Blind (2011)

Rating : 6.8/10
Country : Korea
Genre : Action, Crime, Drama 
Cast : Ha-neul Kim, Seung-ho Yoo, Hie-bong Jo  
Released Date : 2011
Duration : 1h 51min

 2011 ခုနှစ်က ထွက်ရှိခဲ့တဲ့ Blind ဆိုတဲ့ ကိုးရီးယားကားလေး တင်ဆက်ပေးချင်ပါတယ် ဒီကားထဲက သရုပ်ဆောင်တွေကတော့ ပရိတ်သတ်တွေ ရင်နှီးပြီးသားဖြစ်တဲ့ Kim Ha-Neul နဲ့ Yoo Seung-Ho တို့ ဖြစ်ပါတယ် ပြီးရင် အားလုံးအချစ်တော် မင်းသားလေး Park Bo-Gum ကလည်း ဧည့်သည်အဖြစ် ပါဝင်ထားပါသေးတယ်
မင်ဆိုအာဟာ ငယ်စဥ်ကတည်းက ရဲအရာရှိ ဖြစ်ချင်ခဲ့သူတစ်ယောက်ဖြစ်ပြီး စုံထောက်ဉာဏ်ရည်လည်း ရှိသူတစ်ယောက်ပါ
ရဲသင်တန်းကျောင်း တက်နေရင်းမှာ အက်စီးဒင့်တစ်ခုကြောင့် သူ့ရဲ့မောင်လေးကို ဆုံးရှုံးလိုက်ရပြီး သူမရဲ့မျက်လုံးပါ ကွယ်ခဲ့ရပါတယ်
ရဲသင်တန်းကျောင်းကပါ အထုတ်ခံလိုက်ရပါတယ်
သုံးနှစ်ကြာပြီးတဲ့နောက်မှာ ဆိုအာတစ်ယောက် အိမ်ပြန်ဖို့ တက်စီငှားစီးရာမှ တက်စီသမားဟာ လူတစ်ယောက်ကို တိုက်မိခဲ့ပါတယ် ဆိုအာဟာ မျက်မမြင်ဖြစ်တာကြောင့် တက်စီသမားဟာ ညာ​ပြောပြီး ထွက်ပြေးသွားခဲ့ပါတယ်
ယဥ်တိုက်ပြီး ထွက်ပြေးတဲ့အမှုမှာ တစ်ဦးတည်းသော မျက်မြင်သက်သေက မျက်မမြင်တစ်ဦးဖြစ်နေပြီး ဘယ်သူမှ မကိုင်ချင်တဲ့အမှုကို ကိုင်တွယ်ရတဲ့ စုံထောက်ချိုနဲ့ ဆိုအာတို့ပူးပေါင်းပြီး အမှုကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ

0 comments:

Post a Comment