Knockin' on Heaven's Door (1997)


 

Rating : 8.0/10
Country : United State
Genre : Action, Crime, Comedy
Cast : Til Schweiger, Jan Josef Liefers, Thierry van Werveke
Released Date : 1997
Duration : 1h 27min

အညွှန်း
ပရိတ်သတ်တို့ကို 1997 ခုနှစ်တုန်းကထွက်ရှိထားတဲ့ Knockin’ on Heaven’s Door ဆိုတဲ့ ဂျာမန်ဇာတ်ကား ကောင်းလေးတစ်ကား နဲ့မိတ်ဆက်ပေးချင်ပါတယ်။ သင်သာ ရက်အနည်းငယ်ပဲ အသက်ရှင်ခွင့်ရတော့မယ့် သူဆိုရင် ကျန်ရှိသေးတဲ့အချိန်မှာ ဘာဆက်လုပ်မလဲ။ သေမယ့်အချိန်ကို ထိုင်စောင့်နေမှာလား။ ကောင်းတာတွေပဲလုပ်မှာလား။

ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ ရူဒီ နဲ့ ဘရက်စ် က ဆေးရုံတစ်ခုမှ မထင်မှတ်ပဲ အခန်းဖော်အဖြစ် အတူနေရတယ်။ နှစ်ယောက်လုံးက ကင်ဆာရောဂါကြောင့် ရက်ပိုင်းအတွင်း သေရတော့မယ့် သူတွေပါ။ သူတို့ကတော့ ဘဝရဲ့ ကျန်ရှိတဲ့အချိန်ကို သူတို့စိတ်ထဲရှိတာတွေကို လုပ်ဖို့အတွက်ဆုံးဖြတ်ချက်ချပီး ဆေးရုံမှာရပ်ထားတဲ့ကားတစ်စီးကို ခိုးပြီ ထွက်ပြေးလာခဲ့ပါတယ်။

သူတို့ခိုးလာတဲ့ကားက လူဆိုးဂိုဏ်းတစ်ခုရဲ့ အရေးကြီး ပစ္စည်းတစ်ခုပါသွားပြီး ဇာတ်လမ်းတွေရှုပ်ကုန်တော့ပါတယ်။ သူတို့နဲ့အတူပါသွားတဲ့အရာက ဘာလဲ။ မသေခင် လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရမှာလား ဆိုတာကို ပရိတ်သတ်တို့စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအရတော့ ပျင်းဖို့ကောင်းမယ်ထင်ရပေမယ့် ဟာ‌သ‌လေးတွေလည်းပါတော့ မ‌ပျင်းရပါဘူး။

0 comments:

Post a Comment