Wild Tales (2014)

Rating : 8.1/10
Country : United State
Genre : Comedy, Drama, Thriller 
Cast : Darío Grandinetti, María Marull, Mónica Villa
Released Date : 2014
Duration : 2h 2min

ဒီဇာတ်ကားက နည်းနည်းလေးဆန်းတယ်။
ကျွန်တော်တို့နေစဉ်ကြုံနေကြပြသနာလေး
တွေမှာ တစ်ချို့က စိတ်မထိန်းနိုင်တော့ဘဲ
တစ်ဖက်ခြမ်းကို ရောက်သွားကြတယ့်
လူ့သဘာဝ ဖြစ်စဉ်လေးတွေ ကို သည်းခံစိတ်
ရဲ့အလွန်အနေထားလေးတွေ တွေ့မြင်ရမှာပါ။
ဒီကားကို ရွှေးချယ်ဖြစ်ရခြင်းအကြောင်းရင်းတစ်ခု
က ကိုယ်မတရားခံနေရသည်ဖြစ်သော်ငြားလဲ
စိတ်နောက် အလိုလိုက်ပြီး တုန့်ပြန်လိုက်တဲ့
အခါ သူ့အတွက် သာမက ကိုယ့် အတွက်ပါ
ကြီးကြီးမားမားထိခိုက်စေတယ်ဆိုတာကို သိ
ေစခ်င္လို ့ပါ။” သောက်ရေးကြီးနေပါတယ်ဆိုမှာ
သောက်ကားတွေ ကလာပိတ်နေတယ်
အကုန်ဝင်တိုက်ပလိုက်ရ …
သောက်ဖုန်းကဒ်က ပိုက်ဆံကတော့ဖြတ်တယ်
လိုင်းကျတော့ အဝိုင်းလည်တာထိုင်
ကြည့်နေရတယ် သောက်ရုံး(….)ကို ဗုံးသွားခွဲ
မိတော့မယ်…..”အဲ့လို့ကျွန်တော်တို့ တွေ ဖြစ်တက်ကြတယ့်
သည်းခံနိုင်မှုအတိုင်းအတာတစ်ခဏလေးကုန်ဆုံးသွားတဲ့ အလွန်အခြေအနေလေ
းမှာ လူတစ်ချို့ က သူတို့ ဖုန်းကို ရိုက်ခွဲမိသွားတာမျိုးတိ
ု့ ၊ လူကြီးတစ်ယောက်ကို မကျေနပ်
လို့ဆဲဆို လိုက်တာမျိုး ကျောက်တုံးကို ခေါင်းနဲ့
ပစ်တိုက် သလို ငပိကြော်စားသွားရတာမျိုးကို
ဖြစ်သွားတက်ပါတယ်။ဒီဇာတ်ကားထဲမှာ စိတ်ထဲသဘော ဇာတ်လမ်း
တစ်ခန်း စီတိုင်းမှာ မတူညီတယ့် ပြသနာတွေ
ကို အားရစရာ ၊ နေမထိထိုင်မသာဖြစ်စရာ ၊
အားမလိုအားမရဖြစ်စရာ ၊သဘောခွေ့စရာအ
နေနဲ့ မြင်ရမှာပါ။
ဒါပေမယ့်နောက်ဆက်တွဲတွေ ကိုတော့
မျက်ကွယ်ပြုထားလို့မရဘဲ အကျိုးဆက်
ကို ပါတစ်ပါတည်းလက်ခံရမှာပါ။ ကျွန်တော်တို့ လူအများစုစိတ်ကကိုယ်သာနောက်
ပိုင် မတရားတာ လုပ်ချင်လုပ်သွားမယ် ကိုယ့်ရှေ့မှာတွေ့လိုက်ရရင် သွားမကူရင်တောင်” ဟာ..ဘာလို့
ငြိမ်ခံနေတာလဲ..ပြန်လုပ်ပါလား..သူကဘာကောင်မို့လဲ ..သူအဖေက ဘာကောင်ကြီးဖြစ်ဖြစ် ငြိမ်ခံနေစရာလား
..ငါသာလာလုပ်ရင် ..အဘမကလို့
ဘာကောင်ကြီးဘဲဖြစ်ဖြစ်” ..စသည်ဖြင့်စိတ်
ထဲမှာခိုလုခုလုဖြစ်ပြီး မကျေနပ်ချက်လေးတွေ
ဖြစ်လာတက်ပါတယ်။” ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ သူတို့ကိုယ်
သူတို့ ဖိနိုပ်နေကြတယ်သူတွေနဲ့ပြည့်နေတယ်
အဲ့လိုနဲ့ အဖိနိုပ်ခဲဖြစ်လာခဲ့ကြတယ်။
ကျွန်တော်တို့က ငါဘာလုပ်ပလိုက်လို့ရတယ်
ငါ ဘာပြောခဲ့လိုက်သင့်တာဆိုပြီး ကျွန်တော်
တို့ခဏတာဖြစ်စိတ်ကူးထဲမှာဖြစ်တာလာတယ်
စိတ္ကူးထဲက ရန္သူနဲ ့ ကၽြန္ပ္တုိ ့မိမိဘာသာ
ငြင်းခုန်ကြတယ်။ဒါပေမယ့် တစ်ချို့လူတွေက
ပေါက်ကွဲပလိုက်တယ်၊ ဒီဇာတ်ကားက
ဒီလို ပေါက်ကွဲပလိုက်တယ့် သူတွေ အကြောင်း
ပါ ၊သူတို့ဘာလို့ပေါက်ကွဲပလိုက်ကြတာလဲဆို
တာကျွန်တော်တို့အားလုံးနားလည်ကြပါတယ်”Dmian Szifronကဲလေတော်တော်လေးရှည်သွားလို့ဇာတ်ကား
ကိုသွားလိုက်ရအောင်….ဒီဇာတ်ကားရဲ့ နာမည်က စပိန် လို
Relatos savajes ဖြစ်ပြီး အင်္ဂလိပ်နာမည်က
Wild Tales ဖြစ်ပါတယ်။ IMDb Rating 8.1
RottenTomatoes 95% ရရှိထားပါတယ်။
၂၀၁၄ ခုနှစ် မေလကိန်းရုပ်ရှင်ပွဲတော်မှာ
စတင်ပွဲဦးထွက်ပြသခဲ့ပြီး သြဂုတ်လ
အာဂျင်တီးနား မှာ စပြီးပြသခဲ့ပါတယ်။
တစ်ကားလုံး ကြာချိန် ၁၂၂ မိနစ် ရှိပြီး
စပိန်းစကားပြောဇာတ်ကားဖြစ်ပါတယ်။
Budget ၄ ဘီလီတည်းနဲ့ရိုက်ကူးခဲ့ပြီး တစ်ကမ္ဘာ
လုံး ပြသခဲ့တာကနေ ၂၇ ဘီလီယံကျော်ရရှိခဲ့
ပါတယ်။ ဒါရိုက်တာ Dmian Szifron ရိုက်ကူး
ထားပြီး ဇာတ်လမ်းပုံစံက ဇာတ်လမ်းတို
၆ ခုပေါင်းထားတယ့် ဇာတ်ကားမျိုးပါ။
Comedy ၊ Thriller ၊ Drama အမျိုးအစား
ဖြစ်ပါတယ်။ Academy Awards ၊ Cannes
Flim Festival ၊ British Academy Flim Award
တို့လို မျိုးဆုပေးပွဲအပါအဝင် ဆုပေးပွဲ ၁၄ ခုမှာ ၅၃
နေရာ စကာတင်စာရင်းဝင်ခဲ့ပြီး ၄၄
ဆုကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ အပိုင်း
ခြောက်ပိုင်းက ဇာတ်လမ်းတစ်ခုခြင်းစီ တင်
ဆက်ထားပြီး သရုပ်ဆောင်တွေ လဲမတူညီ
ကြပါဘူး အဲ့ဒီတော့ သရုပ်ဆောင်တွေကိုတော့
မပြောတော့ပါဘူး။
ရုင်ရှင် ဝေဖန်ရေးဆရာတွေ ချီးကျူးမှုတေ
ွကို တစ်သီကြီးရထားပြီး Time မဂ္ဂင်ဇင်းရဲ့ ဝေဖန်
ရေး ဆရာ တစ်ဦးက ၂၀၁၄ ခုနှစ်ရဲ့ အကောင်း
ဆုံး ၉ ကားမြောက်ရုပ်ရှင်လို့တောင်နာမည်ပေး
ခဲ့ပါတယ်။ဇာတ်လမ်းပိုင်းကိုသွားပါမယ်။
ဒီဇာတ်ကားထဲမှာအဓီကမြင်ရတာ လူစိတ်ထဲမှာ
တိရစ္တာန် စိတ် ကိန်းအောင်းနေတယ်ဆိုတာပါဘဲ၊
လူနဲ့ တိရစ္တာန်ကို အဓီက ခွဲခြားသတ်မှတ်တာ
အသိညဏ်ရှိမှု ၊ မရှိမှု နဲ့ပါ။အကြောင်းဖန်လာတယ့်အခါ ကိန်းအောင်း
နေတယ့် တိရစ္တာန်စိတ်က လူတွေဆီမှာပေါ်ထွက်လာ
ပြီး လူနဲ့တိရစ္တာန် ကို တန်းညီသွား
စေပါတယ် လို့ဝေဖန်ရေးဆရာတစ်ယောက်
ကမှတ်ချက်ပြုထားခဲ့ပါတယ်ဒီဇာတ်လမ်း ၆ ပိုင်းလုံးက သည်းမခံနိုင်တော့
တယ့် အဆုံးထွက်ပေါ်လာတယ့် လုပ်ရပ် နဲ့
နောက်ဆက်တွဲအကျိုးဆက် ကိုပါတစ်ပါတည်း
ခံစားရတယ့် အကြောင်းကိုအခြေခံပြီး ဇာတ်
လမ်းတိုင်းကို တည်ဆောက်ထားပါတယ်။ ချောင်
ပိတ်ရိုက်တယ့် ခွေးတောင်ပြန်ကိုက်တယ်တယ်
ဆိုတယ့်စကားအတိုင်း သည်းမခံနိုင်တယ့်
အဆုံး အဆိုးရွှားဆုံးကိစ္စတွေ ဖြစ်ပေါ်လာတက်
ပါတယ်။ကျွန်တော် ဒီဇာတ်ကားကို စပြီးသိတာ
ကလဲ ဒီဇာတ္ကားထဲက ပထမဆုံး
ဇာတ်လမ်းကို စပြီး တွေ့မိခဲ့တာ
ပါ။ ပထမအပိုဒ်မှာကတည်းက နောက်အပိုဒ်တွေ ဘာတွေ
ပါလာမလဲ ဘယ်လို တွေ ဖြစ်ဦးမလဲ သိချင်
စိတ်ကို ဖြစ်စေပါလိမ့်မယ်။ Loser တစ်ယောက်
ရဲ့ မကျေနပ်ချက်တွေ ကို စုထားပြီး သူ့ကို
ဒုက္ခပေးခဲ့တယ့် ရည်စားဟောင်း ၊ ငယ်ငယ်တုန်း
ကကျောင်းဆရာမ ၊ မကောင်းပြောခဲ့တယ့်
ဒိုင်လူကြီးတွေ အစ… သူမိဘတွေ အဆုံးအကုန်လုံးကို တစ်နေရာထဲ တစ်ချိန်တည်းမှာ
နတ်ပြည်ပို့ပေးလိုက်တယ့်ဇာတ်လမ်းပါ။နောက်တစ်ခုကြိုက်မိတယ့် ဇာတ်လမ်းပိုင်းပိုင်းက
လက်တွေ့ဆန်တယ် ၊ရယ်စရာကောင်း
သလို ၊ ဇာတ်ကောင်ကြုံတွေ့နေတာကိုကြည့်ပြီး
ကိုယ်ပါခံပြင် ဒေါသဖြစ်မိပါတယ့် အပိုင်းလေးပါ။
လမ်းမှာဘာသင်္ကေမှမပြထားပေမယ့် မရပ်ရတယ့်နေရာရပ်တယ်ဆိ
ုပြီး အကြိမ်ကြိမ် ကရိန်းနဲ့ လာဆွဲတယ့် ကောင်တွေ ကိုပညာပေးသွား
စိတ်ထဲ တစ်ချက်ကျေနပ်စရာသွားနိုင်ပါတယ်။
ဘယ်ကိုဘယ်လိုမျိုးရှင်းပြရှင်းပြ
ဟိုဘက်ဘောလီဘောပုတ် ဒီဘက်ဘောလီ
ဘောပုတ်လုပ်နေတယ့် ကောင်
တွေ ကို ပါးစပ်အဟောင်းသားဖြစ်လုပ်ပေး
လိုက်တာ အားရစရာကောင်းပေမယ့် နောက်
ဆက်တွဲအကျိုးဆက်ကိုပါ တစ်ပါတည်းဖော်ပြ
သွားတာကိုကြည့်ပြီး သည်းခံခြင်းသည်
အောင်နိုင်ခြင်း ဆိုတယ့် စကားအတိုင်းနေခြင်း
သည်သာ ကိုယ့်အတွင်အကောင်းဆုံးပါ။နာရီ
ပိုင်အချိန်းလေးအတွင်းမှာ စိတ်အလိုလိုက်ပြီး
လုပ်လိုက်မိတယ့် အကျိုးဆက်က ပြုသူရော
ပြုခံရသူအတွက်ပါ အကျိုးမရှိတာ ဒီဇာတ်ကားရဲ့
အဓီကပြချင်တယ့် အချက်ဖြစ်ပါတယ်။အားလုံးကိုတော့မပြောတော့ပါဘူး
နောက်ဆုံးအကြိုက်ဆုံးတစ်ပိုဒ်ကတော့ဘဲပြော
ပါတော့မယ်။
ဒီအပိုဒ်က အမျိုးသားနဲ့အမျိုးသမီးမင်္ဂလာပွဲ
လုပ်နေကြတယ့် အဖြစ်အပျက်လေးကိုတင်ပြ
ထားတာပါ။ သံသယဆိုတာကြီး လူတစ်ယောက်
ကို ဝင်သွားပြီး ဆိုတာနဲ့ ပျောက်ဖို့ဆိုတာ
မလွယ်ကူတော့ပါဘူး၊ ဒီထဲမှာ သတို့သား
အပေါ်သံသယဝင်သွားတယ့် သတို့သမီး
တစ်ယောက် ခဏလေးအတွင်းမှာ ကြောက်
စရာကောင်းအောင် တစ်ခြားသူတစ်ယောက်လို
ပြောင်းလဲသွားတာကိုတွေ့ရပါတယ်။ ကလဲ့စား
ချေခြင်းရဲ့နောက်မှာ မိမိကိုယ်ကို ထိခိုက်ခြင်း
ဆိုတာက ကပ်ပါလာတယ့်အချက်ကို ဒီအခန်းမှာ
ရလိုက်ပါတယ်။ ချစ်စရာမိန်းမပျိုလေး တစ်
ယောက် ကသစွာဖောက်ခံလိုက်ရပြီလို့သိလိုက်
တယ့်အချိန်မှာ ဝမ်းနည်းမှုတွေ အားကိုးမဲ့သွားမှု
တွေနဲ့ မိနစ်ပိုင်းလေးအတွင်းမှာ ဘီလူး
ဝင်စီးထားတယ့် သူတစ်ယောက်ပမာပြောင်းလဲသွားတယ် စရိုက်ကို သရုပ်ဆောင်ထားတယ့်
မင်းသမီးရဲ့အရည်အချင်းကိုလဲ တွေ့မြင်ရပါတယ်။ဒီဇာတ်လမ်းက ဟာသဆန်တယ် ၊လက်တွေ
ဆန်တယ် ၊ စိတ်လှုပ်ရှားစရာကောင်းပြီး
ကြည့်တယ့်သူတွေကို ဒါပြီးဘာဆက်ဖြစ်မလဲ
ဘယ်လိုတွေ ဖြစ်ကြမှာလဲ ဆိုတယ့် စူးစမ်းစိတ်ကိုအစကနေစပြီး နှိုးကြွလာစေမှာပါ။
ခန့်မှန်းလို့မရတယ့် ဇာတ်လမ်းတည်ဆောင်ပုံတွေ နဲ့ ရှုပ်ထွေးပြီး စဉ်းစားစရာဖြစ်စေတယ့် ဇာ
တ်လမ်းမျိုးပါ။ လူတန်းစားအားလုံး အကြိုက်တွေ့စေမယ် ဇာတ်လမ်းမျိုးပါ။လူတန်းစားအားလုံးဆို
တာ ရုပ်ရှင်ကို ပညာရှင်လိုကြည့်တယ့် သူ၊
အခွေဆိုင်မှာ အခွေဝယ်ရင် စိတ်ဝင်စားစရာ
မဟုတ်တယ့် ကားဝယ်မိပြီး ပိုက်ဆံ အလကား
ဖြစ်သွားမှာဆိုတယ့်သူ ၊ အချိန်တွေ ပိုနေလို့
အချိန်ဖြုန်းတယ့် အနေနဲ့ ကြည့်တယ့် သူ ၊
ဝါသနာအရရုပ်ရှင်မကြည့်ရင်မနေနိုင်တယ့် သူ ၊ ဘာလာလာအသံနဲ့ရုပ်နဲ့ လာရင်ပြီးရော
ကြည့်တယ်သူ၊ ပညာတစ်ခုခုရချင်လို့ကြည့်တာပါဆိုတယ်
့သူ၊ ပါဝါရိန်းဂျားလို စွမ်းအားရှင်အကောင်တွေ မဖြစ်နိုင်တယ့် တန်ခိုး
တွေပြပြီး ဖိုက်တာကိုဘဲသဘောကျတယ့် သူတွေ လဲ
မဆိုးပါဘူးလို့တော့ပြောမယ့် ပုံစံမျိုးပါ။
လူတိုင်းကသူ့အကြိုက်နဲ့ သူပါဘဲ ။

0 comments:

Post a Comment