G-Loc (2020)


 

Rating : 5.5/10
Country : United State
Genre : Sci Fi
Cast : Stephen Moyer, Tala Gouveia, Casper Van Dien 
Released Date : 2020
Duration : 1h 32min

အညွှန်း
“G-LOC” ဒီနာမည်ကိုမြင်လိုက်တာနဲ့ သိပ္ပံဇာတ်ကားလေး ဆိုတာကို ခန့်မှန်းမိကြမယ်ထင်ပါတယ်။G-LOC ဆိုတာ အာကာသထဲမှာ မောင်းတဲ့အရှိန်မြန်လွန်းလို့ ဖြစ်လာတဲ့ သတိလစ်မှုတစ်မျိုးပဲ ဖြစ်ပါတယ်။

ဇာတ်ကားကိုတော့ ဒါရိုက်တာ “Tom Paton”ကရိုက်ကူးထားတာဖြစ်ပြီးတော့ အဓိကဇာတ်ဆောင်တွေအနေနဲ့ကတော့ “Stephen Moyer” က “ဘရန်” အနေနဲ့ သရုပ်ဆောင်ထားပြီးတော့ “Tala Gouveia” ကတော့ အိုရှာ အနေနဲ့ ပါဝင်ထားတာဖြစ်ပါတယ်။

Science Fiction ကားတွေရဲ့ သဘာဝအတိုင်း ဒီဇာတ်ကားလေးကတော့ အာကာသထဲမှာ ဂြိုလ် အသစ်တစ်လုံးကို လိုက်ရှာတဲ့ပုံစံလေးကို ရိုက်ကူးထားတာဖြစ်ပါတယ်။🪐🪐

ဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာကြီးက ရာသီဥတုဖောက်ပြန်ပြီးတော့လ တအားအေးခဲပြီးတော့ လူနေလို့မရတော့တဲ့အထိ ဖြစ်လာပါတယ်။❄️

အဲ့လိုဖြစ်တော့ ကမ္ဘာကလူသားတွေက “Rhea”🪐ဆိုတဲ့ဂြိုလ်သစ်တစ်လုံးမှာ သွားနေကြပြီးတော့ “Rhean” ဆိုတဲ့ လူတွေအဖြစ်ခံယူထားကြတာပါ။ကမ္ဘာကိုတော့ “Earth”🌏 လို့ခေါ်ပြီးတော့ ကမ္ဘာသားတွေကိုတော့ “Earther” လို့ခေါ်ကြပါတယ်။

အဲ့မှာ ဘရန်ကတော့ ကမ္ဘာသားဖြစ်ပြီးတော့ အိုရှာ ကတော့ ရင်းန်းသူဖြစ်ပါတယ်။ ဘရန် မှာမိန်းမနဲ့သမီးရှိပါတယ်။ သူ့မိသားစုအသတ်ခံရပြီးတော့ သူဟာ “Rhea” ကိုသွားဖို့ လုပ်နေတဲ့လမ်းကြောင်းမှာ အိုရှာနဲ့တွေ့တာပါ။ ပြီးတော့ ဘရန်မှာ သူ့သမီးလေး လုပ်ပေးခဲ့တဲ့ “အက်ဒီဆင်” ဆိုတဲ့ Programme လေးရှိပါတယ် အဲ့တာလေးက သူ့ကိုအမြဲလမ်းပြနေခဲ့တာပါ။

ဒါပေမယ့် ပြဿနာက “Rhea” က အစိုးရက ကမ္ဘာသားတွေကို သူတို့ဆီကို ထပ်မလာစေချင်တော့ပါဘူး။

အဲ့တော့ လာတဲ့ကမ္ဘာသားတွေ ဘရန်အပါအဝင်ကို ဘယ်လိုလုပ်မလဲ ၊ ဘရန်ရော အဲ့ဂြိုလ်ကို အန္တရာယ်ကင်းကင်းရောက်သွားရဲ့လား ဆိုတာကို စိတ်ဝင်စာသဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

ဇာတ်ကားရဲ့ ထူးခြားချက်ကတော့ G-Loc ကြောင့်ဖြစ်တဲ့ Effects တွေကို သေချာသရုပ်ဆောင်ပြနိုင်ပါပဲဖြစ်လို့ အချိန်ပေးပြီးကြည့်ရတာတန်တဲ့ သိပ္ပံကားကောင်းလေးတစ်ကားလို့ပဲ ညွှန်းလိုက်ချင်ပါတော့တယ်။

0 comments:

Post a Comment