Rating : 6.6/10
Country : Korea
Genre : Romance, Drama
Cast : Ha Ji-Won, Myung-Min Kim, Neung-mi Nam
Released Date : 2009
Duration : 2h 1min
Country : Korea
Genre : Romance, Drama
Cast : Ha Ji-Won, Myung-Min Kim, Neung-mi Nam
Released Date : 2009
Duration : 2h 1min
အညွှန်း
မင်းသမီးဟာဂျီဝန် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်အသုဘအခမ်းအနားတွေကိုပြင်ဆင်လုပ်ကိုင်ပေးတဲ့ ဂျီဆူးဟာ အရမ်းကိုကြင်နာစိတ်ရှိတဲ့ကောင်မလေးပါလူတွေကိုလည်းအတတ်နိုင်ဆုံးကူညီပေးတတ်ပါတယ်ဒါပေမယ့် သူဟာ လူသေအလောင်းတွေကို အလှပြင်ပေးရတဲ့သူမို့လို့
သူ့ရဲ့လက်ကို မင်္ဂလာမရှိတဲ့လက်ဆိုပြီး ပြောဆိုကြပါတယ်ရည်းစားဟောင်းဖြစ်သူကလည်း ပြတ်ဖို့အကြောင်းရှာမရတော့သူ့ရဲ့လက်ကကြောက်ဖို့ကောင်းလို့ဆိုပြီးဖြတ်သွားခဲ့ပါတယ်ဒီလိုသနားစရာကောင်းလှတဲ့ဘ၀မှာ နေထိုင်နေရတဲဲ့ ဂျီဆူးဘ၀ထဲကိုတစ်နေ့မှာတော့ ဂျုံးဝုဆိုတဲ့ လူတစ်ယောက်ဝင်ရောက်လာခဲ့ပါတယ်ေပြာရရင် ဂျုံးဝုဟာလည်း လူကောင်းတစ်ယောက်တော့မဟုတ်ပါဘူးကုသလို့မရနိုင်တဲ့ ကြွက်သားအားနည်းရောဂါကိုခံစားနေရတဲ့ လူတစ်ယောက်ပါဒါပေမယ့်လည်း သူဟာ သူ့ဘဝကို အရှုံးမပေးပါဘူးရှေ့နေတစ်ယောက်မဖြစ်ဖြစ်အောင်ကြိုးစားမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့သူပါသူဟာ ဂျီဆူးကို မြင်မြင်ချင်းချစ်မိခဲ့ပြီး သူ့နားမှာနေပေးဖို့ တောင်းဆိုခဲ့ပါတယ်လူတွေကိုကြင်နာသနားတတ်တဲ့ ဂျီဆူးဟာလည်း သဘောတူခဲ့ပြီးတော့ဂျုံးဝုခံစားနေရတဲ့ ရောဂါကို ပျောက်ကင်းအောင်ကူညီပေးမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်Drama ဇာတ်ကားဖြစ်နေတာနဲ့အညီ လွမ်းဆွေးငိုကြွေးရတဲ့ရသတွေကို သေချာပေါက်ခံစားကြည့်ရှုရမှာပါရှေ့ဆက်ပြီး သူတို့နှစ်ယောက်အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာတွေသူတို့နှစ်ယောက်ကြားက ခိုင်မာတဲ့ချစ်ခြင်းတရားတွေကို တ၀ကြီး ကြည့်ရှုရမှာဖြစ်ပါတယ်ဇာတ်လမ်းလေးကကြည့်လိုက်ရင်ရိုးသလိုဖြစ်နေပေမယ့် ကြည့်ရှုသူကိုအဆုံးထိဆွဲခေါ်သွားနိုင်ပါတယ်ဘာပဲပြောပြော ဇာတ်ကားကောင်းတစ်ကားဆိုတာကိုတော့ ငြင်းလို့မရနိုင်ဘူးပေါ့Drama ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်ကြောင့် မျက်ရည်ခိုင်ခိုင်ထားပြီမှး ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်
0 comments:
Post a Comment