Country : United State
Genre : Action, Crime, Drama
Cast : Jean Reno, Gary Oldman, Natalie Portman
Released Date : 1994
Duration : 1h 50min
သွေးအေးတဲ့ ကြေးစားလူသတ်သမား တစ်ယောက်ပါ။တစ်နေ့မှာ မူးယစ်ဆေးကိစ္စနဲ့ပတ်သက်ပြီး မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရတဲ့အိမ်နီးချင်း ဆယ်ကျော်သက်ကောင်မလေး Mathilda ကို အမှတ်မထင် ကယ်တင်ပေးဖို့ဖြစ်လာခဲ့ပါတယ်။လက္တံု ့ျပန္ခ်င္တဲ့ Mathilda ေလးက Leonဆီကလူသတ်ပညာကို သင်ယူပါတော့တယ်…လူငယ်ပီပီ ပွင့်လင်းပြီး တဇွတ်ထိုးနိုင်တဲ့ Mathilda လေးကြောင့်Leon ရဲ့အေးစက်နေတဲ့ နှလုံးသားက နွေးထွေးတဲ့ချစ်ခြင်းကိုခံစားမိလာချိန်မှာတော့..ဦးလေးကြီးနဲ ဆယ်ကျော်သက်ကောင်မလေးတို့ရဲ့စုံတွဲ ခပ်ကြမ်းကြမ်း အက်ရှင်တွေသာမကသူတို့နှစ်ယောက်ကြားက စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတရားကိုပါ ကြည့်ရှုခံစားရမှာပါ…ရသမျိုးစုံကို ပေးနိုင်တဲ့ ဇာတ်ကားကောင်းဖြစ်တဲ့အပြင်ဇာတ်လမ်းပြီးသွားချိန်ထိ ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မှာ အသေအချာပါပဲ….
Country : China
Genre : Action, Adventure, Comedy
Cast : Jet Li, Chingmy Yau, Deannie Ip
Released Date : 1994
Duration : 1h 35min
Country : United State
Duration : 1h 43min
အညွှန်း
ဒီဇာတ်ကားလေးက တစ်ခြားအချိန်မှာကြည့်မယ်ဆို ရိုးရိုးတမ်းတမ်းပဲ မတ်မတ်ရဲ့အလှအပကိုပဲ သီးသန့်ခံစား၊ ဒါပေမဲ့ ဇာတ်ကွက်ကိုသိပ်ခံစားလို့မရမယ့်ကားမျိုးပါ။ အဲလိုပေမဲ့ အခုတော့ ကျွန်တော်တို့ ဒီအခြေအနေကြီးနဲ့ဆိုတော့ တော်တော်ကြည့်ရကိုက်တဲ့ကားဖြစ်သွားပြီမို့လို့ပါ။ဇာတ်လမ်းအကျဉ်းကတော့ ချီလီနိုင်ငံလေးကို လောဘဇောတက်နေတဲ့ အာဏာရူးဗိုလ်ချုပ်ကြီးက အာဏာကောက်သိမ်းတဲ့အကြောင်းနဲ့စတယ်ပေါ့ဗျာ။ အဲလိုအာဏာသိမ်းတဲ့အချိန်မှာ အီရင်းနဲဆိုတဲ့သတင်းထောက်မလေးကျွန်တော်တို့မတ်မတ်ရဲ့အမေက ဘောမကြီးလုံးလုံးပဲဆိုပါတော့ဗျာ။အဲဒီတော့ အဲလိုအခြေအနေမျိုးမှာ သတင်းထောက်မလေး အီရင်းနဲကို လီရယ်ဆိုတဲ့ ဓာတ်ပုံဆရာတစ်ဖြစ်လဲ စိတ်ပညာရှင်ဒေါက်တာလေးက အာဏာရှင်ရဲ့မကောင်းကွက်တွေကို အတူထုတ်ဖော်ဖို့ကြိုးစားကြတာကို ဒေါသအလိပ်လိပ်ထွက်လိုက်၊ မတ်မတ်ကို မြင်ပြီးစိတ်ပြန်ငြိမ်လိုက်နဲ့ကြည့်ရမယ့်ကားမျိုးပါ။ ဒီကားက သူ့အဖော်အချွတ်အလှအပခန်းတွေလည်းများလို့ မိသားစုနဲ့မကြည့်သင့်တဲ့ကားလေးပါ။ ဒါကြောင့် 1994 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Of Love and Shadows လေးကို ဒေါသထွက်ရရင်း စိတ်လည်းပြန်လျှော့ရရင်း ခံစားကြည့်ရှုပေးလှည့်ပါဦးခင်ဗျာ။
Country : United State
Duration : 1h 42min
အညွှန်း
Halloween မှာ လက်ထပ်ဖို့ စီစဉ်ထားတဲ့ စုံတွဲလေးဟာ တစ်ရက်အလိုမှာ ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။
The Crow (ကျီးကန်း) ဟာ သေသူတွေရဲ့ ဝိဉာဉ်ကို သယ်ဆောင်ပေးတဲ့ အချိတ်အဆက်လေးပေါ့။ထူးဆန်းစွာ တစ်နှစ်ကြာအပြီးမှာ သေဆုံးသွားတဲ့ လူရွယ်ဟာ ထူးဆန်းစွာ ပြန်လည်နိုးထလာခဲ့တယ်..နာကျဉ်းမှုတွေနဲ့နှိုးထလာခဲ့တဲ့ သူဟာ သူနဲ့ သတို့သမီးလောင်းလေးကိုသတ်ဖြတ်ခဲ့တဲ့ လူမိုက်တွေကိုလက်စားချေဖို့ကြိုးစားပါတော့တယ်…he Crow ဆိုတဲ့ အက်ရှင်ကားဟာ Bruce Lee ရဲ့ သား Brandon Lee မကြွေလွင့်ခင်ရိုက်ခဲ့တဲ့ နောက်ဆုံး ကားလေးပေါ့။ ဒီကားလေး ရုံတင်ဖို့ ရက်အနည်းငယ် အလိုမှာပဲ Brandon Lee ဟာ သေဆုံးသွားခဲ့တာပါ။1994 တုန်းက အင်မတန် နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေး။အက်ရှင်ကားကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း
Country : United State
Genre : Action, Crime, Sci-Fi
Cast : Jean-Claude Van Damme, Mia Sara, Ron Silver
Released Date : 1994
Duration : 1h 39min
Country : United State
Genre : Comedy
Cast : Jim Carrey, Courteney Cox, Sean Young
Released Date : 1994
Duration : 1h 26min
Country : United State
Genre : Drama, Mystery, Romance
Cast : Irène Jacob, Jean-Louis Trintignant, Frédérique Feder
Released Date : 1994
Duration : 1h 39min
ဗယ်လယ်တိုင်းဟာခွေးကိုပြန်ပေးဖို့ထိုသူရဲ့အိမ်ကိုသွားတဲ့အခါမှာတော့အိမ်နီးနားချင်းတွေဖုန်းပြောတာကိုခိုးနားထောင်နေတဲ့မော်ဒယ်ဒိုင်ဟောင်းနဲ့ပက်ပင်းတိုးပါတော့တယ်ဗယ်လယ်တိုင်းဟာဒေါသထွက်ပြီးစကားနိုင်လုပြောရင်းခပ်ကြောင်ကြောင်သံယောဇဉ်တစ်ခုကိုအတူရှာတွေ့သွားတဲ့အခါမှာတော့…
Country : United State
Duration : 1h 47min
အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားလေးဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ R.L. Stine ရဲ့ Best-Selling Fear Street Book Series ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး။
Part -1(1994), Part – 2(1978), Part -3(1666) ဆိုပြီး ၃ကားတွဲ တစ်ပတ်ခြားစီဆက်တိုက်ထွက်
လာမယ့် Trilogy Event လည်းဖြစ်ပါတယ်ဇာတ်လမ်းကတော့… ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့ ဘေးချင်းကပ်မြို့
နှစ်မြို့ရှိကြတယ်… ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့
စုတ်ပြတ်နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ…
ဒီနာနဲ့ ဆမ်က ရှိတ်ဒီဆိုဒ်မြို့ခံ ချစ်သူစုံတွဲလေးပေါ့၊ ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့ သူတို့ လမ်းခွဲစကြရာက
မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီး သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတဲ့အခါမှာတော့…
သူတို့မြို့လေး တကယ်ပဲကျိန်စာသင့်နေတာလားဆိုတာ ကြည့်ရှူခံစားရမှာဖြစ်ပါတယ်။
တော်တော်လေးကို ဇာတ်ရှိန်မြင့်ပြီးကြည့်လို့ကောင်းပါတယ်။
Country : United State
Duration : 1h 52min
အညွှန်း
လောကကြီးထဲမှာ ဟိုးရှေးခေတ်ကတည်းကစပြီး ဘုရားသခင်ရဲ့ဖန်ဆင်းမှုတွေထဲမှာ ရောပြီးပါဝင်လာတဲ့ မကောင်းဆိုးဝါးဆိုတာ ရှိပါတယ်တဲ့။ သူက ခေတ်အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ အပြစ်မဲ့သူတွေကို သတ်ဖြတ်လာခဲ့ပါသတဲ့။လူတွေက စိတ်ကူးစိတ်သန်းတွေထုတ်ပြီး ဇာတ်လမ်းတွေ ပုံပြင်တွေ ရေးဖြစ်တဲ့အချိန်မှာတော့ စာရေးဆရာတွေရဲ့ စိတ်ကူးဉာဏ်က မကောင်းဆိုးဝါးကို ဖမ်းယူပြီး ဇာတ်လမ်းထဲမှာ ထည့်ပိတ်လိုက်မိတယ်ဆိုပဲ။ ဇာတ်လမ်းမပြီးသေးသရွေ့တော့ မကောင်းဆိုးဝါးဟာ ဇာတ်လမ်းထဲမှာပဲ ပိတ်မိနေတာပေါ့။ ဇာတ်လမ်းပြီးသွားတဲ့အခါမှာတော့ မကောင်းဆိုဝါးက ပုံစံအသစ်နဲ့ပဲဖြစ်ဖြစ် ပုံစံအဟောင်းနဲ့ပဲဖြစ်ဖြစ် လောကကမ္ဘာအစစ်ထဲကို လွတ်မြောက်လာပါရောတဲ့။
အခု Elm လမ်းပေါ်က အိပ်မက်ဆိုးဇာတ်ကားတွေထဲမှာ Freddy အဖြစ် ပိတ်မိနေတဲ့ မကောင်းဆိုးဝါးကြီးက Part 6 The Final Nightmare အပြီး ဇာတ်လမ်းအပြီးသတ်သွားတာကြောင့် လူ့လောကကို ထိုးဖောက်ဝင်လာဖို့ ကြိုးစားတဲ့အချိန်ပေါ့။ Freddy ကို အသက်သွင်းခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ရယ်၊ သူ့ကို ပထမဆုံး အနိုင်ယူခဲ့တဲ့ Nancy အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး Heather ရယ် သူမရဲ့သားလေး Dylan ရယ်ဆီကို Freddy အမည်ခံ မကောင်းဆိုးဝါးကြီး ရောက်ရှိလာပြီး ပြင်ပကမ္ဘာကို ထွက်လာဖို့ ကြိုးပမ်းချိန်မှာတော့ ဟောဒီ Part 6 The New Nightmare ဇာတ်ကားကြီး ဖြစ်ပေါ်လာပါတယ်။ကျွန်တော်တို့မြင်နေကြ Freddy ဟာ ပုံစံသစ် လက်သည်းအသစ်နဲ့ ရှယ်ကြမ်းပလန်ဝယ်ပြီး ဝုန်းတာကို တစ်ဝကြီး ကြည့်ရှုရမှာပါ။ စကားမစပ် အသက်ဆယ်နှစ်ကြီးသွားပြီဖြစ်တဲ့ Nancy လေးကို ပြည့်ဖူးနုရွတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ရှုစားရပါမယ်။ သူမ ဘယ်လောက်ထိ လှလာလဲဆိုတာတော့ ဒေါင်းမျိုးလို့ ပြောနိုင်လောက်တဲ့ထိကို လှလာတာပါနော်။ ကြည့်ရှုခံစားလိုက်ကြပါဦး။
ပရိတ်သတ်ကြီးအတွက် ဂျွန်ကလော့ဒ်ဗန်ဒမ်းရဲ့ Street Fighter ဆိုတဲ့ Action/Thriller/Sci-Fi အမျိုးအစား ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ
ဒီကားထဲမှာ ဗန်ဒမ်းကို A.N တပ်မှူးကြီး အက်ဖ်ဝီလီယံဂိုင်လ် အဖြစ်မြင်တွေရမှာဖြစ်ပြီး အခြားဇာတ်ဆောင်တွေများစွာလည်း ပါဝင်အားဖြည့်ထားပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့ ကယ်ဆယ်ရေးလုပ်သား ၆၃ ယောက်ကို ပြန်ပေးဆွဲပြီး ပြန်ရွေးငွေ “ဒေါ်လာ ၂၀ ဘီလီယံ” တောင်းဆိုထားတဲ့ အာဏာရူးဗိုလ်ချုပ်အမ်ဘိုင်ဆန် လက်ကနေ ဒီဓားစားခံတွေကို ဗိုလ်မှူးကြီးဂိုင်လ်နဲ့ အဖွဲ့သားတွေ ဘယ်လိုလက်တွဲညီညီကယ်ဆယ်ကြမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါစို့
Country : United State
Genre : Animation, Adventure, Drama
Cast : Rowan Atkinson, Matthew Broderick, Niketa Calame-Harris
Released Date : 1994
Duration : 1h 28min
ကို သူ့အပြစ်လို့ထင်အောင်လုပ်ပြီးအဝေးကြီးကို ထွက်သွားစေခဲ့ပါတယ်။ အဲဒီနောက်မှာ ခွေးအတွေကို ခြင်္သေ့တွေနဲ့ပေါင်းနေစေပြီး တောအုပ်ကြီးတစ်ခုလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ အကူညီရှာဖို့ထွက်လာတဲ့ ခြင်္သေမငယ်သူငယ်ချင်းနဲ့ အတိတ်ကနေ ထွက်ပြေးနေတဲ့ စင်ဘာတွေ့ ပြန်တွေ့ကြတဲ့အခါမှာ……
Country : China
Genre : Action, Drama
Cast : Brigitte Lin, Maggie Cheung, Leslie Cheung
Released Date : 1994
Duration : 1h 40min
Country : United State
Genre : Comedy, Drama, Romance
Cast : Zbigniew Zamachowski, Julie Delpy, Janusz Gajos
Released Date : 1994
Duration : 1h 32min
ကွာရှင်းဖို့ဖြစ်လာပါတယ်ကောင်လေးကိုတရားရုံးကဖြေရှင်းပေးပေမယ့် စကားမတတ် ရှေ့နေမရှိတော့ အမှုရှုံးပြီးကိုယ့်ဌာနေကိုယ်ပြန်ခဲ့ရပါတယ်ဒီလိုနဲ့ သူကြိုးစားပြီး အရမ်းချမ်းသာလာတဲ့တနေ့မှာကောင်မလေးကိုဘယ်လိုပြန်ဆက်ဆံမလဲဆိုတာ…File Size : (1gb) and (600 MB)
Country : United State
Genre : Drama, Romance
Cast : Tom Hanks, Rebecca Williams, Sally Field
Released Date : 1994
Duration : 2h 22min
ကျွန်တော့်အတွက်တော့ ကြည့်ခဲ့ဖူးသမျှ ရုပ်ရှင်တွေထဲမှာ အကြိုက်ဆုံးဇာတ်ကားပါ။
ကမ္ဘာပေါ်မှာ အကြည့်သင့်ဆုံးဇာတ်ကားတွေထဲမှာ ပါပါတယ်။
အကြိုက်ဆုံးမင်းသားကိုလဲ Tom Hanks ဖြစ်သွားအောင် ဒီဇာတ်ကားကဆွဲဆောင်နိုင်ခဲ့ပါတယ်။
အချစ်၊ဟာသ၊ စစ်ပွဲ၊ အက်ရှင်၊ အလွမ်း၊ အစုံ ပါဝင်တာ ဒီကားတစ်ကားပဲ ရှိတယ်လို့တောင် ပြောလို့ရပါတယ်။Winston Groom ရဲ့ Novel ကိုအခြေခံလို့ Eric Roth ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ Robert Zemeckis ရိုက်ကူးခဲ့တဲ့ ဒီကားဟာ အော်စကာ Best picture, Best director, Best actor, Best adapted screenplay, Best visual effects, Best editing ဆုတွေရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ မင်းသား Tom Hanks အတွက်တော့ ရှားရှားပါးပါး နှစ်နှစ်ဆက်(Philadelphia, Forrest Gump) အော်စကာရရှိစေခဲ့တာပါ။ Tom Hanks အပြင် Robin Wright, Gary sinise, Mykelti Williamson, Sally Field တို့ပါဝင်ပါတယ်။ Tom Hanks ဟာ Forrest Gump အဖြစ်ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ဖို့ Forrest ကလေးဘဝကိုသရုပ်ဆောင်ခဲ့တဲ့ ကောင်လေးရဲ့ စကားပြောဟန်တွေ၊ အမူအရာတွေကိုတုပသင်ယူခဲ့ရပါတယ်။ အဲ့ကောင်လေးက Tom Hanks အော်စကာနှစ်နှစ်ဆက်ရရှိစေတဲ့အကြောင်းရင်းတစ်ရပ်ဆိုလည်းမမှားပါဘူး။ဒီကားမှာ visual effects တွေကလည်း အံ့ချီးလောက်စရာပါ။ ဒီကားမှာ Forrest Gump ရဲ့ဘဝဖြစ်စဉ်တွေကို ၂၀ရာစုနှောင်းပိုင်း အမေရိကန်ရဲ့ကျော်ကြားတဲ့အဖြစ်အပျက်တွေနဲ့ချိတ်ဆက်ပေးထားတာမို့ အမေရိကန် အထင်ကရ ပုဂ္ဂိုလ်ကြီးတွေနဲ့ Forrest တို့တွေ့ဆုံတဲ့အခန်းတွေပါဝင်ပါတယ်။ အဲဒီအခန်းတွေက တကယ့်သတင်းရုပ်ရှင်တွေမှာ Tom Hanks ရဲ့ရုပ်ပုံတွေကို နည်းပညာသုံးပြီးထည့်သွင်းထားခဲ့တာပါ။ John Lennon, John F.Kennedy, Richard Nixon တို့နဲ့ Forrest တို့စကားစမြည်ပြောတာတွေ၊ လက်ဆွဲနှုတ်ဆက်တာတွေကို အံ့အားသင့်ဖွယ်တွေ့ရပါလိမ့်မယ်။ နောက် Lieutenant Dan ရဲ့ ခြေပြတ်ကြီးကလည်း ပီပြင်လွန်းလှတယ်။ Robert Zemeckis ကတော့သူရိုက်တဲ့ကားတိုင်းလိုလို Special effects တွေလှိုင်လှိုင်ကြီးသုံးတတ်သူပါ။ Motion-capture နည်းပညာသုံးတဲ့ Animation ဇာတ်ကားတွေကိုလည်းစတင်ပြီးတွင်တွင်ကျယ်ကျယ်ရိုက်ကူးခဲ့သူပါ။ The polar express, Beowulf, A christmas carol စတာတွေပေါ့။
Forrest Gump ဇာတ်ကားကိုကြိုက်ရခြင်းအကြောင်းတွေမှာ ရုပ်ရှင်တစ်ကားရဲ့ကောင်းခြင်းအဖြာဖြာနဲ့ပြည့်စုံတဲ့အကြောင်းအပြင် Forrest Gump ဆိုတဲ့ Character ကိုလည်းစိတ်ဝင်စားမိလို့ပါ။ Tom Hanks ကအင်တာဗျူးတစ်ခုမှာပြောခဲ့သလို Forrest ရဲ့ခေါင်းထဲမှာ သူ့အမေနဲ့ Jenny တို့ပဲရှိတယ်။ အမုန်းတရားတွေ၊ သူ့အပေါ်မကောင်းကြံတာတွေ၊ မလိုမုန်းထားတာတွေကို သူ့မှာခွဲခြားသိနိုင်တဲ့ ဉာဏ်ရည်မရှိဘူး။ ဒါ့ကြောင့် သူ့ဘဝဟာပကတိအေးချမ်းလှတယ်လို့ ထင်မိပါတယ်။ သူသိတာ သူ့အမေကိုဂရုစိုက်မယ်၊ သူငယ်ချင်းတွေအပေါ်ကောင်းမယ်၊ Jenny ကိုချစ်မယ်။ ဒါပဲ။
အရမ်းကိုရိုးရှင်းဖြူ စင်တဲ့ ဘဝတစ်ခုကို မီးမောင်းထိုးပြထားတာပါ။ဇာတ်ကားထဲမှာ အဓိကပေးချင်တဲ့ Main Theme Dialogue ကိုလဲသဘောကျမိပါတယ်။
” ကျွန်တော်တို့ရဲ့ဘဝတွေဟာ ဘယ်အချိန်ဘာဖြစ်မယ်လို့တိတိကျကျသတ်မှတ်ပြီးသားလား၊ ဒါမှမဟုတ် ရည်ရွယ်ရာမရှိဘဲ လေယူရာတိမ်းနေရတာလား၊ နှစ်မျိုးလုံးတစ်ပြိုင်တည်းဖြစ်နေတာလား…..ကျွန်တော်တော့ စဉ်းစားလို့ဉာဏ်မမီပါ။ ဘယ်လိုမျိုးပဲဖြစ်ဖြစ် သေချာတာကတော့ ကျွန်တော်တို့မှာစီရင်ပိုင်ခွင့်မရှိတာပါပဲ။”ဇာတ်ကားရဲ့ အဖွင့်ခန်းနဲ့အပိတ်ခန်းမှာ ငှက်တောင်မွှေးလေးကိုထည့်သွင်းထားပါတယ်။ ငှက်တောင်မွှေးလေးဟာ လေအဝှေ့မှာ မိုးပေါ်ထိုးတက်သွားတယ်။ လေအငြိမ်မှာပြန်ကျလာတယ်။ မြေပြင်နဲ့ထိတော့မယ့်ဆဲဆဲ ဘေးကကားတစ်စီးရဲ့အဟုန်နဲ့ အထက်ကိုပြန်တက်သွားတယ်။ တစ်ချိန်ချိန်မှာတော့ ငှက်တောင်မွှေးလေးပြန်ကျလာလိမ့်ဦးမယ်။ အဲဒါပြီးရင်တော့ ပြန်တက်သွားဦးမယ်။ သြော်…….လေယူရာတိမ်းနေရရှာတဲ့ ငှက်တောင်မွှေးလေး………။IMDb Rating (8.8/10) Rotten Tomatoes (72%) ရရှိထားပြီး
ကြည့်ကိုကြည့်ရမယ့် တကယ့် ဂန္ထဝင်ဇာတ်ကားပါ။
ကိုယ့်ဆန္ဒအတိုင်းသာဆိုဟောဒီအိပ်မက်ထဲကလုံးဝကိုမနိုးထချင်တော့ပါဘူး““ကြယ်တွေကြွေတိုင်းဘုရားထံတောင်းတဲ့ဆုကမင်းအချစ်ရရှိဖို့ပါ“ဟောဒီလောကမှာသူရဲကောင်းတွေရဲ့အချစ်ဇာတ်လမ်းတွေကို
ဘယ်လောက်ထိတောင်ကြားသိဖူးပြီးသွားပြီလဲအရှုံးသမားတွေရဲ့အချစ်ဇာတ်လမ်းတွေရောသိကြရဲ့လားတဖွဲ့တနွဲ့ရေးတဲ့သူတွေရောရှိပါ့မလားလောကမှာဟီးရိုးတွေအတွက်သာခမ်းနားတဲ့အချစ်ဇာတ်ရှိပြီးဇီးရိုးတွေအတွက်ရောရှိပါ့မလားဘယ်သူကရောရေးဖွဲ့လို့ဘယ်သူကရောအချိန်ပေးဖတ်ရှု့မှာလဲအခုဇာတ်လမ်းလေးကလည်းဒီလိုပါပဲအရှင်းဆုံးပြောရရင်ဇီးရိုးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းပေါ့ဘယ်လောက်ဇီးရိုးကျလဲဆိုရင်မိသားစုထဲမှာမျက်နှာကောင်းမရအပေါင်းသင်းကြားထဲမှာမျက်နှာငယ်ကိုယ်ချစ်တဲ့မိန်းကလေးရှေ့မှာခေါင်းမမော့နိုင်တဲ့သူတစ်ယောက်အကြောင်းသူ့နာမည်ကတော့ဆူနီးလ်တဲ့ဟုတ်ပါတယ်အလုပ်အကိုင်မယ်မယ်ရရမရှိပညာရေးကျတော့လည်းစာမေးပွဲ၃နှစ်ဆက်တိုက်ကျဆိုတဲ့ဂုဏ်နဲ့ဘာထူးခြားတာများရှိလဲအများနဲ့မတူထူးခြားတာဆိုလို့တေးဂီတဆူနီးလ်ဟာတေးဂီတပိုင်းမှာတော့ပါရမီရှိသူတစ်ဦးဒါပေမဲ့ဖြစ်ဖြစ်မြောက်မြောက်တော့အောင်မြင်မှုမရှိသေးဘူးသူ့မှာတဖက်သတ်စိတ်ဝင်စားနေရတဲ့အန္နာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်အန္နာဟာဆူနီးလ်ကိုတော့သူငယ်ချင်းတစ်ယောက်လိုပဲသဘောထားပြီးသူတို့အဖွဲ့ထဲကခရစ်ကိုတော့ရင်ခုန်နေပုံပါပဲဘာကြောင့်လဲဆိုတော့ဆူနီးလ်နဲ့ယှဉ်လိုက်ရင်ခရစ်ဟာအဖက်ဖက်ကအပုံကြီးသာနေလေတယ်ပညာအရည်အချင်းအလုပ်အကိုင်ဂုဏ်အဆင့်အတန်းအသိုင်းအဝိုင်းဒီလိုအခြေနေမှာဆူနီးလ်တစ်ယောက်အန္နာ့အချစ်ကိုရပါ့မလား…
Country : India
Genre : Action, Comedy, Family
Cast : Aamir Khan, Salman Khan, Raveena Tandon
Released Date : 1994
Duration : 2h 40min
” တကြိမ်လောက်ပဲ ဖြစ်ဖြစ် မင်းလည်း ကိုယ့်ကို ချစ်ပါတယ်လို့ ပြောလိုက်”ဒီစကားက ဘယ်သူမဆိုပေါ့ ကိုယ်သိပ်ချစ်တဲ့ သူဆီက အလိုချင်ဆုံးစကားပဲ
ချစ်တယ်လို့ အပြောခံရဖို့ နှစ်တွေ အလီလီ အချိန်တွေ အကြာကြီးရင်းနှီးပေးဆပ်ကြရတယ် ့့့့့့အချစ်ဆိုတာ လွယ်မယောင်နဲ့ ခက်သလို ခက်ခဲမယ် ထင်ရပေမယ့် လွယ်သွားတာတွေလည်း အများသား
ဘယ်လိုကြိုးစားရင်ဖြင့် ချစ်လာပ်လိမ့်မယ်
ဘယ်လိုနည်းလမ်းသုံး
ဘယ်လို ချည်းကပ် ဆရာများစွာ သင်ကြားပေးနေပေမယ့် ဒီကိစ္စက မေးခွန်းမသိနိုင်တဲ့ စာမေးပွဲလိုပဲတဲ့
ဒါကြောင့်လည်း လူတွေပြောကြတာ အချစ်ကိစ္စမှာတော့ ဟိုလူ့ကို အတုယူ
ဟိုလူ့လို မလုပ်နဲ့ဆိုပြီး သင်ကြားပေးလို့မှမရပဲ
တကယ်လို သင်ကြားပေးလို့ရတောင် အချစ်သင်ရိုးညွှန်းတန်းက အမြဲပြောင်းလဲနေမှာပဲ ့့့့့့့့့တကယ်တော့ အချစ်ဆိုတာ အချစ်ပါပဲ နည်းလမ်း မှန်မှန် ချစ်တတ်ဖို့ပါပဲ ့့့့
အခုပြောပြချင်တာကတော့ မိန်းကလေးတစ်ယောက် နည်းလမ်း ကျကျပဲ ချစ်မိတာလား
သူချစ်ပုံချစ်နည်း မှားတာလား ဒါပေမဲ့ ချစ်တာတော့ ချစ်တာပဲ ့့့့့
အဲ့ဒီ အချစ်တွေရဲ့ အကျိုးဆက်တွေပဲပေါ့ ့့့့့့့့့=======================================================ဇာတ်လမ်းအကြောင်းမပြောခင် SRK ဟာ ၁၉၉၃ မှာ Darr နှင့် ၁၉၉၄ မှာ Anjaam ဆိုပြီး ဗီလိန် ကာရိုက်တာနဲ့ နှစ်ကား ထွက်ရှိခဲ့တယ်
နှစ်ကားလုံး ကောင်းမကောင်း ပြောမနေတော့ဘူး Daar မှာ အကောင်းဆုံး ဗီလိန် ဇာတ်ရုပ်နဲ့ စကာတင် စာရင်းဝင်တယ်
Anjaam နဲ့ အကောင်းဆုံး ဗီလိန် ဇာတ်ဆောင်ဆု ရတယ််။SRK ရဲ့ သရုပ်ဆောင်မှုက ပြောစရာမရှိအောင်ပဲ
အရာရာကို ငွေနဲ့ဝယ် သိမ်းပိုက် ဘာပြသနာ ဖြစ်ဖြစ် ငွေနဲ့ပဲ ဖြေရှင်းပြီး မျိုးရိုးစဉ်ဆက် ချမ်းသာလာတဲ့
စက်မှု လုပ်ငန်းစုကြီးရဲ့ ပုုိင်ရှင် ဗီဂျေးအဂူနီးဟိုသရီ ့့့့
အရာရာကို အထက်စီးကပဲ ဆက်ဆံတတ်ပြီး ကိုယ့်စိ်တ်ဝင်စားတဲ့ မိန်းကလေးကို စကားသွားပြောတာတောင်“ဒီကလပ်ထဲက မိန်းကလေးတွေ အကုန်လုံးက ကိုယ်သူတို့နဲ့ တွဲကကြပါစေဆိုပြီး မျှော်လင့်နေကြတာ ဒါပေမဲ့ ဒီအခွှင့်ရေး မင်းကို ပေးမယ်”အဲ့ဒီလို လူစားမျိုး နတ်ပြည်သွားမယ်ဆိုရင်တောင် ကောင်းမှု ကုသိုလ်နဲ့သွားမှာ မဟုတ်ဘူး ပိုက်ဆံနဲ့ လမ်းခင်းပြီး သွားမယ့် လူစားအရာရာကို အနိုင်ပိုင်း စိတ်ကြိုက် လုပ်ချင်သလို ဖြစ်နေတဲ့ သူကိုသွားသေလိုက်လေ ဆိုပြီး ငြင်းလွှတ်လိုက်တဲ့ မိန်းကလေး တစ်ယောက်နဲ့ ကလပ်တစ်ခုမှာ ပထမဆုံး အကြိမ် စတွေ့ဖူးတာပဲသူမ နာမည်က ရှီဗာနီး ့့့့့့့နေရာတကာ မောက်မာပြီး ငါတကောကောနေတဲ့ ဗီဂျေး တစ်ယောက် သူမနဲ့ကျမှ နူးညံ့မှုဆိုတာသိလာတယ်
ကဗျာတွေ စာတွေကို ခံစားတတ်လာပြီ သီချင်းတွေတောင် ညည်းတတ်နေပြီပဲ
သူ့ကို ချစ်မိနေပြီကိုး ့့့့့့=======================================================ရှီဗာနီး ့့့့့ ရှီဗာနီးကတော့ အဲးအိန္ဒိယ လေကြောင်းလိုင်းရဲ့ လေယာဉ်မယ် တစ်ယောက်
အစ်မလင်မယားနဲ့ အတူနေပေမယ့် ရောဂါသည် မိန်းမဖြစ်သူကို ဂရုမစိုက်ပဲ
အချိန်ပြည့် အလောင်ကစားပဲ သိတဲ့ ခဲအိုဖြစ်သူနဲ့ လုံးဝ မတည့်ဘူး
မိန်းကလေး တစ်ယောက် ဖြစ်ပေမယ့် မဟုတ်မခံ ဆက်ဆက်ထိ မခံတဲ့ လူစားမျိုး
ဒါကြောင့်လည်း ဆရာဆိုဒ်နဲ့ လာလုံးတဲ့ ဗီဂျေးကို သွားသေလိုက်လို့ ပြတ်ပြတ်ပဲ ငြင်းလွှတ်လိုက်တာ ့့့့့=======================================================ဗီဂျေး တစ်ယောက် ရှီဗာနီးကို အသည်းအသန် ချစ်မိနေပြီ ့့့့့
အမေဖြစ်သူကို ဖွင့်ပြောပြီး မိသားဖသား ပီပီ တောင်းရမ်းပေးဖို့ ပူစာပါတော့တယ်အမေကလည်း ဒီသားလေး စိတ်တိုင်းကျ သွားတောင်းပေးပေါ့ သွားတဲ့ အချိန်မှာတော့ ့့့့့့ရှီဗာနီးရဲ့ အိမ်မှာ မင်္ဂလာဧည့်ခံပွဲ တစ်ခုကို မြင်လိုက်ရပါတော့တယ်သတို့သမီး ဖြစ်သူမှာ ရှီဗာနီး ဖြစ်နေတဲ့ အခါမှာတော့ ့့့့့့့့့့့့့=======================================================” ဟိုး ကောင်ကင်ယံက ကြယ်ကလေးတစ်ပွင့်
သူ ကျွန်တော့်ကို ချစ်နေမယ်လို့ ထင်ခဲ့မိတယ်(တဖက်သတ်)ချစ်ရပါသော ကြယ်ကလေး ကျွန်တော့်ကို ပေးလှည့်ပါဗျာမေမေက ဒီကြယ်လေးကို ကျွန်တော့် အတွက်ပေးခဲ့တာ “=======================================================နူးညံ့တဲ့ နှလုံးသားနဲ့ ပထမဆုံး အကြိမ် ချစ်ခဲ့မိတဲ့ မိန်းကလေးကို ဆုံးရှုံးလိုက်ရတဲ့ ဗီဂျေး တစ်ယောက် အရင်ထက်ပို ကြမ်းတမ်းသွားပါပြီှ
သူ့ဘဝသူ တွယ်တာရမှန်းတောင် မသိတော့ဘူး
အချိန်ရှိသ၍ အမဲလိုက်နေတတ်တယ်” အပြစ်မဲ့တဲ့ တိရစ္ဆာန် လေးတွေကို ဘာကြောင့် လိုက်သတ်နေရတာလဲ သားရယ်
ကျွန်တော် ကြိုက်လို့ အဲ့လို လုပ်ရတာကိုက အားရလို့ “” ငါပြောဖူးတယ် မဟုတ်လား ငါမရနိုင်တဲ့ အရာတစ်ခုကို ဖျက်စီးပစ်လိုက်တယ်လို့ “
Country : United State
Genre : Animation, Adventure, Family
Cast : Scott McAfee, Candace Hutson, Heather Hogan
Released Date : 1994
Duration : 1h 13min
ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘဝ၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ဆိုတဲ့အကြောင်းလေးပါပဲ။ရုပ်ရှင်လေးက ရိုးရှင်းပေမယ့်….ဒါရိုက်တာတိုင်း အိပ်မက်မိမယ့် အောင်မြင်မှုတွေ ရရှိသွားခဲ့ပါတယ်။ အော်စကာ လျာထားမှု (၇) နေရာ တခြား ဆုပေါင်းများစွာ နဲ့ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုပေါင်းများစွာနဲ့ အောင်မြင်ခဲ့ပါတယ်။ ခင်ဗျားတို့ဆီက မျက်ရည်တွေ ချူနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့ ဘဝတွေကို ဘယ်လိုရှင်သန်ခဲ့မိပြီလဲလို့ ပြန်တွေးမိစေပါလိမ့်မယ်။ ဘဝရဲ့ အချိန်ကောင်းတွေကို ဖြုန်းတီးမိသွားပြီလားလို့ သံသယဖြစ်လာပါလိမ့်မယ်။ တခါမှ မတွေးမိသေးတာ ဖြစ်နိုင်မယ့် လက်ရှိဘဝရဲ့ လွတ်လပ်မှုတန်ဖိုးကို တွေးမိကောင်း တွေးမိကြပါလိမ့်မယ်။ နောက်ဆုံးမှတော့ ပျော်ရွင်မှုလေး တစ်ခု ခံစားရင်း အဆုံးသတ်သွားပါလိမ့်မယ်လို့…..
















