Apocalypse Pompeii (2014)

Rating : 2.4/10
Country : United State
Genre :  Action, Adventure, Drama
Cast :   Adrian Paul, Jhey Castles, Georgina Beedle
Released Date : 2014
Duration :   1h 27min

 ပရိသတ်ကြီးအတွက် အပြောင်းအလဲလေးတစ်ခု အနေနဲ့.. Disaster Movie တစ်ခုကို စီစဉ်တင်ဆက်ပေးလိုက်ပါတယ်။ သဘာဝဘေးအန္တရာယ် ကို နောက်ခံထားပြီး ဇါတ်လမ်း ဇါတ်ညွှန်းတွေရေးဖွဲ့ရိုက်ကူးခဲ့ကြတဲ့အထဲက အထင်ကရ Movie အတော်များများကိုလဲ နောက်ပိုင်းမှာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Apocalypse Pompeii ဟာ Title နဲ့ ကိုက်ညီစွာ.. အီတလီ နိုင်ငံ Pompeii မီးတောင်ရဲ့... ဘေးအန္တရာယ်ကို ထင်ဟပ်ပြသထားတဲ့... အတွက်ကြောင့်... ကျွန်တော်တို့ လို မီးတောင်ရှင်တွေနဲ့ ကင်းဝေးတဲ့အရပ်ဒေသက လူတွေအတွက်.. ဗဟုသုတတစ်ခု အနေဲ့... ကြည့်ရှုစရာ.. လေ့လာစရာ Movie တစ်ခုလို့ ဆိုရမှာပါပဲ။ 2014 ခုနှစ်အတွင်းမှာပဲ ထွက်ရှိခဲ့တဲ့ မင်းသမီး Emily Browning ရဲ့ Pompeii လိုတော့ Romance နဲ့ Drama ဘက် ကို ယှက်နွယ်ထားခြင်းမရှိပါဘူးခင်ဗျ။ အဆိုပါ Pompeii က တကယ့် မူရင်းစာအုပ်ထဲက ခေတ်ကာလကို အခြေံထားတာဖြစ်ပြီး ယခုလက်ရှိ Apocalypse Pompeii ဟာ.. မျက်မှောက်ခေတ်ကို အခြေပြုရိုက်ကူးထားတဲ့တဲ့ Action, Adventure အမျိုးအစားဖြစ်ပါတယ်။ အထူးအေးဂျင့် အဖြစ်ကနေ အနားယူထားတဲ့ commando တစ်ယောက်ဟာ မိသားစု နဲအတူ အီတလီကို အပျော်ခရီးထွက်လာရာက... Vesuvius တောင်ကြီးဟာ... ကြီးမားတဲ့ ပြတ်ရွေ့ကြောင်းတစ်ခုရဲ ဖိအားပေးမှုကြောင့် ပြိုလဲကျလာတာနဲ့ ထိပ်တိုက်ရင်ဆိုင်မိကြပုံကို... တန်ဆာဆင် ရိုက်ကူးထားခြင်းပါတယ်။ မိသားစုဝင်တွေနဲ့အတူ.. ပြင်းထန်တဲ့.. အပူလှိုင်းလုံးကြီးတွေ၊ မြင်မြင်ရာ တိုက်စားပစ်နေတဲ့ ချော်ရည်ချော်ခဲတွေရဲ့... အန္တရာယ်က..နေ.. ကျွန်တော်တို့ရဲ့ ဇါတ်ဆောင်မိသားတစ်စု ဘယ်လိုထွက်ပြေးလွတ်မြောက်လာကြမလဲဆိုတာ... အနားယူချိန်အတွင်းမှာစိတ်အာရုံနစ်မြောစရာတစ်ခုအနေနဲ့..ကြည့်ရှုခံစားနိုင်ပါပြီခင်ဗ်ာ။

0 comments:

Post a Comment