Showing posts sorted by relevance for query 2009. Sort by date Show all posts
Showing posts sorted by relevance for query 2009. Sort by date Show all posts


 

Rating : 3.0/10
Country : United State
Genre : Action, Adventure, Horror
Cast : Crystal Allen, Linden Ashby, Danny Midwinter
Released Date : 2009
Duration : 1h 29min

အညွှန်း
ဒီတစ်ခေါက် ကျွန်တော်တို့မြွေကားကြည့်ရအောင်ဗျာ
မြွေကားဆိုလို့ ထိုင်းကားတွေဘာတွေတော့မထင်လိုက်နဲ့ဦးနော်
တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့လွန်းလို့ 4ကားအထိထွက်ခဲ့ပြီး Game တွေပါ ထွက်ခဲ့တဲ့ Anaconda ဇာတ်ကားပဲဖြစ်ပါတယ်
ဒီနေ့တင်ဆက်မှာက လေးကားမြောက် movie လေး Anacondas:Trail of Blood ဖြစ်ပါတယ်Trail of Blood မှာ မြွေကြီးကဘယ်ကနေပေါ်ပေါက်ခဲ့မှာလဲဆိုတော့ ဆေးဘက်ဆိုင်ရာ ပညာရှင် Peter ရဲ့ စမ်းသပ်ခန်းထဲကပါ
Peter က အရမ်းချမ်းသာတဲ့လူတစ်ယောက်ရဲ့ အရိုးကင်ဆာကို ကုသပေးဖို့ပန်းတစ်မျိုးဆီကရတဲ့အရည်ကို ဗီဇအဆင့်မြှင့်ပြီး Serum ထုတ်နေတာပါ
သူ့ရဲ့serum အလုပ်ဖြစ်မဖြစ် ဒီမြွေနဲ့စမ်းသပ်ခဲ့ပါတယ်
ဒီလိုနဲ့ serum ကအရမ်းတွေ ထိန်းမရသိမ်းမရ အလုပ်ဖြစ်သွားတဲ့အခါ မြွေကြီးက anaconda ကြီးဖြစ်သွားတယ်ပေါ့ဗျာအဲ့ဒီအချိန် တောထဲကို မတူညီတဲ့ရယ်ရွယ်ချက်တွေနဲ့ လူတွေရောက်လာပါတယ်
မထင်မှတ်ဘဲဒီလူတွေ ပေါင်းစုမိသွားပြီး ဒီလိုမြွေကြီးက ဒီလူတွေကို ဘယ်လိုအန္တရာယ်ပေးမလဲ
လူတွေက ဘယ်လိုခြေမှုန်းမလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းစွာနဲ့ ကြည့်ရှုရမှာပါ2009 ခုနှစ်က ထွက်ထားတဲ့ကားဆိုတော့ CGI တွေက အဲ့ဒီခေတ်ရဲ့အကောင်းဆုံးစနစ်နဲ့လုပ်ထားတာပါ
ဆိုတော့ ကျွန်တော်တို့ 2009 ခုနှစ်ကခံစားချက်ကို ပြန်ရမှာနော်
အရင်တုန်းက အိမ်မှာ မိသားစုတွေဝိုင်းကြည့်ခဲ့ကြတဲ့ဧရာမမြွေကားပေါ့
ရုပ်ရှင်ကြည့်ပြီး အိပ်တာတောင် ဒီမြွေကြီး ငါ့ဆီရောက်လာရင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး ရင်တွေတုန်ခဲ့ရတဲ့ ငယ်ငယ်တုန်းကဇာတ်ကားလေးဆိုတော့ ကြည့်ရှူကြည့်ရအောင်ပါ
Read More 0 comments


Rating : 5.2/10
Country : India 
Genre :   Action, Crime, Drama 
Cast :  Mithun Chakraborty, Om Puri, Sohum Shah
Released Date : 2009
Duration :  3h 

အညွှန်း



Baabarr (2009) သည် IMDb 5.2 Filmweb 8/10 ရထားသော ဒါရိုက်တာ : Ashu Trikha က Ikram Akhtar (dialogue), Ikram Akhtar တို့ကဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Mithun Chakraborty, Om Puri, Sohum Shah တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Crime, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….


ရာဇဝတ်ကောင်တစ်ယောက်ရဲ့ မိသားစုက ပေါက်ဖွားလာတဲ့ လူငယ်လေး ပိုကြောက်စရာကောင်းတဲ့ ဂန်းစတားအဖြစ် ကြီးပြင်းလာတဲ့အခါ ဘယ်လိုအက်ရှင်ခန်းကောင်းကောင်းတွေကြည့်ရမလဲ မှော်ဆရာ ကိုမြင့်သူနည်းပညာရဲ့ ရင်ဘတ်နဲ့ခံစားထားတဲ့ ဇာတ်လမ်းလေးကို ခံစားကြည့်လိုက်ကြစို့လားဗျ

 

Read More 0 comments
Rating : 4.6/10
Country : China
Genre : Comedy, Drama, Adult
Cast : Hikaru Wakana, Kaera Uehara, Serina Hayakawa
Released Date : 2009
Duration : 1h 33min 

ကလေးသူငယ်​များမကြည်​့ရ လူကြီးကားဖြစ်​သည်။​
တရုတ်​ကားလေးတွေကို မျှော်​နေတဲ့သူတွေအတွက်​ တရုတ်​ကားလေးတကားနဲ့ မိတ်​ဆက်​ပေးချင်​ပါတယ်​။
အဲ့ကားလေးကတော့ 2009 April မှာထွက်​ရှိခဲ့တဲ့The Forbidden Legend Sex& Chipsticks 2 ဆိုတဲ့တရုတ်​ 18+ကားလေးပဲဖြစ်​ပါတယ်​။
ဒီကားကိုတော့ ” The Golden Lotus “ဆိုတဲ့ဝတ္ထုကို မှီငြိမ်​းပြီးရိုက်​ကူးပုံဖော်​ထားတာပဲဖြစ်​ပါတယ်​။ဇာတ်​လမ်​းအညွှန်​းလေးကိုတော့ နည်​းနည်​းလေးပဲပြောပါ့တော့မယ်​။ အရှည်​ကြီးတွေရေးနေရင်​ ကြည်​့ရတာပေါ့သွားမှာစိုးတာကြောင်​့ပါ။
ဇာတ်​လမ်​းကတော့ ချမ်​းသာတဲ့နောက်​ခံကျောရိုးရှိတဲ့ ဆိုင်​မွန်​သိုင်​ကွင်​းဆိုတဲ့ လူကြီးမင်​းတယောက်​က ကိုယ်​လုပ်​တော်​တွေကိုဘယ်​လိုသိမ်​းပိုက်​လဲ…
အဲ့ဒီကိုယ်​လုပ်​တော်​တွေနဲ့ ဘယ်​လိုစခန်​းသွားနေလဲဆိုတာကို အကွက်​အသစ်​အဆန်​းတွေနဲ့ ကြည်​့ရှု့ခံစားကြရမှာဖြစ်​ပါတယ်​။
တခါလောက်​တော့ထပ်​ပြောချင်​တာက လူကြီးများနှင်​့သာသင်​့တော်​တဲ့ ဟောင်​ကောင်​တရုတ်​ကားလေးဖြစ်​ပါတယ်…ငိငိ။
Read More 0 comments
Rating : 6.6/10
Country : United State
Genre :   Action, Thriller 
Cast :Vin DieselPaul Walker,Jordana Brewster
Released Date : 2009
Duration : 1h 47min 

2006 မှာ ပြီးဆုံးခဲ့တဲ့ Tokyo Drift မှာ ဆိုရင်ဖြင့် ပျောက်ဆုံးသွားတဲ့ Han lue ကို Dominic က သိတယ်ဆိုတဲ့ အနေထားနဲ့ ပြီးဆုံးသွားတာပါ
2003 နဲ့ 2006 ထွက်တွေက မူရင်း 2001 မှာ ထွက်ခဲ့တဲ့ ဇာတ်လမ်းရဲ့ ကျောရိုးကနေ လာတာ မဟုတ်ပဲနဲ့ 2009 မှာ ထွက်ရှိတဲ့ Fast and furious ကသာ 2001 ဇာတ်လမ်းနဲ့ ပြန်ဆက်မိတာပါCasts တွေ အနေနဲ့ကတော့ 2001မှာ ပါဝင်ခဲ့တဲ့ Vin Disel,Paul Walker,Micheele Rodriguez,Jordana Brewster,Jihn Ortiz နဲ့ Laz Alonso မူရင်းcastsတွေ အကုန်လုံး ပြန်ပါဝင်တာကို တွေ့ရမှာပါဇာတ်လမ်း အကျဉ်းကတော့ Brain ကတော့ သူ့ရဲ့ မူရင်း အလုပ်ဖြစ်တဲ့ FBI ဋ္ဌာနကို ပြန်လည် ရောက်ရှိသွားပါတယ်Dwin တို့ကတော့ သူတို့ရဲ့ ထုံးစံအတိုင်း သူတို့ တက်ကျွမ်းတဲ့ ကားမောင်းပပညာနဲ့ မကောင်းမှုဒုစရိုက်တွေကို ဆက်လုပ်နေတုန်းပါပဲUS ကို ပြောင်းရွှေ့ပြီး ငါးနှစ် အကြာမှာတော့ Dwin က ရဲတွေ သူ့နောက်ကို လိုက်လို့ ခဏရှောင်တိမ်းချိန်မှာ သူ့မိန်းမဖြစ်သူ Letty ဟာ အသတ်ခံရပြီးတော့ သေဆုံးသွားပါတယ်သူ့မိန်းမ သေ သွားတာဟာ ဘယ်သူ့လက်ချက်လဲလို့ စုံစမ်းတဲ့ အချိန်မှာ Brain ကလည်း မက်ဆီကိုရဲ့ အကြီးမားဆုံး မူးရစ်ရာဇာကို ဖမ်းဆီးဖို့ စုံစမ်းနေတဲ့ အချိန်ပါ သူတို့ နှစ်ယောက်စလုံး ရလိုက်တဲ့ တူညီတဲ့ သတင်းအချက်အလက်ကတော့ မူးရစ်ရာဇာနရဲ့ ပစ္စည်းတွေကို နေရာရွှေ့ပြောင်းဖို့ အရမ်းတော်တဲ့ ကားမောင်းသမားတွေကို အလိုရှိနေတယ်ဆိုတာပါပဲအဲ့ကားမောင်းသမားဖြစ်ဖို့ကလည်း သူတို့သတ်မှတ်ထားတဲ့ ပြိုင်ပွဲကို ဝင်ပြိုင်မှ ဖြစ်နိုင်မှာမို့လို့ Dwin ရော Brain ရော အဲ့ပြိုင်ပွဲမှာ နိုင်မလားဆိုတာ ကြည့်ရမှာပါပြီးတော့ Dwinရဲ့ ညီမ နဲ့ Brian တို့ရဲ့ မပြီးဆုံးသေးတဲ့ အချစ်ဇာတ်လမ်းကိုလည်း ခ့စားရမှာပါ ယောက်ျားလေးရော မိန်းကလေးရော ကြိုက်ကြတဲ့ Wonder woman ရဲ့ သရုပ်ဆောင် Gal Gadot လည်း ပါဝင်တာမို့လို့ သူမဏဲ့ ငယ်သွေးကြွယ်တဲ့ အလှတွေကိုလည်း တွေ့မြင်ရမှာမို့ အချိန်ကုန်ရတာ တန်တဲ့ကားလို့ပဲ ပြောပြီး ဒီလောက်ပဲ ညွှန်းပေးလိုက်ပါတယ်



Read More 0 comments


 

Rating : 5.8/10
Country : United State
Genre : Drama, Horror, Mystery
Released Date : 2009
Duration : 1h 51min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Monica Bellucci လို့ပြောလိုက်ရင် Melena,The Matrix, Spectre ဆိုတဲ့ကားကောင်းတွေအပြင် အခြားကားကောင်းများစွာမှာပါဝင်ခဲ့တဲ့ဟောလိဝုဒ်ရဲ့နာမည်ကြီးအီတလီမင်းသမီးတစ်လက်ဆိုတာ သိကြမှာပါ။ဒီမင်းသမီးရဲ့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားကိုညွှန်းရမယ်ဆိုရင် Don’t Look Back ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ တွေ့ရခဲ ရိုက်ရခက်တဲ့အမျိုးအစားကို ‌ပြင်သစ်မင်းသမီးချော Sophie Marceau နဲ့ အီတလီမင်းသမီးမိုနီကာတို့ကို အပြိုင်အဆိုင် သရုပ်ဆောင်စေပြီး ရိုက်ကူးထားပါတယ်။ထူးခြားတာက မင်းသမီး ၂ ယောက်စလုံးက Bond Girl တွေ ဖြစ်ကြတာပါပဲ။ပြင်သစ်စကားပြော ဒီဇာတ်ကားက ပြင်သစ်စတိုင်အတိုင်း တင်ဆက်ထားပြီး ဆယ့်ရှစ်အပေါင်းဆန်တဲ့အခန်းတွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်ပါဘူး။ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောရမယ်ဆိုရင်တော့အသက် ၈ နှစ်အရွယ်မှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့တဲ့ ဂျင်းဟာ အဲဒီအရွယ်မတိုင်ခင်က မှတ်ဉာဏ်တွေအကုန်လုံးကိုမေ့ပျောက်သွားပါတော့တယ်။ အဲဒီမှတ်ဉာဏ်တွေကိုပြန်ရှာတွေ့ဖို့ကြိုးစားရင်း ကြိုးစားရင်း ပိုပိုရှုပ်ထွေးလာတဲ့ ဇာတ်အိမ်ကို thriller/drama/horror/mystery ဆိုတဲ့ genre နဲ့ကိုက်အောင် ဘယ်လိုရိုက်ကူးထားတယ်ဆိုတာကိုတော့ Don’t Look Back (2009) ကားလေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦး။

Read More 0 comments


 

Rating : 4.8/10
Country : Japan
Genre : Horror, Thriller 
Cast : Kotoha Hiroyama, Hiroaki Kawatsure, Shigeo Ôsako
Released Date : 2009
Duration : 1h 13min

အညွှန်း
ဘာမှမပြောခင် ကြိုပြောချင်တာကတော့ ဒီဇာတ်ကားကို မိတ်ဆွေတို့ တတ်နိုင်ရင် မကြည့်ပါနဲ့…

မတတ်နိုင်လို့ ကြည့်ဖြစ်သွားလို့ တစ်ချက်စိတ်ထင့်သွားတာနဲ့ ဆက်မကြည့်ပါနဲ့…ဒီဇာတ်ကားရဲ့ Label ကိုလဲ Don’t Watch ဆိုပြီး တပ်ပေးထားပါတယ်…အခုနောက်ပြန်လှည့်ဖို့ အချိန်မှီပါသေးတယ်။အညွှန်းတောင်မဖတ်စေချင်ပါဘူး..ဖတ်ချင်သပ ကြည့်ချင်သပဆိုရင်တော့ မိတ်ဆွေတို့ ပြသနာနဲ့ မိတ်ဆွေတို့ပါပဲ။Grotesque(2009)ကောင်မလေးနဲ့ချိန်းတွေးတဲ့ ပထမဆုံးDateမှာပဲစိတ္တဇလူသတ်ကောင်တစ်ယောက် အဖမ်းခံရပြီးကိုယ်မနမ်းဖူးသေးတဲ့ ကိုယ်ချစ်ရတဲ့ကောင်မလေးကိုလူသတ်ကောင်က Abuse လုပ်နေတဲ့အဖြစ်ကိုတွေးကြည့်လိုက်ပါ။ ဒီထက်ဆိုးတာရှိနိုင်ပါဦးမလား။ရှိပါသေးတယ်။ လာပါဦးမယ်။အရူးတစ်ယောက်က ခုတ်ချင်သလိုခုတ်သတ်တာလောက်ကိုအဆိုးရွားဆုံးလို့ သင် ထင်နေပါသလား။ မထင်ပါနဲ့ဦး။ဒီကားထဲက နှိပ်စက်မယ့်လူဟာ အတော်ဆုံးအနာကုပါရဟူဆုကိုပါရထားပြီး အပိုင်းပိုင်းအတစ်တစ်လှီးပြီးတာတောင်မသေအောင်ကုပေးနိ်ုင်တဲ့ ဆရာဝန်တစ်ယောက်ပါ။

ဝှေးကို သံနဲ့ရိုက် Penisကိုဖြတ်ပစ်ပြီးတာတောင်အေးဆေးပြန်ကုနိုင်ပါတယ်။စိတ္တဇလူသတ်ကောင်လက်ထဲ သေတော့မယ်ဆိုပြီးစိတ်ဒုံးဒုံးချသေလိုက်ရတာထက် ဆိုးတာရောမယ်ထင်ပါသလား။ရှိပါတယ် လွတ်မြောက်ပြီထင်အောင်လုပ်ပြီးစည်းစိမ်တွေမက်လုံးပေးပြီးမှ မျှော်လင့်ချက်ကိုပြန်သတ်ခံရတာကပိုဆိုးပါတယ်။စအိုတစ်ဖက်ကအူအဆုံးကိုချိတ်နဲ့ချိတ်ခံထားရင်းကဗိုက်ထဲက အူကုန်အောင်တွားသွားသွားရင်းကိုယ်ချစ်တဲ့မိန်းကလေးကို ကယ်ရတဲ့အရာအပါအဝင်ကျွန်တော်မပြောပြရသေးတဲ့ ရက်စက်မှုတွေအများကြီးပါပါသေးတယ်။

Ratingနည်းပေမယ့်လည်း ရက်စက်မှုအပေါင်းသရဖူဆောင်းထားတဲ့ စိတ္တဇလူသတ်ကားတွေရဲ့ဘုရင်ကားလို့ဆိုကြပါတယ်။ကြမ်းတမ်းလွန်းတဲ့ လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေသွေးယိုသံစီး ကိုယ်ပြတ်မျက်ကန်း နှိပ်စက်မှုတွေဒီရုပ်ရှင်ဟာ Bannedခံထားရတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက်အသည်းငယ်တတ်သူတွေ ၁၅နှစ်အောက်တွေမကြည့်သင့်တဲ့ ဇာတ်လမ်းမျိုးပဲဖြစ်ချင်ပါတယ်။ကိုယ်တိုင်ကိုက သွေးသံရဲရဲတွေနှိပ်စက်မှုတွေကို အရသာခံကြည့်တတ်တဲ့Sadistတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့
အတော်ကြည့်လို့ကောင်းမယ့်ကားလိုမြေကြီးလက်ခတ်မလွဲ အာမခံပါတယ်။

P.S….ဒီရုပ်ရှင်ကို ကျွန်တော် လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကဘာသာပြန်ခဲ့တာပါ။ ကြည့်ပြီးမေ့သွားမယ်ထင်မိပေမဲ့ နောက်တစ်နှစ်လောက်ကြာတဲ့အထိကျောင်း၀န်းထဲညဘက်ပြန်ရင်း လမ်းခုလတ်မှာရပ်ထားတဲ့ကားတွေတွေ့ရင်အလိုလိုကြောက်နေတုန်းဖြစ်ခဲ့တယ်။စစကြည့်ပြီချင်းတစ်လနှစ်လအထိ ညဘက်တစ်ယောက်တည်းလမ်းလျှောက်တဲ့အချိန်တွေဆိုတစ်ချို့အခန်းတွေ ကွက်ကွက်ကွင်းကွင်းကိုမြင်တုန်းပါပဲ။ အသဲအတော်မာမှပဲကြည့်စေချင်ပါတယ်။ကျွန်တော်လည်းတော်ရုံခုတ်ထစ်သတ်ဖြတ်တဲ့ကားတွေကိုသွေးအေးအေးကြည့်နိုင်တဲ့လူပါပဲ။ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ ကျွန်တော့်အပေါ်ခြောက်လှန့်မှုကတော့ အတော်လေးကြီးခဲ့တယ်။စကားလုံးအထားအသိုပြန်ဖြည့်စွက်ဖို့အခုပြန်ကြည့်ဖို့ကိုတောင် သတ္တိမွေးနေရတဲ့အထိပါပဲ။ဒါကြောင့်လည်း သူ့နိုင်ငံမှာတားမြစ်ခံရပြီး Ratingစုတ်ပြတ်နေတာပါ။ဒီခြောက်လှန့်မှုက ဘာနဲ့မှမတူတာအမှန်ပါ။အသဲအတော်မာမှပဲ ကြည့်စေချင်ပါတယ်။
Read More 0 comments
Rating : 8.3/10
Country : India
Genre :   Comedy, Drama
Cast : Aamir Khan, Madhavan,Sharman Joshi
Released Date : 2009
Duration : 2h 50min 

December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့
3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan
ရိုက်ကူးလေ့ရှိသော ဇတ်ကောင်များ အတိုင်း ပရိတ်သက်ကို အတွေးသစ်အမြင်သစ် နှင့် အခြား
စိတ်ဓါတ် မြင့်တင်ရေး ပုံစံသစ်ဖြင့် ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်…
မိဘ တွေဟာ သားသမီးတွေ ငယ်စဉ်ကတည်းက သူတို့အပေါ် အရမ်းမျှော်လင့်ချက် ရှိကြတယ်
လမ်းမှားမသွားအောင် လို့ ပဲ့ပြင်ဆုံးမကြတယ် ဒါပေမယ့် မိဘ တော်တော်များများကတော့
သားသမီး တွေကို ပညာတက် ဖြစ်စေချင်ပြီး ဆရာဝန်ကြီး အင်ဂျင်နီယာကြီး ဖြစ်စေချင်တဲ့ စိတ်က
အားလုံး ကိုယ်စီ ရှိကြပါတယ် ဒါပေမယ့် ကလေးတွေကရော သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို
မမေးမိကြပါဘူး သိလဲ မသိချင်ကြသလို စိတ်မဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ
မိဘ တွေ ဖြစ်စေချင်တဲ့ စီးပွားရေး သမား အစိုးရ ဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ
အဖြစ် ရပ်တည်လာကြရတယ် ဒါပေမယ့် သူတို့ ဆီမှာ တစ်ခြားတစ်ဖက်မှာ ထူးချွန်နိုင်တဲ့ ပညာ
အရည်အချင်းတွေ ရှိနေခဲ့တယ်….ဒီ ရုပ်ရှင်လေးမှာ ‪#‎ရန်ချို‬ ‪#‎ဖာရ်ဟန်း‬ ‪#‎ရာဂျူး‬ ဆိုတဲ့ အင်ဂျင်နီယာ ကျောင်းက သူငယ်ချင်း
၃ ယောက်အကြောင်း ရိုက်ကူးထားတာပါ…အဆောင် အတူနေတဲ့ အခါ ဘယ်ကလာမှန်းမသိ ဘယ်လိုလူမှန်းမသိ လူထူးလူဆန်း ဖြစ်နေတဲ့
ရန်ချို…
လေဖြတ်နေတဲ့ အဖေ ကို ပင်စင်လစာ လေး တစ်ပဲခြောက်ပြား နှင့် ဆေးကုနေရင်း အမေဖြစ်သူ
ချာပါတီ ရောင်းပြီး ရတဲ့ ပိုက်ဆံ နဲ့ ကျောင်းလခ ပေးရင်း ချို့တဲ့စွာ စာသင်ယူနေရတဲ့ ရာဂျူး…ငယ်စဉ်ကတည်းက ဖခင် ဖြစ်စေချင်တဲ့ အင်ဂျင်နီယာကြီးဖြစ်အောင် စကားနားထောင်ပြီး
မိဘစကား တစ်ခါမှ မလွန်ဆန်ပဲ ရိုးရိုးကုတ်ကုတ် စာကျိုးစားတက်သူ ဖာရ်ဟန်း…အင်ဂျင်နီယာ ဘာသာရပ်ကို သင်ကြားဖို့ ရက်စက်ပြီး
စည်းကမ်းကြီးတဲ့ ကျောင်းအုပ်ကြီး ရဲ့ လက်အောက်မှာ
အငြိမ် မနေပဲ ဟာသ တွေ ပေါက်တက်ကရတွေ ပြောင်ချော်ချော် အကွက်တွေ နဲ့ လူတိုင်းရဲ့
စိတ်ဝင်စားမှု ကို ရအောင် ယူနိုင်တဲ့ ရန်ချို နှင့် ရန်ချို နှင့် ပေါင်းမိလို့ ဒုက္ခပေးခံရတဲ့ သူငယ်ချင်း
နှစ်ဦး…ပျော်ရွှင်စရာ ဝမ်းနည်းစရာ အဖြစ်အပျက်ပေါင်းစုံ နှင့် ကျောင်းတော်ကြီး ရဲ့ ရနံ့ပေါင်းစုံ
ကျောင်းသားဘဝ ပျော်စရာ စိတ်ညစ်စရာများ နှင့် တစ်နေရာထဲတွင် ငြိမ်မနေပဲ တီထွင်ဆန်းသစ်
ဖို့အတွက် သင်ပေးခဲ့သော ရုပ်ရှင် ဆိုလဲ မမှားပါဘူး ဇတ်လမ်း အညွှန်းကိုတော့ သိပ်မပြောလို
ပါဘူး ဘာကြောင့်လဲ ဆိုတော့ ငတုံး ၃ ကောင် နာမည်ကြီး ရုပ်ရှင်ဇတ်ကားကို မကြည့်ဖူးသေးတာ
ဆိုရင် သင်ရုပ်ရှင်ကြည့်တာ သိပ်မကြာသေးဘူးလို့ ထင်ရပါတယ်…
ဒီ ရုပ်ရှင် တစ်ခုလုံးမှာ သာယာလှပသော နေရာများ နှင့် သာယာနာပျော်ဖွယ် တေးဂီတ ပေါင်းစုံ
ရောယှက်ပေါင်းစည်းထားပြီး ကြည့်ရှုသူကို နောင်တမရစေတဲ့ ဇတ်ကားကောင်းတစ်ခုဆိုတာ
ကျနော် ညွှန်းဆိုလိုက်ပါရစေ……။
Read More 0 comments
Rating : 6.6/10
Country : United State
Genre :  Action, Adventure, Sci-Fi
Cast :Hugh Jackman,Liev Schreiber,Danny Huston
Released Date : 2009
Duration : 1h 47min


X-Men Origins: Wolverine (2009) ဇာတ်ကားဟာ လက်ရှိကျနော်တို့ကြည့်ဖူးသမျှ X-Men ဇာတ်ကားတွေအားလုံးရဲ့ အစကားလို့ပြောလို့ရပါတယ် ဒီဇာတ်ကားမှာ ဝိုးဘားရင်းန်ရဲ့ငယ်ဘဝ ဝိုးဘားရင်းန်ဆိုတာဘယ်လို ဇာတ်ကောင်စရိုက်ရှိတယ်ဆိုတာနဲ့ သူ့ရဲ့ သံမဏိလက်သည်းတွေ ဘယ်လိုစရလာတယ်ဆိုတာကို သေသေချာချာရိုက်ပြသွားပါတယ်။ ဒီဇာတ်ကားဟာ IMDbအနေနဲ့ 6.7 နဲ့ rottentomatoes မှာ 5.1% ရရှိထားခဲ့တော့ အတော်အသင့် rating မြင့်တဲ့ မိသားစုနဲ့ကြည့်လို့ အဆင်ပြေတဲ့ဇာတ်ကားတစ်ကာလို့လည်းပြောလို့ရပါတယ်။ နောက် Deadpool ကိုလည်းပရိတ်သတ်တွေအတွက်မိတ်ဆက်ပေးခဲ့ပါတယ် ခြုံငုံပြောရရင်တော့ X-Men fan တွေအနနဲ့ ဒီဇာတ်ကားဟာလုံးဝ လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါ ဒီထက်ပိုပြီး ဒီဇာတ်ကားကို ညွှန်းချင်ပါသေးတယ် ဒါပေမယ့် ကျနော်က ကာတွန်းမဖတ်ဖူးတော့ ရုပ်ရှင်ကြည့်ပြီး သိသလောက်လေး ညွှန်းပေးရတာပါ

Read More 0 comments


 

 

Rating : 5.8/10
Country : United State
Genre : Thriller, Crime, Action
Released Date : 2009
Duration : 1h 45min

အညွှန်း

2009 တုန်းက box office 2.1 millions ရခဲ့တဲ့

အမေရိကန် Action, thriller film အလွင့်လေးနဲ့

မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းလေးကတော့အမေရိကန်

ကွန်ပြူတာအင်ဂျင်နီယာ မတ်စ်ပီတာဆန်ဟာ 

ထူးဆန်းတဲ့မက်ဆေ့ချ်တွေပို့တဲ့ ဖုန်းတစ်လုံးကို

ရသွားပါတယ်။အစကတော့ သူစီးမယ့်လေယာဉ်

ပျက်ကျမယ့်အကြောင်းပို့ပြီး နောက်ပိုင်း

ကာစီနိုတစ်ခုမှာ အလောင်းအစားလုပ်ဖို့ပို့ပါတယ်။

မက်ဆေ့ချ်တွေအတိုင်း လိုက်လုပ်တဲ့အခါ

မက်စ်ဟာ ကာစီနိုမှာ သန်းပေါင်းများစွာ နိုင်လိုက်သလို

လေယာဉ်ပျက်ကျမှုမှာလည်းပါမသွားခဲ့ပါဘူး။

ထူးဆန်းတဲ့စာတွေဘယ်သူပို့နေတာလဲဆိုတာ…

မက်ဆေ့ချ်တွေကနေ မတ်စ်အတွက်ယူဆောင်လာတဲ့

အရာက ကောင်းကျိုးတွေပဲဖြစ်မလားဆိုတာ…

ဆက်လက်ရှုစားပေးကြပါဦး။

 

Read More 0 comments


 

 

Rating : 5.5/10
Country : United State
Genre : Horror, Mystery, Thriller
Released Date : 2009
Duration : 1h 37min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

1980 ပြည့်နှစ်များကထွက်ရှိခဲ့တဲ့ Friday the 13th ဆိုတဲ့ horror flim series လေးကိုပြန်လည် အသက်သွင်း reboot လုပ်ထားတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။2009 ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ရိုက်ကူးသူကတော့ horror ကားတွေကိုပြန်လည်အသက်သွင်းလေ့ ရှိတဲ့ Director Macus Nispel ပဲဖြစ်ပါတယ်။ ပျောက်ဆုံးသွားတဲ့ ညီမလေးကို လိုက်ရှာနေတဲ့ Clay နဲ့ တောတွင်းစခန်းချ အပန်းဖြေခရီးထွက်လာတဲ့ သူငယ်ချင်းတစ်သိုက်တို့ ဘယ်လိုထိတ်လန့်ဖွယ်ရာတွေကြုံတွေ့ရမလဲဆိုတာကတော့…Clay အဖြစ်နဲ့ ကတော့ နာမည်ကြီးဇာတ်လမ်းတွဲ SUPERNATURAL မင်းသား Jared Padalecki( ဆမ်) ပါဝင်သရုပ်ဆောင်ထားပြီး Flash Series ထဲမှ ဆရာဝန်မလေးဖြစ်တဲ့Caitlin Snow လည်းပါဝင်ထားတဲ့ကားလည်းဖြစ်ပါတယ်…. IMDb rating 5.6 ရရှိကာ Box Office ဝင်ငွေ $91.4 million ရရှိထားတဲ့ Horror ကားကောင်းလေးပါ…

Read More 0 comments


Rating : 6.1/10
Country : United State
Genre :  Action, Sci-Fi, Thriller
Cast : Camilla Belle, Dakota Fanning, Chris Evans
Released Date : 2009
Duration : 1h 51min 

အညွှန်း
Push (2009) သည် IMDb 6.1/10 Google users 89% ဒါရိုက်တာ Paul McGuigan ရိုက်ကူးထား၍ David Bourla က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ Camilla Belle, Dakota Fanning, Chris Evans ပါဝင်သရုပ်ဆောင်ထားသော Action, Sci-Fi, Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…ထူးခြားတဲ့စွမ်းရည်ရှိတဲ့ အမေရိကန်လူငယ်နှစ်ဦးဟာ ဟောင်ကောင်က မိန်းကလေးတစ်ယောက်ကို ဒီဗီရှင်းလိုခေါ်တဲ့ အစိုးရနောက်ခံအဖွဲ့အစည်းတစ်ခု ရှာမတွေ့ခင် အပြိုင်ရှာဖွေကြရာ ဘယ်လို အက်ရှင် သည်းထိတ်ရင်ဖိုတွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ

 

Read More 0 comments
Rating : 8.2/10
Country : United State
Genre :  Animation, Adventure, Comedy
Cast : Edward Asner, Christopher Plummer,Jordan Nagai
Released Date : 2009
Duration : 1h 36min 

ဒီတစ်ခါတော့ ကာတွန်းကား ကောင်းကောင်း လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီကားလေးက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီး၊ စထွက်ခဲ့တဲ့အချိန်ထဲကအခုအချိန်အထိ Valentine’s Day ရုပ်ရှင်အဖြစ် လူကြိုက်များခဲ့သလို၊သူ့ထဲက ဇာတ်ဝင်ခန်းလေး တစ်ခုက အချစ် နဲ့ပတ်သက်လာရင်အခုအချိန်အထိ လူပြောများနေဆဲဖြစ်ပါတယ်။
Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။ဇာတ်အိမ် ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့်ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။ဇာတ်လမ်းလေးကတော့ Carl ဆိုတဲ့ကောင်လေးနဲ့ Ellie ဆိုတဲ့ကောင်မလေးကexplorer Charles F. Muntz ဆိုတဲ့ ပုဂ္ဂိုလ်ကို လေးစားအားကျသူတွေဖြစ်ပါတယ်။ဒါပေမယ့် Charles က Paradise Fall မှာ ရှိတဲ့ ရှားပါးတဲ့ ငှက်ကြီးတစ်ကောင်ကိုသူဖမ်းမိဟန်ဆောင်ပြီး အဲ့ဒီငှက်ရဲ့ အရိုးစုကို အတုလုပ်ခဲ့ပါတယ်။ဒါပေမယ့် လူတွေက အတုမှန်းသိသွားပြီး အရှက်ရသွားတဲ့ နောက်Paradise Fall ကို ပြန်သွားပြီး အဲ့ဒီငှက်ကို မမိမချင်း ပြန်မလာဘူးဆိုပြီး ထွက်သွားပါတယ်။Charles အကြောင်းကို ပြပြီးတဲ့နောက်မှာ Carl နဲ့ Ellie တို့ ကလေးဘဝနဲ့ တွေ့ကြပုံက စပြီး သူတို့ ရဲ့ လူငယ်ဘဝ ချစ်သူတွေဖြစ်သွားပုံ၊လူလတ်ပိုင်း လက်ထပ်ကြပုံ၊ အိမ်ထောင်သည်ဘဝ ချစ်ကြည်နူးကြပုံ၊ကလေးမရနိုင်တဲ့အကြောင်း ကစလို့ အသက်ကြီးသွားပြီးEllie တစ်ယောက် လူလောကကို စွန့်ခွာသွားပုံ ကို တင်ဆက်ထားတဲ့ဇာတ်ဝင်ခန်းလေးက ပညာသားပါပြီးလက်ရှိအချိန်ထိ ရုပ်ရှင်လောကရဲ့ အထင်ရှားဆုံးနဲ့ လူကြိုက်အများ ဆုံး ဇာတ်ဝင်ခန်းလေး ဖြစ်နေပါတယ်။ဇာတ်လမ်းက အခုမှစတာဖြစ်ပြီး လူငယ်ဘဝ က Paradise Fall ကို သွားဖို့ ပိုက်ဆံစုခဲ့၊ စီစဉ်ခဲ့ပေမယ့်အကြောင်းအမျိုးမျိုး ကြောင့်မရောက်ဖြစ်ခဲ့ပါဘူး။Ellie မရှိတော့တဲ့အချိန်ကြမှ သူ့မိန်းမရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အတွက်သူတို့ရဲ့ အိမ်ကြီးကို မိုးပျံပူပေါင်းတွေ နဲ့ ဆင်ပြီး ဘယ်သူနဲ့မှ မတူနဲ့ ပုံစံနဲ့ခရီးထွက်ဖြစ်ရာကနေ Adventure စတင်ပါတော့တယ်။အဘိုးအို Carl နဲ့အတူ လူငယ် Explorer တစ်ယောက်၊Carl ရဲ့ လူငယ်ဘဝ က လေးစားအားကျခဲ့တဲ့ Charles F. Muntz နဲ့ သူ့ရဲ့ လူစကားပြော တတ်တဲ့လည်ပတ်တွေဝတ်ဆင်ထားတဲ့ ခွေးတွေရယ်၊ Giant Bird ရယ်၊ ဆုံတွေ့ကြတဲ့အခါမှာတော့၊Carl တစ်ယောက် သူထင်ထားသလို ဖြစ်မလာတဲ့ Adventure ကို စိတ်ဝင်စားစရာ တင်ဆက်ထားပါတယ်။ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။လူ့ဘဝ ရဲ့ ဖြစ်ပျက်ပြောင်းလည်းမှု မြန်ဆန်ပုံကို သတိတရားရစေပါတယ်။အနားမှာရှိနေတဲ့ အရာတွေ၊ လူတွေကို တန်ဖိုးထားတတ်လာအောင် ကိုယ့်ကို ချစ်တဲ့သူတွေကကိုယ့်နားမှာအမြဲရှိနေမှာမဟုတ်ဘူးဆိုတာ သံဝေဃရလာအောင် နှိုးဆော်ထားနိုင်ပါတယ်။Don’t Take People for granted ဆိုတဲ့ စကားအတိုင်း ကိုယ်ချစ်တဲ့လူတွေကို တန်ဖိုးထားပါ။ဘဝကို မနက်ဖြန်ဆိုတာ မရှိတော့ဘူးလို့ သဘောထားပြီး လက်ရှိအချိန်မှာ အရာရာကို တန်ဖိုးထားပြီး နေသင့်ပါတယ်။ကာတွန်းကားဖြစ်လို့ အထင်မသေးသင့်ပဲ မကြည့်ရသေးရင် ကြည့်သင့်ပါတယ်။မိသားစုကားကောင်းလေးတစ်ကားပါ။Pixar ရဲ့ ကာတွန်းကားဖြစ်လို့ ဘယ်လောက်ကောင်းတယ်ဆိုတာ ညွှန်းနေဖို့တောင်မလိုတော့ပါဘူး။
Read More 0 comments


Rating :7.2/10
Country : India 
Genre :  Comedy, Drama
Cast :   Amitabh Bachchan, Abhishek Bachchan, Vidya Balan
Released Date : 2009
Duration : 2h 13min 


အညွှန်း

ကောင်ငယ်လေးတစ်ယောက်ကို ရှိရင်းအသက်ထက် အဆပေါင်းများစွာ အိုမင်းစေတဲ့ ရှားပါးလှတဲ့ရောဂါကို ရရှိခံစားနေတဲ့ သူ့ရဲ့သားကို ရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားတဲ့ အဖေတစ်ယောက်အကြောင်း ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…

 

Read More 0 comments


Rating : 6.2/10
Country : Korea
Genre : Drama 
Cast : Su-yeon Cha, Hyun-jae Cho, Jae-Hyun Cho
Released Date : 2009
Duration : 1h 38min

အညွှန်း
The Executioner ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့
အကျဉ်းထောင်မှာ အလုပ်လုပ်ကြတဲ့ ရဲအရာရှိတွေရဲ့ ဘဝကို ဖော်ပြပေးထားပါတယ်
လူဆိုး လူမိုက် သူခိုး လူလိမ်တွေ အများအပြား စုဝေးရာ
ဒုစရိုက်လောကသားတွေ လူသတ်သမားတွေ များစွာရှိနေတဲ့
ဒီလို အကျဉ်းထောင်မှာ အလုပ်လုပ်ရတဲ့ သူတွေရဲ့ အခက်အခဲတွေကို မြင်တွေ့ရမှာပါ…ဇာတ်လမ်းအကျဉ်းအို့ဂျယ်ယောင်းဟာ အကျဉ်းထောင်မှာ အလုပ်လုပ်ဖို့ အသစ်ရောက်လာတဲ့ အရာရှိလေးတစ်ယောက်ပါ
အသစ်ရောက်တဲ့ ရဲအရာရှိ အငယ်လေးမို့လို့ အကျဉ်းသားတွေက မထီမဲ့မြင်လုပ်ကြပါတယ်တစ်ရက်မှာတော့ ကွင်းဆက်လူသတ်မှုနဲ့ သေဒဏ်ချခံရတဲ့ အကျဉ်းသားတစ်ယောက် သူတို့ အကျဉ်းထောင်ကို ရောက်လာခဲ့ပါတယ်
အဲ့လူက အို့ဂျယ်ယောင်းကို ပြဿနာရှာဖို့ ကြံနေချိန်မှာပဲ
စီနီယာအရာရှိတစ်ယောက်ဖြစ်တဲ့ ဘယ်ဂျုံဟိုက ဝင်ရောက် ကူညီပေးခဲ့တဲ့နောက်…
သိပ်မကြာခင်အချိန်မှာပဲ
အကျဉ်းသား ၃ ယောက်ကို သေဒဏ်စီရင်ဖို့ အထက်က အမိန့်ကျလာပါတယ်
စီရင်ပေးရမယ့်သူကို မဲနှိုက်ဆုံးဖြတ်တဲ့အခါ အို့ဂျယ်ယောင်းလည်း ပါဝင်နေခဲ့ပါတယ်
အို့ဂျယ်ယောင်းတစ်ယောက် ဒီလို အလုပ်ကြီးကို လုပ်နိုင်ပါ့မလား
ဘယ်လိုအခက်ခဲတွေ ဆက်ကြုံရမလဲဆိုတာ
ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါနော်…။
Read More 0 comments
Rating : 6.6/10
Country : United State
Genre :    Action, Fantasy, Thriller
Cast :Michael Sheen,Bill Nighy,Rhona Mitra
Released Date : 2009
Duration : 1h 32min

ဒုတိယကားမှာလဲ ပရိတ်သတ်ရဲ့ အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့တဲ့Underworld ဟာ ဒုတိယကား ထွက်ရှိပြီးနောက် ၃နှစ်အကြာ မှာ တတိယကားကိုထပ်မံရိုက်ကူးခဲ့ပြန်ပါတယ် တတိယကားမှာလည်း ဒုတိယကားကိုပြန်လည် ဇာတ်လမ်းဆက်ထားပြီး ဒုတိယ ကားရဲ့ အဆက်လိုင်ကန်တွေရဲ့ သမိိုင်းရာဇဝင်နဲ့ ဗန်ပိုင်းယားတို့ရဲ့ Slave တွေအကြား ပဋိပက္ခတွေနဲ့သန့်စင်တဲ့ သွေးရဲ့ မူလအစမျိုးဆက်ကို လိုက်လံဖော်ထုပ်ကြပြီးအမှောင်ခေတ်တွေမှာ လိုင်ကန်တွေရဲ့ ခေါင်းဆောင် လူစီ ဟာဦးဆောင်ပြီး သူတို့ရဲ့ ခေါင်းဆောင်ဟောင်းကြီးဗစ်တာ ကို တော်လှန်ပုံကန်ပါတော့တယ်အဲ့ကြားမှာ ဆယ်လီ တယောက် ဘယ်လိုများ ဝင်ရောက်ကြားညှပ်မိမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှူလိုက်ကြပါတော့နော်

Read More 0 comments
Rating : 7.2/10
Country : United State
Genre :  Drama
Cast :  Viggo Mortensen, Charlize Theron, Kodi Smit-McPhee
Released Date : 2009
Duration :  1h 51min 

ဒီဇာတ်ကားကတော့ IMDb rating 7.3/10 ထိ ရရှိထားတဲ့ Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။  
ဇာတ်လမ်းအကျဉ်းလေးကို အနည်းငယ်ပြောပြရမယ်ဆိုရင်  ကမ္ဘာပျက်ကပ် ဆိုက်လာတဲ့အချိန်မှာ 
လူသားတွေဟာ တစ်ယောက်ကိုတစ်ယောက်သတ်ဖြတ်ကြတယ်။ 
သူတစ်ပါးရဲ့ပစ္စည်းဥစ္စာတွေကို အတင်းအဓမ္မလူယုကြတယ်၊ နောက်ဆုံး… လူအချင်းချင်း သတ်ပြီး
စားကြတဲ့ အရိုင်းအစိုင်းတွေ ဖြစ်လာကြပြီးတော့ . . . ကမ္ဘာကြီးမှာ မသူတော်တရားတွေကြီးစိုးလာ
ခဲ့ပါတယ်။  

ဒီလိုကပ်ပျက်ကမ္ဘာကြီးထဲမှာ သနားကြင်နာတတ်တဲ့ ကလေးတစ်ယောက်နဲ့ သားကို ဘုရားသခင်ထက် 
ချစ်မြတ်နိုးတဲ့ အဖေတစ်ယောက်တို့ဟာ ဒီဒုက္ခတွေက လွတ်မြောက်မယ်လို့ မျှော်လင့်ရတဲ့ ပင်လယ်ပြင်ရှိရာကို ခရီးဆက်လာကြတဲ့အခါမှာတော့ …. ဆက်လမ်းလေးမှာသာ ဆက်လက်ခံစားကြည့်ရှုကြပါကုန်။
Read More 0 comments
Rating : 6.0/10
Country : United State
Genre : Action, Adventure, Sci-Fi 
Cast : Shia LaBeouf ,Megan Fox,Josh Duhamel
Released Date : 2009
Duration : 2h 29min

ransformers 2007 ခုနှစ်က ဇာတ်ကားရဲ့ အဆက်အဖြစ်ဆက်လက်ရိုက်ကူးထားတဲ့ဇာတ်ကားပါ..
ပထမဇာတ်ကားက မင်းသား Shia LaBeouf ပဲ အပြောင်းအလဲမရှိ ပါဝင်ထားပြီး မင်းသမီး Megan Fox ကိုလဲ ညှို့အားပြင်းစွာဆက်လက်မြင်တွေ့ရမှာပါ။ထုံးစံအတိုင်း Autobots တွေရဲ့ တိုက်ပွဲဝင်ခန်းတွေကို ဦးစားပေးကြည့်ရှုရပါမယ်။
Read More 0 comments


 

Rating : 6.7/10
Country : Singapore
Genre : Action, Drama
Cast : Iko Uwais, Sisca Jessica, Christine Hakim
Released Date : 2009
Duration : 2h 14min

အညွှန်း
ဒီကားလေးကတော့ ဇာတ်ကားနာမည်ကို ကောင်းကောင်းကြီးပုံဖော်ထားတဲ့ကားလေးပါ မ,ရန်းတုတဲ့ မ,ရန်းတုဆိုတာ အင်ဒိုနီးရှားက မင်န်ကဘုလူမျိုးတွေ အရွယ်ရောက်တဲ့အချိန်မှာ ဖြတ်သန်းရတဲ့ ပြင်းထန်တဲ့စမ်းသပ်ချက်တစ်ခုပါ သူတို့ဟာ အိမ်ကိုစွန့်ခွာရတယ် ဘာအကူညီမှမပါပဲ လောကကြီးမှာ ရှင်သန်နိုင်ဖို့ သင်ယူရတာဖြစ်ပါတယ် ဒီဇာတ်ကားမှာ မ,ရန်းတုခရီးကိုဖြတ်သန်းနေရင်း မထင်မှတ်ပဲ လူကုန်ကူးတဲ့ဂိုဏ်းတစ်ခုနဲ့ပတ်သတ်မိတဲ့ ယုဒဆိုတဲ့လူငယ်တစ်ယောက်အကြောင်းကို တွေ့မြင်ရမှာပါ ဒါ့အပြင် အင်ဒိုနီးရှားလူမျိုးတွေရဲ့ စိလက်လို့ခေါ်တဲ့ သိုင်းပညာတစ်မျိုးကိုပါ တစ်ပါတည်း ပြသထားပါတယ် ဝင်ချွန်းတို့လို အနီးကပ်တိုက်ခိုက်ရေးမှာ အရမ်းကြမ်းတဲ့သိုင်းပါ စိလက်ရဲ့ သေသပ်လှပတဲ့ သိုင်းကွက်တွေကို ရှင်းရှင်းလင်းလင်းရိုက်ပြထားတဲ့အတွက် martial art ချစ်သူတွေ လက်မလွှတ်သင့်တဲ့ကားလေးပါ action/drama အမျိုးအစားဖြစ်ပါတယ်
Read More 0 comments
Rating : 4.8/10
Country : United State
Genre :  Comedy
Cast : Eugene Levy,Bug Hall,Kevin M. Horton
Released Date : 2009
Duration : 1h 33min

ာမည်ကျော်ကျောင်းသားဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နံပါတ်(7)ဇာတ်ကားပါ။
အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို ဟာသရောနှောပြီး ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။

Read More 0 comments


Rating : 7.3/10
Country : Japan
Genre : Action
Cast : Shun Oguri, Kyôsuke Yabe, Meisa Kuroki
Released Date : 2009
Duration : 2h 13min

အညွှန်း
ဂျပန်ဖိုင်တင်ကားလေးပါ ဆူဇူရန် အမျိုးသားကျောင်းဆီကို

ဂန်ဂျီ‌ဆိုတဲ့ လူမိုက်လေးရောက်လာပါတယ်

ကျောင်းပြောင်းလာတဲ့ရည်ရွယ်ချက်လဲ ရန်ဖြစ်ချင်လို့ပါပဲ

သူဟာတစ်ကျောင်းလုံးမှာ တိုက်ရေးခိုက်ရေး အတော်ဆုံးဖြစ်ပြီး

ရာကူဇာ ဂိုဏ်ထောင်ချင်သူတစ်ယောက်ပါ ဒါပေမယ့် ဆူဇန်ဇူက ကျောင်းသား‌တွေဟာလဲ မညံ့ပါဘူး

သူ့ထက်ငါလူစွမ်းကောင်းတွေပါပဲ ဂန်ဂျိတစ်ယောက် အဲဒီကကျောင်းသား‌တွေကိုအနိုင်ယူပြီး

ရာကူဇာဂိုဏ်းထောင်နိုင်မှာလားဆိုတာ……

အများကြီးရေးရင် ပေါ့သွားမှာစိုးလို့ဒီလောက်ပဲရေးတော့မယ်နော် အက်ရှင်ကားကြိုက်သူတွေအတွက်တော့ ရှယ်‌ကောင်းတဲ့ကားလေးတစ်ကားဖြစ်ပါတ
Read More 0 comments