Showing posts sorted by relevance for query 2014. Sort by date Show all posts
Showing posts sorted by relevance for query 2014. Sort by date Show all posts
Rating : 8.6/10
Country : United State
Genre :   Adventure, Drama, Sci-Fi 
Cast :  Matthew McConaughey, Anne Hathaway, Jessica Chastain
Released Date : 2014
Duration :  2h 49min

2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDbရဲ့Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ…ဒါရိုက်တာကလည်း Christopher Nolanဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး…
Visual Effectsyပိုင်းမှာ အော်စကာရရှိခဲ့ပြီး  အခြားဆု ၄၄ဆုနဲ့ ဆန်ကာတင် ၁၄၄ဆုစာရင်းဝင်ခဲ့ပါတယ်… 2014ရဲ့အကောင်းဆုံး ၁၀ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်…(Background musicတွေလည်း နားထောင်လို့ကောင်းလို့ နားထဲတောင်စွဲနေပါလိမ့်မယ်…ဇာတ်လမ်းနည်းနည်း ပြောပြရမယ်ဆိုရင်တော့…21ရာစု လယ် လောက်မှာ ကမ္ဘာပျက်ကိန်း ဆိုက်လုပြီ ဖြစ်တဲ့အတွက် နာဆာ ပိုင်းလော့ဟောင်း ကူးပါး ခမျာခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ်…၁၀နှစ်အရွယ် သမီးလေး မာ့ဖ် ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့…ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း…အာကာသ ကြီးရဲ့ လှည့်ကွက် အမျိုးမျိုးကိုအန်တုရင်းကူးပါးတစ်ယောက် မာ့ဖ်ဆီပြန်လာနိုင်ပါ့မလား…ကမ္ဘာကြီးကိုရော ကယ်တင်နိုင်ပါ့မလား…ဆိုတာကို…Visual Effectsကောင်းကောင်း ရှုစားကြရမှာဖြစ်ပါတယ်..
Read More 0 comments
Rating : 8.6/10
Country : United State
Genre :   Adventure, Drama, Sci-Fi
Cast : Ellen Burstyn, Matthew McConaughey, Mackenzie Foy
Released Date : 2014
Duration :  2h 49min

2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDbရဲ့Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ…ဒါရိုက်တာကလည်း Christopher Nolanဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး…
Visual Effectsyပိုင်းမှာ အော်စကာရရှိခဲ့ပြီး  အခြားဆု ၄၄ဆုနဲ့ ဆန်ကာတင် ၁၄၄ဆုစာရင်းဝင်ခဲ့ပါတယ်… 2014ရဲ့အကောင်းဆုံး ၁၀ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်…(Background musicတွေလည်း နားထောင်လို့ကောင်းလို့ နားထဲတောင်စွဲနေပါလိမ့်မယ်…ဇာတ်လမ်းနည်းနည်း ပြောပြရမယ်ဆိုရင်တော့…21ရာစု လယ် လောက်မှာ ကမ္ဘာပျက်ကိန်း ဆိုက်လုပြီ ဖြစ်တဲ့အတွက် နာဆာ ပိုင်းလော့ဟောင်း ကူးပါး ခမျာခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ်…၁၀နှစ်အရွယ် သမီးလေး မာ့ဖ် ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့…ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း…အာကာသ ကြီးရဲ့ လှည့်ကွက် အမျိုးမျိုးကိုအန်တုရင်းကူးပါးတစ်ယောက် မာ့ဖ်ဆီပြန်လာနိုင်ပါ့မလား…ကမ္ဘာကြီးကိုရော ကယ်တင်နိုင်ပါ့မလား…ဆိုတာကို…Visual Effectsကောင်းကောင်း ရှုစားကြရမှာဖြစ်ပါတယ်....ဒီကားအတွက်အညွှန်းတောင်ရေးမတင်သင့်ပါဘူး...ခမ်းနားလွန်းတဲ့ ဇာတ်ကားကြီးအတွက် ဝါကျတည်ဆောက်ပုံခပ်ညံညံအောက်မှာ  ဘောင်ကွပ်လိုက်သလိုဖြစ်သွားမှာစိုးရိမ်မိလို့ပါ...အတော်များများ မကြည့်ဖူးသေးရင်တောင် ရုပ်ရှင်ချစ်သူတိုင်းကြားဖူးကြမယ်ထင်ပါတယ်…
Read More 0 comments

Rating : 4.9/10
Country : India
Genre :  Action, Comedy
Cast :  N.T. Rama Rao Jr., Samantha Ruth Prabhu, Pranitha  
Released Date : 2014
Duration:  2h 33min 

အညွှန်း
Rabhasa (2014) ဇာတ်ကားသည် IMDb 5.0 Rotten Tomatoes 43% ရထားသော Action, Comedy, Romance ဇာတ်ကားကောင်းတစ်ကားမို့ ချစ်ခြင်းအားဖြင့် တင်ဆက်ပေးလိုက်ပါရစေ……

Rabhasa is a 2014 Telugu ရုပ်ရှင်ကားကို Santosh Srinivas က ကိုယ်တိုင်ရေးသားရိုက်ကူထားတာဖြစ်ပါသည်..ဇာတ်လမ်းမှာ အမေရိကားမှ ပြန်လာသော ကျောင်းသားလေး Karthik သည် သူ့အမေရဲ့ဆန္ဒအရ ဦလေးဖြစ်သူ Dhananjay ရဲ့သမီး Indu နဲ ့ လက်ဆက်ခဲ့လေသည် မိသားစုနှစ်စုစိတ်ဝမ်းကွဲနေတာကို သေးငယ်တဲ့မိသားစုလေးတစ်စုက အဆုံးသတ်ပေးခဲလေသည်… ကျန်တဲ့ဇာတ်လမ်းအစိတ်အပိုင်းကတော့ သူ ့အမေရဲ့ ဆန္ဒကို ဘယ်လိုဖြည့်ဆည်းပေးမလဲ ဆက်နွှယ်မှုကို သူဘယ်လို ထိန်းချုပ်မလဲဆိုတာကိုတော့ ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုပေးကြပါလို့…..

 

Read More 0 comments
Rating : 6.8/10
Country : United State
Genre :   Action, Mystery, Sci-Fi
Cast :Dylan O'Brien ,Aml Ameen,Ki Hong Lee
Released Date : 2014
Duration : 1h 53min

he Maze Runner(2014) လူငယ်တစ်ဦးဟာ ရွေ့လျားနေတဲ့ ဓာတ်လှေကားတစ်ခုထဲမှာပိတ်မိနေပြီး သွေးပျက်ကြောက်ရွံ့စွာ ဓာတ်လှေကားရဲ့ခေါ်ဆောင်ရာနောက်ကို လိုက်ပါနေရပါတယ်။ဓာတ်လှေကားရဲ့ ခရီးအဆုံးမှာတော့ သူမသိတဲ့ လူငယ်တစ်ချို့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြန်တယ်။ ထိတ်လန့်တုန်လှုပ်စွာနဲ့ပဲ သူထွက်ပြေးချိန်မှာ ဘယ်သူမှသူ့ကို လိုက်မဖမ်းပဲ အော်ဟစ်ရယ်မောနေကြပါတယ်။မကြာခင်မှာပဲ သူ့ကိုဘာ့ကြောင့်လိုက်မဖမ်းသလဲဆိုတဲ့အဖြေကို သူသိရှိသွားပါတော့တယ်။သူရောက်ရှိနေတဲ့နေရာဟာ ပတ်ပတ်လည်မှာ နံရံကြီးတစ်ခု ကာဆီးထားလို့ပါပဲ။အရှေ့က ရောက်ရှိနေတဲ့ လူငယ်လေးတွေဟာလည်း သူ့လိုပဲ ဖမ်းဆီးခံရပြီး ဒီနေရာကို ပို့ဆောင်ခြင်းခံခဲ့ရသူတွေပါ။
ကောင်လေးဟာ သူ့ရဲ့နာမည်သောမတ်ဆိုတာကလွဲပြီး ဘာကိုမှ မမှတ်မိပါဘူး။ရုတ်တရတ် နံရံကြီးကနေ အသံတွေကြားလာရပြိး တံခါးတစ်ချပ်ကိုတွေ့ရှိသွားချိန်မှာ ဝမ်းသာအားရနဲ့ သူပြေးထွက်ဖို့ ကြိုးစားပါတော့တယ်။ဒါပေမယ့် ရောက်နှင့်ပြီးသား လူငယ်တွေရဲ့ တားဆီးခြင်းကို ခံရပါတော့တယ်။ဘာ့ကြောင့်လဲဆိုတော့ ဒီဂိတ်တံခါးဟာ တစ်နေ့မှာ တစ်ကြိမ်သာပွင့်ပြီး အလွန်အန္တရာယ်များလှတဲ့ ဝင်္ကဘာတစ်ခုဆိကို သွားရာဝင်ပေါက်ဖြစ်နေလို့ပါပဲ။လူငယ်တွေဟာ သူတို့ရောက်ရှိနေတဲ့နေရာကို Glade လို့အမည်ပေးထားပြီး သူတို့ကိုယ်သူတို့ Gladers လို့ ခေါ်ကြပါတယ်။စောင့်ရှောက်သူ keeper ရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်အသီးသီးကိုခွဲဝေထမ်းဆောင်ကြရပါတယ်။တောင်နံရံတွေကို ဝင်္ကဘာကြီးတစ်ခုက ကာရံထားပြီး အတွင်းမှာ Grievers လို့ခေါ်တဲ့ စက်ပစ္စည်းတွေထပ်ဆောင်းတပ်ဆင်ထားတဲ့ ပင့်ကူလိုသတ္တဝါဆိုးကြီးတွေရှိနေပါတယ်။ရောက်ရှိခဲ့ပြီးသား Glader တွေရဲ့ နှစ်နှစ်ကျော်ကြာအောင် ဒီဝင်္ကဘာထဲက လွတ်မြောက်ဖို့ လေ့လာတွေ့ရှိထားသမျှကို သောမတ်စ်ဟာ သင်ယူရပါတယ်။ဝင်္ကဘာထဲကို runner လို့ခေါ်တဲ့ သွားရောက်လေ့လာသူတွေဟာ မနက်စောစောတံခါးဖွင့်ချိန်မှာ ဝင်ရောက်ပြီး ာနေတံခါးမပိတ်မီမှာ ပြန်လာကြရပါတယ်။ဝင်္ကဘာထဲကနေ ပြန်ထွက်မလာနိုင်တော့တဲ့ runner တွေလည်း အများကြီးရှိခဲ့ပါတယ်။တစ်ရက်မှာတော့တံခါးပိတ်ချိန်အထိ ရောက်မလာကြသေးတဲ့ runner နှစ်ယောက်အတွက် အားလုံးစိတ်ပူနေကြချိန်မှာ သောမတ်စ်ဟာ အန္တရာယ်များလှတဲ့ ဝင်္ကဘာထဲကို ဝင်ရောက်သွားပါတော့တယ်။တောမတ်စ်ရဲ့ဖြတ်ထိုးဉာဏ်နဲ့ runner နှစ်ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် စည်းကမ်းဖောက်ဖျက်တဲ့အတွက် တစ်ညအချုပ်ထဲထည့်ခံလိုက်ရပါတယ်။နောက်တစ်နေ့မှာတော့ သောမတ်စ်ကို runner အသစ်အဖြစ်တာဝန်ပေးခြင်းခံရပါတော့တယ်။သောမတ်စ်တစ်ယောက် ဒီဝင်္ကဘာထဲက ရုန်းထွက်နိုင်မှာလား?ဒီဝင်္ကဘာကြီးကို ဘယ်သူတွေ တည်ဆောက်ခဲ့တာလဲ?ဝင်္ကဘာကြီးရဲ့ နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိနေသလဲဆိုတာကိုတော့ ကိုယ်တိုင်သာကြည့်ရှုခံစားကြပါလို့။ဒီဇာတ်လမ်းအဆုံးမှာတော့ ဘာကိုမှ မယုံရဘူးလို့ ရေရွတ်မိလောက်အောင် အပြောင်းအလဲ၊ လှည့်ကွက်လေးတွေနဲ့တင်ဆက်ထားပြီး လူသားဆန်မှု၊ ဉာဏ်ပညာ၊ စည်းလုံးခြင်းရဲ့အင်အား၊ ခင်မင်မှုနဲ့ ယုံကြည်မှုတို့ကို ကောင်းကောင်းဖော်ညွှန်းထားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း မှတ်ချက်ချပါရစေ။ဒီဇာတ်ကားကို Dylan O’Brien, Alm Ameen နဲ့ ကိုရီးယားသရုပ်ဆောင် Ki Hong Lee တို့က ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်ရင်ကို ထိရှစေခဲ့တဲ့ ကလေးသရုပ်ဆောင် Blake Copper က ချက်ခ်ဆိုတဲ့နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။imdb rating 7.5/10 ရရှိထားပြီး ဒါရိုက်တာကတော့ Wes Ball ဖြစ်ပါတယ်။
Read More 0 comments


Rating : 8.2/10
Country : India 
Genre :  Action, Thriller
Cast :   Mahesh Babu, Kriti Sanon, Nassar 
Released Date : 2014
Duration : 2h 50min

အညွှန်း

1 - Nenokkadine (2014) သည် IMDb 8.1/10 Letterboxd 3.3/5 Google users 95%  ရထားသော Sukumar ရိုက်ကူးထား၍  Jakka Hariprasad, Hari Prasad Jakka တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင်  Mahesh Babu, Kriti Sanon, Nassar တို့ပါဝင်သရုပ်ဆောင်ထားသော Action, Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ.....

ရော့ခ်စတား တစ်ယောက်ဟာ သူ့မိဘတွေ အသတ်ခံရတာကို လက်စားချေဖို့အတွက် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထင်ယောင်ထင်မှားရောဂါကို ဘယ်လို ကျော်လွှားလွတ်မြောက်သွားမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ....


 

Read More 0 comments
Season (1) - 22 Episodes
Season (2) - 22 Episodes
Season (3) - 22 Episodes
Season (4) - 22 Episodes
Season (5) - 12 Episodes

Rating : 7.8/10
Country : United State
Genre :  Superhero Fiction, Drama, Mystery
Cast : Ben McKenzie as James Gordon: Donal Logue as Harvey Bullock: David Mazouz as Bruce Wayne: Zabryna Guevara as Sarah Essen: Sean Pertwee as Alfred Pennyworth: Robin Lord Taylor as Oswald Cobblepot 
Released Date : 2014-2019

Fox ရုပ်သံမှ 2014 စက်တင်ဘာလတွင်စတင်ထုတ်လွှင့်ခဲ့တဲ့ Gotham ရုပ်သံဇာတ်လမ်းတွဲကတော့
နာမည်ကျော်စိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်တဲ့ Batman ရဲ့ ငယ်ဘဝက Gotham ကိုအခြေခံထားပါတယ်။
ဒီဇာတ်လမ်းတွဲမှာတော့ Batman တဖြစ်လဲ ဘရုစ်ဝိန်း ရဲ့ငယ်ဘဝကိုတွေ့မြင်နိုင်ပြီးတော့
ရှုပ်ထွေးပွေလီပြီး ဒုစရိုက်မှုတွေပေါများလှတဲ့ ဂိုသမ်မြို့အကြောင်းကိုလည်း သေချာသိနိုင်မှာပါ။
လက်ရှိတော့ Season 4 အထိ ထွက်ရှိထားပြီး ဆက်ထွက်ရှိနေအုံးမှာ ဖြစ်လို့ CM က မှန်မှန်
ပြန်တင်ဆက်သွားပေးမှာလဲဖြစ်ပါတယ်။ အခုဒီ Season (1) မှာတော့ အခုမှ စကြည့်တဲ့သူတွေအတွက်
အနည်းငယ် အေးတယ်လို့ထင်ရပေမဲ့ ဆက်လာမဲ့ Season 3 တွေ 4 တွေ အတွက် သေချာ ဇာတ်အိမ်
တည်ထားတာဖြစ်ပါတယ်။မထင်မှတ်ထားတဲ့ Plot တွေနဲ့ လူကိုဆွဲခေါ်သွားနိုင်တာကတော့ ချီးကျုးဖို့
ကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။ ဒီ Season (1) မှာတော့ Batman ရဲ့ အဓိက ဗီလိန်တွေဖြစ်တဲ့
ပင်ဂွင်းတို့ The Riddler တို့ ဘယ်လို ဖြစ်လာတယ်ဆိုတာတွေ ဖော်ပြထားပါတယ်။ ပင်ဂွင်းကတော့
ဒီ ဆီဆန်မှာ ကျနော် အကြိုက်ဆုံး ကာရိုက်တာပါပဲ လိုချင်တာကို မဖြစ်ဖြစ်အောင်ယူတက်တာတွေက
တော်တော်ကို သရုပ်ဆောင်ပီပြင်ခဲ့ပါတယ်။ Riddler ကတော့ GCPD က သက်သေအထောက်အထားတွေကို
စစ်ဆေးရတဲ့ ဝန်ထမ်းတစ်ယောက် အဖြစ်တွေ့ရမှာပါ။ဉာဏ်ကောင်းလွန်းပြီး ပဟေဠိတွေကို ကောင်းကောင်း
ဖော်ထုတ်နိုင်တဲ့သူတစ်ယောက်ပါ နောက်ပိုင်းမှ ဆိုက်ကိုဖောက်သွားပြီး ဗီလိန်အဖြစ်ကိုရောက်သွားရတာပါ။
Season (1) မှာတော့ Falconeဂိုဏ်းနဲ့Maroniဂိုဏ်း၂ခုရဲ့အရှုပ်တော်ပုံတွေကိုအဓိကထားရိုက်ကူးထားပါတယ်။
ဒီအရှုပ်တော်ပုံတွေရဲ့ကြားထဲမှာ ကျွန်တော်တို့ရဲ့အချစ်တော်ကြီး ဂေါ်ဒွန် နဲ့ ဘူးလော့တို့ကို အတွဲညီညီနဲ့
ရာဇဝတ်မှု့တွေကိုတိုက်ဖျက်နေတာကိုမြင်ရမှာပါ။ ဒီဆီစန် ထဲမှာ ဂေါ်ဒွန်ကိုတော့ စိတ်အားတက်ကြွ ထက်သန်တဲ့ ဖျတ်လတ်တဲ့သူတစ်ယောက်အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ အချုပ်အနေနဲ့ ပြောရရင်တော့ ဒီ Seasom (1) မှာ စူပါဟီးရိုး ရုပ်သံဇာတ်လမ်းတွဲရယ်လို့မဟုတ်ပဲ ဂိုဏ်းဂဏတွေရဲ့ အားပြိုင်မှု့တွေ ထူးခြားတဲ့ ရာဇဝတ်မှု့တွေ နဲ့ အတူ ဂျင်မ်ဂေါ်ဒွန်တို့ ဘယ်လို ဖြေရှင်းမလဲ ဘယ်လို အားပြိုင်မလဲဆိုတာကို ဟန်ချက်ညီညီနဲ့ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ Rating တွေကတော့ IMDb 7.9 နဲ့ Rotten Tomatoes 84% တို့ရရှိထားပါတယ်ဗျာ။
Read More 0 comments
Rating : 6.7/10
Country : Korea
Genre : Thriller
Cast : Seong Ji, Ji-Hoon Ju, Kwang-Soo Lee                  
Released Date : 2014
Duration : 1h 54min  

နာမည်ကြီး မင်းသားတွေဖြစ်တဲ့ Ji-Sung, Ju Ji-Hoon နဲ့ Lee Kwang-Soo တို့ ပါဝင်သရုပ်ဆောင်ထားပြီး 2014 ခုနှစ်က ထွက်ရှိခဲ့တဲ့ Confession ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်

ဟွန်းထယ် ၊ အင်ချော နဲ့ မင်ဆူတို့ သုံးယောက်ဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ

အလယ်တန်းကျောင်းသားဘဝက အသက်အန္တရာယ်ကြုံရလောက်တဲ့ ကိစ္စကြုံခဲ့တဲ့အချိန်ကနေစပြီး တစ်ယောက်နဲ့တစ်ယောက် ကြည့်ရှုစောင့်ရှောက်လာခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေပါ

ဟွန်းထယ်က ချမ်းသာတဲ့မိဘရဲ့ တစ်ဦးတည်းသောသား ဖြစ်ပေမယ့်လည်း သူ့မိဘတွေဟာ ရိုးရိုးသားသား စီးပွားရှာသူတွေ မဟုတ်လို့ အိမ်ပေါ်ကဆင်းပြီး သူ့အိမ်ထောင်နဲ့သူ မီးသတ်သမားအဖြစ် အသက်မွေးနေသူပါ

လည်လည်ဝယ်ဝယ်ရှိတဲ့ အင်ချောကတော့ အာမခံကုမ္ပဏီမှာ အလုပ်လုပ်ပြီး ငွေရဖို့ ဉာဏ်နီဉာဏ်နက် အကုန်သုံးတဲ့သူပါ

ဟွန်းထယ် နဲ့ အင်ချော နှစ်ယောက်စလုံးဟာ ရိုးသားပြီး တုံးအတဲ့ မင်ဆူကို စောင့်ရှောက်ကြပါတယ် အင်ချောဟာ မင်ဆူကို အနိုင်ကျင့်သယောင် ထင်ရပေမယ့် သူ့သူငယ်ချင်းကို ဘယ်တော့မှ ပစ်မထားတဲ့သူပါ

သူတို့သုံးယောက်ရဲ့ ပျော်ရွှင်တဲ့ဘဝထဲကို အမှတ်မထင် ကံကြမ္မာဆိုးကြီး ဝင်လာခဲ့ပါတယ်

ပြဿနာက ဟွန်းထယ်အမေပိုင်တဲ့ Victory ဂိမ်းရုံကို အင်ချောက မီးအာမခံထားခိုင်းရာကနေ စပါတယ်

ဟွန်းထယ်အမေနဲ့ အင်ချောတို့ပေါင်းပြီး ဂိမ်းတစ်ခုကို စတင်ရာကနေ ဘယ်လိုအဖြစ်အပျက်တွေ ကြုံရပြီး ဘယ်လိုတွေ ဆက်ဖြစ်ရမလဲဆိုတာ
Read More 0 comments


 

Rating : 7.6/10
Country : India
Genre : Drama, Crime, Romance
Released Date : 2014
Duration : 2h 13min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အိမ်ပြန်ဖို့လမ်းတွေဟာ လူတိုင်းရဲ့ဘဝကိုယ်စီအတွက် အရေးပါလှတာကို အားလုံး လက်ခံနိုင်လောက်ပါမည်။လှို င်းတွေပြေး | ရေတွေဖွေးနေသည့် ရေပြင်ထက်ဝေဆီကနေလား။နွေဦးလေပွေတွေ သုန်သုန်ဖြူးလိုက်တိုင်း ဖုန်တွေ။သစ်ရွက်ခြောက်တွေနှင့် ပလူပျံနေသော မြေနီလမ်းကလေးကနေလား။အိမ်ပြန်စရာလမ်းမတွေက အတွေးနှင့်ပုံဖော်ရလိုက်သည်မှာတင် ကြည်နူးစရာကောင်းလွန်းလှပါသည်။လမ်းမ၏အဆုံးတွင် မွေးချင်းပေါက်ဖော်တွေ ရှိကောင်းရှိမည်။ချစ်သူသက်ထားနှင့်သားငယ်သမီးငယ်တွေရှိကောင်းရှိမည်။အိပ်တန်းပြန်ငှက်ငယ်တွေနှင့်အတူ ပျံသန်းလာသည့် အိမ်ပြန်သူကို ကြို ဆိုကြမှာ သေချာသည်။ဗီရာ၏ အိမ်ပြန်လမ်းကလေးကတော့ ယင်းသို့မဟုတ်နိုင်ချေ။လှောင်အိမ်ထဲကနေသာ အဟုန်ပြင်းသောတောင်ပံခတ်သံတွေနှင့် အသောနှင်လိုသော ငှက်ငယ်မလေးဖြစ်လို့နေလေသည်။အိမ်ပြန်လမ်းကလေး၏ ဝေးရာဘက်ဆီကိုသာ ရှာဖွေနေသူဖြစ်ပါသည်။ခုတော့ ရွှေလှောင်အိမ်ကြီးထဲကနေ ထွက်ခွာပျံသန်းဖို့ မပြောနှင့်။ယခုထက် ခိုင်ခန့်ကျယ်ဝန်းရာဆီကို ထပ်မံအကျဉ်းချဖို့ တာစူလာပြန်ပါပြီ။ဘယ်မှာလဲ။ငှက်ကလေး၏ အဇဋာပြင်ကျယ်က ဘယ်မှာလဲ။ကျယ်ဝန်းလှသည့်ကမ္ဘာ။စိမ်းနေသောတောအုပ်။ရေပြာပြာ။ကလေးငယ်များ၏ ရယ်သံခိုးခိုးခစ်ခစ်။ပန်းပွင့်ပေါ်တောင်ပံခတ်နေသောလိပ်ပြာ။သဘာဝတရား၏အလှသည် သူမ၏အကျဉ်းစံအိမ်နှင့် တပါဒစီခြားကာ ဒဏ်ခတ်ပိတ်ပင်ထားလေတော့မည်။တညသားမှာတော့ ကြမ္မာတရား၏ စေ့ဆော်မှုကို ကြုံလိုက်ရလေသည်။ဗီရာ၏ လက်ထပ်မည့်သတို့သားလောင်းနှင့်အတူ စီးနှင်လာသောကားကလေးအား ဟိုက်ဝေးလမ်းမတစ်နေရာက ဆီဆိုင်တစ်ခုမှာ ဆီဖြည့်နေစဉ်၌ ဓါးမြများ၏ စီးနင်းတိုက်ခိုက်မှုအား ကြုံ လိုက်ရတော့သည်။ဗီရာ၏ သတို့သားလောင်းကလည်း သတ္တိနုံနဲ့သူတစ်ဦး ဖြစ်သည့်လျော်စွာပင် ကယ်တင်ခြင်းမပြု ခဲ့။ယင်းသို့်ဖြင့် အကျဉ်းစံငှက်မကလေး ဗီရာမှာ လမ်းဘေးဓါးမြများ၏ ပြန်ပေးဆွဲမှုကို ခံလိုက်ရတော့သည်။ဓါးမြဗိုလ် မဟာဗိုင်ရာ ဘက်တီတို့အဖွဲ့က ကောင်မလေး၏ ရင်းမြစ်ကို စုံစမ်းလိုက်ချိန်တွင် ထိတ်လန့်သွားကြသည်။ကောင်မလေးမှာ နိုင်ငံတွင်းရှိ ထိပ်တန်းအာဏာပိုင်များနှင့်ဆက်စပ်သော အင်အားကြီးအသိုင်းအဝိုင်းက ဖြစ်သည်ကို သိလိုက်ရသောအခါ ထိတ်လန့်တကြားဖြစ်ကုန်ကြသည်။သို့ဖြစ်စေကာမူ မဟာဗိုင်ရာက ပြန်ပေးဆွဲမည့်ကိစ္စကို လက်မလျှော့တော့ဘဲ ပြန်ပေးငွေမရမချင်း ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်တော့သည်။အများအားဖြင့်တော့ လူဆိုးလူမိုက်များ၏ လက်အောက်တွင် ဘယ်သူမဆို ထွက်ပြေးဖို့ ရုန်းကန်ကြသူပဲ များခဲ့တာမဟုတ်ပါလား။ယခုခေါ်ဆောင်လာသူ မိန်းကလေးကတော့ ဆန့်ကျင်ဘက်ဖြစ်နေလေသည်။ဓါးမြဗိုလ်၏သွားရာနောက်ကိုလိုက်ပါရသည်ကို ပျော်ရွှင်နေရှာလေသည်။သူမမှာ ယခုမှသာ လူလုပ်အအေးငွေ့များကို မဝလင်စာရှု ရှိက်ခဲ့ရာကနေ သဘာဝ၏အရိုင်းလေအေးအေးကို ရှု ရှိုက်ခွင့်ရတာမို့ ကြည်နူးနေလေသည်။ဓါးမြဗိုလ်ကြီးကတော့ သူမကိုကြည့်ပြီး နားမလည်နိုင်အောင် ဖြစ်နေတော့သည်။ဟုတ်သည်လေ။သူ့ဘဝမှာ သည်လိုမိန်းကလေးမျိုးနှင့် ဆုံဆည်းရမည်လို့ တွေးဖူးပုံပင် မရ။သည်မိန်းကလေးကတော့ ထွက်ပြေးဖို့မပြောနှင့်။ထွက်ခွာရာလမ်းတစ်လျှောက်လုံးတွင် ပျော်ပွဲစားထွက်သည့်ပုံနှယ် မြူးတူးနေလေသည်။သီချင်းတွေပင် တကြော်ကြော် အော်ဆိုလိုက်သေးသည်။စိတ်များပင် ညစ်လာရသည်။ခုတော့ ပြန်ပေးငွေလည်း မယူလိုတော့။ကောင်မကလေးကိုလည်း သူ့ဘဝတွင် စဉ်းငယ်မျှမဖြစ်ပေါ်မပေါ်ပေါက်ဘူးသောဂရုဏာစိတ်တွေ သက်ဝင်ကာ သူတို့၏ ခရီးပန်တိုင်မရှိသော ခရီးကြမ်းထဲဆီကို ဆက်လက်ဆွဲခေါ်ဖို့ စိတ်ကူးမရှိတော့။သည်လမ်းက ဆင်းရဲဒုက္ခများနှင့်ပြွန်းတီးနေသည်။နောက်တွင် သေနတ်ကျည်ဆံတွေက ထပ်ကြပ်မကွာ လိုက်ပါလာနေသည်။ဘယ်အချိန်မှာ အသက်နှင့်ကိုယ် အိုးစားကွဲမည်လဲ မပြောနိုင်ချေ။ကောင်မကလေးကလည်း ခုမှပွင့်လာပုံရသည့် အဖြူ ရောင်ပန်းပွင့်ကလေးနှင့် ဆင်တူနေသည်။အပြစ်ကင်းလှပပြီး ချစ်ခင်သနားဖွယ်ရာ သဏ္ဍာန်ကလေးဖြင့်။ဓါးမြဗိုလ်ခမျာ အဖမ်းခံရမှာ သူဒုက္ခရောက်မှာကို မစိုးရိမ်နိုင်အားတော့ ကောင်မလေးတစ်ယောက် ဒုက္ခတွေ့မည်ကိုသာ တွေးတောပူပန်နေလေသည်။အနေနီးလာတော့ ကိုယ်စီ၏ဘဝအထွေထွေအားလည်း သိလာရသည်။သူတို့နှစ်ဦးသားသည် ဘဝအခြေအနေသာ ကွာခြားပေမယ့် ဖြစ်ထွန်းခဲ့ရာ အတိတ်ဆိုးသည် တူညီနေတာက အံ့သြစရာ။ယင်းအတိတ်ဆိုးများ၏ တွန်းပို့မှု များကြောင့်သာ ခုလိုအခြေအနေမျိုးကို ရောက်နေခဲ့ရခြင်း ဖြစ်ပါသည်။လူအများစုမှာ လမ်း၏ခေါ်ရာကို တွန်းကန်ကြသူတွေများပေမယ့် သူတို့ကမူ လမ်း၏ခေါ်ရာကိုသာ လိုက်ပါပြီး အတိတ်ဆိုးတွေကနေ ထွက်ပြေးရုန်းကန်နေကြသည့် နာကျင်ဘွယ်ရာလူသားကလေးတွေဖြစ်နေရှာကြ၏။ကောင်မကလေး ဗီရာ၏ ငယ်ဘဝမှာ စိတ်ဒဏ်ရာများဖြင့်ပြည့်နေသည်။အိမ်လာသူဦးလေးတစ်ဦး၏ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကို ခံခဲ့ရသည်။အသက်ကြီးလာသည်အထိ ထိန်းချု ပ်နှောင်ဖွဲ့မှု များဖြင့် ကြီးပြင်းလာခဲ့ရသည်။ဓါးမြဗိုလ်ကြီး၏ဘဝကမူ မကောင်းသောဖခင်၏ အောက်တွင်ကြီးပြင်းခဲ့ရသူဖြစ်သည်။ဖခင်သည်ရက်စက်လွန်းလှသည်။မိခင်ဖြစ်သူကို ပြည့်တန်ဆာအဖြစ် ရောင်းချခိုင်းစေခဲ့သည်။ထိုဘဝမျိုးကနေ သူ့ကို လူဆိုးဓါးမြဗိုလ်ဘဝရောက်အောင် တွန်းပို့ခံခဲ့ရတော့၏။ကောင်မလေးဗီရာသည် ဓါးမြဗိုလ်ကြီးကို ကြည့်ရင်း သနားလာသည်။ထိုသံယောဇဉ်တရားဖြင့်နှောင်ဖွဲ့မိလာသည်။လော်ရီကားကြီးနှင့်သွားနေသော ခရီးလမ်းမှာလည်း ခြောက်သွေ့နေရာကနေ စိမ်းလန်းရာအရပ်ဆီကို ရောက်လာတော့သည်။သစ်ပင်စိမ်းစိမ်းစိုစိုတွေ။ပြာလွင်သောတောင်တန်းမြင့်မြင့်မိုးမိုးတွေကို လမ်းကလေးတစ်လျှောက်တွင် မြင်လာရပြီ။ထို့အတူ သူမတို့နှစ်ဦးသား၏ စိတ်သဏ္ဍာန်မှာလည်း ရောက်ရှိလာပြီဖြစ်သည့် ဒေသတွေနှင့်ထပ်တူ စိမ်းစိုလှပလာပြီ ဖြစ်ပါသည်။ကျွန်တော်တို့ခံစားသူတွေအဖို့မှာ ကြည့်နေရင်းဖြင့် သူတို့နှစ်ယောက်စလုံးကို ပေါင်းဖက်လိုစိတ်တွေ အတိုင်းမသိဖြစ်လာရသည်။စောင်ကြမ်းကြီးခြုံပြီး နှုတ်ခမ်းမွှေးစစနှင့် ယောကျ်ားပီသသော ဓါးမြဗိုလ်ကြီးနှင့် အိမ်ပြေးကောင်မလေးတို့ကို အပူပင်ကင်းအေးချမ်းလှသော ကမ္ဘာမြေတစ်နေရာမှာ ထာဝရပေါင်းဖက်နေထိုင်စေလိုသော အာသီသတွေ အများအပြားပေါ်ပေါက်လာခဲ့ပါသည်။ထို့အတူပင် အိမ်ပြန်လမ်းကလေးများ၏ အဓိပ္ပါယ်ကိုလည်း ဆန့်ကျင်စွာ တွေးတောလာမိပါတော့သည်။ဟောသည်ကမ္ဘာမြေကြီးပေါ်တွင် အိမ်ပြန်လမ်းပျောက်ဆုံးနေသော လူသားတွေမည်မျှအထိရှိနေမလဲဆိုသည်ကိုလည်း တွေးတောရင်း ဘဝလမ်းမများ၏ အရိုင်းဆန်လွတ်လပ်မှု ကိုလည်း ပိုမိုတွေ့မြင်လာတာ အမှန်ပင်။သို့ဖြစ်စေကာမူ ဗီရာကလေးတို့၏ ဘဝလမ်းမများကမူ ကြေကွဲရိပ်တွေလွှမ်းခြုံ လာလေပြီလား။ကျွန်တော်တို့အားလုံး ရင်တမမဖြင့် ငေးကြည့်ရုံကလွဲ၍ မတတ်နိုင်ကြချေ ။ယခုရုပ်ရှင် Highway မှာ2014ခုနှစ်ထုတ် ဘောလိဝုဒ် ရုပ်ရှင်ကားတစ်ကားဖြစ်ပါသည်။ဆိုရလျှင် ချစ်ကြိုက်ကခုန် သမားရိုးကျ ရုပ်ရှင်များကနေ ခြားနားစွာကွဲထွက်ထားသော ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်နေသောကြောင့် စကြည့်ရှု့ခါစက အိန္ဒိယ ရုပ်ရှင်ဟုပင် မထင်မိခဲ့ချေ ။ကျွန်တော်တို့ ရုပ်ရှင်ခံစားသူတွေမှာ ဇာတ်ကားအစပထမပိုင်းတွင် သမားရိုးကျ ဆန်သယောင်ထင်နေသော်လည်း ဒါရိုက်တာကြီးသည် ခြားနားသောဇာတ်ရုပ်တွေကို ဖန်တီးကာ ကောင်မလေးဗီရာ၏ရှု့ထောင့်ကနေ လမ်းမများဆီကို ခေါ်ဆောင်သွားခဲ့ပါသည်။လော်ရီကားကြီးနှင့်အတူ လမ်းမပေါ်ဆီကို မျောပါသွားကြရသည်။ဒါရိုက်တာကြီးက မည်မျှအထိ ဆွဲခေါ်ကာ တွန်းချန်ပစ်ခဲ့မည်ဆိုသည်ကိုမူ မကြည့်ရသေးသူများအနေဖြင့် လိုက်ပါခံစားပြီးမှသာ ရှာဖွေကြည့်ကြပါဟု ဆိုရင်းဖြင့်သာ။

Read More 0 comments
Rating : 6.1/10
Country : Inida
Genre : Crime, Thriller
Cast : Emraan Hashmi, Humaima Malik, Paresh Rawal
Released Date : 2014
Duration :  2h 21min  

ဒီRraja Natwarlalဇာတ်ကားလေးကတော့ 2014ခုနှစ်ထွက်ရှိထားတဲ့ကားလေးဖြစ်ပြီးတော့ IMDB rating 6.1 ရ ရှိထားတဲ့ကားလေးဖြစ်ပါတယ်။Crime Thriller ဇာတ်ကားအမျိုးအစားဖြစ်ပြီး ဇာမ်းလမ်းဇာတ်အိမ် တော်တော်ကောင်းပါတယ်…
ရာဂျာဟာဂိမ်းကစားပြီးငွေရှာတာဝါသနာပါတဲ့သူဖြစ်ပြီး
လောင်းကစားသမားအများစုကြုံလေ့ရှိတဲ့အတိုင်း ငွေက အမြဲပြတ်နေတတ်ပါတယ်။ဒါနဲ့ပဲသူ့ရဲ့အစ်ကိုရာဂဗ်နဲ့တိုင်ပင်ပြီးပိုက်ဆံရဖို့ဂွင်အကြီးကြီးရိုက်ပါတော့တယ်။သူတို့ဂွင်သွားရိုက်မိတဲ့သူကဘယ်သူဖြစ်နေမလဲ?သူလိုချင်တဲ့ပိုက်ဆံရောရနိုင်ပါ့မလား?Thriller အမျိုးအစားကြိုက်သူတွေအတွက်လက်မလွှတ်သင့်ပါကြောင်း…
Read More 0 comments
Rating : 5.9/10
Country : Korea
Genre : Drama, Romance, Thriller,Adult
Cast : Woo-sung Jung, Esom, So-young Park      
Released Date : 2014
Duration : 1h 53min 

တစ်ချို့သော ကိုရီးရား အချစ်ကားတွေဟာ တော်ရုံ adult ကားတွေထက်
ဆွဲဆောင်မှုရှိကြတယ်လို့ဆိုကြတယ်…အဲ့ဒီကားတွေထဲမှာ
Scarlet Innocence (2014) လည်းအပါအဝင်ဖြစ်တယ်…ကြည့်ဖူးတဲ့သူတွေသိကြသလို
အကြည်လေး သိမ်းထားချင်တဲ့သူတွေအတွက်ရော မကြည့်ရသေးတဲ့သူတွေအတွက်ရော
တင်ဆက်ပေးလိုက်တယ်…ဒီကားက ဇာတ်လမ်းလည်းကောင်းမွန်လှသလို
မင်းသားမင်းသမီးတွေကလည်း နာမည်ကြီးတွေပါပဲ…
(18+)လူကြီးခန်းများ အများအပြားပါတာမို့ မိသားစုနဲ့အတူ မကြည့်သင့်ပါဘူး…
ထွေထွေထူးထူးညွှန်းစရာမလိုတဲ့ကားကောင်းမို့
ခံစားကြည့်ကြပါဦးလို့ပဲပြောပါရစေ…
Read More 0 comments
Rating : 4.5/10
Country : United State
Genre :  Horror, Mystery, Thriller 
Cast :    Olivia Cooke, Ana Coto, Daren Kagasoff
Released Date : 2014
Duration :  1h 29min

ကျွန်တော်တို့နိုင်ငံတိုင်း ဒေသတိုင်းမှာ သရဲခေါ်နည်းအမျိုးမျိုးရှိကြသလိုပဲ ဒါကတော့ အင်းဂိတ်သရဲခေါ်နည်းပေါ့ဗျာ.. A ကနေ Z, Yes , No , Good Bye ဆိုတာတွေ ရေးထားတဲ့ ဘုတ်ပြားလေးတစ်ခုမှာ အဝိုင်းပေါက်လေးပါတဲ့ ရွှေ့စရာသစ်သားပြားလေးတစ်ခုတင်ပြီး သရဲခေါ်ပြီး မေးချင်တာမေးရတဲ့ကစားနည်းမျိုးပေါ့..

ဒီကစားနည်းမှာ စည်းကမ်းချက်လေးတွေရှိတယ်..
၁. ဘယ်တော့မှ တစ်ယောက်တည်း မကစားရဘူး

၂. သချိုင်းမြေပေါ်မှာ မကစားရ

၃. ကစားပြီးသွားရင် အမြဲတမ်း နှုတ်ဆက်စကား ( Good Bye ) ပြောရမယ်ဗျ..
2014 မှာ ထွက်ရှိထားတဲ့ ဒီ Ouija ကားကတော့ IMDb 6.6/10 ရရှိထားပြီး သရဲကားတွေရဲ့ နာမည်ကြီးဒါရိုက်တာ Stiles White ရိုက်ကူးထားတာဖြစ်ပါတယ်.. ဟောလိဝုဒ်ရုံတင်စာရင်းရဲ့ နံပါတ်တစ်နေရာကို ရယူခဲ့တဲ့ ဇာတ်ကားလဲဖြစ်ပါတယ်..
ဇာတ်လမ်းအကျဉ်းကတော့ Debbie ဆိုတဲ့ကောင်မလေးဟာ Ouija Board ကို အိမ်ဟောင်းတစ်ခုမှာတွေ့တဲ့အခါ Laine ဆိုတဲ့ငယ်သူငယ်ချင်းလေးကို သတိရရင်း တစ်ယောက်တည်းအပျော်ဆော့လိုက်မိရာကနေ ထူးထူးဆန်းဆန်းတွေစတင်ဖြစ်ပါတော့တယ်… Debbie က ဘုတ်ပြားကို မီးရှို့ပစ်လိုက်ပေမယ့်လဲ အကောင်းအတိုင်းပြန်ရောက်လာပြီး မကောင်းဆိုးဝါးပူးကပ်ကာ Debbie သေသွားခဲ့ပါတယ်…
သူ့အသုဘအပြီး မိဘတွေမရှိတုန်း Debbie ရဲ့သူငယ်ချင်းတစ်စု အိမ်စောင့်ပေးရင်းနဲ့ Debbie နဲ့ဆက်သွယ်ကြည့်မယ်ဆိုပြီး Ouija board ကို သုံးခဲ့ပြန်ပါတယ်.. မီးတွေမှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီး ထူးဆန်းတဲ့အသံတွေ ကြားလာရတဲ့အချိန်မှာတော့ လန့်ဖြန့်ပြီး ကစားနည်းကိုရပ်လိုက်ကြတယ်. ဒါပေမယ့် နောက်တစ်ရက်မှာပဲ သူတို့ရဲ့ ကားမှန်တွေ.. ကွန်ပျူတာစခရင်တွေ.. နံရံတွေပေါ်မှာ “Hi Friend” ဆိုတဲ့ စာသားပေါ်လာတယ် … Hi Friend ဆိုတာက Ouija Board ဆီကို သရဲ / ဝိဉာဉ်ရောက်လာတဲ့အခါမှာ စတင်နှုတ်ဆက်လေ့ရှိတဲ့စကားပါ.. အဲဒါကြောင့် သူတို့ရဲ့သူငယ်ချင်းက သူတို့ဆီကိုဆက်သွယ်ဖို့ကြိုးစားနေတယ်အထင်နဲ့ သူငယ်ချင်းတစ်စု Ouija Board ကို ထပ်မံအသုံးပြုလိုက်မိတဲ့အခါမှာတော့………………….
ထင်မထားတဲ့လှည့်ကွက်တွေနဲ့ တော်တော်လေးကျောချမ်းစရာဇာတ်ကားဖြစ်တာကြောင့် ဘေကုန်ရကျိုးနပ်မှာသေချာပါတယ်.. အပြင်လောကမှာလဲ ယုံကြည်သူတွေရှိကြပြီး တချို့ဝိဉာဉ်နဲ့ဆက်သွယ်ပေးတဲ့လုပ်ငန်းတွေမှာလဲ တကယ်သုံးတာမို့ ဒီဇာတ်ကားဟာ အောင်မြင်မှုများစွာနဲ့ တော်တော်ကြီးအမြတ်အစွန်းရခဲ့တဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်.. စိတ်ဝင်စားသူများ Ouija Board Application တွေ Play Store တွေကနေ ဒေါင်းလုပ်ဆွဲကစားနိုင်ပြီး ကစားပြီးနောက်မှာ အမှန်တကယ်သေဆုံးသူတွေလဲ ရှိခဲ့တယ်လို့လဲ သတင်းကြီးတာမို့ စိတ်မခိုင်သူများ လုံးဝဆော့ကစားခြင်းမပြုပါရန် အကြံပေးချင်ပါတယ်…
Read More 0 comments


Rating : 6.1/10
Country : India 
Genre :   Action, Drama
Cast :   Madhuri Dixit, Juhi Chawla, Divya Jagdale 
Released Date : 2014
Duration :  2h 19min


အညွှန်း

………..မက်ဒါပေါလို့ခေါ်တဲ့အိန္ဒိယရွာလေးတစ်ရွာအဲဒီရွာလေးမှာ လမ်းတွေ…အိမ်တွေ ဘုရားကျောင်းတစ်ကျောင်း…ရေကန်ငယ်တစ်ကန်မြစ်တစ်စင်း…လူတချို့…ဆင်းရဲမှုတွေတရားမမျှတမှုတွေရှိတယ်ပြီးတော့ ၄ နှစ် ၁ ခါလောက်နိုင်ငံရေးသမားအနည်းစုတွေ ပေါ်လာတယ်ရွာနားမှာရှိတဲ့ လမ်းကမြို့ကြီးဆီရောက်တယ်အဲဒီမြို့ကြီးက ဖွံ့ဖြိုးတိုးတက်တယ်လို့ပြောကြတယ်………..”

Gulaab Gang (2014) သည် IMDb 6.1/10 Rotten Tomatoes 50% Roger Ebert 2.5/4 Google users 86% ရထားသော ဒါရိုက်တာ Soumik Sen က ရိုက်ကူးထား၍ Soumik Sen , Amitosh Nagpal တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Madhuri Dixit, Juhi Chawla, Divya Jagdale တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….

အကြောက်အရွံ့လုံးဝမရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ အမျိုးသမီးတွေရဲ့ နှိမ့်ချဆက်ဆံထားရမှုအတွက် တရားမျှတမှု မရှိတာအတွက် တိုက်ခို်က်တွန်းလှန်ထားတဲ့ အမျိုးသမီးသူရဲကောင်းချစ်သူများအတွက် ဇာတ်လမ်းကောင်းလေးတစ်ကားပါ…

 

Read More 0 comments
Rating : 5.0/10
Country : China
Genre : Comedy, Romance   
Cast : Ivy Yi-Han Chen, Zishan Yang, Fiona Sit          
Released Date : 2014
Duration : 1h 59min

ဘဝမှာ သူငယ်ချင်းတွေ ဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။စိတ်တူကိုယ်တူ ဖြစ်နေတဲ့ သူငယ်ချင်းကောင်းတွေ ရ ထားတဲ့သူတွေကတော့ အရမ်းကံကောင်းကြတယ်လို့ ပြောလို့ရပါပြီ။
ကိုယ်နဲ့ ကောင်းတူဆိုးဖက် ကဲလို့ရတဲ့ သူတွေနဲ့ ဆိုရင်တော့ ကမ္ဘာ့ကြီးရဲ့ ဘယ်နေရာကို ရောက်နေနေကြောက်စိတ်မရှိဘဲ အရာရာကို ရင်ဆိုင် ကျော်လွှားနိုင်မှာပါ။Girls (2014) နဲ့ Girls Vs Gangster (2018) ဇာတ်ကားတွေကတော့မတည့် အတူနေ သိပ်ချစ်တဲ့ မိန်းကလေး သူငယ်ချင်း သုံးယောက် ကဲကြ ပွေးကြ နဲ့ လူဆိုးတစ်သိုက်နဲ့ ခြေရှုပ်မိရင်းဘာတွေ ဘယ်လို ဆက်ရှုပ်မလဲ အရယ်အမော လေးတွေနဲ့ ကြည့်ရမယ့် ဇာတ်ကားတွေပါ။
Hear Me ဇာတ်ကားထဲကမင်းသမီး Ivy Chen ,Hong Kong အဆိုတော် Fiona Sit,မင်းသမီး Janine Chang တို့မှ အဓိကပါဝင်ထားပြီးGirls vs Gangster 2018 မှာဆိုရင် မိုက်တိုင်ဆန်တို့လို နာမည်ကြီးတွေနဲ့ပါ ရိုက်ကူးထားပါတယ်။
Read More 0 comments

Season (1) - 13 Episodes



Rating : 7.5/10
Country : United State
Genre : Drama,Fantasy,Horror
Cast : Matt Ryan,Harold Perrineau,Angelica Celaya,Charles Halford
Released Date : 2014-2015

Fox ရုပ်သံမှ 2014 စက်တင်ဘာလတွင်စတင်ထုတ်လွှင့်ခဲ့တဲ့ Gotham ရုပ်သံဇာတ်လမ်းတွဲကတော့

 

Read More 0 comments

Rating : 7.310
Country : India
Genre :  Action, Crime, Drama 
Cast : Rani Mukerji, Tahir Raj Bhasin, Priyanka Sharma 
Released Date : 2014
Duration : 1h 53min

အညွှန်း
rating 7.4 ထိရထားတဲ့ အိန္ဒိယကားကောင်းလေးတစ်ကားပါ။ 2014 ခုနှစ်က ထွက်ရှိထားပြီး ဆုပေါင်းငါးခုထိ ပိုင်ဆိုင်သွားတဲ့ကားလေးပါ။

ရာဇ၀တ်မှုနှိမ်နင်းရေးဌာနက အကြီးတန်းစစ်ဆေးမှူးရှီဗာနီ အမှုစစ်တဲ့နေရာမှာ ဘယ်သူ့မျက်နှာမှမထောက်လာဘ်မစားပဲ ရဲရင့်မှန်ကန်စွာလုပ်လေ့ရှိတာမို့ ဂုဏ်သတင်းကြီးမားလှပါတယ်။

သူ့မှာမိဘမဲ့ကလေးတစ်ယောက်ကို မွေးစားထားတာရှိပါတယ်။ ဒါပေမဲ့ အဲ့ကလေးမက လူကုန်ကူးတဲ့ထဲပါသွားပြီး ပျောက်သွားတာကြောင့် လိုက်လံစုံစမ်းရင်း သာမာန်ဂိုဏ်းတစ်ခုမဟုတ်ဘဲ ကောင်း ကောင်းဖွဲ့စည်းထားပြီး အာဏာရှိတဲ့လူတွေလည်း ပါ၀င်ပက်သက်နေတဲ့အခါ သူ့ကလေးကိုပြန်ကယ်နိုင်ပါ့မလား …

သူ့ရဲ့မိသားစုရော ဒီအရှုပ်အထွေးတွေကြားထဲမှာ ထိခိုက်မှုတွေမရှိအောင် သူဘယ်လိုစီစဉ်မလဲ၊ အရမ်းကိုသေသပ်ပြီး စနစ်ကျလွန်းတဲ့ ဂိုဏ်ခေါင်း ဆောင်ကိုရောသူဖမ်းမိနိုင်ပါ့မလား၊ စတာတွေကိုအိုဗာအက်ရှင်တွေမပါဘဲ ဦးနှောက်ကစားပွဲကြီးကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ် …
Read More 0 comments


 

Rating : 4.8/10
Country : Japan
Genre : Adult, Action, Thriller
Cast : Jennifer Mullaney, Matthew Floyd Miller, Dean Simone
Released Date : 2014
Duration : 1h 26min

အညွှန်း
2014 ခုနှစ်ကထွက်ရှိခဲ့ပြီး ခပ်ကြမ်းကြမ်း ဂျပန် အပေါင်းနှစ်ဆယ့်တစ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဒီကားလေးက ကျတော်ကျိဖူးသမျှ Japan Gore movies တွေထဲမှာ
တော်တော်ကြမ်းတဲ့ ဇာတ်ကားပါ ပြီးတော့ ဇာတ်ကားရဲ့ story line နဲ့ plot twist တွေက 21+ လို့တောင် မထင်ခြင်စရာပါပဲ
နောကျတခုက သှေးသံရဲရဲ ခနျးတှေ ဆငျးရဲသားအခနျးတှေ ပေါပေါသောသော ပါတာမို့ ပုရိသအကွိုကျကားတစျကားဖွစျမယျဆိုတာတော့ ရဲရွဲကျီးအာမခံရဲပါတယျ
ဇာတ်လမ်းအကျဉ်းလေးကတော့ ဆရာဝန် တယောက် တစုံတခုသောအကြောင်းတစ်ခုကြောင့် ကလဲ့စားခြေဖို့အာသီသပြင်းထန်နေတဲ့ဆရာဝန်
အဲ့ဒီ့ ဆရာဝန်က ဘာကြောင့် အသဲအသန် ကလဲ့စားခြေဖို့ ဆာလောင်နေလဲ
တနေ့ ကံတရားက မျက်နှာသာပေးလာတော့ မိန်းမပျိုလေးတယောက်ကို
ဝယ်ပြီး ရက်စက်တဲ့ လူသတ်သမ ဖြစ်အောင် သေချာလေ့ကျင့်ပေးလိုက်တဲ့အခါမှာတော့ ကဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ပါ
Read More 0 comments
Rating : 2.4/10
Country : United State
Genre :  Action, Adventure, Drama
Cast :   Adrian Paul, Jhey Castles, Georgina Beedle
Released Date : 2014
Duration :   1h 27min

 ပရိသတ်ကြီးအတွက် အပြောင်းအလဲလေးတစ်ခု အနေနဲ့.. Disaster Movie တစ်ခုကို စီစဉ်တင်ဆက်ပေးလိုက်ပါတယ်။ သဘာဝဘေးအန္တရာယ် ကို နောက်ခံထားပြီး ဇါတ်လမ်း ဇါတ်ညွှန်းတွေရေးဖွဲ့ရိုက်ကူးခဲ့ကြတဲ့အထဲက အထင်ကရ Movie အတော်များများကိုလဲ နောက်ပိုင်းမှာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Apocalypse Pompeii ဟာ Title နဲ့ ကိုက်ညီစွာ.. အီတလီ နိုင်ငံ Pompeii မီးတောင်ရဲ့... ဘေးအန္တရာယ်ကို ထင်ဟပ်ပြသထားတဲ့... အတွက်ကြောင့်... ကျွန်တော်တို့ လို မီးတောင်ရှင်တွေနဲ့ ကင်းဝေးတဲ့အရပ်ဒေသက လူတွေအတွက်.. ဗဟုသုတတစ်ခု အနေဲ့... ကြည့်ရှုစရာ.. လေ့လာစရာ Movie တစ်ခုလို့ ဆိုရမှာပါပဲ။ 2014 ခုနှစ်အတွင်းမှာပဲ ထွက်ရှိခဲ့တဲ့ မင်းသမီး Emily Browning ရဲ့ Pompeii လိုတော့ Romance နဲ့ Drama ဘက် ကို ယှက်နွယ်ထားခြင်းမရှိပါဘူးခင်ဗျ။ အဆိုပါ Pompeii က တကယ့် မူရင်းစာအုပ်ထဲက ခေတ်ကာလကို အခြေံထားတာဖြစ်ပြီး ယခုလက်ရှိ Apocalypse Pompeii ဟာ.. မျက်မှောက်ခေတ်ကို အခြေပြုရိုက်ကူးထားတဲ့တဲ့ Action, Adventure အမျိုးအစားဖြစ်ပါတယ်။ အထူးအေးဂျင့် အဖြစ်ကနေ အနားယူထားတဲ့ commando တစ်ယောက်ဟာ မိသားစု နဲအတူ အီတလီကို အပျော်ခရီးထွက်လာရာက... Vesuvius တောင်ကြီးဟာ... ကြီးမားတဲ့ ပြတ်ရွေ့ကြောင်းတစ်ခုရဲ ဖိအားပေးမှုကြောင့် ပြိုလဲကျလာတာနဲ့ ထိပ်တိုက်ရင်ဆိုင်မိကြပုံကို... တန်ဆာဆင် ရိုက်ကူးထားခြင်းပါတယ်။ မိသားစုဝင်တွေနဲ့အတူ.. ပြင်းထန်တဲ့.. အပူလှိုင်းလုံးကြီးတွေ၊ မြင်မြင်ရာ တိုက်စားပစ်နေတဲ့ ချော်ရည်ချော်ခဲတွေရဲ့... အန္တရာယ်က..နေ.. ကျွန်တော်တို့ရဲ့ ဇါတ်ဆောင်မိသားတစ်စု ဘယ်လိုထွက်ပြေးလွတ်မြောက်လာကြမလဲဆိုတာ... အနားယူချိန်အတွင်းမှာစိတ်အာရုံနစ်မြောစရာတစ်ခုအနေနဲ့..ကြည့်ရှုခံစားနိုင်ပါပြီခင်ဗ်ာ။
Read More 0 comments


 

Rating : 6.1/10
Country : China
Genre : Drama, History, Romance
Cast : Ziyi Zhang, Takeshi Kaneshiro, Hye-Kyo Song
Released Date : 2014
Duration : 2h 9min

အညွှန်း
သည်တစ်ခါမိတ်ဆက်ပေးချင်တာကတော့ စစ်ကားကောင်းလေး တစ်ကားဖြစ်တဲ့ The Crossing ပဲ ဖြစ်ပါတယ်။ တောင်ကိုးရီးယားနာမည်ကျော် မင်းသမီးတစ်ဦးဖြစ်တဲ့ ဆောင်းဟေကို ကိုယ်တိုင်ပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားလေးတစ်ကားဆိုလည်း မမှားပါဘူး။

ဇာတ်လမ်းအကျဥ်းကတော့ဖြင့် ဒုတိယကမ္ဘာစစ် ဂျပန်နှင့်တရုတ်တို့ တိုက်ခိုက်ကြစဥ် ခေါင်းဆောင်လီယီဖန်က ဂျပန်တပ်ကို တရုတ်မျိုးနွယ်စုညီအစ်ကိုတွေအားလုံး လက်တွဲညီကတိုက်ထုတ်ခဲ့ကြသည်။ သို့သော် မိမိမျိုးနွယ်တူအချင်းချင်း အယူဝါဒ ကွဲပြားမှုကြောင့် ကိုယ့်လူကိုယ်ပြန်သတ်ရသည့် ပြည်တွင်းစစ်ကြီး ဖြစ်ပေါ်လာခဲ့သည်။ ကျန်းယွဲ့ ခေါ်သောမိန်းမငယ်လေးမှာလည်း မိမိ၏ချစ်သူကို လိုက်ရှာရင်း စစ်အတွင်းဝယ် ဘဝပျက်ခဲ့ရသည်။ စစ်သားလေးတစ်ယောက် ထန်သာချင်းမှာလည်း အမှတ်တမဲ့တွေ့ဆုံမိသော ကျန်းယွဲ့ကို ချစ်ကျွမ်းဝင်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အပြီး လက်ထပ်ခဲ့သော ကျုံးယွီဖန်နှင့် လီယီဖန်တို့မှာလည်း ပြည်တွင်းစစ်ကြောင့် ခွဲခွာခဲ့ကြရပြန်သည်။ ဂျပန်နဲ့ ဆရုတ်ဟူသော မျိုးနွယ်ကွဲပြားမှု ၏အမြင်အောက်တွေ ဆရာဝန်လေး ဇီခွန်းနှင့် ဂျပန်မလေး မာဆာကိုတို့ မေတ္တာရေး အဆုံးသတ်ခဲ့ရသည်။

ထိုဇာတ်ကားလေးတွေ ယွီဖန်အဖြစ် မင်းသမီးဆောင်းဟေကို လီယီဖန်အဖြစ် Huang Xiaoming ထန်သာချင်းအဖြစ် Tong Dawei ကျန်းယွဲ့အဖြစ် Zhang Ziyi ဆရာဝန်ဇီခွန်းအဖြစ် Takeshi နှင့် မာဆာကိုအဖြစ် Masami Nagasawa တို့က ပါဝင်ထားပါတယ်။ Dec 2, 2014 မှာ Part one ကို China တွင် ထုတ်လွှင့်ခဲ့ပြီးနောက် Rating အနေဖြင့် IMDb 6.1/10 ရရှိထားတဲ့ လွမ်းမောစရာ စစ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။

စစ်သားတစ်ယောက်၏ခံယူချက်၊ စစ်၏အကျိုးသက်ရောက်ပုံ၊ သေခြင်းတရားစစ်မြေပြင်ပေါ်မှာမှ တစ်စုံတစ်ဦးကိုချစ်ခင်မြတ်နိုးရခြင်း၏ နွေးထွေးသော ခံစားချက်၊ သေခါနီးအချိန်တွင်တောင် မေတ္တာဖြင့် သေခြင်းတရားကို ရင်ဆိုင်နိုင်ခဲ့ပုံနှင့် စစ်အတွင်းက ဘဝအမျိုးမျိုးကို အချစ်အလွမ်းအမုန်းဒေါသ ပေါ်အောင် ရိုက်ကူးပြသထားသောကြောင့် လူတစ်ယောက်ဖြစ်လာရခြင်း၏ ဘဝအပေါ်အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းနေထိုင်ခြင်းကို ဖော်ပြထား​သော ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်တာကြောင့် ကြည့်ရှူဖို့တိုက်တွန်းလိုက်ပါရစေ။
Read More 0 comments

Season (1) - 8 Episodes
Season (2) - 10 Episodes
Season (3) - 10 Episodes
Season (4) - 10 Episodes

Rating :  8.2/10
Country : United State
Genre :  Adventure,Drama
Cast : Toby  Stephens,Luke Arnold,Toby Schmitz,Hannah New,Jessica Parker Kennedy,Clara Paget,Winston Chong,Tom Hopper
Released Date : 2014 - 2017

Fox ရုပ်သံမှ 2014 စက်တင်ဘာလတွင်စတင်ထုတ်လွှင့်ခဲ့တဲ့ Gotham ရုပ်သံဇာတ်လမ်းတွဲကတော့

 

 

Read More 0 comments
Rating : 7.0/10
Country : United State
Genre : Action, Comedy, Crime 
Cast :  Channing Tatum, Jonah Hill, Ice Cube
Released Date : 2014
Duration : 1h 52min

2014 ခု နှစ်မှာထွက်ရှိထားတဲ့ 22 Jump Street ဇာတ်ကားဟာ IMDb Rating 7.6 အထိရရှိထားတဲ့
ရဲဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..2012 က ထွက်ရှိခဲ့တဲ့ 21 Jump Street ရဲ့အဆက်အဖြစ်နဲ့ထွက်လာပါတယ်..2ကားလုံးကတော့ ဟာသအက်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ်
ဇာတ်လမ်းဇာတ်အိမ်ဖန်တီးထားတဲ့နေရာမှာလည်းသေသပ်သလို ဟာသလည်းမြောက်ပါတယ်21 Jump Street မှာတော့ ကျောင်းတုန်းက မတည့်တဲ့ သူငယ်ချင်း2ယောက် ကျောင်းပြီးလို့ရဲထဲဝင်
တဲ့အခါ အလုပ်အတူတူတွဲလုပ်ရင်း ထူးခြားတဲ့အမှုအတွက် ကျောင်းပြန်တက်ရပြန်ပါတယ်..ကျောင်းတက်ရင်းဘယ်လိုတလွဲတွေနဲ့ အမှုလိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါယခု တင်တဲ့ဇာတ်ကား 22 Jump Street ကတော့ အဆက်အနေနဲ့ဆက်လက်ရိုက်ကူးထားပါတယ်
21 Jump Street ကို မကြည့်ရသေးသူများ အတွက်လည်းအောက့်မှာလင့်ပြန်ပေးထားပါတယ်..။
Read More 0 comments