Showing posts with label K Drama. Show all posts
Showing posts with label K Drama. Show all posts


 

Episodes : 8
Country : Korea
Released Date : 2022
 
 

အညွှန်း

 Cha Moo Sik ဆိုတဲ့ ဘိုးတော်ကြီးကို နာမည်နဲ့လူနဲ့သာ တွဲမသိကြပေမဲ့

ရုပ်ရှင်ချစ်ပရိတ်သတ်တွေဟာ  I Saw the devil နဲ့ Old Boy ကိုရီးယား

ရုပ်ရှင်မှာ ပွဲကြမ်းခဲ့တဲ့ ဘဲကြီးဆိုရင်တော့ သိကြမယ်ထင်တယ်..

ဒီစီးရီးမှာ သူအဓိကပါဝင်ထားသလို  The Roundup (2022) မှာဗီလိန်အဖြစ်ပါဝင်ထားတဲ့

Gang Hae Sang လည်း Main Role အနေနဲ့ ပါဝင်ထားပါတယ်…

ကိုရီးယားမှာ စီးပွားပျက်ကပ်ဆိုက်ကြတော့ ငတ်တောင်သေကုန်တဲ့

ပြည်သူတွေရှိခဲ့ကြတယ်…ဒီလိုအငတ်ဘေးဆိုက်ကြတော့ လူတွေလည်း

အစားတစ်လုပ်အတွက်လုပ်မိလုပ်ရာလုပ်ကြတယ်..အဲ့ဒီအထဲမှာ

ငွေရအလွယ်ဆုံးက လောင်းကစားပဲ…ချာမူရှစ် လည်း ဒီလိုကပ်ဆိုးမှာ မွေးတဲ့

ကလေးတစ်ယောက်ပဲ..ငယ်ဘဝမှာ ခါးသီးလွန်းတဲ့အနေအထားကြောင့်

သူဟာ လောင်းကစားမှာဆရာတစ်ဆူဖြစ်အောင်လုပ်ပြီး

ဘုရင်တစ်ပါးဖြစ်အောင် ကြိုးစားမယ်ဆိုပြီး ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့…

 

 

Read More 0 comments


Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

The Policeman’s Lineage, My Name စတဲ့ အကြမ်းစားကားတွေနဲ့လန်းခဲ့တဲ့မင်းသားကြီး Park Hee Soon နဲ့
Watcher, Undercover, Hellbound တို့မှာ မိမိုက်ခဲ့တဲ့ မမလှလှ Kim Hyun Joo တို့
နှစ်ယောက်ကိုအတွဲညီညီတွေ့ရဦးမယ့် ပဟေဠိဆန်ဆန် နိုင်ငံရေးနဲ့မှုခင်းကားသစ်လေးပါ။
ဒယ်ဟန်ပါတီအဖွဲ့ဝင် ရှင်းယန်းဂူကိုယ်စားပြု လွှတ်တော်အမတ် “နမ်ဂျွန်းဒို” က အသက်အရွယ်အားဖြင့်
တခြားပါတီတွေကအမတ်ကြီးတွေထက် ပိုငယ်ရွယ်ပြီး ပြည်သူတွေရဲ့စကားသံကိုလည်း အလေးထားနားထောင်ပေးတတ်တဲ့သူမို့
အမတ်တစ်ယောက်အနေနဲ့ ဂုဏ်သတင်းကျော်စောသူတစ်ယောက်ပေါ့။ နိုင်ငံတော်အတွက် အရေးပါတဲ့သူတစ်ယောက်ဖြစ်သလို
အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်တဲ့ “နမ်ဂျွန်းဒို” က ဇနီးနဲ့သားသမီးတွေအပေါ်လည်း နွေးထွေးပေးသူတစ်ယောက်ပါ။
တစ်ချိန်က ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့ရာကနေ လက်ရှိမှာ စာအုပ်ပြုပြင်ထိမ်းသိန်းရေးဆိုင်လေးဖွင့်ထားတဲ့ ဇနီးဖြစ်သူ “ဂင်ဟယ်ဂျူး” ကလည်း
တစ်ဖက်တစ်လမ်းကနေ အကူအညီလိုနေတဲ့ပြည်သူတွေကို အားပေးကူညီပေးတတ်တဲ့ စိတ်ထားကောင်းသူတစ်ယောက်ဆိုလည်းမမှားပါဘူး။
ဒီလိုလူမှုရေးလုပ်ငန်းတွေကိုလုပ်နေတဲ့သူတစ်ယောက်က ခင်ပွန်းဖြစ်သူရဲ့မဲဆွယ်ပွဲတွေ လူမှုရေးလုပ်ငန်းတွေကို လိုက်ကူညီပေးလေ့မရှိသလို
သူ့ကိုယ်သူအမတ်ကတော်ဆိုတာကို သမီးဖြစ်သူရဲ့သူငယ်ချင်းမိဘတွေကိုတောင် အသိမပေးဘဲဖုံးကွယ်ထားသူပါ။
ဒီလိုနဲ့တစ်နေ့မှာ အိမ်ကထွက်ပြေးသွားတဲ့သမီးဖြစ်သူကိုလိုက်ရှာရာကနေ သက်သက်အိမ်ခွဲနေတဲ့
အရွယ်ရောက်သားဖြစ်သူရဲ့အလောင်းကို မူးယစ်ဆေးတွေနဲ့အတူ မသင်္ကာဖွယ်အနေအထားနဲ့ရှာတွေ့လိုက်ရတဲ့အခါမှာ ..။
နိုင်ငံ့အရေးကိုဆောင်ရွက်နေတဲ့ရာထူးကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့သားဖြစ်သူက ဥပဒေနဲ့မကင်းတဲ့အလုပ်တွေနဲ့နွယ်နေတဲ့အခါ
ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲ .. သူတို့လင်မယားကြားမှာရော အများမသိတဲ့ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေဦးမှာလဲ ..။

 

 

 

Read More 0 comments


 

Episodes : 124
Country : Korea
Released Date : 2022
 
 

အညွှန်း

Young Ih ဆိုတဲ့ကောင်မလေးဟာ ငယ်ရွယ်စဉ်မှာ အိမ်ထောင်ကျခဲ့ပြီး ချစ်စရာသမီးလေးထွန်းကားခဲ့တယ်။ ဒါပေမယ့် ကံဆိုးစွာပဲ ခင်ပွန်းသည်ကတော့ ဆုံးပါးသွားခဲ့ရှာတယ်။

အဲ့ဒီနောက် သမီးလေးအနာဂတ်လှပရေး အလုပ်မျိုးစုံလုပ်ပြီး ရုန်းကန်ရှာတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူမရဲ့ခင်ပွန်းမျက်ကြည်လွှာကို ယူပြီး ကုသပေးခဲ့တဲ့ ယောက်ျားလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့တဲ့အခါမှာတော့ …

ဘာတွေဆက်ဖြစ်မလဲ?

 

Read More 0 comments


 

Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

Baek Dong Ju (Hyeri) က နာရေးကူညီမှုက ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး သေသွားတဲ့လူတွေကို မြင်နိုင်၊ ပြောဆိုနိုင်တဲ့ အထူးစွမ်းရည်တစ်ခု ပိုင်ဆိုင်ထားပါတယ်။ သေသွားတဲ့လူတွေဟာ Dong Ju ဆီကို သူတို့ရဲ့ နောက်ဆုံးဆန္ဒကို တောင်းဆိုတယ်။ တကယ်လို့ Dong Ju က မလုပ်ပေးဘူးဆိုရင် အဲ့နေ့တစ်နေ့လုံး ကံဆိုးမှုတွေကို ကြုံရမှာပါ။

 

Kim Jib Sa (Lee Jun Young) ကတော့ ဦးလေးဖြစ်သူပိုင်ဆိုင်တဲ့ “အီဒန်းဘဲ့” ကုမ္ပဏီက ဝန်ထမ်းဖြစ်ပြီး “အီဒန်းဘဲ့” ဆိုတာကတော့ တစ်နေ့ကို ဝမ် 100 ကနေစပြီး ဖောက်သည်တွေ တောင်းဆိုသမျှ အလုပ်အားလုံးကို အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်း‌မျိုးပါ။

 

Baek Dong Ju နဲ့ Kim Jib Sa တို့နှစ်ယောက် အလုပ်တူတူလုပ်ကြရင်း သေသွားတဲ့ ဝိညာဥ်တွေရဲ့ ဆန္ဒကို လိုက်ဖြည့်ဆည်းပေးရင်းနဲ့ ဖြစ်လာမယ့်အလွဲအချော်လေးတွေကြားထဲက သူတို့ရဲ့ Romance လေးတွေကို ကြည့်ရှုရမှာပါနော်။

 

Read More 0 comments


Episodes : 12
Country : Korea
Released Date : 2022
 
 

အညွှန်း

METHOD Entertainment ကတော့ မင်းသားမင်းသမီးတွေများစွာနဲ့ အလုပ်တွဲလုပ်နေတဲ့ နာမည်ကြီး အေဂျင်စီကြီးတစ်ခုဖြစ်တယ်
ဒီအေဂျင်စီကြီးမှာရှိတဲ့ ဝန်ထမ်းတွေကတော့ သရုပ်ဆောင်တွေအတွက် အလုပ်အကိုင်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုပါ ဖြေရှင်းပေးနေရတာပါ

မာထယ်အိုကတော့ ကျွမ်းကျင်မန်နေဂျာတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီမှာတော့ ဒါရိုက်တာရာထူးနဲ့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်
ဉာဏ်ကောင်းပြီး သိမ်မွေ့ပေမယ့် ဗျူဟာကောင်းတဲ့လူတစ်ယောက်ဖြစ်တာကြောင့် ဘယ်လိုလှည့်စားမှုမျိုးကိုမဆို သူက ကျွမ်းကျင်စွာ လုပ်ဆောင်တတ်တယ်

ချွန်းဂျယ်အင်ကတော့ မန်နေဂျာလုပ်သက် ၁၄ နှစ်ရှိတဲ့ ဝါရင့်မန်နေဂျာတစ်ယောက်ပါ
အလုပ်မှာဆိုရင်လည်း မန်နေဂျာအဖွဲ့ရဲ့ အဖွဲ့မှူးတစ်ယောက်ဖြစ်တယ်
အရည်အချင်းရှိပြီး အလုပ်ဂျပိုးတစ်ယောက်လည်းဖြစ်တယ်
ဒေါသကြီးပြီး သူဖြစ်ချင်တာဆိုရင် ဘာကိုမှဂရုမစိုက်ဘဲ ရအောင်လုပ်တတ်လို့
မာထယ်အိုနဲ့သူမက အမြဲတမ်း ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေကျပါ

ဂင်ဂျောင်ဒွန် ကတော့ ချွန်းဂျယ်အင်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး အလုပ်မှာလည်း ဂျယ်အင်နဲ့ ရာထူးတူညီစွာပဲ မန်နေဂျာအဖွဲ့မှူးရာထူးကိုရထားတာပါ
ဒါပေမဲ့ ဂျောင်ဂျွန်ကတော့ ဂျယ်အင်နဲ့ဆန့်ကျင်ဘက် သိမ်မွေ့ယဉ်ကျေးတဲ့သူတစ်ယောက်ဖြစ်နေပါတယ်

တစ်နေ့ သူတို့ဝါရင့်မန်နေဂျာတွေကြားထဲ မန်နေဂျာလက်သစ်လေး ဆိုဟျွန်းဂျူရောက်လာတဲ့အခါ…
လူသစ်လေးဖြစ်တဲ့ ဆိုဟျွန်းဂျူတစ်ယောက် မန်နေဂျာတွေရဲ့ နေ့စဉ်ဒုက္ခတွေ ဖြေရှင်းရတဲ့ ပြဿနာတွေကို ရင်ဆိုင်နိုင်ပါ့မလား
သူမရထားတဲ့အလုပ်ကို သေချာလုပ်နိုင်မလားဆို ဘယ်လိုအခက်အခဲလေးတွေ အလွဲလေးတွေ ဖြစ်မလဲ...

 

 

 

Read More 0 comments


Episodes : 12
Country : Korea
Released Date : 2022
 
 

အညွှန်း

မင်းသမီး Shin Ye Eunက ဒီကားထဲမှာ Ok Chan Miဆိုတဲ့ ၁၉နှစ်အရွယ်ကျောင်းသူလေးဖြစ်ပြီးတော့
အထက်တန်းကျောင်းရဲ့ သေနတ်ပစ်အသင်းက ကစားသမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။

All of Us are dead ထဲက အားလုံးရဲ့အချစ်တော် Lomonကတော့
မိခင်ဖြစ်သူကို တစ်ကိုယ်တည်းစောင့်ရှောက်နေရတဲ့ အထက်တန်းကျောင်းသားလေး Ji Soo Heonအဖြစ်ပါဝင်ထားပါတယ်။

Ok Chan Miဟာ သံသယဖြစ်ဖွယ်ကောင်းတဲ့ အမွှာအစ်ကိုဖြစ်သူရဲ့သေဆုံးမှုရဲ့နောက်ကွယ်က တရားခံနဲ့ အမှန်တရားကို ရှာဖွေဖို့ကြိုးစားနေခဲ့ပြီး
Ji Soo Heonကတော့ အနိုင်ကျင့်ခံရတဲ့ကျောင်းသားတွေကိုယ်စား အပြစ်ရှိသူတွေကို ကလဲ့စားချေသွားမှာပါ။

ရည်ရွယ်ချက်ချင်းမကွာကြတဲ့ နှစ်ယောက်သားတွေ့ဆုံကြပြီး အမှန်တရားကို ရှာဖွေသွားကြမှာဆိုတော့
သည်းထိပ်ရင်ဖိုဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်လာဦးမှာအသေချာပါပဲ။

School Dramaကို Thriller အမျိုးအစားနဲ့ကြည့်ချင်သူတွေအတွက်ကတော့ ကြည့်သင့်တဲ့ဇာတ်လမ်းလေးပါပဲနော်။

မျှော်နေတဲ့လူတိုင်းအတွက်လည်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးသွားမှာမို့လို့ အတူလိုက်ပါစီးမျောဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

 

 

Read More 0 comments


Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

ဒီတစ်ခါ series အသစ်လေးမှာတော့ kdrama fan တွေနဲ့ရင်းနှီးပြီးသား

ဝါရင့်သရုပ်ဆောင်အကျော်အမော်တွေပါဝင်သလို

Ha Ji Won ရဲ့ 2022 Comeback drama တစ်ခုလို့ပြောရင်လည်းမမှားပါဘူး။
Ja Geum Soon ဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာတဲ့လမ်းမှာ ခင်ပွန်းနဲ့ကွဲကွာပြီး

တောင်ကိုရီးယားကို တစ်ယောက်တည်းလွတ်မြောက်လာရာကနေ

အောင်မြင်တဲ့ဟိုတယ်ပိုင်ရှင်သူဌေးမအဖြစ် နှစ်ပေါင်းများစွာရပ်တည်လာခဲ့ပါတယ်။

အသက်တွေကြီးလာတဲ့အခါ သူကိုယ်တိုင်တောင်မမြင်ဖူးတဲ့ မြောက်ကိုရီးယားကမြေးဖြစ်သူကို

မသေခင်တွေ့သွားချင်တာကြောင့် အပူတပြင်းလိုက်ရှာပါတော့တယ်။

သူဌေးမရဲ့လက်ထောက်ကတော့ သခင်စိတ်ချမ်းသာပါစေ ဆိုတဲ့

ရည်ရွယ်ချက်နဲ့ ပြဇာတ်သရုပ်ဆောင်တစ်ယောက်ကို အစားထိုးဖို့ဖြစ်လာတဲ့အခါ…

ဘယ်လို အလှည့်အပြောင်းတွေဖြစ်လာမလဲ...

 

 

Read More 0 comments


Episodes : 6
Country : Korea
Released Date : 2022
 
 

အညွှန်း

ဒုံဆူတစ်ယောက် ကိုယ်တွင်းအင်္ဂါကူးသန်းရောင်း၀ယ်ရေးအဖွဲ့ဆီမှာ


ပြန်ပေးဆွဲခံလိုက်ရပြီး မျက်လုံးတစ်ဖက်ပါ ဖောက်ထုတ်ခံခဲ့ရတယ်…

နောက်ပိုင်းကျ ဒုံဆူတစ်ယောက် တစ်စုံတစ်ခုကိုစတင်မြင်လာရတဲ့အခါ သူ့ရဲ့မျက်လုံးကို

တောင်ကိုးရီးယားတစ်နိုင်ငံလုံးကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့တဲ့ ကွင်းဆက်လူသတ်သမားကို

အစားထိုးပေးလိုက်တာဖြစ်ကြောင်း နားလည်သဘောပေါက်သွားပြီး

လူသတ်သမားမြင်‌ရတာတွေကို အတူတူလိုက်မြင်နေရတဲ့ ဒုံဆူဟာ

နောက်ထပ်လူမသတ်နိုင်အောင်တားဖို့အတွက် အဲဒီလူသတ်သမားကို လိုက်ရှာပါတော့တယ်…

Jung HaeIn, Go KyungPyo နဲ့ Kim Hye Jun တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့

၆ပိုင်းပါရှိပါတယ်..

ဂျပန်ဒါရိုက်တာကြီး Takashi Miike က ရိုက်ကူးပေးထားပြီး Jung Hae in ရဲ့ သရုပ်ဆောင်ချက်အသစ်အဆန်းတွေကို

တွေ့မြင်ရဦးမဲ့ ဇာတ်ကားသစ်လေးဟာ ဒီနေ့ပဲ ၆ ပိုင်းလုံးထွက်ရှိသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး….

 

 

Read More 0 comments


Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

လတ်တ​​လောနာမည်ကြီးနေတဲ့ Cheer Up ထဲ Main lead, True Beauty ထဲက
အင်ဂျူဂယောင်ရဲ့မောင်လေး အပြင်အဆင်လေးတွေ အများကြီးပါဝင်တဲ့ နန်းတွင်းကားလေးထွက်ရှိလာပါပြီ
အများနဲ့ဆိုရင် ခက်ထန်ပြီး ဒေါသကြီးတဲ့သူတစ်ယောက်ဖြစ်သလို
သားတော်တွေနဲ့ပတ်သတ်လာရင် မယ်တော်ကြီးပါမကျန်
ဆတ်ဆတ်ထိမခံ ပြန်ပြောတတ်တဲ့ မိဖုရားခေါင်ကြီး Im Hwa Ryeong

ပြဿနာအိုးလို့ခေါ်ရလောက်တဲ့ထိ ဆိုးသွမ်းလှတဲ့ သူမရဲ့သားတော်တွေက
တော်ဝင်မိသားစုက လူတိုင်းအမြင်မှာ မျက်စိစပါးမွှေးစူးစရာဆိုပေမယ့်
သူအတွက်ကတော့ သားတော်တွေ ကျန်းမာဖို့ကအဓိကပါပဲ

သားတော်ထဲမှာ အလိမ္မာဆုံး အတော်ဆုံးဖြစ်တဲ့ အိမ်ရှေ့စံမင်းသားဟာ
နန်းတွင်းပြဿနာကြားစိတ်ရှုပ်ရတဲ့ မိဖုရားခေါင်ကြီးရဲ့ အမောပြေလေးပေါ့ ဒီလိုနဲ့
အိမ်ရှေ့စံတစ်ယောက် မျိုးရိုးလိုက်ရောဂါခံစားနေရတာကို သိလိုက်ရတဲ့အခါ…..

အိမ်ရှေ့စံနေရာကိုလုချင်တဲ့နေတဲ့သူတွေနဲ့
ရှုပ်ထွေးလှတဲ့ နန်းတွင်းအရှုပ်တော်ပုံတွေကြား သားတော်တွေကို ဘယ်လိုပြုပြင်ပြောင်းလဲပေးမှာလဲ
ဒုက္ခမိုးတွေကြားကနေ ထီးသဖွယ် အကာအကွယ်ပေးမဲ့ မိခင်တစ်ဦးရဲ့မေတ္တာကိုဖော်ပြထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်

 

 

Read More 0 comments


 

Episodes : 12
Country : Korea
Released Date : 2022
 
 အညွှန်း
 
ဒီကားမှာဆိုရင်တော့ ရဲတပ်ဖွဲ့နဲ့မီးသတ်ဌာနရဲ့ပူးတွဲစစ်ဆင်ရေးတွေကို စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပါ

စာရိတ္တမကောင်းတဲ့လူဆိုးတွေကိုဖမ်းပြီး သူ့ရဲ့ထက်မြက်တဲ့အရည်အချင်းတွေနဲ့ ပြစ်မှု မှုခင်းတွေကိုအရယူပြီး
တရားခံတွေရဲ့စိတ်ကိုဖတ်နိုင်တဲ့ နိုင်လိုစိတ်ပြင်းပြတဲ့ခက်ထန်တဲ့စုံထောက် Jin Ho Gae.
အပြင်ပန်းကနေကြည့်ရင်တော့အေးတိအေးစက်နိုင်ပေမယ့် နစ်နာသူတွေအပေါ်ဂရုစိုက်ပေးတဲ့
အကြောက်တရားကင်းမဲ့တဲ့မီးသတ်သမား Bong Do Jin.
သူတို့နှစ်ယောက်နဲ့အတူတူပူးပေါင်းပေးမှာကတော့
စာနာတတ်တဲ့ဆေးဘက်အကူ Song Seol ပဲဖြစ်ပါတယ်
ဒီသုံးယောက်ပေါင်းပြီးအမှုတွေကိုဘယ်လိုဖြေရှင်းသွားမလဲ...


Read More 0 comments


Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

Yoon Hyun Woo (Song Joong Ki)က အင်အားကြီးလုပ်ငန်းစုကြီးဖြစ်တဲ့

Soonyang Group မှာ သူဌေးမိသားစုရဲ့ လူယုံအတွင်းရေးမှူးအဖြစ် ၁၀ နှစ်ကြာအလုပ်ကျွေးပြုခဲ့ပါတယ်

ဒီမိသားစုဆီမှာပဲ အစေခံတစ်ယောက်လို အလုပ်ကြိုးစားခဲ့ပေမဲ့ တစ်နေ့မှာတော့

အလွဲသုံးစားမှုနဲ့စွပ်စွဲခံရပြီး အသတ်ခံခဲ့ရတယ် ..
သေဆုံးသွားပေမဲ့ အံ့ဩဖို့ကောင်းစွာနဲ့ပဲ သူ့ဝိညာဥ်ဟာ

Soonyang Group CEO Jin Yang Cheol (Lee Sung Min) ရဲ့အငယ်ဆုံးသားလေး

Jin Do Joon ခန္ဓာကိုယ်ထဲကနေ နောက်တစ်ကြိမ်ပြန်နိုးလာတဲ့အခါမှာတော့ ..

အဖြစ်အပျက်တွေအားလုံးကို မှတ်မိနေတဲ့ Jin Do Joon တစ်ယောက် ..

သူ့ကိုသတ်ခဲ့တဲ့ ဂျင်မိသားစုကို ဘယ်လိုလက်စားပြန်ချေမလဲ ..

“Soonyang Group Grim Reaper”လို့ လူသိများတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က

အမှုစစ် Seo Min Young (Shin Hyun Bin) နဲ့ လက်တွဲပြီး

ငွေကလွဲရင် ဘာမှမမြင်နိုင်တဲ့ CEO ကို ဘယ်လိုအစီအစဥ်တွေနဲ့ အကွက်စေ့စေ့ဖြုတ်ချနိုင်မလဲ..

 

 

 

Read More 0 comments


 

Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

ထက်မြက်ပြီး ဇွဲကြီးတဲ့ ဒိုဟယ်အီဆိုတဲ့ ကောင်မလေးက တက္ကသိုလ်ကျောင်းသူ
တစ်ယောက်ဖြစ်ပေမဲ့ မိဘရဲ့ ငွေကြေးမပြည့်စုံတဲ့ အခြေအနေကြောင့် ကျောင်း
တက်ဖို့ထက် ငွေရှာဖို့ကိုပဲ အမြဲဦးစားပေးရပါတယ်။ တစ်ရက်မှာတော့ ယွန်ဟီး
တက္ကသိုလ်ရဲ့ cheering squad အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်လိုက်ပါတယ်။
Teyia လို့ခေါ်တဲ့ cheering squad ဟာ ကျောင်းမှာ နှစ် ၅၀ ကြာ သက်တမ်းရှိနေတဲ့
အဖွဲ့တစ်ခုဖြစ်ပါတယ်။ သူမဒီအဖွဲ့ထဲကို ဝင်ရတဲ့ အဓိက ရည်ရွယ်ချက်က ငွေကြေး
ထောက်ပံ့မှုပေးတဲ့ အတွက်ကြောင့်ဆိုပေမယ့် တကယ်တမ်းအဖွဲ့မှာ ပါဝင်လုပ်ဆောင်တဲ့
အခါမှာတော့ ဒိုဟယ်အီတစ်ယောက် တက္ကသိုလ်ရဲ့ ပျော်ရွှင်မှုတွေကို စပြီးခံစား
လာရပါတော့တယ်။

ဒီအဖွဲ့လေးမှာ Teyia ရဲ့ အဖွဲ့ဝင်တွေနဲ့ တွေ့ခဲ့ရပြီး၊ cheering squad ကို ငွေကြေး
အထောက်အပံ့ရော စိတ်ဓာတ်ခွန်အားရောပေးနေတဲ့ ယွန်ဟီးတက္ကသိုလ်ရဲ့ ကျောင်းသား
ဟောင်းတစ်ဦးလည်းဖြစ် cheering squad ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်လည်းဖြစ်တဲ့
ဘယ်ယောင်အွန်းနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒီလို ဆုံတွေ့မှုက ဒိုဟယ်အီအတွက် ဘယ်လို
အပြောင်းလဲလေးတွေဖြစ်စေမှာလဲ၊ cheering squad က အဖွဲ့ဝင်လေးတွေရဲ့ တက္ကသိုလ်
ကျောင်းသားဘဝလေးကို ပျော်စရာ ရယ်မောစရာလေးဖြစ်အောင်ရိုက်ကူးထားတဲ့
CHEER UP ဆိုတဲ့ ဇာတ်လမ်းလေးမှာ ဆက်လိုက်ကြည့်ရှုလိုက်ကြပါဦး။

 

Read More 0 comments

 

 


Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

Mystic Pop-Up Bar ကြည့်ဖူးတဲ့သူဆို

ဒီကားကို လုံးဝ ကြည့်ချင်ကြမှာ ပြောရဲပါတယ်…

ဟုတ်ပါတယ် အဓိကဇာတ်ဆောင်က

BTOB အဖွဲဝင်ဖြစ်ခဲ့တဲ့ အဆိုတော်

မင်းသား Yook Sung-Jae ပါပဲ

ဇာတ်လမ်းလေးကလည်း

အတော်စိတ်ဝင်စားဖိုကောင်းပါတယ်

ကိုရီးယားနိုင်ငံမှာ အဆင့်အတန်းကို ရွှေဇွန်း ၊ ငွေဇွန်း ဆိုပြီး

ခွဲခြားပြောတတ်ကြတာကို ကြားဖူးမှာပါ

Lee SeungCheon ဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ

ဆင်းရဲတဲ့မိဘတွေနဲ့ တစ်ဘဝလုံး ငွေဇွန်းလိုအပြောခံပြီး

ရုန်းကန်ကြီးပြင်းလာခဲ့ရတယ်

နုံချာတဲ့ အသိုင်းအဝိုင်းကို စိတ်ကုန်နေပြီး

ချမ်းသာချင်နေတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့

အဘွားအိုကြီး တစ်ယောက် ဈေးရောင်းနေတာကို

ကြားလိုက်ရတယ်”မချမ်းသာချင်ဘူးလား?

ချမ်းသာအောင်လုပ်ပေးမယ့် ရွှေဇွန်းလေ

းတစ်ချောင်းတည်းကို ဝမ် သုံးသောင်းတည်းပါ”

Seung-Cheon စိတ်ဝင်စားသွားပြီး

ရွှေဇွန်းကို ဝယ်တဲ့အခါ အဘွားအိုက ဒီလိုမှာလိုက်တယ်

“ချမ်းသာတဲ့ မင်းနဲ့ရွယ်တူတစ်ယောက်အိမ်မှာ

ဒီရွှေဇွန်းနဲ့ ထမင်းသုံးနပ်အတူစားပါ အဲလိုဆို

သူ့မိဘတွေက မင်းမိဘတွေဖြစ်လာလိမ့်မယ်”

သူလည်း အဘွားအိုပြောတဲ့အတိုင်း

အရမ်းချမ်းသာတဲ့ သူနဲ့ရွယ်တူ သူငယ်ချင်း

Hwang Tae-Yong ရဲ့ အိမ်မှာ အဲရွှေဇွန်းနဲ့

ထမင်းသုံးနပ်စားလိုက်တယ် သိပ်မကြာခင်မှာပဲ

သူ့ရဲ့ ဘဝပြောင်းလဲသွားပါတော့တယ်…


Read More 0 comments


 

 

Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

အားလုံးရဲ့အချစ်တော် အတွင်းရေးမှူးမလေးအဖြစ် လူသိများကြတဲ့
Unnie Park Min Young ရဲ့ ထူးထူးခြားခြား ကားသစ်လေး ထွက်ရှိလာပါပြီ။ Unnie ကတော့ ထူးခြားပြီး ချစ်စရာကောင်းတဲ့ character တွေကို
သရုပ်ဆောင်နေကျအတိုင်းပဲ ဒီကားလေးမှာလည်း Single ဘဝကို
ပြီးပြည့်စုံစွာ ဖြတ်သန်းချင်သူတွေအတွက် Partner အဖြစ်
ဝန်ဆောင်မှုပေးတဲ့ ထူးခြားထက်မြက်တဲ့ character (Choi Sang Eun)အဖြစ် သရုပ်ဆောင်သွားမှာပါ။

လောကကြီးမှာ ရှင်သန်ရင်းနဲ့ “ဇနီးသည်” တစ်ယောက် လိုအပ်တဲ့
အခိုက်အတန့်တွေ ရှိတတ်ပါတယ်တဲ့။ ပြောရရင် ကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲတွေ၊
အိမ်ထောင်သည်သူငယ်ချင်းတွေ ‌တွေ့ဆုံပွဲလုပ်တဲ့အခါမျိုးတွေမှာပေါ့။
အဲဒါကိုသိတဲ့ Choi Sang Eun က Partner အဖြစ် service ပေးတဲ့အလုပ်ကို
စလုပ်လိုက်ပြီးတော့ client တွေနဲ့ စာချုပ်ချုပ်ဆိုပါတယ်။
အဲဒီထဲကမှ တစ်ခုက Jung Ji Ho နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုပြီး
အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ service ပေးရမှာ ဖြစ်ပါတယ်။

နောက်တော့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Kang Hae Jin က client အသစ်အဖြစ်
ရောက်လာပြီး အင်္ဂါ၊ ကြာသပတေး၊ စနေနေ့တွေမှာ partner အဖြစ်
ဝန်ဆောင်မှု ပေးရမှာပါ။ အဲဒီလိုနဲ့ အလုပ်တွဲလုပ်ရင်း သုံးယောက်ကြား
love triangle လေးတွေ ဖြစ်လာမလားဆိုတာကို ရင်ခုန်စွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

မင်းသားနှစ်ယောက်ကလည်း Reply 1988 ထဲက Go Kyung Pyo နဲ့
My secret romantic ထဲက Kim Jae Young တိုဖြစ်လို
သုံးယောက်သား chemistry မိမိသရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါနော်။

 
Read More 0 comments


Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

ရူဆောင်းဂျွန်းက အလုပ်မှာ စိတ်အားထက်သန်မှုအပြည်ရှိတဲ့ စုံထောက်
တစ်ယောက်ပါ။ အမြဲတမ်း လူဆိုးဖမ်းဖို့ တာစူနေတဲ့လူတစ်ယောက်ဖြစ်ပြီး
သူဆုံးဖြတ်ချက်ချထားတဲ့အတိုင်း လူဆိုးဖမ်းဖို့ပဲ အမြဲကြိုးစားနေတာကြောင့်
သူ့ရဲ့ဖမ်းဆီးမှုနှုန်းက အမြင့်ဆုံးဖြစ်နေခဲ့ပါတယ်။

သူ့အစ်ကိုရူဆောင်းဟွန်းကတော့ ဉာဏ်အရမ်းကောင်းပြီး အရည်အချင်း
ပြည့်ဝသူတစ်ယောက်ဖြစ်တယ်။ ဥပဒေစာမေးပွဲကို အမှတ်အများဆုံးနဲ့
အောင်မြင်ခဲ့ပြီး ထိပ်တန်း ဥပဒေကျောင်းကနေဘွဲ့ရခဲ့တယ်။ တရားမျှတမှု
ရှိစေရေးအတွက် လုပ်ကိုင်နေတဲ့ ဖြောင့်မတ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။
ဂျိုအွန်းဂီကတော့ လူမှုဝန်ထမ်းတစ်ယောက်ပါ။ ကြင်နာတတ်တဲ့နှလုံးသားနဲ့
မျှတမှုရှိတဲ့ စိတ်ဓာတ်ကိုပိုင်ဆိုင်ထားသူလေးတစ်ယောက်ပါ။ အမြဲတမ်း
အခြားလူတွေကို ဦးစားပေးတတ်တယ်။ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို
သေချာစောင့်ရှောက်ပေးဖို့လည်း အမြဲကြိုးနေသူပါ။

ရူဆောင်းဂျွန်း၊ ရူဆောင်းဟွန်း နဲ့ ဂျိုအွန်းဂီတို့က ကွင်းဆက်လူသတ်မှုတစ်ခုမှာ
ဂျူရီအဖွဲ့ဝင်တွေအဖြစ် ပါဝင်သွားခဲ့တယ်။ ဒီ ၃ယောက်က သေဆုံးမှုတွေရဲ့
နောက်ကွယ်က အမှန်တရားကို ရှာဖွေဖော်ထုတ်ကြမှာပါ။ အမှုမှန်ပေါ်လာဖို့အတွက်
သူတို့တွေ ဘယ်လိုစုံစမ်းကြမလဲ....

 

 

 

Read More 0 comments


Episodes : 10
Country : Korea
Released Date : 2022
 
 

အညွှန်း

လူနေမှုအဆင့်အတန်း မြင့်တာလာနဲ့မျှ စားဝတ်နေရေးအတွက် အလုပ်ဆိုတာ မရှိမဖြစ်လို ဖြစ်နေပါပြီ… ဒါပေမဲ့ စီးပွားရေးတွေ ကျပ်တည်းနေချိန်မှာ ကုမ္ပဏီတွေကလည်း ပြန်လည်ဖွဲ့စည်းမှုအတွက် ဝန်ထမ်းတွေ လျော့ကြတာလည်း တွေ့မြင်နေကျဖြစ်ပါတယ်

မန်နေဂျာယွန်းကတော့ အလုပ်မှာတော်ပြီး ဂုဏ်ပုဒ်တွေအများကြီးနဲ့ နေခဲ့ရတာကြောင့် သူ့ကိုယ်သူ အထင်ကြီးလွန်းပြီး ရာထူးတက်ဖို့ပဲ ချောင်းနေသူပါ ဒါပေမဲ့ သူ့ဘဝက ထင်သလိုဖြစ်မလာဘဲ စိတ်ဓာတ်ကျစရာတွေနဲ့ပဲ ကြုံရပါတော့တယ် သူ့အတွက် ကံကောင်းတာတစ်ခုက ဘေးမှာ အားပေးနေတဲ့ ဇနီးဖြစ်သူရှိနေတာပါပဲ

ဒီဇာတ်လမ်းတွဲက Comedy ဖြစ်တဲ့အလျောက် မန်နေဂျာယွန်းက စိတ်ဓာတ်ကျနေတဲ့ကြားကိုက အလွဲတွေချည်းလုပ်ပြီး သူစိတ်ဓာတ်ကျနေတာကိုက ခွီစရာကြီးဖြစ်နေတာပဲ

မန်နေဂျာယွန်းဟာ တခြားသူတော့မဟုတ်ပါဘူး ကျွန်တော်တို့တွေ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ “ချစ်လှေကားထစ်များ” လို့လူသိများတဲ့ ဇာတ်လမ်းတွဲထဲက Kwon Sang Woo ပါ

မင်းသားကြီး တစ်ယောက်အနေနဲ့ ဒီလို ဟာသဇာတ်လမ်းတွဲထွက်လာဖို့ တကယ်မထင်ထားခဲ့တာအမှန်ပါ တကယ်ရယ်ရတဲ့ဇာတ်လမ်းမို့လို့ စိတ်အပန်းဖြေဖို့ ကြည့်ရှုလိုက်ကြပါဦးနော် ။

 

 

Read More 0 comments


 

 

Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

Kim Jung Ho (Lee Seung Gi) ဟာ monster genius လို့ လူသိများပြီး
ထက်မြက်တဲ့ အမှုစစ်တစ်ယောက်ဖြစ်ခဲ့ပေမယ့် အဖေဖြစ်သူရဲ့
အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် အလုပ်ကနေ ထွက်ခဲ့ရတယ်။
အဲ့ဒီအချိန်ကစပြီး အလုပ်လက်မဲ့ဖြစ်သွားတဲ့ Jung Ho က သူပိုင်တဲ့
အဆောက်အဦးရဲ့ ခေါင်မိုးထပ်မှာနေပြီး အိမ်ဌားခတွေနဲ့ပဲ ဘဝကို အေးအေးဆေးဆေးဖြတ်သန်း‌ခဲ့တယ်။
Kim Yoo Ri (Lee Se Young) ကတော့ တရားမျှတမှုကို လိုလားပြီး လှပတဲ့ ရှေ့နေမလေး ..
ဥပဒေကုမ္ပဏီကြီးတစ်ခုကနေ အလုပ်ထွက်ခဲ့ပြီးတဲ့နောက် Jung Ho ရဲ့ အဆောက်အဦးမှာ
“Law Cafe”ကို ဖွင့်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ် ..
ကော်ဖီဆိုင်ဖွင့်မယ့် အဆောက်အဦးပိုင်ရှင်က အထက်တန်းတုန်းက
ခင်ခဲ့ကြတဲ့ ငယ်သူငယ်ချင်း Jung Ho ဆိုတာ သိသွားတဲ့အချိန်ကစပြီး
ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်လာမလဲ??
၁၇ နှစ်ကြာ တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ Jung Ho အတွက်ရော ဘယ်လို
အပြောင်းအလဲလေးတွေ ဖြစ်လာမလဲ??
သူတို့နှစ်ယောက်ရဲ့”Law Cafe”မှာ ကော်ဖီသာမက ဥပဒေအကြံဥာဏ်တွေကိုပါ
ရယူနိုင်တာမို့ အမှုကိစ္စတွေကို ဘယ်လိုနည်းတွေနဲ့ ဖြေရှင်းပေးမလဲ??
A Korean Odyssey မှာ ‌ဆုံခဲ့တဲ့ ဆွန်းအိုဂုံနဲ့ ဘူဂျာလေးတို့ကို တူတူပြန်တွေ့ရမှာဖြစ်ပြီး
Law, Romance, Comedy အမျိုးအစားဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းလေးကို
ကြည့်ရမယ့်အပြင် ဥပဒေနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာတွေကိုပါ တွေ့ရဦးမှာနော် ..

Read More 0 comments


Episodes : 12
Country : Korea
Released Date : 2022
 
 

အညွှန်း

Han JiYool ဆိုတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်လေးက သူ့အဖိုးရဲ့ဇာတိဖြစ်တဲ့ HeeDong ရွာလေးကို ရောက်ရှိလာပြီး အဖိုးရဲ့ တိရစ္ဆာန်ဆေးခန်းလေးကို တာဝန်ယူ‌ရဖိုဖြစ်လာပါတယ် ။

Ahn JaYoung ဆိုတဲ့ ရဲအရာရှိစာမေးပွဲဖြေဖိုပြင်ဆင်နေတဲ့ ကောင်မလေးက‌တော့ ဇာတိရွာလေးရဲ့ သာရေးနာရေး ကိစ္စအဝဝကို ကူညီဖိုအသင့်ဖြစ်နေတဲ့ ရဲမေလောင်းလေးဖြစ်ပါတယ် ။

ဒီလိုနဲ့ သူတိုနှစ်ဦးတွေ့ဆုံမိပြီး ရွာရဲ့အရေးအကြောင်းပေါင်းစုံမှာ အပြန်အလှန်ကူညီပေးကြရင်း နှစ်ဦးကြားမှာ Romance အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ပေါက်လာပါတော့တယ် ။

ကျေးလက်ရှုခင်းတွေနဲ့ သဘာဝဆန်တဲ့ ဇာတ်ကောင်စရိုက်လေးတွေကို ဟာသအနှော၊ ရိုမန့်စ်အရောလေးနဲ့ ခံစားရမှာမို သေချာပေါက် Healing ဖြစ်စေမယ့် ဒရာမာလေးပါ ။

 

 

Read More 0 comments


Episodes : 12
Country : Korea
Released Date : 2022
 
 

အညွှန်း

တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး အလွှမ်းမိုးနိုင်ဆုံး မိသားစုကြီးနဲ့
အပြိုင်ဖိုက်ရ‌‌မယ့် မိန်းမငယ်လေးသုံးယောက်…

Poster မြင်ကတည်းက အားလုံးစောင့်မျှော်နေကြတဲ့ ‌ ညီအစ်မ
သုံးယောက်ကားလေး လာပါပြီ။ မိန်းမသုံးယောက်ကား(Penthouse)တိုင်း
ပါပြီး၊ ဝင်ရှို့လိုက်ရမှ ကျေနပ်တဲ့ ဦးဦးဂျူဒန်းထယ်ကို လွမ်းနေကြတဲ့သူတွေ
အတွက် အလွမ်းပြေကြည့်လို့ရပါပြီ!!

{All Of Us Are Dead ထဲက မင်းသမီးလေး} Oh In-Hye (Park Ji-Hu)က
ညီအစ်မသုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး၊ ပန်းချီဆွဲတဲ့နေရာမှာ မွေးရာပါ
ပါရမီပါတဲ့ သူဖြစ်ပါတယ်၊ နာမည်ကြီး အနုပညာကျောင်းကြီးမှာ တက်ရောက်
နေတဲ့ အထက်တန်းကျောင်းသူလေးဖြစ်တဲ့အပြင် အစ်မနှစ်ယောက် အရမ်း
အချစ်ခံရတဲ့ အချစ်ခံညီမလေးဖြစ်ပါ‌တယ်။

Oh In-Kyung (Nam Ji-Hyun) ကတော့ အလတ်မလေးဖြစ်ပြီး သတင်း
ဌာနမှာ စိတ်အားထက်သန်၊ အလုပ်ကြိုးစားတဲ့ သတင်းထောက်မလေးဖြစ်
ပါတယ်။ဘယ်အရာမဆို မှန်ကန်တာကိုပဲ ကြိုက်တဲ့အတွက် သူတစ်ပါးကို
လိမ်ညာလှည့်စားခိုးယူပြီး ပိုက်ဆံရှာရတာ မနှစ်သက်တဲ့သူပါ။ သူသတင်း
ထောက်ဖြစ်ဖြစ်ချင်းမှာပဲ လျှို့ဝှက်ဆန်းကြယ်တဲ့အမှုတစ်ခုနဲ့ ကြုံတွေ့ရပါ
တော့တယ်။

အကြီးဆုံးအစ်မဖြစ်တဲ့ Oh In-Joo (Kim Go-Eun) ကတော့ ဆင်းရဲတဲ့
ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရပြီး၊ ဘဝကိုခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့သူပါ။
သူ့ညီမလေးတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် ပိုက်ဆံက အရေး
အကြီးဆုံးလို့ ခံယူထားတာပေါ့နော်။ သူများတွေလို အေးဆေးတဲ့ ၊ ဘာကိုမှ
မပူပန်ရတဲ့ သာမန်ဘဝလေးမှာ နေဖို့က သူ့အိပ်မက်ပါပဲ။ ဒါပေမဲ့ In Joo
တစ်ယောက် သူတို့ ညီအစ်မသုံးယောက်ရဲ့ ဘဝကိုပြောင်းလဲသွားစေမယ့်
အမှုတစ်ခုကို ရင်ဆိုင်လိုက်ရတဲ့အခါ….

“ကျွန်မတို့ ညီအစ်မ သုံးယောက် အပူအပင်မရှိ ‌
ချောချောမွေ့မွေ့နေသွားတော့မှာ”

 

 

Read More 0 comments


 

Episodes : 12
Country : Korea
Released Date : 2022
 
 

အညွှန်း

အားလုံးအတွက်…Start-Up လုပ်ငန်းအကြောင်း၊ Management အကြောင်းတွေကို ဟာသလေးတွေနဲ့ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ~

ကိုရီးယားနိုင်ငံ Start-up ကုမ္ပဏီတွေနဲ့ပတ်သက်တဲ့ ရုန်းကန်မှုတွေကို သရုပ်ဖော်ထားတဲ့ကားလေးပါ။ Start-Up လုပ်ငန်းတွေကြုံတွေ့နေကျပြဿနာကို McCom လို့ခေါ်တဲ့ Fictional Company တစ်ခုမှဝန်ထမ်းတွေလည်း ကြုံတွေ့နေရပါတယ်။

Steve ကတော့ McComb နောက်ကွယ်က စီစဉ်ညွှန်ကြားသူဖြစ်ပြီး အလွန်စိတ်အားထက်သန်ပြီးတော့ တယူသန်သူတစ်ယောက်ပါ။
Ashley ကတော့ဆန်းသစ်တီထွင်မှုအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး Steve ရဲ့အတော်ဆုံးဝန်ထမ်းထဲကတစ်ယောက်ပါ။

အတွေးအခေါ်ပေါင်းစုံနဲ့ ခံယူချက်ချင်းမတူတဲ့ McComb အဖွဲ့ဝင်တွေကလုပ်ငန်းတစ်ခုကို ဘယ်လိုတည်ဆောက်ကြမလဲ?
Start-up လုပ်ငန်းတွေရဲ့ဖရိုဖရဲဂယက်ကိုရော ကျော်ဖြတ်နိုင်လိမ့်မလား? 

Read More 0 comments