Eight Legged Freaks (2002)

Rating : 5.4/10
Country : United State
Genre : Action, Adventure, Comedy 
Cast : David Arquette, Kari Wuhrer, Scott Terra                    
Released Date : 2002
Duration : 1h 39min

ဝေးလံခေါင်ဖျားတဲ့ သတ္တုတွင်းအခြေစိုက်မြို့လေးတစ်မြို့မှာ ဓာတုပစ္စည်းတွေ ယိုဖိတ်ရာကနေ ပင့်ကူမွေးမြူရေးစခန်းက ရာချီတဲ့ ပင့်ကူတွေဟာ ကားတစ်စီးစာအရွယ်အစားအဖြစ်ကို ညတွင်းချင်းကြီးမားသွားပါတော့တယ်။ အဲ့ဒါကိုတားမြစ်ရမယ့်သူတွေကတော့ မိုင်းတွင်း
အင်ဂျင်နီယာ ခရစ်မက်ကော်မနက် ရဲအရာရှိ ဆမ်ပါကား နဲ့ ဆမ်ရဲ့သား ပင့်ကူတွေအကြောင်း ကျွမ်းကျင်တဲ့ မိုက်ခ်ဆိုတဲ့ ကလေးတစ်ယောက်ရယ် မြို့နေ လူတစ်စုရယ်ပါပဲ။
တစ်မြို့လုံးကို ဖုံးလွှမ်း အန္တရာယ်ပေးလာမယ့် ပင့်ကူတွေကို သူတို့ ဘယ်လိုရင်ဆိုင်မလဲ? ဝေးလံလွန်းတဲ့ ဒေသဖြစ်တဲ့ အပြင် တစ်ခြားဒေသတွေနဲ့လဲ အဆက်အသွယ်ပြတ်တောက်သွားတဲ့အခါ ဘယ်သူ့ဆီက အကူအညီရယူရမလဲ?
Eight Legged Freaks ဟာ အကောင်ကားတွေလို့ခေါ်ကြတဲ့ Monster movies တွေခေတ်စားတဲ့ 90s 20s ဝန်းကျင်က မြန်မာပြည်က ခွေဆိုင်တွေမှာပါ အတော်ပေါက်ခဲ့တဲ့ ကားတစ်ကားပါ။ အကောင်ကားဆိုပေမယ့် Pg 13 ပဲဖြစ်တဲ့အတွက် သွေးထွက်သံယိုကြမ်းတမ်းတဲ့ပြကွက်တွေ မပါဝင်ပဲ ဟာသတွေနဲ့ ပေါ့ပေါ့ပါးပါး ဖျော်ဖြေရေးဖြစ်တဲ့ ကားတစ်ကားပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်
အဲ့ဒီတုန်းက ဆယ်ကျော်သက်ကလေးမလေးပဲရှိသေးတယ် မမ စကားလက်ရဲ့ ငယ်ငယ်နုနု အလှလေးတွေကို မြင်ရတာနဲ့တင် တန်နေပါပြီ….

0 comments:

Post a Comment