Showing posts with label Mystery. Show all posts
Showing posts with label Mystery. Show all posts

 


Rating : 7.5/10
Country :United State
Genre :Comedy,Family,Mystery,
Released Date : 2022
Duration :  1h 22min
 
 
အညွှန်း
ဇာတ်လမ်းလေးထဲမှာတော့ ဂျော့ရှ် ဆိုတဲ့ ကောင်လေးနဲ့ သူ့ရဲ့ခွေးလေး ဘလူးတို့ဟာ သူတို့ရဲ့ အိပ်မက်ဖြစ်တဲ့ ပြဇာတ်သရုပ်ဆောင်တွေ ဖြစ်လာကြဖို့ နယူးယောက်မြို့က လူရွေးပွဲကို ရောက်လာကြတာဖြစ်ပါတယ်။

ဖြစ်ချင်တော့ လူရွေးပွဲလုပ်မယ့် ပြဇာတ်ရုံရဲ့ လိပ်စာရေးထားတဲ့ မှတ်စုစာအုပ်ဟာ အိမ်မှာကျန်နေခဲ့ပါတယ်။

မှတ်စုစာအုပ်မပါတဲ့ ဂျော့ရှ်နဲ့ ဘလူးတို့ နယူးယောက်မြို့ကြီးမှာ ဘာအခက်အခဲတွေ ကြုံရမလဲ?
သူတို့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်ဖို့ ဘယ်လို စွန့်စားခန်းတွေ ဖွင့်ကြမလဲ?

 

Read More 0 comments


 

 

Rating : 7.6/10
Country :India
Genre :Action,Mystery,Thriller,India Movie,
Released Date : 2022
Duration :  2h 30min
 
 
အညွှန်း
 
လူတစ်ယောက် ရဲစခန်းကိုရောက်လာတယ်….သူ့မိန်းမပျောက်နေလို့လာတိုင်တာပါတဲ့
သူတို့လင်မယားနှစ်ယောက်ဟာ ကားနဲ့ခရီးထွက်လာနေတုန်း တောလမ်းတစ်နေရာမှာ
မတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရပါတယ် နောက်တော့ သူလည်းသတိလစ်မေ့မျောသွားပြီး
သူ့မိန်းမဟာလည်း သူသတိပြန်ရလာတော့ ကားပေါ်မှာမတွေ့တော့ဘူးတဲ့….။

မိန်းမ​ဖြစ်သူဟာ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ရဲတွေနဲ့ရွာသားတွေ ပေါင်းပြီး
လိုက်ရှာပေးခဲ့ပေမယ့် လ တွေ သာ ကြာညောင်းသွားတယ်
မ တွေ့လာခဲ့ပါဘူး ပျောက်သွားတဲ့နေရာကလည်း သားရဲတိရိစ္စာန်တွေ
ပေါတဲ့နေရာဆိုတော့ ရဲတွေဟာ သေပြီလို့ကောက်ချက် ချခဲ့ပါတယ်….။

သို့ပေမယ့် သူဟာ ဇွဲမ လျှော့ခဲ့ဘဲ ဆက်လက်ရှာ​ဖွေနေခဲ့ပါတယ်။|
နောက်ပိုင်းအဲ့ဒီရွာထဲမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပြီး
ညညဆိုလည်း အသံတွေ ကြားကြားနေရတတ်ပါတယ်…။

ကဲ သူရဲ့မိန်းမဟာ တကယ်ပဲ ပျောက်ဆုံးသွားတာလား…။
ရွာထဲမှာ လူတွေက ဘာလို့ သေဆုံးနေရတာလဲ…။
ညညဆိုကြားကြားနေရတဲ့အသံတွေက ဘာတွေလဲ…။
သူကရော ဒီရွာကို အကြောင်းတစ်ခုခုရှိနေလို့
လာခဲ့တာလားဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဇာတ်ကားလေးကို
စိတ်ဝင်တစား ကြည့်ရှုလို့ရပါပြီနော်…။

မာလယာလန် နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ မမ်မွတ်တီးအဓိကပါဝင်ထားတဲ့
mystery ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်…
Read More 0 comments


Rating : 6.2/10
Country :United State
Genre :Horror,Mystery,Thriller,
Released Date : 2022
Duration :  1h 37min
 
 
အညွှန်း
 
ဇာတ်လမ်းကတော့ သိပ်အထူးအဆန်းတော့ မဟုတ်ပေမယ့် သတ်ခန်း
ဖြတ်ခန်းတွေနဲ့ မတူညီတဲ့ အရသာတစ်ခုကို ပေးနိုင်မှာပါ။ ကက်ဆီဟာ
အမေဖြစ်သူ ဆုံးပါးပြီး အဖေဖြစ်သူက နောက်မိန်းမ ယူလိုက်လို့ မကျေမနပ်နဲ့
ပုန်ကန်တတ်တဲ့ ဆယ်ကျော်သက်လေး တစ်ယောက်ပါ။ တစ်နေ့မှာတော့ အဖေ
ဖြစ်သူဟာ သူနဲ့ သူ့မိထွေးကို ခေါပြီး တောမြို့လေးတစ်မြို့ကို ခရီးထွက်ပြီးတော့
မိသားစု အဆင်ပြေသွားစေဖို့ ကြိုးစားပါတော့တယ်။

သို့သော် ကက်ဆီကတော့ ခရီးထွက်လာရတာကိုလည်း မကြိုက်သလို အဆင်လည်း
မပြေလှတာမို့ စကားများပြီး တည်းခိုအိမ်ကနေ ထွက်သွားပါတော့တယ်။ ထိုမြို့လေးရဲ့
ဘားတစ်ခုမှာထိုင်ရင်း အန်နာ၊ တက်ကာ တို့နဲ့ တွေ့ဆုံပြီး စကားလက်ဆုံကျခဲ့ပါတယ်။
ကက်ဆီဟာ အဆောက်အဦးအဟောင်းတွေ စက်ရုံအဟောင်းတွေကို လိုက်လံလည်ပတ်
ရတာ ဝါသနာပါသူမို့ မြို့လေးမှာရှိတဲ့ အိမ်ဟောင်းကို လိုက်ပို့ဖို့ အန်နာနဲ့ တက်ကာတို့ကို
ပြောပါတော့တယ်။ အန်နာနဲ့ တက်ကာတို့လည်း လူသတ်တယ်၊ ဖမ်းဆီးတယ်လို့ ပါးစပ်
ရာဇဝင်ရှိတဲ့ မက်ကင်လီ အိမ် ဟောင်းကို လိုက်ပို့ရာမှ ထိုပါးစပ်ရာဇဝင်က အမှန်ဖြစ်နေ
ကြောင်း သိလိုက်ရတဲ့အခါမှာတော့။

 

 

Read More 0 comments


Episodes : 7
Country : United State
Released Date : 2022
 
အညွှန်း
 
ဒီဇာတ်လမ်းကတော့ အိမ်မှား၀ယ်မိတဲ့မိသားစုတစ်စုကို အန္တရာယ်တစ်ခုက
စောင့်ကြိုနေတဲ့ Horror/Mystery ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအစမှာ မိသားစုတစ်စုဟာ အိမ်အသစ်၀ယ်ဖို့ ၀က်စ်ဖီးလ်မြို့လေးကို လာခဲ့ကြပါတယ်။
သူတို့သဘောကျတဲ့အိမ်ရဲ့ အိမ်နီးချင်းတွေဟာ အနည်းငယ်မူမမှန်သလိုဖြစ်နေပြီး
အိမ်ဟာလည်း အလွန်ဈေးကြီးနေခဲ့ပါတယ်။ ဒါပေမယ့် အိမ်ထောင်ဦးစီးဖြစ်သူ
ဒင်းန်ဘရန်‌နော့ခ် ဟာ အိမ်ကိုသဘောကျလွန်းတာကြောင့်
အိမ်ရဲ့နောက်ခံသမိုင်းကြောင်းကိုတောင် မမေးမြန်းတော့ဘဲ
ပိုင်ဆိုင်သမျှအကုန် ရင်းနှီးပြီး အိမ်ကို မရရအောင် ၀ယ်လိုက်ပါတယ်။

ဒီလိုနဲ့ ဘရန်နော့ခ် မိသားစုတို့ အိမ်အသစ်ကိုပြောင်းလာခဲ့ကြပြီး
မကြာခင်မှာပဲ အိမ်ရဲ့မူမမှန်မှုတွေဟာ တစ်စတစ်စကြီးထွားလာခဲ့ပါတယ်။
ဒါတင်မကပဲ The Watcher လို့ သူ့ကိုယ်သူ နာမည်ပေးထားတဲ့
သူဆီက ခြိမ်းခြောက်စာတွေ ဆက်တိုက် ရလာတဲ့အခါမှာတော့
သူတို့တွေ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ၊
The Watcher လက်ထဲက လွတ်မြောက်နိုင်ပါ့မလား...
 
 

 

 

 

Read More 0 comments


Rating : 5.1/10
Country :United State
Genre :Drama,Horror,Mystery,
Released Date : 2022
Duration :  1h 49min

 အညွှန်း

မတွေ့တာကြာပြီဖြစ်တဲ့ ငယ်သူငယ်ချင်းတစ်သိုက်က ပုံမှန်အတိုင်းပြန်လည် Gathering လုပ်တဲ့အချိန်မှာတော့ စကားပြောခင်း အရင်ကsquadထဲမှာဖြစ်ခဲ့တဲ့ Dramaဇာတ်လမ်းတွေ အဖုအထစ်‌တွေ မကျေနပ်ချက်တွေအကြောင်း ငြင်းခုံကြပါတယ် ဘဝကျောထောက်နောက်ခံချင်း မတူညီကြတဲ့ သူငယ်ချင်းတွေကြားက ကွာဟမှုပြဿနာတွေ Rkတွေနဲ့ဆင်းရဲသားတို့ရဲ့
Friendshipက ideology မတူညီပုံပြဿနာတွေကိုလည်း ထောက်ပြ‌ရိုက်ကူးထားပါသေးတယ်
ဒါပေမဲ့အခုထိသူတို့ရဲ့ စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ ထိတ်လန့်စရာအတိတ်ကကိစ္စဆိုးတစ်ခုလည်းရှိပါသေးတယ် အဲ့ဒီတုန်းကကိစ္စ သူတို့ဟိုက်နေခဲ့တာကြောင့်ထင်ယောင်ထင်မှားဖြစ်တာလား ဘယ်သူကအဲ့ဒီလိုလုပ်ခဲ့တာလည်း‌ဆိုတာ…
မူးယစ်ဆေးတွေရဲ့ အစွမ်းတွေဆိုတာ ဘယ်လိုမျိုးလဲဆိုတာ…

 

Read More 0 comments

 

Rating :3.4/10
Country :India
Genre :Drama,Fantasy,Mystery,
Released Date : 2022
Duration :  2h 12min

အညွှန်း

အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့
အားလုံးရဲ့အချစ်တော် တာ့ပ်ဆီးပန်းနုရဲ့ ဇာတ်ကားသစ်လေးပဲ
ဖြစ်ပါတယ်

ဇာတ်ကားလေးက အပြိုင်ကမ္ဘာပုံစံမျိုး ဆန်းဆန်းပြားပြားလေး
ရိုက်ကူးထားတာပဲဖြစ်ပါတယ်

အန်တာရာ (တာ့ပ်ဆီး) က လက်ရှိအချိန်ကာလမှာနေပြီး
အတိတ်က အာနေးဆိုတဲ့ကောင်လေးနဲ့ တီဗွီထဲကနေတစ်ဆင့်
ဆက်သွယ်မိသွားပါတယ်

အတိတ်က အာနေးဆိုတဲ့ကောင်လေးဟာ
ဘေးအိမ်က လင်မယားနှစ်ယောက်ရန်ဖြစ်နေတဲ့နေရာဆီ သွားရင်း
ကားတိုက်ခံရပြီး သေဆုံးသွားတာဖြစ်ပါတယ်

အဲဒီကောင်လေး အာနေး နေခဲ့တဲ့အိမ်မှာပဲ
အန်တာရာတို့ မိသားစုက ပြောင်းလာတာဖြစ်ပြီး
အာနေးဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အားလုံးကို
အန်တာရာက သိထားတာမို့လို့
အာနေးမသေအောင် အနာဂတ်ကနေ ကူညီပါတော့တယ်

အဲဒီလိုနဲ့ သူ အာနေးကို ကူညီနိုင်ပါ့မလား
အနာဂတ်ကနေ အတိတ်ကို ဘယ်လိုအကူအညီပေးမှာလဲ
ကံကြမ္မာကိုပြောင်းလဲအောင်လုပ်လိုက်ရင်
သူတို့ကရော ဘယ်လိုဖြစ်သွားမှာလဲ......

Read More 0 comments


 

 

Rating : 5.1/10
Country :United State
Genre :Mystery,Thriller,
Released Date : 2022
Duration :  1h 57min
 
 
အညွှန်း
 

ဘရု့စ် ကို့ဂျ်ဘန်းဆိုတဲ့ စာရေးဆရာတစ်ယောက်ဟာ လူမသိသူမသိ
နေထိုင်နေတဲ့သူပါ။ တစ်ရက်မှာတော့ သူ့ဆီကို ဝီလီယံ ဒူကန့်ဆိုတဲ့
နာမည်နဲ့စာတွေ ရောက်လာပါတယ်။ အဆိုပါ စာထဲမှာတော့ သူ စာရေး
နေတာ ဘရု့စ်ကို ကူညီခိုင်းတာပါ။ ဘရု့စ်က မကူညီနိုင်ဘူး ငြင်းပေမယ့်
စာတွေကတော့ ‌ရောက်မြဲ ရောက်လာဆဲပါ။

၁၉၈၁ ခုနှစ်မှာ ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ ကျောင်းဝန်း
ထဲကိုဝင်ပြီး သေနတ်နဲ့ ပစ်ခဲ့တာကြောင့် ၁၃ ယောက် သေဆုံးပြီး အများ
အပြားဒဏ်ရာရခဲ့ပါတယ်။ သို့သော် တရားခွင်မှာတော့ သူ့မှာ အပြစ်မရှိပါ။
ဘရု့စ်ရေးသားတဲ့ The Infernal Machine ဆိုတဲ့ စာအုပ်ကြောင့် ကျူးလွန်
ရတာပါလို့ ထွက်ဆိုပါတော့တယ်။ ထိုအပြစ်ရှိစိတ်ကြောင့်ပဲ ဘရု့စ်ဟာ
စာလည်းဆက်မရေးနိုင်သလို လူမြင်ကွင်းကနေ ပုန်းကွယ်နေခဲ့တာပါ။ သို့သော်
သူ့ဆီကို ဝီလီယံ ဒူကန့်ဆိုတဲ့လူဆီကနေ စာတွေရောက်လာပြီးနောက်မှာတော့ ......
 
Read More 0 comments


 

Rating : 7.1/10
Country :Korea
Genre :Action,Drama,Mystery,Korea Movie,
Released Date : 2022
Duration :  2h 11min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Squid Game မင်းသားကြီး Lee Jung Jae ၊ Steel Rain မင်းသားကြီး Jung Woo Sung ၊ SearchWWW နဲ့ Stranger2 တို့က မင်းသမီးကြီး Jeon Hye Jin တို့အပြင် Alchemy of Souls ထဲက နာ့ဆူလေး Go Yoon Jung တို့ အဓိက ပါဝင်ထားပြီး Heo Sung Tae ၊ Jung Man Shik တို့ကလည်း supprot role ကနေပါဝင်သလို ဧည့်သရုပ်ဆောင်တွေအဖြစ် Along with The Gods မင်းသားကြီး Joo Ji Hoon ၊ Snow Drop ထဲက ကျွန်တော်တို့ အချစ်တော်ကြီး Park Sung Woong တို့ ပါဝင်တဲ့အပြင် မြန်မာမှာ ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်ကိုပါ ခပ်ဆင်ဆင်အနေအထားနဲ့ ထည့်သွင်းရိုက်ကူးထားတဲ့အတွက် ကိုရီးယားရောက် မြန်မာလူမျိုးအချို့လည်း အားဖြည့်ပါဝင်ရိုက်ကူးထားတဲ့ Hunt ဆိုတဲ့ အလန်းစား စပိုင်၊ အက်ရှင် ဇာတ်လမ်းလေး လာပါပြီ။

ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ …
၁၉၈၀ ခုနှစ် ကိုရီးယား အာဏာရှင်စနစ် လွှမ်းမိုးမှု အမြင့်ဆုံးရောက်နေတဲ့အချိန်မှာ ပြည်ပဆိုင်ရာ KCIA ဦးစီးမှူး ပတ်ဖြောင်းဟိုနဲ့ ပြည်တွင်းဆိုင်ရာ KCIA ဦးစီးမှူး ဂင်ဂျောင်ဒို တို့ဟာ ဒုံလင်ဆိုတဲ့ မြောက်ကိုရီးယား စပိုင် အကြီးအကဲကို စုံစမ်းဖော်ထုတ်ဖို့ တာဝန်ပေးအပ်ခံရပါတယ်။ ဒုံလင်ဆိုတာကတော့ နယ်နယ်ရရမဟုတ်ဘဲ သူတို့အဖွဲ့အစည်းထဲကို အတွင်းထဲထိ စိမ့်ဝင်ထားနိုင်တဲ့ သူလျှိုဖြစ်ပြီး ထိပ်တန်းလျှို့ဝှက်ချက်တွေကိုပါ မြောက်ကိုရီးယားဆီ ပေးပို့နေတဲ့သူပါ။

ဖြစ်ချင်တော့ ဒုံလင်ကို မဖော်ထုတ်နိုင်တဲ့အပြင် ဖိအားတွေပါ ရင်ဆိုင်လာရချိန်မှာတော့ အချင်းချင်း အပြန်အလှန် စွပ်စွဲပြစ်တင်ကြပါတယ်။ ဒါပေမဲ့လည်း ဌာနမှူးနှစ်ယောက်ဟာ သူလျှိုကဘယ်သူဆိုတာနဲ့ သူလျှိုရဲ့ အဓိက တာဝန်ဟာ တောင်ကိုရီးယား သမ္မတကို လုပ်ကြံသတ်ဖြတ်ဖို့ဖြစ်တယ်ဆိုတာကို တဖြည်းဖြည်းသိရှိလာတဲ့အခါမှာတော့ …

ဒုံလင်ဆိုတဲ့ အတွင်းသူလျှိုက ဘယ်သူဖြစ်မလဲ?
ဒုံလင်ကို ဖော်ထုတ်နိုင်ဖို့ ဌာနမှူးနှစ်ယောက် ဘယ်လိုကြိုးစားကြမလဲ?
သူတို့ ဌာနနှစ်ခုကြား အချင်းချင်း ဝေဖန်ပြစ်တင်တာတွေကို ဘယ်လိုဖြေရှင်းမလဲ?
သမ္မတကို ကယ်တင်ဖို့ကော ဒီ ဌာနမှူးနှစ်ယောက် စွမ်းဆောင်နိုင်မှာလား? 

 

 

Read More 0 comments


 

Rating : 4.7/10
Country :United State
Genre :Comedy,Horror,Mystery,
Released Date : 2022
Duration :  1h 28min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဘဝမှာ ကြောက်ဖို့ကောင်းတဲ့သရဲကား၊ Horror Thriller အမျိုးအစားရုပ်ရှင်ကားမျိုးတွေအများကြီး ကြည့်ဖူးကြပါလိမ့်မယ်။ သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ House of Darkness ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ တမူထူးခြားတဲ့ Horror/Mystery အမျိုးအစားရုပ်ရှင်ကားဖြစ်တယ်ဆိုတာ အာမခံပါရစေ။
ရုပ်ရှင်တစ်ကားလုံးမှာ အဓိကဇာတ်ဆောင် ၂ ယောက်နဲ့ အရန်မင်းသမီး ၂ ယောက်သာပါဝင်တဲ့ ဒီရုပ်ရှင်ကားဟာ ကြည့်ရှုသူတွေရဲ့ စိတ်ကိုမရိုးမရွဖြစ်အောင်ဖန်တီးပေးမှာသေချာပါတယ်။ အစပိုင်းမှာတော့ ပျင်းဖို့ကောင်းတယ်လို့ ထင်ရကောင်းထင်ရနိုင်ပေမယ့် အချိန်ကြာလာလေလေ သိချင်စိတ်ပိုများလာအောင် စွဲဆောင်သွားပါလိမ့်မယ်။
ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဟက် ဆိုတဲ့အမျိုးသားတစ်ဦးဟာ မီနာ ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ဦးကို ဘားမှာတွေ့ပြီး အိမ်ပြန်ပို့ပေးရာကနေစတင်ထားပါတယ်။ အိမ်ဆိုတာကလည်း ရဲတိုက်ကြီးဖြစ်ပါတယ်။ ရဲတိုက်ကြီးဆီအရောက်မှာတော့ မောင် Hap ဟာ ယောင်္ကျားတို့ထုံး နှလုံးမူပြီး Mina ကိုအရကြံဖို့ သိုင်းကွက်ပေါင်းစုံခင်းပါတော့တယ်။ ဘာဆက်ဖြစ်မလဲ? မီနာက ဟက် ကိုဘယ်လိုခေါင်းစားမလဲ? 

 

Read More 0 comments


Episodes : 18
Country :Thai
Released Date : 2022
 
 

အညွှန်း

ဖရယ် အဖြစ် Pearwah
မင် အဖြစ် Jan ployshompoo
ဝမ်ဝမ် အဖြစ် Pat Chayanit
မေ အဖြစ် Fah Yongwaree
စရတ် အဖြစ် Aye Sarunchana
ဖစ် အဖြစ် Lee Thanat
ဖူ အဖြစ် Papang Phromphiriya

ဇာတ်လမ်းအကျဉ်း

လူတွေ မေ့နေကြတဲ့ စကားတစ်ခွန်းရှိတယ်
“သစ္စာဖောက်ခြင်း” တဲ့
ဒီစကားဟာ ရန်သူတွေဆီက ဖြစ်လာတာမဟုတ်ပါဘူး…

ဖရယ် ၊မင် ၊ ဝမ်ဝမ်၊ မေ နဲ့ စရတ်တိုက ကျောင်းကတည်းက အရမ်းရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်

ဖရယ့် မင်္ဂလာပွဲမှာ ကျန်လေးယောက်က သတိုသမီးအရံလုပ်ပေးရင်း ပျော်ရွှင်နေခဲ့ပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာခဲ့တယ်

အဲဒီဖြစ်ရပ်ကတော့ မင်္ဂလာစုံတွဲရဲ့ ကြည်နူးဖွယ်ဗီဒီယိုကို ပိတ်ကားထက်မှာ ပြရမယ့်အစား ဖရယ့်ရဲ့ HD ကို ပြလိုက်မိတာပါပဲ

ဗီဒီယိုက သူတို၅ဦးဆီမှာသာရှိခဲ့ပြီး သက်သေတွေအရ “မင်” လုပ်တယ်လို ညွှန်ပြလာတဲ့အခါ အရှက်ရရတဲ့ ဖရယ်လည်း သတ်သေသွားခဲ့ပါတယ်

ဖရယ်ဆုံးပါးပြီးနောက် သူငယ်ချင်းအဖွဲလည်း လျှိဝှက်ချက်တွေ မဖော်ကြေးဆိုပြီး ခင်မင်မှု ရပ်လိုက်ပေမဲ့ မင် တစ်ယောက်ကတော့ သူမလုပ်တာ သက်သေပြဖို တရားခံရှာပါတော့တယ်

မင် တစ်ယောက် တရားခံတွေ့နိုင်ပ့ါမလား.....

 

 

Read More 0 comments


 
Rating : 7.1/10
Country :United State
Genre :Drama,Mystery,Thriller,
Released Date : 2022
Duration :  1h 47min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Delia Owens ရဲ့ ၂၀၁၉မှာထွက်ခဲ့ပြီး The New York Times Fiction Best Sellers ဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာပါ။ စာအုပ်ကလည်း နာမည်ကြီးသလို ဇာတ်ကားကလည်း တော်တော်လေးကောင်းတဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကတော့ စီးရီးတွေနဲ့ နာမည်စရလာပြီး ဒီနှစ်ထဲ FRESH နဲ့ Where the Crawdads Sing လိုကားကောင်းတွေရိုက်ထားတဲ့၊ ဆုတွေတစ်သီတစ်သန်းကြီးရရနေတဲ့ Daisy Edgar-Jones ပါ။ ရုပ်လည်းလှသလို သရုပ်ဆောင်လည်းကောင်းပါတယ်။ နောက် ဒီကားထဲက သူ့ရှေ့နေနေရာမှာ‌တော့ လင်ကွန်းကားထဲ အမေရိကန်ပြည်ထောင်စုအထွေထွေအတွင်းရေးမှူးနေရာက သရုပ်ဆောင်ခဲ့တဲ့ David Strathairn ပါပါတယ်။

စိမ့်တောကြီးရှိတဲ့ မြို့လေးတစ်မြို့ရှိတယ်။ အဲဒီစိမ့်တောမှာ မိသားစုနည်းနည်းပါးပါးနေကြတယ်။ နောက်ကျ အဲဒီစိမ့်တောက မိသားစုတွေအကုန်ပြောင်းသွားကြပြီး ကောင်မလေးတစ်ယောက်နဲ့ သူ့အဖေပဲကျန်ခဲ့တယ်။ ကလေးမလေးက မြို့ပေါ်ကျောင်းသွားတက်ကြည့်တယ်။ ဒါပေမဲ့ မြို့ကကလေးတွေက သူ့ကို ဗွက်တောထဲနေတဲ့ဟာမဆိုပြီး နှိမ်ကြတော့ ကျောင်းကနေထွက်ပြေးလာခဲ့တယ်။ စာလည်းမရေးတတ် စာလည်းမဖတ်တတ်ခဲ့ဘူး။ နောက်ကျ သူ့အဖေပါ ထွက်သွားတယ်။ ကောင်မလေး တစ်ယောက်တည်း ယောက်သွားတွေတူး ရောင်းစားရင်း ရှင်သန်ခဲ့ရတယ်။ ဆင်းရဲလွန်းတဲ့သူဆိုတော့ တစ်မြို့လုံးကလည်း သူ့ကိုအကောင်းမမြင်ကြဘူး။

ဒီလိုနဲ့ ကောင်မလေးအရွယ်ရောက်လာတယ်။ စိမ့်တောတစ်နေရာက မျှော်စင်မှာ လူတစ်ယောက်သေနေတော့ ရဲတွေကစုံစမ်းကြတယ်။ တစ်မြို့လုံးက ကောင်မလေးကို မကောင်းမြင်ပြီး သူပဲလို့စွပ်စွဲကြတယ်။ သက်သေကလည်း သက်သေဖျောက်ဖျက်ထားတဲ့ သက်သေပဲရှိနေတာမို့ သေသွားတဲ့သူနဲ့ ကောင်မလေးကလည်း ပတ်သက်ဖူးသလို တခြားအချက်လေးတွေလည်းရှိတာမို့ ကောင်မလေးကိုဖမ်းလိုက်ကြတယ်။ တစ်မြို့လုံးမှာမှ သူ့အပေါ်ကောင်းတဲ့ လူလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့အဘိုးကြီးက သူ့အတွက်ရှေ့နေလိုက်ပေးတယ်။

ဒီဇာတ်လမ်းကျောရိုးကိုမှ သူက လက်ရှိအမှုစစ်နေတာနဲ့ ကောင်မလေးအတိတ်ကို တစ်ကျော့စီကျော့ပြီး ပြသွားတယ်။ မပျင်းအောင်ပြနိုင်တယ်ပြောရမှာပဲ။ စာအုပ်ကိုရိုက်တာဆိုတော့ စာအုပ်မှာ နိမိတ်ပုံတွေမနည်းဘူးလို့သိရသလို သူ့ narrative တွေကလည်း နိမိတ်ပုံဆန်တယ်။ ဒီ Narrative တွေကြောင့်လည်း ဒီဇာတ်လမ်းက နည်းနည်းပိုကဗျာဆန်သွားပြီး ပိုလည်းဆွဲဆောင်မှုရှိသွားတယ် ပြောရမယ်။ တစ်ချို့အဖြစ်တွေဆို ကျွန်တော်တို့ကို သူရဲ့နိမိတ်ပုံဆန်ဆန် သွယ်ဝိုက်ပြောထားတဲ့ narrative မှာပဲ အဖြေထည့်ပေးထားတယ်။

နောက် သူ့ဇာတ်က ခုနဇာတ်ကိုမှ စာအုပ်ကပဲဖြစ်နေတာလား။ ဒါရိုက်တာပဲ လက်စွမ်းပြလိုက်လားတော့မသိဘူး။ တရားရင်ဆိုင်တဲ့အခန်းဆို လုံးဝ 12 Angry Men vibe အစစ်ကြီး။ အဆုံး narrative တွေမှာ Atonement vibe က ကောက်ထည့်လိုက်သေး။ အဲဒီလိုထည့်လိုက်လို့လည်း သူ့ဇာတ်လမ်းက ပိုကြွသွားတယ်လို့တော့ပြောလို့ရပါတယ်။ ရုပ်ပေါက်အောင်ကြီးမဟုတ်ဘဲ လိုက်ဖက်ရုံလေးထည့်သွားတာပါ။

Emotional လည်းဖြစ်လို လူ့သဘာဝလည်းပေါ်တယ်ပြောရမှာပဲ။ သို့တိုင်အောင်ပဲ ဒါတွေကလိုတော့မလိုလှဘူး။ Thriller, Mystery အမျိုးအစားဆိုတော့ အဲဒီ၂ခုအရသာတော့ တော်တော်လေးရတဲ့အတွက် သူ့တာဝန်ကျေပြီမလား။ အခက်ခဲဆုံးဘဝတစ်ခုအကြောင်းပြသွားတဲ့အတွက် ဒရာမာလည်းတော်တော်ဆန်ပါတယ်။ ကောင်မလေးအဖေရဲ့ တစ်ချို့အခန်းတွေဆို အိမ်ကိုပါ ပြန်‌ပြေးမြင်မိသွားတဲ့အထိ အားနေပြဿနာပဲတက်နေတဲ့မိသားစုတွေကို ထင်ဟပ်မိစေပါတယ်။ ဒီဘဝကနေ သူ့ကားနာမည် ကျောက်ပုစွန်တွေ သီချင်းဆိုနေကြတဲ့နေရာ… ဆိုသလို ဒီအောက်ဆုံးဘဝငရဲက ကောင်မလေးအတွက် မဖြစ်နိုင်ခြင်းတွေ ဖြစ်နိုင်တဲ့နေရာ ရောက်မရောက်ကို ရင်တဖိုဖိုနဲ့ ကြည့်ရအောင်လုပ်နိုင်စွမ်းရှိတဲ့ ရုပ်ရှင်ပါပဲ။

ဒီရုပ်ရှင်က နာမည်ကျော်စာအုပ်ကို ရိုက်ထားတာတင်မဟုတ်ဘဲ နာမည်ကျော်အဆိုတော် တေလာဆွစ်ကပါ Carolina ဆိုတဲ့သီချင်းကို ဒီကားအတွက် သီးသန့်ရေးပေးထားတယ်။ အမေရိကန်က တောသူမလေးက တောသူမလေးအကြောင်း သီချင်းကို လိုလိုလားလားရေးပေး ဆိုပေးထားတာပါ။ စာအုပ်ဖတ်ပြီး သိပ်ကြိုက်လို့ ဇာတ်ကားရိုက်မယ်ကြားတော့ ရေးပေးလိုက်တာပါတဲ့။ ဇာတ်ကတော့ အပျင်းပြေကြည့်လည်း ပြေ၊ ထိုင်ဖီးလ်ချင်လည်း ပြေ၊ Mainstream ကားပေမဲ့ Art Film မကျတကျလေးလည်း ဖြစ်နေတော့ ဘယ်လိုပရိသတ်အတွက်မဆို အဆင်ပြေမယ့် ကားကောင်းတစ်ကားပါပဲ။

 

Read More 0 comments


Rating : 6.7/10
Country :Japan
Genre :Drama,Horror,Mystery,Japan Movie,
Released Date : 2022
Duration :  1h 41min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

 ယိုရှိမီဆိုတဲ့အမျိုးသမီးဟာ ယောကျာ်းနဲ့ ကွာရှင်းပြီးနောက် သမီး အီကုကို ကို ထိန်းသိမ်းစောင့်ရှောက်ခွင့်အတွက် အခြေအတင်ဖြစ်နေကြတုန်း အခြေအနေပါ။ လောလောဆယ် သမီးလေးနဲ့ အတူ နေဖို့အတွက် တိုက်ခန်းတစ်ခုကိုရှာနေခဲ့ပါတယ်။ အဆင်ပြေသွားတဲ့အခန်းက ဆောက်ထားတာကြာပြီမို့ မျက်နှာကျက်ကနေ ရေတွေ နည်းနည်းစီးကျနေခဲ့ပါတယ်။ တိုက်ခန်းမန်နေဂျာကို ပြောပေမယ့် အကြောင်းမထူးခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၂နှစ်တုန်းက ပျောက်ဆုံးသွားတဲ့ ကလေးမလေးဟာ သမီးလေးအီကုကို တက်ခဲ့တဲ့ကျောင်းမှာပဲ တက်သွားတာပါ။ တဏှာရူးတစ်ယောက်ယောက်က ခေါ်သွားတာလိုလို ဘာလိုလိုနဲ့ သတင်းအစအနပျောက်နေခဲ့ပါတယ်။ တိုက်ခန်းက ရေကလည်း တစ်နေ့တစ်နေ့ကျတာများလာတဲ့ အပြင် သူတို့သားအမိလည်း ထူးဆန်းတဲ့ဖြစ်ရပ်များကို ကြုံတွေ့လာရပါတော့တယ်။ ပျောက်ဆုံးသွားတဲ့ ကလေးမလေးဟာ သူတို့ရဲ့အပေါ်ထပ်မှာ နေခဲ့တယ်ဆိုတာကို သိရှိသွားပြီးနောက် ယိုရှိမီတစ်ယောက် မိခင်ပီပီ သူ့သမီးလေးကို ဘယ်လိုကာကွယ်စောင့်ရှောက်သွားမလဲ.....

 

 

Read More 0 comments


 

Rating : 6.5/10
Country :China
Genre :Action,Crime,Mystery,Chinese Movie,
Released Date : 2022
Duration :  1h 41min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဟောင်ကောင်မှာ စိတ္တဇဆန်ဆန် လူသတ်မှုတွေ ဖြစ်ပွားခဲ့ပြီး
တစ်ချိုအမှုတွေဆို နှစ်နဲ့ချီပြီး မဖော်ထုတ်နိုင်ဘဲ ရှိနေဆဲအချိန်မှာ
အဲ့လိုအမှုတွေကို တစ်ကိုယ်တော် ဖော်ထုတ်နေတဲ့
အံ့ဖွယ်စုံထောက် လီကျွင့်ကတော့ ရဲတပ်ဖွဲအတွက် မျက်စိနောက်စရာဖြစ်လိုနေပါတယ်

ဘာလိုလဲဆိုတော့ သူတံတားအောက်မှာ ရေးလိုက်တဲ့ စာလုံးအတိုင်း
အမှုတွေ ဖြစ်ဖြစ်လာနေလိုပဲ ဖြစ်ပါတယ် စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်
တာဝန်ကနေ ရပ်နားခံလိုက်ရတဲ့သူ့ကို လူတွေက ရူးနေပြီလို
သတ်မှတ်ကြပေမယ့် သူကတော့ သူ့ကိုယ်သူအံ့ဖွယ်စုံထောက်
ဆိုတာကို သက်သပြဖို အမြဲကြိုးစားခဲ့ပါတယ်
လုယက်လူသတ်မှု အလောင်းပျံအမှု ကွင်းဆက်လူသတ်မှု
သားသတ်သမားအမှု အစရှိတဲ့အမှုတွေမှာလူသတ်တရားခံရဲ့လှည့်ကွက်တွေကို
အံ့ဖွယ်စုံထောက်ကြီး လီကျွင့်က ဘယ်လိုဖြေရှင်းသွားမှာလဲ
ဒီလိုစိတ္တဇလူသတ်မှုတွေ အစတည်ရာကရော ဘယ်ကနေ လာတာလဲ
ဟောင်ကောင်ကားပရိသတ်တွေအတွက်တော့ ရင်းနှီးလောက်တဲ့
သရုပ်ဆောင်တွေကပဲ ပါဝင်ထားတာ‌ဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်တွေကလည်း
အရမ်းမိုက်တာမိုလို စုံထောက်ကားကြိုက်တဲ့သူတွေ အနေနဲ့တော့
သဘောကျမိမှာအမှန်ပဲဖြစ်လို ဒီကားလေးကို ကြည့်ကြည့်ဖို ညွှန်းပေးချင်ပါတယ်

 

Read More 0 comments


Rating : 3.4/10
Country :United State
Genre :Drama,Mystery,Thriller,
Released Date : 2022
Duration :  1h 30min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီရုပ်ရှင်ဟာ မြင်ရတွေ့ရခဲတဲ့ ရုပ်ရှင်ပါ။ အင်မတန် ဆန်းပြားတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ လူ့စိတ်ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ လင်မယားနှစ်ယောက် သင်္ဘောနဲ့ ခရီးတစ်ခုထွက်လာကြတယ်။ မိန်းမက လမ်းမှာတွေ့တဲ့ ကျွန်းလေးတစ်ကျွန်းမှာ ဆင်းချင်တယ်။ ယောက်ျားက မဆင်းချင်ဘူး။ ဒီလိုနဲ့ မိန်းမက ခိုးဆင်းသွားတယ်။ ဒါကိုယောက်ျားက ပြန်ခေါ်ဖို့ကြိုးစားတယ်။ ကျွန်းပေါ်က မိန်းမရယ်၊ လှေပေါ်က ယောက်ျားရယ်၊ စိတ်ချင်းလွန်ဆွဲကြတယ်။ ဒါကိုအတိတ်က ဖြစ်ရပ်လေးတွေနဲ့ ပေါင်းစပ်ပြီး လူ့သဘောမနောကို ထင်ဟပ်အောင်ပြထားတဲ့ရုပ်ရှင်ပါ။

ဒီရုပ်ရှင်ဟာ‌ တော်တော်လေးကိုထူးခြားတဲ့ ရုပ်ရှင်ပါ။ ဒီလိုတော်တော်ထူးခြားတဲ့ရုပ်ရှင်မှာ တော်တော်ကောင်းတဲ့ ဇာတ်ပို့မင်းသား တစ်ယောက်ပါပါတယ်။ သူကတော့ Ed Harris ပေါ့။ လက်ရှိ Westworld ထဲ အန်တနီဟော့ပ်ကင်းအလွန်မှာ သူသရုပ်ဆောင်အကောင်းဆုံးလို့ပြောလို့ရသလို Top Gun: Maverick တို့ Apollo 13 တို့ A Beautiful Mind နဲ့ National Treasures တို့လို ရုပ်ရှင်ကောင်းတွေအများကြီးမှာ ဇာတ်ပို့သရုပ်ဆောင်ခဲ့တဲ့သူပါ။

ဇာတ်လမ်းဟာ ထူးခြားတာနဲ့အညီ လိင်ဆက်ဆံခန်းကို ကွက်ကွက်ကွင်းကွင်း စိမ်ပြေနပြေကြီး ပြသွားတာမို့ တစ်ကိုယ်တည်းကြည့်ပြီး အတွေးပွားသင့်တဲ့ ဇာတ်ကားမျိုးပါပဲ။

 

 

Read More 0 comments


 

Rating : 3.4/10
Country :United State
Genre :Horror,Mystery,Thriller,
Released Date : 2022
Duration :  1h 34min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

 Horror ကားကောင်းကြိုက်တဲ့ ပရိသတ်ကြီးအတွက် ထပ်မံ
ထွက်ရှိလာတဲ့ ကားကောင်းလေးကတော့ They/Them 2022
ဖြစ်ပါတယ်။ Horror ကားကောင်းလေးတွေဟာ ထွက်ခဲလေ့ရှိပြီး
Horror ကား‌လေး‌တွေကို တကယ်ကောင်းတယ်၊ မကောင်းဘူး
သတ်မှတ်ချက်တွေဟာလည်း တစ်ယောက်နဲ့တစ်ယောက်တူမယ်
မထင်ပါဘူး။

Horror ကားတွေ ခဏခဏဘာသာပြန်ဖူးတဲ့ ကျွန်တော့်အနေနဲ့
ကတော့ ကြည့်ရတာ မဆိုးဘူးလို့ သတ်မှတ်မိတဲ့ ကားလေးလည်း
ဖြစ်ပါတယ်။

အကြမ်းပတမ်း ပိုးစိုးပက်စက်ကြီး သတ်နေတာတွေ မတွေ့ရနိုင်ပေမဲ့
ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ ကြည့်ပျော်ရှုပျော်လေးမို့
တင်ဆက်ပေးလိုက်ပါတယ်။

LGBTQ+ လူငယ်လူရွယ်တစ်သိုက်ဟာ conversion camp လို့ခေါ်တဲ့
သူတို့ကို ပုံမှန်လိင်စိတ်ပြန်‌ဖြစ်အောင် ပြောင်းလဲပေးမယ့် စခန်းကို
ရိုက်ကွင်းတည်ပြီး ရိုက်ကူးထားတဲ့ Horror ကား‌ကောင်းလေးဖြစ်တဲ့
They/Them ကို ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။

 

Read More 0 comments


 

Rating : 6.6/10
Country :United State
Genre :Crime,Drama,Mystery,
Released Date : 2022
Duration :  1h 50min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

“တွမ် ရစ်ပလေ”

ဒီလူက ဘာလား။ အူကြောင်ကြောင်ကောင်လား။ မထုံတက်တေးလား။ လူယုတ်မာလား။ လူပျော့လူညံ့လား။ သွေးအေးသူကြီးလား။

သူဟာ လူထဲက လူတစ်ယောက်ပါပဲ။ နည်းနည်းတော့ အရောင်ပိုစုံတယ်ပေါ့ဗျာ။ ကောင်းရောင်းကောင်းဝယ် လုပ်စားနေသူတော့မဟုတ်ပါဘူး။ ဖျံကျတတ်တယ်၊ ဖျံကျခြင်းရဲ့ အန္တရာယ်တွေကို လူမိုက်ဆန်ဆန် ကာကွယ်နိုင်တယ်။ ပိုက်ဆံရဖို့အတွက် အချီကြီးကြံတဲ့သူ။ ဒါပေမဲ့ ငွေနောက်ကို ဆက်တိုက် တမ်းတမ်းစွဲလိုက်နေသူတော့မဟုတ်ဘူး။

သူလိုချင်သလောက် ရလိုက်တော့ ခြေငြိမ်သွားတယ်။ ဇာတ်မြှုပ်သွားတယ်။ ဂီတပညာရှင် ဇနီးသည်ကို အကောင်းဆုံးထောက်ပံ့လို့ ဂီတသံနဲ့ ပန်းချီကားကြားမှာ မွေ့လျော်နေတဲ့ သူဌေးကြီးပေါ့။

အတိတ်က အရိပ်လိုလိုက်နေသတဲ့။ အတိတ်တစ္ဆေလာခြောက်တဲ့အခါ တွမ်ရစ်ပလေ က မထုံတက်တေးပါပဲ။ သူနဲ့အလုပ်အတူလုပ်ခဲ့တဲ့ လူမိုက်တစ်ယောက်က သူ့ကို လူသတ်ပေးဖို့ အကူအညီတောင်းခဲ့တယ်။ ဒါကိုပဲ ပါတီတစ်ခုမှာ သူမရှိဘူးမှတ်လို့ အတင်းတုပ်ခဲ့တဲ့ ပန်းချီကားဘောင်ကွပ်လုပ်တဲ့ လက်သမား သွေးကင်ဆာလူနာကို အဲဒီပြဿနာထဲဆွဲထည့်လိုက်တယ်။

ဆင်းရဲလှရှာတဲ့၊ ရောဂါကြောင့်သေခါနီးဖြစ်နေတဲ့ အင်္ဂလိပ်လူမျိုးလေးကို ငွေတွေအပုံလိုက်ပေးပြီး လူသတ်ခိုင်းတဲ့အစီအစဉ်မှာ တွမ်ရစ်ပလေက နောက်ကွယ်က လက်မည်းကြီးပေါ့။ ဒါပေမဲ့ လူမိုက်လောက လူသတ်တယ်ဆိုတာ ဝင်ပြီးပြန်ထွက်သွားလို့ရတဲ့ ပြည့်တန်ဆာအိမ်မှ မဟုတ်ဘဲလေ။ လူသတ်ခိုင်းသူကလည်း နောက်ထပ်သတ်ပေးစေချင်တယ်။ အသတ်ခံလိုက်ရသူတွေဘက်ကလည်း လက်စားချေချင်တယ်။

ဒီတော့ ရောဂါသည် လူသတ်သမားလက်သစ်လေး သူ့ပယောဂနဲ့ အန္တရာယ်ပတ်လည်ဝိုင်းလာတဲ့အခါ တွမ် ရစ်ပလေ ဟာ သူဖော်တဲ့ဆေး သူပြန်စားရတော့တာပါပဲ။ အငြိမ်းစားလူမိုက်သူဌေးကြီး နဲ့ ရောဂါသည်တစ်ယောက် အရှုပ်တော်ပုံထဲမှာ သပွတ်အူမျှင် ထိုင်ရေနေကြပုံကို လူကြီးမင်းတို့ ခံစားကြည့်ရှုရပါမယ်။

ဒီဇာတ်ကားဟာ သာမန်ပရိသတ်တွေထက် ဝေဖန်ရေးဆရာတွေနဲ့ ရုပ်ရှင်အသိုင်းအဝိုင်းထဲမှာ အင်မတန်နာမည်ကြီးပါတယ်။ မူရင်းဝတ္ထုက အတွဲလိုက်လာတာဖြစ်ပြီး ဒီဇာတ်ကားက သုံးပုဒ်မြောက်ဖြစ်ပါတယ်။ ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်တွေ့ပြီး ကောင်းမွန်တဲ့ မှတ်ချက်တွေ အများကြီးရထားတာပါ။ ခရမ်းချဉ်သီးပုပ် ၉၂ % လည်း ရထားတယ်ဗျ။

ဝေဖန်ရေးဆရာ Roger Ebert က ဒီဇာတ်ကားကို သူ့အကြိုက်ဆုံးရုပ်ရှင်စာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။ သူပြောတဲ့စကားအရဆိုရင် Ripley ရုပ်ရှင်လေးကားထဲမှာ အကောင်းဆုံးပါတဲ့။ ဟုတ်ပါတယ်နော်။ anti-hero ဖြစ်တဲ့ Ripley ဇာတ်ကောင်အတွက် ရုပ်ရှင်လေးကားရိုက်ထားပါတယ်။ ဒီထဲကမှ အကောင်းဆုံးကားကို ရွေးပြီး တင်ဆက်လိုက်ပါတယ်ခင်ဗျာ။..

 

Read More 0 comments


Rating : 6.3/10
Country :India
Genre :Crime,Drama,Mystery,India Movie,
Released Date : 2022
Duration :  2h 3min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဘယ်သူက တရားခံလဲ…
ဘယ်သူက နစ်နာသူလဲ…
တရားမှုကို ဘယ်လိုရှာဖွေကြမလဲ…
ထောင်ထဲမှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်နဲ့ အကျဥ်းကျနေပေမယ့်လည်း
သူ့ဘဝကိုဖျက်ဆီးခဲ့သူတွေကို လက်တုံ့ပြန်သတ်ဖြတ်ဖို့ စိုင်းပြင်းနေတဲ့ ဗတ်ထရီ…
တစ်ချိန်တည်းမှာပဲ ဗတ်ထရီရဲ့ အကျဥ်းခန်းနံရံမှာ ပုံဆွဲထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့
နာမည်ကျော်လူချမ်းသာဆရာဝန်တစ်ယောက် သတ်ဖြတ်ခံရတဲ့အခါ…

သူမရဲ့ အမှုလိုက်နိုင်စွမ်းကြောင့် ဒီလူသတ်မှုစုံစမ်းရာမှာပါဝင်လာတဲ့ ရဲဆာဂျင်ဘတ်ဒရာနဲ့ ရဲအရာရှိဗီရှယ်တို့
ဗတ်ထရီကို မေးမြန်းစစ်ဆေးရင်း ဘယ်လိုရှုပ်ထွေးတဲ့နောက်ကြောင်းတွေ ပေါ်ထွက်လာဦးမလဲ…
ဗတ်ထရီက တကယ့်လူသတ်တရားခံလား၊ ဒါဆိုရင် အကျဥ်းခန်းထဲကနေ
သူဘယ်လိုသတ်လိုက်တာလဲ၊ သူ့ကို ဘယ်သူက ကူညီနေတာလဲ၊
ဘယ်သူတွေ ထပ်ပြီးအသတ်ခံရဦးမှာလဲ၊ ဘာကြောင့်လဲ…
စတဲ့မေးခွန်းပေါင်းများစွာ၊ အလှည့်အပြောင်းများစွာ၊ ရင်နင့်ခံပြင်းစရာ
အဖြစ်အပျက်များစွာနဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့် မှုခင်းဒရာမာဇာတ်ကားလေးဖြစ်ပါတယ်…

 

 

 

Read More 0 comments


 

 

Episodes : 18
Country :Thai
Released Date : 2022
 
 

အညွှန်း

Apinan တစ်ယောက် အရက်မူးပြီးကားမောင်းရင်းလမ်းမှာ လူတစ်ယောက်ကို
တိုက်မိပြီးနောက် အဲဒီလူက သေဆုံးသွားခဲ့ပါတယ်။
ဖြစ်ချင်တော့ သေသွားတဲ့သူဆီမှာ စေ့စပ်ထားတဲ့ကောင်မလေး Jaytiya ရှိနေတာပါ။

Apinan ကလည်း ကိုယ့်အပြစ်ကိုယ်သိလို့ ကိုယ်တိုင် ပြစ်မှုဝန်ခံလိုက်တဲ့နောက်
၆ နှစ် ထောင်ကျသွားခဲ့ပါတယ်။ ထောင်မကျခင်မှာ သူ့ကောင်မလေး Mink က ကိုယ်ဝန်ရှိနေခဲ့တာပါ။

ထောင်ထဲမှာ ကောင်းကောင်းနေထိုင်ခဲ့လို့ လျှော့ရက်ရပြီး ၃ နှစ်တည်းနဲ့
ထောင်ထဲကပြန်ထွက်လာနိုင်တဲ့အခါမှာတော့ သူ့ကောင်မလေး Mink က
ကိုယ်ဝန်ပျက်ကျပြီး Mink ပါ တစ်ပါတည်း ဆုံးပါးသွားခဲ့ပါပြီ။

နောက်ပိုင်း Jaytiya နဲ့ Apinan တို့ဆုံတွေ့ကြတဲ့အခါ Jaytaya မှာတော့
သူ့ကောင်လေးကိုကားတိုက်ခဲ့ပြီး ၃ နှစ်တည်းနဲ့ ထောင်ထဲကထွက်လာတဲ့ Apinan ကို
မကျေမချမ်း ဖြစ်နေတော့တာပါ။
အဲဒီနောက် Apinan ကို အပြစ်ဒဏ်ဆက်ခံရစေဖို့အတွက်
Jaytaya တစ်ယောက် ဘယ်လိုကြိုးပမ်းသွားမလဲ.....

Read More 0 comments


 

Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

အရင် Season 1 ကြည့်ဖူးတဲ့လူတွေအတွက်ကတော့

အထူးတလည်ပြောစရာမလိုတော့ပါဘူး

ဒီ Season 2 မှာလည်း

အကြမ်းဖက်နှိမ်နှင်းရေးအဖွဲနှစ်ကနေ

ဘယ်လိုအမှုတွေဖြေရှင်းသွားမလဲ

ဘယ်လိုတွေစခွီထရဦးမလဲဆိုတာ

ကြည့်ဖိုအဆင်သင့်ဖြစ်ကြပြီထင်ပါတယ်

အမှန်တရားကို လိုလားပြီး

ဘယ်အမှုကိုမဆိုရအောင်လိုက်တတ်တဲ့

အိုဂျီဟျော့နဲ့ ဂန်ဒိုချန်း…အတူတူ အတွဲညီစွာနဲ့

ကွင်းဆက်လူသတ်မှုတစ်ခုနောက်လိုက်ခဲ့ကြပါတယ်

အရင်လိုပဲ ကတောက်ကဆလေးနဲ့

သူတိုနှစ်ယောက်ပူးပေါင်းပြီး အမှုတွေကို

ဘယ်လိုစိတ်ဝင်စားစရာကောင်းအောင် ဖြေရှင်းသွားမလဲ........

 

 

Read More 0 comments


Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

ပတ်ချန်ဟိုဟာဆိုရင် တရားခွင်မှာ နိုင်နိုင်ချေ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတဲ့
ရှေ့နေတစ်ယောက်ပါ အရမ်းလည်းစကားများလွန်းလို့ လူတိုင်းက ​
Big mouth(အာကျယ်ကောင်)ဆိုပြီး နာမည်ပြောင်ပေးထားရသူပါ
ဂိုမီဟိုကတော့ ပတ်ချန်ဟိုရဲ့မိန်းမဖြစ်ပြီး သူနာပြုဆရာမလေးတစ်ယောက် ဖြစ်ပါတယ်
ရုပ်ရည်ချောမောရုံသာမက ယောကျာ်းဖြစ်သူ ရှေ့နေဖြစ်လာတဲ့အထိ ငွေကြေးပိုင်း
စိတ်ပိုင်းဆိုင်ရာအဘက်ဘက်ကနေ supportive ပေးခဲ့တဲ့ မိန်းမဖြစ်တဲ့အပြင်
အရမ်းကိုထက်မြတ်တဲ့မိန်းကလေးဆိုလည်း မမှားပါဘူး

တစ်နေ့မှာ ချန်ဟိုတစ်ယောက် လူသတ်မှုတစ်ခုမှာပါဝင်ဖို့
အကြောင်းဖန်လာပြီးတော့ ဥာဏ်ကြီးရှင်လူလိမ် Big mouth အဖြစ်သံသယဝင်ခံရတဲ့အခါ…..
လင်မယားနှစ်ယောက်ပေါင်းပြီးတော့ ဒီလိုစွပ်စွဲခံရတဲ့ကိစ္စကို ဖြေရှင်းကြမှာလဲ
တကယ့်တရားခံအစစ်ကရောဘယ်သူလဲ ........

 

 

Read More 0 comments