Ace Troops (2021)




 

Episodes : 40
Country : China
Released Date : 2021





အညွှန်း

ဒီကာလေးမှာ Johnny Huang က Gao Liangအဖြစ်


Sean Xiao (Zhan Ge) ကတော့ Gu Yiye အဖြစ်


Elaine Zhong ကတော့ Jiang Nanzheng အဖြစ်


အဓိကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်

Gao Liang နဲ့ Gu Yiye ကတပ်ထဲကိုဝင်ကတည်းက


အကောင်းဆုံးသူငယ်ချင်း‌တွေဖြစ်ကြသလို ပြိုင်ဘက်တွေဆိုလည်းမမှားပါဘူး


သူတို့နှစ်ယောက်က Jiang Nan Zheng ဆိုတဲ့


မိန်းကလေးတစ်ယောက်ကိုအတူတူသဘောကျမိသွားကြတယ်


Gu Yiye ကသူ့ရဲ့အချစ်တွေကို သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ


စွန့်လွှတ်လိုက်ပြီး စစ်ပွဲမှာသေဆုံးသွားတဲ့ သူတို့ရဲ့အဖွဲ့ခေါင်းဆောင်ဟောင်းရဲ့သမီးဖြစ်သူ


A Xiu နဲ့လက်ထပ်လိုက်ပါတယ် Gao Liang ကသူ့ရဲ့


စစ်မှန်တဲ့နှလုံးသားရေးရာတင်မကဘဲ စစ်သားတစ်ယောက်ရဲ့


တာဝန်တွေကိုပါ‌ကျေပွန်စွာထမ်းဆောင်ခဲ့ပါတယ်


၂၀၀၃ခုနှစ်မှာတော့ Gao Liang နဲ့ Jiang Nan Zheng


လက်ထပ်ပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုလေးဖြစ်ခဲ့တယ်


၂၀၀၈ မှာတော့ ရုရှားမှာစစ်ရေးသင်ပြီးပြန်လာတဲ့ Gao Liang က


Blue army ရဲ့ ကြည်းတပ်တပ်မှူး အဖြစ်ရာထူးတိုးခြင်းခံရပြီး၏


သူက မှားယွင်းတဲ့စစ်ရေးနဲ့ အနှစ်သာရမရှိတဲ့


လေ့ကျင့်ပုံတွေကိုထောက်ပြခဲ့ပြီး


လေ့ကျင့်ရေးနည်းလမ်းတွေကို ပြန်လည်ဖွဲ့စည်းဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်


စစ်မှန်တဲ့တိုက်ခိုက်ရေးလေ့ကျင့်မှုတွေကနေ Gao Liang က


အတိုက်အခိုက်ကျွမ်းကျင်တဲ့ သူတွေကို အဖွဲ့ဖွဲ့ပြီးလေ့ကျင့်ပေးဖို့စီမံခဲ့ပါတော့တယ်


ဌာနချုပ်ကပြဌာန်းထားတဲ့ လေ့ကျင့်ခန်းတွေကို Gao Liang က


ဦးဆောင်ချိုးဖောက်ခဲ့ပြီးတော့ တိုက်ခိုက်ရေးနည်းလမ်းအသစ်ကို


တည်ဆောက်ခဲ့တယ် အဆုံးမှာတော့ Gao Liang က Gu Yiye ရယ်


Jiang Nan Zhengတို့နဲ့ပူးပေါင်းပြီး မှားယွင်းနေတဲ့


လေ့ကျင့်ရေးနည်းလမ်းတွေကိုထောက်ပြပြီး Blue army ကို


အသန်မာဆုံးအဖွဲ့ကြီး ပြန်လည်ဖွဲ့စည်းခဲ့တယ်



Download Link
--------------------
Episode 01 to 14 - Telegram

Episode  

0 comments:

Post a Comment