Scream 2 (1997)


 

 

Rating : 6.2/10
Country : United State
Genre : Horror , Mystery
Released Date : 1997
Duration : 2h

အညွှန်း

Scream 2 ဟာ scream ထွက်ပြီး
၁ နှစ်တောင်မကြာသေးဘူး ထွက်လာခဲ့တာပါ။
ပထမကားရုံမတင်ခင်ကတည်း ရိုက်ကူးရေးကို စတင်ခဲ့လို့ပဲဖြစ်ပါတယ်။
ဒီကားက မူရင်းကားလောက် အကြီးအကျယ်အောင်မြင်မှုမရပေမယ့်
Horror, Mystery ကားတစ်ကားအနေနဲ့ကြည့်ရင်
တော်တော်လေးကြည့်ကောင်းတဲ့ စာရင်းထဲ ဝင်နေတုန်းပါပဲ။
Scream saga ထဲမှာတော့ ကြည့်ကောင်းတဲ့ ကြည့်သင့်တဲ့ ကားတစ်ကားပါ ဒီကားကတော့ ပထမကားအပြီး ၂ နှစ်အကြာမှာ နေရာယူထားပါတယ်။
သရဲမျက်နှာ လူသတ်သမားဆီကနေ လွတ်လာတဲ့
ဆစ်ဒနေလေးဟာ အခုတော့ တက္ကသိုလ်ရောက်သွားပါပြီ။
သူရဲမျက်နှာလူသတ်မှုအကြောင်းကိုလည်း ရုပ်ရှင်ပြန်ရိုက်ပြီး ရုံတောင်တင်နေပါပြီ။
အတိတ်က အဖြစ်ဆိုးကြီးက ပြီးဆုံးသွားပြီလို့ ထင်နေတုန်းမှာပဲ
ကံမဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သရဲမျက်နှာကွင်းဆက်လူသတ်မှုတွေ ထပ်ဖြစ်ပါတော့တယ်။
ဒီတစ်ခါရော သရဲမျက်နှာ လူသတ်သမားတွေ ဘယ်သူတွေများဖြစ်မလဲ?
IMDB မှာ 6.2 သာရပေမယ့် tomatometer မှာတော့
မူရင်းကားထက်တောင် ကျော်ပြီး 81% တောင်ရထားပါတယ်။

0 comments:

Post a Comment