Showing posts with label Japan. Show all posts
Showing posts with label Japan. Show all posts


 

 

Rating : 6.1/10
Country : Japan
Genre : Adult, Drama
Released Date : 2017
Duration :  2h

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

“Kanojo no Jinsei wa Machigai ja Nai” ဝတ္ထုစာအုပ်ကို အခြေခံရိုက်ကူးထားပြီး ဝတ္ထုရေးဆရာပဲ ပြန်လည်ရိုက်ကူးထားတာပါ

ဆူနာမီကြောင့် အမေဆုံးရှုံးသွားပြီးနောက်ပိုင်း မီယူကီဆိုတဲ့ ကောင်မလေးက ဖူကူရှီမာမြို့မှာ သူ့အဖေနဲ့အတူ နေထိုင်ပါတယ်
အရင်တုန်းက လယ်သမားဖြစ်တဲ့ အဖေက နေ့တိုင်းအရက်သောက်ပြီး ငလျင်ဒဏ်ကြောင့် ပြန်လည်ရရှိခဲ့တဲ့ ထောက်ပံ့ငွေတွေကို ဂိမ်းကစားပစ်ပါတယ်…

မီယူကီတစ်ယောက် အိမ်စရိတ်ကာမိဖို့အတွက် တိုကျိုမြို့မှာ ပြည့်တန်ဆာအဖြစ် ရုန်းကန်ရင်း ဘဝကို ရှေ့ဆက်ရပါတယ်…
မီယူကီတစ်ယောက် ဘဝကို ရှေ့ဆက်ဘယ်လိုဖြတ်သန်းမလဲ ဆက်လက်ကြည့်ရှုကြပါအုန်း ။

Read More 0 comments


 

 

Rating : 3.9/10
Country : Japan
Genre : Adult, Action, Sci Fi
Released Date : 2019
Duration :  1h 30min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

၂၀၁၂နဲ့ ၂၀၁၅ခုနှစ်မှာ ထွက်ခဲ့တဲ့ ရုပ်ရှင်နှစ်ကားရဲ့ အဆက်ဖြစ်ပြီး

ဒီဇာတ်လမ်းလေးကတော့ နောက်ဆုံးပိတ်ဖိုင်နယ်ရုပ်ရှင်ပဲဖြစ်ပါတယ်….

ရှေ့ဇာတ်လမ်းတွေမှာ မပြီးဆုံးခဲ့တဲ့ နောက်ဆုံးတိုက်ပွဲကို

ပုရိသတို့အကြိုက်မင်းသမီးKirara Asukaက

သရုပ်ဆောင်ထားပြီး Action SciFiဇာတ်အိမ်နဲ့ဆိုတော့

သဘောကျနှစ်ခြိုက်ကြဦးမယ့် ဇာတ်လမ်းတပုဒ်ပါပဲ…တချို့ဇာတ်ဝင်ခန်းတွေမှာ မင်းသမီးရဲ့

ကောက်ကြောင်းပြေပြစ်ပုံတွေကို

ရှင်းရှင်းလင်းလင်းချပြတင်ဆက်ထားမှုကြောင့်

မိသားစုနဲ့တော့အတူမကြည့်သင့်တဲ့ဇာတ်လမ်းပါ…

Read More 0 comments


 

 

Rating : 7.2/10
Country : Japan
Genre : Drama, Romance
Released Date : 2021
Duration :  1h 44min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အထက်တန်းကျောင်းရဲ့ နွေရာသီ ချစ်ဦးပုံပြင်လေးတစ်ပုဒ်ပါ။ ငယ်ချစ်ဦးဇာတ်လမ်းတွေကိုသဘောကျတဲ့သူ၊ လူငယ်ဘဝdramaတွေ သေချာပေါက်ကြိုက်နှစ်သက်မဲ့ ဂျပန်ဇာတ်ကားလေးပါပဲ။

“ဆုကစ”ဆိုတဲ့ကျောင်းသူလေးက ကျောင်းအမြဲနောက်ကျတတ်ပြီး ဖရိုဖရဲနိုင်တဲ့ကောင်မလေးတစ်ယောက်ပါ။
အထက်တန်းကျောင်း ပထမနှစ်မှာ ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ် “အရိမ”က သူ့ကိုအမြဲကူညီပေးတတ်တဲ့သူတစ်ယောက်ပေါ့။
ဆုကစရဲ့သူငယ်ချင်းတွေကလည်း သူတို့နှစ်ယောက်က အပြန်အလှန်ကြိုက်တာသေချာတယ်လို့ပြောတာကြောင့် သူလည်း ကြင်နာတတ်တဲ့ အရိမကို ဖွင့်ပြောခဲ့ပါတယ်။
အရိမ က “နင်နဲ့အတူရှိနေရင်တောင် ယောက်ျားလေးသူငယ်ချင်းနဲ့ရှိနေတယ်လို့ပဲ ခံစားရတယ်”လို့ပြောပြီးငြင်းလိုက်ပါတယ်။
ဒါပေမဲ့ ဆုကစကတော့ ငြင်းရင်တောင် ဆက်ပြီးချစ်နေမှာပဲလို့ပြောပြီး အနားမှာဆက်ရှိနေပေးခဲ့ပါတယ်။
ဆုကစကို ဂရုစိုက်တဲ့သူနောက်တစ်ယောက်ကတော့ playboyလေး “ဟဆဲဘဲ” ပါပဲ။
မိန်းမရှုပ်ပေမဲ့ ဆုကစကိုတော့ တိတ်တခိုး ဂရုစိုက်ပြီး ချစ်နေခဲ့တဲ့သူပါ။ဒီလိုနဲ့ ၃ယောက်သား ကျောင်းကနွေရာသီcampကိုသွားကြတဲ့အခါ အရိမရဲ့ရည်းစားဟောင်းနဲ့ပြန်ဆုံခဲ့ပါတယ်။ ရည်းစားဟောင်းဖြစ်သူက ဆုကစတို့ ကမ်းခြေကိုခရီးထွက်တဲ့အခါမှာလည်း သူတို့နဲ့အတူလိုက်လာခဲ့ပါတယ်။
ရည်းစားဟောင်းဖြစ်သူက အရိမကိုပြန်လိုချင်တာကြောင့် ဆုကစကို အောင်သွယ်လုပ်ပေးဖို့ပြောတဲ့အခါ
ဆုကစတစ်ယောက် ခံစားချက်တွေကိုဖုံးကွယ်ပြီး သူငယ်ချင်းကောင်းတစ်ယောက်အဖြစ်နဲ့ ကူညီဖို့ကြိုးစားပါတော့တယ်။
တစ်ဖက်မှာလည်း အရိမက ဆုကစကို တကယ်မချစ်တာမဟုတ်ဘဲ သူကအချစ်နဲ့မထိုက်တန်သူလို့ သူ့ကိုယ်သူခံယူတာကြောင့် ငြင်းခဲ့တာဖြစ်နေတဲ့အခါ
ဆုကစရဲ့မစွန့်လွှတ်တတ်တဲ့အချစ်က သူ့အတွက် ကောင်းနိုင်မလား။ သူတစ်ဖက်သတ်ချစ်ရတဲ့သူနဲ့ သူ့ကိုဂရုစိုက်ပြီးချစ်တဲ့သူကြားမှာ ဘယ်သူ့ကိုရွေးချယ်မှာလဲ။

သူတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းနဲ့ အထက်တန်းကျောင်းရဲ့အချစ်ဦးပုံပြင်လေးကို ပိတ်ရက်မှာ အေးအေးဆေးဆေးကြည့်လို့ရအောင် တင်ဆက်ပေးလိုက်ရပါတယ်။ ဂျပန်အထက်တန်းကျောင်းဇာတ်လမ်းလေးတွေကို နှစ်သက်တဲ့သူတွေ သဘောကျမှာသေချာတဲ့ဇာတ်လမ်းလေးပါပဲ။

Read More 0 comments


 

 

Rating : 4.8/10
Country : Japan
Genre : Adult, Drama, Thriller
Released Date : 1982
Duration : 1h 8min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

နာမီဆူချီယာဟာ စာတော်ပြီး ဆရာအရေးပေးခံရတဲ့ကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။
တစ်ချို့ကျောင်းသူတွေမနာလိုဖြစ်ကြရအောင်လဲ သူတို့တွေကြိတ်ကြွေနေတဲ့ ခန့်ညားချောမောတဲ့
ဆရာဟာ နာမီ့အပေါ်ကို သိသိသာသာကြွေဆင်းနေခဲ့တာအမှန်ပါ။
ဆရာဟာ နာမီ့အပေါ်ကို စိတ်ကူးတွေယဉ်တယ်၊ နာမီကိုယ်တိုင်ကလဲ ဆရာက သူဒုက္ခရောက်နေတဲ့
အချိန်မှာ လာရောက်ကယ်တင်တတ်တဲ့အကြောင်း၊ ကယ်တင်ပြီးရင် သူ့ကိုရက်ရက်စက်စက်နှိပ်စက်ပြီးရင်
မုဒိမ်းကျင့်ဖို့ကြိုးစားတဲ့အကြောင်း အိမ်မက်တွေမက်တတ်တယ်။

ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားက နှောင်ဖွဲ့မှု စိတ္တဇတွေ နက်ရှိုင်းလာပါတော့တယ်။
ဒီဇာတ်ကားနဲ့ပတ်သက်တဲ့မှတ်ချက်တွေထဲမှာ ဂျပန်တွေဟာ လက်တွေ့ဘဝမှာ လိမ်မာယဉ်ကျေးကြတဲ့
အပြင်ပန်းမျက်နှာစာကို ကောင်းကောင်းထိန်းသိမ်းထားနိုင်ပြီးတော့ anime နဲ့ ရုပ်ရှင်တွေထဲမှာ စိတ်ကူးတွေကို
ရိုင်းချင်တိုင်းရိုင်းကြမ်းချင်တိုင်းကြမ်းခွင့်ပေးထားတာ သိပ်ကြိုက်တယ်ဆိုတဲ့ တစ်ခုကိုသဘောကျမိပါတယ်။ဒီကားထဲမှာလဲ စိတ်ကူးယဉ်တဲ့အခန်းတွေတင်မက၊ လက်တွေ့ကျကျဆက်ဆံခန်းတွေမှာပါကြမ်းချက်တွေကတော့
ရုပ်ရှင်ကားကြီးမှ ဟုတ်ရဲ့လားလို့ပြန်ကြည့်ရလောက်အောင်ကိုကြမ်းလွန်းတာပါ။
ဒါကိုက ဇာတ်ကားရဲ့အနှစ်ပါပဲ။ Dark Side ဖက်ခြမ်းကို ဖော်ပြရာမှာတော့ ဂျပန်ကားတွေက အရင်ကတည်းက ကြမ်းနေခဲ့တာပါပဲ။

Read More 0 comments


 

 

Rating : 6.3/10
Country : Japan
Genre : Crime, Thriller
Released Date : 2021
Duration : 1h 54min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Alice in Borderland မှာ Usagiအနေနဲ့ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး Tsuchiya Taoနဲ့ မင်းသား Tanaka Keiတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ငယ်ငယ်တုန်းက Disney Princessပုံပြင်တွေမှာဆိုရင် မြင်းဖြူစီးလာတဲ့မင်းသားလေးနဲ့ အခက်အခဲကြုံနေရတဲ့မင်းသမီးတို့ တွေ့ဆုံချစ်ကြိုက်ပြီးလက်ထပ်လို့ Happily ever afterဆိုတဲ့ပုံပြင်တွေကို အသည်းစွဲခဲ့ကြဖူးပါတယ်။ ဘဝမှာလည်း ကံကောင်းစွာနဲ့ ကိုယ့်ကိုကယ်တင်ပေးမဲ့သူပေါ်လာပြီး ဘဝများပြောင်းလဲသွားလေမလားလို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်ဆိုရင်တော့ ဒီဇာတ်ကားကိုကြည့်သင့်ပါတယ်။

ကလေးတွေကို တိုင်ပင်စောင့်ရှောက်ပေးတဲ့ဌာနက ဝန်ထမ်းမလေး “ကိုဟရု”ကတော့ ငယ်ငယ်တည်းက မိခင်စွန့်ပစ်တာကိုခံခဲ့ရသူပါ။ ၁၂နှစ်သမီးတည်းက မိခင်ဖြစ်သူထွက်ပြေးသွားပြီး မိခင်မေတ္တာငတ်ခဲ့သူမို့ တာဝန်ယူလိုစိတ်ကင်းမဲ့တဲ့အမေကိုမုန်းပြီး အမေလိုလူတစ်ယောက်မဖြစ်ချင်တဲ့သူပါ။ သူ့အဖေကတော့စက်ဘီးဆိုင်လေးဖွင့်ထားပြီး ညီမဖြစ်သူက အထက်တန်းတက်နေပါတယ်။ တစ်နေ့မှာတော့ အဘိုးဖြစ်သူက ရေချိုးခန်းထဲမှာမူးလဲတာကြောင့် ဆေးရုံပို့ဖို့ ကားနဲ့အပြေးသွားတုန်း အိမ်မှာထွန်းခဲ့တဲ့ခြင်ဆေးခွေကနေ မီးစွဲပြီး အိမ်မီးလောင်ပါတော့တယ်။
အိမ်မီးလောင်သွားတာကြောင့် ရည်းစားဖြစ်သူရဲ့အိမ်မှာ ခဏတည်းဖို့သွားပြန်တော့လည်း ရည်းစားဖြစ်သူက ဖောက်ပြန်နေတာနဲ့ ပက်ပင်းတိုးပါရော။

အိမ်ဆုံးရှုံးပြီး ရည်းစားသစ္စာဖောက်လို့စိတ်ပျက်ပျက်နဲ့လမ်းလျှောက်လာတုန်း ရထားသံလမ်းပေါ်မှာ လူတစ်ယောက်လဲနေလို့ ကယ်ခဲ့ပါတယ်။ အဲဒီလူကတော့ ကိုယ်ပိုင်ဆေးရုံပိုင်တဲ့ ဒေါက်တာ ဒိုင်ဂေါ့ အိဇုမိဇဝပါပဲ။ အရာရာမှာ အနှုတ်ပြနေတဲ့”ကိုဟရု”တစ်ယောက် ရည်းစားနဲ့လည်းပြတ် အလုပ်မှာလည်းအဆင်မပြေတဲ့အချိန် သူ့သူငယ်ချင်းတွေ အကြံပေးတာက ယောက်ျားကောင်းကောင်းယူပြီး အိမ်ရှင်မကောင်းလုပ်ဖို့ပါတဲ့။ကိုဟရုတစ်ယောက်ကတော့ သူ့အခြေအနေအတွက် perfectဖြစ်နေတဲ့ မြင်းဖြူစီးလာတဲ့မင်းသားလေးနဲ့တူတဲ့ ချမ်းသာတဲ့ဒိုင်ဂေါ့ကိုဆက်သွယ်လိုက်ပါတယ်။

ဒိုင်ဂေါ့မှာ ၈နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပြီး မိန်းမဖြစ်သူကတော့ ဆုံးသွားခဲ့တာကြာပါပြီ။ဒိုင်ဂေါ့ရဲ့ သမီးလေးကလည်း ကိုဟရုနဲ့တည့်ပြီး အရမ်းချစ်ပါတယ်။

ပနံသင့်လှတဲ့သူတို့နှစ်ယောက်ကတော့ တစ်လအတွင်းမှာပဲ လက်ထပ်လိုက်ကြပါတော့တယ်။ သာမန်ဆိုရင်တော့ မင်းသားနဲ့စင်ဒရဲလားလေး လက်ထပ်ပြီး ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုဖြစ်သွားမယ်လို့ထင်ချင်စရာပါ။ သမီးလေးအပေါ်မှာမိခင်တစ်ယောက်လိုချစ်ပေးပြီး အိမ်ရှင်မကောင်းဖြစ်အောင်ကြိုးစားပေမဲ့ စိတ်ဒဏ်ရာကိုယ်စီရှိကြတဲ့သူတို့တွေကြားမှာ ပြဿနာမီးပွားတွေ စပေါ်လာပါတယ်။

ကောင်းမွန်တယ်လို့ထင်ရတဲ့ဘဝကို လိုချင်လို့ မြန်မြန်တည်ဆောက်ခဲ့တဲ့ဆက်ဆံရေးဖြစ်တာကြောင့် ကိုဟရုမသိခဲ့ရတဲ့လျှို့ဝှက်ချက်တွေ အမှောင်ခြမ်းတွေကို တွေ့လိုက်ရတဲ့အခါ…
စင်ဒရဲလားလေးရဲ့ အိမ်ထောင်ရေးက ပုံပြင်ထဲကလို ရထားလုံးလေးစီးပြီး ဖြောင့်ဖြူးတဲ့လမ်းမဟုတ်တာသေချာပါတယ်။ ဒီကားကြည့်ပြီးရင်တော့ ချမ်းသာတဲ့လူကိုလက်ထပ်ပြီး စင်ဒရဲလားဖြစ်ချင်စိတ်တွေ တစ်ဝက်လောက်လျော့သွားမယ်လို့ ထင်ပါတယ်။

Read More 0 comments


 

 

Rating : 6.5/10
Country : Japan
Genre : Drama, Romance
Released Date : 2021
Duration : 2h 4min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အလွမ်းသစ်တို့ အဆင့်ဆင့်မြင့်မျောနေသော တိမ်စိုင်တို့ မျောကာလွင့်ကာနေကြ၏။ အချို့တိမ်တို့က ရေခိုးရေငွေ့တို့ကို ထုပ်ပိုးသိမ်းဆည်းထားကြပြီး အချို့တိမ်တို့က အတိတ်မြစ်တို့ကို ထုပ်ပိုးသိမ်းဆည်း ထားကြသည်။ တိမ်ညိုကာမိုးသော မိုးနေ့များတွင် ရွာသွန်းဖြိုးတတ်သော ထိုတိမ်တိုက်တို့ကို မနေ့ကကောင်မလေးနဲ့ အတူ ကျွန်တော် ထားခဲ့လိုက်ချင်ပါသည်။ အတိတ်ကို ထူးထွေစွာ တမ်းတမက်မောမနေတော့ခြင်းသည်လည်း ရင့်ကျက်လာခြင်း၏ ဂုဏ်သတ္တိများထဲမှ တစ်ခုဟု ဆိုကြသည်သာ။

မရှိတော့ပြီထင်ရသော တစ်ပိုင်းတစ်စ မှတ်ဉာဏ်ဟောင်းများ ငွေ့ရည်ဖွဲ့လာချိန်တွင် အတိတ်တို့သည် အတိတ်မဟုတ်တော့ပြီ။ ဟောင်းနွမ်းခဲ့ပြီထင်ရသော ရုတ်တရက်အသစ်ဖြစ်သွားတတ်သည့် မှတ်ဉာဏ်များထဲတွင် လွန်လေခဲ့ပြီးသော မနက်ဖြန်တစ်ခုတုန်းကလိုပင် သူမသည် ကျွန်တော့်ဘေး ရှိနေခဲ့သည်ပင်။

“ပြန်တွေ့ကြဦးမယ်နော်”လို့ သူမပြောခဲ့ချိန်သည် ကျွန်တော်တို့ချင်း နောက်ဆုံးဆုံတွေ့ကြချိန် ဖြစ်လာလိမ့်မည့်ကြောင်း ကျွန်တော်မသိခဲ့ပါ။ အနှစ်၂၀ကျော်အချိန်သည် အရာရာကို တိုက်စားခဲ့လေပြီ။ ကျွန်တော်တို့ အတူသွားခဲ့ဖူးသော လမ်းများ၊ အဆောက်အဦးများ တဖြည်းဖြည်းချင်း ပြောင်းလဲသွားကြပြီ။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော့်မှတ်ဉာဏ်ထဲတွင် သူမသည် ထိုနေ့ကလိုပင် မပြောင်းမလဲ ထိုနေ့ကလိုပင် ဒီလမ်းကြားလေးထဲ ကျွန်တော့်ကို ပြုံးပြနေသေးသည်။ မှတ်ဉာဏ်များထဲတွင်၊ သူမထံမှ ကူးစက်လာခဲ့သော ကျွန်တော့်အမူအကျင့်များထဲတွင်၊ မဟောင်းသော လမ်းက‌လေးထဲတွင် “အခုသူမ” မဟုတ်သော “အရင်ကသူမ” သည် ရှင်သန်နေသေးသည်။

ပြက္ခဒိန်၂၅အုပ်၊ ပို့စကတ်တစ်ခု၊ ဝါရီရော်စာရွက်များ၊ ချိုသောအပြုံးများ၊ စီးကရက်မီးခိုးငွေ့များ၊ လမ်းမများထဲတွင် ရင့်ကျက်ပြီထင်သော ကျွန်တော်၏ မရင့်ကျက်ခြင်းများကို ပြန်တွေ့ခဲ့ရ၏။

မကုန်နိုင်အောင် ရှည်လျားသောလမ်းမကြီးထက်တွင် ကျွန်တော်တို့အတူ လျှောက်ခဲ့ကြဖူးသည်။ ဒီလမ်းသည် ဘယ်လိုမှ မဆုံးတော့သလိုပင်။ ကျောတွင် တစ်စုံတစ်ရာသော ၀န်ထုပ်ကိုလွယ်ရင်း တဖြည်းဖြည်းနောက်ကောက်ကျလာသည် ထင်သည်။ ကျွန်တော် သတိတရကြည့်မိချိန်တွင် မကုန်နိုင်အောင် ရှည်လျားသော လမ်းမကြီးမှအပ ဘာဆိုဘာမှ မရှိတော့ပါ။ သူမသည် အတိတ်ဖြစ်သွားပြီ။ သူမသည် မှတ်ဉာဏ်တစ်ခုဖြစ်သွားပြီ။ ပသို့ပဲဆိုဆို “တစ်ခါကသူမ”သည် ရှင်သန်နေသေးသည်။

၂၀၂၀၏ ကမ္ဘာကြီးသည် တဖြည်းဖြည်းချင်း ပျက်ယွင်းလာခဲ့ပြီ။ အစစပြိုယိုင်လွင့်ပါးလာသော ကမ္ဘာတွင် မိုးတိမ်တွေပြာ သာခဲ့ဖူးသောကမ္ဘာကို ပြန်လည်မက်မောမိလာခြင်းသည် သဘာ၀သာ၊ လူသားဆန်မှုသာ။ ခံစားချက်မမဲ့နိုင်မချင်း လူသည် ဘယ်သောအခါမှ မရင့်ကျက်လာနိုင်ပြီ ထင်သည်။ သူမကို ကျွန်တော် မမေ့ပျောက်ချင်တော့ပါ။ ကျွန်တော် မရင့်ကျက်ချင်တော့ပါ။ ကျွန်တော်တို့အားလုံး မရင့်ကျက်လာနိုင်ကြသူများသာ။ ကျွန်တော်တို့အားလုံးသည် မရင့်ကျက်ခြင်းကို ပွေ့ပိုက်ထားကြသူများသာ။

Read More 0 comments


 

Rating : 4.0/10
Country : Japan
Genre : Adult, Action, Crime, Drama
Released Date : 1980
Duration : 1h 11min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဖူယူကိုဟာ အိမ်ထောင်သည်အမျိုးသမီးဖြစ်ပြီးရှေးရိုးစွဲယောက္ခမနဲ့ခင်ပွန်းသည်အတွက်ကလေးရဖို့

ဖိအားပေးကြိုးစားခံနေရသူဖြစ်ပါတယ်၊ကလေးတစ်ကြိမ်ပျက်ကျတိုင်း သူ့ယောက္ခမဆီသွားတောင်းပန်ရတဲ့အတွက်

ကြိတ်မှိတ်သည်းခံနေရတာလဲရှိပါတယ်။ဒီတစ်ကြိမ်မှာတော့ရထားပေါ်အသွား စိတ္တဇဖြစ်နေဟန်ရှိတဲ့သူတစ်ယောက်က

သူ့ချစ်သူနဲ့ဖောက်ပြန်သူအဖြစ်အထင်မှားပြီး သူ့ခင်ပွန်းကို ဓားကြိမ်းကြိမ်းခဲ့တဲ့အဖြစ်နဲ့ကြုံလိုက်ရပါတယ်။

ကာလတစ်ချို့ကြာလိုက်ပြီးတဲ့နောက်မှာတော့ အဲ့ဒီလူကိုပြန်ဆုံခဲ့ရပြီး ဒီတစ်ကြိမ်မှာတော့ သူ့ခင်ပွန်းအပေါ်အငြိုးအတေးနဲ့

သူ့ကို ရက်ရက်စက်စက်မုဒိမ်းကျင့်သွားခဲ့တာပါ။လက်ရှိမပြေလည်တဲ့ အိမ်ထောင်ရေး ၊ဖိအား အစရှိတာတွေကနေ

မသိစိတ်က နာကျင်မှုရက်စက်မှု ကြမ်းတမ်းတဲ့ဆက်ဆံမှုတွေအပေါ်သာယာသွားတဲ့ ဖူယူကိုဟာ အမှောင်ထဲ

ထိုးဆင်းဖို့အဆင်သင့်ဖြစ်သွားခဲ့ပါတော့တယ်။

နီကတ်ဆုရဲ့ နာမည်ကျော် ROMAN PORNO LINE တွေထဲကနောက်တစ်ကားပါပဲ။

Roman Porno Series တွေဟာလူတွေရဲ့အမှောင်တိုက်တွေဖြစ်တဲ့ ဆန်းပြားတဲ့လိုဘတွေ၊ ဇောတွေ၊ ပြင်းထန်ကြမ်းတမ်းတဲ့

နှိပ်စက်ညှင်းပန်းမှု ဒါတွေအပေါ်သာယာခြင်းတွေ၊အစွန်းရောက် ညစ်ညမ်းမှုတွေ၊အကြမ်းဖက်မှုတွေ

ကိုတစုတစည်းထဲတွေ့မြင်နိုင်ခြင်းကြောင့်နာမည်ကြီးခဲ့ပြီး ၁၉၇၁-၁၉၈၈ သက်တမ်းအတွင်း အရေအတွက်

အများကြီးထွက်ရှိပြီးအောင်မြင်ခဲ့တာပါ။ခံစားကြည့်စေချင်ပါတယ်။

Read More 0 comments


 

Rating : 5.8/10
Country : Japan
Genre : Drama, Adult, Thriller
Released Date : 2019
Duration : 1h 38min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

မိဆုက အမြဲတမ်း လူအများရဲ့လစ်လျူရှုခြင်း မေ့လျော့ခြင်းကို ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်ပါသူတက္ကသိုလ်တက်နေစဉ္တစ်လျှောက်လုံးမှာ သူ့ကို သတိထားမိပြီး သူ့နာမည်ကို ပထမဆုံးခေါ်ပေးခဲ့တဲ့သူက ချီဟီရိုဆိုတဲ့ ကောင်မလေးပါပဲမိဆုဟာ သူမကို ပြန်တွေ့ရဖို့ကို အမြဲမျှော်လင့်နေခဲ့ပါတယ်၁၁ ကြာတဲ့အထိ မေ့မရရှိနေပြီး သူမဘယ်မှာရှိနေမလဲ စုံစမ်းခဲ့ပါတယ်ပြန်တွေ့ရတဲ့အချိန်မှာတော့ ချီဟီရိုဟာ အများကြီးပြောင်းလဲသွားပါပြီမိဆုဟာ သူမကို အမြဲမြင်ခွင့်ရရှိဖို့ သူမရဲ့အိမ်နားကိုပြောင်းရွှေ့လာခဲ့ပြီး အမြဲလိုလို ချီဟီရိုရဲ့အိမ်ကို ချောင်းကြည့်နေခဲ့ပါတယ်အဲဒီလိုနေ့စဉ်ချောင်းကြည့်ရင်းက ဘာဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ ။

Read More 0 comments


 

Rating : 6.6/10
Country : Japan
Genre : Drama, Fantasy, Romance
Released Date : 2022
Duration : 1h 52min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဝိညာဉ်တစ်ခုဟာ သူများခန္ဓာကိုယ်ထဲ နိုးလာတယ်။ သူဘယ်သူလဲလည်း သူမသိဘူး။

သူ့မှာ ဘာမှတ်ဉာဏ်မှလည်း မရှိဘူး။ အစောင့်အရှောက်လို့ သူ့ကိုယ်သူပြောတဲ့သူက

သူ့ကို တာ၀န်တစ်ခုပေးတယ်။ သူ၀င်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဘာလို့သတ်သေခဲ့လဲ

သိအောင်လုပ်ရမယ်တဲ့။ ရက်တစ်ရာအတွင်း ဒီမေးခွန်းကို ဖြေနိုင်မှ လူပြန်၀င်စားခွင့်

ရမယ်တဲ့။ ဒီလိုနဲ့ အဲဒီဝိညာဉ်ဟာ သူများခန္ဓာကိုယ်ထဲနေပြီး သူများအကြောင်းကို လေ့

လာဖို့ဖြစ်လာတယ်။ ရက်တစ်ရာပြည့်တဲ့ အခါမှာတော့…….။

Japan Animeဖြစ်တဲ့ Colorful(2010) ကိုမှီးပြီး 2018မှာ ထိုင်းက Homestayဆိုတဲ့

နာမည်နဲ့ Live Actionတစ်ကားရိုက်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းကိုပဲ Homestayနာမည်နဲ့ပဲ

ဂျပန်က Live Action တစ်ခါထပ်ရိုက်ထားတာပါ။ သဘာ၀လွန် ဇာတ်ကြောင်းကောင်း

ကောင်းနဲ့ ဆယ်ကျော်သက်ပညာပေး ရိုက်ထားတဲ့ ရုပ်ရှင်လို့ပြောရင်လည်း မမှားပါဘူး။

Read More 0 comments


 

Rating : 5.7/10
Country : Japan
Genre : Adult, Drama, Mystery
Released Date : 1982
Duration : 1h 9min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ရီကိုက ခုမှကျောင်းသစ်ကိုပြောင်းလာတဲ့အလှသွေးကြွယ်တဲ့ ဆရာမလေးတစ်ယောက်ပါ…ပုရိသတို့ ကြွေလောက်စရာ ရှိုက်ကြီးရှိုက်ဖိုအသွယ်သွယ်နဲ့ကျောင်းက ဆရာတွေကြားရော ကျောင်းသားတွေကြားရော

ရေပန်းစားတဲ့ ဆရာမလေးပေါ့…ဒီလိုသိပ်လှတဲ့ရီကိုဟာ တနေ့မှာ‌ောတ့ မထင်မှတ်ထားပဲရေချိုးခန်းထဲမှာ အဓမ္မကျင့်ခြင်းကို ခံခဲ့ရ့ပါတယ်…ရီကိုတစ်ယောက် ကျောင်းထဲက သူ့ကိုငမ်းတွေတဲ့ဘဲတွေကြား သူ့ကို အဓမ္မကျင့်တဲ့ လူယုတ်မာကို လိုက်ရှာရင်းဘယ်လိုဘယ်ပုံ အချစ်တိုက်ပွဲတွေ ဆင်နွှဲရမယ်ဆိုတာကိုQualityကောင်းကောင်းနဲ့တင်ဆက်ပေးထားတာမို့ကြည့်ရှုခံစားကြပါဦးဗျာ….

Read More 0 comments


 

Rating : 4.9/10
Country : Japan
Genre : Drama, Romance, Adult
Released Date : 1982
Duration : 1h 10min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အသစ်အဆန်း​တွေကြား ငြီး​ငွေ့လာပြီဆို old but gold​လေး​တွေဖက်ခဏပြန်လည် ခံစားကြည့်ကြရ​အောင်ပါ။ 18+ ဆို​ပေမယ့် အ​ကြောင်းရင်းမရှိ စားမယ်​သောက်မယ် ဆိုတာကြီးမဟုတ်ဘဲ သူ့ဇာတ်လမ်း သူ့ဇာတ်ရှိန်​လေးနဲ့ သွားထားတဲ့ကား​လေးမို့ ကြည့်ရတာ ​တော်​တော်မိုက်ပါတယ်။

ဇာတ်လမ်းအကျဥ်း – အိုကူယာမာ ဆိုတဲ့ မအူမလည် စူပါမားကတ်ဝန်ထမ်ကောင်လေးဟာ ဘယ်အမျိုးသမီးနဲ့မှ ထိ​တွေ့ဆက်ဆံဖူးခြင်း မရှိပဲ လူ့​လောကကြီးကိုရှူးလာ​ပေါက်ရုံသက်သက် ​ရောက်လာသလို ဖြစ်​နေခဲ့တာ​ပေါ့။ဒါ​ပေမယ့် တစ်​နေ့မှာ​တော့ သူ​နေတဲ့ အခန်းကျဥ်း​လေးကို ​ကွဲကွာ​နေတာ ကြာပြီဖြစ်တဲ့သူ့ရဲ့ အစ်မ နိူရီကို ပြန်​ရောက်လာရာက​နေ မနူးမနပ် ​ကောင်​လေး အိုကူယာမာတစ်​ယောက်သူ့အစ်မရဲ့ ပွင့်လင်းလွန်းလှတဲ့ အ​ပြောအဆို အ​နေထိုင်​တွေ​ကြောင့် မလူးသာမလွန့်သာအ​ခြေ​နေ​တွေအကြားမှာ သူ့ရဲ့ ပြင်းထန်လှတဲ့ နှစ်ချို့ အာသီသ​တွေကို ချုပ်တည်းရင်းဘယ်လိုဆက်လက် နှစ်ပါးသွားကြမလဲ ဆိုတာကို​တော့ သဲတထိတ်ထိတ် ရင်တဖိုဖိုနဲ့ သဲထိတ်ရင်ဖိုဇာတ်ကားတစ်ကားကြည့်ရသလို ဆက်ကြည့်ရမှာပါ။ဇာတ်လမ်းအကျဥ်းလဲ ​ပြောပြီးပြီဆို​တော့ ဇာက်ကားကြည့်ဖို့ ပြင်ဆင်စရာရှိတာ​တွေပြင်ဆင်ပြီး ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြပါ​တော့ခင်ဗျား။

Read More 0 comments


 

Rating : 7.5/10
Country : Japan
Genre : Drama, Family
Released Date : 2019
Duration : 1h 50min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဟိမ၀န္တာတောင်တန်းအရှေ့ဘက်က တရုတ်နဲ့ အိန္ဒိယကြားမှာရှိတဲ့ တနင်္သာရီတိုင်း ထက်၀က်လောက်ပဲကျယ်တဲ့ ဘူတန်နိုင်ငံလေးရဲ့ အော်စကာ International Feature ဆု ဆန်ခါတင်၀င်ထားတဲ့ ရုပ်ရှင်ပါ။ ၂၀၁၉ကားကို ၂၀၂၂ အော်စကာမှာ ဆန်ခါတင်၀င်သွားတာပါ။ ဘူတန်က ဒီကားကိုပဲ မနှစ်ကရော ဒီနှစ်ရော Entry အဖြစ်ရွေးခဲ့ပေမဲ့ မနှစ်ကတော့ ဆန်ခါတင်မှာကျသွားပြီး ဒီနှစ်ဆန်ခါတင်မှာမှ ပါလာတာပါ။ လူ 660 ကျော်လောက်ပဲ Vote ထားတဲ့ IMDb 7.5 ကိုတော့ အဖက်လုပ်စရာမလိုပေမဲ့ ဝေဖန်သမားတွေချည်းပေးတဲ့ Rotten Tomatoes မှာလည်း ၁၀၀အတိရထားပါတယ်။ သူနဲ့အပြိုင်တွေက Flee(99%), The Worst Person in the world (99%), Drive My Car(98%), The Hand Of God (83%) တို့ပါပဲ။ ဆုရနိုင်ချေအနည်းဆုံးကားပေမဲ့ ခရမ်းချဉ်သီးအမြင့်ဆုံး ကားလည်းဖြစ်နေပါတယ်။ဇာတ်ကောင်က ကျွန်တော်တို့တွေလိုပဲ သာမန်လူငယ်တစ်ယောက်ပါပဲ။ သူက ဩဇီဗီဇာလျှောက်ပြီး ဩဇီမှာ အဆိုတော်ဖြစ်အောင်လုပ်ချင်နေတဲ့သူပေါ့။ သူ့မှာ ဖြစ်ချင်တဲ့ အိပ်မက်က သက်သက်ရှိပေမဲ့ မလွဲရှောင်သာ တခြားအလုပ် ခဏလုပ်နေရတယ်။ သူက ကျောင်းဆရာပေမဲ့ စာကို သေချာမသင်လို့ ခေါ်ကြိမ်းခံရတဲ့ သူမျိုးပါပဲ။ စာချုပ်အရ တစ်နှစ်ပဲကျန်တော့တဲ့ သူ့ကို ဘူတန်ရဲ့ အခေါင်ဆုံး ကမ္ဘာ့အခေါင်ဆုံးနေရာမှာရှိတဲ့ လူနားနားဆိုတဲ့အရပ်က ကျောင်းကို ပို့လိုက်တယ်။ ‌မသွားချင်ပေမဲ့ ဆောင်းဆို အရမ်းအေးတာကြောင့် ကျောင်းပိတ်ရတဲ့ နေရာဖြစ်တဲ့အတွက် ခဏပဲကြာမှာဆိုပြီး သွားလိုက်တယ်။ ပြန်လာရင် ဩဇီသွားလို့ရပြီ‌ပေါ့။ သူက ဒီနေ့ခေတ်သာမန်လူငယ်ပဲဆိုတော့ လူနားနားလိုနေရာမှာ သူ့အတွက် တော်တော်အသားမကျဘူး။

ရောက်ရောက်ချင်းပြန်ဖို့လုပ်ပေမဲ့ စာအရမ်းသင်ချင်နေတဲ့ ကလေးတွေကြောင့်ရော ဆရာဆိုတာ အနာဂတ်ကို ပုံသွင်းပေးတဲ့သူဆိုပြီး သူ့ကိုလေးစားကြတဲ့ ရွာသူရွာသားတွေကြောင့်ရော သူနေဖြစ်ခဲ့တယ်။ သိပ်မထူးခြားလှဘူးမလား။ ဒီလိုဇာတ်တွေ အာရှကားတွေမှာသာမက ဗမာစာအုပ်တွေမှာပါ ပါနေကျပါပဲ။ ဒါပေမဲ့ ဒါရိုက်တာက ဒီဇာတ်ကိုတော့ Realityကျကျပဲ ချည်းကပ်သွားခဲ့တာပါ။ ဇာတ်ကောင်ဟာ သာမန်စိတ်နဲ့ သာမန်လူပဲဖြစ်နေတာ ဘာညာပေါ့။ မထူးတဲ့ဇာတ်ကို နည်းနည်းလေးထပ်ဆန်းပေးလိုက်တာပါပဲ။ ရိုးရိုးလေးနဲ့ ဆန်းအောင် သာမန်ဒိုင်တွေသုံးပြီး ကစားသွားတာလေးတွေရဲ့ လှကွက်တွေလည်း ဆန်းပါတယ်။ ရွာသားတွေရဲ့ ဆရာအပေါ်လေးစားတဲ့စိတ်တွေ၊ အရိုးခံစိတ်တွေ၊ သူတို့ကလေးတွေအပေါ်ထားတဲ့ မေတ္တာတွေကို အပိုတွေအများကြီးမပြောဘဲ စကားတစ်လုံးလောက်နဲ့ အပြနဲ့ရောစပ် ဖော်ကျူးသွားတာတွေ၊ ရိုးရာသီချင်းကိုထည့်သုံးသွားတာတွေလည်း လှပါတယ်။ဇာတ်လမ်းကတော့ မထူးခြားနား အာရှကားတွေမှာ မြင်နေကျဇာတ်ကိုပဲ မတူတဲ့ပုံစံလေးနဲ့ ခင်းကျင်းပြသထားတာပါပဲ။ ဒီနေ့ခေတ်ပုံစံနဲ့ Reality ကျကျ ပြသွားတာလေးတော့ သဘောကျစရာကောင်းပါတယ်။ စီနီမာကလည်း ဟိမ၀န္တာတောင်ပေါ် အလည်ရောက်သွားတဲ့ ခံစားမှုမျိုးပေးပါလိမ့်မယ်။ သူတို့ ဘူတန်တောင်ပေါ်သားတွေရဲ့ ရိုးရာတွေ ဓလေ့တွေကိုလည်း မြင်ရမှာဖြစ်သလို ဘူတန်ရဲ့တောင်ပေါ်နေဘ၀ကို ဒိုကူမန်ထရီ ကြည့်နေရသလိုလည်း ခံစားရပါစေလိမ့်မယ်။ သူတို့ရဲ့ ယုံကြည်မှုအငွေ့၊ သူတို့နွားတွေနဲ့ သူတို့ရဲ့ သံယောဇဉ်အငွေ့သန်းနေတာကိုလည်း ကောင်းကောင်းကြီး ခံစားရပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ လက်တွေ့ကျကျနဲ့ကို လောကကြီးဟာ ကျွန်တော်တို့ ထင်သလောက်လည်း အကျည်းတန်မနေတာကို ခံစားမိစေမယ့် လူသားဆန်တဲ့ ရုပ်ရှင်ပါပဲ။

Read More 0 comments


 

 

Rating : 7.5/10
Country : Japan
Genre : Adventure, Dram, War
Released Date : 2021
Duration : 2h 45min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

No man is an island ဒါပေမယ့် 29 နှစ်ကြာအောင် ပြီးတဲ့နောက် 1974 မှ လက်နက်ချခဲ့တဲ့ Hiroo Onoda ကတော့ ကမ္ဘာပေါ်ကလူတွေအားလုံးထပ် island လိုထီးထီးကြီးနေခဲ့တဲ့လူသားပါပဲ။ စစ်ပွဲပြီးမှန်းလည်းမသိ ဂျပန်တွေစစ်ပွဲဆုံးမှန်းလည်းမရှိခဲ့ရဘဲ အိုနိုဒါ ခေါင်းဆောင်တဲ့ တပ်ဖွဲ့ငယ်လေးက ဖိလစ်ပိုင်နိုင်ငံ လူဘန်ကျွန်းငယ်မှာနေထိုင်တဲ့သူတွေကို ဆယ်စုနှစ်သုံးစုနီးပါးကြာအောင် ပြောက်ကျားတိုက်ခိုက်မှု‌ေတွနဲ့ ဆက်လက်တိုက်ပွဲဝင်နေခဲ့ပါတယ်။

နှစ်သုံးဆယ်လောက် တောထဲကြံဖန်စားသောက် ရှင်သန်ရင်း တစ်ကိုယ်တည်းစစ်ပွဲထဲရောက်နေခဲ့သလို ဖြစ်နေခဲ့တဲ့ Lieutenant Onoda ရဲ့ တကယ့်ဖြစ်ရက်မှန်ဇာတ်လမ်းကိုပြန်လည်ရိုက်ကူးထားတဲ့ Onoda: 10,000 Nights in the Jungle ဇာတ်ကားကိုကြည့်ရင်း စစ်သားတစ်ယောက်ရဲ့ တာဝန်ပေါ် အမိန့်ပေါ်နာခံသစ္စာရှိမှုကို တွေ့မြင်ခွင့်ရမှာဖြစ်ပါတယ်။

Read More 0 comments


 

Rating : 7.1/10
Country : Japan
Genre : Crime
Released Date : 2020
Duration : 2h 6min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဝေဖန်ရေးသမားတွေကတော့ ဒီနှစ်ဟာ ဂျပန်ရုပ်ရှင်‌တွေ ဦးပြန်မော့လာတဲ့ နှစ်လို့ဆိုကြပါတယ်။

ဒီနှစ်တစ်နှစ်တည်းမှာတင် ဂျပန်ကားကောင်းတွေ အများကြီးထွက်ခဲ့ပြီး ဒီနှစ်ရဲ့ရုပ်ရှင်ပွဲတော်တွေမှာ

ဂျပန်ရုပ်ရှင်တွေ အခိုင်အမာနေရာယူနိုင်ခဲ့တာကြောင့်ဖြစ်ပါလိမ့်မယ်။ နှစ်စမှာတင် ခိရိုရှိ ခူရိုဆ၀ ရဲ့

Wife Of A Spyတို့၊ ရူဆုခဲ ဟမဂုချိရဲ့ Wheel of Fortune and Fantasy, Miwa Nishikawaရဲ့

Under the Open Sky တို့ဟာ ရုပ်ရှင်ပွဲတော်‌ အသီးသီးမှာ ဆုမျိုးစုံကို ရရှိခဲ့သလို အခုနှစ်ဆုံးပိုင်းမှာလည်း

Drive My Carဟာ ကိန်းလိုပွဲမှာပါ ဆုတွေရခဲ့ပါတယ်။

ခန်းရှင်းအပါအ၀င် တခြားရုပ်ရှင်ကောင်း ပေါင်းများစွာလည်း ထွက်ခဲ့ပါတယ်။ Under The Open Skyဟာ

၂၀၂၀ တိုရန်တိုရုပ်ရှင်ပွဲတော်မှာ စပြခဲ့တာမို့ ၂၀၂၀လို့ နာမည်တပ်ထားပေမဲ့ တကယ်တမ်း Digital Releaseအရ

၂၀၂၁မို့ ဒီနှစ်ကားပါပဲ။သူလည်း ချီကာဂို ရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုရထားပါတယ်။ ဇာတ်ကားနာမည်ကို

ဆီလျော်အောင်ပြောရရင် “အပြင်လောကမှာ”လို့ ပြန်ရပါလိမ့်မယ်။ Under The Open Skyဟာ ကြည့်ဖူးသမျှ

ဂျပန် ဂိုဏ်းစတားကားတွေက ပေးခဲ့တဲ့ ဂိုဏ်းစတားတွေအပေါ် အမြင်ကို ပြောင်းလဲပေးပစ်နိုင်တဲ့ ရုပ်ရှင်ပါပဲ။ယာကူဇာတစ်ယောက်ရဲ့အကြောင်းကို လက်တွေ့အကျဆုံး ရိုက်ထားတဲ့ ရုပ်ရှင်လို့ဆိုရင်လည်း မမှားပါဘူး။

ဒါရိုက်တာဟာ ဒီနေ့ခေတ် ဂိုဏ်းစတားလောကကိုရော ဂိုဏ်းစတားတစ်ယောက်ရဲ့ ဘ၀ကိုရော ဘယ်သူမှ

မမြင်မိလောက်တဲ့ အမြင်ကနေ မြင်သွားခဲ့တယ်။ လူမိုက်တစ်ယောက်ဟာ လုပ်ချင်လို့မဟုတ်ဘဲ ဆုတ်စရာ

လမ်းမရှိလို့ လူမိုက်ဖြစ်နေတာတွေ၊ လူမိုက်ထောင်ထွက်ဆို လူတိုင်းက အထင်သေးကြလို့ သိမ်ငယ်ရတာတွေ

ကိုပေါ့။ ထောင်ထဲမှာ ၁၃နှစ်နေလာပြီး အပြင်လောကမှာ ပြန်ရှင်သန်ဖို့ ကြိုးစားနေရတဲ့ အိုမင်းနေတဲ့ လူမိုက်

တစ်ယောက်ရဲ့ အဆင်မပြေမှုတွေအကြောင်းကို ဒါရိုက်တာဟာ စေ့စေ့စပ်စပ်ကို ပုံဖော်သွားခဲ့ပါတယ်။ သူ့ဇာတ်

ကောင်ရဲ့ ဟိုးအနက်ရှိုင်းဆုံးထဲထိ ပရိသတ်မြင်အောင် ဒါရိုက်တာကရော သရုပ်ဆောင်ကရော ပြသွားခဲ့တယ်။ဂျပန်ရုပ်ရှင် ပီသစွာပဲ တစ်ချို့အခန်းတွေမှာ တမြေ့မြေ့နဲ့မှ သိသာတဲ့ အရသာလေးတွေကိုလည်း ထပ်ပေါင်းပေး

သွားတယ်။ ဒီရုပ်ရှင်ရဲ့ အဓိကအသက်ကတော့ kôji yakushoပါပဲ။ ဂျပန်ရုပ်ရှင်နဲ့စိမ်းတဲ့ လူတွေ မရင်းနှီးလောက်

ပေမဲ့။ဂျပန်ရဲ့ Top Star မင်းသားကြီးပါပဲ။ Hirokazu Koreedaနဲ့ Kiyoshi Kurosawaတို့လို ဂျပန်ဒါရိုက်တာ

ဆရာ့ဆရာကြီးတွေရဲ့ ရုပ်ရှင်တွေမှာ ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ဖူးသလို ဘရက်ပစ်ရဲ့ Babelထဲတောင်

ပါဖူးပါတယ်။ ဒီရုပ်ရှင်နဲ့ပဲ သူသရုပ်ဆောင်ဆု ရထားခဲ့ပါတယ်။ ဂျပန်စီနီမာတွေဟာ ကြည့်စမရှိတဲ့သူတွေအတွက်

အဆင်မပြေတတ်ပေမဲ့ အာရှရဲ့အကောင်းဆုံး ရုပ်ရှင်အများစုက ဂျပန်စီနီမာမှာ ရှိနေတာကိုတော့ ငြင်းမရပါဘူး။

ဒီရုပ်ရှင်ကတော့ ဘယ်လိုရုပ်ရှင်အမျိုးအစားရဲ့ ပရိတ်သတ်ဖြစ်ဖြစ် အဆင်ပြေမယ့် ရုပ်ရှင်မျိုးပါပဲ။

Read More 0 comments


 

Rating : 7.6/10
Country : Japan
Genre : Drama, Romance
Released Date : 2021
Duration : 2h 1min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အားလုံးသောချစ်ခြင်းများဟာ ချစ်ခြင်းနဲ့ ကံကြမ္မာကြားက မှတ်တိုင်ကလေးမှာ မိုးခိုကြရင်း

စစ်ကိုင်းလမ်းလို ရူးသွပ်ကြရင်း “မိုးခိုသူတို့ ဘာသာသဘာဝ မိုးတိတ်ရင် ခွဲခွာ”ကြရင်း….တစ်ခါတလေတော့လည်း နဖူးစာမင်ရည်ကျဲခဲ့တဲ့ ချစ်ခြင်းတွေဟာ “လွမ်းသည်ထပ်ဆင့် ဖူးချိန်သင့်ကို မျှော်လင့်ခိုးရှာ”ရင်း ….. ကံစီမံရာကိုသာ “မျှော်ရည်ယုံကြည်တောင့်တ”ရင်း တစ်ခါတလေတော့လည်း “မိုးတွေတိတ်တာတောင် ကိုယ်ကရွာ”နေရင်း

“အချိန်တွေကုန်ဆုံးလို့ အရွယ်လွန်လာ”ကြတာပါပဲ။ကဗျာဟောင်းကလေးထဲကလို ” အသဲမကွဲတဲ့ အသက်ရှင်ခြင်းဟာ တရားမျှတပါ့မလား”ဆိုဆို ဒီရုပ်ရှင်ဟာ “ကံမဆုံသော အချစ်များ”အကြောင်းပေါ့။ ရှောင်လွှဲလို့မရတဲ့ချစ်ခြင်းနဲ့ သွေဖီလို့မရတဲ့ ကံကြမ္မာကြားက ဘဝတွေကို ဒါရိုက်တာ ရူဆုခဲ ဟမဂုချိ ကိုယ်တိုင်ရေးထားတဲ့ ဇာတ်လမ်းတို သုံးခုနဲ့ ပုံဖော်ပြသွားတယ်။ဟမဂုချိဟာ Cannes Film Festival 2021မှာ Drive My Car နဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆုရထားတဲ့သူ ဖြစ်တဲ့အပြင် နောက်နှစ်အော်စကာမှာ ဂျပန် Entry အဖြစ် သူ့ရဲ့ Drive My car ရုပ်ရှင်က ဝင်ထားတော့ သူ့ဇာတ်ညွှန်းရဲ့ အနေအထားကို တကူးတကပြောဖို့တော့ မလိုပါဘူး။ မုရခမိရဲ့ ၀တ္တုကိုတောင် သူက ပိုင်နိုင်အောင် ပုံဖော်နိုင်ခဲ့တာပါပဲ။သို့ပေမဲ့ သူ့တင်ဆက်ပြသပုံဟာ ပွင့်လင်းလွန်းတော့ လိင်ကိစ္စနဲ့ပက်သက်တဲ့ အသုံးအနှုန်းတွေတော့ တော်တော်ပါတယ်။ မိသားစုနဲ့တော့ ကြည့်လို့မပြေဘူးပေါ့။ ဂျပန်ရုပ်ရှင်ပီပီသ အကြောင်းအရာထက် ဇာတ်ကောင်စရိုက်အပေါ် ပိုအသားပေးထားတာမို့ နည်းနည်းတော့ အေးစက်နေပေမဲ့ ဂျပန်ရုပ်ရှင်တွေရဲ့ အရသာကိုကြိုက်ကြသူတွေ ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းပါပဲ။ Wheel of Fortune and Fantasy ဟာ ဘာလင်ရုပ်ရှင်ပွဲတော်မှာ ဒုတိယအမြင့်ဆုံးဆု ဖြစ်တဲ့ ” Sliver Bear Grand Jury Prize” ကို ရခဲ့ပါတယ်။

Read More 0 comments


 

Rating : 6.5/10
Country : Japan
Genre : Sci Fi
Released Date : 2021
Duration : 1h58min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီတစ်ခါမှာတော့ Robert A Heinlein ရေးသားပုံဖော်ထားခဲ့တဲ့သိပ္ပံစိတ်ကူးယဥ်ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းရိုက်ကူးထားတဲ့The Door into Summer အမည်ရ ဂျပန်ရုပ်ရှင်ကို တင်ဆက်ပေးပါရစေဒီရုပ်ရှင်ထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်ကတော့

အခြားသူမဟုတ်ဘူး Alice in the borderland ပရိသတ်တွေဆိုရင် ကျိန်းသေ သိကိုသိကြမဲ့နာမည်ကြီး မင်းသား Kento Yamasaki ပဲ ဖြစ်ပါတယ်Alice in the borderland မှာ အပီကြမ်းပြသွားတဲ့ Kento တစ်ယောက် ဒီရုပ်ရှင်ထဲမှာလည်းပရိသတ်ကြီးကို ဦးနှောက်သုံးပြီး စဥ်းစားခန်း ထပ်ဖွင့်ခိုင်းဦးမှာပါဒါဆိုရင် ဇာတ်လမ်းအကျဥ်းကို စကြည့်လိုက်ရအောင်ငယ်စဥ်ကထဲက မိဘနှစ်ပါးကို ဆုံးရှုံးခဲ့ရတဲ့ တာကာကူရာ ဆိုအီချီရို ဆိုတဲ့ ကောင်လေးတစ်ယောက်….ဆွေမျိုးသားချင်းလည်းမရှိ အဖော်ဆိုလို့ ပီတိုလို့ခေါ်တဲ့ ကြောင်လေးနဲ့သာ နှစ်ဦးထဲ အတူနေခဲ့ရာကနေတစ်နေ့မှာတော့ မွေးစားမိဘတွေနဲ့အတူရီခိုလို့ခေါ်တဲ့ ညီမလေးတစ်ယောက် ဆိုအီချီရိုရဲ့ဘဝထဲကို ဝင်ရောက်လာခဲ့ပါတယ်မွေးစားဖခင်နဲ့အတူ ဆိုအီချီရိုတစ်ယောက် နည်းပညာအသစ်အဆန်းတွေ သင်ယူရင်းစက်ရုပ်တွေကို ကူညီဖန်တီးပေးနိုင်ခဲ့ပါတယ် ရီခိုဆိုတဲ့ ညီမလေးအပါအဝင် မွေးစားမိသားစုနဲ့အတူပျော်ရွှင်စွာ နေထိုင်ခဲ့ပေမဲ့ ဆိုအီချီရိုရဲ့ ကံခေမှုတွေက အပြီးတိုင် ကုန်သွားခဲ့တဲ့ပုံ မပေါ်ပါဘူးဆိုအီချီရိုရဲ့မွေးစားမိဘတွေဟာလည်းလေယာဥ်ပျက်ကျမှုကြောင့် တိမ်းပါးသွားခဲ့ရပြန်ပါတယ် မွေးစားမိဘတွေကွယ်လွန်သွားပြီးတဲ့နောက် ဆိုအီချီရိုဟာ မွေးစားဖခင်ဆီကနေ လေ့လာသင်ယူခဲ့တဲ့နည်းပညာကိုပဲ ဆက်လက်ဆည်းပူးရာကနေ အေ-ဝမ်းအမည်ရတဲ့ စက်ရုပ်ကို အောင်မြင်စွာတီထွင်ပြီး ရီခို့ဦးလေးဖြစ်သူနဲ့အတူ FWE ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့ပါတယ်ရီခို့အဖေ တီထွင်လက်စ သွေးရည်ကြည်ဘက်ထရီကို ဆိုအီချီရိုတစ်ယောက်ဆက်လက်တီထွင်ရင်းမှာပဲ ကောင်မလေးဖြစ်သူ ရင်း နဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ရီခို့ဦးလေးထံမှာ သစ္စာဖောက်ခံလိုက်ပြီးအအေးခန်းအိပ်စက်ခြင်းလို့ ခေါ်တဲ့ ဖန်ပေါင်းချောင်ထဲမှာပိတ်လှောင်ခံခဲ့ရာကနေ အနှစ် ၃၀ အကြာ ၂၀၂၅ ခုနစ်မှာပြန်လည်နိုးထလာတဲ့အခါ……အအေးခန်းအိပ်စက်ခြင်းဆိုတာ ဘာလဲ….အနှစ် ၃၀ ကြာ အိပ်ပျော်နေခဲ့တဲ့ ဆိုအီချီရိုတစ်ယောက် ဘာတွေဆက်လက်လုပ်မလဲ…သူအိပ်ပျော်နေခဲ့တဲ့ အနှစ် ၃၀ အတွင်းမှာရောဘာတွေဖြစ်ပျက်ခဲ့တာလဲ…ဇာတ်လမ်းရဲ့ အရှုပ်ထုပ်ကို ဖြေနိုင်မဲ့ လျှို့ဝှက်ထားတဲ့မြှုပ်ကွက်ကရော ဘာဖြစ်မလဲဆိုတာ ပရိသတ်အားလုံး စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်

Read More 0 comments


 

Rating : 5.2/10
Country : Japan
Genre : Drama
Released Date : 2018
Duration : 2h

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

တစ်ခါကဂျပန်နိုင်ငံတွင်းမှာရှိတဲ့ရွာလေးတစ်ရွာမှာအိမ်မက်တွေရည်မှန်းချက်တွေကိုယ်စီနဲ့သူငယ်ချင်းတစ်ဖွဲ့ကသူတို့အထက်တန်းကျောင်းပြီးတော့

ကိုယ့်ကိုယ်စီအိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့အတွက်ကိုယ့်လမ်းကိုယ်စီလျှောက်ခဲ့ကြပါတယ်…ဘဝကိုကြိုးစားရုန်းကန်ကြရတဲ့လမ်းမှာကျရှုံးမှုတွေနာကျင်မှုတွေစိတ်ပျက်စရာတွေကြုံလာရပြီးအိမ်မက်နဲ့လက်တွေ့ဘဝတွေရဲ့ခြားနားချက်ကိုတွေ့ကြုံလာရလာတဲ့အခါ ဘဝကိုအရှုံးပေးလိုက်မှာလားဆက်ကြိုးစားရှင်သန်သွားမှာလား..သူတို့တွေကရောဘယ်လိုရွေးချယ်မှုမျိုးတွေကိုလုပ်သွားမှာလဲဆိုတာဆက်လက်ကြည့်ရှုခံစားလိုက်ကြပါအုန်းနော်

Read More 1 comments


 

Rating : 7.8/10
Country : Japan
Genre : Drama, Action, Sci Fi
Released Date : 2021
Duration : 2h

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီတစ်​ခေါက်က​တော့ animeကြည့်ကတည်းက live actionထွက်မယ်ဆိုပြီး​စောင့်​မျှော်​နေရတဲ့ tokyo revengersထွက်လာပါပြီ


ဇာတ်လမ်း​လေးက​တော့ Takimichiဆိုတဲ့ဘယ်​နေရာမှအသုံးမကျလူရာမဝင်ပြီး ဘဝကို​တောင်းပန်ရင်းပဲဖြတ်သန်း​နေတဲ့လူတစ်​ယောက် ဘဝမှာတစ်ခါသာရှိခဲ့ဖူးတဲ့ချစ်သူ​ကောင်မ​လေး ဟီနက တစ်​နေ့ Tokyo Manji ဂိုဏ်းတစ်ခုက ရန်ပွဲတစ်ခု​ကြောင့် မ​တော်တဆဖြစ်ပြီး​သေဆုံးသွားတာကို သတင်းကသိလိုက်ရပါတယ်


အဲဒီကိစ္စသိပြီးရက်မှာပဲ ရထား​​စောင့်ရင်း ရထားစင်္ကြလမ်း​ပေါ်ကိုလူတစ်​ယောက်ကတွန်းချတာခံလိုက်ရပါတယ် ရထားလမ်း​ပေါ်ကျသွားချိန် ​သေပြီထင်တဲ့ Takimichiတစ်​ယောက် မျက်လုံးပြန်ဖွင့်တဲ့အခါမှာ​တော့ အထက်တန်း​ကျောင်းသားဘဝ အရင်၁၀နှစ်ကိုပြန်လည်​ရောက်ရှိသွားပါတယ်


သူ့ဘဝရဲ့အ​ကောင်းဆုံးအချိန်ဖြစ်တဲ့ ဘဝကိုပြန်​ရောက်သွား​တော့ သူ့ချစ်သူကိုကယ်ဖို့​ရော အမြဲထွက်​ပြေး​နေခဲ့တဲ့သူ့ကိုယ်သူ​ရော ဘယ်လို​ပြောင်းလဲဖို့ကြိုးစားသွားမလဲဆိုတာ…..

Read More 0 comments


 

Rating : 7.9/10
Country : Japan
Genre : Drama, Comedy, Romance
Released Date : 2021
Duration : 1h 51min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဂျပန်ကျောင်းသား အချစ်ဇာတ်လမ်းတွေရဲ့ရိုးရာအတိုင်း

စော်ကြည်ဘဲမင်းသားနဲ့ အူတူတူမင်းသမီးလေးတွေရဲ့ ကြောင်နဲ့ကြွက်လိုဆက်ဆံရေးကနေ

နောက်ဆုံးကြိုက်သွားကြတာမျိုးမဟုတ်ဘဲနဲ့

ဒီ Honey Lemon Soda ဆိုတဲ့ကားလေးမှာတော့

လူ​ကြောက်တတ်ပြီး အနိုင်ကျင့်ခံရတဲ့ ဇာတ်လိုက်မင်းသမီး Uka ဆိုတဲ့အူကြောင်ကြားလေးကို

ကျောင်းမှာနာမည်ကြီးရေပန်းစားတဲ့ Kai ဆိုတဲ့ ကောင်လေးက

အစပိုင်းတည်းကစိတ်ရင်းအမှန်နဲ့ချစ်ပြီး လိုက်ကာကွယ်ပေးရာကနေ ဖြစ်လာတဲ့အချစ်ဇာတ်လမ်းလေးပါသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလည်းပါပေမယ့်

သူငယ်ချင်းအချင်းချင်းမနာလိုပြီး အကောက်ကြံတာမျိုးတွေလည်းမပါလို့

အပျင်းပြေ ပေါ့ပေါ့ပါးပါးလေးကြည့်ချင်တဲ့သူတွေအတွက်အဆင်ပြေပါတယ်

Read More 0 comments


 

Rating : 3.7/10
Country : Japan
Genre : Horror
Released Date : 2013
Duration : 1h 32min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

2013ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ခြောက်ခြောက်ခြားခြားhorrorကားတခုပါပဲ လူတိုင်းလိုလိုကြားဖူးကြမှာပါကျွန်တော်တို့တွေ တနေရာရာကို ပြောင်းရွေ့ကြတဲ့အခါအဲ့ဒီနေရာမှာ မကျွတ်မလွတ်ပရလောကသားတွေ ရှိတက်ပြီး

သူတို့ရဲ့အစွဲအလမ်းရှိရာ အရာဝတ္ထုတခုခုမှာ တွယ်ကပ်နေတက်တာကိုပေါ့ဒီဇာတ်လမ်းလေးကလဲ အဲ့ဒီလိုဇာတ်လမ်းမျိုးကိုကျောရိုးခံထားပါတယ်.ဇာတ်လမ်းအကျဉ်းကတော့လူငယ်စုံတွဲတတွဲဟာ ဈေးသက်သာတဲ့အိမ်တလုံးမှာ အတူနေထိုင်ဖို့ ငှားရမ်းပြီးရွေ့ပြောင်းလာခဲ့ပါတယ်. အဲ့ဒီအိမ်မှာပဲထူးခြားတဲ့အရုပ်မလေးကို တွေ့ခဲ့ပါတယ်.ပထမကတော့ နဂိုအိမ်ငှားတွေကျန်ခဲ့တဲ့အရုပ်တခုပါပဲဆိုပြီးနမော်နမဲ့နေခဲ့ကြပေမယ့် နောက်ပိုင်းမှာ ထူးခြားဆန်းကြယ်မှုတွေခြောက်ခြားဖွယ်ရာတွေကို ကြုဲံတွေ့လာရချိန်မှာတော့…

Read More 0 comments