Showing posts sorted by relevance for query 2002. Sort by date Show all posts
Showing posts sorted by relevance for query 2002. Sort by date Show all posts


 

 

Rating : 7.4/10
Country : United State
Genre : Drama,Crime, Mystery
Released Date : 2002
Duration : 1h 34min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အသစ်တဖန်ပြန်မလာနိုင်တော့တဲ့ ဒါမှမဟုတ် ပြန်ပြီးအစားထိုးမရနိုင်တော့တဲ့
တစ်စုံတစ်ရာကို တကယ်လို့များဆိုတဲ့ စကားလုံးနဲ့ နောက်ကြောင်းပြန်ချိန်ထိုးပြီး ကွဲပြားသွားနိုင်တဲ့အဖြစ်အပျက်တွေ၊ဘယ်တော့မှ ဖြစ်မလာနိုင်တော့တဲ့
အခြေအနေတွေကို လူတိုင်းလူတိုင်းဟာ တစ်ကြိမ်တစ်ခါမှာ စိတ်ကူးယဉ်လွမ်းဆွတ်ခဲ့ကြဖူးလိမ့်မယ်။မားကတ်စ်ဟာ အဲ့ဒီလိုပဲတွေးနေမိမယ်ဆိုတာ အသေအချာပဲဖြစ်မှာပါ။

အဲ့ဒီညက သူအရမ်း အမူးလွန်မနေခဲ့ရင်၊ဆေးကွဲမနေခဲ့ရင် ဒါမှမဟုတ် အနည်းဆုံးတော့
သူ့ချစ်ဇနီးလေးကို တစ်ယောက်တည်း ညနက်သန်းခေါင်ပြန်မလွှတ်ခဲ့ရင်၊ အဲ့ဒီပါတီကို သူတို့မသွားခဲ့ရင်၊ ဆိုတာမျိုးလောက်ဖြစ်ဖြစ်ပေါ့။
ဇာတ်လမ်းကို ဂေးကလပ်တစ်ခုမှာဖြစ်တဲ့လူသတ်မှုတစ်ခုနဲ့ စဖွင့်ထားပြီး အဲ့ဒီကနေမှ အချိန်ရဲ့အစဉ်ကို ပြောင်းပြန်ပြကွက် ဆယ့်လေးခုနဲ့တင်ဆက်ထားတာဖြစ်လို့
စလာလာချင်းအခန်းဟာ ဇာတ်သိမ်းခန်းပဲဖြစ်ပြီး နောက်ဆုံးမြင်လိုက်ရတဲ့အခန်းကတော့ ဇာတ်အဖွင့်ဖြစ်ပါတယ်။

ကလပ်ထဲက ကြမ်းတမ်းပက်စက်လွန်းတဲ့လူသတ်ခန်းနဲ့မြေအောက်ဥမင်လမ်းမှာရက်ရက်စက်စက်မုဒိမ်းကျင့်တဲ့အခန်းကို ၉ မိနစ်ကြာတောက်လျှောက်ကြီးပြသွားတဲ့
ပြကွက်တို့ကြောင့် အမျိုးသမီးပရိသတ်အများစုဟာ ဆက်မခံစားနိုင်ပဲရုံထဲက ပြန်ထွက်လာခဲ့ကြတဲ့အထိဖြစ်ခဲ့ကြပါသတဲ့။
ညို့အားအကောင်းဆုံး၊ အလှဆုံး၊ ဆွဲဆောင်မှုအရှိဆုံးစသဖြင့် အကောင်းတကာ့အကောင်းဆုံးတွေရဲ့စာရင်းတွေမှာ
ဆယ်စုနှစ်တွေချီအမြဲတမ်းထိပ်ဆုံးမှာပြေးနေတဲ့ မမမိုနီကာလို မင်းသမီးကို ဒီလိုကြီး နှိပ်စက်ပြသွားခဲ့တာတွေဟာ
သူ့ပရိသတ် ကမ္ဘာယောက်ျားထုကြီးအတွက်လဲစိတ်နှလုံးမခိုင်ချင်စရာ ရင်နင့်စရာ မြင်ကွင်းတွေဖြစ်ပါတယ်။

လိင်စိတ်ခံယူမှုကွဲပြားသူတွေ၊ အမျိုးသမီးတွေ၊ ပြည့်တန်ဆာ အစရှိတဲ့လူတန်းစားအလွှာပေါင်းစုံကို ရိုင်းရိုင်းစိုင်းစိုင်း စော်ကားနှိမ်ချထားတဲ့စကားပြောတွေ၊တစ်တစ်ခွခွအဆဲတွေ၊ အပြတွေအပြင်
သာမန်အချိန်မှာပြောနေတဲ့ အလ္လာပသလ္လာပစကားတွေက အစလိင်ကိစ္စတွေပဲဖြစ်သလို သရုပ်ဆောင်နှစ်ယောက်ဝတ်လစ်စားလစ်ချစ်တင်းနှောခန်းကိုလဲ
ဆယ်မိနစ်ကျော်အောင်အချိန်ဆွဲပြထားတာတွေလဲပါဝင်လို့ မိသားစုကြည့်ဖို့မသင့်တော်တဲ့ကားတစ်ကားပါ။

2002 Stockholm International Film Festival မှာထိပ်ဆုံးဆုဖြစ်တဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု Bronze Horse ကိုရရှိခဲ့သလို တစ်ခြား ဆုတံဆိပ်တွေလဲ လျာထားခံခဲ့ရတဲ့ ပြင်သစ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

(ဒီကားကိုကြည့်ဖူးတဲ့သူတွေ ဘယ်တော့မှမေ့မသွားနိုင်မှာသေချာပါတယ်)

Read More 0 comments


Rating : 6.7/10
Country : United State
Genre :   Drama, History, Thriller 
Cast :    Harrison Ford, Sam Spruell, Peter Stebbings
Released Date : 2002
Duration : 2h 18min 

အညွှန်း

ရင်ဆုံးပြောချင်တာက ဒီဇာတ်ကားဟာ အတော်ကောင်းတယ်ဆိုတာပါပဲ 1961 ခုနှစ်က ဖြစ်ရပ်မှန်
ကိုအခြေခံကာ ရုပ်ရှင်ဖွဲ့ရိုက်ကူးတင်ဆက်ထားပြီးတော့ 2002 မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်
ရိုက်ကူးသူဒါရိုက်တာကတော့ Kathryn Bigelow ဖြစ်ပါတယ်..IMDb Rating မှာ 6.6 ရရှိထားပြီး ဆုပေးပွဲမှာ ဆု 2ဆုနဲ့လျာထားခြင်းခံခဲ့ရတဲ့ ဇာတ်ကား ဖြစ်ပါတယ်..
ဇာတ်လမ်းအကျဉ်းကိုတော့ နည်းနည်းလေးတောင် မပြောပြလိုပါဘူး..အရသာခံကြည့်ပါခင်ဗျာ 😀


 

Read More 0 comments
Rating : 7.7/10
Country : United State
Genre :  Crime, Drama, Thriller
Cast :  Tom Hanks, Tyler Hoechlin, Rob Maxey 
Released Date : 2002
Duration :  1h 57min 

နေရာတိုင်းမှာ စည်းဆိုတာရှိပါတယ်။ လူ့စည်း၊ ဘီလူးစည်းလိုမျိုး စည်းတွေဟာ နေရာတိုင်းမှာ ရှိပါတယ်။ အချို့စည်းတွေဟာ တစ်ခါဖောက်ပြီးသွားရင် ပြန်လှည့်ဖို့ရာမရှိပဲ အဆုံးအထိလျှောက်ကြရမှာပါ။ (Once you've crossed that line, there is no way to turn back.)
အချိန်ကတော့ စီးပွားပျက်ကပ်ဆိုက်နေတဲ့ ၁၉၃၀ နှင့် ၄၀ကြားပေါ့။ Mike Sullivan(Tom Hanks)ဟာ လူမိုက်ခေါင်းဆောင်ကြီး John Rooney(Paul Newman)ရဲ့ မွေးစားသားတစ်ယောက်လို ချစ်ခင်ရတဲ့၊ သံယောဇဉ်ရှိရတဲ့၊ လက်ရုံးသဖွယ်အားကိုးရတဲ့ လက်မရွံ့တစ်ယောက်ပေါ့။ Mikeမှာ ဇနီးသည်နှင့် သားနှစ်ယောက်ရှိပြီး ချစ်ခင်နွေးထွေးတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ထားသလို Johnမှာလည်း အရမ်းချစ်ရတဲ့ တစ်ဦးတည်းသောသား Connor Rooney(Daniel Craig)ရှိပါတယ်။ သာယာအေးချမ်းတဲ့ မိသားစုလေးနှစ်ခုကို ဖျက်ဆီးလိုက်တဲ့ မုန်တိုင်းတစ်ခုကတော့ Connor ရဲ့ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ လှုပ်ရှားရာက ပေါ်ပေါက်လာခဲ့ပါတယ်။ Connorက သူ့လူသတ်မှုရဲ့ မျက်မြင်သက်သေဖြစ်တဲ့ Mikeရဲ့သားအကြီးကောင်ကို သွားဖြောင်ဖို့ကြိုးစားပါတယ်။ ကံဆိုးစွာ အကြီးကောင်မသေပဲ Mikeရဲ့ချစ်ဇနီးနဲ့သားငယ်လေးတို့ သေဆုံးသွားပါတယ်။ အေးချမ်းတဲ့ အသိုက်အမြုံလေး ပျက်စီးသွားပြီးတဲ့နောက်မှာ လက်မရွံ့Mikeနဲ့ သူ့သားအကြီးကောင်တို့ ဘာဆက်လုပ်ကြမလဲ၊ အကြွေးဆိုတာ တင်ပြီးသွားရင်တော့ ရှင်းရတော့မှာပါ။ သူ့ဇနီးနဲ့သားငယ်ရဲ့ အသက်ကြွေးကို သူ့ရဲ့ဆရာလိုမွေးစားအဖေလိုချစ်ခင်ရတဲ့ Johnဆီကနေ ဘယ်လိုပြန်တောင်းမလဲ။ ဖခင်တစ်ယောက်ဖြစ်တဲ့Johnကလည်း ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သူ့သားConnorကို ဘယ်လိုကာကွယ်ပေးမလဲ။ ကြေးစားလူသတ်သမားHarlen Maguire(Jude Law)ကလည်း ဘယ်နေရာကဝင်ပါမလဲဆိုတာ Road to Perdition(2002)ကို ကြည့်ပြီးခံစားလိုက်ပါ။ Director Sam Mendesရဲ့ပုံဖော်မှုနဲ့ Tom Hanks, Paul Newman, Jude Law, Daniel Craigတို့ပါဝင်ပြီး IMDB rating 7.7ရှိတဲ့Road to Perditionဟာ ကျွန်တော်အနှစ်သက်ဆုံး ရုပ်ရှင်တစ်ကားပါ။

Read More 0 comments


 

 

Rating : 7.4/10
Country : United State
Genre : Drama, Action, Sci Fi
Released Date : 2002
Duration : 1h 47min

အညွှန်း

Christian Bale ကိုကျနော့် fav မင်းသားစာရင်းထဲပါလာစေခဲ့တဲ့ ရုပ်ရှင်ပါ
ကျနော်တို့ နေထိုင်တဲ့လောကကြီးမှာ စစ်ပွဲတွေ ဒေါသတွေ
အာဃာတ တရားတွေ မနာလိုမှုတွေ
အချစ် အမုန်း စတဲ့ ခံစားချက်တွေမရှိတော့ရင်
ဘယ်လိုဖြစ်သွားနိုင်သလဲ
အသက်ရှင်ရပ်တည်ဖို့အတွက် စားဝတ်နေရေးအပြင်
ခံစားမှု  ခံစားချက်  တွေကဘယ်လိုတောင်အရေးပါသလဲ
ဒါတွေကို Sci- Fi ရုပ်ရှင်တခုအနေနဲ့
ရှုထောင့်တမျိုးကနေ ပြောပြသွားပါတယ်
2002 ခုနှစ်ထွက်ရှိခဲ့ပီး
IMDb rating 7.4 ရှိပါတယ်
‌နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Read More 0 comments


Rating : 6.2/10
Country : United State
Genre :   Action, Crime, Drama
Cast :  Kevin Bacon, Charlize Theron, Courtney Love
Released Date : 2002
Duration : 1h 46min 


အညွှန်း
rapped (2002) သည် IMDb 6.2/10 Google users 76% ရထားပြီး ဒါရိုက်တာ Luis Mandoki ရိုက်ကူးထား၍ Greg Iles က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Kevin Bacon, Charlize Theron, Courtney Love တို့ပါဝင်သရုပ်ဆောင်ထားသော Action, Crime, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…

တကယ့်အတွေ့အကြုံပြည့်ဝတဲ့ သူခိုးဓါးမြဂိုဏ်းတစ်ဂိုဏ်းက ပြန်ပေးဆွဲခံရတဲ့အခါ သမီးကိုကယ်ဆယ်ဖို့အတွက် ဂျန်နင်းရဲ့ တိုက်ခိုက်မှု အက်ရှင်ခန်းများကို ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…


 

Read More 0 comments
Rating : 5.1/10
Country : United State
Genre :   Action, Adventure, Comedy
Cast :Antonio Banderas , Carla Gugino, Alexa PenaVega 
Released Date : 2002
Duration : 1h 40min


Spy Kids 2 ဇာတ်ကားကတော့ 2002ကရိုက်ကူးခဲ့တဲ့American spy adventure comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင်တော့Alexa vega,Daryl Sabara,Antonio Banderas တို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဒီကားထဲမှာဆိုရင်တော့ ပထမကားထဲကCarmen နဲ့ Juniတို့ကို Agentတွေ အဖြစ်နဲ့တွေ့ရမှာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကို အငယ်ဆုံးစပိုင်အဖြစ်အသိအမှတ်ပြုကြပေမယ့်အတော်ဆုံးစပိုင်အဖြစ်တော့ အသိအမှတ်မပြုကြပါ။
ဒါကြောင့်ပထမဇာတ်ကားမှာ သူတို့ကိုကယ်ခဲ့တဲ့Gary နဲ့ Gerti Gigglesတို့နဲ့တွေ့ပြီး စမ်းသပ်လေ့ကျင့်ကြပါတယ်။အဲ့အချိန်မှာတော့ juni ဟာ မအောင်မြင်တာကြောင့်Agent အဖြစ်မှအဖြုတ်ခံလိုက်ရပါတယ်။ဒါပေမယ့်နောက်နေ့မနက်မှာတော့ Carmen ဟာDatabase ကို hackပြီး Juni ကို Agentအဖြစ်ပြန်ထားခဲ့ပါတယ်။အဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဘယ်လိုဖြစ်သွားမလဲဆိုတာဇာတ်ကားလေးထဲမှာဆက်လက်ရှု့စားကြပါတော့…။
Read More 0 comments


 

 

Rating : 5.9/10
Country : United State
Genre : Adventure,Comedy,Family,Animation,
Released Date : 2002
Duration : 1h 24min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်မှာထွက်ရှိခဲ့ပြီး ဒါရိုက်တာ Rob Minkoff က
ရိုက်ကူးခဲ့တဲ့ family/comedy ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာဆိုရင်တော့ Little မိသားစုကြီးရဲ့ သားအလတ်ဖြစ်တဲ့ ကြွက်ကလေး
Stuart ကို အရွယ်သေးငယ်လို့ဆိုပြီး မိခင်က နေရာတကာ စိတ်မချဖြစ် အစိုးရိမ်လွန်နေ
ရပေမယ့် Stuartကတော့ စွန့်စားခန်းဖွင့်ရတာကို သိပ်သဘောကျတဲ့သူတစ်ဦးပါ။ တစ်နေ့မှာ
ရန်သူ့ရဲ့လက်ကနေ ထွက်ပြေးလာတဲ့ ငှက်မလေး Margalo နဲ့ တွေ့မိပြီး ခင်မင်သွားကြတဲ့
နောက် Stuart ရဲ့အိမ်ကို Margalo လိုက်နေခဲ့တယ်။ အဲဒီနောက်တော့ ရန်သူတော်ကြီးနဲ့
Stuart တို့ ဘယ်လိုတွေဆက်ပြီး တိုက်ပွဲဝင်ကြမလဲ Margalo နဲ့ ရန်သူကြီးကရော ဘယ်လို
တွေပတ်သက်မှုရှိနေလဲ စတဲ့ လျှို့ဝှက်စွန့်စားခန်းတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် မိသားစုဆိုတဲ့ အဓိပ္ပာယ်ကိုပေါ်လွင်စေတဲ့ ၅၂၈ ချစ်ခြင်းမေတ္တာတွေကို ပုံဖော်ရိုက်ကူး
ပြသထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။

Read More 0 comments


 

Rating : 7.2/10
Country : United State
Genre : Animation, Adventure, Family 
Cast : Joseph Gordon-Levitt, Emma Thompson, Martin Short 
Released Date : 2002
Duration : 1h 35min

အညွှန်း
ဒီဇာတ်လမ်းလေးဟာ 2002 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး
Disney ရဲ့ အသပ်ရပ်ဆုံးသော Animation တွေထဲက တစ်ကားလို့ တင်စားခံထားရပါတယ်….
မူရင်းဇာတ်လမ်းကတော့ “Treasure Island” တဲ့ခင်ဗျ… ဒီမှာ ထူးခြားသွားတာက ဇာတ်ကွက်တွေကို အာကာသထဲ ပြောင်းလိုက်ပြီး ဂြိုဟ်သားတွေ၊ နဂါးငွေ့တန်းတွေနဲ့ အသက်သွင်းထားတာပါ…အဲ့လိုနဲ့ ဇာတ်လမ်းလေးက “Treasure Planet” ဆိုပြီး ဖြစ်သွားတယ်ပေါ့ဗျာ
Rating တွေအနေနဲ့ကြည့်ရင်လည်း
IMDb 7.1
Tomatoes 69% နဲ့ခင်ဗျ
ဝေဖန်သူတော်တော်များများရဲ့ Positive Review တွေ ရထားတဲ့ ဇာတ်လမ်းလေး ဆိုပါတော့…
ကလေးဘဝက အိပ်ရာဝင်ပုံပြင်တွေ၊ အာကာသ စွန့်စားခန်းတွေ၊ ဒရာမာကို ခုံမင်သူတွေအတွက်လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါအသက် ၁၅ နှစ်အရွယ် ချာတိတ်ကလေး ဂျင်မ်ဟော့ကင်းန်စ်ရဲ့ မဟာစွန့်စားခန်းကြီးတစ်ခု…ငယ်ငယ်ကတည်းက အာကာသ ခရီးသွားတစ်ယောက် အရမ်းဖြစ်ချင်ခဲ့သူကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံဖန်ပြီး ကောင်းကင်ပျံဝဲလေ့ရှိတဲ့ ချာတိတ်ကလေးယာဉ်စည်းကမ်းတွေကို (တမင်မဟုတ်တောင်) ကျူးလွန်လေ့ရှိတာကြောင့် အမြဲတမ်း ပီကယ်တွေနဲ့ ငြိနေတဲ့ ချာတိတ်မိသားစုစားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်း ရုန်းကန်နေရတဲ့မိခင်ကို အမြဲတမ်း ဒုက္ခပေးနေမိသလို ဖြစ်နေတာကြောင့်မိမိကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေတဲ့ ချာတိတ်ကလေးဒီလိုနဲ့ တစ်နေ့မှာတော့ မမျှော်လင့်ပဲ သူအလွန်ကိုမှ သွားချင်နေတဲ့ အာကာသဟင်းလင်ပြင်ကြီးထဲကို ရွက်လွှင့်ဖို့အကြောင်းဖန်လာပါတော့တယ်….အဲ့ခရီးစဉ်မှာ ကောင်းတဲ့သူတွေနဲ့ ဆုံခဲ့သလို လူဆိုးတွေနဲ့လည်း ကြုံခဲ့ရပြီး ဘဝသင်ခန်းစာတွေ အများကြီး ရသွားခဲ့ပါတယ်ကိုယ့်ခံယူချက်နဲ့ကိုယ် သွားနေတဲ့ လူဆိုးမဟုတ် လူကောင်းမဟုတ်တဲ့သူလည်း ပါသေးတာပေါ့…
သူငယ်ငယ်က စိတ်ဝင်တစား ဖတ်ခဲ့ရတဲ့ အိပ်ရာဝင်ဇာတ်လမ်းတစ်ပုဒ် အပြင်လောကမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုဆိုတာသိလိုက်ရပြီးတဲ့နောက်…ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်၊
Read More 0 comments


Rating : 4.7/10
Country : India 
Genre :   Comedy, Drama, Romance 
Cast : Rishi Kapoor, Salman Khan, Ameesha Patel
Released Date : 2002
Duration : 2h 45min 

အညွှန်း



မိခင် ဖခင်မေတ္တာကို ငတ်မွတ်နေသူများ ဘယ်လောက်ထိ ခံစားရတယ်ဆိုတာကို ပီပြင်အောင် သရုပ်ဆောင်သွားနိုင်တဲ့ Salman Khan ရဲ့ မေတ္တာဘွဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါခင်ဗျာ…


Yeh Hai Jalwa (2002) သည် IMDb 4.8 Goggle USers 84% ရထားသော ဒါရိုက်တာ David Dhawan က ရိုက်ကူးထားကာ Rumi Jaffery(စကားပြော), Imtiaz Patel တို့ကဇာတ်ညွှန်းရေးသားသရုပ်ဆောင် Rishi Kapoor, Salman Khan, Ameesha Patel တို့ ပါဝင်သရုပ်ဆောင်ထားသော Comedy, Drama, Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….


Raj Saxena (Salman Khan) သည် လန်ဒန်ကို သူ့ရဲ့ ပျောက်ဆုံးနေသော ဖခင်(Rishi Kapoor) က နွေးနွေးစွာ ကြိုဆိုမည်ထည်ပြီး လာခဲ့ရာ အခြေအနေများမှာ မျှော်လင့်သလိုဖြစ်မလာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ ဇာတ်လမ်းမှာ ဆက်လက်ခံစားကြည့်ရှုကြည့်ကြပါခင်ဗျာ….

 

Read More 0 comments


 

Rating : 3.1/10
Country : India 
Genre :    Action, Drama, Romance
Cast :    Hrithik Roshan, Ameesha Patel, Kiran Kumar
Released Date : 2002
Duration : 3h

အညွှန်း







မြေအောက်လောကလူဆိုးဂိုဏ်းခေါင်းဆောင် လူချမ်းသာသူဌေးကြီးရဲ့ သမီး နဲ့ ကောလိပ်တက်နေတဲ့ကောင်လေးတို့ရဲ့အချစ်ဇာတ်လမ်း…သူဌေးကြီးက သူတို့နှစ်ယောက်အချစ်ဇာတ်လမ်းကို လက်မခံအတင်းခွဲတဲ့အခါ သူတို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်းဘယ်လို ဖြစ်မလဲ အချစ်အကြမ်းအလွမ်းရသစုံပေးမယ့် ဇတ်ကားတစ်ကားမို့ ခံစားကြည့်လိုက်ကြပါဦးခင်ဗျာ…

Read More 0 comments


 

Rating : 5.8/10
Country : Japan
Genre : Horror
Cast : Nozomi Andô, Aoi Miyazaki, Jun Kunimura
Released Date : 2002
Duration : 1h 31min

အညွှန်း
ဒီတစ်ခေါက်တိုမီအဲကတော့ တစ်မျိုးအဆန်းလေးပါပဲနော် တိုမီအဲရဲ့ နောက်ဆုံး Chapter ပါကျောင်းမှာအမြဲအနိုင်ကျင့်ခံရတဲ့ တိုမီအဲဆိုတဲ့ ကျောင်းသူလေးတစ်ယောက်ဟာမိတဆိုးသမီးလေး အဖေနဲ့ပဲနေပြီး မိတ်ဆွေသူငယ်ချင်မးရှိဘဲ အထီးကျန်နေရသူပါတစ်နေ့မှာ သူ့ကိုလာမိတ်ဆက်ပြီး သူငယ်ချင်းဖွဲ့တဲ့ နာမည်တူ တိုမီအဲနဲ့ တွေ့ဆုံတဲ့အခါ…
သူငယ်ချင်းမရှိတဲ့ တိုမီအဲတစ်ယောက် သူ့ကိုအရင်လာခင်တဲ့သူငယ်ချင်းမကို အရမ်းပဲတွယ်တာမိနေပါတော့တယ်…ဒီလိုနဲ့အိမ်အလည်ခေါ်တော့မှ သူ့အဖေလူပျိုဘဝကတိတ်တခိုးချစ်ခဲ့ရတဲ့အချစ်ဦး (သို့)သတ်သေသွားတဲ့သူငယ်ချင်းရဲ့ရည်းစား တိုမီအဲကို ပြန်လည်တွေ့လိုက်ရတဲ့အခါ…ဒီကားထဲမှာတော့ တိုမီအဲရဲ့ ပွားလာပုံတွေကိုမြင်တွေ့ရမှာဖြစ်လို့ဂန္တဝင်သရဲမလေးအကြောင်းပိုနားလည်ချင်သူတွေ လက်မလွတ်သင့်တဲ့ကားလေးနော်
Read More 0 comments
Rating : 7.2/10
Country : United State
Genre : Action, Drama, History
Cast : Mel Gibson, Madeleine Stowe, Greg Kinnear
Released Date : 2002
Duration :  2h 18min 

IMDb Rating (7.2/10) ရရှိထားတဲ့ နာမည်ကြီးစစ်ကားဖြစ်ပါတယ်။
အမေရိကန်-ဗီယက်နမ်စစ်ပွဲတုန်းက တကယ့်အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးထားတာပါ။
စစ်တို့၏ သဘော…စစ်သားတို့၏သဘောကိုတွေ့မြင်နိုင်ပြီး
စစ်ကားကြိုက်သူပရိတ်သတ်တွေ လုံးဝစိတ်ကျေနပ်စေမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။
Read More 0 comments
Rating : 8.1/10
Country : United State
Genre :  Biography, Crime, Drama 
Cast :  Leonardo DiCaprio, Tom Hanks, Christopher Walken 
Released Date : 2002
Duration :  21h 21min 

ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီး မင်းသားတွေကတော့ မင်းသားကြီး Tom Hanks ရယ်…မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်…။
ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။
ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ပေ့ါပေ့ါပါးပါး ဖန်စီကားတစ်ကားဖြစ်ပေမယ့် ပညာရစရာတွေ များသလို ကြည့်လည်းကြည့်သင့်တဲ့ကားပါ။ မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလို သူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်း ဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ် လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲ လမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချ နိုင်ခဲ့တဲ့ Carl Hanratty အဖြစ် Tom Hanks ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီး အမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေ ကိုလည်း ဒီကားမှာ ခံစားကြည့်ရှုရမှာပါ…….
IMDb Rating(8/10) Rotten Tomatoes (96%) ရရှိထားပါတယ်။
Read More 0 comments
Rating : 6.8/10
Country : United State
Genre :   Action, Crime, Thriller
Cast : Jason Statham , Qi Shu , François Berléand
Released Date : 2002
Duration : 1h 32min

ဇာတ်လမ်းသဘောကတော့ Frank Martin (Jason Statham) ကစည်းကမ်းတွေနဲ့
အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး ကိုယ်ပိုင်အတွေးအခေါ်နဲ့
ရှင်သန်နေထိုင်တဲ့ ဟီးရိုးတစ်ယောက်အဖြစ်ပုံဖော်ထားတာပါ။
မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။
Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။
ဒီဇာတ်ကားမှာတော့ တရုတ်မင်းသမီး Shu Qi ပါဝင်ထားပြီး IMDb Rating(6.8/10)ရရှိထားပါတယ်။
Read More 0 comments
Rating : 5.4/10
Country : United State
Genre : Action, Adventure, Comedy 
Cast : David Arquette, Kari Wuhrer, Scott Terra                    
Released Date : 2002
Duration : 1h 39min

ဝေးလံခေါင်ဖျားတဲ့ သတ္တုတွင်းအခြေစိုက်မြို့လေးတစ်မြို့မှာ ဓာတုပစ္စည်းတွေ ယိုဖိတ်ရာကနေ ပင့်ကူမွေးမြူရေးစခန်းက ရာချီတဲ့ ပင့်ကူတွေဟာ ကားတစ်စီးစာအရွယ်အစားအဖြစ်ကို ညတွင်းချင်းကြီးမားသွားပါတော့တယ်။ အဲ့ဒါကိုတားမြစ်ရမယ့်သူတွေကတော့ မိုင်းတွင်း
အင်ဂျင်နီယာ ခရစ်မက်ကော်မနက် ရဲအရာရှိ ဆမ်ပါကား နဲ့ ဆမ်ရဲ့သား ပင့်ကူတွေအကြောင်း ကျွမ်းကျင်တဲ့ မိုက်ခ်ဆိုတဲ့ ကလေးတစ်ယောက်ရယ် မြို့နေ လူတစ်စုရယ်ပါပဲ။
တစ်မြို့လုံးကို ဖုံးလွှမ်း အန္တရာယ်ပေးလာမယ့် ပင့်ကူတွေကို သူတို့ ဘယ်လိုရင်ဆိုင်မလဲ? ဝေးလံလွန်းတဲ့ ဒေသဖြစ်တဲ့ အပြင် တစ်ခြားဒေသတွေနဲ့လဲ အဆက်အသွယ်ပြတ်တောက်သွားတဲ့အခါ ဘယ်သူ့ဆီက အကူအညီရယူရမလဲ?
Eight Legged Freaks ဟာ အကောင်ကားတွေလို့ခေါ်ကြတဲ့ Monster movies တွေခေတ်စားတဲ့ 90s 20s ဝန်းကျင်က မြန်မာပြည်က ခွေဆိုင်တွေမှာပါ အတော်ပေါက်ခဲ့တဲ့ ကားတစ်ကားပါ။ အကောင်ကားဆိုပေမယ့် Pg 13 ပဲဖြစ်တဲ့အတွက် သွေးထွက်သံယိုကြမ်းတမ်းတဲ့ပြကွက်တွေ မပါဝင်ပဲ ဟာသတွေနဲ့ ပေါ့ပေါ့ပါးပါး ဖျော်ဖြေရေးဖြစ်တဲ့ ကားတစ်ကားပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်
အဲ့ဒီတုန်းက ဆယ်ကျော်သက်ကလေးမလေးပဲရှိသေးတယ် မမ စကားလက်ရဲ့ ငယ်ငယ်နုနု အလှလေးတွေကို မြင်ရတာနဲ့တင် တန်နေပါပြီ….

Read More 0 comments


 

Rating : 6.6/10
Country : United State
Genre : Adventure, Comedy, Family
Cast : Gérard Depardieu, Christian Clavier, Jamel Debbouze
Released Date : 2002
Duration : 1h 47min

အညွှန်း
ရောမဘုရင် ဂျူးလိယက်ဆီဇာ ဟာ တိုက်တိုင်းအောင်စစ်ဘုရင်ကြီးဖြစ်နေတော့အီဂျစ်ဘုရင်မ ကလီယိုပါထရာနဲ့တွေ့တဲ့ချိန် အီဂျစ်သားတွေကို အထင်အမြင်သေးစွာ ပြောဆိုလိုက်တယ်…ဒါကို ကလီယိုပါထရာက တင်းပြီး အီဂျစ်သားတွေဟာ သမိုင်းဝင်ပိရမစ်တွေကို ဘယ်လိုဆောက်ခဲ့ကြောင်း ကြီးကျယ်ကြောင်း ပြန်ချေပတယ်..ဒီလို အီဂျစ်သားတွေ ကြီးကျယ်ကြောင်းသက်သေပြဖို့ ဆီဇာနဲ့ အလောင်းအစားတစ်ခုလုပ်လိုက်တယ်..၃ လအတွင်း နန်းတော်ကြီးတစ်ခု အပြီးဆောက်ပြမယ်ဆိုပြီးတော့ပေါ့…ဒီနန်းတော်ကိုဆောက်ဖို့ အီဂျစ်မှာ တလွဲလုပ်နေကျ ဗိသုကာပညာရှင် အက်ဒစ်ကို ခိုင်းလိုက်တဲ့အခါ…အက်ဒစ်ဆိုတာက နယ်နယ်ရရ ဗိသုကာပညာရှင်တော့မဟုတ်ပါဘူး..ပြတင်းပေါက်ကို လက်လှမ်းမမီတဲ့နေရာမှာဆောက်တဲ့လူမျိုးပါ…၃ လနဲ့အပြီးဆောက်ဖို့ မဖြစ်နိုင်တဲ့အဆောက်အဦးကို အက်ဒစ်တစ်ယောက် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီး ဆောက်မလဲ..သူ့ကို ချောက်တွန်းမယ့်လူရော မှော်အစွမ်းတွေနဲ့ကူညီမယ့်လူတွေရောရှိနေတာမို့ ဘယ်လိုဖြစ်ပျက်မလဲဆိုတာ ကြည့်ရမှာပါ။ဒီဇာတ်ကားက သမိုင်းနောက်ခံ ဟာသစွန့်စားခန်း ပြင်သစ်ဇာတ်ကားဖြစ်ပြီးတော့ ကလီယိုပါထရာအဖြစ် Monica Bellucci ,အက်ဒစ်အဖြစ် Jamel Debbouze , Astrix အဖြစ် Christian Clavier , Obelix အဖြစ် Gérard Depardieu တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်..Astrix ၏ စွန့်စားခန်းများ Comic Book ကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်..Astrix ဇာတ်ကား ၅ ကားရှိပြီး ဒီကားကတော့ ဒုတိယကားပါ…(မတ်မတ် မိုနီကာပါလို့ ဒီကားကိုပဲ တင်ဖြစ်သွားတာပါ။)Astrix ဇာတ်ကားတွေဟာ ကုန်ကျစရိတ်အများဆုံး ပြင်သစ်ဇာတ်ကားတွေဖြစ်ပါတယ်..အခုကားကိုလဲ ခမ်းခမ်းနားနားရိုက်ကူးထားတာတွေ့ရပါတယ်။ဒီဇာတ်ကားဟာ $58.5 million သုံးစွဲခဲ့ပြီး Box Office မှာ $128 million ပြန်ရခဲ့လို့ စီးပွားရေးအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။Comedy ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရှုဖို့သင့်တော်တဲ့ဇာတ်ကားပါ။
Read More 0 comments


 

Rating : 7.5/10
Country : United State
Genre : Animation, Adventure, Comedy 
Cast : Denis Leary, John Leguizamo, Ray Romano
Released Date : 2002
Duration : 1h 21min

အညွှန်း
နာမည်ကြီး Animation Ice Age ရဲ့ ပထမဆုံးကားပါ။ IMDb ၇.၆ ရထားပါတယ်။ ဇာတ်လမ်း
အကျဉ်းကတော့ ရေခဲခေတ် မာမွန့်သ် ဆင် ရယ် sloth တစ်ကောင်ရယ် ကျားတစ်ကောင်ရယ် မိတ်ဆွေ
ဖြစ်ပြီး ကျားတွေတိုက်ခိုက်ခံရလို့ မိဘကွဲနေတဲ့ ကလေးငယ်လေးကို ပြန်လိုက်ပို့ပေးတဲ့ စွန့်စားခန်း
အကြောင်းပါ။ ရေခဲခေတ် အလှတွေရယ် စွန့်စားခန်းတွေရယ် ဟာသတွေရယ် မိတ်ဆွေစိတ်
အကြောင်းကိုြ ပထားတဲ့ ခံစားချက်တွေရယ်ကြောင့် နာမည်ကျော်တာဖြစ်ပါလိမ့်မယ်။ အားပေးကြပါဦး
Read More 0 comments

 


Rating : 6.3/10
Country : United State
Genre : Drama,War 
Cast :  Bruce Willis, Colin Farrell, Terrence Howard
Released Date : 2002
Duration : 2h 5min 

အညွှန်း

ဒီတစ်ခါမှာတော့ နာမည်ကျော်စာရေးစရာJohn Katzenbachရေးသားခဲ့တဲ့ ဝတ္တုကို ပြန်လည်ရိုက်ကူးထားတဲ့ စစ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ Heart Warလို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဥပဒေကျောင်းသားတစ်ယောက်ဟာ ရေတပ်ဗိုလ်ဖြစ်လာပြီး လူသတ်မှုနဲ့ စွပ်စွဲခံနေရတဲ့ စစ်သုံ့ပန်းတွေဘက်ကနေ ရပ်တည်ပြီး အမှန်တရားအတွက် တိုက်ပွဲဝင်တဲ့အကြောင်းကို ရိုက်ပြထားတာပါ။ သေချာတာကတော့ သာမန်စစ်ကားတွေထဲကနေ တစ်မျိုးတစ်ဖုံ ကွဲထွက်နေတာကြောင့် စစ်ကားကြိုက်သူတိုင်း လက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ 
Read More 0 comments


 

Rating : 6.4/10
Country : United State
Genre : Comedy, Romance
Cast : Ryan Reynolds, Tara Reid, Tim Matheson
Released Date : 2002
Duration : 1h 32min

အညွှန်း
ကျောင်းကို အရမ်းချစ်လို့ ကောလိပ်မှာ ၇နှစ်တိုင်တိုင် တက်နေတဲ့ ဗန် ဝိုင်းလ်ဒါ ဆိုတဲ့ ကောင်လေးတစ်ယောက်…ဆောင်းပါးရေးရတာ သဘောကျပြီး အနာဂတ်မှာလည်း စာနယ်ဇင်းသမားဖြစ်ချင်နေတဲ့ ဂွမ် ပီယာဆင် ဆိုတဲ့ ကောင်မလေးတစ်ယောက်…သူတို့နှစ်ယောက် တွေ့ဆုံကြပုံလေးတော့ ဆန်းကြယ်ပါတယ်။ ဗန်ဟာ ပျော်ပျော်နေတတ်ပြီး လူတိုင်းကို ကူညီချင်စိတ်ရှိတဲ့ ကောင်လေးတစ်ယောက်ပါ။ ဒါပေမယ့်လည်း သူက ပညာရေးထက် အခြားအရာတွေမှာသာ အချိန်ကုန်ဆုံးလေ့ရှိတာကြောင့် ကျောင်းတက်နှစ် ၇နှစ်ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သူ့အဖေကလည်း စိတ်တိုပြီး သူ့ရဲ့ကျူရှင်စရိတ်ကို ဆက်မထောက်ပံ့ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက ဗန်အတွက် အနည်းငယ် အကျပ်ရိုက်သွားသလို ဖြစ်ပေမယ့်လည်း သူဟာ ပါတီပွဲတွေကို စည်ကားအောင်စီစဉ်ပေးတဲ့အတွက်ကြောင့် အဲ့ဒီကရတဲ့ ပိုက်ဆံနဲ့ ကျောင်းဆက်တက်နိုင်ခဲ့ပါတယ်။ဒီအရည်အချင်းကပဲ ဗန် နဲ့ ဂွမ်တို့ကို တွေ့ဆုံစေခဲ့တာပါ။ ဂွမ်ရဲ့ အယ်ဒီတာက ဗန့်အကြောင်းကို စိတ်ဝင်စားလို့ ဆောင်းပါးရေးခိုင်းခဲ့ပါတယ်။ ပထမအစမှာ နှစ်ယောက်သား ပဋိပက္ခရှိခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ရင်းနှီးလာခဲ့ပါတယ်။
တစ်နေ့မှာ ဗန်ရဲ့ပါတီပွဲကို တမင်ဖျက်ဖို့်ကြံစည်နေတဲ့သူတွေက ကလေးငယ်တွေကို လူမသိအောင် ပါတီထဲခေါ်သွင်းခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဗန်ဟာ အဖမ်းခံရပြီး ကျောင်းထုတ်ခံရဖို့ထိဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဗန်တစ်ယောက် ကျောင်းအထုတ်ခံရမလား။
ဂွမ် နဲ့ကော ချစ်သူတွေဖြစ်လာမလား။
ဘွဲ့ရအောင်ကော ကြို;စားလာမလား ဆိုတာသိချင်ရင်တော့ ကိုယ်တိုင်သာ ကြည့်ရှုလိုက်ပါနော်။
Comedy နဲ့ Romance အမျိုးအစားလေးဖြစ်လို့ ရယ်စရာ ပျော်စရာ ဟာသဇာတ်ကွက်လေးတွေကို
ဒီဇာတ်ကားမှာ မြင်တွေ့ရမှာပါ။
Read More 0 comments


 

Rating : 7.2/10
Country : United State
Genre : Crime, Drama, Thriller
Cast : Anthony Hopkins, Edward Norton, Ralph Fiennes
Released Date : 2002
Duration : 2h 4min

အညွှန်း
ခေါင်းစားပြီး စိတ်ပညာမှုခင်းဇာတ်ကားတွေကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ဖြစ်စေမယ့်
ဇာတ်ကားတစ်ခုပါ အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Anthony Hopkin & Edward Nortonတို့နှစ်ယောက်ရဲ့ Chemistry မိမိနဲ့ သရုပ်ဆောင်မှုတွေကို တဝကြီးကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်း
********
ဝယ် ဂရေဟမ်ဟာ FBI Agent တစ်ယောက်ဖြစ်ပြီး မှုခင်းတွေစုံစမ်းတဲ့နေရာမှာ သူမတူတဲ့ ဖြတ်ထိုးဉာဏ်တွေးခေါ်မှုတွေအမှုပေါင်းများစွာကို ဖော်ထုတ်ခဲဲ့တဲ့လူတစ်ယောက်ပါ။ မှုခင်းစုံစမ်းရေးတွေမှာသူ့ကိုကူညီနေတဲ့ စိတ်ပညာရှင် ဟန်နဘယ် လက်တာဆိုတာ FBI ကိုအိပ်ကပ်ထဲထည့်ထားပြီး တစ်ဖက်မှာလူပေါင်းများစွာကို သွေးအေးအေးနဲ့သတ်ပြီး ခန္တာဗေဒကိုလေ့လာနေတဲ့ ကြောင်သူတော်တစ်ယောက်လို့ပြောရမယ် ။ အကြောင်းစုံကိုသိသွားတဲ့ ဂရေဟမ်က ဟန်နဘယ်လက်တာကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပြီးသူ့ရဲ့ FBI Agent ဘဝကိုလည်း ပြည်ဖုံးကားချလိုက်ပါတော့တယ် ။ နှစ်ပေါင်းများစွာကြာတဲ့အခါ ကိစ္စတွေကမပြီးသွားပဲ လက်တာလိုမျိုး အရမ်းထူးခြားတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ပေါ်လာခဲ့တာကြောင့်ဂရေဟမ် , လက်တာ နှစ်ယောက်ပေါင်းကာ အဲ့ဒီလူသတ်ကောင်ကို ထပ်မံဖမ်းဆီးရပါတော့တယ်။ အခန်းတိုင်းမှာ လျှိ့ကွက်လေးတွေရှိနေပြီး Genius 3 ယောက်ရဲ့ အားပြိုင်မှု စိန်ခေါ်မှုတွေနဲ့ လူသတ်မှုကိုတစ်စတစ်စချင်းစီဖော်ထုတ်သွားတဲ့အချက်က ဟာကနဲတွေဖြစ်သွားမှာပါ၊
Read More 0 comments