Showing posts with label Thai Series. Show all posts
Showing posts with label Thai Series. Show all posts


Episodes : 18
Country :Thai
Released Date : 2022
 
 

အညွှန်း

ဖင်မ်ဖတ်ထရာ အဖြစ် Mam Kathaleeya
အစ် အဖြစ် Luke Ishikawa
ထမ် အဖြစ် Tay Tawan
အာတီး အဖြစ် Gun Atthaphan
ကျောက် အဖြစ် Mook Warranit
နိန်နာရိတ် အဖြစ် Punpun Sutatta
ဝီယူး နရိယာ အဖြစ် Film Rachanum

ဇာတ်လမ်းအကျဉ်း

စိုးမိုးလွန်းပြီး သူ့အလိုကျလုပ်တတ်လွန်းတဲ့ မိခင်ဖြစ်သူ ဖင်မ်ဖတ်ထရာမှာ အစ်၊ ထမ် နဲ့ အာတီးဆိုတဲ့ ခင်ပွန်းမတူဘဲ မွေးထားတဲ့ သားသုံးယောက်ရှိပါတယ်

ချုပ်ကိုင်လွန်းတဲ့ မိခင်ဖြစ်သူကို “စုန်းမ” လို့ နာမည်ပြောင်ပေးထားရလောက်အောင်ထိ စိတ်ကုန်နေခဲ့ပေမဲ့ မလွန်ဆန်နိုင်တဲ့ သားသုံးယောက်ကို ဖင်််မ်က စိတ်ကြိုက်ချွေးမ ပေးစားဖို့ စီစဉ်ပါတော့တယ်

ဒါပေမဲ့ ကျောက် ၊နိန်နဲ့ ဝီယူးဆိုတဲ့ သူမ သဘောမတူနိုင်လောက်စရာ မိန်းကလေး သုံးယောက်က သားတွေရဲ့ ဘဝထဲကို အကြောင်းမျိုးစုံနဲ့ ဝင်လာချိန်မှာတော့ စိတ်အလိုကျလုပ်တတ်တဲ့ မိခင်ဖြစ်သူဖင်မ် တစ်ယောက် သားတွေရဲ့ စုံတွဲဘဝကြား ဘာတွေတားဆီးဦးမလဲ...

 

 

Read More 0 comments


Episodes : 10
Country :Thai
Released Date : 2022
 
 

အညွှန်း

ကုလာဘ်ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်တည်းက အဖေ အသတ်ခံရပြီးနောက် မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့ရရှာတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ အရွယ်ရောက်လာတော့ ကုလာဘ်ဟာ မှတ်ဉာဏ်တွေ ပြန်ရရှိခဲ့ပြီး သူ့အဖေကို သတ်ခဲ့တဲ့ သူကိုလည်း မှတ်မိလာခဲ့တယ်။

လင်လဖတ်ဆိုတဲ့ ကောင်မလေးကလည်း ကုလာဘ်နဲ့ မတော်တဆ တွေ့ဆုံခဲ့ပြီး သဘောကျမိသွားခဲ့တယ်။ ကံကောင်းစွာဖြင့် ကုလာဘ်ရဲ့ အဖေကို သတ်ခဲ့တဲ့ သူက လင်လဖတ်ရဲ့ အဖေ ဖြစ်နေတဲ့အခါမှာတော့ …

သူ့အဖေအတွက် ကလဲ့စားချေဖို ပိုလွယ်ကူသွားနိုင်မှာလား?

အရည်အချင်းရှိတဲ့ ရဲအရာရှိ နမ်နင်မ်လည်း လူဆိုးဖြစ်တဲ့ လင်လဖတ်အဖေ “ဖိုင်ဆန်”ကို ဥပဒေနဲ့ ဆန့်ကျင်တဲ့ စီးပွားရေးသမားတစ်ယောက်ကို ဖမ်းဖို ကြိုးစားနေရင်း ကုလာဘ်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်ယောက် အတူရှိတိုင်း သူတိုဖန်တီးထားတဲ့ ပရမ်းပတာတွေကြားမှာ၊ သူတို့ ရှင်သန်နိုင်တဲ့ အန္တရာယ်တွေနဲ့ လျှို့ဝှက်ချက်တွေ ထုတ်ဖော်ရင်း သူတိုနှစ်ဦးကြားက အချစ်တွေ တကယ်ကြီးထွားလာနိုင်မလား? 

 

 

 

Read More 0 comments


Episodes : 18
Country :Thai
Released Date : 2022
 
 

အညွှန်း
ဇာတ်လမ်းအကျဉ်း …

Pilantha ကဒေါသအရမ်းကြီးပြီး အရမ်းဆိုးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်။ တစ်ရက်မှာတော့ ယာဉ်မတော်တဆမှုဖြစ်ပြီး သူမလည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။ ရိုးရိုးဒဏ်ရာတော့ မဟုတ်ပါဘူး လည်ပင်းပြတ်သွားတာပါ။

ဒါပေမဲ့ သူမရဲ့ စိတ်စွမ်းအားကြောင့် ထူးဆန်းစွာနဲ့ သူမအသက်ရှင်ခဲ့တယ်။ Pilanthaတစ်ယောက် သူမရဲ့ခေါင်းနဲ့ ခန္ဓာကိုယ်ကို ပြန်တွဲချုပ်နိုင်ဖို့အတွက် စမ်းသပ်မှုတွေ လုပ်နေတဲ့ ဒေါက်တာ Piti ဆီကိုသွားခဲ့တယ်။ ဒေါက်တာ Pitiက သူမရဲ့ စွမ်းအားအကြောင်းကို လေ့လာချင်တဲ့အတွက် ကူညီပေးခဲ့တယ်။

ဒါပေမဲ့ ခေါင်းနဲ့ခန္ဓာကိုယ်ကို ပြန်တွဲချုပ်တာ ကျရှုံးခဲ့တယ်။ Pilanthaရဲ့ ခန္ဓာကိုယ်ဟာ တဖြည်းဖြည်း ပုပ်လာခဲ့တယ်။ စမ်းသပ်မှုအတွက် ခန္ဓာကိုယ်အသစ်ရှာဖွေဖို့လိုလာတယ်။

Pilantha က နေ့ဘက်မှာတော့ လည်ပင်းကို ပုဝါနဲ့ပတ်ပြီး ဖုံးထားပြီး ပုံမှန်သွားလာနေတယ်။ ဒါပေမဲ့ ညဘက်မှာတော့ သူမရဲ့ခန္ဓာကိုယ်အသစ်ကို ရှာပုံတော်ဖွင့်ရတယ်။

ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲရလဒ်အနေနဲ့ကတော့ မိန်းကလေးတွေပျောက်ဆုံးမှုများလာတာဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ Pilanthaက သူ့ညီမဝမ်းကွဲ Wirareeရဲ့ သတို့သားလောင်းကို သဘောကျသွားခဲ့ပြန်တယ်။

သူလိုချင်တာကို ရအောင်ယူတတ်တဲ့ ဆိုးသွမ်းတဲ့ Pilantha တစ်ယောက် ဘာတွေဆက်လုပ်မှာလဲ?
သူမအတွက် ခန္ဓာကိုယ်ရော ရှာနိုင်မလား?

 

 

Read More 0 comments


Episodes : 18
Country :Thai
Released Date : 2022
 
 

အညွှန်း

ဖရယ် အဖြစ် Pearwah
မင် အဖြစ် Jan ployshompoo
ဝမ်ဝမ် အဖြစ် Pat Chayanit
မေ အဖြစ် Fah Yongwaree
စရတ် အဖြစ် Aye Sarunchana
ဖစ် အဖြစ် Lee Thanat
ဖူ အဖြစ် Papang Phromphiriya

ဇာတ်လမ်းအကျဉ်း

လူတွေ မေ့နေကြတဲ့ စကားတစ်ခွန်းရှိတယ်
“သစ္စာဖောက်ခြင်း” တဲ့
ဒီစကားဟာ ရန်သူတွေဆီက ဖြစ်လာတာမဟုတ်ပါဘူး…

ဖရယ် ၊မင် ၊ ဝမ်ဝမ်၊ မေ နဲ့ စရတ်တိုက ကျောင်းကတည်းက အရမ်းရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်

ဖရယ့် မင်္ဂလာပွဲမှာ ကျန်လေးယောက်က သတိုသမီးအရံလုပ်ပေးရင်း ပျော်ရွှင်နေခဲ့ပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာခဲ့တယ်

အဲဒီဖြစ်ရပ်ကတော့ မင်္ဂလာစုံတွဲရဲ့ ကြည်နူးဖွယ်ဗီဒီယိုကို ပိတ်ကားထက်မှာ ပြရမယ့်အစား ဖရယ့်ရဲ့ HD ကို ပြလိုက်မိတာပါပဲ

ဗီဒီယိုက သူတို၅ဦးဆီမှာသာရှိခဲ့ပြီး သက်သေတွေအရ “မင်” လုပ်တယ်လို ညွှန်ပြလာတဲ့အခါ အရှက်ရရတဲ့ ဖရယ်လည်း သတ်သေသွားခဲ့ပါတယ်

ဖရယ်ဆုံးပါးပြီးနောက် သူငယ်ချင်းအဖွဲလည်း လျှိဝှက်ချက်တွေ မဖော်ကြေးဆိုပြီး ခင်မင်မှု ရပ်လိုက်ပေမဲ့ မင် တစ်ယောက်ကတော့ သူမလုပ်တာ သက်သေပြဖို တရားခံရှာပါတော့တယ်

မင် တစ်ယောက် တရားခံတွေ့နိုင်ပ့ါမလား.....

 

 

Read More 0 comments


 

 

Episodes : 17
Country :Thai
Released Date : 2022
 
 

အညွှန်း

ဖခင်ရဲ့ချုပ်ချယ်မှုတွေအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ စိုင်ခင်မ်ဆိုတဲ့ကောင်မလေး …
တစ်နေ့မှာတော့ သူမနေခဲ့ဖူးတဲ့ ဘဝနဲ့ နေထိုင်ကြည့်ချင်လို့ ဖခင်ရဲ့ အရိပ်အောက်ကနေ ထွက်လာခဲ့တယ်။
အဲဒီလိုထွက်လာချိန်မှာတော့ ကလာ့ဆိုတဲ့ ကောင်လေးနဲ့တွေ့ပြီး သူမဘဝရဲ့ ကြီးမားတဲ့ ပြောင်းလဲမှုတွေ စတင်တော့တာပါပဲ။

 

ကလာ့ကတော့ ရိုးသားကြိုးစားတဲ့ ကောင်လေးတစ်ယောက် …
ခင်မ်နဲ့ တွေ့ဆုံပြီးနောက်ပိုင်း ကလာ့ရဲ့ ဘဝမှာလည်း ပြောင်းလဲမှုတွေ ဖြစ်လာခဲ့တယ်။

ချစ်သူရဲ့ သစ္စာဖောက်ခြင်းကိုလည်း ခံလိုက်ရပြီး အသဲကွဲနေတဲ့ ကလာ့နဲ့ ဖခင်ဆီကနေ ထွက်ပြေးလာတဲ့ စိုင်ခင်မ် သူတို့နှစ်ယောက် ရှေ့ဆက်ပြီး ဘာတွေဖြစ်မလဲ.............

Read More 0 comments


Episodes : 18
Country :Thai
Released Date : 2022
 
 

အညွှန်း

‘ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ’ ဆိုတဲ့အတိုင်း
အထက်တန်းကျောင်းမှာ တွေ့ခဲ့တဲ့မမအကြောင်းကို
ညတိုင်း ကြယ်တွေရေတွက်ရင်း သတိရတမ်းတနေတဲ့ ကောင်လေးတစ်ယောက်……

ငယ်ငယ်ကချစ်ခဲ့ရတဲ့ မမက influencer အဖြစ် online မှာ
ထုတ်ကုန်ပစ္စည်းတွေရောင်းချနေတာကို သိလိုက်ရတဲ့အခါ နီးစပ်ခွင့်ရဖို့အတွက်
သူမရောင်းတဲ့ ပစ္စည်းတွေမှာ ပြဿနာ‌တွေ ရှာရင်းနဲ့……………….

ကိုယ့်ပုံစံအတိုင်းမဟုတ်ဘဲ “တခြားလူ” အဖြစ် အမှတ်မှားခံရရင်း
မတော်တဆ သရုပ်မှန်ပေါ်သွားခဲ့ရင် မမက ပလစ်သွားမလား စိတ်ပူရတာက တစ်ဖက်……

ခက်ခဲပင်ပန်းတဲ့လောကကြီးမှာ ရှင်သန်နေထိုင်ရင်း ဘဝအမောတွေရှိလာတဲ့အခါ
အမြဲတမ်းပြုံးပျော်အောင် လုပ်ပေးနိုင်တဲ့ တစ်ဦးတည်းသော ကောင်လေးရယ်…..
နေရာတိုင်းမှာ အားကိုးအားထားပြီး ယုံကြည်ရတဲ့ ငယ်သူငယ်ချင်းရယ်….
နှစ်ယောက်ကြား ဘယ်လို ရွေးချယ်မလဲ........

 

 

Read More 0 comments


Episodes : 24
Country :Thai
Released Date : 2022
 
 

အညွှန်း

ဆတဝပ် “ဝပ်” အဖြစ် Mai Warit
အနွတ်စယာ “နွတ်” အဖြစ် Kwan Usamanee

ဇာတ်လမ်းအကျဥ်း

“နွတ်” ဟာ ချမ်းသာတဲ့မျိုးရိုးကဆင်းသက်လာတဲ့ထက်မြက်တဲ့မိန်းမသားတစ်ယောက်ဖြစ်ပြီး
အရာရာကိုငွေနဲ့ ကိစ္စရှင်းပြီး အခွင့်အရေးယူတဲ့လူကို မုန်းတဲ့လူ တစ်ယောက်ပါ

“ဝပ်” ဟာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး
သာမန်လူလတ်တန်းစားတစ်ယောက် ဆိုပေမယ့်ရိုးသားကြိုးစားပြီး ကျွန်းပေါ်မှာ
အခမဲ့ဆေးခန်းဖွင့်ထားပါတယ် အမေဖြစ်သူက လောင်းကစားမက်တဲ့အတွက်ကြောင့်
မထင်မှတ်ပဲ “နွတ်” အဒေါ်ဆီမှာ အကြွေးတင်သွားပါတယ်

“နွတ်” အကြွေးအကြောင်းသိသွားပြီး အကြွေးကိုပြန်တောင်းခိုင်းပေမယ့်
ချက်ချင်းအကြွေးမဆပ်နိုင်တဲ့ “ဝပ်” အမေက “နွတ်”အဒေါ်နဲ့ပူးပေါင်းပြီး “ဝပ်”နဲ့ “နွတ်”တို့ကို
လက်ထပ်ဖို့ စီစဥ်တဲ့အခါမှာတော့ ဘယ်လိုဆက်ဖြစ်မလဲ…?

ဦးလေးဖြစ်သူက ကိုယ့်အပေါ်မေတ္တာမျှနေတာသိလိုက်ရသော “နွတ်” တစ်ယောက်
ဦးလေးဖြစ်သူကိုမျှော်လင့်ချက်မပေးချင်လို့ လက်ထပ်ပွဲပဲ လက်ခံပြီး “ဝပ်” ကိုချစ်မိသွားမလား…?

တစ်ချိန်တည်းမှာပဲ ဦးလေးဖြစ်သူရဲ့ ချစ်သူဟောင်း “ဆုန်” က ဆရာဝန်လေး”ဝပ်”ကို
မြင်မြင်ချင်းချစ်သွားတဲ့အချိန်မှာ အရာရာကို ပိုက်ဆံနဲ့ပေါက်ပြီးဝယ်တဲ့ “နွတ်” နဲ့
လက်ထပ်ရမှန်းသိလိုက်ရသောအခါ ဆရာဝန်လေးကို “ဆုန်” အဆုံးရှူံးခံမလား…?

သူတို့နှစ်ယောက်ကြားရဲ့ “မာန” ကို ချိန်ခွင်လို တရားမျှတနိုင်ပါ့မလား…..?

ရှုပ်ထွေးလွန်းလှတဲ့ လေးပွင့်ဆိုင်အချစ်လမ်းကရော ဖြောင့်ဖြူးနိုင်ပါ့မလား......

 

 

 

Read More 0 comments


 

Episodes : 14
Country :Thai
Released Date : 2022
 
 

အညွှန်း

ခင်မ်နဲ့ ရိန်းက ကန်နကွန် အိမ်ခြံမြေလုပ်ငန်းမိသားစုရဲ့
သားနှစ်ယောက်ဖြစ်တယ်

ရိန်းကတော့ သဘောကောင်းဖော်ရွေပြီး လူချစ်လူခင်ပေါတဲ့
နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်ဖြစ်တယ်
ညီဖြစ်သူ ခင်မ်ကတော့ အစ်ကိုနဲ့မတူဘဲ အနေအေးပြီး
လူကြောက်တတ်တဲ့ တတိယနှစ်ကျောင်းသားလေးပါ

ဖာယူကတော့ ကန်နကွန်အိမ်က အိမ်တော်ထိန်းရဲ့ သားဖြစ်ပြီး
သူတို့ညီအစ်ကို နှစ်ယောက်ရဲ့ သူငယ်ချင်းဘော်ဒီဂတ်ပါ

ကျောင်းပြောင်းလာတဲ့ Sun ဆိုတဲ့ကောင်လေးကြောင့်
ခင်မ်ရဲ့ ကမ္ဘာကတော့ အပြောင်းလဲကြီးပြောင်းလဲ သွားခဲ့တယ်

Sun က မွေးရာပါ နှလုံးရောဂါသည်ဖြစ်တယ်
ဂီတာတီးရတာကြိုက်ပြီး အကောင်းမြင်စိတ်ရှိတဲ့ကောင်လေးတစ်ယောက်ပေါ့

ဂန္တဝင်ဂီတကလပ်မှာ ခင်မ်နဲ့ Sun ရဲ့ကြားက
အချစ်ပန်းလေးတွေ ဖူးပွင့်လာခဲ့တယ်

ဒါပေမယ့် အထင်လွဲချော်မှု ယှဥ်ပြိုင်မှုနဲ့ မိသားစုပြဿနာတွေဟာ အနာဂတ်မှာ
သူတို့ကိုစောင့်ကြိုနေတဲ့အခါ……

ဘာတွေဆက်ဖြစ်မလဲ ......

 

Read More 0 comments


 

 

Episodes : 18
Country :Thai
Released Date : 2022
 
 

အညွှန်း

Apinan တစ်ယောက် အရက်မူးပြီးကားမောင်းရင်းလမ်းမှာ လူတစ်ယောက်ကို
တိုက်မိပြီးနောက် အဲဒီလူက သေဆုံးသွားခဲ့ပါတယ်။
ဖြစ်ချင်တော့ သေသွားတဲ့သူဆီမှာ စေ့စပ်ထားတဲ့ကောင်မလေး Jaytiya ရှိနေတာပါ။

Apinan ကလည်း ကိုယ့်အပြစ်ကိုယ်သိလို့ ကိုယ်တိုင် ပြစ်မှုဝန်ခံလိုက်တဲ့နောက်
၆ နှစ် ထောင်ကျသွားခဲ့ပါတယ်။ ထောင်မကျခင်မှာ သူ့ကောင်မလေး Mink က ကိုယ်ဝန်ရှိနေခဲ့တာပါ။

ထောင်ထဲမှာ ကောင်းကောင်းနေထိုင်ခဲ့လို့ လျှော့ရက်ရပြီး ၃ နှစ်တည်းနဲ့
ထောင်ထဲကပြန်ထွက်လာနိုင်တဲ့အခါမှာတော့ သူ့ကောင်မလေး Mink က
ကိုယ်ဝန်ပျက်ကျပြီး Mink ပါ တစ်ပါတည်း ဆုံးပါးသွားခဲ့ပါပြီ။

နောက်ပိုင်း Jaytiya နဲ့ Apinan တို့ဆုံတွေ့ကြတဲ့အခါ Jaytaya မှာတော့
သူ့ကောင်လေးကိုကားတိုက်ခဲ့ပြီး ၃ နှစ်တည်းနဲ့ ထောင်ထဲကထွက်လာတဲ့ Apinan ကို
မကျေမချမ်း ဖြစ်နေတော့တာပါ။
အဲဒီနောက် Apinan ကို အပြစ်ဒဏ်ဆက်ခံရစေဖို့အတွက်
Jaytaya တစ်ယောက် ဘယ်လိုကြိုးပမ်းသွားမလဲ.....

Read More 0 comments


 

 

Episodes : 10
Country :Thai
Released Date : 2022
 
 

အညွှန်း

ထိုင်းကားတွေထဲ Romance မဟုတ်ဘဲနဲ့ အကြမ်းစားလေးကြည့်ချင်တယ်ဆိုရင်တော့ ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
 
တက္ကသိုလ်ကျောင်းသားတိုသဘာဝ လွတ်လွတ်လပ်လပ် ပျော်ရွှင်ချင်တဲ့ Beam ဆိုတဲ့ကောင်လေးတစ်ယောက်….
 
အကြောင်းအရင်းမရှိဘဲ အလွန်အမင်းချုပ်ချယ်တဲ့ ဖခင်ရဲ့ အုပ်ထိန်းမှုအောက်မှာနေထိုင်ရင်း သူငယ်ချင်းတွေရဲ့ လှောင်ပြောင်သရော်ခြင်းကို ခံရတဲ့အခါ……
 
တက္ကသိုလ်ကျောင်းသားဖြစ်လို လွတ်လွတ်လပ်လပ်နေခွင့်ပေးဖို ဖခင်ကို တောင်းဆိုပေမဲ့လည်း ဖခင်ဖြစ်သူက လုံးဝခွင့်မပြုခဲ့ပါဘူး။ ဒီလို ခွင့်မပြုတာဟာ သာမန်စိတ်ပူလိုပဲလား၊ နောက်ကွယ်မှာ အကြောင်းအရင်းတစ်စုံတစ်ရာ ရှိနေမလား……
 
တစ်နေ့တော့ ဖခင်ဖြစ်သူ ဆန်းကြယ်စွာ သေဆုံးသွားပြီးနောက် Beam တစ်ယောက် တစ်ကောင်ကြွက်အဖြစ် ကျန်ရစ်ခဲ့ပြီးမှ…..
 
တစ်သက်လုံး သာမန်လူအဖြစ် ယုံကြည်ခဲ့တဲ့ မိမိဖခင်က ထိုင်းနိုင်ငံရဲ့ အကြီးဆုံး မာဖီးယားဂိုဏ်ခေါင်းဆောင် ဖြစ်နေတဲ့အခါမှာတော့…..
 
သားဖြစ်သူ Beam ဘယ်လိုဆက်လုပ်မလဲ၊ ရှေ့လျှောက် ဘာတွေကြုံတွေ့ရမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

Read More 0 comments


 

 




Episodes : 15
Country : Thai
Released Date : 2022


အညွှန်း

နာမည်ကြီး စီးပွါးရေးလုပ်ငန်းရှင် ရဲ့ သူ ဌေးသမီး ချွမ်ဆိုဖား (ချွမ်) ဟာ

“ချွမ်ဆိုဖားဥယာဉ်ခြံ”အမည်ရှိသော မိသားစုပိုင် ခြံကိုရောက်လာခဲ့တယ်

ငယ်ငယ်ကတည်းက အမေ့ရဲ့ ထိန်းကျောင်းမှု ပုံသွင်းမှုတွေ အောက်မှာ

ကြီးပြင်းလာခဲ့တဲ့ ချွမ်ဟာ နိုင်ငံခြားကနေ ပညာသင်ပြီးပြန်လာတဲ့နောက်

အမေဖြစ်သူရဲ့ အစီအစဉ်ကြီး တစ်ခုကို ထပ်ပြီးရင်ဆိုင်လိိက်ရပြန်တယ်

အဲ့တာကတော့ အမေဖြစ်သူ ခွန်ယိင်စီရိဟာ သမီးဖြစ်သူအတွက်

ချမ်းသာကြွယ်ဝတဲ့ သမက်နဲ့ ပေးစားဖို စီစဉ်နေခြင်းပါပဲ

ချွမ်ဟာ အမေဖြစ်သူကြောင့် စိတ်ညစ်ပြီး အိမ်ကထွက်သွားခဲ့ပြီး

သူတို မိသားစုပိုင်ခြံမှာ သွားနေတော့…

အဲ့ဒီမှာပဲ ချွမ်ရဲ့အိမ်ချင်းကပ်ရပ်ဖြစ်သူ လယ်သမားလေး ပါတ်နင်းနဲ့ စတင်တွေ့ဆုံပါတော့တယ်……………….

တစ်နေ့မှာတော့ ချွမ်အမေဟာ သမီးဖြစ်သူကို လာခေါ်ရင်း

သမီးဖြစ်သူချွမ်နဲ့ ပါတ်နင်တို တူတူ အိပ်နေကြတာ မြင်တွေသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ

ချွမ်ဟာ သူမရဲ့ ခြံကို အပန်းဖြေနေရာအသစ်ဆောက်တဲ့နေရာမှာ

လယ်သမားလေးဘယ်လိုတွေကူညီပေးမလဲဆိုတာ ကြည့်ရှူလိုက်ရအောင်နော်



Download Link
--------------------
Episode 01 - Telegram
Read More 0 comments


 

 




Episodes : 18
Country : Thai
Released Date : 2022

အညွှန်း

အွန်နဖာက တိုင်းပြည်မှာ အကြီးမားဆုံး ပန်းစီးပွားရေးသူဌေးကြီးရဲ့ မယားငယ်တစ်ဦးဖြစ်ပါတယ်

သူမက မယားကြီးဖြစ်သူ ကန်နီကာရဲ့ အနိုင်ကျင့်မှုတွေကို နှစ်ပေါင်းများစွာ ခံရတဲ့သူပါ

သူဌေးကြီးဆုံးသွားတဲ့အခါ မယားကြီးကန်နီကာက

အွန်နဖာတို့ကို အိမ်ကနေ နှင်ချလိုက်ပါတယ် အွန်နဖာ က ကန်နီကာအပေါ် အငြိုးထားခဲ့ပြီး

နှစ်ပေါင်း ၃၀ ကျော်သည်တိုင်​ေအာင် သူမရဲ့ အငြိုးတွေ မပြေဘဲ သားသမီးတွေအထိပါ

မြေးတွေအထိပါ ရန်ငြိုးကို လက်ဆင့်ကမ်းခဲ့ပါတယ်

အွန်နဖာနဲ့ ကန်နီကာ စတင်ခဲ့တဲ့ လှည့်စားမှ၊လိမ်ညာမှု၊

သစ္စာဖောက်မှုတွေအပြည့်နဲ့ ပန်းပွင့်လေးတွေလိုလှပတဲ့ မိန်းကလေးတွေရဲ့ တိုက်ပွဲ နောက်ဆုံးမှ

ာ ဘယ်လိုအဆုံးသတ်မလဲဆိုတာ………………



Download Link
--------------------
Episode 01 - Telegram
Read More 0 comments





Episodes : 10
Country : Thai
Released Date : 2022


အညွှန်း

 

လည်ငါမ်းဆိုတဲ့အမျိုးသမီးလေးဟာ မိသားစုရဲ့ ဂုဏ်သိက္ခာကို လေးလေးနက်နက်တန်ဖိုးထားတဲ့ မိန်းမပျိုလေးဖြစ်
ပါတယ်……

မဟာဆန်တဲ့ အလှကို ပိုင်ဆိုင်ထားပြီး တော်ဝင်မိသားစုမှမွေးဖွားလာသူလည်းဖြစ်တယ်…..

ကံတရားကြောင့်

ငါမ်းနဲ့ဆလာတို ဖခင်ဖြစ်သူ နိုင်ငံတော်ပုန်ကန်မှုသူလိုအစွပ်စွဲခံရပြီး အဖမ်းခံလိုက်ရပြီးတော့…….

ငါမ်းတို မိသားစုဟာ ချိုတဲ့စွာနေထိုင်ခဲ့ရတယ်……….

ထီရန်ဟာလည်း အမှန်တရားဘက်တော်သားဖြစ်ပြီး…….

ကောင်းတာလုပ်ရင်ကောင်းတာရမယ်လို ယုံကြည်ထားတဲ့ ကောင်လေးတစ်ယောက်

ကိုးဆွန်ဟာ ဆာလာမရှိတော့တဲ့နောက်မှာ သမီးလေး ငါမ်းနဲ့ အီရမ်ကိုစောင့်ရှောက်ဖို

ဆာလာရဲ့သူငယ်ချင်းဖြစ်သူ ထီရန့်ကို မှာထားခဲ့တယ်…….

တစ်နေ့မှာ ကိုးဆွန်ဟာ ရောဂါပြင်းထန်နေစဉ်

ငါမ်းဟာ သခင်မကြီးအိမ်မှာ ဆေးသွားတောင်းခဲ့ပေမဲ့

နိမ့်ကျမှူကြောင့် မကူညီပေးခဲ့တဲ့အတွက် အဖေဖြစ်သူ ကိုးဆွန် သေဆုံးသွားခဲ့တယ်…..

အဲ့လိုအဖြစ်အပျက်တွေကြောင့်…..

ငါမ်းဆိုတဲ့ ဆင်းရဲနိမ့်ကျတဲ့ မိန်းမပျိုလေးဟာအထက်တန်းလွာတွေနဲ့

ဘယ်လိုရင်ဆိုင်မလဲ ဂုဏ်ဒြပ်တွေ အဆင့်အတန်းတွေ အာဏာတွေအကြား

ငါမ်းနဲ့ ထီရန်တို ချစ်သူနှစ်ဦး ဘယ်လို ဆုံစည်းကြမလဲ……………



Download Link
--------------------
Episode 06- Telegram

 

 

Read More 0 comments





 

Episodes : 10
Country : Thai
Released Date : 2022





အညွှန်း

လှပချောမောပြီး ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဖြစ်တဲ့ကောင်မလေး ဒွန်သာ

သာမာန် စီးပွါရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ နိုင်ဖိုင် မိခင်ရဲ့ ထိန်းကွပ်မှုအောက်မှာ

ကြပ်တည်းစွာရှင်သန်လာခဲ့သော ပလေ နှင့် စည်းစိမ်ဥစ္စာတွေကို မက်မောသော ကျော်မ် တို့ကြား

သူတို့ ၄ ယောက်ကြားမှာ ဘာတွေ ဆက်ဖြစ်လာမလဲ……………..

တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဖြစ်ပေါ်လာသော အိမ်ထောင်ရေး နဲ့

ပစ္စည်းဥစ္စာတွေကို မက်မောမှုကြောင့် ဖြစ်ပေါ်လာတဲ့ အိမ်ထောင်ရေး နှစ်ခုကြား

သူတို့ကြုံရတဲ့အခက်အခဲတွေ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ

ဖောက်ပြန် မှု ဆိုတဲ့ သော့တံနဲ့ ဖွင့်ပြီးဖြေရှင်းခဲ့တဲ့ အချိန်မှာ

ဒီအိမ်ထောင်ရေးနှစ်ခုကြားမှာ ကြုံတွေ့ရမယ့် အရာတွေ

မိသားစုပြဿနာတွေ ကို ရိုက်ကူးတင်ဆက်ထားပါတယ်။

ဒီကားလေးကတော့ အိမ်ထောင်ရေးဇာတ်လမ်းခပ်လန်းလန်းကြမ်းကြမ်းလေးတွေကိုမှ

ကြည့်ရှုရတာကြိုက်တဲ့ ပရိသတ်တွေအတွက်တော့…….

လတ်လွှတ်မခံသင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်…



Download Link
--------------------
Episode 01 - Telegram
Read More 0 comments



 

Episodes : 10
Country : Thai
Released Date : 2022





အညွှန်း

လူပြည်က သခင်ကြီး ခွန်နရေ နဲ့ ရေသူမလေး အန်ဒါ တိုရဲ့ နှစ်ယောက်ကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာတရား ကိုဖော်ညွှန်းရိုက်ကူးထားတာဘဲဖြစ်ပါတယ်ရှင့်


အထက်သမုဒ္ဒရာမှရေသူမလေး အန်ဒါဟာ ဆင်ထူးလိုခေါ်သော အောက်သမုဒ္ဓရာရဲ့ ဘုရင့်


ခါထာစမွတ် ကိုလိုချင်တတ်မှတ်လွန်းတဲ့လောဘစိတ်တွေကြောင့်


လုယက်မှုတွေကနေထွက်ပြေးတိမ်းရှောင် ရင်း ဘာတွေဆက်ဖြစ်မလဲ…………


တာဝန်ဝတ္တရားတွေက အချစ်ကို လွှမ်းမိုးနေတဲ့အခါ


ရေသူမလေးအန်ဒါက တာဝန်ကိုရွေးချယ်ခဲ့လား နှလုံးသားရဲ့ဆန္ဒအတိုင်းလိုက်လျောခဲ့မလား


 


ဒီ မတူညီတဲ့ မျိုးနွယ်စုတွေက သူတိုနှစ်ယောက်ရဲ့ ချစ််ခြင်းမေတ္တာကို တားဆီးနိုင်ပါ့မလား ဆိုတာ


 


ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါအုံးနော်



Download Link
--------------------
Episode 01 - Telegram
Read More 0 comments


 

Episodes : Ongoing
Country : Thai
Released Date : 2022





အညွှန်း

ဒီဇာတ်ကားလေးထဲမှာ ထိုင်းမြန်မာချစ်ကြည်ရေးအတွက်


ကုန်းဘောင်ခေတ်နှင့် အယုဒ္ဓယ ခေတ်နှောင်းပိုင်းကို အခြေခံကာ ရိုက်ကူးထားတာဖြစ်ပြီး ထိုင်းမင်းသား Got Jirayu Tantrakul နှင့် ထိုင်းမင်းသမီး Tangtang Nattaruchi တို့နဲ့အတူ


မြန်မာအနုပညာရှင်များဖြစ်တဲ့ သရုပ်ဆောင် ဒေါင်း နှင့် အလှမယ် နှင်းသွေးယုအောင်( Miss Universe Myanmar 2018 ) တို့ ပါဝင်ထားပါတယ်။


Main Cast အဖြစ်


**ပကွန် အဖြစ်  Got Jirayu Tantrakul


**နွတ်ထနတ် အဖြစ် Tangtang Nattaruchi


**ဆာဆာ အဖြစ် ဒေါင်း


**ဇင်ဇင် အဖြစ် နှင်းသွေးယုအောင်


“နွတ်” က မြန်မာနိုင်ငံ ရန်ကုန်မြို့လည်ကောင်က ဟော်တယ်တစ်ခုမှ


ာ လက်ထောက်စားဖိုမှူးအနေနဲ့ အလုပ်သစ်စတင်ခဲ့ကာ


“နွတ်”က ဇင်ဇင်(နှင်းသွေးယုအောင်)နဲ့ ခင်မင်ရင်း ခေါင်းဆောင်စားဖိုမှူးလက်ထောက်လုပ်ရပါတယ်


တစ်နေ့မှာ “နွတ်” ဟာ အီနောင်ဇာတ်အကြောင်းကို မြန်မာဘာသာနဲ့ ရေးသားထားတဲ့ ရှေးဟောင်းစာအုပ်ကို ရရှိခဲ့တယ်


နောက်ရက် အဲ့စာအုပ်အကြောင်းထဲကပုံစံကိုအိပ်မက်မက်ခဲ့တယ် အိပ်မက်မက်ရင်း လိပ်ပြာလွင့်သလို ပြန်မနိုးလာတော့ပဲ


“နွတ်”က စာအုပ်ထဲက ပုံအတိုင်းဖတ်ကြည့်တဲ့အခါ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ကျော်ခန့်က ‌


ဒုတိယအယုဒ္ဓယပျက်သုဉ်းချိန်စစ်ပွဲကာလအတွင်း အတင်းအဓမ္မခေါ်ဆောင်ခံလိုက်ရတဲ့


မိန်းမပျိုတစ်ဦးဖြစ်‌နေ တဲ့အခါမှာတော့ အင်းဝပြည်မှ ရှင်ဘုရင် ရဲ့အိမ်ရှေ့မင်းသား ရဲ့အိမ်ရောက်နေခဲ့ပါတယ်


အဲ့အိမ်တော်လည်း “နွတ်”ကို “ပင်” ဆိုပြီး ခေါ်ကြပါတယ် မြန်မာတော်ဝင် ပြဇာတ်ရဲ့အကခေါင်းဆောင် “ဆာဆာ”(ဒေါင်း) က


“နွတ်”ကို အက ကဖို့ရန်ခေါ်ဆောင်သွားရာ “နွတ်” တစ်ယောက် အဲ့ရှေးဟောင်းစာအုပ်နဲ့ဘယ်လိုပတ်သက်နေတာလဲ ……………


နှစ်ပေါင်း ၂၀၀ကျော်ခန့်က အချိန်ကိုရောက်သွားခဲ့တဲ့ “နွတ်” ကဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲ ……………….?


အတိတ်ဘဝမှာပိတ်မိနေတဲ့ “နွတ်” ကို အခုဘဝမှာ “နွတ်”ကိုစောင့်နေတဲ့ ခေါင်းဆောင်စားဖိုမှူးကြီးနဲ့ ဘယ်အချိန်မှ ပြန်တွေ့ဆုံနိုင်မလဲ………?


“နှလုံးသားနဲ့ ကတိစကားက သူတို့ နှစ်ယောက်ကို အချိန်ကာလတစ်ခုမှာ ပြန်လည်ဆုံစည်းစေခဲ့တယ်” ဆိုတဲ့အတိုင်း


ယခုဇာတ်ကားမှာ အဲ့စကားကို ပြန်အသက်သွင်းပုံဖော်ထားတဲ့အတွက်


ပရိတ်သတ်အားပေးဖို့ထိုက်တန်အောင် အရမ်းကောင်းတဲ့ဇာတ်ကားလေးကို 

စောင့်မျှော်အားပေးကြပါနော်…..


Download Link
--------------------
Episode 01 - Telegram

Read More 0 comments



 




Episodes : 16
Country : Thai
Released Date : 2021





အညွှန်း

အားလုံးစောင့်မျှော်နေတဲ့ F4 Thailand Version လေးထွက်လာပါပြီ


စုစုပေါင်း အပိုင်း ၁၆ ပိုင်းအထိ ပြသသွားမှာပါ


ဒီဇာတ်ကားက ဂျပန် Manga တစ်ခုဖြစ်တဲ့ “Hana Yori Dango” ကို

ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်

ဂေါ်ယာက ဆင်းရဲတဲ့မိသားစုက မိန်းကလေးတစ်ယောက်ပါ


ဒါပေမယ့် လူချမ်းသာတွေတက်တဲ့ကျောင်းမှာ တက်ဖို ပညာသင်ဆုရခဲ့တယ်


ကျောင်းကိုတော့ နာမည်ကြီးပြီး ဩဇာလွှမ်းမိုးမှုရှိတဲ့ F4 အဖွဲကပဲ အုပ်ချုပ်ကြတယ်


သူတိုက ကျောင်းမှာရှိတဲ့လူတွေကို အနိုင်ကျင့်ကြတယ်


ဂေါ်ယာက သူတိုအနိုင်ကျင့်တာကို အာခံရဲတဲ့ တစ်ဦးတည်းသောကျောင်းသူဖြစ်ခဲ့တယ်


ဒါကြောင့် သူတို လေးယောက်စလုံး အံ့ဩသွားကြတယ်


အထူးသဖြင့် အဖွဲခေါင်းဆောင်ဖြစ်တဲ့ ထမ်က အရမ်းအံ့ဩနေခဲ့တယ်


ဂေါ်ယာဆီက အကန်ခံခဲ့ရပေမယ့် ထမ်က သူမကို

စိတ်ကူးယဉ်ဆန်ဆန်ချဉ်းကပ်ခဲ့တယ်


ဒါပေမယ့် ဂေါ်ယာက သူ့ကို စိတ်မဝင်စားခဲ့သလို အထင်လည်းမကြီးလာခဲ့ဘူး


ထမ်ရဲ့ အချစ်ဆုံးသူငယ်ချင်း လန်ကိုပဲ ဂေါ်ယာကကြိုက်နေခဲ့တယ်


လန်ကတော့ အချစ်ဦးကိုပဲ ချစ်နေခဲ့တယ်


မတူညီတဲ့အသိုင်းအဝိုင်းတွေနဲ့ ပက်သက်တဲ့အခါ ဖြစ်လာမယ့် ရှုပ်ထွေးမှုတွေ

အချစ်ဆိုတဲ့ ခံစားချက်နဲ့ ပက်သက်တဲ့ ရှုပ်ထွေးမှုတွေ


ဒီလို ရှုပ်ထွေးမှုတွေထဲမှာ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို

Boys Over Flowers မှာ ဆက်လက်ကြည့်ရှုကြပါရှင်…



Download Link
--------------------
Episode 01 - Telegram

Episode 02 - 
Telegram
Read More 0 comments



 

Episodes : 8
Country : Indonesia
Released Date : 2021





အညွှန်း

ကျောင်းတွင်းအရိုဇာတ်လမ်းလေးတွေမှ


ကြိုက်နှစ်သက်ပါတယ်ဆိုသူတွေအတွက်


အချောအလှတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့


ပေါ့ပေါ့ပါးပါးလေးကြည့်ရမယ့်အင်ဒို မီနီစီးရီးသစ်လေးကို


တင်ဆက်ပေးလိုက်ပါတယ်။


ငယ်ငယ်တည်းက အမြဲတတွဲတွဲဖြစ်ခဲ့ကြတဲ့


ကစားဖော်သူငယ်ချင်းနှစ်ယောက် ..


တစ်ရက်မှာတော့ သူငယ်ချင်းကောင်လေးက


အဝေးကိုပြောင်းသွားခဲ့ပြီး


သူငယ်ချင်းနှစ်ယောက်ဝေးကွာသွားခဲ့တယ်။


ဒီလိုနဲ့နှစ်တွေကုန်လွန်ခဲ့တာ နေရပ်မှာပဲကျန်နေခဲ့တဲ့


Ana တောင် အထက်တန်းကျောင်းသူအရွယ်ရောက်နေပါပြီ။


တစ်နေ့တော့ Anaတို့ကျောင်းကို


ကျောင်းသားသစ်တစ်ယောက်ပြောင်းလာပြီး


အဲဒီကျောင်းသားရဲ့နာမည်ကလည်း


တစ်ချိန်က Ana ရဲ့ Alister နဲ့တူနေတဲ့အခါ ..


တကယ်ပဲ တစ်ချိန်က Alister ဖြစ်နေမလား ..


နာမည်တူမရှား လူတူမရှားဆိုသလိုပဲဖြစ်နေမလား ..


အထက်တန်းရောက်မှဆုံတဲ့


ဖူးစာပေပဲလားဆိုတော့


ဆက်လက်ပဲရှုစားလိုက်ပါတော့နော်။


Download Link
--------------------
Episode 01 - Google Drive , Telegram

Episode 02 - Google Drive , Telegram

Episode 03 - Google Drive , Telegram

Episode 04 - Google Drive , Telegram

Episode 05 - Google Drive , Telegram

Episode 06 - Google Drive , Telegram
Read More 0 comments





 

Episodes : 12
Country : Thai
Released Date : 2021





အညွှန်း

ကမ္ဘာ‌ကျော် ရိုမီယိုနဲ့ ဂျူးလိယက် ဇာတ်လမ်းကို

မသိတဲ့လူမရှိသလောက်ရှိကြလိမ့်မှာပါ။


အဲဇာတ်လမ်းကိုမှ Yaoiအဖြစ်

ပြန်လည်ခံစားရမယ်ဆိုရင်ရော?


ပရန်နဲ့ ဖတ်တို့ဟာ အိမ်နီးချင်းတွေ ဆိုပေမယ့်

“မတည့် အနားရှိ”ဆိုသလိုမျိုး

မိဘတွေရဲ့ ရန်စကနေ

သားသမီးတွေအထိ မတည့်ကြတဲ့ မိသားစုနှစ်စုပါ။


သူ့ထက် ငါ.. အရာရာ သာလိုဇောနဲ့

အမြဲတမ်း ယှဉ်ပြိုင်နေတတ်တဲ့

ပရန်နဲ့ ဖတ်တို့နှစ်ယောက်

နှလုံးသားအရေးမှာလည်း ယှဉ်ပြိုင်လာကြတဲ့အခါ…


ရန်သူနဲ့ချစ်သူကြားမှာ

စည်းပါးပါးလေးပဲ ခြားတယ်ဆိုသလိုမျိုး

တစ်ယောက်အပေါ် တစ်ယောက်

ခံစားချက်တွေ ပိုလာကြတဲ့

ပရန်တို့နှစ်ယောက်ရဲ့အချစ်ရေးကပြိုင်ပွဲဆိုတဲ့အလျောက်

အနိုင် အရှုံး သတ်မှတ်ပြီး အဆုံးသတ်ကြရမယ့်အပြင်


မိသားစုရန်စတွေရော ပတ်ဝန်းကျင်အမြင်တွေနဲ့ပါ

ရင်ဆိုင်ကြရမယ့် အခြေအနေမှာ ပရန်တို့နှစ်ယောက်


ရပ်တန့်လိုက်ကြလိမ့်မှာလား။ ရှေ့ဆက်တိုးလိမ့်မှာလား။


ဒါမှမဟုတ်….

ရိုမီယိုတို့ရဲ့ဇာတ်လမ်းလေး

ကြေကွဲစရာ အဆုံးသတ် ဖြစ်လာလိမ့်မလား 



Download Link
--------------------
Episode 01 - Google Drive , Telegram

Episode 02 - 
Google Drive , Telegram
Read More 0 comments


 

Episodes : 8
Country : Thai
Released Date : 2021





အညွှန်း

ချစ်သူကို မွေးနေ့မှာ စပရိုက်လုပ်ဖို့ ရည်ရွယ်ထားတဲ့ မင်တစ်ယောက်

အဲ့ဒီနေ့မှာပဲ ချစ်သူကောင်လေးရဲ့ ဖောက်ပြန်ခြင်းနှင့် စပရိုက်တိုက်ခြင်းကို ပြန်ခံလိုက်ရသောအခါ….

၁၀ နှစ်သက်တမ်းကြာခဲ့ပြီဖြစ်သော သံယောဇဉ်ကြောင့်

သူမအပေါ် သစ္စာမရှိသောယောကျာ်းတစ်ယောက်ကို မမေ့ပစ်နိုင်ခဲ့ပါဘူး….


သူမ ချစ်သူကောင်လေး ချတ် သည်လည်း

၁၀ နှစ်သက်တမ်းကိုမျှ မငဲ့ကာ မင့်ကို ချစ်ပါတယ်ပြောနေပေမယ့် တစ်ဖက်မှာတော့

တစ်ခြားမိန်းကလေးများစွာနဲ့ ထပ်တလဲလဲ ပွေရှုပ်လို့နေခဲ့ပါတော့တယ်…


အရင်ကတော့ မင့်ဘက်က အချစ်ကြီးလွန်းစွာနဲ့ နားလည်ခွင့်လွှတ်ပေးနိုင်ခဲ့ပေမယ့်လည်း

ဒီတစ်ခေါက်မှာတော့ ၁၀ နှစ်သက်တမ်းရှိ သံယောဇဉ်ဟာ ပြတ်တောက်ဖို့အကြောင်းဖန်လာခဲ့ပါတော့တယ်….


မွေးနေ့ပွဲ တစ်ည ခဏအတွင်းမှာပဲ မင့်အိပ်မက်တွေ ရိုက်ချိုးသလို အဖျက်ဆီးခံလိုက်ရကာ

သေမတတ် နာကျင်ခံစားရပြီး မင်တစ်ယောက် စိတ်ဒဏ်ရာအကြီးကျယ် ရခဲ့ပါတော့တယ်…

တစ်ဖက်မှာလည်း ၁၀ စုနှစ်တစ်ခုကြာအောင် မင့်ကို အဝေးကနေပဲ ချစ်ရင်း

နှစ်သိမ့်နေရတဲ့ ကီရာ့အတွက်တော့ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာခဲ့ပါတော့တယ်..


ရည်းစားဖြစ်သူ ချတ်သည်လည်း မင့်ကို ပြန်လည်ခွင့်လွှတ်ပေးဖို့ ကြိုးစားခဲ့ပါတော့တယ်….


အဲ့ဒီနောက် ဘာဆက်ဖြစ်မလဲ…


မင်တစ်ယောက် ချတ်ကို တကယ်မေ့ပစ်နိုင်မှာလား??


ချတ်နဲ့ကီရာအကြား သူမ တကယ်ချစ်တဲ့သူဟာ နာကျင်မှုတွေပေးနေတဲ့ သူဆိုတာ သိလျက်နဲ့

ချတ်ကိုရွေးသွားမလား?


ကိုယ့်အလိုကို လိုက်ဖြည့်ဆည်းပေးမယ့် ကီရာ့ကို ရွေးချယ်မလား??



Download Link
--------------------
Episode 01 - Google Drive , Telegram
Read More 0 comments