Cube (1997)

Rating : 7.2/10
Country : United State
Genre :  Drama, Mystery, Sci-Fi
Cast : Nicole de Boer,Nicky Guadagni,David Hewlett
Released Date : 1997
Duration : 1h 30min

Cube ကားတွေရဲ့ပထမဆုံးကားပဲဖြစ်ပါတယ်ဒီကားက ၁၉၉၇ခုနှစ်ထွက် Mystery ဆန်ဆန်ဇာတ်ကားလေးတစ်ခုပဲဖြစ်ပါတယ်။Rating အနေနဲ့လည်း 7.2 အထိရထားပါတယ်။ဒီကားလေးဟာနောက်ထပ် ၂ကားထပ်ထွက်ထားပါသေးတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ကုဗတုံးပုံအခန်းလေးတစ်ခန်းထဲကိုလူတစ်စုရောက်ရှိလာခဲ့ပါတယ်။ ရောက်လာပုံကလည်း ကာယကံရှင်တွေကိုယ်တိုင်ကတောင် ဘာမှန်းညာမှန်းမသိဘဲရောက်လာကြရတာပါ။ထူးခြားတာကတော့ အဲဒီလူစုထဲမှာ ရဲတစ်ယောက်၊ သချာ်ကျွမ်းကျင်တဲ့ကျောင်းသူတစ်ယောက်၊ဖောက်ထွင်းဝိဇ္ဖာတစ်ယောက်၊ဗိသုကာပညာရှင်တစ်ယောက်၊ သိပ္ပံပညာရှင်တစ်ယောက်နဲ့စိတ်သိပ်မမှန်ပေမဲ့ထူးခြားတဲ့သူတစ်ယောက်တို့ကိုပေါင်းပြီးထည့်ထားပေးတာပဲဖြစ်ပါတယ်။ ရောက်ရောက်ချင်းရုန်းရင်းဆန်ခတ်တွေဖြစ်သွားခဲ့ကြတယ်ဆိုပေမဲ့…..အခက်အခဲတွင်းရောက်လာကြတော့အားလုံးဟာ ပင်ကိုယ်စရိုက်ကိုယ်စီနဲ့ဒီဝင်္ကပါကြီးထဲကနေထွက်ဖို့ဘယ်လိုလုံးပန်းကြမလဲ…အခက်အခဲတွေကြားရောက်တဲ့အခါလူတွေရဲ့စိတ်ဟာဘယ်လိုတွေပြောင်းလဲလာလဲ…ဘယ်လိုအခက်အခဲတွေကြုံတွေ့ရလဲဆိုတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။သူ့ခေတ်သူ့ခါအလိုက်စိတ်ဝင်စားစရာကောင်းတဲ့Mystery ဆန်ဆန်rating မြင့်ကားလေးပဲဖြစ်ပါတယ်

0 comments:

Post a Comment