Showing posts with label Drama. Show all posts
Showing posts with label Drama. Show all posts


 

Rating : 8.9/10
Country :India
Genre :Crime,Drama,Thriller,India Movie,
Released Date : 2022
Duration :  2h 20min
 
 
အညွှန်း

Drishyam မှာဖြစ်ပျက်ခဲ့တာတွေအပြီး 7 နှစ်အကြာ
ဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်လာပြီး သူတို့ဖြစ်ရပ်ကို ပြန်ရိုက်ဖို့အတွက်
အိမ်၀န်းရဲ့တစ်စိတ်တစ်ပိုင်းကိုရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်
သို့ပေမယ့် တစ်နှစ်ကြာသည်ထိရုပ်ရှင်ကအကောင်အထည်ပေါ်မလာခဲ့ပါဘူး
သူ့ဇာတ်လမ်းကိုလူအများကသဘောကျကြပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြပါဘူး

လက်တွေ့ဘ၀မှာလည်း ၇ နှစ်ကြာသည်ထိ သားဖြစ်သူအတွက် အခဲမကျေနိုင်ဖြစ်နေတဲ့ မီရာဟာ
အိန္ဒိယကိုပြန်ရောက်နေခဲ့ပါတယ်
သူ့သားရဲ့ ဝိဉာဉ်အေးချမ်းဖို့အတွက်အလောင်းနေရာကိုမေးခဲ့ပေမယ့် ဗီဂျေးကမပြောပြခဲ့တော့

ထက်မြတ်တဲ့ရဲအရာရှိဖြစ်ခဲ့ဖူးတဲ့မီရာဟာ သားအတွက် တရားမျှတမှုဘယ်လိုရအောင်ပြန်ရှာမလဲ
ဗီဂျေးကရော ဘယ်လိုမျိုးဉာဏ်လျင်လျင်နဲ့ ကျော်လွှားဖြေရှင်းပြဦးမလဲ
ဒီတစ်ခါသူ့ရင်ဆိုင်ရမယ့်ဖြစ်ရပ်ကနေရော အများသဘောကျကျေနပ်မယ့် ဇာတ်သိမ်းမျိုးရနိုင်မလား...

 

Read More 0 comments


 

Rating : 6.9/10
Country :Korea
Genre :Action,Drama,Horror,Korea Movie,
Released Date : 2022
Duration :  1h 50min
 
 
အညွှန်း
 
Kim Rae Won ဆိုတာတော့ အထူးအထွေ ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ သူ့အပြင်ကို Big Mouth မင်းသားကြီး Lee Jong Suk လည်း အဓိက ပါဝင်ထားတဲ့ အက်ရှင် ဇာတ်လမ်းလေးဖြစ်ပြီး ရုံတင်ပြသစဉ်မှာ ပရိသတ်အတော် အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းလေးပါ။

ဇာတ်လမ်းအညွှန်း …

ပစိဖိတ်သမုဒ္ဒရာထဲမှာ တောင်ကိုရီးယား ရေတပ်က ရေငုတ်သင်္ဘောတစ်စီးဟာ စစ်ရေးလေ့ကျင့်နေခဲ့တယ်။ ပစ်ခတ်စဉ်တွေပါတဲ့ ဒီလေ့ကျင့်မှုဟာအချိန်အတော်ကြာပြီးတဲ့နောက်မှာ တောင်ကိုရီးယားကိုပြန်လာခဲ့တယ်။

ကိုရီးယားကျွန်းဆွယ်ကို ပြန်လာစဉ်မှာပဲ မုန်တိုင်းကလည်းတိုက်ဆိုင်စွာ ကြမ်းနေတဲ့အချိန်ဖြစ်နေတယ်။ ဒါအပြင် ရေငုတ်သင်္ဘာဟာ အမည်မသိ ချေမှုန်းရေးသင်္ဘောမှ အကြမ်းစားတော်ပီဒိုကြီးတစ်လုံး ပစ်ခတ်ခြင်းခံလိုက်ရတယ်။

လုံးဝမမျှော်လင့်ထားတဲ့ တိုက်ခိုက်ခံရမှုဖြစ်တဲ့အပြင် တန်ပြန်တိုက်ခိုက်ရေး လက်နက်တွေကလည်း စစ်ဆင်ရေးမှာသုံးခဲ့လေတော့ ရေငုတ်သင်္ဘောဟာ တော်ပီဒိုကြီးထိမှန်ဖို့ အရေးကနေ အသည်းအသန်ထွက်ပြေးရပါတော့တယ်။

အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲ...

 

Read More 0 comments


 

 

Rating : 5.9/10
Country :United state
Genre :Action,Adventure,Drama,
Released Date : 2022
Duration :  1h 41min
 
 
အညွှန်း
 
နော်ဝေး စိတ်ကူးယဉ် ရုပ်ရှင်ကောင်းတစ်ခုလာပါပြီ။ အမေရိကန်မှာကင်းကောင် ဂျပန်မှာ ဂေါ်ဇီလာဆိုသလို နော်ဝေးပုံပြင်တွေမှာလည်း ဘီလူးကြီးတွေဟာ မပါမဖြစ်ပါ။
နော်ဝေးမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားစဉ်က ဘီလူးတွေနဲ့ လူတွေတိုက်ပွဲဖြစ်ခဲ့ပြီး ဘီလူးတွေမျိုးတုံးသွားတဲ့ ပုံပြင်တွေရှိခဲ့ပါတယ်။ အဲဒီဘီလူးတွေဟာ ခရစ်ယာန်တွေကိုမုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ထုတယ်၊ နေရောင်နဲ့တွေ့ရင် ကျောက်ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပါတယ်။

ဒါတွေအားလုံးဟာ နော်ဝေးဒဏ္ဍာရီတွေကနေ စတင်ခဲ့တာပါ။ နော်ဝေးတွေဟာ ဒဏ္ဍာရီအပိုင်းမှာတော့ အတော်ခိုင်လုံတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်အိမ်တွေရှိခဲ့တာအမှန်ပါပဲ။ စိတ်ကူးယဉ် စာပေလောကမှာ နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ The Lord of the Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာတိုကင်းန်တောင် ဘီလူးတွေကို နော်ဝေးကနေ အခြေခံခဲ့တာပါ။

အခုဒီရုပ်ရှင်မှာတော့ လက်ရှိခေတ်မှာ တောင်တွေထဲမှာ ရထားလမ်းဖောက်ဖို့ ဥမင်တူးရင်းနဲ့ ဘီလူးကြီးတစ်ကောင် နိုးထလာတဲ့ ဇာတ်လမ်းကို ပြသထားပါတယ်။ အဲဒီဘီလူးကြီးကို တိုက်ခိုက်ဖို့နည်းတွေ နောက်ကြောင်းတွေကို လေ့လာပြီး ရင်ဆိုင်ရတဲ့ ဇာတ်လမ်းမို့ Godzilla Origin ကားတွေရဲ့ ဖီလင်မျိုးရမှာပါပဲ။

 

Read More 0 comments


Rating : 7.5/10
Country :India
Genre :Crime,Drama,Thriller,India Movie,
Released Date : 2022
Duration :  2h 15min
 
 
အညွှန်း
 
တစ်ညမှာ ရဲစခန်းကို မူးပြီး စာရေးဆရာတစ်ယောက်ရောက်လာတယ်။
သူ့ဝတ္ထုထဲက ဇာတ်ကောင်က သူ့ကိုခြိမ်းခြောက်နေလို့တဲ့လေ။
မယုံကြည်နိုင်ဖြစ်နေတဲ့ ရဲတွေကြုံလိုက်ရတာက သူ့ဝတ္ထုထဲကနဲ့
တစ်ပုံစံတည်းတူတဲ့ ပြန်ပေးဆွဲ/ လူသတ်မှုတစ်ခု။

ပြန်ပေးဆွဲခံရတဲ့ ပူဂျာဆိုတဲ့ မိန်းကလေးကလည်း ရဲချုပ်ရဲ့သမီးဖြစ်နေပြီး၊
ရွေးကောက်ပွဲမတိုင်ခင် ကာလဖြစ်တာမို့ ဒီအမှုဟာ ဟိုးလေးတကျော်ကျော်ဖြစ်လာတော့တာပေါ့။

ဒါဟာတကယ်ပဲ Parallel universe တွေထဲကလို စာရေးဆရာဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့မှုခင်းလား။
ဒါဆိုရင် ပျောက်ဆုံးနေတဲ့ ပူဂျာကရော အဲဒီဇာတ်လမ်းနဲ့ဘယ်လိုပတ်သတ်နေတာလဲ။
တရားခံအစစ်ကဘယ်သူလဲ၊ ဒီမေးခွန်းတွေကို အဖြေရှာဖို့ ရောက်လာတဲ့
လျှို့ဝှက်အေးဂျင့်တစ်ယောက်။ အဓိကဇာတ်ဆောင်အနေနဲ့ Naveen Chandra ကနေပြီး ပါဝင်ထားပါသေးတယ်။

 

 

Read More 0 comments


Rating : 8.2/10
Country :India
Genre :Drama,Romance,Thriller,India Movie,
Released Date : 2022
Duration :  2h 15min
 
 
အညွှန်း
 
အခုတစ်ခေါက်မှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့
အိန္ဒိယမှုခင်းကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်

အမျိုးသမီးတစ်ယောက် အိမ်ပြန်လာတော့
အိမ်ထဲမှာမှောင်နေတယ်
သူ့ယောက်ျားကို သူအော်ခေါ်နေရင်း လိုက်ရှာတော့
အိမ်သာထဲမှာ တွေ့လိုက်ရတာက

တစ်ကိုယ်လုံးကို တိတိပပ လှီးဖြတ်ထားတဲ့
ဓားရာတွေနဲ့ သေဆုံးနေတဲ့ သူ့ယောက်ျားကို တွေ့လိုက်ရတော့တယ်

သူ့ယောက်ျားက ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်ဖြစ်ပြီး
သူသေတော့ သူ့နဖူးပေါ်မှာ အမှတ်အသားတစ်ခုရှိနေခဲ့တယ်

အဲဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ရထားလမ်းပေါ်မှာ
လူတစ်ယောက် ကိုယ်တစ်ပိုင်းပြတ်ပြီး သေနေပြီး

သူကလည်း ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်ဖြစ်ကာ
သူ့ရဲ့နဖူးမှာလည်း ပထမတစ်ယောက်လိုမျိုး အမှတ်အသားတစ်ခု
ရှိနေခဲ့တယ်..

အဲဒီလိုနဲ့ လူသတ်မှုတွေ ဆက်တိုက်ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး
ရဲတွေကို ပဟေဠိပေးနေတဲ့ အဲဒီကွင်းဆက်လူသတ်သမားက
ဘယ်သူဖြစ်မလဲ ဘာကြောင့် ဒီလိုတွေသတ်နေတာလဲဆိုတာ
မှုခင်းကားကြိုက်တတ်သူတွေအဖို့ ဒီကားဟာ တကယ့်ကို
ပဟေဠိတွေနဲ့ အဖြေညှိရမယ့် မှုခင်းကားကောင်းတစ်ပုဒ်ပဲ
ဖြစ်ပါတယ်

 

 

Read More 0 comments


 

Rating : 8.9/10
Country :India
Genre :Action,Adventure,Drama,India Movie,
Released Date : 2022
Duration :  2h 28min
 
 
အညွှန်း
ဘုရင်ခေတ်က ဘုရင်တစ်ပါးဟာ အရာရာပြီးပြည့်စုံနေပေမယ့် သူ့စိတ်နှလုံးဟာအေးချမ်းမှုမရခဲ့ဘူး ‌
စိတ်ငြိမ်းချမ်းမှုကို လိုက်ရှာရင်းရှာရင်း တမန်တော်ပန်ဂျူရီနဲ့ တွေ့ခဲ့တယ်

သို့ပေမယ့် တမန်တော်ပန်ဂျူရီဟာ ရွာတစ်ရွာကိုစောင့်ရှောက်ပြီးသားသူဖြစ်တာမို့
ဘုရင်ဟာသူ့ကို လိုချင်ရင် သူ့ရဲ့ အသံတစ်ဆုံးထိ ရွာအတွက် ‌
သတ်မှတ်ချီးမြှင့်ပေးရမယ်ဆိုပြီး အပေးအယူညှိခဲ့ကြတယ်

ဒီလိုနဲ့ ဘုရင်ကြီးဟာလည်း စိတ်အေးချမ်းမှုရရှိသွားသလို ရွာလေးဟာလည်း
ကျယ်ပြောတဲ့ သစ်တောတစ်ဆုံး တမန်တော်ရဲ့စောင့်ရှောက်မှုနဲ့ အေးချမ်းခဲ့တာပေါ့

1970 ခုနှစ်မှာ လူတစ်ယောက်က ဒီရွာလေးကို သူ့ဘိုးဘွားပိုင်မြေမို့
ပြန်ပေးပါဆိုပြီးတမန်တော်ကို ရင့်ရင့်သီးသီးပြောဆိုပြီး ပြန်တောင်းခဲ့တယ်
အဲ့ဒီနောက်တစ်ရက်မှာပဲ ထိုလူဟာ တရားရုံးလှေကားမှာ သွေးအန်ပြီးသေနေတာတွေ့ခဲ့ကြရတယ်

1990 ဇာတ်လမ်းဖြစ်တည်ရာကာလမှာလည်း နိုင်ငံတောအစိုးရပိုင်
သစ်တောကြိုးဝိုင်းဆိုပြီး ဒီတောထဲက အရာတွေအတွက်
အစိုးရဆီခွင့်ပြုချက်တောင်းရမယ်ဆိုတဲ့ အမိန့်တွေထုတ်ပြန်ခဲ့တယ်

ဇာတ်ဆောင်မင်းသားကြီးရီရှက်ဘ်ရှက်တီကတော့ တော၀က်အမဲလိုက်တတ်တဲ့ အဲဒီရွာကရှီဗာရွာသားတစ်ယောက်
သူ့အမေက တော၀က်တွေကို အမဲလိုက်တာမကြိုက်တာကြောင့် တားပေမယ့် ရှီဗာကတော့ လက်မခံပဲလိုက်မြဲလိုက်ဆဲပါပဲ
တစ်နေ့သူ တော၀က်အမဲလိုက်ပြီးတစ်ညမှာ အိမ်မက်ထဲမှာ တော၀က်တစ်ကောင်ကသူ့ကိုလိုက်နေတယ်ဆိုတဲ့ အိမ်မက်ဆိုးမက်ခဲ့ရတယ်…

တမန်တော်ပန်ဂျူရီရဲ့ စောင့်ရှောက်မှုအောက်မှာအေးချမ်းနေတဲ့သစ်တောနဲ့ ကျေးရွာလေး‌ဆီရောက်လာတဲ့ အစိုးရရဲ့အမိန့်တွေ….
ရှီဗာအလန့်တကြားနိုးထလာရတဲ့ အိမ်မက်ဆိုး…

ဒါတွေက ဘယ်လိုဆက်စပ်နေလဲ ရှုစားကြည့်ပါဦး

 

Read More 0 comments


Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

Yoon Hyun Woo (Song Joong Ki)က အင်အားကြီးလုပ်ငန်းစုကြီးဖြစ်တဲ့

Soonyang Group မှာ သူဌေးမိသားစုရဲ့ လူယုံအတွင်းရေးမှူးအဖြစ် ၁၀ နှစ်ကြာအလုပ်ကျွေးပြုခဲ့ပါတယ်

ဒီမိသားစုဆီမှာပဲ အစေခံတစ်ယောက်လို အလုပ်ကြိုးစားခဲ့ပေမဲ့ တစ်နေ့မှာတော့

အလွဲသုံးစားမှုနဲ့စွပ်စွဲခံရပြီး အသတ်ခံခဲ့ရတယ် ..
သေဆုံးသွားပေမဲ့ အံ့ဩဖို့ကောင်းစွာနဲ့ပဲ သူ့ဝိညာဥ်ဟာ

Soonyang Group CEO Jin Yang Cheol (Lee Sung Min) ရဲ့အငယ်ဆုံးသားလေး

Jin Do Joon ခန္ဓာကိုယ်ထဲကနေ နောက်တစ်ကြိမ်ပြန်နိုးလာတဲ့အခါမှာတော့ ..

အဖြစ်အပျက်တွေအားလုံးကို မှတ်မိနေတဲ့ Jin Do Joon တစ်ယောက် ..

သူ့ကိုသတ်ခဲ့တဲ့ ဂျင်မိသားစုကို ဘယ်လိုလက်စားပြန်ချေမလဲ ..

“Soonyang Group Grim Reaper”လို့ လူသိများတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က

အမှုစစ် Seo Min Young (Shin Hyun Bin) နဲ့ လက်တွဲပြီး

ငွေကလွဲရင် ဘာမှမမြင်နိုင်တဲ့ CEO ကို ဘယ်လိုအစီအစဥ်တွေနဲ့ အကွက်စေ့စေ့ဖြုတ်ချနိုင်မလဲ..

 

 

 

Read More 0 comments


Rating : 7.8/10
Country :India
Genre :Action,Drama,India Movie,
Released Date : 2022
Duration :  2h 46min
 
 
အညွှန်း
ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဗီဂျေးဟာ တမီလ်နာဒုပြည်နယ်
တဝိုက်မှာ ရေပန်းစားနေတဲ့ ရဲအရာရှိလေးပေါ့ သူ့ကြောင့်နဲ့
တမီလ်နာဒုရဲဌာနကို ဂုဏ်တက်အောင် ဆောင်ကြဉ်းပေးခဲ့သူပါ…

ဒါပေမဲ့ အတိတ်က အမည်းစက်က ဖျောက်ဖျက်ရခက်တယ်မလား
သူ့ဖခင် ဆာဒါဟာ နိုင်ငံတော်အတွက်စပိုင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်
နိုင်ငံတော်သစ္စာဖောက်ပုန်ကန်သူဆိုပြီး ကင်ပွန်းတပ်လိုက်ကြတော့
ဒီဂယက်ဟာ သူဘယ်လောက်ပဲ ကောင်းကျိုးထမ်းရွက်နေပါစေ သူ့ဆီတော့
လာရိုက်ခတ်နေပါတယ်…

ဆာဒါဟာ အဲ့ဒီဖြစ်စဉ်ပြီးကတည်းက သေလားရှင်လားမသိရတော့တဲ့သူပါ…။

တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ နိုင်ငံ့အကျိုးအတွက်လို့
အမည်တပ်ပြီး ပရောဂျက်တစ်ခုကနေ ပြည်သူတွေဆီက အမြတ်ထုတ်ဖို့ ကြံနေပါတယ်…

ဒါကို သိတဲ့ တခြားစပိုင်တွေဟာလည်း ဒီပရောဂျက်ကြီးကို
ရှင်းထုတ်ဖို့အရေးကြံရပါတော့မယ်…

အဲ့ဒီလို ကြံနေတဲ့သူတွေဟာလည်း ဒီကိစ္စကို
ဆာဒါတစ်ယောက်ကပဲ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လာကြတဲ့အခါ…

ကဲ ရှေ့ဆက်ရမယ့် ကောင်းခန်းတွေကို ကိုယ်တိုင်သာ
ရှုစားလိုက်ပါတော့နော်…။

ဒီဇာတ်ကားလေးမှာ မင်းသားကာသီက နှစ်ကိုယ်ခွဲနေရာက
ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် သူ့ရဲ့သရုပ်ဆောင်ချက်တွေကြားမှာလည်း
စီးမျောခံစားနိုင်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်…။

 

 

Read More 0 comments


 
Rating : 7.3/10
Country :United State
Genre :Action,Adventure,Drama,
Released Date : 2022
Duration :  2h 41min
 
အညွှန်း
မာဗယ် Phase 4 ရုပ်ရှင်အသစ်တစ်ခုဖြစ်တဲ့ ဘလက်ပန်သာ-၂ ကို တင်ပေးထားပါပြီ။ အခုတင်ပေးတဲ့ဗားရှင်းကတော့ HDTS ဖြစ်လို့ HDCam ထက်တော့ ပိုကြည်ပါတယ်။ HDrip အဆင့်မဟုတ်သေးလို့ အကြည်စောင့်ချင်ရင်လည်း ထပ်စောင့်ပါ။ အင်္ဂလိပ်စာတန်းထိုးအမှန်မထွက်သေးတာမို့ နားထောင်ပြီး ရသလောက်ဘာသာပြန်ပေးထားပါတယ်။ ရုပ်ထွက်၊အသံ၊ဘာသာပြန် လက်ရှိအထိတော့ အဆင်ပြေဆုံးမို့ ကြည့်မယ်ဆို ကြည့်လို့ရပါတယ်။

ဇာတ်လမ်းအညွှန်း

အားလုံးပဲ ဘလက်ပန်သာရဲ့ မင်းသားကြီး ချက်ဒ်ဝစ်ခ် ဘို့စ်မန် ကွယ်လွန်သွားခဲ့တာကိုသိမှာပါ။ အဲဒီအတွက်လည်း မာဗယ်စတူဒီယိုက ဒီရုပ်ရှင်ထဲမှာ အမှတ်တရတွေ သေချာထည့်ပေးထားပါတယ်။ အခု ဆက်ကြည့်ရမှာကတော့ ဝါကန်ဒါမှာ အားအနည်းဆုံးအချိန်၊ ဘလက်ပန်သာ မရှိတော့သလို နောက်ထပ် ပေါ်လာဖို့လည်း နှလုံးသားပုံဆေးရွက်တွေ မီးရှို့ခံထားရတဲ့အချိန်မှာ ဘုရင်ကြီးတီချာလာရဲ့ မယ်တော် အာမွန်ဒါဟာ ဗိုင်ဘရေနီယံကို မက်မောနေကြတဲ့ ကမ္ဘာတစ်ခုလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်နေချိန်ပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘာပေါ်က နိုင်ငံတိုင်းထက် အင်အားကြီးပြီး တိုးတက်နေတဲ့ နိုင်ငံအသစ်တစ်ခုနဲ့ ရင်ဆိုင်ဖို့ကြုံလာပါတော့တယ်။ ဝါကန်ဒါလိုပဲ ဗိုင်ဘရေနီယံတွေ ပိုင်ဆိုင်ပြီး သန္ဓေပြောင်းလူသားတွေနေထိုင်တဲ့ ရေအောက်မြို့တော် တာလိုကန်နဲ့ သူတို့ရဲ့ ခေါင်းဆောင် နေမော် (ခေါ်) ကုကုကန် ပါပဲ။ ပြီးတော့ နောက်ပိုင်းမှာ MCU villain အဖြစ်လာမယ့် ဗဲလ်၊ အိုင်ရွန်မန်းကိုဆက်ခံမယ့်သူ၊ ဘလက်ပန်သာကို ဆက်ခံမယ့်သူတွေအားလုံးကိုလည်းအစပျိုးသွားတာမို့ MCU ရဲ့ ခရီးရှည်ကြီးကို ဆက်ပြီးခံစားရဦးမှာပါပဲ။ ကြည့်လိုက်ကြပါဦး။

 

Read More 0 comments

 


Rating : 6.6/10
Country :United State
Genre :Action,Crime,Drama,
Released Date : 2022
Duration :  1h 41min
 
 
အညွှန်း
 
ဘလေ့ဇ်ဟာ တစ်နေ့ကျောင်းကနေအပြန် လမ်းကြားတစ်ခုမှာ ဟန်နာ
ဆိုတဲ့အမျိုးသမီး တစ်ယောက်မုဒိမ်းကျင့် အသတ်ခံလိုက်ရတာကို
မျက်မြင်တွေ့လိုက်ရပါတယ်။ အိမ်ရောက်တော့ အဖေဖြစ်သူ လုခ်ကို
ပြန်ပြောပြီး…ရဲကိုဖုန်းဆက်လိုက်ပါတယ်။ ရဲတွေလည်း ဘလေ့ဇ်ပြောတဲ့
နေရာကိုရောက်သွားတဲ့အခါမှာတော့…ဟန်နာရဲ့ ရုပ်အလောင်းကို
တွေ့လိုက်ရပါတယ်။

ဒါပေမယ့် မုဒိမ်းသမားဖြစ်သူ ဂျိတ်ကတော့ ချမ်းသာတဲ့အသိုင်းအဝိုင်းက
လူဖြစ်တာကြောင့် ရှေ့နေကောင်းကောင်းတွေ ငှားပြီး တရားရင်ဆိုင် ခုခံဖို့
ပြင်ဆင်လိုက်ပါတယ်။ ၁၂ အရွယ်ကလေးမလေးဟာ စိတ်မတည်ငြိမ်တဲ့
ရောဂါအခြေအနေရှိတယ်ဆိုပြီး တရားခံရှေ့နေရဲ့ အလျှောက်ကောင်းမှုနဲ့
အတူ ဂျိတ်လည်း အပြစ်ကနေလွတ်မြောက်နေပါတယ်။ ဒါပေမယ့် ဘလေ့ဇ်ဟာ
အရင်ကလို့ ကြောက်ရွံ့နေတဲ့ ကလေးမလေးတစ်ယောက်မဟုတ်တော့ဘဲ
စိတ်ကုထုံးတွေခံယူရင်း ခွန်အားတွေနဲ့တူ ဂျိတ်ကိုဘယ်လိုဖမ်းဆီးသွားမလဲ....

 

Read More 0 comments


Rating : 6.2/10
Country :United State
Genre :Comedy,Drama,
Released Date : 2022
Duration :  1h 45min
 
 
အညွှန်း
 
အီသန်နဲ့ အီဝန်ဟာ ရေးနဲ့ ရေမွန်ဆိုတဲ့ အဖေတူ မအေကွဲ ညီအစ်ကိုတွေပါ။ သူတို့၂ယောက်စလုံးရဲ့ အမေတွေကလည်း သူငယ်ချင်းတွေပါ၊ သူတို့အခေါ်အရတော့ ဖွတ်ဖွတ်ကြေဇနီးများကလပ်ဝင်တွေလို ဖြစ်နေကြသပေါ့။ သူတို့အဖေက သူတို့၂ကောင်ကို ငယ်ငယ်ကတည်း အသေအနိုင်ကျင့် နှိပ်စက်ပါတယ်။ သူတို့၂ယောက်စလုံးက သူတို့အဖေကို မုန်းကြပါတယ်။ နှစ်အတော်ကြာပြီး တစ်နေ့မှာ သူတို့ဟာ သူတို့အဖေရဲ့ အသုဘကို သွားဖို့အကြောင်းဖန်လာပါတယ်။ သူတို့အဖေဟာ သူတို့ကို သူတို့မြေကျင်းကိုယ်တိုင်တူးပြီး မြုပ်စေချင်တာ အပါအဝင် ကကျိုးကကြောင် တောင်းဆိုချက်တွေထားခဲ့ပါတယ်။ သူတို့တောင်မသိတဲ့ ညီတွေလည်း ထားခဲ့ပါသေးတယ်။ အဖေ့အသုဘကို သွားကြတဲ့ ဘူလီခံခဲ့ရတဲ့ ညီအစ်ကို ၂ကောင်အကြောင်းကို Black Comedy ဆန်ဆန်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အီသန်နဲ့ အီဝန်ရဲ့ သရုပ်ဆောင်ချက်တွေနဲ့တင်‌ တော်တော်လေးတန်ပါတယ်။

 

 

Read More 0 comments


Rating : 7.6/10
Country :India
Genre :Action,Drama,History,India Movie,
Released Date : 2022
Duration :  2h 38min
 
 
အညွှန်း
 
ဒီဇာတ်ကားလေးကတော့ 19ရာစုနှစ်ကအဖြစ်အပျက်တွေကို
အခြေတည်ထားတဲ့ ဇာတ်ကားလေးပါ
အာရတုပူဂါဗေလာယုဒပါနီကာဟာ စစ်သည်တော်တစ်ယောက်ဖြစ်ပြီး
ထကာဗန်ကိုးနိုင်ငံရဲ့ ဇာတ်နိမ့်ကိုယ်ခံပညာရှင်တစ်ယောက်အဖြစ်နဲ့ မွေးဖွားလာခဲ့ရတာပါ…

တစ်ချိန်တည်းမှာပဲ နန်ဂီလီဆိုတဲ့ဆင်းရဲတဲ့ဇာတ်နိမ့်မိသားစုက
မိန်းကလေးတစ်ယောက်ဟာ လူကုံထံတွေရဲ့အနိုင်ကျင့်မှု လူမျိုးခွဲခြားမှုတွေကို ရင်ဆိုင်ဆန့်ကျင်နေတဲ့သူပေါ့…
ဇာတ်မြင့်ဇာတ်နိမ်တွေခွဲခြားခံရပေမယ့် မဟုတ်ရင်မခံတဲ့စိတ်ကြောင့်
ချီကာဗာဟာ လူကုံထံတွေရဲ့ချောက်ချမှုကြောင့်အကျဥ်းထောင်သွင်းခံခဲ့ရပါတယ်..

ဒါပေမယ့် ဘုရင်မကြီးရဲ့အကူအညီနဲ့လွတ်မြောက်ခဲ့ရပြီး သူ့ကိုဘုရင်မကြီးက ဘယ်လိုတာဝန်တွေပေးခဲ့လဲ….
နန်ဂီလီကရော…ဇာတ်နိမ့်မိသားစုတွေအတွက် ဘယ်လိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပေးဆပ်သလဲဆိုတာ…

 

 

Read More 0 comments


Rating : 6.3/10
Country :China
Genre :Adventure,Drama,Thriller,Chinese Movie,
Released Date : 2022
Duration :  1h 42min
 
 
အညွှန်း
 
နာမည်ကြီးဟောင်ကောင်မင်းသား
“Donnie Yen” ရဲ့ ဇာတ်ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ
ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့ –

အေးခဲလှတဲ့ဆောင်းရာသီတစ်ခုအချိန်မှာ ရှန်းကျန့်ခရီးသွားအဖွဲ့နဲ့အတူ
မိသားစုတစ်စုဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့
ချန်ပိုင်တောင်ဆီကို မောင်းနှင်လာခဲ့ကြပါတယ်
မူလအစတုန်းကတော့ အရမ်းကိုမှပျော်ရွှင်စရာကောင်းတဲ့
ခရီးစဥ်တစ်ခုဖြစ်ခဲ့ပေမဲ့လို့ ဖခင်ဖြစ်သူ အားသယ်(Donnie Yen) ရဲ့
ပေါ့ဆမှုတစ်ခုကြောင့် အသက် (၈) နှစ်အရွယ်သားဖြစ်သူ
ပျောက်ဆုံးသွားမှု ဖြစ်ပေါ်လာခဲ့တဲ့အခါမှာတော့…?
သူတို့လင်မယားနှစ်ယောက်ဟာ သားဖြစ်သူပျောက်ဆုံးသွားခဲ့သည့်အတွက်
ဒေသဆိုင်ရာ အာဏာပိုင်တွေဆီကို အကူအညီတောင်းခံခဲ့ကြပြီး
ရှာဖွေရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့ကြပါတော့တယ်
ရှာဖွေရင်း ရှာဖွေရင်းနဲ့ ပုံမှန်ဘေးကင်းချိန်သတ်မှတ်ချက်
(၄၈) နာရီအထိ ကျော်လွန်လာခဲ့ပေမဲ့လဲ
ကလေးရဲ့အရိပ်အယောင်ကိုတောင်မတွေ့ခဲ့ရပါဘူး
တောင့်တင်းခိုင်မာတဲ့လူကြီး အရွယ်တွေတောင်
တောင့်ခံနိုင်ဖို့ ခဲယဥ်းလှတဲ့ ဒီရာသီဥတုအလယ်မှာ
အသက် (၈) နှစ်အရွယ်ကလေးငယ်လေးတစ်ယောက်
တောင့်ခံနိုင့်ပါ့မလားဆိုတဲ့ သံသယတွေက
ကယ်ဆံရေးအဖွဲ့တွေဆီ ရိုက်ခတ်လာခဲ့တဲ့အခါမှာတော့…?

❐ သူတို့ရဲ့ကယ်ဆယ်ရေးလုပ်ငန်းစဥ်ဟာ ဘာတွေဆက်ဖြစ်သွားမှာလဲ?
❐ အရာရာအားလုံးကိုအံတုပြီး သူတို့တွေဆက်လက်ရှာဖွေကြမလား?
❐ ပျောက်ဆုံးနေတဲ့ ကလေးငယ်လေးကရော
ဘေးကင်းကင်းနဲ့အိမ်ကိုပြန်ရောက်နိုင်ပါ့မလား? 

 

 

Read More 0 comments


 

Rating : 6.6/10
Country :United State
Genre :Crime,Drama,Thriller,
Released Date : 2022
Duration :  1h 57min
 
 
အညွှန်း
 
ဒီဇာတ်လမ်းဟာ ဩစတေးလျမှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ အမှုတစ်ခုကို အခြေတည်ရိုက်ကူးတဲ့ ဇာတ်လမ်းပါ။ အဲဒီအမှုက ဒန်နီရယ်မော်ကွန်ဘီလူသတ်မှုလို့ ခေါ်တဲ့အမှုပါပဲ။ ၂၀၀၃မှာ ဒန်နီရယ် မော်ကွန်ဘီဆိုတဲ့ ၁၃နှစ်သား ကလေးလေးဟာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ ၈နှစ်ကြာပြီးမှ တရားခံကို စခြေရာခံမိပါတယ်။ ၂၀၁၄မှာတော့ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရပြီး တစ်သက်တစ်ကျွန်းအချခံလိုက်ရပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီတုန်းက ဟိုလေးတကျော်ဖြစ်ခဲ့တဲ့ နှစ်ပေါင်းများစွာကြာမှ တရားခံတွေ့ခဲ့တဲ့ သနားစရာကလေးလေး အသတ်ခံရတဲ့အမှုကို သွယ်ဝိုက်ဖော်ကျူးထားတာပါ။

ဩစတေးလျ ဒါရိုက်တာကပဲ ရိုက်ကူးထားပြီး သရုပ်ဆောင်တော်တော်ကောင်းသလို တစ်စထက်တစ်စနေရာပိုရလာတဲ့ Joel Edgerton နဲ့ Sean Harris တို့လို သရုပ်ဆောင်ကောင်းပေမဲ့ ရွက်ပုန်းသီးတော့ နည်းနည်းဆန်တဲ့ မင်းသားကောင်း၂ယောက် အပြိုင်ကြဲထားတာပါ။ နက်ဖလစ်ကားဖြစ်သလို ဝေဖန်ရေးသမားတွေလည်း တော်တော်ကြိုက်ခဲ့ကြတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် တငြိမ့်ငြိမ့်နဲ့ ရင်ဖိုရတဲ့ကားတွေ ကြိုက်တတ်တဲ့သူတွေအတွက် ရွှေပါပဲ။

လူသိမခံဝံ့တဲ့နောက်ကြောင်းနဲ့ ဟင်နရီတိတ်ဂ်တစ်ယောက် မထင်မှတ်ဘဲ စိုင်ကော်ပြီး ဝင်ငွေဖြောင့်တဲ့ အလုပ်နဲ့တွေ့၊ မိတ်ဆွေရင်းတစ်ယောက်ပါ ရလာပြီး သူ့အတိတ်ကိုပါ အပြီးတိုင်ချန်ထားနိုင်မယ့် အခွင့်အရေးနဲ့ ကြုံလာရပေမဲ့ အရာရာဟာ သူအပေါ်ယံထင်သလို ဟုတ်မနေတဲ့အခါမှာတော့…
 

 

Read More 0 comments


Rating : 6.5/10
Country :Korea
Genre :Adult,Drama,Korea Movie,
Released Date : 2022
Duration :  1h 18min
 
 
အညွှန်း
ကွီးယား Adult Model ထဲမှ  Seung-ha က

တော်တော်ကြီးလှတဲ့အထဲမှာပါပါတယ်..

ကျစ်လစ်လှပတဲ့ body structure လေးနဲ့

သူမရဲ့ ပုံရိပ်တွေဟာ စွဲမက်ဖွယ်ပါပဲ..

ဒီထဲမှာတော့ သူမဟာ adult လောကထဲကို

ဝင်ရောက်ပုံကာလမှာ

ခက်ခဲပင်ပန်းသနားစဖွယ်လေးတွေကို

ရိုက်ပြထားတာပါ..

အားလုံးပဲ ကရုဏာဝိုင်းသက်ပေးကြရအောင်ပါ…
 
 

 

 

Read More 0 comments


Rating : 6.7/10
Country :United State
Genre :Action,Drama,History,
Released Date : 2022
Duration :  2h 15min
 
 
အညွှန်း
 
သမိုင်းရုပ်ရှင်ကောင်းတစ်ခု ထွက်လာပါပြီ။ ၁၇ ရာစုနဲ့ ၁၉ ရာစုကြား အနောက်အာဖရိကတိုင်းပြည် ဒါဟိုမီမှာ အမျိုးသမီးတွေချည်းပဲ ရှိတဲ့ အထူးစစ်တပ်တစ်ခုရှိခဲ့ပါတယ်။ သူတို့တွေဟာ တိုင်းပြည်ကိုကာကွယ်ဖို့နဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကို တိုက်ခိုက်ဖို့ အရေးပါတဲ့ အင်အားတစ်ခုပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ဒါဟိုမီနဲ့ အိုယိုအင်ပါယာစစ်ပွဲအကြောင်း၊ ကျွန်ကုန်သည်တွေအကြောင်းကို အခြေခံပြီးပြသထားပါတယ်။ ဥရောပသားတွေကတော့ သူတို့ကို အမေဇုံစစ်သည်တွေလို့ ခေါ်ခဲ့ကြပါတယ်။

“ဇာတ်လမ်းအကျဉ်း”

ဒါဟိုမီရဲ့ဘုရင်အသစ် ဂယ်ဇိုမှာ အာဂိုဂျေးလို့ခေါ်တဲ့ အမျိုးသမီးအထူးတပ်ဖွဲ့ရှိပြီး နန်နိစကာဆိုတဲ့ မိန်းမစစ်သူကြီးက ဦးဆောင်ပါတယ်။ ဒါဟိုမီရဲ့ရွာ‌တွေကို အိုယိုအင်ပါယာနဲ့ မာဟီမျိုးနွယ်တွေပူးပေါင်းစီးနင်းပြီး ကျွန်တွေဖမ်းရောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်။ အဲဒီကာလမှာပဲ အာဂိုဂျေးစစ်သည်ဖြစ်ဖို့ လေ့ကျင့်နေတဲ့ မိန်းကလေးတစ်စုအကြောင်းနဲ့ အာဂိုဂျေးတပ်ဖွဲ့ရဲ့ တိုက်ပွဲတွေအကြောင်းကို မြင်ရမှာပါ။

ဒီရုပ်ရှင်ထဲမှာ အာဂိုဂျေးတွေဟာ ကျွန်ကုန်ကူးဖို့ထက် အုန်းဆီတွေပဲအဓိက ထုတ်ရောင်းချင်တဲ့အကြောင်းပါဝင်တာလည်း ဖြစ်ရပ်မှန်ပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက ကျင့်ဝတ်ကိုနားလည်ခဲ့လို့ ဟုတ်မဟုတ်တော့ မသေချာခဲ့ပါဘူး။ နောက်ပြီးတော့ ရုပ်ရှင်ထဲမှာ ချန်လှပ်ထားတဲ့ဖြစ်ရပ်မှန်တစ်ခုကတော့ ဒါဟိုမီတိုင်းပြည်ရဲ့ လူယဇ်ပူဇော်တဲ့ဓလေ့ပါပဲ။ ဘုရင်ဂယ်ဇို နတ်ရွာစံချိန်မှာတောင် လူပေါင်း ၈၀၀လောက်ကို ခေါင်းဖြတ် ယဇ်ပူဇော်ခဲ့ပါသေးတယ်။ အခုတော့ အက်ရှင်ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းတစ်ခုကိုပဲ ခံစားကြည့်လိုက်ပါဦး။

 

 

Read More 0 comments


 

Rating : 5.9/10
Country :China
Genre :Action,Drama,Chinese Movie,
Released Date : 2022
Duration :  1h 16min
 
 
အညွှန်း
 
မင်ကျားချင် ၃၇ ခုနှစ်မှာ မိန်းမစိုးအမတ်တွေက အစိုးရနေပါတယ်။
ပညာရှင်တစ်ယောက်က မိန်းမစိုးအမတ်ကြီးကို ကပ်ဖားဖိုအတွက်
ကျားရှင်ရဲ့ နှလုံးနဲ့ ဆေးဖော်ဖို စီစဉ်ခဲ့ပါတယ်။
တုန်းခြံဌာနက ကျားတွေကျက်စားရာ အနောက်တောင်နယ်စပ်မှ
မြိုလေးတစ်မြိုမှာ အမဲလိုက်ကွင်းတစ်ခု တည်ဆောက်ပြီး
ကျားတွေကို ဖမ်းဆီကာ ဆေးဖော်ခဲ့ပါတယ်။
ဒါပေမဲ့ မထင်ထားပဲ ထိုလုပ်ဆောင်မှုက
ကပ်ရောဂါတစ်မျိုးအဖြစ် ကျားတွေကို ကူးစက်သွားခဲ့ပါတယ်။

ထိုအချိန်တွင် ရာထူးမှ ထုတ်ပယ်ခြင်းခံရတဲ့ ကျင်ရီးဝေ့ရဲမက်
ကျန်းလျိုချန်က ဟွမ်းအာဆိုတဲ့ ကလေးကိုခေါ်ပြီး
ထိုနေရာကိုရောက်လာခဲ့ပါတယ်။ အမဲလိုက်ကွင်းထဲတွင်
တာဝမ်ထမ်းဆောင်နေတဲ့ ညီလေးဖြစ်သူ ကျန်းလျိုဖျင်ကို
လာရောက်ရှာဖွေခြင်းဖြစ်ပါတယ်။ သူတိုလည်း ကျားတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။

ဒါပေမဲ့ အန္တရာယ်တွေက အစပဲရှိပါသေးတယ်။ မကြာခင်မှာ
ကပ်ရောဂါကြောင့် ကျားတွေက အကောင်ရာကျော်ထိ
စုဝေးလာကြပြီး မြိုလေးကို ဝိုင်းထားပါတော့တယ်။
မြိုသူမြိုသားတွေလည်း ကျားရိုင်းတွေရဲ့ တိုက်ခိုက်
သတ်ဖြတ်ခြင်းကိုခံရပြီး အန္တရာယ်တွင်းထဲ ကျရောက်နေပါတယ်။

ကျန်းလျိုချန်တစ်ယောက် ဟွမ်းအာနဲ့အတူ မြိုသူမြိုသားတွေကို ကယ်တင်နိုင်မလား……
အမဲလိုက်ကွင်းထဲမှာရော ဘယ်လို ယုတ်မာမှုမျိုးတွေ ရှိနေမလဲ……

 

Read More 0 comments


Rating : 7.4/10
Country :China
Genre :Drama,Chinese Movie,
Released Date : 2022
Duration :  1h 52min
 
 
အညွှန်း
 
 သုဘရာဇာအလုပ်ကိုလုပ်ကိုင်ပြီး စိတ်မြန်လက်မြန်ရှိသူလဲဖြစ် /
ထောင်ကလွတ်မြောက်လာသူတစ်ဦးလဲဖြစ်တဲ့ – မော့စန်းမိန့်
 အဖွားဖြစ်သူ ဆုံးပါးသွားပြီး အသက်(၇) နှစ်အရွယ်နဲ့
တစ်ကောင်ကြွက် ဖြစ်နေရသူလေး – ဝူရှောင်ဝမ်
“မြေးအဖွား နှစ်ဦးတည်းသာ နေထိုင်လာခဲ့ပြီး
တစ်နေ့မှာ အဖွားဖြစ်သူ ဆုံးပါးသွားချိန်မှာတော့ ဝူရှောင်ဝမ်
အဖွားရဲ့စျာပနကို သုဘရာဇာဖြစ်သူ မော့စန်းမိန့်ဟာ
စီစဥ်ပေးရဖို့ဖြစ်လာခဲ့ပါတော့တယ် အသက် (၇) နှစ်အရွယ်
ဝူရှောင်ဝမ်လေးဟာ သေဆုံးခြင်းနဲ့ပတ်သတ်ပြီးဘာမှမသိတတ်
နားမလည်သေးတဲ့ အရွယ်မို့ သူ့အဖွားကို ဝှက်ထားတယ်ဆိုပြီး
မော့စန်းမိန့်ကို အထင်လွဲမှားကာအဆက်မပြတ်လိုက်လံနှောက်ယှက်ပါတော့တယ်

ဒီလိုနဲ့ တစ်ကောင်ကြွက် ဝူရှောင်ဝမ်လေးဟာ မော့စန်းမိန့်ဆီကို
ရောက်ရှိလာဖို့ ကံကြမ္မာအရ အကြောင်းဖန်လာခဲ့ပြီး နဂိုကတည်းကမှ
ပြဿနာတွေတောင်လိုပုံနေတဲ့ မော့စန်းမိန့် အပေါ်ကို တစ်ပူပေါ်
တစ်ပူဆင့်ဆိုသလို ဖြစ်သွားစေခဲ့ပါတော့တယ် ရယ်ကြရင်း/
ငိုကြရင်းနဲ့ ဘဝရဲ့ အလှည့်အပြောင်းတွေ ရိုက်ခတ်မှုဒဏ်တွေကို
ခံစားပြီးတဲ့နောက်မှာတော့ ဘာတွေဖြစ်မလဲဆိုတာ
ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး

❏ နေ့စဥ်ကြုံတွေ့နေရတဲ့ လူမှုဘဝရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအကျင့်တွေ
❏ မိသားစုတစ်ခုမှာ ရင်ဆိုင်ရတဲ့ ပြဿနာတွေ / အခက်အခဲတွေ
❏ တွယ်ငြိပြီးသွားတာနဲ့ ဖြတ်ရခက်တဲ့ သံယောဇဥ်ကြိုးတွေ…..?
အစရှိတဲ့ အကြောင်းတွေကိုအကွက်ကျကျ
စီစဥ်ရိုက်ကူးထားတဲ့အကြောင်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်

 

 

Read More 0 comments


 

Rating : 6.9/10
Country :India
Genre :Action,Drama,Fantasy,India Movie,
Released Date : 2022
Duration :  2h 26min
 
 
အညွှန်း
 
တေလဂူမင်းသားချောလေးနန္ဒမူရီကလ်ယန်းရာမ်ပါဝင်သရုပ်ဆောင်ထားပြီး
ဘတ်ဂျတ်ကုဋေ၄၀အကုန်ကျခံရိုက်ကူးထားတဲ့ရုံတင်ကားတကားပဲဖြစ်ပါတယ်
ရုံတင်ငွေ၆၅ကုဋေနီးပါးအမြတ်ပြန်လည်ရရှိထားတဲ့အပြင်
ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုကိုပါ
ထပ်ဆောင်းရရှိထားတာကြောင့် ကြည့်သင့်တဲ့ရုပ်ရှင်ကားတခုပါနော်

ဒီဇာတ်ကားလေးက စိတ်ဝင်စားဖို့တော့ကောင်းသား..။

သက္ကရာဇ် ၅ရာစုနှစ်လောက် မင်းလုပ်အုပ်စိုးခဲ့တဲ့ ဗိမ္ဗိသာရဆိုတဲ့
ဧကရာဇ်မင်းတစ်ပါးရှိတယ် ဩဇာကြီးသလောက် အလိုရမ္မက်ကြီးတယ်
ရက်စက်ကြမ်းကြုတ်တယ် စာနာထောက်ထားမှုမရှိဘူး

သူ့ခေတ်သူ့အခါတုန်းက အနီးပတ်ဝန်းကျင်က ရှင်ဘုရင်တွေလည်း
ကောင်းကောင်းမနေရ သူကျူးကျော်တိုက်ခိုက်လာမှာကို စိုးရွံ့ရ
လက်ဆောင်ဆက်သရနဲ့ အခန့်မသင့်ရင် သူက ရှင်ဘုရင်တွေကိုပါ မချန်သတ်ပစ်တာ…

ဒီရက်စက်တဲ့ မင်းတရားကြီးဟာ သူနေထိုင်တဲ့ ၅ရာစုနှစ်ကနေ
၂၁ရာစုနှစ်ကို တိုက်ရင်းခိုက်ရင်း မတော်တဆ ရောက်ရှိလာတဲ့အခါမှာတော့…။

ဒီဖက်ခေတ်မှာလည်း ဒီဘုရင်ရဲ့အတောမသတ်နိုင်တဲ့ ရတနာသိုက်ကြီးကို
ရှာဖွေနေတဲ့ လူတွေရှိနေတယ်…။

သူ့ရာစုနှစ်ကို ပြန်ဖို့ ကြိုးစားနေတဲ့ မင်းတရားကြီးနဲ့
ရတနာသိုက်ကို လိုချင်နေတဲ့ လူတွေ ဆုံမိကြတဲ့အခါ….။

 

Read More 0 comments


Rating : 5.4/10
Country :United State
Genre :Crime,Drama,Thriller,
Released Date : 2022
Duration :  1h 32min
 
 
အညွှန်း
 
Togo ဟာ‌ခြေတစ်ဖက်ဆာ‌နေတဲ့အိမ်ခြေရာမဲ့အဖိုးအိုတစ်ယောက်ပါ။ သူဟာ သူ့အပိုင်လို့သတ်မှတ်ထားတဲ့အကွက်မှာ လာရပ်တဲ့ကားတွေကို စောင့်ကြည့်ပေးရင်း အသက်‌မွေးရသူပါ။တစ်နေ့မှာတော့ အိမ်ကနေထွက်ပြေးလာတဲ့ မိန်းကလေးတစ်ယောက်ဟာ သူအလုပ်လုပ်တဲ့နေရာကိုလာနေရာကနေ Togo လည်းသမီးတစ်ယောက်လိုသံယောဇဉ်တွယ်မိပါတယ်။ တစ်ချိန်တည်းမှာပဲ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းဟာ နယ်မြေချဲ့ထွင်လာပြီး Togo ကိုသူတို့နဲ့ပူပေါင်းဖို့ အတင်းအကျပ်တိုက်တွန်းပါတယ်။Togo ကလည်း သူ့နယ်မြေလို့သတ်မှတ်ထားတဲ့ ရပ်ကွက်ကိုကာကွယ်ပေးဖို့ကြိုးစားရာကနေ မူးယစ်ဂိုဏ်းနဲ့ထိပ်တိုက်ရင်ဆိုင်ရဖို့ဖြစ်လာရပါတော့တယ်။

 

 

Read More 0 comments