေးတစ်ကားကိုတင်ပေးလိုက်ပါသည်။
ဒီဇာတ်ကားမှာ ကလေးငယ်တွေဟာ နင်ဂျာဖြစ်ဖို့အတွက် နင်ဂျာပညာရပ်တွေကိုသင်ကြားတဲ့
အကြောင်းအရာလေးကိုအခြေခံပြီးရိုက်ကူးထားပါတယ်။ ဟာသနှောပြီးရိုက်ကူးထားတဲ့အတွက်
အားလုံးပဲ သဘောကျကြိုက်နှစ်သက်မယ်ဆိုတာ ကျိန်းသေအာမခံပါတယ်။

နောက်ပြီး IMDb rating က 5.9/10 ပဲရထားပေမယ့် လူတော်တော်များအားပေးနှစ်ခြိုက်ခဲ့တဲ့

ဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းမှာ သားငယ်ကိုကျွမ်းကျင်တဲ့ နင်ဂျာတစ်ယောက်ဖြစ်စေချင်တဲ့
မိဘနှစ်ပါးရဲ့ မေတ္တာကိုလည်းတွေ့မြင်ရပါမယ်

 

Read More 0 comments


Rating : 4.6/10
Country : India 
Genre :  Comedy
Cast :   Akshay Kumar, Sonam Kapoor, Bobby Deol 
Released Date : 2011
Duration :  2h 5min  

အညွှန်း



Thank You (2011) သည် IMDb 4.7/10 Filmweb 6.6/10 Movie Insider 3.4/5 Google users 79% ရထားသော ဒါရိုက်တာ Anees Bazmee က ရိုက်ကူးထား၍ Rajan Aggarwal, Ikram Akhtar တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Akshay Kumar, Sonam Kapoor, Bobby Deol တို့ ပါဝင်သရုပ်ဆောင်ထားသော Comedy ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….


ဇနီးမယားသုံးယောက်ဟာ သူတို့ရဲ့ ဖောက်ပြန်နေတဲ့ ယောကျာ်းအတွက် အထူးစုံစမ်းရေးသမားတစ်ဦးကို ငှားရမ်းကာ အမိဖမ်းကြပုံကို တစ်ဝါးဝါး တစ်ဟားဟားနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ…

Read More 0 comments


 

Rating : 5.6/10
Country : China
Genre : Fantasy, Horror 
Released Date : 2011
Duration : 1h 40min

အညွှန်း
(ယင်ချက်ဟာ) အနက်ရောင်တောင်ပေါ်က မှော်ဆရာလေးယောက်နှင့် သစ်ပင်မိစ္ဆာတို့ရဲ့တိုက်ပွဲမှာ မိစ္ဆာမကိုအပြီးသတ်ချေမှုန်းနိုင်ဖို့လိုအပ်နေတာက ယင်ချက်ဟာရဲ့ မှော်လက်နက်ပါ… ယင်ချက်ဟာတစ်ယောက် တိုက်ပွဲကိုရောက်လာခဲ့ပေမယ့် မှော်လက်နက်တော့ပါမလာခဲ့ပါဘူး ယင်ချက်ဟာရဲ့ဆရာကတော့ သူ့လက်ကိုအဖြတ်ခံပြီး မှော်လက်နက်အဖြစ်အသုံးပြုကာ သစ်ပင်မိစ္ဆာကိုချုပ်နှောင်လိုက်ရရုံမှတပါး တတ်နိုင်စွမ်းမသာခဲ့တော့ပါဘူး... – (လီစူစင်း) အလှပဆုံးနဲ့ သစ်ပင်မိစ္ဆာမရဲ့အချစ်တော်တစ်ယောက် မကောင်းဆိုးဝါးဖမ်းဆီးသူတစ်ယောက်နဲ့ ချစ်ကြိုက်မိဖို့အကြောင်းဖန်လာပါတယ်… သူမနှစ်သက်တဲ့သကြားလုံးကိုကြွေးတဲ့သူကိုပဲ သူမချစ်နိုင်မယ်လို့ဆိုခဲ့သလိုပဲ ချစ်မိနေသူကမကောင်းဆိုဝါးဖမ်းဆီးတဲ့သူဖြစ်နေတဲ့အခါမှာတော့… သူမရဲ့တာဝန်အတိုင်းသခင်ကိုမလွန်ဆန်နိုင်တဲ့အခါ လူတွေရဲ့စွမ်းအားကိုစုပ်ယူနေချိန် ချစ်သူကတွေ့ရှိသွားတဲ့အခါမှာတော့…– ထိုအဖြစ်အပျက်များဖြစ်ပွားပြီး နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်… အနက်ရောင်တောင်ရဲ့တောင်ခြေမှာ ရွာလေးတစ်ရွာရှိပါတယ်… အိုးလုပ်ငန်းလုပ်ကိုင်တဲ့ရွာလေးမှာ ရေရှားပါးလာပြီးတဲ့နောက် အရာရှိတွေဆီကိုစာပို့ပြီး အကူအညီတောင်းကြပါတော့တယ်… – (လင်ချွိုင်စံ) အရာရှိလင်ချွိုင်စံတစ်ယောက် တောင်နက်ရွာရဲ့ရေအခက်အခဲကိုဖြေရှင်းပေးဖို့ တောင်နက်ရွာကိုရောက်လာခဲ့ပါတယ်… ရေအရင်းအမြစ်ကိုရှာတွေ့နိုင်ဖို့အတွက် လမ်းပြရွာသားတစ်ယောက်ရယ် ရွာကထည့်ပေးလိုက်တဲ့ သတ္တိရှိတဲ့အကျဉ်းသားတချို့ရယ်နဲ့အတူ အနက်ရောင်တောင်ပေါ်ကိုတက်လာခဲ့ပြီးနောက် လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားကျောင်းတစ်ခုထဲကိုဝင်ရောက် ခိုနားကြရာကနေ…
– ဇာတ်လမ်းကခုမှစမှာပါ…. – အရင်ဇာတ်လမ်းတွေမှာတော့ လင်ချွိုင်စံကို အခွန်စုစည်းတဲ့သူနဲ့ ကိုယ်ရင်ငယ် အဖြစ်မြင်ဖူးကြပါတယ်... ဒီတစ်ခါတော့ တောင်နက်ရွာကို ရေရှာပေးတဲ့အရာရှိအဖြစ်မြင်ရမှာပါ… ယင်ချက်ဟာကတော့ ပုံမှန်အတိုင်း မကောင်းဆိုးဝါးဖမ်းဆီးတဲ့သူဆိုပေမယ့် မင်းသမီးရဲ့ချစ်သူအဖြစ်ပါပြောင်းလဲထားပါတယ်… မင်းသမီး Liu Yifei လေးကြည့်ရတာတော့တန်ပါတယ်… 2011 ခုနှစ်ရဲ့ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ကားပေမယ့် အရင်ကားတွေလောက်တော့ အောင်မြင်မှုမရပါဘူး… ထုံစံအတိုင်း Fantasy, Horror ဆိုပေမယ့် Drama ဘက်ကိုပိုချိုးထားပါတယ်… IMDb Rating 5.7 ရထားပါတယ်… ကြည့်ပျော်ရှု့ပျော်နဲ့ အရင်ကတရုတ်သရဲကားမျိုးတွေလို martial art ဆန်ဆန်နဲ့ chinese ghost story တွေရဲ့ပုံစံအတိုင်းကြည့်ကောင်းတဲ့ကားတစ်ကားဆိုတာတော့သေချာပါတယ်…
Read More 0 comments

Rating : 6.7/10
Country : India
Genre :   Drama, Family 
Cast :     Maja Salvador, Tetchie Agbayani, John Arcilla
Released Date : 2011
Duration: 1h 51min

အညွှန်း
2011 ခုနှစ်ထွက် ဖိလစ်ပိုင် ရုပ်ရှင်ကားလေးတစ်ကားကို
တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့ထုံးစံ
အတိုင်းစာဖိုင်မထွက်ပါဘူး အဲ့တာကို စာဖိုင်ဖန်တီးပြီး ပြန်ရေး
ထားတာကြောင့်လိုအပ်ချက်တစ်စုံတစ်ရာရှိခဲ့ရင် ခွင့်လွတ်ပေး
ကြဖို့ ကြိုတင်တောင်းပန်အပ်ပါတယ် ဒီဇာတ်ကားလေက ၂၀၁၁ ခုနှစ်
စက်တင်ဘာလ ၇ ရက်နေ့မှာထွက်ရှိခဲ့တာဖြစ်ပြီး ဖိလစ်ပို်င်မှာ ရုံတင်အောင်မြင်ခဲ့ပါတယ်
ဇာတ်လမ်းလေးရဲ့နာမည်ကတော့ Thelma (သဲမာ) ပါ
နာမည်အတိုင်း အသဲမာတဲ့ကောင်မလေးတစ်ယောက်ရဲ့
ဘဝဇာတ်ကြောင်းလေးကို ရိုက်ကူးပြထားတာဖြစ်ပြီး ဖြစ်ရပ်မှန်
ကိုရိုက်ကူးပြထားတာပါ လူ့ဘဝမှာ အိမ်မက်ဆိုတာ တခုထဲ ရှိသလို
အခွင့်အရေးကလဲ တခါပဲလာတာပါ အဲ့တာကို အမိအရဖမ်းဆုတ်ထား
နိုင်ဖို့ကလဲ တစ်ခါပဲ လောက ကြီးကိုလူတစ်ယောက်ကိုမျက်နှာသာပေးပါတယ်
တစ်သက်မှာတစ်ခါပဲ ရတဲ့ အခွင့်အရေးကို သဲမာဆိုတဲ့မိန်းမချောလေးက
ဘယ်လို ဆုတ်ကိုင် အသုံးချ သွားတယ်ဆိုတာကိုတော့ ပရိတ်သတ်ကြီးက
သင်ခန်းစာယူကြည့်ကြရမှာဖြစ်ပါတယ်
ဇာတ်လမ်း အကျဉ်းလေးကတော့ သဲမာဆိုတဲ့ကောင်မလေး သူ့ဝါသနာက အပြေး
သူ့အမေကလဲ အပြေးချန်ပီယံဟောင်းတစ်ယောက် ယောကျာ်းရကံမကောင်းတော့
ကြက်သမားနဲ့ ညားပြီး သဲမာတို့ ညီအစ်မ ၂ယောက်ကို ကိုယ်ဝန် ရခဲ့တယ် ဒီလိုနဲ့
ကံအကြောင်းမလှတဲ့ သဲမာတို့ ဘဝထဲကို မုန်တိုင်းတစ်ခုက ဝင်ရောက်လာခဲ့တယ်
အဲ့တာကတော့ သဲမာ ညီမလေးကို ကားတို်က်သွားတာပါပဲ သဲမာတစ်ယောက်
ဖအေဖြစ်သူက အသုံးမကျတော့ ညီမလေးကိုပြုစုဖို့ကျောင်းနားလိုက်ရပါတယ်
သဲမာရဲ့ ညီမလေးကလဲ ကံဆိုးမသွားရာမိုးလိုက်ရွှာသလိုုပဲ အောက်ပိုင်းသေသွားတော့
ကြက်သမားကို ဖအေတော်ထားရတဲ့သဲမာ တစ်ယောက် ညီမလေးကို Wheel Chair ဝယ်ပေးဖို့
မြို့နယ် အဆင့်အပြေးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရာမှ ဗီဇ ပါတဲ့ သဲမာလေး က အနိုင်ရသွားပြီး
ညီမဖြစ်သူကို Wheel Chair လေးဝယ်ပေးနိုိင်ခဲ့ပါတယ် ကဲ သဲမာတစ်ယောက် အသဲမာမာ နဲ့
တစ်သက်မှာ တစ်ခါပဲ ရတဲ့ အခွင့်အရေးကို ဘယ်လို ပိုင်နိုင်လှပစွာ

အသုံးချသွားမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက
ဆက်လက်ကြည့်ကြရမှာပါ ...........


 

Read More 0 comments


Rating : 7.7/10
Country : India 
Genre :    Drama, Music, Musical
Cast :    Ranbir Kapoor, Nargis Fakhri, Shammi Kapoor
Released Date : 2011
Duration : 2h 39min

 
အညွှန်း



Bollywood ရဲ့ လူငယ်မင်းသားတွေအကြောင်း ပြော ကြကြေးဆိုရင် Ranbir Kapoor မပါရင်ပြီးပြည့်စုံမှုရှိမှာ မဟုတ်ပါဘူး။


သူ့ဇာတ်ကား အများစုဟာ အလွမ်းအဆွေးဆောင်ပြီး မျက်ရည်ချူဖို့ များခဲ့ပါတယ်။ ဒီတစ်ချက်က ကျွန်တော်မနှစ်သက်တဲ့ အချက်ဖြစ်ပြီး သူ့ သရုပ်ဆောင်စရိုက် ပိုင်နိုင်မှုကိုတော့ Roctstar (2011) နဲ့ Sanju (2018) ဇာတ်ကားတွေမှာ ကြွေခဲ့ရပြန်ပါတယ်။အစကတော့ Rock သီချင်းတွေနဲ့ မနီးစပ်တာ တကြောင်း Drama ဆန်တဲ့ ဇာတ်လမ်းဖြစ်သည်က တကြောင်းကြောင့် မရေးချင်ခဲ့ပါဘူး ။ ကိုယ့်အရေးအသားမပြည့်စုံမှုက ဒီဇာတ်ကားကို စိတ်ဝင်စားမှု နည်းလာမှာလည်း မဖြစ်စေချင်ခဲ့ဘူး။


ဒီဇာတ်ကားဟာ အသွင်အပြင် ခမ်းနားစွာနဲ့ Rock စရိုက်ပီပြင်တယ်။ အဝတ်အစား ဝတ်ဆင်မှုက Ranbir နဲ့ စောက်ရမ်းလန်းနေတယ်။ ခေတ်စကားအရ ဂေါ်တယ် ပေါ့။ ဂီတာတစ်ဖက် နဲ့ လည်ပင်းကြော ထောင်လာသလို မြင်မိတာက ဒီဇာတ်ကားရဲ့ သံစဉ်တေးတစ်ပုဒ်ပါပဲ။ ဒီတစ်ချက်နဲ့ကြည့်ရဖို့ လုံလောက်ပါတယ်။


ဒီကားမှာ Ranbir ဇာတ်ကောင် နာမည်က JJ (Jordan ) ။ သူရဲ့ ကောလိပ်ဘဘဝက ရိုးရှင်းတယ်။ နည်းနည်းအူကြောင်ကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့မှာ အိပ်မက်တစ်ခုတော့ရှိတယ် ။

Jim Morrism ဆိုတဲ့ ဘဲကြီးကို Idol ထားပြီး သူ့လို အောင်မြင်ချင်တယ်။ Rock ဂီတ ကို ခပ်နက်နက်တေးသွားစာသားတွေနဲ့ သူ ပျံသန်းချင်နေခဲ့တယ်။


( Jim Morrison ဆိုတာက Rock ဂီတရဲ့ ရှေ့ပြေးဆရာတစ်ဆူပါပဲ ။ ဆံပင်က အရှည် ဂီတာက တစ်လက် စီးကရက် တစ်ဖွာတရှိုက် နဲ့ သူ့ ပုံစံက ကြည့်ကောင်းနေခဲ့တဲ့ သူ။ Rock ဂီတနဲ့ နီးစပ်တဲ့သူတွေ

ပိုသိပါလိမ့်မယ် )


ဒီလိုမျိုး Jim Morrison ကို ကြိုက်နှစ်သက်တဲ့ သူ့ အဖို့ Morrisonလို ဂီတသွေး ကြွနေဖို့လိုပါမယ်။ ကောလိပ်ကန်တင်းပိုင်ရှင်ကတော့ Jordan ကို ပြောရှာတယ်။


" ကြေကွဲဖို့ကောင်းနေတဲ့ အခြေအနေဟာ အနုပညာသွေးဆာနေတဲ့ ကာလပဲ " တဲ့။


ဒီတော့ Jordan စဉ်းစားတယ်။ သူ အသည်းကွဲနေမှဖြစ်မယ်လေ။ ဒါမှ သူ့သီချင်းတွေပြောင်မြောက်ရမှာပေါ့။


ဒီလိုနဲ့ ကောလိပ်က အချောဆုံးဆိုတဲ့ ကောင်မလေး ကို လိုက်ရှာတယ်။ တွေ့မှလည်း တွေ့ရော အသည်းကွဲစက် လို့နာမည်ကြီးနေတဲ့ Heer ကိုမှ သွားတွေ့တယ်။


Jordan ကတော့ သူ့စိတ်ကူးနဲ့သူမို့ Heer ကို အသည်းအသန်လိုက်တယ်။ နောက်တော့ အသည်းကွဲတဲ့အထာနဲ့သီချင်းတွေ စွတ်ရေးတယ်။


Heer ကတော့ မကြိုက်တဲ့သဘော ရှိပေမယ့် ခင်မင်အောင်ပေါင်းတယ်။ Jordan က ရိုးရိုးအအ ဆိုတော့ Heer ခိုင်းသမျှပျော်အောင် လျှောက်လုပ်တယ်။ ဒီမှာမသိမသာလေး ခိုးဝင်လာမိတဲ့ သံယောဇဉ်နှောင်ကြိုးလေးတော့ တွယ်မိကြတာပါပဲ။


" ဘဝဟာ သိပ်ထူးဆန်းတယ်။ တွေ့မှ ကြုံ ဆိုသော်လည်း ဆုံ ချင်မှ ဆုံဦးမှာလေ "


ဒီလိုနဲ့ တစ်နေ့မှာတော့ Heer က ပါရာဂွေး နိုင်ငံဆီ ထွက်ခွာသွားခဲ့တယ်။ အဲ့အချိန်မှာ Jordan က စောက်ရမ်းအသည်းကွဲပြနေပြီလေ။ သီချင်းတွေလည်း ပြောင်မြောက်လာပြီ။


တစ်နေ့မှာ သတင်းတစ်ခုက Jordan ကို နှိုးဆွလိုက်တော့တယ်။ ပါရာဂွေး နိုင်ငံဆီ လွှတ်ဖို့ အနုပညာရှင် ရွေးချယ်ပွဲ ကျင်းပမယ့် သတင်းပါပဲ။ ဒါဟာ သူ့အတွက် မဟာအခွင့်အရေးပါပဲ။


ဒီလိုနဲ့ Jordan တစ်ယောက် စိတ်ကူူးစိတ်သန်းတွေကြားထဲက Heer ကို ပြန်တွေ့ဖို့ ကိုယ့်ကံကြမ္မာကို ပြန်ဖန်တီးခဲ့တဲ့အချိန်မှာတော့ ……………။


ကဲ ……ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာတော့ မပြောပြတော့ပါဘူး။


ဒီဇာတ်ကား ရဲ့ တဆစ်ချိုးတွေဟာ အပြင်လောကနဲ့ နီးစပ်စေသလို ချစ်ခြင်းမေတ္တာရဲ့ လွတ်လပ်ခြင်းဆီကိုပါ ချဉ်းကပ်စေမိပါတယ်။ သံယောဇဉ် ရဲ့ နှောင်ကြိုးတွေနဲ့ လူ့လောက ကန့်သတ်မှုတွေကြားက စိတ်ခံစားမှုကိုပါ တရေးရေးမြင်လာမိစေတယ်။


အူတူတူ လေး Jordan နဲ့ နာမည်ကြီး ကာလ Jordan အသွင်အပြင် တွေက ခြားနားလာတယ်။ တစ်ဖက်မှာ အောင်မြင်လာသလို တစ်ဖက်မှာ ကျရှုံးလာတယ်။

ဒါဟာ လောကဓံရောင်ပြန်လေး တစ်ခုလိုပါ။


ဒီဇာတ်ကား ဟာ Ranbir ရဲ့ ခမ်းနားတဲ့

ကာရိုက်တာကြောင့် ကျော်ကြားလာသလို ဇာတ်ဝင်သီချင်းတွေကပါ အဓိပါ္ပယ် ပေါ်လွင်လှပါတယ်။


Drama ကားမို့ ကြည်နူးရမယ်။ ဝမ်းနည်းရမယ်။ နာကျည်းရမယ် ဆိုပေမဲ့

Jordan ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒက ခွန်အားတွန်းပေးတဲ့ အထောက်အကူပါပဲ။


ဒါ့ကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ညွှန်းလိုက်ပါရစေဦးတော့။ 


 

Read More 0 comments
Rating : 6.8/10
Country : Korea
Genre : Action, Crime, Drama 
Cast : Ha-neul Kim, Seung-ho Yoo, Hie-bong Jo  
Released Date : 2011
Duration : 1h 51min

 2011 ခုနှစ်က ထွက်ရှိခဲ့တဲ့ Blind ဆိုတဲ့ ကိုးရီးယားကားလေး တင်ဆက်ပေးချင်ပါတယ် ဒီကားထဲက သရုပ်ဆောင်တွေကတော့ ပရိတ်သတ်တွေ ရင်နှီးပြီးသားဖြစ်တဲ့ Kim Ha-Neul နဲ့ Yoo Seung-Ho တို့ ဖြစ်ပါတယ် ပြီးရင် အားလုံးအချစ်တော် မင်းသားလေး Park Bo-Gum ကလည်း ဧည့်သည်အဖြစ် ပါဝင်ထားပါသေးတယ်
မင်ဆိုအာဟာ ငယ်စဥ်ကတည်းက ရဲအရာရှိ ဖြစ်ချင်ခဲ့သူတစ်ယောက်ဖြစ်ပြီး စုံထောက်ဉာဏ်ရည်လည်း ရှိသူတစ်ယောက်ပါ
ရဲသင်တန်းကျောင်း တက်နေရင်းမှာ အက်စီးဒင့်တစ်ခုကြောင့် သူ့ရဲ့မောင်လေးကို ဆုံးရှုံးလိုက်ရပြီး သူမရဲ့မျက်လုံးပါ ကွယ်ခဲ့ရပါတယ်
ရဲသင်တန်းကျောင်းကပါ အထုတ်ခံလိုက်ရပါတယ်
သုံးနှစ်ကြာပြီးတဲ့နောက်မှာ ဆိုအာတစ်ယောက် အိမ်ပြန်ဖို့ တက်စီငှားစီးရာမှ တက်စီသမားဟာ လူတစ်ယောက်ကို တိုက်မိခဲ့ပါတယ် ဆိုအာဟာ မျက်မမြင်ဖြစ်တာကြောင့် တက်စီသမားဟာ ညာ​ပြောပြီး ထွက်ပြေးသွားခဲ့ပါတယ်
ယဥ်တိုက်ပြီး ထွက်ပြေးတဲ့အမှုမှာ တစ်ဦးတည်းသော မျက်မြင်သက်သေက မျက်မမြင်တစ်ဦးဖြစ်နေပြီး ဘယ်သူမှ မကိုင်ချင်တဲ့အမှုကို ကိုင်တွယ်ရတဲ့ စုံထောက်ချိုနဲ့ ဆိုအာတို့ပူးပေါင်းပြီး အမှုကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ
Read More 0 comments


 

Rating : 6.8/10
Country : United State
Genre : Drama, Fantasy
Cast : Brad Pitt, Sean Penn, Jessica Chastain
Released Date : 2011
Duration : 2h 19min

အညွှန်း
ပြောရမယ်ဆိုရင် ဒီရုပ်ရှင်နဲ့ ကျွန်တော်နဲ့ကြားမှာ
တံတိုင်းကြီးတစ်ခုခြားထားတယ်။အဲ့ဒီတံတိုင်းက
ခရစ်ယာန်ဘာသာရေးပါပဲ။ ဒီရုပ်ရှင်ရဲ့ အဓိက
Conceptက ဘာသာရေးဆိုတော့ ဒါကို ဖယ်ပြီး
ခံစားဖို့အတော်ခက်တယ်။ ကောင်းလားမေးရင်လည်း
ဒီရုပ်ရှင်ဟာ အတော်တန်းမြင့်တဲ့အထဲထည့်လို့ရတဲ့
အထိကောင်းတယ်။ အတော်အနုပညာဆန်တယ်။
အပေါ်မှာပြောထားတဲ့ ဘာသာရေးတွေ
ဘာသာစကားတွေကို ဖယ်ကြည့်လိုက်ရင်
ကျွန်တော်တို့အားလုံးဟာ နှလုံးသားကိုယ်စီရှိကြတဲ့
တူညီတဲ့လူသားတွေပါပဲ။ ဒီတော့ ဒီထဲက
အဓိက Conceptမဟုတ်တဲ့ မိသားစုဆက်ဆံရေးထဲက
အတော်လှတဲ့ ချစ်ခြင်း ပဋိပက္ခတွေကို ပြသွားတဲ့
ပု‌ံတွေကို အပြည့်အ၀ခံစားလို့ရတယ်။
အဓိက Conceptမဟုတ်တာနဲ့တောင်
ဒီရုပ်ရှင်ဟာ အတော်လေးစွဲမက်ဖို့ကောင်းတယ်။
စကားပြောသံတွေက မသဲမကွဲတွေ
စကားပြောနေရင်းတောင် တစ်ချိန်လုံးနီးပါး
ကြားနေရတဲ့ဂန္တ၀င်ဂီတ‌တွက စကားပြောသံထက်ပို
စူးရှနေတယ်။ ဒါကလည်းအတော်ဆွဲဆောင်မှု
ရှိတယ်ပြောရမယ်။ စကြ၀ဠာကနေ သားလောင်းအထိ
လှပတဲ့ (ခရစ်ယာန်စကားနဲ့ဆို ဖန်ဆင်းမှု)တွေကို
ထည့်သုံးသွားတာကလည်း သက်ဆိုင်သူတွေအတွက်
တကယ်ခံစားရစေမယ့်အရာပါပဲ။Tree of
Lifeဆိုတဲ့နာမည်လှလှလေးနဲ့လိုက်ဖက်အောင်ကို
ဒီရုပ်ရှင်ထဲက အရာအားလုံးကလှပတယ်။
Castတွေကလည်း Aတန်း၀င် Actorတွေ
ဘရက်ပစ် ရှောင်ပင်းန်။ ဘာရည်ရွယ်ချက်နဲ့လဲတော့
မသိပေမယ့် ‌အသက်ခြောက်ဆယ်ရှိပြီဖြစ်တဲ့
ရှောင်ပင်းန်ကို ငါးဆယ့်ခြောက် ဘရက်ပစ်ရဲ့
သားလုပ်ပစ်ထားတာကတော့ တစ်မျိူးပါပဲ။
ရှောင်ပင်းန်အခန်းတွေမှာတော့ ဘာမှထူးထူးခြားခြား
သိပ်မရှိပေမယ့် ဘရက်ပစ်ကတော့ တကယ့်ဘ၀မှာ
ကလေးတွေအများကြီးရဲ့ အဖေဖြစ်နေတ‌ာရော
ဇာတ်ကောင်လိုက်ဖက်မှုကြောင့်ရော
ဖခင်အစစ်တစ်ယောက်လိုခံစားရစေတယ်။
သူမဟုတ်ဘဲ တခြားလူသာဆို ဒီလောက်
လှမယ်မထင်မိဘူး။ ဇာတ်လမ်းအကျဉ်းပြောဖို့
မလိုလောက်အောင် ဇာတ်လမ်းက အရမ်းရိုးရှင်းတယ်။
ဒီဇာတ်လမ်းရိုးရိုးလေးကို မပျင်းရအောင်
ရိုက်ပြသွားတဲ့ ဒါရိုက်တာရဲ့ အရည်အချင်းကိုလည်း
မချီးကျူးဘဲထားလို့မရဘူး။သူကလည်း
ခရစ်ယာန်ယုံကြည်သူစစ်တစ်‌ယောက်မဟုတ်ဘူး။
ဒါပေမယ့် အခမ်းနားဆုံးဖြစ်သွားအောင်ရိုက်ခဲ့တယ်။
ဒါက သူ့အနုပညာအပေါ်သူထားတဲ့ စေတနာပဲ
ထင်တယ်။ အေးအေးဆေးဆေးအချိန်ရမှ
ကြည့်ပြီး အသံတွေကို စပီကာနဲ့နားထောင်ပြီး
ကြည့်ကြည့်ဖို့တော့ အကြံပေးချင်တယ်။
Arthouseဆန်တဲ့ ရုပ်ရှင်ကြိုက်တဲ့လ‌ူတွေအတွက်
အတော်ခံစားလို့ကောင်းမှာ မလွဲမသေပါပဲ။
Tree of Lifeဟာ 2011ရဲ့ Top 10စာရင်း၀င်တဲ့အပြင်
BBCစစ်တမ်းမှာ Gratest American Filmလည်း
ဖြစ်ခဲ့တယ်။2000ခုနှစ်နောက်ပိုင်း ခုနှစ်ကားမြောက်
အကောင်းဆုံးရုပ်ရှင်အဖြစ်လည်း သတ်မှတ်ခံခဲ့ရတယ်
အော်စကာ ဆန်ခါတင်သုံးခါ၀င်ခဲ့တယ်။ဒီလောက်လှတဲ့
ရုပ်ရှင် အော်စကာတစ်ဆုမှမရခဲ့တာတော့
‌နှမြောစရာပါပဲ။

Read More 0 comments
Rating : 7.0/10
Country : United State
Genre : Drama, Fantasy 
Cast : Alex Kendrick, Ken Bevel, Kevin Downes 
Released Date : 2011
Duration : 2h 9min

အခုမိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ 2011တုန်းက ထွက်ရှိိထားတဲ့ Courgeousကားလေးပဲဖြစ်ပါတယ်

နာမည်အတိုင်းပါပဲ ရဲရင့်ပြီး သတ္တိတွေပြည့်ဝတဲ့ ရဲအရာရှိလေးယောက်ကို အခြေခံထားတာပါ

ဇာတ်ဆောင်တွေက ရဲဆိုတော့ ဇာတ်လမ်းကစလာကတည်းက ရုတ်ရုတ်သဲသဲလေးစတယ်ဗျ

အယ်ဘာနီမှာမွေးပေမယ့် တစ်ခြားမြို့မှာ အရာရှိတာဝန်ထမ်းဆောင်ခဲ့တဲ့သူ မိသားစုကို

အေးချမ်းတည်ငြိမ်တဲ့ဘဝလေးပေးချင်လို့ ဇာတိမြို့ကိုပဲပြောင်းရွှေ့လာတယ်

ပြောင်းလာတာမကြာသေးခင်မှာပဲ ကားခိုးတဲ့လူနဲ့ကြုံရပါတော့တယ်

ပစ္စည်းအတွက်က အရေးမကြီးပေမယ့် ခိုးသွားတဲ့ကားထဲမှာ သူ့သားလေးပါနေပြန်တော့…..

အဲ့ကနေသိကျွမ်းလာတဲ့ ရဲအရာရှိတွေ သူတို့တွေရဲ့မိသားစုပြဿနာတွေ ရဲတစ်ယောက်ပီပီ မိသားစုကို ဦးစီးပုံတွေ

actionရော family caseတွေရော teenagersတွေနဲ့ မိဘတွေဖြစ်လေ့ရှိတဲ့ကိစ္စတွေရော

အကုန်လုံးကို ပြကွက်တစ်ကွက်စီပြထားတာဖြစ်လို့ ကြည့်ရှုခံစားကြည့်ကြပါဦး…
Read More 0 comments


 

Rating : 6.5/10
Country : Japan
Genre : Drama
Cast : Tatsuya Fujiwara, Yûsuke Iseya, Yuriko Yoshitaka 
Released Date : 2011
Duration : 2h 13min

အညွှန်း
2011 တုန်းကထွက်ခဲ့ပီး လူကြိုက်များခဲ့တဲ့ Japan လောင်းကစားဇာတ်ကားဖြစ်ပါတယ် ပထမကားမှာ Kaiji 2 တစ်ယောက် အလုပ်ကြမ်းဘ၀ကနေ လွတ်မြောက်သွားပေမဲ့ ပိုက်ဆံတော့ မချမ်းသာသွားခဲ့ပါဘူး အခု ဒုတိယကားမှာ အကြွေးတွေပြန်တင်ပီး အရင်လို အလုပ်ကြမ်းသမားပြန်ရောက်လာခဲ့ပါတယ် ဒီလိုနဲ့ အသက်နဲ့လောင်းရတဲ့ လောင်းကစားပွဲတွေမှာပြန်လည်အနိုင်ရပီး အရင်လိုလွတ်မြောက်နိုင်မလား ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရမဲ့ imdb 6.5 ရထားတဲ့ ဇာတ်ကားဖြစ်ပါတယ်. Blu-ray 1080p DTS Quality နဲ့မရရအောင် Channel M-Sub ကနေ ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်
Read More 0 comments

 


 

Rating : 5.2/10
Country : Thai
Genre : Action, Crime, Comedy
Released Date : 2011
Duration : 1h 39min

အညွှန်း

Chocolate(2008) ၊ The Kick (2011) ဇာတ်ကားတွေနဲ့ အထိုးအကြိတ်ခန်းတွေမှာ နာမည်ရတဲ့

မင်းသမီးချော JeeJa Yanin ရဲ့ နောက်ထပ် Action ဇာတ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားကတော့ Action သီးသန့်မဟုတ်ဘဲ အပြောအဆို ၊သရုပ်ဆောင် ၊ဝတ်စားဆင်ယင်မှု အားလုံးက Comedy ဖက်သွားထားပြီး

ရီချင်စရာဇာတ်ရုပ်တွေနဲ့ ခပ်သွက်သွက်တင်ဆက်ထားတာပါ။

ထိုင်းရဲ့ နာမည်ကျော်ဟာသသရုပ်ဆောင် Mum Jokmok အပြင် တခြားဟာသ သရုပ်ဆောင်အတော်များများပါဝင်ထားပါတယ်။

ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် Action,Comedy,Drama ထိုင်းဇာတ်ကားလေးဖြစ်ပြီး

IMDb Rating (5.2) ရရှိထားပါတယ်
Read More 0 comments
Rating : 6.7/10
Country : United State
Genre : Action, Drama, Thriller 
Cast : Matt Damon, Kate Winslet, Jude Law
Released Date : 2011
Duration : 1h 46min

 H1 N1 ရောဂါအကြောင်းကို ရိုက်ထားတဲ့ဇာတ်ကားပါ၂၀၁၁ ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားလေးပါ
ဘတ်သ်အမ်ဟို့ဖ်ဆိုတဲ့ အမျိုးသမီးဟာ အလုပ်ကိစ္စနဲ့ဟောင်ကောင်ကိုသွားပြီး ပြန်အရောက်မှာ နေမကောင်းဖြစ်ပြီးရုတ်တရက်သေဆုံးရာကစခဲ့တာပါတစ်နေ့ပြီးတစ်နေ့ကူးစက်ခံရသူတေ် များလာတယ် သေဆုံးသူတွေလဲ များလာပါတယ်WHO အဖွဲ့ရော ဒေါက်တာရှီဗာတို့ရော ဒေါက်တာဆော့စ်မန်းတို့ရောဘာဖြစ်တာလဲသိဖို့ အားလုံးကြိုးစားရှာဖွေကြရပါတယ်ဒီထဲမှာမှ ဘယ်သူကရှာဖွေတွေ့ရှိသွားလဲ
ကုသနိုင်တဲ့ဆေးရှာတွေ့မှာလားကာကွယ်ဆေးရောပေါ်လာလားဆိုတာတွေရှာဖွေနေစဉ်အတောအတွင်းမှာ စတေးလိုက်ရတဲ့ အသက်တွေလူထုကြား ရောဂါဖြစ်နေပြီဆိုတာ သတင်းပျံ့သွားတဲ့အချိန်မှာ လူထုကဘယ်လိုတုံ့ပြန်လာလဲဆိုတာတွေအားလုံး ဝေဝေဆာဆာနဲ့ အကွက်ကျကျရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါဒီလိုအချိန်မှာ လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေဗျာအချုပ်အနေနဲ.ပြောရရင်Steven Soderberg ရဲ့ 2009 Flu Pandemic ကို အခြေတည်ရိုက်ထားတဲ့Contagion (2011) ဇာတ်ကားက အခုအချိန် ကြည့်ဖို့အသင့်တော်ဆုံးပဲ။Pandemic Event အတွင်း– WHO ရဲ့ စီမန်ခန့်ခွဲမှုအဆင့်ဆင့်တွေ၊– Medical Field ရဲ့ လုပ်ငန်းခွင် မလုံခြုံမှုတွေ၊– ဝိသမလောဘသားတွေရဲ့ အမြတ်ထုတ်ခြယ်လှယ်မှုတွေ၊– နောက်ဆုံး လူထုကြားမှာဆင့်ပွားလာတဲ့ အကြောက်တရားတွေ အကြောင်းကိုဒီကားမှာ သေသေချာချာတွေ့မြင်ရပါလိမ့်မယ်။
Read More 0 comments
Rating : 3.5/10
Country : United State
Genre :   Action, Adventure, Comedy
Cast : Jessica Alba , Joel McHale , Rowan Blanchard
Released Date : 2011
Duration : 1h 29min

Spy Kids 4 ကတော့ 2011ခုနှစ်မှာDirector:Robert Rodriguez ရိုက်ကူးထားတဲ့Action,Adventure,Comedyအမျိုးအစားဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင်တော့ Origanization of Super Spiesရဲ့Agent Marissa Wilson ကို ကိုယ်ဝန်ကြီးနဲ့တွေ့ကြရမှာဖြစ်ပါတယ်။
အမွှာနှစ်ယောက်ဖြစ်တဲ့ Rebecca နဲ့ Cecil တို့က သူတို့ရဲ့Stepmotherကို spy agent မှန်းမသိကြပါဖူး။Marissa ကလည်း ဗိုက်ထဲက ကလေးမွေးပြီးရင်Spy Agentတစ်ယောက်မလုပ်တော့ဘဲကလေးတွေနဲ့ပဲနေမယ်လို့ စဉ်းစားထားပေမယ့်လည်းတကယ်ရော spy agent အလုပ်ကို စွန့်လွှတ်ခဲ့လားဆိုတာကတော့ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှု့စားကြပါတော့….။
Read More 0 comments
Rating : 7.1/10
Country : United State
Genre : Biography, Drama, History 
Cast :  Michelle Yeoh, David Thewlis, Jonathan Raggett
Released Date : 2011
Duration : 2h 12min

The Lady (2011) သည် IMDb 7.1/10 Google users 81% ဒါရိုက်တာ Luc Besson ရိုက်ကူးထား၍ Luc Besson ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ Michelle Yeoh, David Thewlis, Jonathan Raggett တို့ ပါဝင်သရုပ်ဆောင်ထားသော Biography , Drama , History ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
မြန်မာပြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှု ရဲ့ အဓိက ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇာတ်လမ်း သူ့ရဲ့ ခင်ပွန်း စာရေးဆရာ မိုက်ကယ်နဲ့ ပတ်သက်မှု သမိုင်းနောက်ခံ ဇာတ်လမ်းကို ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုခံစားကြည့်လိုက်ကြပခင်ဗျာ…

Read More 0 comments
Rating : 6.2/10
Country : United State
Genre : Action, Adventure, Thriller
Cast : Tomer Sisley, Sharon Stone, Ulrich Tukur 
Released Date : 2011
Duration : 1h 54min

 လာဂိုဝင့်ချ် … ကမ္ဘာ့ ပါဝါအကြီးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ W လုပ်ငန်းစုကြီးရဲ့ အမွေဆက်ခံသူ ….သူအမွေဆက်ခံပြီးနောက် W လုပ်ငန်းစုကြီးကို ရောင်းချပြီးလူသားချင်းညှာတာထောက်ထားမှုဆိုင်ရာဖောင်ဒေးရှင်းတည်ထောင်မယ်လို့ဆုံးဖြတ်ခဲ့သူ …
ဒါပေမယ့် W လုပ်ငန်းစုကြီးဟာ မြန်မာနိုင်ငံအတွင်းက ကယန်းလူမျိုးစုတွေကို ရက်ရက်စက်စက်သတ်ဖြတ်တဲ့လူသတ်ပွဲနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ သံသယရှိပြီး စုံစမ်းစစ်ဆေးခံရတဲ့အခါ …လာဂိုဝင့်ချ်ဟာ W လုပ်ငန်းစုကြီးရဲ့နာမည်ကို ဘယ်လိုပြန်ပြီးအဖက်ဆယ်မလဲဆိုတာကိုစိတ်ဝင်စားဖွယ်ရာရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ …2011 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb rating – 6.2 ရရှိထားတဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဂျာမန်မင်းသား Tomer Sisley နဲ့ နာမည်ကြီးမင်းသမီး Sharon Stone တို့ပါဝင်ပါတယ်။ဒီကားဟာ လာဂိုဝင့်ချ် ဇာတ်ကောင်အတွက်တော့ ဒုတိယမြောက်ကားပါ။တစ်ဖက်မှာက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ညစ်ကွက် လှည့်ကွက်တွေ ..တစ်ဘက်မှာက ကယန်းလူမျိုးဒုက္ခသည်တွေနဲ့အကျင့်ပျက်အာဏာရှင်ဗိုလ်ချုပ်တစ်ဦးတို့ရဲ့ အခြေအနေတွေကိုယှဉ်ထိုးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုလက်လွတ်မခံဘဲကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ…
Read More 0 comments
Rating : 7.3/10
Country : United State
Genre :  Comedy, Drama 
Cast : Stephen Lang, Jane Levy, Dylan Minnette
Released Date : 2011
Duration : 1h 55min 

Matt King တို့ မိသားစုဟာ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက် တွေကတည်းက ဒီဟာဝိုင်အီကျွန်းလေးပေါ်မှာဘဲ နေလာခဲ့ကြတာပါ။ အဲဒီ ဘိုးဘွားတွေဆီကနေ အမွေရခဲ့တဲ့ Kauai ကျွန်းပေါ်က မြေဧက ၂၅၀၀၀ ကို သူနဲ့ သူ့ရဲ့ ဝမ်းကွဲညီကိုတွေ အားလုံးပိုင်ကြတယ်။ သူက ရှေ့နေ၊ အလုပ်နဲ့ အကိုင်နဲ့ဆိုတော့ ငွေရေးကြေးရေးက အခက်အခဲ သိပ်မရှိဘူးပေါ့ဗျာ။ ကုန်းတွင်းအမေရိကားက သူ့သူငယ်ချင်း တော်တော်များများကတော့ သူ့ဘဝကို ဟာဝိုင်အီ သုခဘုံလေးမှာနေပြီး ပြီးပြည့်စုံတဲ့ ဘဝလေးလို့ ထင်နေကြတာပေါ့။“Paradise!!!… Paradise can go fuck itself.”
စုပေါင်းအမွေရထားတဲ့ ဧက ၂၅၀၀၀ လုံးကို စီမံကိန်းတစ်ခု အကောင်အထည်လာဖော်ဖို့ ဝယ်မယ့်သူကလဲ အဆင်သင့်ရှိတယ်။ ရောင်းမယ် မရောင်းဘူးဆိုတာကတော့ သူ့အပေါ်မှာဘဲ မူတည်နေတာကိုး။ သူ့ရဲ့ဝမ်းကွဲတွေ တော်တော်များများကတော့ မွဲနေကြပြီ။ အရောင်းအဝယ်ဖြစ်ဖို့ကို မျှော်နေကြတာ။ သူ့မိန်းမ Elizabeth လွန်ခဲ့တဲ့ ၂၃ ရက်လောက်တုန်းက မော်တော်ဘုတ်စီးပြိုင်ပွဲတစ်ခုမှာ မတော်တဆ ခေါင်းထိပြီး မေ့သွားတယ်။ သူကြားလိုက်တဲ့အချိန် ဒီမြို့မှာ သူရှိမနေခဲ့ဘူး။ သူရောက်လာတဲ့ အချိန်မှသိရတာ သူ့မိန်းမ coma ဖြစ်သွားပြီ။ ပြန်ကောင်းလာနိုးနိုး စောင့်နေရင်း ခုဆိုဆေးရုံမှာ တစ်လတောင်ရှိတော့မယ်။ တကယ်တော့ သူနဲ့က အိမ်ထောင်ရေး အဲလောက်ထိ အဆင်ပြေခဲ့တာမဟုတ်ဘူးလေ။ အချင်းချင်း စကားမပြောတာတောင် လတော်တော်ကြာသွားပြီ။ အိမ်မှာ တစ်ချိန်လုံး ဆိုးသွမ်း ကလန်ကဆန်လုပ်နေလို့ အခြားကျွန်းပေါ်မှာ ကျောင်းသွားထားထားတဲ့ ၁၇နှစ်အရွယ် Alex ဆိုတဲ့ သမီးအကြီး တစ်ယောက်ရှိတယ်။ နောက်ဆုံးတစ်ခေါက် အိမ်ပြန်လာတုန်းက Alex နဲ့ Elizabeth တို့ ကိစ္စတစ်ခုကြောင့် အငြင်းအခုန်ဖြစ်ကြပြီး အမေနဲ့သမီး ဆက်ဆံရေးကလဲ အဆင်မပြေဘူး ဆိုပါတော့။ ပြီးတော့ ဆယ်နှစ်အရွယ်ဘဲရှိသေးတဲ့ သမီးငယ် Scottie၊ သူ့အပြုအမူတွေကလဲ နည်းနည်းဆိုးလာပြီ။ သူကိုင်တွယ် နိုင်ပါ့မလားမှန်းတောင် မရေရာတော့ဘူး။ အဲဒါလား သုခဘုံ…ခုဆို Elizabeth ရဲ့ဦးနှောက်က အလုပ်မလုပ်တော့ဘူး၊ မျောနေရုံဘဲ ရတော့မှာ ကောင်းလာဖို့ မရှိတော့ဘူး။ ဒါကြောင့် Alex ကျောင်းကနေ ပြန်သွားခေါ်လာ တော့တယ်။ အဲဒီမှာ Alex က တစ်ခုခုကို ဖွင့်ပြောလာတယ်။ သူနဲ့ သူ့အမေ ရန်ဖြစ်ခဲ့တဲ့ ကိစ္စလေ။ အမေ နောက်ယောကျ်ားတစ်ယောက်နဲ့ ရှုပ်နေတာတဲ့…Matt King အဖြစ် သရုပ်ဆောင်ခဲ့တဲ့ George Clooney ရဲ့ performance ဟာ လူတွေပါးစပ်ဖျားထဲကနေ ချလို့မကျခဲ့ပါဘူး။ ဘိုးစဉ်ဘောင်ဆက် ပိုင်ခဲ့တဲ့ မြေတွေကို ဝမ်းကွဲတွေရဲ့ ဆန္ဒအတွက်နဲ့ ရောင်းဖို့ မရောင်းဖို့ကလဲ ခေါင်းခဲနေရတယ်။ ကလန်ကဆန် သမီးနှစ်ယောက်နဲ့ ဆက်ဆံရေး မပြေလည်ရတဲ့ အထဲ သေခါနီးမိန်းမရဲ့ လျှို့ဝှက်ချက်တွေကို သိလိုက်ရသေးတယ်။ သဘာဝတရားရဲ့ တစ်စဆီ ဆုတ်ဖြဲတာကိုခံလိုက်တဲ့ မိသားစုရဲ့ အဖေတစ်ယောက်အနေနဲ့ စိတ်ထောင်းပေမယ့် ကိုယ်မကြေနေတဲ့ ဇာတ်ရုပ်ကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် သရုပ်ဆောင်နိုင်ခဲ့လို့ပါဘဲ။ အဲဒါကြောင့်လဲ OSCARS အပါအဝင် အခြားဆုပေးပွဲတွေမှာ အကောင်းဆုံး မင်းသားဆု ဆန်ကာတင်ခဲ့ပြီး Golden Globes မှာ ဆုတောင်ရခဲ့ပါတယ်။ပြီးတော့ Alex အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Shailone Woodley ရဲ့ performance ပါပဲ။ အဖေရဲ့ စွန့်ပစ်တာကို ခံခဲ့ရဖူးတဲ့၊ အမေရဲ့ သစ္စာဖောက်နေတာကိုလဲ မြင်ခဲ့ရတဲ့ ဒေါသထွက်ပြီး နာကျင်ဝမ်းနည်းနေရတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ရဲ့ စရိုက်နဲ့ တစ်ထပ်တည်းကျအောင် ချပြနိုင်ခဲ့တာကြောင့်လဲ ဝေဖန်ရေးတွေရော ပရိသတ်တွေပါ မချီးကျူးဘဲ မနေနိုင်ခဲ့ပါဘူး။ ဒီကားမှာ ပြောင်မြောက်လှတဲ့ သူ့ရဲ့ performance ကြောင့် နောက်ဇာတ်ကားတွေမှာ leading role ကို အချိန်တိုအတွင်း လျှောက်လှမ်းလာနိုင်ခဲ့တာပါ။ Golden Globes မှာ အကောင်းဆုံး ဇာတ်ပို့ မင်းသမီးဆုတောင်မှ ဆန်ကာတင်ပါခဲ့ပါသေးတယ်။ နောက်ခံ ဟာဝိုင်အီ တီးလုံးတွေနဲ့ သီချင်းတွေကလဲ ဇာတ်ကားထဲ မျှောနေစေမှာပါ။ဒါရိုက်တာ Alexander Payne ရဲ့ အကောင်းဆုံး ဇာတ်ကားတွေထဲကတစ်ကားပါ။ ဒီဇာတ်ကားဟာ OSCARS မှာ အကောင်းဆုံး ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆု၊ မင်းသားဆု နဲ့ တည်းဖြတ်ဆု ငါးဆုဆန်ကာတင် ပါခဲ့ပြီး ဇာတ်ညွှန်းဆုတစ်ဆုသာ ရသွားခဲ့တာပါ။ ၂၀၁၁ ရဲ့ Top Ten List တော်တော်များများမှာ ထိပ်ဆုံးတွေက ပြေးခဲ့ဖူးတာမို့ မြည်းကြည့်လိုက်ကြပါဦး
Read More 0 comments
Rating : 8.5/10
Country : France
Genre :  Biography, Comedy, Drama  
Cast : François Cluzet, Omar Sy, Anne Le Ny
Released Date : 2011
Duration : 1h 52min 

မင်းသားကြီးမော်ဂန်ဖရီးမန်းပါဝင်ထားတဲ့ ‘Driving Miss Daisy’ ဇာတ်ကားရဲ့ Spin off အဖြစ်ထွက်ရှိထားတဲ့ပြင်သစ်ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ မီလံနာသူဌေးကြီးဖီးလစ်ဟာ လေထီးခုန်ရင်း မတော်မဆဖြစ်ပြီး ကျောရိုးမကြီးထိသွားတာကြောင့် သူ့လက်ကျန်တစ်ဘဝလုံးကို ဝှီးချဲပေါ်မှာပဲကုန်ဆုံးရတော့မှာပါ..ဒရစ်ကတော့ လူမည်း ထောင်ထွက်လူမိုက် များပြားလှတဲ့မောင်နှမတစ်စုနဲ့ မိခင်တို့အတွက် ဝမ်းစာကို အစိုးရထောက်ပံ့ငွေနဲ့ပဲဖြေရှင်းရုန်းကန်နေရသူ…တစ်နေ့ ဖီးလစ်ရဲ့လူနာစောင့်အလုပ်ခေါ်တဲ့နေရာကို ဒရစ်တစ်ယောက် ယောင်ချာချာနဲ့ရောက်လာပြီးနောက်မှာတော့…
သံဃောဇဉ်ဆိုတာ ဆွေရယ်မျိုးရယ်မှမဟုတ်ပဲနဲ့ လူတစ်ဦးနဲ့တစ်ဦး စိတ်ရင်းနဲ့ဆက်ဆံတဲ့အခါ သူ့အလိုလိုပေါက်ဖွားလာတာမျိုးပါ…နူးညံ့လှပတဲ့ဘာသာစကားနဲ့အတူ တကယ့်ကိုရင်ထဲထိတဲ့ဇာတ်ကားလေးမို့ကြည့်ရှုလိုက်ပါလို့တိုက်တွန်းရင်း…
Read More 0 comments


 

Rating : 3.3/10
Country : United State
Genre : Comedy
Cast : Adam Sandler, Katie Holmes, Al Pacino 
Released Date : 2011
Duration : 1h 31min

အညွှန်း
ချစ်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားတဲ့အောင်မြင်နေတဲ့ကြော်ငြာလုပ်ငန်းစုက Jack နဲ့
Thanksgiving ရောက်တိုင်း တစ်နှစ်ကိုတစ်ကြိမ် အစ်ကိုရှိရာနေရာကို လာလာလည်တဲ့ သူ့ရဲ့အမြွှာညီမလေး Jill…ကလေးဆန်ပြီး ရိုးသားပွင့်လင်းတဲ့ အဒေါ်အပျိုကြီး Jill ဟာ တူတူမတွေနဲ့ပျော်ရင်းပါးရင်း ဒိတ်လုပ်ဖို့ပါ အကြံဉာဏ်ရပြီး သူရဲ့ဖူးစာရှင်ကို ရှာဖွေပါတော့တယ် ။ညီမဖြစ်သူရဲ့ အမူအကျင့်တွေကြောင့်စိတ်ရှုပ်နေတဲ့ Jack ကတော့ သူ့ညီမ မြန်မြန်ပြန်ဖို့ကိုသာ အာရုံစိုက်နေပါတော့တယ်..တစ်ဖက်မှာလည်း မင်းသားကြီးAl Pacino နဲ့သာကြော်ငြာရိုက်ချင်ပါတယ်ဆိုတဲ့ client ကြောင့်အခက်တွေ့နေတဲ့ Jack
ကစားပွဲတစ်ခုမှာAl Pacino နဲ့အလုပ်အကြောင်းပြောဖို့ကြိုးစားရင်း ထင်မှတ်မထားပဲ ညီမဖြစ်သူကိုပါစိတ်ဝင်စားသွားကြောင်း သိလိုက်ရတဲ့အခါ

Jack ဟာဘယ်လို ဉာဏ်နီဉာဏ်နက်တွေထုတ်သုံးပြီး စီမံသွားမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်…။ဒီအမြွှာမောင်နှမရဲ့ဇာတ်လမ်းလေးကို ဟာသဆန်ဆန်ရိုက်ကူးထားတာဖြစ်လို့ ကြည်ရှုသူများဘဝအမောတွေပြေစေဖို့တင်ဆက်ပေးလိုက်ရပါတယ်…။
Read More 0 comments