Rating : 6.0/10
Country : China
Genre : Fantasy
Cast : Derek Kwok
Released Date : 2020
Duration : 1h 30min
Country : China
Genre : Fantasy
Cast : Derek Kwok
Released Date : 2020
Duration : 1h 30min
အညွှန်း
ကျုံမင်းဆက်ကို ပြန်လည်တည်ထောင်ဖို့ ကြိုးပမ်းတဲ့ ဇာတ်လမ်းပုံစံလေးပါဇာတ်ကြောင်းလေးကတော့…ကျုံမင်းဆက်က ဘုရင်ဝမ်မှာ ထူးချွန်လှတဲ့အကြံပေးလေးယောက်ရှိပါတယ် အဲ့ဒီအကြံပေးလေးယောက်ထဲမှာတော့နန်ကုံရှီဆိုတဲ့အကြံပေးက အထူးချွန်ဆုံးပါ အဲ့အပြင် နန်ကုံရှီရဲ့ ဦးလေးဟာလည်
း စစ်ပွဲတိုင်း အောင်ပွဲရတဲ့ စစ်နတ်ဘုရားတစ်ယောက်ဖြစ်ပါတယ်
ဒါပေမဲ့သူဟာ စစ်ပွဲတစ်ခုမှာ ဒဏ်ရာအပြင်းအထန်ရပြီး ကျုံမင်းဆက်ကိုပြန်တည်ထောင်ဖို့ရာအတွက် လိုအပ်တဲ့ ရတနာတွေကို ဝှက်ထားတဲ့ မြေပုံရွှမ်ဝူအမိန့်စာကို နန်ကုံရှီကို စောင့်ရှောက်ဖို့ အပ်နှံထားခဲ့ပါတယ်နောက်ပိုင်းနန်ကုံရှီမိသားစုရဲ့ မျိုးဆက်တွေဟာ ဒီတာဝန်ကြီးကိုအရေးကြီးတာဝန်တစ်ခုအဖြစ်သတ်မှတ်ပြီး ရွှမ်ဝူအမိန့်စာကိုလက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြပါတယ်အဲ့ဒီနန်ကုံမိသားစုရဲ့ မျိုးဆက် နန်ကုံယွီဟာ နောက်ဆုံးမင်းဆက်ရဲ့သမီးတော် မင်းသမီး ယုံနင်ကို ကာကွယ်ပြီး ရွှမ်ဝူအမိန့်စာနဲ့နိုင်ငံတော်ကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေသူပါတချို့လူတွေဟာလည်း ရတနာတွေကို တပ်မက်ပြီး ရွှမ်ဝူ အမိန့်စာကိုမက်မောလာကြပြီး နန်ကုံရှီမိသားစုကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြပါတယ်တစ်ဖက်မှာလည်း စစ်နတ်ဘုရားရဲ့ မျိုးဆက်ဖြစ်တဲ့ မော့ရှောင်ဟောင်ဟာတစ်ကိုယ်တည်း ဝေါ်လုံချိုင့်ဝှမ်းမှာသိုင်းပညာကိုသာ ကျင့်ကြံနေခဲ့သူပါဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ဆရာက သူ့အတွက် အမိန့်သုံးခု ချန်ထားခဲ့တာသိလိုက်ရပါတယ် ပထမအမိန့်ကတော့ မင်းသမီးကို ကာကွယ်ပြီးမိသားစုကြီးလေးစုကြားက ပဋိပက္ခကို ဖြေရှင်းဖို့ဖြစ်ပြီးဒုတိယနဲ့ တတိယအမိန့်ကိုတော့ ဒီဇာတ်လမ်းလေးမှာစိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါနော်

0 comments:
Post a Comment