Showing posts sorted by relevance for query 1997. Sort by date Show all posts
Showing posts sorted by relevance for query 1997. Sort by date Show all posts
16 Episodes

Rating : 8.7/10
Country : South Korean
Genre : Friendship,Comedy,Romance,Life,School,Youth,Family
Cast : Jung Eun Ji,Seo In Guk,Hoya,Shin So Yool,Eun Ji Won,Lee Si Eon

2012 ရဲ့ ကြည့်ရှုသူနှုန်း rating အမြင့်ဆုံးနဲ့

Best Award များစွာဆွတ်ခူးရရှိထားခဲ့တဲ့

အကောင်းစား Drama တစ်ခုဖြစ်ပါတယ်

2012 ရဲ့ သာယာလွန်းတဲ့နေ့တစ်နေ့

လှပတဲ့ အကြောင်းတိုက်ဆိုက်မှုတစ်ခုအောက်မှာ

ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ကြတဲ့

တချိန်က ပျော်ရွှင်ကြည်နူးစွာ

ရင်းနှီးချစ်ခင်ပေါင်းသင်းလာခဲ့ကြတဲ့

သူငယ်ချင်းအုပ်စုတစ်စုရဲ့

လွန်ခဲ့သော 1997 အတိတ်က

သူတို့၏ ကျောင်းသားဘဝ အမှတ်ရစရာ

အခိုက်အတန့်တို့ကို ပြန်လည်တမ်းတ

လွမ်းဆွတ်သတိရမိခြင်းအား…

အခြေခံဇာတ်အိမ်တည်ထားတဲ့

Reply 1997 ဟာ

1997 ခုနစ်က

ကိုရီးယားအထက်တန်းကျောင်းသားတို့ရဲ့ဘဝက်ို

ထပ်ဟပ်ပြသထားတဲ့

1997 ခုနစ်သို့တမ်းခြင်း အဖြစ်အပျက်များကို

ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုပါ.

သည်ဇာတ်လမ်းတွဲရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့

ShiWon ဆိုတဲ့ အထက်တန်းကျောင်းသူလေးရဲ့ဘဝ..

ထိုခေတ်အခါက ဆယ်ကျော်သက်မိန်းကလေးတို့၏

အသည်းစွဲ Kpop အဖွဲ့ HOT Boy Band အပေါ်

သူမ၏ ရူးသွပ်စွာ ချစ်ခင်နှစ်သက်အားပေးမှုများဟာ

မိမိချစ်ရဲ့တဲ့ Idol အပေါ် ရူးသွပ်စွဲလမ်းစွာ

အားပေးကြတဲ့ ဆယ်ကျော်သက် မိန်းကလေးတို့ရဲ့

ဘဝ ခံစားချက် အဖြစ်အပျက် အကြောင်းအရာတို့ကို

အကောင်းဆုံး သိမြင်ခံစားကြည့်ရှုကြရမည့်

Reply 1997 မှာ

2012 ရဲ့ Best Drama Couple တစ်တွဲအဖြစ်

ရပ်တည်နိုင်ခဲ့သည်အထိ

Drama Fan တွေရဲ့အားပေးနှစ်သက်မှုကိုရရှိခဲ့ကြတဲ့

Main Lead နှစ်ယောက်ဖြစ်တဲ့

Seo In Guk နဲ့ Jung Eun Ji ( APink ) တို့က

ဘယ်လောက်ထိ အတွဲညီညီ လိုက်ဖက်စွာ

ပုံဖော်သရုပ်ဆောင်ထားတယ်ဆိုတာ…
Read More 0 comments


 

 

Rating : 7.0/10
Country : India
Genre : Drama, Music, Romance
Released Date : 1997
Duration : 3h 11min

အညွှန်း

Pardes (နယ်မြေရပ်ခြားနိုင်ငံခြား) ဟာ ၁၉၉၇ ၊ ဩဂုတ်လ ၊ (၈)ရက် မှာ အိန္ဒိယနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ် ။ ဘောလီးဝုဒ်ဒါရိုက်တာ ဆရာကြီး ဆူဘတ်ရ်ှဂိုင်း ၊ ဇာတ်လမ်းဇာတ်ညွှန်း ဆူဘတ်ရ်ှဂိုင်း ၊ နီရတ်ဂ်ျပသစ်ခ် ၊ ဂျာဗေ့ဒ်ဆစ်ဒီကီးတို့မှရေးသားကာ ဒါရိုက်တာဆူဘတ်ရ်ှဂိုင်းရိုက်ကူးပြီး ၊ အမ်မရစ်ရ်ှပူရီး ၊ အာလိုခ်နတ် ၊ ရှာရွတ်ခန်၊ မာဟီမားကျောင်ဒရီး ၊ အပူရ်ဗားတို့မှ ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားကြပါတယ် ။
ဇာတ်လမ်းအကျဉ်း
*************
ကစ်ရှိုးလားဂျီးဟာ အမေရိမှာ အခြေတကျအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက် ။ အမေရိကမှာနေပေမဲ့ ကိုယ့်နိုင်ငံရိုးရာ ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်သလို သူ့ရဲ့တစ်ဦးတည်းသောချစ်သားလေးရာဂျစ်အတွက် ချွေးမလောင်းလေးဟာလဲ ရိုးရာဓလေ့နဲ့လူ့ကြီးသူမကို လေးစားရိုသေ အလုပ်အကျွေးပြုတတ်သူ အလိမ္မာအိမ်ပါ အိန္ဒိယသူစစ်စစ်ဖြစ်ရမယ်ရယ်လို့ ခံယူထားသူ ။ ကစ်ရှိုးလားဂျီးရဲ့စိတ်ကူးထဲက ချွေးမအလိမ္မာလေးဟာ
အိန္ဒိယကိုအလည်သွားတုန်းက အိန္ဒိယရှိမွေးရပိမြေရွာမှ ငယ်သူငယ်ချင်း ဆူရတ်ဂျီးရဲ့သမီး ဂင်္ဂါကိုတွေ့ကတည်းက သူမလေးဟာ ရာဂျစ်ဗ်ရဲ့ဇနီးလောင်းရယ်လို့ကို အတည်ပြုလိုက်ခဲ့ပြီးပြီ ။
ဒါပေမဲ့ အမေရိကမှာမွေး ၊ အမေရိကမှာကြီးတဲ့ သူ့သားရာဂျစ်ဗ်လက်ခံလာအောင် စည်းရုံးသိမ်းသွင်းဖို့တာဝန်ကို အာဂျွန်(ရှာရွတ်ခန်) ကို ပေးအပ်လိုက်တော့တယ် ။ အာဂျွန်ဆိုတာ ကစ်ရှိုးလားဂျီးနဲ့ သွေးစပ်ရင်တော်ရုံဆွေးမျိုးသာသာရယ် ။ အိန္ဒိယကနေ အမေရိကကို အလုပ်လာလုပ်… တက္ကစီမောင်း ဘာမောင်း စသည်ဖြင့်ရုန်းကန်နေတုန်း ကစ်ရှိုးလားဂျီးနဲ့ဆုံတွေ့ခဲ့လေတော့ ရိုးးသားကြိုးစားတဲ့အာရ်ဂျွန်ကို ကားဝပ်ရှော့တစ်ခုထောင်ပြီးဦးစီးစေကာ သူ့ရဲလူယုံတစ်ဖြစ်လဲ ညာလက်ရုံးတစ်ဆူဖြစ်လာတော့တယ် ။ အာရ်ဂျွန်က လူငယ်ပီပီ အနုပညာဘက်လဲ ဝါသနာပါလေတော့ အလုပ်တွေတစ်ဖက်နဲ့ တီးဝိုင်းလေးထောင်ပြီး သီချင်းကလဲဆိုသေးတာ….လောလောဆယ် ထွက်ရှိထားတဲ့ “I Love My India ” သီချင်းဟာ အမေရိကနဲ့ အိန္ဒိယ နဲ့ အာရှနိုင်ငံအချို့ရဲ့ Music Chart တွေမှာ Top ဝင်ခဲ့တယ် ။ ဘယ်လောက်ပဲ အောင်မြင်နေပါစေ….သူ့ဘဝကိုဒီနေရာထိရောက်အောင် ဖေးမပေးခဲ့တဲ့ ကျေးဇူးရှင်ကစ်ရှိုးလားဂျီးအတွက်ဆို ဘာပဲပေးဆပ်ရပေးဆပ်ရ ပေးဆပ်ဖို့ အသင့်ရှိနေတဲ့ အာရ်ဂျွန် ။
အမေရိကန်မှာမွေး ၊ အနောက်တိုင်းအယူအဆ ၊ အလေ့အထ ၊ လူမှုဝန်းကျင် ၊ အနောက်တိုင်းယဉ်ကျေးမှုမှာ အသားကျနေပြီဖြစ်တဲ့ ရာဂျစ်ဗ်နဲ့ ရိုးရာယဉ်ကျေးမှု မြင့်မားလှပြီး ၊ ကိုယ့်ကျင့်သိက္ခာနဲ့ကျင့်ဝတ်ကို တန်ဖိုးထားမြတ်နိုးတဲ့ အိန္ဒိယမိန်းကလေး ဂင်္ဂါတို့ကို နီးစပ်အောင် အာရ်ဂျွန်တစ်ယောက် အောင်သွယ်ပေးရတဲ့အခါမတော့ ………….
👉 “ဂင်္ဂါ”နေရာအတွက် ဒါရိုက်တာဆူဘတ်ရ်ှဂိုင်းဟာ မာဒူရီးဒစ်ရှစ်ကို ချဉ်းကပ်ခဲ့တာပါ ။ အဲ့ဒီခေတ်ဟာ မာဒူရီးခေတ်ဆိုတော့ ရိုက်ရက်ကြပ်နေတာနဲ့ မရခဲ့ဘူး ။
👉 “ဂင်္ဂါ ” ဇာတ်ကောင်နေရာအတွက် မာဟီမားကျောင်ဒရီးဟာ အော်ဒီရှင်း (၃၀၀၀) ပေးခဲ့ပြီးမှ ရွေးချယ်ခံခဲ့ရတာပါ ။
👉 တကယ်တော့ မာဟီမားကျောင်ဒရီး ရဲ့နာမည်အရင်းက “ရီတူးကျောင်ဒရီး “ပါ ။ ဒါရိုက်တာဆူဘတ်ရ်ှဂိုင်းဟာ “M”အက္ခရာအစွဲရှိသူမို့ “မာဟီမားကျောင်ဒရီး “လို့ပြောင်းလိုက်ရတာပါ ။ ဒါရိုက်တာဆူဘတ်ရ်ှဂိုင်းဟာ ဘယ်လောက် “M”အက္ခရာအစွဲရှိသလဲဆိုရင် သူလက်တွဲအလုပ်လုပ်ခဲ့တဲ့ဇာတ်ကားတွေမှာ မင်းသမီးတွေဟာ မာဒူရီးဒစ်ရှစ် ၊ မီနာခ်ရှီဟာဒရီ ၊ မနီရှားကွိုင်လာရာတို့နဲ့ အများဆုံးဖြစ်တာတွေ့ရမှာပါ ။
👉တေးဂီတအတွက် ဂီတမှူး A.R.Rahman ကိုအရင်ချဉ်းကပ်ခဲ့ပေမဲ့ ဇာတ်ကားတွေလက်ခံထားတာများပြားလှတာကြောင့် နောက်ဇာတ်ကား(Taal) မှာ မဖြစ်မနေ လက်ခံပါ့မယ်ဆိုလို့ လက်လျှော့ခဲ့ရပြီး ၊ ဂီတမှုး Nadeem-Sharvan တို့ကို ရွေးချယ်ခဲ့ရတယ် ။
“Pardes ” တေးဂီတအယ်လ်ဘမ်ဟာ အဲ့ဒီနှစ်ရဲ့ ဒုတိယအရောင်းကောင်းဆုံးအယ်လ်ဘမ်ဖြစ်ခဲ့တယ် ။ အရောင်းကောင်းဆုံး ပထမချိတိသွားတဲ့အယ်လ်ဘမ်ကတော့ “Dil Ti Pagal Hai “ဖြစ်ပါတယ် ။ 😘😘😘
👉 “Pardes “ဟာ “2nd highest grossing Film of 1997 in overseas “ဖြစ်ခဲ့ပါတယ် ။
(Highest Grossing Film of 1997 in Overseas ကတော့ “Dil To Pagal Hai “ဖြစ်ပါတယ် 😍😍😍)
👉 ဂန္ဓဝင်တေးရေးဆရာကြီး အာနန်းဘက်ခ်ရှီးနဲ့ ဂီတမှူး Nadeem-Sharvan တို့ ပထမဆုံးတွဲဖက်အလုပ်လုပ်ခဲ့တဲ ဇာတ်ကားဖြစ်ခဲ့ပါတယ် ။
👉 ဒီဇာတ်ကားကို ဗန်ကူဗာ(ကနေဒါ) ၊ လပ်စ်ဗီးဂပ်စ်(အမေရိက) ၊ အိန္ဒိယရှိ ဂင်္ဂါမြစ် ၊ အာဂရာ ၊ တာ့ဂ်ျမဟာလ် ၊ ဆစ်ခ်ကျောင်းတော်နဲ့ အထင်ကရနေရာ အတော်များများမှာ ရိုက်ကူးခဲ့ပါတယ် ။
👉 ဒီဇာတ်ကားကို ၁၉၉၈မှာ တောလီးဝုဒ် (တီလဂူရုပ်ရှင်) မှ”Peli Kanuka “အဖြစ် Remake ပြန်လည်ရိုက်ကူးခဲ့တယ် ။
👉 မြန်မာ့ရုပ်ရှင်ကတော့ ဒွေး ၊ ရာဇာနေဝင်း ၊ ထက်ထက်မိုးဦးတို့ပါဝင်တဲ့ “လျို့ဝှက်ရင်ခုန်သံ “အဖြစ်ပြန်လည်ရိုက်ကူးခဲ့တယ်

Read More 0 comments


 

Rating : 6.7/10
Country : United State
Genre : Horror, Sci-Fi, Thriller 
Cast : Laurence Fishburne, Sam Neill, Kathleen Quinlan
Released Date : 1997
Duration : 1h 36min

အညွှန်း
imdb 6.7 အထိရထားတဲံ အာကာသ Horror ဇာတ်ကားကောင်းဖြစ်ပါတယ်။ 1997 ကထွက်ရှိထားပေမဲ့ ရိုက်ချက် ဇာတ်လမ်းဇာတ်ကွက်တော်တော်လေးကောင်းမွန်တာတွေ့ရပါတယ်။ Hanibal ထဲက ရဲ Laurence Fishburne နဲ့ Jurassic Park ထဲက မင်းသားကြီး Sam Neill တို့ အဓိကပါဝင်ထားတဲ့ သိပ္ပံ Horror ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ မကြည့်ရသေးသူများကြည့်ကြည့်ပါအုံး
Read More 0 comments
Rating : 7.2/10
Country : United State
Genre :   Action, Adventure, Sci-Fi 
Cast : Casper Van Dien, Denise Richards, Dina Meyer 
Released Date : 1997
Duration : 2h 9min

 ဇာတ်ကားသစ်တွေပဲကြည့်နေရတာ ပျင်းလောက်ရောပေါ့
1997 ခုနှစ်လောက်မှာထွက်ခဲ့တဲ့ သိပ္ပံဇာတ်ကားလေးကြည့်ရင်းငယ်ဘဝကိုပြန်သွားကြရအောင်ဗျာ

Starship Troopers ဆိုတဲ့ Sci-fi/Action ဇာတ်ကားလေးပါပဲ
အဲ့ဒီခေတ်ကာလတုန်းကတော့ စိတ်ကူးယဉ်ပြီး ကြည့်ရှူခဲ့ရတဲ့ ဇာတ်ကား

Johnny Rico လို့ခေါ်တဲ့ ကောင်လေးက ကျောင်းတက်ရင်း ကောင်မလေးတစ်ယောက်နဲ့ တွဲနေတာပေါ့
ငနဲကစော်ကြည်ဘဲဗျ နောက်တစ်ယောက်ကလည်း သူ့ကိုကြိတ်ကြွေနေသေးတာ

အဲ့ခေတ်ကာလမှာခေတ်စားခဲ့တာက အင်းဆက်ပိုးကောင်တွေက
တခြားဂြိုလ်မှာနေပြီး လူသားတွေရဲ့ ကမ္ဘာကို တိုက်ခိုက်နေတဲ့အတွက်
အဲ့ဒီကောင်တွေကိုရှင်းလင်းပစ်ဖို့စစ်တပ်တစ်ခုပေါ့ဗျာ

ဒါကို ကျားမမရွေးလူငယ်တိုင်းက စိတ်ဝင်စားပြီး ကမ္ဘာကြီးကိုကယ်တင်ကြမယ်ဆိုတဲ့
စိတ်ကူးတွေအပြည့်နဲ့ တပ်ထဲဝင်တဲ့အချိန်

​တွဲနေတဲ့ကောင်မလေးက ဒါကိုစိတ်အားထက်သန်နေတဲ့သူဆိုတော့
Johnny တစ်ယောက်လည်း အိမ်နဲ့အတိုက်အခံလုပ်ပြီး လိုက်ဝင်ရော

အဲ့ခေတ်ကာလမှာ ရိုက်ခဲ့တဲ့အတွက် စိတ်ကူးယဉ်သိပ္ပံကားလို့ပြောလို့ရပေမယ့်
အခုကြည့်တော့ အားလုံးလိုက်လျောညီထွေ ရှိနေပြန်ရော

ငယ်ငယ်တုန်းကအမြင်နဲ့ အခုအမြင်နဲ့ကို ပြန်နှိုင်းယှဉ်လို့ရတာပေါ့

ဖြစ်ချင်တော့ Johnny က စာညံ့တော့ ကောင်မလေးနဲ့ အဖွဲ့မတူတော့ဘူးဗျာ
ကောင်မလေးနဲ့သူနဲ့ mail တွေအပြန်အလှန်ပို့ကြရင်း

ကောင်မလေးက သူငယ်ချင်းလိုပဲနေကြမယ် ဘာညာနဲ့
ရှော်သွားတယ်ပေါ့ဗျာ(LDRS ဆိုတော့ ဒီလိုပါပဲ)

ဒါနဲ့ပဲ ကြားထဲမှာ ကိစ္စတွေဖြစ်သွားပြီး သူတပ်ထဲမှာပဲနေဖို့ အကြောင်းဖန်လာတယ်ပေါ့
အဲ တပ်ထဲကိုလည်း သူ့ကိုကြိတ်ကြွေနေတဲ့ ကောင်မလေးက လိုက်လာတာနော်

Johnny တစ်ယောက် Bug တွေနဲ့ နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ချိန်ရောက်လာတော့
ဘယ်လိုရွတ်ရွတ်ချွံချွံတိုက်ခိုက်သွားမလဲ ဆိုတာ စိတ်ဝင်တစားကြည့်ရှူရမှာပါ

တစ်ခါမှ မြင်ဖူးမှာမဟုတ်တဲ့ Bug အကြီးကြီးတွေကိုလည်း
ဒီထဲမှာ ပုံစံမျိုးစံနဲ့တွေ့ရဦးမယ် တပ်သားအားလုံးက Bug တွေကို အသေအကြေတိုက်ခိုက်ရင်း
လူသားတွေရဲ့ကမ္ဘာကို ဘယ်လိုကယ်တင်မလဲဆိုတာကိုတော့
ငယ်ငယ်တုန်းက feeling လေးနဲ့ ကြည့်ကြတာပေါ့

97 ကဇာတ်ကားလို့ပြောလိုက်တာနဲ့ရုပ်ထွက်ကာလာတွေက အစ
ငယ်ဘဝကိုတစ်ဖန်ပြန်ပြီး ခေါ်သွားမယ်ဆိုတာတော့ ငြင်းမရဘူးဗျ

သိပ္ပံကားလေးကလည်းဖြစ်ပြန်တာနဲ့ ငယ်ငယ်တုန်းကစိတ်ကူးယဉ်ခဲ့ရတာတွေကို
ပြန်ခံစားကြည့်ကြတာပေါ့ဗျာ
Read More 0 comments


 

Rating : 8.0/10
Country : United State
Genre : Action, Crime, Comedy
Cast : Til Schweiger, Jan Josef Liefers, Thierry van Werveke
Released Date : 1997
Duration : 1h 27min

အညွှန်း
ပရိတ်သတ်တို့ကို 1997 ခုနှစ်တုန်းကထွက်ရှိထားတဲ့ Knockin’ on Heaven’s Door ဆိုတဲ့ ဂျာမန်ဇာတ်ကား ကောင်းလေးတစ်ကား နဲ့မိတ်ဆက်ပေးချင်ပါတယ်။ သင်သာ ရက်အနည်းငယ်ပဲ အသက်ရှင်ခွင့်ရတော့မယ့် သူဆိုရင် ကျန်ရှိသေးတဲ့အချိန်မှာ ဘာဆက်လုပ်မလဲ။ သေမယ့်အချိန်ကို ထိုင်စောင့်နေမှာလား။ ကောင်းတာတွေပဲလုပ်မှာလား။

ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ ရူဒီ နဲ့ ဘရက်စ် က ဆေးရုံတစ်ခုမှ မထင်မှတ်ပဲ အခန်းဖော်အဖြစ် အတူနေရတယ်။ နှစ်ယောက်လုံးက ကင်ဆာရောဂါကြောင့် ရက်ပိုင်းအတွင်း သေရတော့မယ့် သူတွေပါ။ သူတို့ကတော့ ဘဝရဲ့ ကျန်ရှိတဲ့အချိန်ကို သူတို့စိတ်ထဲရှိတာတွေကို လုပ်ဖို့အတွက်ဆုံးဖြတ်ချက်ချပီး ဆေးရုံမှာရပ်ထားတဲ့ကားတစ်စီးကို ခိုးပြီ ထွက်ပြေးလာခဲ့ပါတယ်။

သူတို့ခိုးလာတဲ့ကားက လူဆိုးဂိုဏ်းတစ်ခုရဲ့ အရေးကြီး ပစ္စည်းတစ်ခုပါသွားပြီး ဇာတ်လမ်းတွေရှုပ်ကုန်တော့ပါတယ်။ သူတို့နဲ့အတူပါသွားတဲ့အရာက ဘာလဲ။ မသေခင် လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရမှာလား ဆိုတာကို ပရိတ်သတ်တို့စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအရတော့ ပျင်းဖို့ကောင်းမယ်ထင်ရပေမယ့် ဟာ‌သ‌လေးတွေလည်းပါတော့ မ‌ပျင်းရပါဘူး။
Read More 0 comments


Rating : 7.5/10
Country : United State
Genre :  Drama, Mystery, Thriller 
Cast :  Keanu Reeves, Al Pacino, Charlize Theron
Released Date : 1997
Duration : 2h 24min 

အညွှန်း
အခုတလော အင်တာနက်မှာ အရမ်းကို နာမည်ကြီးနေတဲ့ မင်းသား Keaneu Reeve ရဲ့ 1997 က Supernatural, Mystery ဇာတ်ကားလေးဖြစ်တဲ့ The Devil’s advocate ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်က Devil မကောင်းဆိုးရွား Advocate ကိုယ်စားပြောပေးသူတဲ့ ဒါပေမဲ့ Devil’s Advocate ဆိုတာ ရှေ့နေလို့ ဘာသာပြန်ပါတယ်။ ဒီဇာတ်ကားမှာ Charlize Theron, Al Pacino တို့လို နာမည်ကြီး သရုပ်ဆောင်တွေကလည်း အားဖြည့်ထားကြပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Spoiler ဖြစ်သွားမှာစိုးလို့ သိပ်မပြောတော့ပါဘူး။ Florida က မြို့လေးတစ်မြို့မှာ အမှုရှုံးဖူးတာမရှိ စံချိန်တင်ထားတဲ့ ရှေ့နေလေးတစ်ယောက် ကျင့်ဝတ်နဲ့ အောင်မြင်မှုမှာ အောင်မြင်မှုကို ရွေးပြီးတော့ အမြင့်ဆုံးကိုတဖြည်းဖြည်းတက်သွားရင်း ကြုံရတဲ့အကြောင်းတွေပါ။ သဘာဝလွန် ဆန်းပြားတဲ့ ကိစ္စတွေကို ထည့်သွင်းရိုက်ကူးထားပါတယ်။ လူတွေကို အသက်ရှင်နေထိုင်ချင်အောင် မောင်းနှင်နေတဲ့ အရာတွေရှိပါတယ်။ ဒီရှေ့နေလေး ရဲ့ ဘယ်အရာက သူ့အတွက် အသက်ရှင်ချင်အောင် မောင်းနှင်နေလဲဆိုတာတော့….

 

Read More 0 comments


 

Rating : 6.4/10
Country : China
Genre : Action, Adventure, History 
Cast : Jet Li, Rosamund Kwan, Xin Xin Xiong
Released Date : 1997
Duration : 1h 42min

အညွှန်း
ဒီ 1997 ခုနှစ်မှာထွက်ခဲ့တဲ့ ဂျက်လီရဲ့ ဝမ်ဖေးဟုန်ကားမှာတော့ အမေရိကန်ကိုရောက်ပီး လူရိုင်းတွေဆီအတိတ်မေ့တဲ့သူအဖြစ်ရောက်သွားမဲ့ ဝမ်ဖေးဟုန်ကိုတွေ့မြင်ရမှာပါ။ ကောင်းဘွိင်ခေတ်ကိုလဲခံစားရမှာဖြစ်ပီး သိုင်းအကွက်လန်းလန်းတွေလဲခံစားရအုံးမှာပါ။ imdb 6.4 အထိရှိခဲ့ပီး ငယ်တုန်းကမမှတ်မိရင်ပြန်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။
Read More 0 comments
Rating : 5.3/10
Country : United State
Genre :  Comedy, Family, Sci-Fi 
Cast :  Robin Williams, Marcia Gay Harden, Christopher McDonald 
Released Date : 1997
Duration : 1h 33min 

ပရော်ဖက်ဆာ ဖိလစ်ဘရိန်းနာ့ဒ်( ဟာသမင်းသားကြီး ရော်ဘင်ဝီလျမ်စ်) ဟာ ရပ်တည်ဖို့ရုန်းကန်နေရတဲ့ မက်ဖီးလ်ဒ်ကောလိပ်ကို ကယ်တင်နိုင်ဖို့အတွက်

ထူးဆန်းတဲ့ ဇီဝစွမ်းအင်သစ်တွေကို စမ်းသပ်နေပါတယ်။ မက်ဖီးလ်ဒ်ကောလိပ်မှာ သူ့ရည်းစားဆရာမ ဆာရာ (မာစီယာဂေးဟာ့ဒင်း)ဟာ ဥက္ကဌဖြစ်တာမို့ပါ.။
တစ်ရက်မှာတော့အသက်ဝင်နေတဲ့ ဖလပ်ဘာ ခေါ်ရာဘာလို သက်ရှိဇီဝအရာ ၀တ္တုတစ်မျိုးကို တွေ့ရှိလာတဲ့အခါမှာတော့ ပရော်ဖက်ဆာ ဖိလ

စ်ဟာ စိတ်လှုပ်ရှားပြီး သတိမေ့တလွှဲတချော်လုပ်တတ်တဲ့သူ့ရဲ့ထုံးစံအတိုင်း ဆာရာနဲ့လက်ထပ်ဖို့ မင်္ဂလာအခမ်းအနား ရှိနေတာကို မေ့လျော့သွားခဲ့

ပါတယ်။ ဒီလိုအရေးကြီးလက်ထပ်ပွဲကိုတောင် မေ့လျော့လောက်အောင် ပေါ့ဆတဲ့ ပရော်ဖက်ဆာကြီးကို ဆာရာအပြင်းအထန် စိတ်ဆိုးသွားတဲ့အခါမှာေ

တာ့ သူတီထွင်ထားတဲ့ ဖလပ်ဘာ ကိုသုံးပြီး စိတ်ဆိုးပြေဖို့ကြိုးပါတော့တယ်.။ ကံမကောင်းချင်တော့တလွဲတချော်တွေဖြစ်တတ်တဲ့ ပရော်ဖက်ဆာ ကြီးရဲ့

အလွှဲအချော် စိတ်ဓာတ်မျိုးဟာ ဖလပ်ဘာမှာလည်း ဝင်ရောက်နေတဲ့အခါမှာ ကသောင်းကနင်းနဲ့ ထူးဆန်းတဲ့ သိပ္ပံဟာသဇာတ်လမ်းတစ်ခု အသက်

ဝင်လာပါတော့တယ်.။
Read More 0 comments


 

Rating : 6.0/10
Country : United State
Genre : Animation, Adventure, Family
Cast : John Ingle, Brandon La Croix, Aria Noelle Curzon
Released Date : 1997
Duration : 1h 14min

အညွှန်း
၁၉၈၈ ခုနှစ်က စတင်ထွက်ရှိလာခဲ့တဲ့ The LandBefore Time ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးအကြောင်းမပြောခင် သိစေချင်တာလေးတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ ဒီဇာတ်လမ်းကို ဖန်တီးသူတွေအကြောင်းပါ …. Producer တွေကတော့ ဂျော့်ဂျ်လူးကပ်စ် နဲ့ စတီဗင်စပီးဘာ့ဂ် တို့ဖြစ်ကြပြီး ဒါရိုက်တာကတော့ ဒွန်ဘလုသ် ပဲ ဖြစ်ပါတယ်။ သူတို့လို ရုပ်ရှင်အကျော်အမော်ကြီး ၃ ယောက်ဆုံထားတဲ့ ဒီလိုစီးရီးမျိုးဟာ
Movie Industry မှာ ဒီတစ်ခုတည်းသာ ရှိတယ်လို့လည်း သိရပါတယ်။
ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ် ကမ္ဘာဦးအစက ဒိုင်နိုဆောလေးတွေနဲ့ သူတို့ရဲ့ ရှင်သန်ရပ်တည်မှု ဆင့်ကဲပြောင်းလဲမှုတွေအကြောင်းကို ဇာတ်အိမ်တည်ပြီး လစ်တဲဖု စပိုက်ခ် ဆယ်ရာ နဲ့ ပီထရီဆိုတဲ့ ဒိုင်နိုဆော သူငယ်ချင်းလေးတစ်စုရဲ့ ချစ်ခြင်းမေတ္တာတွေကိုရိုက်ပြထားတာပါ။ကာတွန်းကားဆိုပေမယ့် …… ကမ္ဘာဦးတုန်းက ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်တွေ ဒိုင်နိုဆောအမျိုးအစားတစ်ခုစီရဲ့ သဘာဝလေးတွေကိုပါသေသေချာချာလေး ထည့်ရိုက်ထားတာမို့ ကလေးလေးတွေရော လူကြီးတွေပါ ကာတွန်းကြည့်ရင်း ဗဟုသုတရစေမှာအမှန်ပါပဲ။ ပြီးတော့ ဒီကာတွန်းကားလေးမှာ သတိထားမိတာက ကလေးလေးတွေရဲ့ တကယ့် အပြုအမူနဲ့ စိတ်နေစိတ်ထားလေးတွေကို ထည့်ရိုက်ထားတာပါ။ စိတ်တိုလွယ်တဲ့ကလေး တစ်ခုခုဆို ကြောက်တတ်တဲ့ ကလေး သူများကို သနားတတ်တဲ့ကလေး ဘာမဆို စပ်စပ်စုစု လုပ်တတ်တဲ့ကလေးတွေ ပြီးတော့ သူတို့ရဲ့ အပြုအမူလေးတွေကြောင့် ဖြစ်လာတဲ့ အကျိုးဆက်လေးတွေကို ပြပေးထားတာက entertainment တင်မက ကလေးလေးတွေရဲ့ စိတ်နေစိတ်ထားလေးတွေကို ပြုပြင်ဆုံးမရာမှာ တစ်နည်းနည်းနဲ့ အထောက်အကူပေးပါလိမ့်မယ်။ဒီတော့ အများကြီးတော့ မညွှန်းတော့ပါဘူး ကမ္ဘာဦးတုန်းက ဒိုင်နိုဆောကြီးတွေက ဘယ်လိုနေကြလဲလို့ ကလေးလေးတစ်ယောက်ယောက်ကများ မေးလာခဲ့ရင် ကျွန်မ ဒီဇာတ်ကားလေးကိုပဲ ပြဖြစ်မယ်ထင်ပါတယ်။ အိမ်မှာ ကလေးရှိတဲ့သူတွေရောကာတွန်းကားနှစ်သက်တဲ့သူတွေရော ဒီကာတွန်းကားလေးတွေကို မြည်းစမ်းကြည့်ပါ နောင်တမရစေရဘူးလို့ အာမခံပါတယ်နော်။
Read More 0 comments


Rating : 6.9/10
Country : United state
Genre :   Action, Crime, Thriller
Cast :  Nicolas Cage, John Cusack, John Malkovich
Released Date : 1997
Duration :  1h 55min 

အညွှန်း

ဒီဇာတ်လမ်‌လေးကတော့ မင်းသားကြီးနီကိုးလတ်စ်ကေ့စ်ချ်ရဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်

သူ့ခေတ်သူ့အခါမှာတော်တော်အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်

ဇာတ်ကားအကြောင်းကတော့..

စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ချ်)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေကကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ်

ထောင်နှစ်ရှည်ကျပြီးတော့နောက်ဆုံးမှာတော့ Jail Baird ဆိုတဲ့ ထောင်သားရွေ့ပြောင်းမယ့်လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ

ဒါပေမယ့်လေယာဥ်ပေါ်မှာပါတဲ့အဆိုးတစ်ကာ့အဆိုးဆုံးထောင်သားတွေပါပါလာတဲ့အခါမှာတော့

သူ့အိမ်ပြန်ခရီးလေးဘယ်လိုဖြစ်သွားမလဲ

အခက်အခဲတွေအများကြီးနဲ့ကိုဖြတ်ကျော်ပြီးအိမ်ပြန်နိုင်ပါ့မလားဆိုတာတွေကိုကြည့်ရှုရမှာဖြစ်ပါတယ်

ရှေ့တန်းပြန်ရိန်းဂျားတပ်သားဟောင်းတစ်ယောက်ရဲ့စိတ်ဓာတ်ကိုပါကွက်ကွက်ကွင်းကွင်းနဲ့တင်ပြထားပါတယ်..

 

Read More 0 comments
Rating : 8.2/10
Country :  United State
Genre : Crime, Drama, Mystery 
Cast : Kevin Spacey, Russell Crowe, Guy Pearce
Released Date : 1997
Duration : 2h 18min

ဒီကား မှာ အဓိကမင်းသား ၃ယောက်ပါတယ်…Russell Crowe,Kevin Spaceyနဲ့ Guy Pearce ရယ်…သူတို့တွေသရုပ်ဆောင်ကောင်းကြသလို
နာမည်ကြီးအထင်ကရကားတွေမှာ ပါဝင်ခဲ့တာကို တော်တော်များများသိကြမယ်ထင်တယ်
.. သူ့တို့(၃)ယောက်ဟာ စုံထောက်ရဲအရာရှိတွေပါ…ဇာတ်ကားအစမှာ သူတို့(၃)ယောက်ရဲ့ခံယူချက် အလုပ်အပေါ်မှာထားတဲ့စိတ်ထားတွေကို
တဖြည်းဖြည်းပြသွားတယ်….အဲ့ဒီ အခန်းတွေပါးပါးလေးပြသပြီးတဲ့နောက်မှာတော့ အစုလိုက်အပြုံလိုက်သတ်ခံလိုက်ရတဲ့
လူသတ်မှု ကြီးဆီရောက်သွားတယ်..လူသတ်မှုကြီးဟာ စုံထောက်ရဲအရာရှိဖြစ်တဲ့ သူတို့(၃)ယောက်ခေါင်းပေါ်ရောက်လာပါတယ်…လူသတ်မှုဟာ ဆိုင်တစ်ဆိုင်ထဲမှာ ရက်ရက်စက်စက်ပစ်သတ်ခံလိုက်ရတာပါ…သေဆုံးသူတွေထဲမှာ ရဲစုံထောက်တစ်ယောက်တောင်ပါ ပါတယ်….
ကြည့်ရှူတဲ့သူဟာ ဇာတ်ကောင် ၃ ယောက်နောက်ကိုအပြေးအလွှားလိုက်ရ
သလို ဘယ်သူသတ်လဲပါ တစ်ဆက်ထဲ အဖြေထုတ်နေရတ
ယ်… လူ(၃)ယောက်ရဲ့အမြင်ကိုခင်ဗျားတစ်ယောက်ထဲ
ခံစားရင် အမှုကိုလည်းလက်လှမ်းမှီသလောက်ခင်ဗျားဟာ
ကော်ဖီပူပူနွေးနွေးလေးသောက်ရင်း အတွေးတွေ လွန့်လူးနေလိမ့်မယ်…နောက်တစ်ခုက ဒီကားကြည့်နေစဉ် ဇာတ်ကောင်တွေနာမည်တွေကို အသေအချာလေးမှတ်ပြီး ကြည့်သင့်ပါတယ်…ဘာလို့ဆို အရေးကြီးတဲ့အကြောင်းအရာတော်တော်များနဲ့ဇာတ်ကောင်နာမည်တွေဟာ စကားပြောခန်းတွေနဲ့ပုံဖော်ထားလို့ပါ..ပြီးတော့ ဒီကားထဲက မင်းသမီး kim Basinger က အော်စကာ(ဇာတ်ပို့ဆု)ရရှိခဲ့သလို အကောင်းဆုံးရုပ်ရှင်ဇာတ်ညွန်းဆုလည်းရရှိခဲ့ပါတယ်.. နောက်တစ်ခု ခင်ဗျားတို့ သတိထားမိမှာက Russell Crowe ရဲ့ မျက်လုံးတွေပါပဲ…သူ့မျက်လုံးတွေက ယုန်ငယ်လေးဟန်…ပြောရရင် Beautiful mind ကားထဲက ပါမောက္ခတစ်ယောက်ရဲ့ဟန်ပန်..သူ့ရဲ့ ပင်ကိုယ်ဟန်ပဲလား မသိ…သို့ပေမယ့် အဲ့မျက်လုံးတွေကနေ အချိန်တော်တော်များများ မုန်ယိုနေတဲ့ ဆင်ရိုင်းတစ်ကောင်လိုပေါက်ကွဲရက်စက်ပြတာ.. ဒီဘဲကြီးသရုပ်ဆောင်တာ လန်းလှချည်လားလို့ ခင်ဗျားတို့ မှတ်ချက်ချမိမှာ အသေအချာပဲ…
Read More 0 comments


 

Rating : 7.0/10
Country : United State
Genre : Comedy, Adventure
Released Date : 1997
Duration : 1h 29min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့်ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။

ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ကစ်တာဘယ်လောက်အထိလဲဆိုရင် Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီးကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်း Dr.Evilကလိုက်ဝတ်တာမျိုး၊ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်း Random Taskဆိုတဲ့လူဆိုးဟာဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာ ရုပ်ဖြောင့်လို့အပြင်ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံးမျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့်ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာ အရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီးလူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကို ထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီးပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်း ပိုDarkတဲ့ ဂျိန်းဘွန်းဇာတ်ကားတွေအဖြစ် ပုံစံပြောင်းခဲ့ရကြောင်း ဖြေခဲ့ပါတယ်။ပြီးတော့ ဂျိန်းဘွန်းဇာတ်ကောင်ကိုင်တဲ့ Walther PPK/s .380ပစ္စတိုသေနတ်အတိုင်းလည်း Austin Powersဇာတ်ကောင်ဟာWalther PPK/s .380ကို ကိုင်ဆောင်ပါတယ်။Austin Powersကားတွေဟာ ဂျိန်းဘွန်းကားတွေကိုပဲ ပြောင်ထားတာမဟုတ်ပဲ Star Warsဇာတ်ကားတွေ၊ အဲ့ဒီခေတ်ကဗြိတိန်မှာနာမည်ကြီးခဲ့တဲ့ကြော်ညာတွေ၊ showတွေကိုပါ ပြောင်ထားတာအပြင် တရုတ်ရှင်ရှင်(ဟောင်ကောင်ကားဟောင်း)တွေမှာမှုန်ဝါးဝါးစာတန်းထိုးတာတွေကိုရော၊ ဗြိတိန်နိုင်ငံရဲ့အိမ်ရှေ ့စံဟောင်းကြီး ချားလ်စ်မင်းသားကိုပါ ပြောင်ထားတဲ့အတွက်ဇာတ်ကားတွေထွက်လာတဲ့အချိန်မှာ ဗြိတိန်နဲ့အမေရိကဘက်မှာဝက်ဝက်ကွဲပေါက်ခဲ့ပြီး American Film Institueရဲ့ဟာသကား၂၀၀၀ကနေ အရယ်ရဆုံးကားငါးရာရွေးတဲ့အထဲမှာ ထိပ်ဆုံးကား၁၀၀ထဲမှာပါတဲ့အရမ်းရီရတဲ့ကားတွေအဖြစ်ကိုသတ်မှတ်ခံခဲ့ရပါတယ်။(ဒါ့အပြင် ဒီကားဟာ ဘာသာပြန်ရခက်တဲ့ကားတွေထဲပါ ပါတယ်။ တချို ့ဟာသတွေက ဗြိတိန်နိုင်ငံထဲမှာပဲနေတဲ့လူတွေပဲနားလည်တဲ့ဟာသတွေဖြစ်နေတာတို့၊ စကားပြောတွေကလည်း အဓိပ္ပါယ်နှစ်ခွထွက်တဲ့စကားတွေဖြစ်နေတာတို့ကြောင့်ပြန်ရတော်တော်ကိုခက်ပါတယ်။ တချို ့စာသားတွေဆိုရင် ဘိုလိုကြည့်မှရယ်ရပြီး ဘာသာပြန်လိုက်ရင်မရယ်ရတာမျိုးတွေပါတဲ့အတွက် ပြန်ရတော်တော်ကိုလက်ပေါက်ကပ်ပါတယ်။ အတတ်နိုင်ဆုံးတော့ ဟာသအာဘော်ကိုထိမိအောင်ကြိုးစားထားပါတယ်)။ဒါပေမယ့် ဒီကားထွက်လာခါနီးမှာ အိမ်ရှေ ့စံဟောင်းကြီးရဲ့ကြင်ယာတော်ဟောင်း မင်းသမီးဒိုင်ယာနာကွယ်လွန်သွားခဲ့လို့သူတို့အိမ်ထောင်ရေးကိုဟာသလုပ်ထားတာပါတဲ့ ဒီကားကိုဗြိတိန်နိုင်ငံမှာ ရုံတင်ပြသတာကိုမလုပ်ခဲ့ရပါဘူး။နောက်ပိုင်းအခွေထွက်လာမှပဲ ဗြိတိန်နိုင်ငံက လူတွေကြည့်ခွင့်ရကြတာပါ။ဟာသကားဆိုပြီး ငပေါကားပါကွာဆိုပြီး ပေါ့သေးသေး မထင်ကြနဲ့ဦးဒီTrilogyမှာ ဟောလီးဝုဒ်အနုပညာလောကရဲ့တကယ့်ဂရိတ်၊ ဂရိတ်ကြီးဖြစ်တဲ့ ဒါရိုက်တာကြီး Steven Spielberg၊မင်းသားကြီး Michael Caine၊ Tom Cruise၊ Larry Thomas၊ Brian George၊ Tom Arnoldတို့အပြင်Former Bond Girl Lois Chiles၊ Britney Spearsတို့ဟာ အဓိကဇာတ်ဆောင်နေရာမှာရော၊ဧည့်သည်သရုပ်ဆောင်နေရာမှာပါ အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဒါ့အပြင် အလန်းဆုံးဆုံးကတော့ အဆိုတော် Beyonceဟာ တတိယကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ထားတာပါ။ပြီးတော့ ပထမကားရဲ့ဇာတ်လမ်းဟာလည်း Marvel hero Captain Americaကိုပြောင်ထားတာဖြစ်ပါတယ်။ပထမကားမှာ မင်းသားဟာ အေးခဲခံလိုက်တဲ့အတွက် ပြန်နိုးလာချိန်မှာ Captain Americaလိုပဲပြောင်းလဲသွားတဲ့ခေတ်နဲ့အံဝင်ခွင်ကျဖြစ်မနေတာ ပါ ပါတယ်။ဒါ့အပြင် ဟာသမင်းသားကြီး Jim Carreyကို မူလက Dr.Evilနေရာမှာသရုပ်ဆောင်ဖို့လုပ်ထားပေမယ့် မင်းသားကြီးဟာ Liar Liarဇာတ်ကားနဲ့ရိုက်ရက်တိုက်နေတဲ့အတွက် မပါဖြစ်ခဲ့တာပါ။Austin Powersနေရာကသရုပ်ဆောင်ထားတဲ့မင်းသားကြီး Mike Meyersဟာ ဒီကားရဲ့ဇာတ်ကောင်ကိုဖန်တီးရာမှာပိုအာရုံစိုက်ချင်တဲ့အတွက် A third Wayne’s World (1992)ရုပ်ရှင်ကိုမရိုက်တော့ပဲ Austin Powersဇာတ်ကောင်ကိုပဲဇောက်ချပြီးဖန်တီးခဲ့တဲ့အတွက် ဒဏ္ဍာရီဆန်တဲ့ Austin Powersဇာတ်ကောင်ဟာ အသက်ဝင်လာခဲ့တာပါ။ပြီးတော့ ဒီကားထဲကဇာတ်ကောင်တွေဟာ Deadpoolလိုပဲ 4th wallခနခနဖောက်တတ်ပါသေးတယ်ကဲ…ပြောတာလေအရမ်းရှည်နေပြီဆိုတော့ ပထမကားရဲ့ဇာတ်လမ်းအကျဉ်းကိုပြောပြကြတာပေါ့ပထမကားရဲ့ဇာတ်လမ်းအကျဉ်းကတော့…..Austin Powersကိုအနိုင်မယူနိုင်ပဲဖြစ်နေတဲ့ DrEvilဟာကိုယ့်ကိုယ်အေးခဲခဲ့ပြီး အနာဂတ်မှပြန်လာဖို့လုပ်ဆောင်ခဲ့ပါတယ်။DrEvilကိုတားဆီးဖို့အတွက် Austin Powersဟာလည်း အေးခဲခံခဲ့ပြီးDrEvilကြီး ပြန်ရောက်လာတဲ့အချိန်မှာ နိုးထလာခဲ့ပါတယ်။Drကြီးကို Austinတားဆီးနိုင်ပါ့မလားDrကြီးကလည်း Austinကိုအနိုင်ယူနိုင်တော့မှာလားဆိုတာကိုကိုယ်တိုင်ပဲဆက်ပြီးကြည့်ရှုကြပါYeah! Baby! Yeahဒီကားဟာ ဟာသကားပေမယ့် အောက်လုံးဟာသတွေအများကြီးပါလို့အသက်၁၅နှစ်အောက်မကြည့်ရတဲ့ထဲမှာပါကြောင်းလည်း အသိပေးပါရစေ

Read More 0 comments


 

Rating : 5.7/10
Country : United State
Genre : Horror, Mystery
Released Date : 1997
Duration : 1h 41min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

နွေရာသီကာလတစ်ခုမှာ သူငယ်ချင်းလေးယောက်ဟာ ပါတီတွေလုပ်ကြရင်းပျော်ကြတယ်။ ပြိုင်ပွဲတွေဝင်ပြိုင်ပြီးတော့ ပွဲပြီးသွားတော့ ကား လျှောက်ပတ်မောင်းကြတယ်။ ဒါပေမယ့် အပျော်လွန်သွားနဲ့နောက်မှာ သူတို့ရဲ့ အိပ်မက်ဆိုးတွေဟာ အဲဒီနွေညမှာပဲ စတင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကားမောင်းရင်း လူတစ်ယောက်ကို တိုက်မိသွားတဲ့အခါမှာ ရဲတွေနဲ့ လည်းမပက်သက်ချင်၊ ဖြစ်လာမယ့် အရှုပ်အရှင်းတွေကိုလည်း ရင်မဆိုင်ချင်ကြတဲ့အဆုံးမှာတော့ အလောင်းဖျောက်ပစ်ဖို့ ကြိုးစားကြပါတော့တယ်။ တိုက်ခံရတဲ့သူဟာ မသေသေးပေမယ့် သူတို့ ကြောက်ကြောက်လန့်လန့်နဲ့ ရေထဲချပြစ်လိုက်ရာကနေစပြီးမှ လူသတ်မှုဖြစ်သွားတာပါ။ ဒီကိစ္စကို ဘယ်သူ့မှမပြောကြေး၊ သေတဲ့အထိ လဆိုပြီး တစ်ယောက်နဲ့တစ်ယောက် သစ္စာဆိုခဲ့ကြတယ်။ ဒါပေမယ့် နောက်နှစ် နွေရာသီမှာတော့ စာတစ်စောင်ရောက်လာတဲ့ အချိန်ကနေစပြီးသူတို့တွေ အိမ်မက်ဆိုးကြီးက ပြန်လည်အသက်၀င်လာပါတော့တယ်။ ဒီကားဟာ Horror ဆိုပေမယ့် အတော် စုံပါတယ်။ အချစ်ဇာတ်လမ်းတွေ romance တွေ အကုန်ရောသမမွှေထားတာပါ။ တစ်ခြားနောက်ဆက်တွဲဇာတ်ကားတွေ အနေနဲ့ I still know နဲ့ I always know တို့ ရှိနေပါသေးတယ်။ အခု ဒီဇာတ်လမ်းကိုအခြေံပြီးတော့ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလည်းထွက်နေရှိနေပါပြီ ဒါပေမယ့်လည်း July လေးရက်နေ့တိုင်း မှာဖြစ်အျက်ခဲ့တဲ့ ဒီလို Horror အကြောင်းကို ရိုက်ကူးထားတဲ့ မူရင်း ကားတွေထဲမှာတော့ ဒီကားဟာ အကောင်းဆုံးလို့ပြောလို့ရပါတယ်။ 

Read More 0 comments


Rating : 5.0/10
Country : United State
Genre :  Action, Adventure, Comedy 
Cast : Rick Moranis, Eve Gordon, Bug Hall 
Released Date : 1997
Duration : 1h 14min

အညွှန်း
ဆာလင်းစကီးတို့ ဆက်လက်ထွက်ရှိခဲ့တဲ့ ဇာတ်ကားပါ….Honey I Blew Up the Kid(1992)ကထွက်ခဲ့တဲ့ကားကိုကြည့်ပြီး သဘောကျတယ်ဆိုရင် ဒီဇာတ်ကားကိုဆက်လက်ကြည့်ကြပါ…အညွှန်းကတော့ စပွိုင်လာအကြီးကြီးဖြစ်မှာစိုးလို့ မရေးတော့ပါဘူး…ဆာလင်းစကီးတို့ ဘယ်လိုအခက်အခဲတွေကြုံရ ဘယ်လိုပြဿနာတွေကြုံရဆိုတာကိုတော့
ဆက်လက်ခံစားကြည့်ကြပါကုန်….
Read More 0 comments


 

 

Rating : 6.2/10
Country : United State
Genre : Horror , Mystery
Released Date : 1997
Duration : 2h

အညွှန်း

Scream 2 ဟာ scream ထွက်ပြီး
၁ နှစ်တောင်မကြာသေးဘူး ထွက်လာခဲ့တာပါ။
ပထမကားရုံမတင်ခင်ကတည်း ရိုက်ကူးရေးကို စတင်ခဲ့လို့ပဲဖြစ်ပါတယ်။
ဒီကားက မူရင်းကားလောက် အကြီးအကျယ်အောင်မြင်မှုမရပေမယ့်
Horror, Mystery ကားတစ်ကားအနေနဲ့ကြည့်ရင်
တော်တော်လေးကြည့်ကောင်းတဲ့ စာရင်းထဲ ဝင်နေတုန်းပါပဲ။
Scream saga ထဲမှာတော့ ကြည့်ကောင်းတဲ့ ကြည့်သင့်တဲ့ ကားတစ်ကားပါ ဒီကားကတော့ ပထမကားအပြီး ၂ နှစ်အကြာမှာ နေရာယူထားပါတယ်။
သရဲမျက်နှာ လူသတ်သမားဆီကနေ လွတ်လာတဲ့
ဆစ်ဒနေလေးဟာ အခုတော့ တက္ကသိုလ်ရောက်သွားပါပြီ။
သူရဲမျက်နှာလူသတ်မှုအကြောင်းကိုလည်း ရုပ်ရှင်ပြန်ရိုက်ပြီး ရုံတောင်တင်နေပါပြီ။
အတိတ်က အဖြစ်ဆိုးကြီးက ပြီးဆုံးသွားပြီလို့ ထင်နေတုန်းမှာပဲ
ကံမဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သရဲမျက်နှာကွင်းဆက်လူသတ်မှုတွေ ထပ်ဖြစ်ပါတော့တယ်။
ဒီတစ်ခါရော သရဲမျက်နှာ လူသတ်သမားတွေ ဘယ်သူတွေများဖြစ်မလဲ?
IMDB မှာ 6.2 သာရပေမယ့် tomatometer မှာတော့
မူရင်းကားထက်တောင် ကျော်ပြီး 81% တောင်ရထားပါတယ်။

Read More 0 comments
Rating : 7.2/10
Country : United State
Genre :  Drama, Mystery, Sci-Fi
Cast : Nicole de Boer,Nicky Guadagni,David Hewlett
Released Date : 1997
Duration : 1h 30min

Cube ကားတွေရဲ့ပထမဆုံးကားပဲဖြစ်ပါတယ်ဒီကားက ၁၉၉၇ခုနှစ်ထွက် Mystery ဆန်ဆန်ဇာတ်ကားလေးတစ်ခုပဲဖြစ်ပါတယ်။Rating အနေနဲ့လည်း 7.2 အထိရထားပါတယ်။ဒီကားလေးဟာနောက်ထပ် ၂ကားထပ်ထွက်ထားပါသေးတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ကုဗတုံးပုံအခန်းလေးတစ်ခန်းထဲကိုလူတစ်စုရောက်ရှိလာခဲ့ပါတယ်။ ရောက်လာပုံကလည်း ကာယကံရှင်တွေကိုယ်တိုင်ကတောင် ဘာမှန်းညာမှန်းမသိဘဲရောက်လာကြရတာပါ။ထူးခြားတာကတော့ အဲဒီလူစုထဲမှာ ရဲတစ်ယောက်၊ သချာ်ကျွမ်းကျင်တဲ့ကျောင်းသူတစ်ယောက်၊ဖောက်ထွင်းဝိဇ္ဖာတစ်ယောက်၊ဗိသုကာပညာရှင်တစ်ယောက်၊ သိပ္ပံပညာရှင်တစ်ယောက်နဲ့စိတ်သိပ်မမှန်ပေမဲ့ထူးခြားတဲ့သူတစ်ယောက်တို့ကိုပေါင်းပြီးထည့်ထားပေးတာပဲဖြစ်ပါတယ်။ ရောက်ရောက်ချင်းရုန်းရင်းဆန်ခတ်တွေဖြစ်သွားခဲ့ကြတယ်ဆိုပေမဲ့…..အခက်အခဲတွင်းရောက်လာကြတော့အားလုံးဟာ ပင်ကိုယ်စရိုက်ကိုယ်စီနဲ့ဒီဝင်္ကပါကြီးထဲကနေထွက်ဖို့ဘယ်လိုလုံးပန်းကြမလဲ…အခက်အခဲတွေကြားရောက်တဲ့အခါလူတွေရဲ့စိတ်ဟာဘယ်လိုတွေပြောင်းလဲလာလဲ…ဘယ်လိုအခက်အခဲတွေကြုံတွေ့ရလဲဆိုတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။သူ့ခေတ်သူ့ခါအလိုက်စိတ်ဝင်စားစရာကောင်းတဲ့Mystery ဆန်ဆန်rating မြင့်ကားလေးပဲဖြစ်ပါတယ်
Read More 0 comments


 

Rating : 4.7/10
Country : United State
Genre : Action, Comedy, Crime
Cast : Christina Ricci, Doug E. Doug, Dean Jones 
Released Date : 1997
Duration : 1h 29min

အညွှန်း
ဆရာသမားတို့ အိမ်ကမြောင်မြောင်လေးကအိပ်လိုက်စားလိုက်နဲ့ ကြွက်တောင် မခုတ်လို့ အသုံးမကျဘူးလို့ ထင်နေပါသလားဒီလိုဆိုရင်တော့ မှားမယ်နော်
မြောင်မြောင်လေး စွမ်းဆောင်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်
ဒီဇာတ်ကားလေးထဲ ကြည့်လိုက်ရအောင်… ဇာတ်လမ်းအစမှာတော့ ပြန်ပေးဆွဲတဲ့သူနှစ်ယောက်က သူဌေးမကြီးနဲ့ အိမ်ဖော်အဒေါ်ကြီးကို မှားပြီး ပြန်ပေးဆွဲတာကနေစထားပါတယ်ထိုမြို့ငယ်လေးက ဆယ်ကျော်သက်ကောင်မလေးဆီမှာ ဒီစီလို့ခေါ်တဲ့ မြောင်မြောင်လေးတစ်ကောင်ရှိပါတယ်ဒီစီက ဆရာသမားတို့အိမ်ကမြောင်မြောင်လိုပဲ အိပ်လိုက်စားလိုက်ပေါ့ဗျာအဲ့ဒီအပြင်ကို ည ၈ နာရီဒေါင်ခနဲထိုးတာနဲ့ တစ်မြို့လုံးလျောက်ပတ်တတ်သေးတယ်ဒီလိုပတ်ရင်းနဲ့ တစ်နေ့တော့…..အိပ်လိုက်စားလိုက် မြို့ပတ်လိုက်ပဲလုပ်နေတဲ့ ဒီစီလေးဆီကနေတွေ့တဲ့အရာတစ်ခုကနေပိုင်ရှင်ဆယ်ကျော်သက်ကောင်မလေးနဲ့ ထိုမြို့က လုပ်တိုင်းလွဲနေတဲ့ စုံထောက်တစ်ယောက်ဒီအမှု့ကို ဘယ်လိုမျိုး ဖော်ထုတ်ကြမလဲဆိုတာ ဟာသဆန်ဆန် ကြည့်ရမှာပါဒီကားကြည့်ပြီး အိမ်ကမြောင်မြောင်ကိုဒီစီလို အတင်းတွေအပြင်ပေးမသွားနေဖို့လည်း ကြိုပြောချင်ပါတယ်ဗျို့ ။
Read More 0 comments


 

Rating : 8.0/10
Country : Japan
Genre : Anime, Crime, Mystery 
Cast : Anthony Hopkins, Abbie Cornish, Diora Baird 
Released Date : 1997
Duration : 1h 21min

အညွှန်း
တစ်ခါ‌တလေများ ရေသောက်နေရင်းဖြစ်ဖြစ်
ထိုင်နေရင်းဖြစ်ဖြစ် ဆေးလိပ်သောက်နေရင်းဖြစ်ဖြစ်
တစ်ချိန်ချိန်မှာ အတွေးဟာ အပြင်ကိုမရောက်ဘဲ
အတွင်းထဲကို ရောက်သွားတဲ့ အခိုက်အတန့်တစ်ခုကို
လူအတော်များများ ကြုံဖူးကြမယ်ထင်တာပဲ။
ကျွန်တော်တော့ ရံဖန်ရံခါဆိုသလိုဖြစ်တတ်တယ်။
အဲ့ဒီအခိုက်အတန့်ကလေးမှာ အတွေးဟာ
ပြင်ပ အကြောင်းအဖြစ်တွေဆီ ရောက်မသွားဘဲ
“ငါ”ဆိုတဲ့ အတွင်းကအ‌ရာဆီပြန်ရောက်သွားတယ်။
အဲ့ဒီအခိုက်အတန့်ဟာ တကယ့်ကိုခဏလေး
ဒါပေမဲ့အတော်ကြာသလိုလည်းခံစားရတယ်။
အတိအကျတော့မပြောတတ်တော့ပေမဲ့
သေချာတာကတော့ အဲ့ဒီအချိန်မှာဖြစ်တဲ့
ခံစားမှုဟာ “ငါ”ဆိုတာရဲ့လုံး၀ကိုအဓိပ္ပာယ်မဲ့နေမှုကြီး။
‌ဒီခန္ဓာဒီနာမည်နဲ့လူဟာ ငါဟုတ်ရဲ့လားတောင်
တွေးမိတဲ့အထိပဲ။ ကိုယ်ရှင်နေတဲ့ ဘ၀ကြီးကို
အရှိတရားရောဟုတ်ရဲ့လားလို့ သံသယ၀င်မိတဲ့
အခိုက်အတန့်တစ်ခုလို့ဆိုရမယ်။အဲ့ဒီလိုအခိုက်အတန့်ကို ခံစားဖူးတဲ့လူတိုင်း
ဒီAnimeထဲက ဇာတ်‌ကောင်ရဲ့ ဘ၀ကို
နားလည်မယ်လို့ ကျွန်တော်ထင်တယ်။
ဒီထဲကဇာတ်ကောင်ကို နားလည်သွားရင်
ဒီ Anime ဟာ ခင်ဗျားအတွက်
တကယ့် Masterpiece တစ်ခုဖြစ်သွားမှာတော့
သေချာတယ်။သတိထားမိသလောက်ဆိုရင် တစ်ချို့ဒါရိုက်တာတွေဟာ
လူ့ဘ၀လို့ ကျွန်တော်တို့အားလုံး ခေါ်ကြတဲ့အရာဟာ
အရှိတရားဟုတ်ရဲ့လား?
အိပ်မက်တစ်ခုများလား? ဆိုတဲ့
တူညီတဲ့ သံသယတစ်ခု သူတို့ခေါင်းထဲရှိနေတာ
သူတို့ရုပ်ရှင်တွေမှာ အတော်တွေ့ရတယ်။
Satoshi Kon ဟာလည်း အဲ့ဒီလို အရှိတရားကို
သံသယ၀င်တဲ့သူတွေထဲက တစ်ယောက်ပဲလို့
ကျွန်တော်တော့ယုံတယ်။
Perfect Blue မှာ အရှိတရားကို ဝေခွဲဖို့ အတော်ခက်တယ်။‌
လက်တွေ့မှာ အရှိတရားကိုယ်တိုင်ကလည်း ဝေခွဲဖို့ခက်တဲ့အတွက်
အရှိတရားကို ဝေခွဲရခက်တဲ့ရုပ်ရှင်တွေဟာ
ကျွန်တော်တို့ စိတ်တွေကို တစ်နည်းတစ်ဖုံနဲ့ ဖမ်းစားထားနိုင်ခဲ့တယ်။
Black Swanတို့ Shutter Islandတို့ Requiem for Dreamတို့လို
နာမည်ကျော်ကားတွေမှာတောင်
ဒီထဲကတစ်ချို့အရာတွေပြန်ယူသုံးရတဲ့အထိ
ဒီ Animeဟာ အနောက်တိုင်းရုပ်ရှင်တွေကိုပါ
လွှမ်းမိုးထားနိုင်ခဲ့တယ်။
ဆန်းတော့လည်း မဆန်းပါဘူး။
အကောင်းဆုံးလက်ရာတစ်ခုဟာ
အမြဲလို တစ်ပါးသော လက်ရာတွေကို လွှမ်းမိုးမှုတစ်ခုရှိနေမှာပဲမလားအရှင်းဆုံးပြောရရင်တော့
Perfect Blueဟာ
လူတစ်ယောက်ရဲ့ စိတ်ကူးဖန်တီးနိုင်စွမ်းကို
ယုတ္တိဘောင်၊အထိန်းအကွပ် အဆုံးစွန်အထိ
လွှတ်ပေးလိုက်တဲ့အခါ ထွက်လာတဲ့
လက်ရာမျိုးပဲ။“ငါ့ရဲ့ စိတ်ကူးအိပ်မက်ထဲမှာရော
ငါ့ရဲ့ အရှိဘ၀မှာရော
ငါမရှိတဲ့အခါ ငါက ဘယ်မှာလဲ”
Read More 0 comments


 

 

Rating : 4.8/10
Country :China
Genre :Comedy,Drama,Chinese Movie,
Released Date : 1997
Duration : 1h 35min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

မင်းသမီးရှုကျီ Shu Qi, Vivian Hsu တို့လို ဟောင်ကောင်မင်းသမီး အချောအလှလေးတစ်သိုက်ကို
တစ်ဝကြီးငမ်းလို့ရမယ့် ဟောင်ကောင်မော်ဒယ်ရှိုးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့…

ဟောင်ကောင်ကိုယ်စားပြု မယ်ပြိုင်ပွဲအတွက်လာပြိုင်ကြပေမယ့်
တကယ်တမ်းကျ ပိုက်ဆံရှိတဲ့ဘောစိတွေနဲ့ နီးစပ်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့
အလှမယ်တစ်သိုက်…

တစ်ရက်ကို ဒေါ်လာသန်းနဲ့ချီ ဝင်ငွေရှိနေပေမယ့် အလုပ်တွေ
အရမ်းများတာကြောင့် လူမသိသူမသိဘဝကို
ခဏသွားချင်နေတဲ့ လူငယ်သူဌေးသားလေး စူပါ ….

အလှမယ်ပြိုင်ပွဲဝင်ပြိုင်ကြရင်း သူတို့ကြားထဲက အလွဲတွေကို
ဟာသလေးတွေနဲ့ရိုက်ပြထားတဲ့ အခွီဇာတ်ကားလေးပါ။

ငယ်ဘဝက မမတို့ကို တစ်ဝကြီးငမ်းရမှာမို့ လက်မလွှတ်သင့်တဲ့
ကားကောင်းတစ်ကားဖြစ်ပါကြောင်း။

Read More 0 comments


Rating : 3.7/10
Country : United State
Genre :  Action, Adventure, Family
Cast :  Jason David Frank, Catherine Sutherland, Hilary Shepard 
Released Date : 1997
Duration : 1h 39min

အညွှန်း
ငယ်တုန်းကအရမ်းကြိုက်ခဲ့ရတဲ့ ပါ၀ါရိန်းဂျားကားကို အခုမြန်မာစာတန်းထိုးနဲ့ ပြန်ကြည့်ချင်တဲ့သူတွေအတွက် တင်ပေးလို်က်ပါတယ်။ မကြည့်ဖူးတဲ့သူမရှိသလောက်မို့ ဇာတ်လမ်းအကျဉ်းတော့ မပြောတော့ဘူး ပါ၀ါရိန်းဂျားအပြာကောင်က ကလေးလေးဆိုရင်မှတ်မိလောက်မယ်ထင်ပါတယ်။

 

Read More 0 comments